အဆိပ်ရဲ့အစွမ်း နှင့် ဒီအစွမ်းက သင့်ကို နောင်တစ်ချိန်မှာ ကယ်တင်ပေးနိုင်ပုံ။
-
0:01 - 0:04ပင်လယ်ခရုက ငါးကိုဘယ်လိုဖမ်းတာလဲ
-
0:04 - 0:07ပြောချင်တာက ခရုဆိုတာနှေးတယ်လေ
-
0:07 - 0:10ပြီးတော့ ငါးကမြန်တယ်လေ
-
0:10 - 0:12ဒါပေမဲ့လည်း အဖမ်းခံရတာပဲ
-
0:13 - 0:15သဲထဲမှာပုန်းနေတာကတော့ _ခရုပါ
-
0:15 - 0:18အခုမြင်နေရတဲ့ အစိတ်အပိုင်းက
သူ့ရဲ့လျှာလို့ပြောလို့ရပါတယ် -
0:18 - 0:20ကျွန်မတို့ကတော့ နှာမောင်းလို့ခေါ်တယ်
-
0:20 - 0:25ခရုကနှာမောင်းနဲ့ အ်ဒီသတိမမူမိတဲ့ငါးကို
ထောက်လှမ်းပြီး ဖမ်းယူဖို့သုံးပါတယ် -
0:26 - 0:28ဒီအမဲလိုက်ပွဲမှာတွေ့ရတဲ့ခရုကတော့
-
0:28 - 0:31သင်တို့ပုံမှန်စားနေကျ ခရုအမျိုးအစားတွေ
မဟုတ်တာတော့ သေချာပါတယ် -
0:31 - 0:34ဒီခရုတွေက ပင်လယ်ထဲက
ချောင်းမြောင်းသတ်ဖြတ်သူတွေပါ -
0:35 - 0:38သူတို့သုံးတဲ့လက်နက်ကတော့ အဆိပ်ဖြစ်ပါတယ်
-
0:38 - 0:42အဆိပ်ရှိတဲ့မြွေနဲ့
ကင်းမြီးကောက်မှာတွေ့ရတဲ့ အဆိပ်မျိုးပါ -
0:42 - 0:47ဒီပင်လယ်ခရုတွေက သူတို့အဆိပ်ကို
ငါးတွေ တီကောင်တွေ တစ်ခြားခရုတွေကို -
0:47 - 0:48ဖမ်းယူဖို့သုံးပါတယ်
-
0:48 - 0:50ပြီးတော့ ဒီခရုတွေရဲ့အဆိပ်က
-
0:50 - 0:51ရိုးရိုးအဆိပ်မဟုတ်ပါဘူး
-
0:51 - 0:55အဆိပ်ဖြစ်စေတဲ့ မော်လီကျူးတွေကို
ရောထားတာပါ -
0:55 - 0:59ဒီအဆိပ်တွေကို အထုပ်တွေအဖြစ်နဲ့
radulaလို့ခေါ်တဲ့ သွားလိုအရာကနေထုတ်ပါတယ် -
0:59 - 1:02Radulaဆိုတာမသိရင်
ဆေးထိုးအပ်ကိုမြင်ယောင်ကြည့်လို့ရပါတယ် -
1:02 - 1:03စိတ်ပူစရာမရှိပါဘူး
-
1:03 - 1:06ဒီခရုတွေက ဆေးထိုးအပ်ကို
ကောင်းကောင်းသုံးတတ်ပါတယ် -
1:06 - 1:08ဘာလို့လဲဆို Radulaတစ်ခုကို
တစ်ခါပဲသုံးလို့ပါ -
1:08 - 1:11သင်ကြားဖူးတဲ့ အဆိပ်ရှိတဲ့
သက်ရှိတွေအကြောင်းရယ် -
1:11 - 1:15သင့်ကိုတစ်ညလုံးခေါင်းထဲစွဲအောင်လုပ်မယ့်
ခုနကပြတဲ့ ငါးလေးအသတ်ခံရတဲ့videoရယ်က -
1:15 - 1:19အဆိပ်ဆိုတာ အန္တရာယ်ရှိတယ်
ဆိုးကျိုးကြီးပဲလို့ သင့်ကိုထင်စေပါလိမ့်မယ် -
1:19 - 1:21မှန်တာလည်းဟုတ် မှားတာလည်းဟုတ်ပါတယ်
