< Return to Video

ပင်ကိုယ်ဉာဏ်ရှိတဲ့ အတွေးအခေါ်ရှင်တွေရဲ့ အံ့ဖွယ်ကောင်းတဲ့ အမူအကျင့်များ။

  • 0:01 - 0:06
    လွန်ခဲ့တဲ့ ခုနစ်နှစ်က ကျောင်းသားတစ်ဦး သူ့
    ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံဖို့ လာပြောတယ်
  • 0:06 - 0:08
    သူက "ကျွန်တော်က မိတ်ဆွေ သုံးဦးနဲ့ တွဲလုပ်
  • 0:08 - 0:11
    နေပြီး အွန်လိုင်းပစ္စည်းတွေရောင်းကာ
    လုပ်ငန်းတစ်ခုကို နှောင့်ယှက်ကြမလို့"
  • 0:12 - 0:15
    ကျွန်တော်က" အေး၊ မင်းတို့တွေ အဲဒါ့ကို
    တစ်နွေလုံး လုပ်နေခဲ့တား"
  • 0:15 - 0:18
    "နိုး၊ အလုပ် မဖြစ်ရင်ဆိုပြီး လိုရမယ်ရ
    အလုပ်သင်တွေပဲ ခေါ်ခဲ့တာ၊"
  • 0:18 - 0:21
    "ကောင်းပြီ၊ ဒါပေမဲ့ ကျောင်းပြီးတာနဲ့
    အချိန်ပြည့် လုပ်မှာမို့လား"
  • 0:22 - 0:25
    "မသေချာဘူး၊ ကျွန်တော်တို့အားလုံး
    အရန်အလုပ်တွေ စီစဉ်ထားတယ်။"
  • 0:26 - 0:27
    ခြောက်လ ကုန်သွားတယ်၊
  • 0:27 - 0:29
    ကုမ္ပဏီ မစခင် နေ့ကဖြစ်ပြီး
  • 0:29 - 0:31
    အလုပ်လုပ်တဲ့ ဝက်ဘ်ဆိုဒ်က မရှိသေးဘူး။
  • 0:31 - 0:34
    "ကုမ္ပဏီတစ်ခုလုံး ဝက်ဘ်ဆိုဒ်
    ဆိုတာ မင်းတို့သိတယ်။
  • 0:34 - 0:35
    တကယ်က အားလုံးက ဒါပဲလေ။"
  • 0:37 - 0:40
    ဒါနဲ့ ရင်းနှီးမြှပ်နှံဖို့ ဗြောင်ပဲ
    ငြင်းလိုက်တယ်
  • 0:42 - 0:44
    ကုမ္ပဏီကို Warby Parker အမည်တပ်ကာ
    အဆုံးသတ်သွားတယ်။
  • 0:44 - 0:46
    (ရယ်သံများ)
  • 0:46 - 0:47
    မျက်မှန်တွေ အွန်လိုင်းက ရောင်းတာပါ။
  • 0:48 - 0:52
    မကြာခင်က ကမ္ဘာ့ အဆန်းသစ်ဆုံး
    ကုမ္ပဏီလို့ အသိအမှတ်ပြုခံရပြီး
  • 0:52 - 0:54
    တစ် ဘီလီယံ ဒေါ်လာကျော် တန်ဖိုးသတ်ခံရတယ်။
  • 0:54 - 0:57
    အခုရော၊ ကျွန်တော့ ဇနီးက
    ရင်းနှီးမြှပ်နှံမှုတွေ လုပ်ကိုင်ပါတယ်။
  • 0:59 - 1:01
    ဘာလို့ ကျွန်တော် ဒီလောက်မှားတာလဲ။
  • 1:01 - 1:05
    သိရှိဖို့ "တမူထူးသူတွေ"လို့
    ဆိုသူတွေကို လေ့လာနေခဲ့တယ်။
  • 1:05 - 1:07
    တမူထူးသူတွေဟာ လမ်းရိုးမလိုက်ဘူး၊
  • 1:07 - 1:09
    စိတ်ကူးသစ်တွေ ရှိရုံသာမက ဒါတွေကို
  • 1:09 - 1:11
    ရပ်တည်ကာကွယ်ဖို့လည်း လုပ်ဆောင်သူတွေပါ။
  • 1:12 - 1:14
    သူတို့ဟာ ထင်ရှားပြီး ရဲရဲ ပြောတတ်သူတွေပါ။
  • 1:14 - 1:17
    တီထွင်ဖန်တီးမှုနဲ့ အပြောင်းအလဲကို
    ကမ္ဘာထဲ မောင်းသွင်းပါတယ်။
  • 1:17 - 1:20
    သင် လောင်းကြေးထပ်ချင်တဲ့ သူတွေပါ။
  • 1:20 - 1:22
    ကျွန်တော် မျှော်လင့်ခဲ့တဲ့
    ပုံမျိုးမပေါက်ပါဘူး။
  • 1:23 - 1:25
    တမူထူးသူတွေလို့ အသိအမှတ်ပြုခြင်းနဲ့
  • 1:25 - 1:27
    သူတို့တွေလို နည်းနည်း
    ပိုတူလာတဲ့ အကြောင်း
  • 1:27 - 1:30
    သိထားတာ သုံးခုကို ကျွန်တော်
    ဒီနေ့ ပြသချင်ပါတယ်။
  • 1:30 - 1:34
    Warby Parker ကို ရှော်လိုက်တဲ့
    ပထမအကြောင်းက
  • 1:34 - 1:37
    သူတို့ဟာ စဖို့ အတော့ကို နှေးလို့ပါ။
  • 1:37 - 1:41
    ကဲ အချိန်ဆွဲသူတစ်ယောက်ရဲ့ စိတ်ကို
    ခင်ဗျားတို့ အတော် ကျွမ်းဝင်ကြပါတယ်။
  • 1:43 - 1:47
    အင်း ခင်ဗျားတို့ကို ဝန်ခံစရာရှိတာက ကျွန်
    တော်က ဆန့်ကျင်ဘက်၊ ကြိုတင်လုပ်သူပါ။
  • 1:48 - 1:49
    ဟုတ်တယ်၊ ဒါတကယ့် ဝေါဟာရပါ။
  • 1:49 - 1:52
    ဘာမှ မပြီးသေးတဲ့ နောက်ဆုံးပိတ်
    မတိုင်ခင် နာရီတွေမှာ ခံစားရတဲ့
  • 1:52 - 1:54
    ကြောက်စိတ်ကို ခင်ဗျားတို့သိပါတယ်။
  • 1:55 - 1:57
