0:00:01.167,0:00:02.625 ဒါက ဘာလဲ ခန့်မှန်းနိုင်ကြမလား။ 0:00:04.083,0:00:08.226 သတ္တဝါတွေကို ဖန်နဲ့ ပြုလုပ်ထားတဲ့ နေရာ[br]ရှိပါတယ်လို့ ကျွန်မက ပြောရင်ကော။ 0:00:08.250,0:00:11.268 ကျွန်မတို့ မမြင်ကြရပေမဲ့[br]အာကာသယာဉ်မှူးတွေ တချိန်လုံး 0:00:11.292,0:00:14.309 မြင်နိုင်ကြရတဲ့[br]ဇီဝပုံစံတွေ ရှိတယ် ဆိုရင်ကော။ 0:00:14.333,0:00:18.559 မြင်မရတဲ့ အဲဒီဖန်ကောင်တွေဟာ ဝေးလံလှတဲ့[br]ဂြိုဟ်ပေါ်က အကောင်တွေ မဟုတ်ကြပါဘူး။ 0:00:18.583,0:00:20.226 သူတို့က diatoms တွေပါ- 0:00:20.250,0:00:23.253 အလင်းကို စုပ်ယူနိုင်တဲ့ [br]ဆဲလ်တစ်ခုတည်းပါ ရေညှိဖြစ်ပြီး 0:00:23.253,0:00:27.184 အောက်ဆီဂျင် ထုတ်လုပ်ရန်နဲ့ ဂြိုဟ်ပေါ်မှာ[br]တိမ်တွေ မွေးထုတ်ပေးရန်ကို တာဝန်ယူထားကြပြီး 0:00:27.208,0:00:30.893 ခုနက ပြောခဲ့သလို ဖန်နဲ့ ပြုလုပ်ထားတဲ့[br]သိပ်ကို ရှုပ်ထွေး လှပတဲ့ ဂျီဩမေတြီ 0:00:30.917,0:00:32.417 ပုံစံကို ဆောင်ကြပါတယ်။ 0:00:32.417,0:00:36.241 အာကာသထဲကနေပြီး သမုဒ္ဒရာရဲ့ ရောင်စုံ[br]မျက်နှာပြင်ထဲ အဲဒါတွေကို မြင်ရနိုင်ပါတယ်။ 0:00:36.241,0:00:37.509 သူတို့ သေသွားတဲ့ အခါမှာ၊ 0:00:37.509,0:00:40.740 သူတို့ရဲ့ ဖန်အိမ်လေးတွေဟာ သမုဒ္ဒရာရဲ့ [br]အနက်ပိုင်းထဲကို ကျဆင်းသွားရင်း 0:00:40.740,0:00:42.075 လေထုထဲက ကာဗွန်ကို ထုတ်ယူပြီး 0:00:42.075,0:00:44.080 သူတို့ရဲ့ သင်္ချိုင်းဆီ ဆင်းသွားကြတာမို့ 0:00:44.080,0:00:47.726 သမုဒ္ဒရာတွေထဲမှာ တွေ့ရတဲ့ ကာဗွန်ထဲက[br]တော်တော်များများက သူတို့ထံမှပါ။ 0:00:47.750,0:00:50.018 ကျုပ်တို့ဟာ သူစိမ်းဂြိုလ်ပေါ်မှာ[br]နေထိုင်နေကြတယ်၊ 0:00:50.042,0:00:53.682 ကျုပ်တို့ ကမ္ဘာကြီးပေါ်မှာ လေ့လာကြရဦးမယ့်[br]နားလည်မရတဲ့ သတ္တဝါတွေ အများကြီးပါ၊ 0:00:53.682,0:00:57.202 အကောင် အများအပြားတို့ဟာ ကျုပ်တို့[br]ကမ္ဘာကြီးရဲ့ အစွန်းအဖျားမှာ နေထိုင်ကြလို့ 0:00:57.202,0:00:59.791 ကျုပ်တို့ မမြင်ရ၊ နားလည်မရနိုင်ပါဘူး။ 0:00:59.791,0:01:02.003 အဲဒီလို အစွန်းအဖျားဒေသ[br]တစ်ခုက အန္တာတိကတိုက်ပါ။ 0:01:02.003,0:01:04.143 ကျုပ်တို့က အန္တာတိကအကြောင်းကို[br]စဉ်းစားကြရာတွင် 0:01:04.167,0:01:06.518 ပင်ဂွင်း အကောင်အချို့မှလွဲပြီး[br]သက်ရှိတွေ မရှိတဲ့ 0:01:06.542,0:01:08.559 လွင်ပြင်ကြီးလို့ နေရာကို မြင်ယောင်မိကြတယ်။ 