-
1:21 - 1:23အဆိပ်အကြောင်း ပိုမှန်အောင်တွေးနည်းက
-
1:23 - 1:27စူပါဟီးရိုးလိုကော စူပါဗီလိန်တွေလိုကော
တွေးသင့်တာပါ -
1:27 - 1:31ကျွန်မစမ်းသပ်ခန်းဟာ ဒီပင်လယ်ခရုရဲ့အဆိပ်တွေ
ဆင့်ကဲ့ပြောင်းလဲလာတာကို -
1:31 - 1:33အကောင်းဘက်ကနေလေ့လာတာပါ
-
1:33 - 1:34ချဲ့ကားပြီးပြောတယ် ဒါမှမဟုတ်
-
1:34 - 1:36မြွေအဆီထုတ်သလိုမျိုးထင်ပါလိမ့်မယ်
-
1:36 - 1:37တကယ်ဆိုရင်
-
1:37 - 1:40အဲဒီဟာက မြွေကနေထုတ်တာဆိုရင်
တရားဝင်ဖြစ်ပါလိမ့်မယ် -
1:40 - 1:42ခွန်အားချင်းပြိုင်ရတဲ့တိုက်ပွဲကို
ဇီဝဓာတုသဘောအဖြစ် -
1:42 - 1:47ပြောင်းလဲပေးနိုင်တာက အဆိပ်ရဲ့
နာမည်ကြီးတဲ့ အချက်တစ်ချက်ပါ -
1:47 - 1:51အမဲလိုက်ဖြစ်စဥ်တစ်ခုမှာ ပုံမှန်ဆို
ခွန်အားကအရေးပါတယ်ဆိုပေမဲ့ -
1:51 - 1:54အဆိပ်က မော်လီကျူးချင်းတိုက်ပွဲအဖြစ်
ပြောင်းလဲလိုက်ပါတယ် -
1:54 - 1:56အဲဒီအခါကျ အရွယ်ကွာတာက
ကိစ္စမရှိတော့ဘဲ -
1:56 - 1:58အဆိပ်ဘယ်သူပိုပြင်လဲကအဓိကဖြစ်သွားပါတယ်
-
1:58 - 2:01သင်ပိုင်ဆိုင်တဲ့
အဆိပ်ရဲ့ဓာတုဖွဲ့စည်းပုံတွေက -
2:01 - 2:04ပေါက်ကျိုင်းကို ဘုရင်ဖြစ်စေတဲ့
အကြောင်းအရင်းလိုမျိုးပါပဲ -
2:04 - 2:07အခုပြောနေတဲ့ဖြစ်ရပ်မှာတော့့
ဒီပင်လယ်ခရုက ပေါက်ကျိုင်းပေါ့ -
2:07 - 2:11နောက်ထပ် အဆိပ်ရဲ့
နာမည်ကြီးတဲ့အကြောင်းရင်းတစ်ခုကတော့ -
2:11 - 2:15ဆွပ်စ်စစ်တပ်သုံးဓားတွေမှာပါတဲ့
သေသပ်လွန်းလှတဲ့ အဆိပ်အသုံးပြုပုံကြောင့်ပါ -
2:15 - 2:16ဓားကအဆိပ်တွေက
-
2:16 - 2:20ခန္ဓာကိုယ်လည်ပတ်မှုအတွက်
အဓိကကျတဲ့အရာတွေဆီ သွားပါးတယ် -
2:20 - 2:23ဒီတော့ သွေး၊ ဦးနှောက်၊ အမြှေးပါးတွေကို
အဆိပ်ကပစ်မှတ်ထားပါတယ် -
2:23 - 2:26ဒီခရုရဲ့အဆိပ်ပဲဖြစ်ဖြစ်
မြွေအဆိပ်ပဲဖြစ်ဖြစ် -
2:26 - 2:29နှစ်ခုလုံးမှာက Hemotoxic လို့ခေါ်တဲ့
-
2:29 - 2:31သွေကိုခဲစေတဲ့ဖြစ်စဥ်တွေ
-
2:31 - 2:32ဒါမှမဟုတ် Neurotoxic လို့ခေါ်တဲ့
-
2:32 - 2:36ဦးနှောက်ထဲက Neuron တွေကို
မူမမှန်ဖြစ်စေတဲ့ဖြစ်စဥ်တွေ -
2:36 - 2:38ဒါမှမဟုတ် Cytotoxicလို့ခေါ်တဲ့