    ဒါကို လအနည်းငယ် ကြိုပြီး ခံစားမိတာလေ။
  • 1:57 - 1:59
    (ရယ်သံများ)
  • 2:00 - 2:07
    ဒီတော့ ဒါက အစောပိုင်းက စခဲ့တာ၊၊ ကလေးတုန်းက
    Nintendo ဂိမ်းတွေး အသည်းအသန်ကစားခဲ့တယ်။
  • 2:07 - 2:09
    မနက် ၅ နာရီဆို နိုးနိုးနေပြီး
  • 2:09 - 2:11
    စကစားလိုက်တာ ဒါတွေကို
    မကျွမ်းကျင်မချင်း မရပ်ဘူး။
  • 2:12 - 2:16
    နောက်ဆုံးတော့ မဆိုင်းမတွပဲ
    ဒေသတွင်းသတင်းစာမှာပါလာပြီး
  • 2:16 - 2:20
    ကျွန်တော်ပါဝင်တဲ့ Nitendo ရဲ့ မကောင်း
    ကျိုးဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့တယ်။
  • 2:20 - 2:23
    (ရယ်သံများ)
  • 2:23 - 2:25
    (လက်ခုပ်သံများ)
  • 2:29 - 2:32
    ဒီကတည်းက ဆံပင်ကို သွားနဲ့ လဲလှယ်ခဲ့တာပေါ့။
  • 2:32 - 2:35
    (ရယ်သံများ)
  • 2:37 - 2:40
    ဒါပေမဲ့ ဒါက ကျွန်တော့အတွက် ကောလိပ်မှာ
    တော်တော် အသုံးဝင်တယ်။
  • 2:40 - 2:45
    ဘာလို့ဆို နောက်ဆုံးနှစ် စာတမ်းကို
    နောက်ဆုံးရက်ထက် လေးလကြိုပြီးခဲ့တယ်။
  • 2:46 - 2:50
    ဒါကို ဂုဏ်ယူခဲ့တာပေါ့၊
    သိပ်မကြာခင်ကထိပေါ့ဗျာ။
  • 2:50 - 2:54
    Jihae ဆိုတဲ့ ကျောင်းသူတစ်ယောက်
    ကျွန်တော့ဆီ လာပြီး ပြောတာက
  • 2:54 - 2:57
    "အဆန်းသစ်ဆုံး စိတ်ကူးတွေက
    အချိန်ဆွဲ့တဲ့အခါမှာ ရခဲ့တာရှင့်။"
  • 2:57 - 3:01
    ကျွန်တော်က "ကျပါ့ကွာ၊ ငါကိုပေးဖို့
    စာတမ်းလေးစောင် ဘယ်မှာလဲ။"
  • 3:01 - 3:02
    (ရယ်သံများ)
  • 3:02 - 3:04
    နိုး၊ သူမက တီထွင်ဉာဏ်အရှိဆုံး
    တွေထဲက တစ်ယောက်
  • 3:04 - 3:08
    ဖြစ်ပြီး အဖွဲအစည်းဆိုင်ရာ စိတ်ပညာရှင်အနေ
    နဲ့ ဒီစိတ်ကူးမျိုးကို စမ်းသပ်တာပါ။
  • 3:08 - 3:10
    ဒါနဲ့ ဒေတာယူလာဖို့ သူမကို အကဲစမ်းလိုက်တယ်။
  • 3:10 - 3:12
    ကုမ္ပဏီ တသီကြီးကို သူမသွားတယ်။
  • 3:12 - 3:15
    လူတွေကို ဘယ်နှစ်ကြိမ်အချိန်ဆွဲတတ်လဲ
    ဆိုတာ စစ်တမ်းတွေထဲ ဖြည့်ခိုင်းတယ်။
  • 3:15 - 3:19
    နောက် အကြီးအကဲတွေကို သူတို့ ဘယ်လို
    ဆန်းသစ်၊တီထွင်တတ်လဲဆိုတာ သတ်မှတ်ခိုင်းတယ်
  • 3:19 - 3:22
    သေချာတာက ကျွန်တော့လို ကြိုတင်
    လုပ်သူ၊ အရာရာကို
  • 3:22 - 3:24
    ကမန်းကတမ်းနဲ့ စောစောလုပ်သူတွေဟာ
  • 3:24 - 3:26
    အသင့်အတင့် အချိန်ဆွဲ သူတွေထက်
  • 3:26 - 3:28
    တီထွင်မှု ပိုနည်းတယ်လို့ သုံးသပ်ခံရတယ်။
  • 3:28 - 3:32
    ဒီတော့ တာရှည်စွဲနေတဲ့ အချိန်ဆွဲသူတွေ
    ဘာဖြစ်လဲဆိုတာ သိချင်တယ်။
  • 3:32 - 3:35
    သူမက "ကျွန်မ မသိဘူး၊ သူတို့က
    စစ်တမ်းမဖြည့်ကြဘူးလေ။"
  • 3:35 - 3:37
    (ရယ်သံများ)
  • 3:37 - 3:39
    နိုး၊ ဒီမှာ ကျွန်တော်တို့ရဲ့ ရလဒ်တွေပါ။
  • 3:40 - 3:44
    နောက်ဆုံးမိနစ်ထိ စောင့်သူတွေဟာ သူတို့မှာ
    စိတ်ကူးသစ်တွေ မရှိဘူးဆိုတာကို
  • 3:44 - 3:48
    ပေါက်ကရလုပ်ရင်းနဲ့ အလုပ်ရှုပ်နေတယ်။
  • 3:49 - 3:52
    တဖက်ကကြည့်ရင် အပြေးအလွှားလုပ်သူတွေဟာ
  • 3:52 - 3:56
    သူတို့မှာ ပင်ကိုယ်အတွေတွေပါ မရှိဘူးဆိုတာ
    မှာ ဒီလောက်ကို ပူပန် မွှန်ထူနေတယ်။
  • 3:57 - 4:01
    ပင်ကိုယ်ဉာဏ်ရှိသူတွေ ရှင်သန်ပုံရတဲ့
    နေရာမှာ ကောင်းကွက်တစ်ခုရှိတယ်။
  • 4:02 - 4:03
    ဘာလို့ ဒါဖြစ်တာလဲ။
  • 4:04 - 4:06
    ပင်ကိုယ်သမားတေွဟာ မကောင်းတဲ့
    အလုပ်အကျင့့်တွေ ရှိုနိုင်တယ်။
  • 4:06 - 4:10
    အချိန်ဆွဲခြင်းဟာ ဖန်တီးမှုကို
    မထိခိုက်တာ ဖြစ်နိုင်ပါတယ်။