0:01:08.583,0:01:12.268 အဲဒီလိုအစား အန္တာတိကကို[br]ဝင်ရိုးစွန်း အိုအေစစ်လို မြင်သင့်ပြီး 0:01:12.292,0:01:15.580 ရေတွက် မရနိုင်တဲ့ အံ့မခန်း စိတ်ဝင်စားဖွယ်[br]အကောင်တွေရဲ့ နေအိမ်ကြီးပါ။ 0:01:15.735,0:01:19.143 ဘာဖြစ်လို့ အဲဒီအကောင်တွေကို ကျုပ်တို့ဟာ[br]သတင်းကားတွေထဲမှာ မမြင်ကြရတာလဲ။ 0:01:19.167,0:01:22.101 သူတို့ဟာ ဆီးနှင်းတွေနဲ့[br]ရေခဲလွှာအောက်မှာ နစ်မြုပ်နေကြလို့ 0:01:22.125,0:01:24.184 ကျုပ်တို့ မြင်မရနိုင်ပါဘူး။ 0:01:24.208,0:01:25.768 သူတို့က ပိုးမွှားတွေပါ။ 0:01:25.792,0:01:28.546 ပင်လယ်ရေခဲရဲ့ အောက်မှာ၊ [br]ရေခဲမြစ်ကြီးတွေထဲ နစ်မြုပ်နေကြတဲ့ 0:01:28.546,0:01:30.049 သေးနုပ်တဲ့ အကောင်တွေဖြစ်ကြပြီး 0:01:30.049,0:01:32.744 ရေခဲမြစ်တွေထဲက ရေအိုင်တွေထဲမှာ[br]ရေကူးနေထိုင်ကြတာပါ။ 0:01:32.744,0:01:35.684 အဲဒီအကောင်တွေဟာ သတင်းကားတွေထဲမှာ[br]မြင်နေကျ အကောင်တွေနဲ့စာရင် 0:01:35.708,0:01:38.292 ဆွဲဆောင်မှု မရှိကြဘူးလို့[br]ဘယ်လိုမှ ပြောမရနိုင်ပါဘူး။ 0:01:39.333,0:01:43.684 ဒါပေမဲ့ မမြင်ရတဲ့ အရာတွေကို စူးစမ်းဖို့[br]လူတွေကို ဘယ်လို တိုက်တွန်းရမလဲ။ 0:01:43.708,0:01:46.518 ကျွန်မဟာ မကြာခင်တုန်းက[br]ငါးပတ်ကြာ အန္တာတိကတိုက်ကို 0:01:46.542,0:01:50.879 စူးစမ်းရေးခရီး ထွက်ခဲ့ပြီး သေးနုပ်ကြတဲ့[br]အကောင်တွေရဲ့ ဘဝကို ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ 0:01:50.879,0:01:52.638 ပစ္စည်းမျိုးစုံ ၁၈၅ ပေါင်ကို သယ်ပြီး 0:01:52.638,0:01:54.559 ကျွန်မဟာ စစ်လေယာဉ်ကို တက်စီးခဲ့လို့ 0:01:54.559,0:01:56.646 အဏုကြည့်ကိရိယာတွေဖြင့်[br]ကွင်းဆင်း လေ့လာရင်း 0:01:56.646,0:02:00.143 ကျုပ်တို့ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြပေမဲ့[br]ကျုပ်တို့ မသိကျွမ်းကြတဲ့ 0:02:00.167,0:02:03.476 သေးနုပ်တဲ့ အကောင်တွေရဲ့ ဘဝကို[br]ရုပ်ရှင် ရိုက်ပေးရင်း သူတို့ဂေဟာစနစ်ကို 0:02:03.500,0:02:05.272 နားလည်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ 0:02:05.272,0:02:08.044 မြင်မရတဲ့ အဲဒီလို အကောင်တွေကို[br]ရုပ်ရှင် ရိုက်နိုင်ဖို့ 0:02:08.093,0:02:10.954 ကျွန်မဟာ သူတို့ နေထိုင်တဲ့ နေရာကို[br]မြင်ဖို့ လိုအပ်ခဲ့တယ်၊ 0:02:11.038,0:02:13.808 ရေခဲထုရဲ့ အနက်ပိုင်းဆီသို့[br]ငုပ်ကြည့်ဖို့ လိုအပ်ခဲ့တယ်။ 0:02:13.875,0:02:18.476 နှစ်စဉ်ဆိုသလို ပင်လယ်ရေခဲတွေဟာ အန္တာတိက[br]ရဲ့ အရွယ်အစားကို နှစ်ဆနီးပါး ချဲ့ပေးကြတယ်။ 0:02:18.500,0:02:21.268 အောက်ပိုင်းမှာ ဖြစ်ပျက်နေတာကို[br]မြင်ရဖို့အတွက် 0:02:21.292,0:02:24.893 ကျွန်မဟာ ကိုးပေထူတဲ့ ရေခဲထုထဲကို[br]သတ္တုပြွန်ဖြင့် ဆင်းလိုက်တော့မှ 0:02:24.917,0:02:28.476 ပင်လယ်ကြမ်းပြင်နဲ့ ခေါင်းမိုးရေခဲထု[br]အကြားမှာ မျောလျက် ရှိနေတဲ့ 0:02:28.500,0:02:32.750 သက်ရှိအကောင်တွေနဲ့ ပြည့်နေတဲ့[br]ဂေဟာစနစ်ကို တွေ့မြင်နိုင်ခဲ့တယ်။ 0:02:33.261,0:02:35.594 ကျွန်မကို အပြင်မှနေပြီး[br]မြင်ရပုံက ဒီလိုမျိုးပါ။ 0:02:36.208,0:02:38.375 အဲဒါ လုံးဝကို အံ့အားသင့်စရာကြီးပါ။ 0:02:38.635,0:02:42.877 ကျွန်မ တွေ့မြင်ခဲ့ရတဲ့ အကောင်တချို့[br]ဒီလို ကြည်နူးဖွယ်ရာ ပုစွန်စေ့နဲ့ တူခဲ့ပြီး 0:02:43.083,0:02:46.351 လှပတဲ့ ဂျီဩမေတြီ ပုံစံ[br]diatom တွေ အများကြီးပါပဲ။ 0:02:46.375,0:02:49.101 အဲဒီနောက်မှာ ကျွန်မဟာ Dry Valleys[br]ဒေသမှာ နှစ်ပတ်လောက် 0:02:49.125,0:02:51.018 စခန်းချခဲ့ပြီး စူးစမ်းခဲ့သေးတယ်။ 0:02:51.042,0:02:54.268 အန္တာတိကရဲ့ ၉၈ ရာခိုင်နှုန်းဟာ[br]ရေခဲဖုံးလွှမ်းနေပြီး 0:02:54.292,0:02:57.712 Dry Valleys ဟာ မျက်စိနဲ့ မြင်ရနိုင်တဲ့[br]အကျယ်ပြန့်ဆုံး သဘာဝ နေရာဖြစ်ပြီး 0:02:57.712,0:03:00.643 ရေခဲအောက်မှာ ရှိတဲ့ တိုက်ကြီးရဲ့[br]အနေအထားဟာ အဲဒီလိုပဲ ရှိမှာပါ။ 0:03:00.643,0:03:03.518 ကျွန်မဟာ Blood Falls မှာ ဘက်တီးရီးယား[br]နမူနာတွေကို စုယူခဲ့တယ်။ 0:03:03.542,0:03:07.601 ရေခဲမြစ်ထဲကနေ ထိုးထွက်နေတဲ့[br]သံအောက်ဆိုက် တောင်ကုန်း ဖြစ်ပြီး 0:03:07.625,0:03:12.018 လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သက်ရှိ လုံးဝ[br]မရှိဘူးလို့ ယူဆခဲ့ကြတဲ့ နေရာဖြစ်တယ်။ 0:03:12.042,0:03:15.226 ကျွန်မက ရေခဲမြစ်ရဲ့ အပေါ်ကို တက်ခဲ့ပြီး[br]အောက်ဘက်ကို တူးကြည့်ခဲ့ရာ 0:03:15.250,0:03:18.726 ရေခဲအလွှာတွေ အကြားမှာ နစ်မြုပ်[br]နေကြလျက် နေထိုင်နေကြတဲ့ 0:03:18.750,0:03:21.012 အကောင်တွေကို မရေမတွက်[br]နိုင်အောင်ကို မြင်ခဲ့တယ်။ 0:03:21.093,0:03:22.893 cryoconite တွင်းများလို ခေါ်ကြပြီး၊ 0:03:22.917,0:03:25.851 အမည်းရောင် သေးနုပ်တဲ့ အညစ်အကြေးတွေကို 0:03:25.875,0:03:28.013 