-
2:38 - 2:42ဆဲလ်ရဲ့အမြှေးပါးတွေကို အပေါက်တွေဖြစ်စေပြီး
အက်ကွဲအောင် ပေါက်ကွဲတဲ့ဖြစ်စဥ်တွေ -
2:42 - 2:46အစရှိတာတွေကိုဖြစ်စေနိုင်တဲ့
ပါဝင်ပစ္စည်းတွေ -
2:46 - 2:47ဒီအဆိပ်တွေမှာပါပါတယ်
-
2:47 - 2:50ဆဲလ်အဆင့်မှာပေါက်ကွဲစေတာနော်
-
2:50 - 2:53ဒါကိုမှ အားပြင်းတယ်မခေါ်သေးရင်တော့့
-
2:53 - 2:54တခြားဘာမှမရှိတော့ဘူး
-
2:54 - 2:56ကျွန်မက ဘာကြောင့်ဒီလောက်ထိတောင်
-
2:56 - 2:58အဆိပ်ကိုနဲ့ပတ်သက်ပြီး
စိတ်ဝင်စားလဲဆိုတာပြောပြပါ့မယ် -
2:59 - 3:00ကျွန်မက New York မှာကြီးပြင်းခဲ့ပြီး
-
3:00 - 3:03သဘာဝသမိုင်းပြတိုက်ကိုပဲ
အမြဲပို့ခံထားရတာ -
3:03 - 3:05ပို့ခံထားရတယ်လို့ပြောရတာက
-
3:05 - 3:06ကျွန်မမိဘတွေက ပြတိုက်ကို
-
3:06 - 3:10နေ့ကလေးထိန်းကျောင်းလိုမျိုး
ကျွန်မတို့မောင်နှမငါးယောက်ကို ပို့ထားတာ -
3:10 - 3:11လိုက်နာရတာနှစ်ခုရှိတယ်
-
3:11 - 3:13လူမပျောက်စေရဘူး
-
3:13 - 3:15ပြီးတော့ ၅ခွဲပြတိုက်ပိတ်တဲ့အခါကျရင်
အဖေနဲ့အမေကို -
3:15 - 3:17အာဖရီကဆင်တွေကြီးနားသွားစောင့်ရတယ်
-
3:18 - 3:23အဲဒီလို ပြတိုက်ထဲမှာ ထိန်းမဲ့သူမပါဘဲနဲ့
လျှောက်သွားခဲ့ရတဲ့နေတွေက -
3:23 - 3:26စူးစမ်းမှုတွေ စွန့်စားမှုတွေနဲ့
အပြည့်ပဲပေါ့ -
3:26 - 3:29ကျွန်မအဆိပ်တွေကိုလေ့လာတဲ့အခါ
အဲ့လိုပဲခံစားရတယ် -
3:29 - 3:30သိပ္ပံစွန့်စားခဲ့ကြီးတစ်ခုလိုပေါ့့
-
3:30 - 3:36ကျွန်မတို့ဟာ လူသားမျိုးနွယ်နဲ့ သဘာဝကြီးရဲ့
ဆက်နွယ်မှုတွေကို ရဲဝံ့စွာ ရှာဖွေနေတာပါ -
3:36 - 3:38နောက်ထပ်ပြီး
အဆိပ်ကိုသဘောကျတဲ့အချက်က -
3:38 - 3:40အကောင်းအဆိုးဒွန်တွဲနေလို့ပါ
-
3:40 - 3:43လူ့အစိတ်အပိုင်းထဲကို
အဆိပ်တွေထိုးသွင်းလိုက်တဲ့အခါ -
3:43 - 3:46ဆေးဖြစ်တာလည်းရှိတယ်
ဘေးဖြစ်တာလည်းရှိတယ် -
3:46 - 3:48မော်လီကျူးအဆင့်မှာက
မျိုးစုံဖြစ်နိုင်တယ် -
3:49 - 3:52ခုနတုန်းက ငါးအကြောသေသွားတာကိုတွေ့တယ်မလား
-
3:52 - 3:55အဲဒါဘာလို့ဖြစ်တာလဲဆိုတော့
အဆိပ်တွေက -
3:55 - 3:58ငါးထဲကဆဲလ်တွေရဲ့ ဆက်သွယ်မှုကို