  • 4:10 - 4:13
    သိရှိဖို့ စမ်းသပ်မှုတစ်ချို့ကို
    ပုံစံထုတ်ခဲ့တယ်။
  • 4:13 - 4:16
    လူတွေကို စီးပွားရေး စိတ်ကူးသစ်တွေ
    ထုတ်ခိုင်းခဲ့ပြီး
  • 4:16 - 4:18
    ဒါတွေဟာ ဘယ်လို ဆန်းသစ်ပြီး
  • 4:18 - 4:21
    အသုံးဝင်တာကို သီးခြား ဖတ်သူတွေကို
    အကဲဖြတ်ခိုင်းတယ်။
  • 4:21 - 4:25
    သူတို့ထဲက အချို့ကို အလုပ်တာဝန်
    ချက်ချင်း လုပ်ခိုငိးတယ်။
  • 4:25 - 4:27
    အခြားသူတွေကို သူတို့ရှေ့မှာ
    Minesweeper ကို ရှေ့မှာ
  • 4:27 - 4:29
    ငါးမိနစ်၊ ဆယ်မိနစ်ကြာတွဲလောင်းချရင်း
  • 4:30 - 4:32
    အချိန်ဆွဲဖို့ ကျပန်းတာဝန်ပေးတယ်။
  • 4:32 - 4:35
    သေချာတာက အသင့်အတင့် အချိန်ဆွဲသူဆွေဟာ
  • 4:35 - 4:39
    အခြား အုပ်စု နှစ်စုထက်
    ဖန်တီးနိုင်မှု ၁၆% ပိုပါတယ်။
  • 4:40 - 4:43
    ကဲ Minesweeper ဟာ အံ့ဖွယ်ဆိုပေမဲ့
    ထိရောက်မှုရဲ့ မောင်းတံ မဟုတ်ဘူး။
  • 4:43 - 4:46
    အကြောင်းက အလုပ်တာဝန်အကြောင်း
    မသိခင် ဂိမ်းအရင် ကစားရင်
  • 4:46 - 4:48
    တီထွင်မှု မြှင့်တင်တာ မရှိဘူး။
  • 4:48 - 4:51
    ဒီပြဿနာကို လုပ်ဆောင်တော့မယ်လို့
    သင့်ကို ပြောပြီးတဲ့အခါမှသာ
  • 4:51 - 4:53
    သင်ဟာ အချိန်စဆွဲပြီး
  • 4:53 - 4:55
    ဒါပေမဲ့ စိတ်ရဲ့ အနောက်ဘက်မှာ
    တာဝန်က အသက်ဝင်တုန်းပါ၊
  • 4:56 - 4:57
    စိတ်မှာ စမွေးတာပါ။
  • 4:57 - 5:01
    အချိန်ဆွဲခြင်းဟာ ကွဲလွဲတဲ့စိတ်ကူးတွေ
    စဉ်းစားဖို့၊ အစဉ်အတိုင်းမဟုတ်တဲ့
  • 5:01 - 5:04
    နည်းတွေ တွေးဖို့၊ မမျှော်လင့်တဲ့ အယူ
    အဆတွေ လုပ်ဖို့ အချိန်ပေးတယ်။
  • 5:05 - 5:07
    ဒါနဲ့ ဒီစမ်းသပ်ချက်တွေကို
    အပြီးသတ်နေတုန်းမှာပဲ
  • 5:07 - 5:09
    တမူးထူးသူတွေအကြောင်း
    စာအုပ်ရေးဖို့ စနေပြီး
  • 5:09 - 5:14
    တွေးမိတာက "ဒါဟာ ကိုယ့်ကိုယ့်ကို
    အချိန်ဆွဲဖို့ သင်ရန် အကောင်းဆုံးအချိန်ပဲ၊
  • 5:14 - 5:16
    အချိန်ဆွဲခြင်းအကြောင်း အခန်းရေးတုန်းပေါ့။"
  • 5:17 - 5:18
    ဒါနဲ့ အချိန်အရှည်ကြီးဆွဲပြီး
  • 5:20 - 5:23
    မိမိကိုယ်ကိုလေးစားတဲ့ ကြိုတင်
    လုပ်သူတစ်ယောက်လိုမျိုး
  • 5:24 - 5:25
    နောက်မနက် အစောကြီးထပြီး
  • 5:25 - 5:28
    ဘယ်လိုအချိန်ဆွဲဖို့ စာရင်းပြုစုတာပေါ့။
  • 5:28 - 5:30
    (ရယ်သံများ)
  • 5:31 - 5:35
    နောက် ကျွန်တော့ ရည်ရွယ်ချက်ဆီ
  • 5:35 - 5:39
    မတိုးတက်စေရေး ရည်ရွယ်ချက်ဆီ
    ဝီရိယရှိရှိ လုပ်ခဲ့တယ်။
  • 5:40 - 5:42
    အချိန်ဆွဲခြင်း အခန်းကိုစရေးခဲ့ပြီး
  • 5:42 - 5:44
    တစ်နေ့.. လမ်းတစ်ဝက်မှာပေါ့၊
  • 5:44 - 5:46
    ပြောရရင် ဝါကျ အလယ်ခေါင်မှာ လနဲ့ချီ
  • 5:46 - 5:48
    ပစ်ထားခဲ့တယ်။
  • 5:48 - 5:50
    ဒါက မချိမဆံ့ပါ။
  • 5:51 - 5:54
    ဒါပေမဲ့ ပြန်ရေးတဲ့အခါ
    စိတ်ကူးသစ်မျိုးစုံ ရခဲ့တယ်။
  • 5:55 - 5:56
    Aaron Sorkin ပြောသလိုပဲ
  • 5:56 - 5:59
    "အချိန်ဆွဲတာလို့ သင်ခေါ်တယ်၊
    ကျုပ်က စဉ်းစားတာလို့ ခေါ်တယ်။"
  • 6:00 - 6:02
    ဒီတစ်လျှောက်မှာ တွေ့ရှိခဲ့တာက
  • 6:02 - 6:05
    သမိုင်းထဲက ထူးချွန်တဲ့ တမူးထူးသူ
    တွေဟာ အချိန်ဆွဲသူတွေပါ။
  • 6:06 - 6:07
    Leonardo da Vinci ကို ကြည့်ပါ။
  • 6:07 - 6:11
    Mona Lisa ကို ၁၆ နှစ်ကြာ
    လုပ်လိုက်၊ မလုပ်လိုက်နဲ့
  • 6:11 - 6:13
    ပင်ပင်ပန်းပန်း ဆွဲခဲ့တယ်။
  • 6:13 - 6:14