ရေခဲမြစ်ပေါ်ကို မှုတ်ပစ်လိုက်တဲ့ နောက်မှာ 0:03:28.013,0:03:31.124 အမြုပ်ထနေတဲ့ တွင်းများထဲကို[br]ပျော်ကျသွားပြီး ပြန်ခဲ့သွားခြင်းဖြင့် 0:03:31.124,0:03:34.767 ရေခဲမြစ်ထဲ ရှိခဲ့ဘူးတဲ့ အညစ်အကြေး[br]ချိုင့်ခွက် ရာချီ ထိန်းသိမ်းပေးထားသလိုပါ။ 0:03:34.767,0:03:36.309 စကြာဝဠာ ကျွန်းလေးတွေနဲ့တူပြီး 0:03:36.333,0:03:39.184 မတူကွဲပြားတဲ့ ဂေဟာစနစ် ကိုယ်စီနဲ့ပါ။ 0:03:39.208,0:03:41.476 ကျွန်မ ရှာတွေ့ခဲ့တဲ့[br]အကောင်တချို့များဆိုရင်၊ 0:03:41.500,0:03:43.101 ချစ်စရာလေး ဒီ tardigrade ပုံစံ -- 0:03:43.125,0:03:44.757 ကျွန်မ အရမ်းကို ကြိုက်တဲ့ဟာပါ၊ 0:03:44.757,0:03:46.934 ခြေဖဝါးပါတဲ့ ဝက်ဝံကလေးနဲ့ ဆင်တူပါတယ်။ 0:03:46.958,0:03:48.684 သူ့ကို ရေဝက်ဝံလို့လည်း ခေါ်ကြသေးတယ်၊ 0:03:48.684,0:03:51.240 သူတို့ဟာ စူပါပါဝါကို[br]ပိုင်ဆိုင်ကြလို့ နာမည်ကြီးပါတယ်၊ 0:03:51.240,0:03:53.518 အာကာသထဲက လေဟာနယ် အပါအဝင်၊ [br]လွန်ကဲ ပြင်းထန်တဲ့ 0:03:53.542,0:03:55.918 အခြေအ​ေနေမျိုးထဲမှာတောင်[br]ရှင်သန် နေထိုင်နိုင်ကြတယ်။ 0:03:55.918,0:03:59.351 သူတို့ကို မြင်ရဖို့အတွက် အာကာသ သို့မဟုတ်[br]အန္တာတိကကို သွားဖို့ မလိုပါဘူး။ 0:03:59.375,0:04:02.402 ဒီကမ္ဘာဂြိုဟ် တစ်ဝမ်းလုံးမှာ၊ လူသွားလမ်း[br]တွေမှအစ ပန်းခြံတွေအဆုံး 0:04:02.402,0:04:04.226 ရေညှိထဲမှာ သူတို့ နေထိုင်ကြတာပါ။ 0:04:04.250,0:04:08.238 မြင်မရတဲ့ အဲဒီလို အကောင်လေးတွေ ထောင်ချီ[br]အပေါ်ကနေပြီး ကျုပ်တို့ လမ်းလျှောက်ကြတာပါ။ 0:04:08.238,0:04:10.103 အချို့တို့ကို သိရှိကြတယ်လို့ ထင်ရပေမဲ့ 0:04:10.103,0:04:12.518 nematodes ကောင်တွေလို ထူးဆန်းကြတယ်။ 0:04:12.542,0:04:14.295 မြွေလည်း မဟုတ် တီကောင်လည်း မဟုတ်တဲ့ 0:04:14.295,0:04:16.601 nematodes တွေဟာ သူ့နည်းသူပုံစံနဲ့ပါ။ 0:04:16.625,0:04:20.018 တီကောင်လို ပြန်မပွားနိုင်ဘူး၊[br]မြေွလို တွာမသွားနိုင်ဘူး။ 0:04:20.042,0:04:22.976 ဒါပေမဲ့ သူတို့ပါးစပ်ထဲမှာ[br]ဓါးမြှောင်လို အပ်တွေ ရှိကြလို့ 0:04:23.000,0:04:27.125 သူတို့ရဲ့ သားကောင်ကို ထိုးဖောက်ပြီး[br]အတွင်းပိုင်းကို စုပ်ယူနိုင်ကြတယ်။ 0:04:27.398,0:04:29.374 ဒီဂြိုဟ်ပေါ်ရှိ လူတစ်ဦးချင်းစီအတွက် 0:04:29.708,0:04:32.583 nematodes အကောင် ၅၇ ဘီလီယံကျ ရှိတယ်။ 