တိုက်ခိုက်ပြီးတော့ -
3:58 - 4:00ရေကူးပြီးထွက်မပြေးနိုင်အောင်လုပ်လိုက်တာပါ
-
4:00 - 4:03ကျွန်မအနေနဲ့ အဆိပ်ကိုသုံးပြီးတော့
တိုက်ခိုက်ချင်တဲ့အရာရှိလားဆိုရင်တော့ -
4:04 - 4:05ရှိတာပေါ့့
-
4:05 - 4:07ကင်ဆာကိုတိုက်ခိုက်ချင်တာပါ
-
4:07 - 4:09ကင်ဆာကျိတ်တွေက ဆဲလ်တွေလေ
-
4:09 - 4:10အဲဒီတော့ ဆဲလ်တိုင်းလိုပဲ
-
4:10 - 4:13သူတို့က သူတို့ကိုယ်တိုင်ကိုရော
ဘေးပတ်ဝန်းကျင်ကိုကော ဆက်သွယ်တယ်လေ -
4:13 - 4:15ကျွန်မတို့က
ငါးရဲ့ဆဲလ်တွေရဲ့ ဆက်သွယ်မှုကို -
4:15 - 4:19အဆိပ်က နှောက်ယှက်ပြီးရေကူး
မပြေးနိုင်အောင် လုပ်သလိုမျိုး -
4:19 - 4:24ကင်ဆာဆဲလ်တွေရဲ့ဆက်သွယ်မှုကို
ကောင်းကောင်းအနှောက်အယှက်ပေးနိုင်မယ့် -
4:24 - 4:26
အဆိပ်ကိုရှာဖို့လုပ်နေတာပါ -
4:26 - 4:30ကျွန်မသုတေသနမှာတော့ ကင်ဆာကို
Channelopathy အမျိုးအစားအနေနဲ့ လေ့လာပါတယ် -
4:30 - 4:33အခြေခံအားဖြင့် ပုံမှန်ဆဲလ်တွေနဲ့မတူဘဲ
ဆက်ကြောင်းတွေထင်ရှားတဲ့ -
4:33 - 4:37ကင်ဆာကျိတ်တွေကို အဓိကပစ်မှတ်ထားမဲ့
အဆိပ်ဖွဲ့စည်းပုံကို -
4:37 - 4:39ရှာနေတာလို့ဆိုလိုတာပါ
-
4:39 - 4:41ကျွန်မတို့ အခုလောလောဆယ်ဆယ်
အဓိကလေ့လာနေတဲ့ကင်ဆာကတော့့ -
4:41 - 4:42အသည်း ကင်ဆာဖြစ်ပါတယ်
-
4:42 - 4:45ဘာလို့လဲဆိုတော့
အသည်းကင်ဆာကြောင့်သေတဲ့နှုန်းက -
4:45 - 4:48၁၉၈၀ ပြည့်နှစ်တွေကစဖြစ်
နှစ်ဆအထိဖြစ်လာခဲ့လို့ပြီး -
4:48 - 4:50အမေရိကန်အတွက် ခြိမ်ခြောက်မှုတစ်ခု
ဖြစ်လာနေပါတယ် -
4:50 - 4:52ဇယားမှာပြထားတာတွေက
-
4:52 - 4:55သားအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ
အာရုံကြောကင်ဆာနဲ့ အသဲကင်ဆာပါ -
4:56 - 4:58စမ်းသပ်တွေ့ရှိချက်တွေအရတော့့
-
4:58 - 5:01ဒီခရုကရရှိတဲ့ အဆိပ်ဓာတ်ပေါင်းတွေဟာ
-
5:01 - 5:05အသည်းရဲ့ကင်ဆာကိုပဲတိုက်ခိုက်ပြီး
တစ်ခြားကင်ဆာတွေကိုတော့ မတိုက်ပါဘူး -
5:05 - 5:08ပြီတော့ ဒီအဆိပ်ဓာတ်ပေါင်းကို
အသည်းကင်ဆာဖြစ်နေတဲ့ကြွက်ထဲ -
5:09 - 5:11ထိုးသွင်းလိုက်တဲ့အခါမှာတော့
-
5:11 - 5:14ဒီအဆိပ်က ကင်ဆာကျိတ်တွေပြန့်နှံ့မှုကို