    မအောင်မြင်သလို ခံစားခဲ့တယ်။
  • 6:14 - 6:16
    နေ့စဉ်မှတ်တမ်းထဲ အများကြီး ရေးခဲ့တယ်။
  • 6:18 - 6:21
    ဒါပေမဲ့ အလင်းအမှောင်မှာ
    သူယူခဲ့တဲ့သူပြောင်းလဲတစ်ချို့က
  • 6:21 - 6:23
    သူ အလင်း ပုံဖော်နည်းကို ပြောင်းလဲသွားပြီး
  • 6:23 - 6:25
    သူကို ပိုတော်တဲ့ ပန်းချီဆရာဖြစ်စေတယ်။
  • 6:26 - 6:28
    Martin Luther King. Jr ကျတော့ရော။
  • 6:28 - 6:31
    သူ့ဘဝရဲ့ အကြီးကျယ်ဆုံး
    မိန့်ခွန်း မတိုင်ခင်
  • 6:31 - 6:32
    Washington ချီတက်ပွဲမှာ၊
  • 6:32 - 6:34
    ဒါကို မနက် ၃ နာရီမှာ ပြန်ရေးနေတယ်။
  • 6:35 - 6:38
    စင်ပေါ်တက်ဖို့ သူ့အလှည့်ကျဖို့
    ပရိတ်သတ်ထဲမှာ ထိုင်နေပြီး
  • 6:38 - 6:42
    မှတ်စုကို ရေးခြစ်လိုက်၊ လိုင်းတွေကို
    ဖျက်လိုက် လုပ်နေတုန်းပဲ။
  • 6:43 - 6:45
    စင်ပေါ်ကိုတက်တော့ ၁၁ မိနစ်အတွင်းမှာ
  • 6:45 - 6:47
    သမိုင်းကြောင်းကို ပြောင်းစေတဲ့ စကားလုံး
  • 6:47 - 6:50
    လေးလုံးကို ဖွင့်ဟဖို့သူ ပြင်ဆင်ထားတဲ့
    မှတ်ချက်တွေကို စွန့်တယ်။
  • 6:50 - 6:51
    "I have a dream."
  • 6:52 - 6:54
    ဒါက သူရေးတာထဲမှာ မပါပါဘူး။
  • 6:55 - 7:00
    နောက်ဆုံး မိနစ်အထိ မိန့်ခွန်းကို
    အပြီးသတ်တဲ့အလုပ်ကို အချိန်ဆွဲရင်း
  • 7:00 - 7:03
    အပြင်းရှဆုံး ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူး
    တွေဆီ သူ့ကိုယ်ကို ဖွင့်ချလိုက်တယ်။
  • 7:04 - 7:06
    စာသားက ကျောက်ထက် အက္ခရာတင် မထားတာကြောင့်
  • 7:06 - 7:08
    သူ့မှာ လက်တန်းပြောခွင့်ရှိခဲ့တာပေါ့။
  • 7:09 - 7:12
    အချိန်ဆွဲခြင်းဟာ ထုတ်လုပ်မှုနဲ့ဆိုရင်
    ဒုစရိုက်ဆိုပေမဲ့
  • 7:12 - 7:15
    ဆန်းသစ်မှုနဲ့ကျတော့ သုစရိုက်ပဲလေ။
  • 7:15 - 7:17
    များစွာသော ပြောင်မြောက်တဲ့ ပင်ကိုယ်
  • 7:17 - 7:21
    ဉာဏ်သမားတွေနဲ့ တွဲတွေ့ရတာက သူတို့ဟာ
    အစမြန်ပြီး အဆုံးသတ်နှေးတာပါ။
  • 7:21 - 7:23
    ဒါက Warby Parker နဲ့ ကျွန်တော်လွဲခဲ့တာလေ။
  • 7:24 - 7:26
    ခြောက်လကြာ သူတို့
    ဖင်ဒရွတ်တိုက် ဆွဲနေချိန်မှာ
  • 7:26 - 7:28
    သူတို့ကို ကြည့်ပြီး ပြောမိတာက
  • 7:28 - 7:31
    "သိလား၊ သူများကုမ္ပဏီတွေ အွန်လိုင်းမှာ
    မျက်မှန်တွေ စရောင်းနေတယ်။"
  • 7:32 - 7:33
    ပထမရွှေ့သူ အသာစီးရတာ သူတို့လွတ်ခဲ့တယ်။
  • 7:34 - 7:37
    ဒါပေမဲ့ ကျွန်တော် သဘောမပေါက်မိတာက
    သူတို့ဟာ လူတွေ သူတို့ရဲ့
  • 7:37 - 7:39
    မျက်မှန်တွေ အွန်လိုင်းမှာ အေးအေးဆေးဆေး
  • 7:39 - 7:41
    မှာလို့ရအောင် တစ်ချိန်လုံး ကြံဆနေတာကိုပါ။
  • 7:41 - 7:44
    ဖြစ်သွားတာက ပတမရွေ့သူ အသာစီးရမှုဟာ
    အများအားဖြင့် ယုံမှတ်မှုပါ။
  • 7:44 - 7:48
    ထုတ်ကုန်အမျိုးအစား ၅၀ ကျော်ရဲ့ စံနမူနာ
    လေ့လာမှုတစ်ခုကို ကြည့်ပါ၊
  • 7:48 - 7:50
    စျေးကွက်ထွင်သူ
    ပထမရွှေ့သူတွေကို ထူးခြားပြီး
  • 7:50 - 7:54
    ပိုကောင်းတာတစ်ခု မိတ်ဆက်တဲ့ တိုးတက်
    အောင် လုပ်သူတွေနဲ့ ယှဉ်ကြည့်တာပေါ့။
  • 7:55 - 7:59
    တွေ့ရတာက ပတမရွှေ့
    သူတွေဟာ ၄၇% ကျဆုံးမှုရှိပြီး
  • 7:59 - 8:02
    ယှဉ်လိုက်ရင် တိုးတက်အောင်
    လုပ်သူတွေကျတော့ ၈% ပဲရိုတယ်။
  • 8:03 - 8:06
    Facebook ကိုကြည့်၊
    လူမှုကွန်ရက် တစ်ခုဆောက်ဖို့
  • 8:06 - 8:09
    Myspace နဲ့ Friendster တို့
    ဆောက်ပြီးတဲ့အထိ စောင့်ခဲ့တယ်။
  • 8:09 - 8:13