0:04:32.865,0:04:35.424 အကောင်တချို့များဆိုရင် ဘာနဲ့တူမှန်း[br]ပြောဖို့ ခက်ပေမဲ့ 0:04:35.788,0:04:38.393 သူတို့ရဲ့ အံ့အားသင့်ဖွယ်[br]ဘဝမျိုးနဲ့ နေထိုင်နေကြတာပါ။ 0:04:38.417,0:04:43.184 အံ့သြဖွယ်သရဖူပါတဲ့ ဒီ rotifer အကောင်တွေရဲ့[br]ပါးစပ်တွေဟာ Roomba ပုံစံမျိုးပါ၊ 0:04:43.208,0:04:47.351 ciliate ကောင်တွေရဲ့ အစာချေစနစ်က ထုတ်[br]ချင်းပေါက်မို့လို့ အားလုံးကို မြင်ရတယ်၊ 0:04:47.375,0:04:51.958 cyanobacteria ကောင်တွေကျတော့ ဖဲကြိုးလေးနဲ့[br]တူပြီး စမ်းသပ်ခွက်ထဲ ပျံ့ကျဲလျက်ပါ။ 0:04:52.223,0:04:54.859 လူကြိုက်များတဲ့ မီဒီယာထဲမှာ[br]မကြာခဏ တွေ့မြင်ကြရတာက 0:04:55.083,0:04:58.976 အီလက်ထရွန် အဏုကြည့်ကိရိယာနဲ့[br]သေးနုပ်တဲ့ အကောင်တွေကို 0:04:59.000,0:05:01.184 ရိုက်ထားတဲ့ ကြောက်စရာ[br]အကောင်နဲ့တူတဲ့ ပုံတွေပါ။ 0:05:01.208,0:05:04.341 အဲဒီလို အကောင်တွေဟာ သွားလေရာ[br]နေရာတိုင်းမှာ ရှိနေကြပေမဲ့ 0:05:04.341,0:05:07.934 သူတို့ရဲ့ လှုပ်ရှားသွားလာပုံကို မမြင်ရရင်[br]သူတို့ရဲ့ဘဝကို ဘာမှ သိမရနိုင်ဘူး။ 0:05:07.958,0:05:09.684 သူတို့ရဲ့ နေ့စဉ်ဘဝက ဘယ်လိုမျိုးလဲ။ 0:05:09.708,0:05:12.538 သူတို့ဟာ သူတို့ဝန်းကျင်ထဲမှာ[br]ဘယ်လိုတုံ့ပြန် နေထိုင်ကြတာလဲ။ 0:05:12.538,0:05:15.976 ရှင်တို့ဟာ တိရစ္ဆာန်ရုံထဲက ပင်ဂွင်းငှက်ရဲ့[br]ဓာတ်ပုံကိုပဲ မြင်ခဲ့ရပြီး 0:05:16.000,0:05:19.048 ပင်ဂွင်းတွေ လမ်းလျှောက်ပုံ၊[br]ရေခဲပေါ် လျှောစီးကြပုံ မမြင်ခဲ့ဘူးရင် 0:05:19.048,0:05:21.376 ပင်ဂွင်းတွေကို အပြည့်အဝနားလည် မရနိုင်ဘူး။ 0:05:21.376,0:05:24.018 သေးနုပ်တဲ့ အကောင်တွေ[br]လှုပ်ရှားပုံကို မြင်ရခြင်းအားဖြင့် 0:05:24.042,0:05:27.941 မြင်မရနိုင်တဲ့ အဲဒီအကောင်လေးတွေကို[br]အတွင်းကျကျ ပိုသိလာနိုင်ကြမှာပါ။ 0:05:27.941,0:05:32.016 အန္တာတိကတိုက်ထဲကနဲ့ ကျုပ်တို့ အိမ်နောက်ဖေး[br]က မြင်မရနိုင်တဲ့ ဘဝကို မှတ်တမ်းတင်မပေးရင် 0:05:32.016,0:05:36.101 ကမ္ဘာကြီးပေါ်မှာ ဘယ်လောက်များတဲ့ အကောင်တွေ[br]နဲ့ အတူနေထိုင်ရတာ ကျုပ်တို့ မသိနိုင်ပါဘူး။ 0:05:36.125,0:05:39.450 အဲဒီလိုဆိုရင် ကျွန်မတို့ဆီမှာ ထူးဆန်းပေမဲ့[br]ချစ်စရာကောင်းတဲ့ ဂြိုဟ်ရဲ့ 0:05:39.450,0:05:41.818 ကားချပ်ပုံ အပြည့်အဝကို[br]မသိရှိကြသေးတဲ့ သဘောပါပဲ။ 0:05:41.877,0:05:43.585 ကျေးဇူးတင်ပါတယ်။