သိသိသာသာပဲ ရပ်တန့်စေခဲ့ပါတယ် -
5:14 - 5:16ဒါဘာကြောင့်ဖြစ်တာလဲဆိုတာ
သေချာမသိသေးတဲ့အတွက် -
5:16 - 5:18ဒီအဆိပ်ရဲ့အလုပ်လုပ်ပုံနဲ့
-
5:18 - 5:21ပိုထိရောက်အောဘယ်လိုလုပ်ရမလဲ
ဆိုတာကို လေ့လာနေဆဲပါပဲ -
5:21 - 5:23ဒီတော့ အသဲကင်ဆာကုသဖို့အတွက်
-
5:23 - 5:27ဒီခရုကနေ ဆေးထုတ်ဖို့ကို
အလျင်လိုမလုပ်နိုင်သေးပါဘူး -
5:27 - 5:28အခုလောလောဆယ်ဆယ်ပေါ့
-
5:28 - 5:30ကျွန်မတို့ရဲ့သုံးသပ်ချက်ကတော့
-
5:30 - 5:34အဆိပ်ဓာတ်ပေါင်းက သက်ဆိုင်ရာ
ဆက်ကြောင်းတွေကို ပိတ်ဆို့ပြီး -
5:34 - 5:37ဓာတုပစ္စည်းတွေ အချင်းချင်းပို့နေတာကို
တာမြစ်လိုက်တာက -
5:37 - 5:39ကင်ဆာကျိတ်တွေကို ပွားစေတဲ့
-
5:39 - 5:43လှုံ့ဆော်မှုတွေကို လျော့နည်းစေပြီး
ကိုယ့်ကိုယ်ကို သွေတွေစုပ်ထုတ်လိုက်ပါတယ် -
5:43 - 5:46လူသားတွေမှာဖြစ်တတ်တဲ့ ရောဂါတွေ
မူမမှန်မှုတွေကို ကုသဖို့အတွက် -
5:46 - 5:49အဆိပ်ရဲ့ ဖွဲ့စည်းပုံကိုလေ့လာတာက
-
5:49 - 5:50အသစ်အဆန်းမဟုတ်ပါဘူး
-
5:50 - 5:53ကျွန်မတို့အခေါ်
"သဘာဝထွက်ဆေးများရှာဖွေခြင်း"ဆိုတာ -
5:53 - 5:55ရာစုနှစ်များစွာကတည်းက တည်ရှိခဲ့ပြီး
-
5:55 - 5:57ကမ္ဘာတစ်လွှားမှာဆို
မိရိုးဖလာတစ်ခုဖြစ်နေပါပြီ -
5:57 - 5:59အဆိပ်တွေက ဓာတ်ပေါင်းအသစ်အဆန်းတွေပဲ
ပေးတာမဟုတ်ပါဘူး -
5:59 - 6:02လူသားရောဂါတွေ မူမမှန်မှုတွေကို
ကုသဖို့အတွက်လည်း -
6:02 - 6:05ကျွန်မတို့ကို နည်းလမ်းသစ်တွေပေးပါသေးတယ်
-
6:06 - 6:07ဒီအကြောင်း ဥပမာသုံးခုပေးပါ့မယ်
-
6:07 - 6:10ပထမတစ်ခုကတော့
ကျွန်မတို့ဇာတ်လိုက် ခရုဆီကပါ -
6:10 - 6:14ဒီခရုကနေ ပထမဆုံးထုတ်ခဲ့တဲ့
ဆေးဝါးတွေကို စျေးကွက်ထဲမှာတော့ -
6:14 - 6:17Ziconotide သို့မဟုတ် Prialt လို့ခေါ်ပါတယ်
-
6:17 - 6:21ဒီဆေးကို HIV နဲ့ ကင်ဆာလူနာတွေမှာဖြစ်တတ်တဲ့
နာတာရှည်နာကျင်မှုကို ကုသဖို့သုံးပါတယ် -
6:21 - 6:24Prialt က မစွဲလန်းစေပါဘူး
-
6:24 - 6:28လက်ရှိမှာ နာကျင်မှုကိုဘယ်လိုကုလဲဆိုတာရဲ့
အဖြေပါပဲ -
6:28 - 6:32ကျွန်မတို့ဟာ စွဲလမ်းမှုအရမ်းဖြစ်စေတဲ့