    Google ကိုကြည့်၊ Altavista နဲ့ Yahoo
    တို့နောက် နှစ်ချီစောင့်ခဲ့တယ်။
  • 8:13 - 8:16
    အသစ်တစ်ခုကို အစကနေ ဖန်တီးတာထက်
    အခြားသူတစ်ဦးရဲ့ စိတ်ကူးကို
  • 8:16 - 8:18
    တိုးတက်အောင်လုပ်တာက
    သိပ်ကို ပိုလွယ်တာပေါ့။
  • 8:19 - 8:23
    ကျွန်တော် သိလိုက်ရတဲ့ သင်ခန်းစာက
    ပင်ကိုယ်ဖြစ်ဖို့ ပထမဖြစ်ဖို့ မလိုတာပါ။
  • 8:23 - 8:25
    ထူးခြားပြီး ပိုကောင်းဖို့သာ လိုတာပါ။
  • 8:26 - 8:29
    ဒါပေမဲ့ Warby Parker ကို ကျော်လိုက်တဲ့
    အကြောင်းက ဒါပဲမဟုတ်ပါ
  • 8:29 - 8:32
    သူတို့ဟာ သံသယတွေနဲ့လည်း ပြည့်နေပါသေးတယ်။
  • 8:32 - 8:34
    စီထားတဲ့ အပိုအစီအစဉ်တွေ ရှိခဲ့ပြီး
  • 8:34 - 8:37
    ဒါက သူတို့မှာ ပင်ကိုယ်ဖြစ်ဖို့
    သတ္တိရှိလားဆိုတာ သံသယပွားစေတယ်။
  • 8:37 - 8:42
    အကြောင်းက တမူးထူးသူတွေဟာ
    ဒီလိုပုံပေါက်မယ်လို့ မျှော်လင့်ခဲ့လို့ပါ။
  • 8:43 - 8:45
    (ရယ်သံများ)
  • 8:47 - 8:48
    ကဲ အပေါ်ယံမှာ ပင်ကိုယ်သမား
  • 8:48 - 8:50
    အတော်များများဟာ ယုံကြည်မှုရှိပုံရပေမဲ့
  • 8:50 - 8:52
    မြင်ကွင်းနောက်ကွယ်မှာ
  • 8:52 - 8:55
    ကျွန်တော်တို့လို ထပ်တူ
    ကြောက်စိတ်နဲ့ သံသယ ရှိတာပါပဲ။
  • 8:55 - 8:56
    စီမံကိုင်တွယ်ပုံ မတူတာပါပဲ။
  • 8:57 - 8:59
    ဒီ ဆန်းသစ်တဲ့ဖြစ်စဉ်က ကျွန်တော်တို့
  • 8:59 - 9:01
    အများစုအတွက် ဘယ်လိုလုပ်တာကို သရုပ်ပြပါရစေ။
  • 9:04 - 9:06
    (ရယ်သံများ)
  • 9:08 - 9:12
    ကဲ ကျွန်တော့သုသေသနထဲမှာ မတူညီတဲ့
    သံသယနှစ်မျိုးရှိတာ တွေ့ရှိခဲ့တယ်။
  • 9:12 - 9:13
    ကိုယ်တိုင် သံသယနဲ့ စိတ်ကူး သံသယပါ။
  • 9:13 - 9:15
    ကိုယ်တိုင် သံသယက တုံ့ဆိုင်းတာပါ။
  • 9:15 - 9:16
    ဒါက သင့်ကို ရပ်တန့်စေတယ်။
  • 9:17 - 9:18
    ဒါပေမဲ့ စိတ်ကူး သံသယက လှုံဆော်ပေးတယ်
  • 9:18 - 9:21
    ဒါက သင့်ကို့ စစ်ဆေး၊ စမ်းသပ်၊
    မွမ်းမံဖို့ နှိုးဆော်တယ်၊
  • 9:21 - 9:23
    MLK လုပ်ခဲ့သလိုပေါ့။
  • 9:23 - 9:26
    ဒီတော့ တမူထူးဖို့ အဓိကအချက်က
  • 9:26 - 9:28
    အဆင့်သုံးကနေ အဆင့်လေးကို
  • 9:28 - 9:32
    ကျော်တာကို ရှောင်ခြင်းရဲ့
    ရိုးစင်းတဲ့ အရာလေးပါ၊
  • 9:32 - 9:33
    "ငါက ဖွတ်ကျား" လို့ပြောတာအစား
  • 9:33 - 9:36
    "ပထမဆုံး မူကြမ်းတွေဟာ
    အမြဲ ချာတူးလံနေပြီး အဲဒီမှာ
  • 9:37 - 9:38
    ငါက မရှိသေးဘူး" လို့ပြောပါ။
  • 9:39 - 9:41
    ဒီတော့ အဲဒီကို သင်ဘယ်လိုရောက်လဲ။
  • 9:41 - 9:42
    အင်း၊ သဲလွန်စရှိပါတယ်။ ဖြစ်သွားတာက
  • 9:42 - 9:44
    သင်သုံးတဲ့ အင်တာနက် ရှာဖွေရေးကိရိယာမှာပါ။
  • 9:45 - 9:48
    သင်သုံးတဲ့ ဝက်ဘ် ရှာဖွေရေးကိရိယာ
    ဘာဆိုတာ သိရုံနဲ့တင်
  • 9:48 - 9:50
    သင့်အလုပ်စွမ်းဆောင်မှုနဲ့
    နှစ်မြှပ်မှုကို ကြိုပြောနိုင်တယ်။
  • 9:51 - 9:55
    ကဲ တစ်ချို့ကတော့ ဒီလေ့လာမှုရဲ့
    ရလဒ်တွေကို ကြိုက်မှာ မဟုတ်ဘူးပေါ့။
  • 9:55 - 9:56
    (ရယ်သံများ)
  • 9:56 - 10:00
    ဒါပေမဲ့ အထောက်အထားကောင်းရှိတာက
    Firefox နဲ့ Chrome သုံးသူတွေဟာ
  • 10:00 - 10:03
    Internet Explorer နဲ့ Safari သုံးသူတွေထက်
    သိသိသာသာ သာတယ်ဆိုတာပါ။
  • 10:04 - 10:05
    ဟုတ်တယ်။
  • 10:05 - 10:07
    (လက်ခုပ်သံများ)
  • 10:07 - 10:10
    ဒါထက်စကားမစပ် သူတို့ဟာ သူတို့
    အလုပ်မှာ ၁၅% ပိုမြဲပါသေးတယ်။
