အန္တာတိကတိုက် အောက်မှာ ဝှက်ထားတဲ့ မြင်မရတဲ့ သက်ရှိဘဝ
-
0:01 - 0:03ဒါက ဘာလဲ ခန့်မှန်းနိုင်ကြမလား။
-
0:04 - 0:08သတ္တဝါတွေကို ဖန်နဲ့ ပြုလုပ်ထားတဲ့ နေရာ
ရှိပါတယ်လို့ ကျွန်မက ပြောရင်ကော။ -
0:08 - 0:11ကျွန်မတို့ မမြင်ကြရပေမဲ့
အာကာသယာဉ်မှူးတွေ တချိန်လုံး -
0:11 - 0:14မြင်နိုင်ကြရတဲ့
ဇီဝပုံစံတွေ ရှိတယ် ဆိုရင်ကော။ -
0:14 - 0:19မြင်မရတဲ့ အဲဒီဖန်ကောင်တွေဟာ ဝေးလံလှတဲ့
ဂြိုဟ်ပေါ်က အကောင်တွေ မဟုတ်ကြပါဘူး။ -
0:19 - 0:20သူတို့က diatoms တွေပါ-
-
0:20 - 0:23အလင်းကို စုပ်ယူနိုင်တဲ့
ဆဲလ်တစ်ခုတည်းပါ ရေညှိဖြစ်ပြီး -
0:23 - 0:27အောက်ဆီဂျင် ထုတ်လုပ်ရန်နဲ့ ဂြိုဟ်ပေါ်မှာ
တိမ်တွေ မွေးထုတ်ပေးရန်ကို တာဝန်ယူထားကြပြီး -
0:27 - 0:31ခုနက ပြောခဲ့သလို ဖန်နဲ့ ပြုလုပ်ထားတဲ့
သိပ်ကို ရှုပ်ထွေး လှပတဲ့ ဂျီဩမေတြီ -
0:31 - 0:32ပုံစံကို ဆောင်ကြပါတယ်။
-
0:32 - 0:36အာကာသထဲကနေပြီး သမုဒ္ဒရာရဲ့ ရောင်စုံ
မျက်နှာပြင်ထဲ အဲဒါတွေကို မြင်ရနိုင်ပါတယ်။ -
0:36 - 0:38သူတို့ သေသွားတဲ့ အခါမှာ၊
-
0:38 - 0:41သူတို့ရဲ့ ဖန်အိမ်လေးတွေဟာ သမုဒ္ဒရာရဲ့
အနက်ပိုင်းထဲကို ကျဆင်းသွားရင်း -
0:41 - 0:42လေထုထဲက ကာဗွန်ကို ထုတ်ယူပြီး
-
0:42 - 0:44သူတို့ရဲ့ သင်္ချိုင်းဆီ ဆင်းသွားကြတာမို့
-
0:44 - 0:48သမုဒ္ဒရာတွေထဲမှာ တွေ့ရတဲ့ ကာဗွန်ထဲက
တော်တော်များများက သူတို့ထံမှပါ။ -
0:48 - 0:50ကျုပ်တို့ဟာ သူစိမ်းဂြိုလ်ပေါ်မှာ
နေထိုင်နေကြတယ်၊ -
0:50 - 0:54ကျုပ်တို့ ကမ္ဘာကြီးပေါ်မှာ လေ့လာကြရဦးမယ့်
နားလည်မရတဲ့ သတ္တဝါတွေ အများကြီးပါ၊ -
0:54 - 0:57အကောင် အများအပြားတို့ဟာ ကျုပ်တို့
ကမ္ဘာကြီးရဲ့ အစွန်းအဖျားမှာ နေထိုင်ကြလို့ -
0:57 - 1:00ကျုပ်တို့ မမြင်ရ၊ နားလည်မရနိုင်ပါဘူး။
-
1:00 - 1:02အဲဒီလို အစွန်းအဖျားဒေသ
တစ်ခုက အန္တာတိကတိုက်ပါ။ -
1:02 - 1:04ကျုပ်တို့က အန္တာတိကအကြောင်းကို
စဉ်းစားကြရာတွင် -
1:04 - 1:07ပင်ဂွင်း အကောင်အချို့မှလွဲပြီး
သက်ရှိတွေ မရှိတဲ့ -
1:07 - 1:09လွင်ပြင်ကြီးလို့ နေရာကို မြင်ယောင်မိကြတယ်။
-
1:09 - 1:12အဲဒီလိုအစား အန္တာတိကကို
ဝင်ရိုးစွန်း အိုအေစစ်လို မြင်သင့်ပြီး -
1:12 - 1:16ရေတွက် မရနိုင်တဲ့ အံ့မခန်း စိတ်ဝင်စားဖွယ်
အကောင်တွေရဲ့ နေအိမ်ကြီးပါ။ -
1:16 - 1:19ဘာဖြစ်လို့ အဲဒီအကောင်တွေကို ကျုပ်တို့ဟာ