ဆေးတွေကို သုံးခဲ့ရဖူးပါတယ် -
6:32 - 6:33မော်ဖင်းလိုဆေးတွေ
-
6:33 - 6:36ဒါမှမဟုတ် မင်းသောက်နေကျဖြစ်တဲ့
opioid တစ်ခုခုပေါ့ -
6:36 - 6:37အခု ဒီခရုလုပ်ပေးလိုက်တာက
-
6:37 - 6:41နောက်ဆက်တွဲ စွဲလန်းမှုမဖြစ်စေဘဲ
နာကျင်မှုကိုကုတဲ့နည်းကို လမ်းပြသွားပါတယ် -
6:41 - 6:43ပြောင်းလဲမှုကြီးတစ်ခုပါ
-
6:43 - 6:46နောက်ဥပမာတစ်ခုကတော့
Brazilian pit viper ရဲ့အဆိပ်ပါ -
6:46 - 6:50ဒီမြွေဆိပ်ကနေပြီး Captopril လို့ခေါ်တဲ့
ဓာတ်ပေါင်းတစ်မျိုးရရှိပါတယ် -
6:50 - 6:53Captopril ကို သွေးတိုးရောဂါကိုကုသဖို့
အသုံးပြုပါတယ် -
6:53 - 6:55ပုံမှန်အားဖြင့်
သွေတိုးတို့ နှလုံးရောဂါတို့မှာသုံးတဲ့ -
6:55 - 6:58ACE inhibitorsလိုမျိုးသိထားတဲ့
-
6:58 - 7:01ဆေးအမျိုးအစားတွေကိုထက်တောင်
ပိုရှေ့ရောက်ရုံတင်မကဘဲ -
7:01 - 7:03သူ့သဘာဝအလျောက်ကိုက
-
7:03 - 7:06ထူးခြားလွန်းတာကြောင့်
Captopril ကို အရမ်းအောင်မြင်တဲ့ဆေးလို့ -
7:06 - 7:08သမုတ်ကြပါတယ်
-
7:08 - 7:11နောက်ဆုံးဥပမာကတော့
Gila monster(ဖွတ်တစ်မျိုး)ဆီကပါ -
7:11 - 7:15ဒီဥပမာက သူ့လိုသက်ရှိတွေရဲ့ ဂေဟစနစ်ကို
နားလည်စေတာရော ဆေးအသစ်တွေတာရော -
7:15 - 7:17နှစ်ခုဆက်နွယ်နေတဲ့
-
7:17 - 7:19အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့
ဥပမာတစ်ခုပါ -
7:19 - 7:21ဒီ Gila monsters တွေဟာ
အရမ်းအစားကြီးပါတယ် -
7:21 - 7:24သူတို့အစားအများကြီးစားပြီဆိုတာနဲ့
-
7:24 - 7:27သွေထဲသကြားပါဝင်မှုကိုလျော့စေတဲ့အရာတွေကို
သူတို့အဆိပ်ကထုတ်ပေးပါတယ် -
7:27 - 7:31ဒီတော့ ကျွန်မတို့ Gila monsters ဆီကနေ
ရခဲ့တဲ့ဆေးက ဘာဆေးလို့ထင်လဲ -
7:31 - 7:35ဆီးချိုရောဂါသည်တွေအတွက်
သွေးတွင်းသကြားပါဝင်မှုကို လျော့ပေးတဲ့ဆေးပါ -
7:35 - 7:37ဒါတွေဟာ အရမ်းအံ့သြဖို့ကောင်းတဲ့
ဥပမာသုံးခုပါ -
7:37 - 7:39ဒါတွေက အပေါ်ယံပဲရှိပါသေးတယ်
-
7:39 - 7:42အဆိပ်တွေအများကြီး လေ့လာဖို့ကျန်သေးပါတယ်
-
7:42 - 7:46စာရင်းအရတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်တွေရဲ့