  • 10:11 - 10:13
    ဘာလို့လဲ။ ဒါက နည်းပညာ
    အသာစီးတစ်ခု မဟုတ်ပါဘူး။
  • 10:13 - 10:17
    ရှာဖွေရေးကိရိယာ လေးစုဟာ
    အကြမ်းဖျင်းတူညီတဲ့ စာရိုက်နှုန်းရှိပြီး
  • 10:17 - 10:20
    ကွန်ပြူတာ သုတရဲ့ တူညီတဲ့
    အဆင့်တွေလည်း ရှိပါတယ်။
  • 10:20 - 10:22
    ကိစ္စက ရှာဖွေရေးကိရိယာ ရလာပုံပါ။
  • 10:22 - 10:24
    အကြောင်းက Internet Explorer
    (သို့) Safari သုံးရင်
  • 10:24 - 10:27
    ဒါတွေက ကွန်ပြူတာမှာ
    ကြိုသွင်းပြီးသားဖြစ်ပြီး
  • 10:27 - 10:30
    သင့်ကို ပေးထားတဲ့ မူလရွေးပိုင်ခွင့်ကို
    လက်ခံလိုက်တာပါ။
  • 10:31 - 10:34
    Firefox (သို့) Chrome ကိုလိုချင်ရင်
    တော့ မူလကို သံသယထားကာ
  • 10:34 - 10:36
    ဒီမှာ မတူတဲ့ရွေးစရာရှိလားလို့
    မေးဖို့လိုပါတယ်၊
  • 10:36 - 10:39
    နောက်ပြီး နည်းနည်း ကြံရည်ဖန်ရည်
    ရှိပြီး အသစ်ကို ဆွဲယူတယ်။
  • 10:40 - 10:42
    ဒီတော့ ဒီလေ့လာမှုကိုကြားပြီး လူတွေကပြောတာက
  • 10:42 - 10:46
    "အိုး၊၊ ပိုကောင်းတဲ့ အလုပ်ရချင်ရင်
    ရှာဖွေရေးကိရိယာကို မြှင့်ရုံပဲလား။"
  • 10:46 - 10:47
    (ရယ်သံများ)
  • 10:47 - 10:49
    နိုး၊ ပြောလိုတာက မူလကို သံသယထားပြီး
  • 10:49 - 10:51
    ပိုကောင်းတဲ့ ရွေးချယ်ခွင့်ရှာဖို့
    ပဏာမခြေလှမ်း
  • 10:51 - 10:54
    လှမ်းတဲ့သူမျိုး ဖြစ်ခြင်းပါ။
  • 10:54 - 10:55
    ဒါကို ကောင်းကောင်း လုပ်ရင်
  • 10:55 - 10:58
    မြင်ဖူးသလိုခံစားတာရဲ့ ဆန့်ကျင်ဘက်ဆီ
    ကိုယ်တိုင် ဖွင့်မိမယ်။
  • 10:59 - 11:02
    ဒါအတွက် အမည်ရှိတယ်။ vuja de လို့ခေါ်ပါတယ်။
  • 11:02 - 11:04
    (ရယ်သံများ)
  • 11:05 - 11:08
    Vuja de ဟာ အရင်က ကြိမ်ဖန်များစွာ
    မြင်ဖူးတဲ့ တစ်ခုခုကိုကြည့်တဲ့အခါ
  • 11:08 - 11:11
    ရုတ်တရက် ဒါကို အမြင်သစ်တွေနဲ့
    တွေ့လိုက်တာပါ။
  • 11:12 - 11:15
    ရာစုဝက်ကျော်ကျော် အစိမ်းရောင်
    အလင်းမရနိုင်တဲ့
  • 11:15 - 11:18
    ရုပ်ရှင်ဇာတ်ညွှန်းကို ကြည့်သူ
    ဇာတ်ညွှန်းဆရာတစ်ယောက်ပါ။
  • 11:18 - 11:22
    အရင်က မူကွဲတိုင်းမှာ အဓိကသရုပ်ဆောင်ဟာ
    ယုတ်ညံ့တဲ့ ဘုရင်မဖြစ်ဖူးတယ်။
  • 11:22 - 11:25
    ဒါပေမဲ့ Jennifer Lee က ဒါဟာ အဓိပ္ပါယ်ရှိ
    လားလို့ စမေးခွန်းထုတ်တယ်။
  • 11:25 - 11:27
    ပထမဇာတ်ဝင်ခန်းကို ပြန်ရေးတယ်၊
  • 11:27 - 11:30
    ဗီလိန်ကို အနှိပ်စက်ခံရတဲ့
    သူရဲကောင်းအဖြစ် ပြန်ရေးပြီး
  • 11:30 - 11:33
    Frozen ဟာ အအောင်မြင်ဆုံး အသက်ဝင်တဲ့
    ရုပ်ရှင်တစ်ကား ဖြစ်လာတယ်။
  • 11:34 - 11:36
    ဒီဇာတ်လမ်းက ရိုးစင်းတဲ့
    သတင်းစကားတစ်ခုရတယ်။
  • 11:36 - 11:38
    သံသယဝင်လာရင် လွှတ်မပေးလိုက်နဲ့တဲ့။
  • 11:39 - 11:41
    (ရယ်သံများ)
  • 11:42 - 11:43
    ကြောက်စိတ်ကျတော့ရော။
  • 11:43 - 11:45
    ပင်ကိုယ်သမားတွေလည်း ကြောက်တာပဲလေ။
  • 11:46 - 11:47
    ကျရှုံးမှာ ကြောက်ကြတယ်၊
  • 11:47 - 11:50
    ဒါပေမဲ့ ကျန်တဲ့ကျွန်တော်တို့နဲ့ ကွာပုံရတာက
  • 11:50 - 11:52
    ကြိုးစားဖို့ ပျက်ကွက်မှာကို
    ပိုတောင်ကြောက်တာပါ။
  • 11:52 - 11:55
    ဒေဝါလီခံရတဲ့ လုပ်ငန်းတစ်ခုကစတာ (သို့)
    လုပ်ငန်းတစ်ခုကို စဖို့
  • 11:55 - 11:58
    ပျက်ကွက်ခြင်းကနေ
    ကျရှုံးနိုင်တာ သူတို့သိကြတယ်။
  • 11:58 - 12:02
    ရေရှည်မှာ ကျွန်တော်တို့ရဲ့ အကြီးဆုံးနောင်တ