သတင်းကားတွေထဲမှာ မမြင်ကြရတာလဲ။ -
1:19 - 1:22သူတို့ဟာ ဆီးနှင်းတွေနဲ့
ရေခဲလွှာအောက်မှာ နစ်မြုပ်နေကြလို့ -
1:22 - 1:24ကျုပ်တို့ မြင်မရနိုင်ပါဘူး။
-
1:24 - 1:26သူတို့က ပိုးမွှားတွေပါ။
-
1:26 - 1:29ပင်လယ်ရေခဲရဲ့ အောက်မှာ၊
ရေခဲမြစ်ကြီးတွေထဲ နစ်မြုပ်နေကြတဲ့ -
1:29 - 1:30သေးနုပ်တဲ့ အကောင်တွေဖြစ်ကြပြီး
-
1:30 - 1:33ရေခဲမြစ်တွေထဲက ရေအိုင်တွေထဲမှာ
ရေကူးနေထိုင်ကြတာပါ။ -
1:33 - 1:36အဲဒီအကောင်တွေဟာ သတင်းကားတွေထဲမှာ
မြင်နေကျ အကောင်တွေနဲ့စာရင် -
1:36 - 1:38ဆွဲဆောင်မှု မရှိကြဘူးလို့
ဘယ်လိုမှ ပြောမရနိုင်ပါဘူး။ -
1:39 - 1:44ဒါပေမဲ့ မမြင်ရတဲ့ အရာတွေကို စူးစမ်းဖို့
လူတွေကို ဘယ်လို တိုက်တွန်းရမလဲ။ -
1:44 - 1:47ကျွန်မဟာ မကြာခင်တုန်းက
ငါးပတ်ကြာ အန္တာတိကတိုက်ကို -
1:47 - 1:51စူးစမ်းရေးခရီး ထွက်ခဲ့ပြီး သေးနုပ်ကြတဲ့
အကောင်တွေရဲ့ ဘဝကို ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ -
1:51 - 1:53ပစ္စည်းမျိုးစုံ ၁၈၅ ပေါင်ကို သယ်ပြီး
-
1:53 - 1:55ကျွန်မဟာ စစ်လေယာဉ်ကို တက်စီးခဲ့လို့
-
1:55 - 1:57အဏုကြည့်ကိရိယာတွေဖြင့်
ကွင်းဆင်း လေ့လာရင်း -
1:57 - 2:00ကျုပ်တို့ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြပေမဲ့
ကျုပ်တို့ မသိကျွမ်းကြတဲ့ -
2:00 - 2:03သေးနုပ်တဲ့ အကောင်တွေရဲ့ ဘဝကို
ရုပ်ရှင် ရိုက်ပေးရင်း သူတို့ဂေဟာစနစ်ကို -
2:04 - 2:05နားလည်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
-
2:05 - 2:08မြင်မရတဲ့ အဲဒီလို အကောင်တွေကို
ရုပ်ရှင် ရိုက်နိုင်ဖို့ -
2:08 - 2:11ကျွန်မဟာ သူတို့ နေထိုင်တဲ့ နေရာကို
မြင်ဖို့ လိုအပ်ခဲ့တယ်၊ -
2:11 - 2:14ရေခဲထုရဲ့ အနက်ပိုင်းဆီသို့
ငုပ်ကြည့်ဖို့ လိုအပ်ခဲ့တယ်။ -
2:14 - 2:18နှစ်စဉ်ဆိုသလို ပင်လယ်ရေခဲတွေဟာ အန္တာတိက
ရဲ့ အရွယ်အစားကို နှစ်ဆနီးပါး ချဲ့ပေးကြတယ်။ -
2:18 - 2:21အောက်ပိုင်းမှာ ဖြစ်ပျက်နေတာကို
မြင်ရဖို့အတွက် -
2:21 - 2:25ကျွန်မဟာ ကိုးပေထူတဲ့ ရေခဲထုထဲကို
သတ္တုပြွန်ဖြင့် ဆင်းလိုက်တော့မှ -
2:25 - 2:28ပင်လယ်ကြမ်းပြင်နဲ့ ခေါင်းမိုးရေခဲထု
အကြားမှာ မျောလျက် ရှိနေတဲ့ -
2:28 - 2:33သက်ရှိအကောင်တွေနဲ့ ပြည့်နေတဲ့
ဂေဟာစနစ်ကို တွေ့မြင်နိုင်ခဲ့တယ်။ -
2:33 - 2:36ကျွန်မကို အပြင်မှနေပြီး