၅ရာခိုင်နှုန်းဟာ -
7:46 - 7:47အဆိပ်ရှိမယ်လို့ထင်ပါတယ်
-
7:47 - 7:49ဒါတောင် အနည်းဆုံးထားတွက်ထားတာပါ
-
7:49 - 7:52ဒီတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်အားလုံးကို
ကျွန်မတို့မသိသေးဘူးလို့ ဆိုလိုတာပါ -
7:52 - 7:55ဒါပေမဲ့ သဘာဝကြီးက
သူတွေစေချင်တာကိုပဲ တွေ့ခွင့်ပေးပုံပါပဲ -
7:55 - 7:58ပြီးတော့ ဒီလိုမျိုးပဲ
ထပ်တလည်းလည်းလုပ်နေပြီးတော့ -
7:58 - 8:01တွေနေကျတိရစ္ဆာန်အမျိုးအစားတွေကိုပဲ
သက်တမ်းတစ်လျှောက်လုံးမှာ -
8:01 - 8:03ပိုပိုပြီးတွေ့လာစေပါတယ်
-
8:03 - 8:06ဒီတော့ ကျွန်မသဘောကျတဲ့
ဒီခရုတို့၊ ရေခူတို့ -
8:06 - 8:07ဘဲတူဖျံတူတို့
-
8:07 - 8:10ခူကောင်တို့၊ slow lorisesတို့
-
8:10 - 8:13စတဲ့ ကုန်းနေ၊ ရေနေ၊ လေနေတွေအကြောင်း
-
8:13 - 8:16ကျွန်မတို့ပြောကြတဲ့အခါ
-
8:16 - 8:19ဒီအဆိပ်ရှိတဲ့ သတ္တဝါတွေကို
ရင်ဆိုင်ရမှာသေချာပေါက်ပါပဲ -
8:19 - 8:20အဆိပ်က လူဆိုးလည်းဟုတ်တယ်
-
8:20 - 8:24သူရဲကောင်းလဲဖြစ်တယ်လို့ ကျွန်မပြောခဲ့တာကို
မှတ်မိလား -
8:24 - 8:26အဲဒီတုန်းကတော့ မယုံချင်ဘူးဟုတ်
-
8:26 - 8:27အင်း
-
8:27 - 8:30ကမ္ဘာပေါ်ကတိရစ္ဆာန်မျိုးစိတ်တွေကို
မဆုံးရှုံးလိုက်ရခင် -
8:30 - 8:33ဒီအဆိပ်ရဲ့ကောင်းကျိုးတွေကို
ကောင်းကောင်းအသုံးချနိုင်ဖို့ လိုပါတယ် -
8:33 - 8:35ဒါကလည်း ခြုံငုံလုပ်ရမယ့်ကိစ္စပါ
-
8:35 - 8:39တိရစ္ဆာန်တွေရဲ့အကူအညီမပါဘဲနဲ့
ဒီရောဂါကုထုံးတွေကို မရရှိနိုင်ပါဘူး -
8:39 - 8:41ပြီးတော့ ဒီဂေဟစနစ်တွေမရှိဘဲနဲ့
-
8:41 - 8:43တိရစ္ဆာန်တွေ မရှိနိုင်ပါဘူး
-
8:43 - 8:45ကျွန်မနဲ့ ဒီခရုတွေအတွက်ကတော့
-
8:45 - 8:47ဒါဟာ သမုဒ္ဒရာတွေကို
ထိန်းသိမ်းရမယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ် -
8:47 - 8:50ပြီးတော့ ဒီအဆိပ်ရှိသတ္တဝါတွေက
နေရာတိုင်းမှာရှိတော့ -
8:50 - 8:52ကမ္ဘာကြီးတစ်ခုလုံးကို
ထိန်းသိမ်းရမှာပေါ့့ -
8:52 - 8:54ဒီတော့ မင်းအတွက်မဟုတ်ရင်တောင်
-