    တွေဟာ လုပ်ဆောင်တာတွေမဟုတ်ပဲ
  • 12:02 - 12:04
    မလုပ်ဆောင်တာတွေဆိုတာ သူတို့သိတယ်။
  • 12:04 - 12:07
    သိပ္ပံကိုကြည့်ရင် ကိုယ်
    ပြန်လုပ်နိုင်ဖို့ ဆန္ဒရှိတာတွေဟာ
  • 12:07 - 12:09
    မယူခဲ့တဲ့ အခွင့်အရေးတွေပါ။
  • 12:10 - 12:13
    Elon Musk မကြာခင်က ပြောတာက Tesla
    အောင်မြင်ဖို့ သူမမျှော်လင့်ခဲ့ဘူးတဲ့။
  • 12:13 - 12:16
    သူသေချာခဲ့တာက ပထမပစ်လွှတ်တဲ့
    SpaceX အနည်းငယ်ဟာ
  • 12:16 - 12:19
    ပြန်လာဖို့အသာထား ဒါကို လည်ပတ်ဖို့
    လုပ်နိုင်မှာ မဟုတ်ပေမဲ့
  • 12:19 - 12:22
    မကြိုးစားဖို့ဆိုတာကျတော့
    အရေးကြီးလွန်းတယ်။
  • 12:22 - 12:25
    ကျွန်တော်တို့ အများကတော့
    အရေးပါတဲ့ စိတ်ကူးတစ်ခု ရရင်
  • 12:25 - 12:26
    ဒုက္ခခံ မကြိုးစားကြဘူး။
  • 12:27 - 12:29
    ဒါပေမဲ့ သတင်းကောင်းတစ်ချို့ရှိတယ်။
  • 12:29 - 12:32
    မကောင်းတဲ့ စိတ်ကူးမှာ ခင်ဗျား
    ဝေဖန်ခံရမှာ မဟုတ်ဘူး။
  • 12:32 - 12:33
    လူအများထင်တာက ဝေဖန်ခံရမယ်ပေါ့။
  • 12:33 - 12:35
    လုပ်ငန်းတွေကို ဖြတ်သန်းကြည့်ပြီး
  • 12:35 - 12:38
    လူတွေရဲ့ အကြီးမားဆုံးစိတ်ကူးနဲ့
    အရေးပါဆုံး အကြံဉာဏ်တွေကို မေးရင်
  • 12:39 - 12:43
    ဖွင့်ပြောမယ့် အစား သူတို့ထဲက
    ၈၅% က နှုတ်ဆိတ်နေခဲ့တယ်။
  • 12:43 - 12:47
    သူတို့ဘာသာ ရှက်ကိုးရှက်ကန်းနဲ့
    ဆင်ခြင်ဉာဏ်မရှိပုံပေါက်မှာ လန့်ကြတယိ။
  • 12:47 - 12:50
    ဒါပေမဲ့ ဘာလဲမှန်းကြည့်၊ ပင်ကိုယ်
    သမားတွေမှာ မကောင်းတဲ့ စိတိကူးတွေ
  • 12:50 - 12:51
    အများကြီး တကယ်က တန်ချီတယ်။
  • 12:53 - 12:55
    ဒါကို ထွင်တဲ့လူကို ကြည့်။
  • 12:55 - 12:58
    ကလေးတွေသာမက လူကြီးတွေကိုပါ
    လှန့်တတ်တဲ့ အရမ်းကြက်သီးထစရာ
  • 12:58 - 13:01
    စကားပြောတဲ့ အရုပ်ကို သူစိတ်ကူး
    ရခဲ့တာ အရေးစိုက်လား။
  • 13:02 - 13:06
    နိုး၊ မီးလုံးထွင်တာအတွက် Thomas Edison
    ကို ခင်ဗျားတို့ ဂုဏ်ပြုတယ်လေ။
  • 13:06 - 13:08
    (ရယ်သံများ)
  • 13:09 - 13:11
    နယ်ပယ်တွေကို ဖြတ်ကြည်ရင်
  • 13:11 - 13:14
    အပြောင်မြောက်ဆုံး တမူထူးသူတွေဟာ
    အများဆုံး ကျရှုံးသူတွေပါ၊
  • 13:14 - 13:16
    အကြောင်းက သူတို့ဟာ
    အကြိုးစားဆုံးတွေ ဖြစ်လို့ပါ။
  • 13:16 - 13:19
    ဂန္တဝင် ဂီတစာဆို၊ အကောင်းတကာ့
    အကောင်းဆုံးတွေကို ကြည့်ပါ။
  • 13:19 - 13:23
    ဘာလို့ တစ်ချို့ဟာ အခြားသူတွေထက်
    စွယ်စုံကျမ်းမှာ စာမျက်နှာပိုရပြီး
  • 13:23 - 13:26
    သူတို့ရဲ့ သီဖွဲ့မှုတွေဟာ
    အကြိမ်ပိုပြီး အသံသွင်းခံရတာလဲ။
  • 13:26 - 13:27
    အကောင်းဆုံး တွက်ဆရတာ တစ်ခုက
  • 13:27 - 13:30
    သူတို့ ထုတ်လုပ်တဲ့ သီဖွဲ့မှုတွေရဲ့
    ကြီးမားတဲ့ ထုထည်ပါ။
  • 13:31 - 13:34
    ပိုထုတ်ပေးလေလေ၊ ပို အမျိုးစုံလေလေဖြစ်ပြီး
  • 13:34 - 13:38
    စစ်မှန်တဲ့ ပင်ကိုယ် တစ်ခုခုအပေါ်
    တိုက်မိဖို့အခွင့်တွေ များလေလေပါ။
  • 13:38 - 13:42
    ဂန္တဝင်ဂီတရဲ့ ပဂေး သုံးဦးဖြစ်တဲ့
    Bach Bethoven Mozart တို့တောင်မှ
  • 13:42 - 13:45
    အတော်လေး ပိုနည်းပါးတဲ့ အပြောင်
    မြောက်ဆုံး လက်ရာတွေရလာဖို့
  • 13:46 - 13:49
    ရာပေါင်းများစွာရှိတဲ့ သီဖွဲ့မှုတွေ
    ထုတ်လုပ်ခဲ့ရတယ်။
  • 13:50 - 13:51
    ကဲ ခင်ဗျားတို့ အံ့ဩနေနိုင်တာက
  • 13:51 - 13:55
    ဘာလို့ ဒီငနဲဟာ အကန်လုံးမလုပ်ပဲနဲ့