မြင်ရပုံက ဒီလိုမျိုးပါ။ -
2:36 - 2:38အဲဒါ လုံးဝကို အံ့အားသင့်စရာကြီးပါ။
-
2:39 - 2:43ကျွန်မ တွေ့မြင်ခဲ့ရတဲ့ အကောင်တချို့
ဒီလို ကြည်နူးဖွယ်ရာ ပုစွန်စေ့နဲ့ တူခဲ့ပြီး -
2:43 - 2:46လှပတဲ့ ဂျီဩမေတြီ ပုံစံ
diatom တွေ အများကြီးပါပဲ။ -
2:46 - 2:49အဲဒီနောက်မှာ ကျွန်မဟာ Dry Valleys
ဒေသမှာ နှစ်ပတ်လောက် -
2:49 - 2:51စခန်းချခဲ့ပြီး စူးစမ်းခဲ့သေးတယ်။
-
2:51 - 2:54အန္တာတိကရဲ့ ၉၈ ရာခိုင်နှုန်းဟာ
ရေခဲဖုံးလွှမ်းနေပြီး -
2:54 - 2:58Dry Valleys ဟာ မျက်စိနဲ့ မြင်ရနိုင်တဲ့
အကျယ်ပြန့်ဆုံး သဘာဝ နေရာဖြစ်ပြီး -
2:58 - 3:01ရေခဲအောက်မှာ ရှိတဲ့ တိုက်ကြီးရဲ့
အနေအထားဟာ အဲဒီလိုပဲ ရှိမှာပါ။ -
3:01 - 3:04ကျွန်မဟာ Blood Falls မှာ ဘက်တီးရီးယား
နမူနာတွေကို စုယူခဲ့တယ်။ -
3:04 - 3:08ရေခဲမြစ်ထဲကနေ ထိုးထွက်နေတဲ့
သံအောက်ဆိုက် တောင်ကုန်း ဖြစ်ပြီး -
3:08 - 3:12လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သက်ရှိ လုံးဝ
မရှိဘူးလို့ ယူဆခဲ့ကြတဲ့ နေရာဖြစ်တယ်။ -
3:12 - 3:15ကျွန်မက ရေခဲမြစ်ရဲ့ အပေါ်ကို တက်ခဲ့ပြီး
အောက်ဘက်ကို တူးကြည့်ခဲ့ရာ -
3:15 - 3:19ရေခဲအလွှာတွေ အကြားမှာ နစ်မြုပ်
နေကြလျက် နေထိုင်နေကြတဲ့ -
3:19 - 3:21အကောင်တွေကို မရေမတွက်
နိုင်အောင်ကို မြင်ခဲ့တယ်။ -
3:21 - 3:23cryoconite တွင်းများလို ခေါ်ကြပြီး၊
-
3:23 - 3:26အမည်းရောင် သေးနုပ်တဲ့ အညစ်အကြေးတွေကို
-
3:26 - 3:28ရေခဲမြစ်ပေါ်ကို မှုတ်ပစ်လိုက်တဲ့ နောက်မှာ
-
3:28 - 3:31အမြုပ်ထနေတဲ့ တွင်းများထဲကို
ပျော်ကျသွားပြီး ပြန်ခဲ့သွားခြင်းဖြင့် -
3:31 - 3:35ရေခဲမြစ်ထဲ ရှိခဲ့ဘူးတဲ့ အညစ်အကြေး
ချိုင့်ခွက် ရာချီ ထိန်းသိမ်းပေးထားသလိုပါ။ -
3:35 - 3:36စကြာဝဠာ ကျွန်းလေးတွေနဲ့တူပြီး
-
3:36 - 3:39မတူကွဲပြားတဲ့ ဂေဟာစနစ် ကိုယ်စီနဲ့ပါ။
-
3:39 - 3:41ကျွန်မ ရှာတွေ့ခဲ့တဲ့
အကောင်တချို့များဆိုရင်၊ -
3:42 - 3:43ချစ်စရာလေး ဒီ tardigrade ပုံစံ --
-
3:43 - 3:45ကျွန်မ အရမ်းကို ကြိုက်တဲ့ဟာပါ၊
-
3:45 - 3:47ခြေဖဝါးပါတဲ့ ဝက်ဝံကလေးနဲ့ ဆင်တူပါတယ်။
-
3:47 - 3:49သူ့ကို ရေဝက်ဝံလို့လည်း ခေါ်ကြသေးတယ်၊
-
3:49 - 3:51သူတို့ဟာ စူပါပါဝါကို
ပိုင်ဆိုင်ကြလို့ နာမည်ကြီးပါတယ်၊ -
3:51 - 3:54အာကာသထဲက လေဟာနယ် အပါအဝင်၊
လွန်ကဲ ပြင်းထန်တဲ့ -