8:54 - 8:55ဒီတိရစ္ဆာန်တွေအတွက် ထိန်းသိမ်းပေးပါ
-
8:56 - 8:57ဘယ်သူ သိမှာလဲ၊
-
8:57 - 9:00တစ်နေ့တော့ ဒီခရုအဆိပ်က
မင်းအသက်ကို ကယ်နိုင်တာပဲလေ -
9:01 - 9:02ကျေးဇူးတင်ပါတယ်
- Title:
- အဆိပ်ရဲ့အစွမ်း နှင့် ဒီအစွမ်းက သင့်ကို နောင်တစ်ချိန်မှာ ကယ်တင်ပေးနိုင်ပုံ။
- Speaker:
- Mandë Holford
- Description:
-
အဆိပ်က ဘေးဖြစ်စေမှာ ဆေးဖြစ်စေမှာလား။ ဒီဟောပြောမှုကတော့ အဏ္ဏဝါဇီဝဓာတုပညာရှင် Mandë Holford က သူရဲ့သုတေသနဖြစ်တဲ့ ပင်လယ်ခရု၊ ဘဲတူဖျံတူ၊ Slow Lorises စတဲ့တိရစ္ဆာန်တွေမှာတွေရတဲ့ အဆိပ်တွေအသုံးပြုပြီး ကင်ဆာလိုမျိုး လူသားရောဂါတွေကို ကုသနိုင်မလားဆိုတာကို ရှာဖွေနေမှုအကြောင်း ပြောပြသွားတာပဲဖြစ်ပါတယ်။ သုတေသနရလဒ်တွေက ခုထိ အဖြေရှာမရသေးပေမဲ့ "တစ်နေ့ကျရင် ခရုအဆိပ်တွေက သင့်အသက်ကိုကယ်နိုင်လိမ့်မယ်"လို့ Mandë Holford ကပြောသွားခဲ့ပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 09:16
sann tint approved Burmese subtitles for The power of venom -- and how it could one day save your life | ||
sann tint edited Burmese subtitles for The power of venom -- and how it could one day save your life | ||
sann tint accepted Burmese subtitles for The power of venom -- and how it could one day save your life | ||
sann tint edited Burmese subtitles for The power of venom -- and how it could one day save your life | ||
sann tint edited Burmese subtitles for The power of venom -- and how it could one day save your life | ||
sann tint edited Burmese subtitles for The power of venom -- and how it could one day save your life | ||
sann tint edited Burmese subtitles for The power of venom -- and how it could one day save your life | ||
Thaw Htet edited Burmese subtitles for The power of venom -- and how it could one day save your life |