    ကြီးကျယ်လာခဲ့တာလဲပေါ့။
  • 13:56 - 13:57
    Wagner ဘယ်လိုဖြစ်အောင်လုပ်ခဲ့လဲမသိဘူး။
  • 13:59 - 14:01
    ဒါပေမဲ့ ကျွန်တော်တို့
    အများစုအတွက် ပိုပြီးပင်ကိုယ်
  • 14:01 - 14:04
    ဖြစ်ချင်ရင်တော့ စိတ်ကူးတွေ
    ပိုထုတ်ဖို့လိုပ်တယ်။
  • 14:05 - 14:08
    Warby Parker ထောင်သူတွေ သူတို့
    ကုမ္ပဏီကို အမည်ပေးဖို့ ကြိုးစားတုန်း
  • 14:08 - 14:12
    လက်လီ တံဆိပ်တစ်ခု တည်ဆောက်ဖို့
    ခေတ်မီဆန်းပြား ထူးခြားပြီး အပျက်သဘော
  • 14:12 - 14:13
    မဆက်စပ်တာ တစ်ခုခုလိုခဲ့ပြီး
  • 14:13 - 14:16
    နောက်ဆုံး Warby နဲ့ Parker ကို
    အတူတူမတွဲခင်
  • 14:16 - 14:17
    ဖြစ်နိုင်ခြေ ၂၀၀၀ ကျော်ကို
  • 14:17 - 14:19
    စမ်းသပ်ခဲ့ကြတယ်။
  • 14:20 - 14:23
    ဒီတော့ ဒါတွေအားလုံး စုလိုက်ရင်
    သိမြင်ရတာက တမူထူးသူတွေဟာ
  • 14:23 - 14:25
    ကျန်တဲ့ ကျွန်တော်တို့နဲ့ ဘာမှမကွဲတာပါ။
  • 14:26 - 14:29
    သူတို့ဟာ ကြောက်တယ်၊ သံသယရှိတယ်၊
    အချိန်ဆွဲတယ်။
  • 14:29 - 14:31
    မကောင်းတဲ့ စိတ်ကူးတွေရှိတယ်။
  • 14:31 - 14:34
    တစ်ခါတစ်လေမှာ ဒီအရည်အသွေးတွေကြောင့်သာပဲ
  • 14:34 - 14:36
    သူတို့အောင်မြင်ကြတာပါ။
  • 14:36 - 14:39
    ဒီတော့ ဒါတွေကိုမြင်ရင် ကျွန်တော်
    လုပ်ခဲ့တဲ့အမှားမျိုး မလုပ်ပါနဲ့။
  • 14:39 - 14:40
    ဒါတွေကို လျှော်မပစ်ပါနဲ့။
  • 14:40 - 14:43
    ဒါ သင်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို
    လည်း ဖယ်မထုတ်ပစ်ပါနဲ့။
  • 14:43 - 14:46
    သိဖို့က အစမြန်ပြီး အဆုံးသတ်နှေးတာဟာ
  • 14:46 - 14:47
    ဖနိတီးမှုကို တိုးပွားစေနိုင်တာ၊
  • 14:48 - 14:50
    စိတ်ကူးတွေကို သံသယဝင်ပြီး
    ကြိုးစားဖို့ ပျက်ကွက်မှာ
  • 14:50 - 14:53
    ကြောက်တာကို လက်ခံတာဟာ
    မိမိကိုယ်ကို လှုံ့ဆော်နိုင်ပြီး
  • 14:53 - 14:56
    စိတ်ကူးကောင်း နည်းနည်းရဖို့ စိတ်ကူး
    ဆိုးတွေ အများကြီးလိုတာကိုပါ။
  • 14:57 - 14:59
    ကြည့်၊ တမူထူးသူဖြစ်ဖိုက မလွယ်ဘူး။
  • 14:59 - 15:01
    ဒါပေမဲ့ ဒါကို ကျွန်တော် သံသယ မရှိပါဘူး။
  • 15:01 - 15:04
    ဒါ ကိုယ့်ဝန်းကျင် ကမ္ဘာကို မွမ်းမံဖို့
    အကောင်းဆုံးနည်းပါ။
  • 15:04 - 15:05
    ကျေးဇူးပါ။
  • 15:05 - 15:09
    (လက်ခုပ်သံများ)
Title:
ပင်ကိုယ်ဉာဏ်ရှိတဲ့ အတွေးအခေါ်ရှင်တွေရဲ့ အံ့ဖွယ်ကောင်းတဲ့ အမူအကျင့်များ။
Speaker:
Adam Grant:
Description:

ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေဟာ ပြောင်မြောက်တဲ့ စိတ်ကူးတွေ ဘယ်လိုရကြလဲ။ အဖွဲ့အစည်းပိုင်းဆိုင်ရာ စိတ်ပညာရှင် Adam Grant studies ဟာ ပင်ကိုယ်ဉာဏ်ရှိသူတွေကို လေ့လာပါတယ်၊ စိတ်ကူးသစ်တွေကို အိပ်မက်ပြီး ဒါတွေကို ကမ္ဘာကြီးထဲကို ထည့်သွင်းဖို့ အကောင်အထည်ဖော်သူ အတွေးအခေါ်ရှင်တွေပေါ့။ ဒီဟောပြောချက်မှာ ကျရှုံးမှုကို ပွေ့ဖက်တာအပါအဝင် ပင်ကိုယ်ဉာဏ်ရှိသူတွေရဲ့ မျှော်လင့်မထားမိတဲ့ အမူအကျင့် သုံးရပ်ကို လေ့လာလိုက်ပါ။ " အပြောင်မြောက်ဆုံး ပင်ကိုယ်ဉာဏ်ရှိသူတွေဟာ အများဆုံး ကျရှုံးသူတွေပါ၊ အကြောင်းက သူတို့ဟာ အကြိုးစားဆုံးသူတွေ ဖြစ်တာကြာင့်ပါ။" လို့ Grant ကဆိုပါတယ်။ "ကောင်းတဲ့ စိတ်ကူး အနည်းငယ်ရဖို့အတွက် ဆိုးတဲ့ စိတ်ကူးတွေ အများကြီး ရှိဖို့လိုပါတယ်။"

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
15:25

Burmese subtitles

Revisions