3:54 - 3:56အခြေအေနေမျိုးထဲမှာတောင်
ရှင်သန် နေထိုင်နိုင်ကြတယ်။ -
3:56 - 3:59သူတို့ကို မြင်ရဖို့အတွက် အာကာသ သို့မဟုတ်
အန္တာတိကကို သွားဖို့ မလိုပါဘူး။ -
3:59 - 4:02ဒီကမ္ဘာဂြိုဟ် တစ်ဝမ်းလုံးမှာ၊ လူသွားလမ်း
တွေမှအစ ပန်းခြံတွေအဆုံး -
4:02 - 4:04ရေညှိထဲမှာ သူတို့ နေထိုင်ကြတာပါ။
-
4:04 - 4:08မြင်မရတဲ့ အဲဒီလို အကောင်လေးတွေ ထောင်ချီ
အပေါ်ကနေပြီး ကျုပ်တို့ လမ်းလျှောက်ကြတာပါ။ -
4:08 - 4:10အချို့တို့ကို သိရှိကြတယ်လို့ ထင်ရပေမဲ့
-
4:10 - 4:13nematodes ကောင်တွေလို ထူးဆန်းကြတယ်။
-
4:13 - 4:14မြွေလည်း မဟုတ် တီကောင်လည်း မဟုတ်တဲ့
-
4:14 - 4:17nematodes တွေဟာ သူ့နည်းသူပုံစံနဲ့ပါ။
-
4:17 - 4:20တီကောင်လို ပြန်မပွားနိုင်ဘူး၊
မြေွလို တွာမသွားနိုင်ဘူး။ -
4:20 - 4:23ဒါပေမဲ့ သူတို့ပါးစပ်ထဲမှာ
ဓါးမြှောင်လို အပ်တွေ ရှိကြလို့ -
4:23 - 4:27သူတို့ရဲ့ သားကောင်ကို ထိုးဖောက်ပြီး
အတွင်းပိုင်းကို စုပ်ယူနိုင်ကြတယ်။ -
4:27 - 4:29ဒီဂြိုဟ်ပေါ်ရှိ လူတစ်ဦးချင်းစီအတွက်
-
4:30 - 4:33nematodes အကောင် ၅၇ ဘီလီယံကျ ရှိတယ်။
-
4:33 - 4:35အကောင်တချို့များဆိုရင် ဘာနဲ့တူမှန်း
ပြောဖို့ ခက်ပေမဲ့ -
4:36 - 4:38သူတို့ရဲ့ အံ့အားသင့်ဖွယ်
ဘဝမျိုးနဲ့ နေထိုင်နေကြတာပါ။ -
4:38 - 4:43အံ့သြဖွယ်သရဖူပါတဲ့ ဒီ rotifer အကောင်တွေရဲ့
ပါးစပ်တွေဟာ Roomba ပုံစံမျိုးပါ၊ -
4:43 - 4:47ciliate ကောင်တွေရဲ့ အစာချေစနစ်က ထုတ်
ချင်းပေါက်မို့လို့ အားလုံးကို မြင်ရတယ်၊ -
4:47 - 4:52cyanobacteria ကောင်တွေကျတော့ ဖဲကြိုးလေးနဲ့
တူပြီး စမ်းသပ်ခွက်ထဲ ပျံ့ကျဲလျက်ပါ။ -
4:52 - 4:55လူကြိုက်များတဲ့ မီဒီယာထဲမှာ
မကြာခဏ တွေ့မြင်ကြရတာက -
4:55 - 4:59အီလက်ထရွန် အဏုကြည့်ကိရိယာနဲ့
သေးနုပ်တဲ့ အကောင်တွေကို -
4:59 - 5:01ရိုက်ထားတဲ့ ကြောက်စရာ
အကောင်နဲ့တူတဲ့ ပုံတွေပါ။ -
5:01 - 5:04အဲဒီလို အကောင်တွေဟာ သွားလေရာ
နေရာတိုင်းမှာ ရှိနေကြပေမဲ့ -
5:04 - 5:08သူတို့ရဲ့ လှုပ်ရှားသွားလာပုံကို မမြင်ရရင်
သူတို့ရဲ့ဘဝကို ဘာမှ သိမရနိုင်ဘူး။ -
5:08 - 5:10သူတို့ရဲ့ နေ့စဉ်ဘဝက ဘယ်လိုမျိုးလဲ။
-
5:10 - 5:13သူတို့ဟာ သူတို့ဝန်းကျင်ထဲမှာ
ဘယ်လိုတုံ့ပြန် နေထိုင်ကြတာလဲ။ -
5:13 - 5:16ရှင်တို့ဟာ တိရစ္ဆာန်ရုံထဲက ပင်ဂွင်းငှက်ရဲ့
ဓာတ်ပုံကိုပဲ မြင်ခဲ့ရပြီး -
5:16 - 5:19ပင်ဂွင်းတွေ လမ်းလျှောက်ပုံ၊
ရေခဲပေါ် လျှောစီးကြပုံ မမြင်ခဲ့ဘူးရင် -
5:19 - 5:21ပင်ဂွင်းတွေကို အပြည့်အဝနားလည် မရနိုင်ဘူး။
-
5:21 - 5:24သေးနုပ်တဲ့ အကောင်တွေ
လှုပ်ရှားပုံကို မြင်ရခြင်းအားဖြင့် -
5:24 - 5:28မြင်မရနိုင်တဲ့ အဲဒီအကောင်လေးတွေကို
အတွင်းကျကျ ပိုသိလာနိုင်ကြမှာပါ။ -
5:28 - 5:32အန္တာတိကတိုက်ထဲကနဲ့ ကျုပ်တို့ အိမ်နောက်ဖေး
က မြင်မရနိုင်တဲ့ ဘဝကို မှတ်တမ်းတင်မပေးရင် -
5:32 - 5:36ကမ္ဘာကြီးပေါ်မှာ ဘယ်လောက်များတဲ့ အကောင်တွေ
နဲ့ အတူနေထိုင်ရတာ ကျုပ်တို့ မသိနိုင်ပါဘူး။ -
5:36 - 5:39အဲဒီလိုဆိုရင် ကျွန်မတို့ဆီမှာ ထူးဆန်းပေမဲ့
ချစ်စရာကောင်းတဲ့ ဂြိုဟ်ရဲ့ -
5:39 - 5:42ကားချပ်ပုံ အပြည့်အဝကို
မသိရှိကြသေးတဲ့ သဘောပါပဲ။ -
5:42 - 5:44ကျေးဇူးတင်ပါတယ်။
- Title:
- အန္တာတိကတိုက် အောက်မှာ ဝှက်ထားတဲ့ မြင်မရတဲ့ သက်ရှိဘဝ
- Speaker:
- Ariel Waldman
- Description:
-
စူးစမ်းလေ့လာရေးသမားနဲ့ အနုပညာရှင် တစ်ဦးဖြစ်တဲ့ Ariel Waldman က သေးနုပ်လှတဲ့ ကမ္ဘာကြီးဆီ လေ့လာဖို့ ခေါ်ဆောင်သွားပြီး အန္တာတိကတိုက်ထဲက ကမ္ဘာ့အကြီးမားဆုံး ဖြစ်တဲ့ ထူထပ်တဲ့ ရေခဲအလွှာကြီးရဲ့ အောက်မှာ ကျက်စားနေကြတဲ့ ချစ်စရာ အကောင်လေးတွေကို မိတ်ဆက်ပေးထားပါတယ်။ Waldman ကနေပြီး ဘာမှမရှိနိုင်ဘူးလို့ ထင်ရတဲ့ အဲဒီတိုက်ကြီးဟာ လက်တွေ့တွင် ကြည့်တတ်မယ် ဆိုရင် သက်ရှိအကောင်တွေ ပြည့်နေတဲ့ အိုအေစစ်နဲ့တူပါတယ်လို့ စိတ်ဝင်စားဖွယ် မိတ်ဆက် တင်ပြပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 05:56
Myo Aung approved Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Myo Aung edited Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Myo Aung accepted Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Myo Aung edited Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Sanda Aung edited Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Sanda Aung edited Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Sanda Aung edited Burmese subtitles for The invisible life hidden beneath Antarctica's ice | ||
Sanda Aung edited Burmese subtitles for The invisible life hidden beneath Antarctica's ice |