< Return to Video

June 21 - Saturday for December

  • 0:06 - 0:12
    မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်ဟာ လူပေါင်း ၇ သန်းကျော် နေထိုင်ရာ နေရာဖြစ်ပြီး
  • 0:12 - 0:14
    လူတစ်ဦးစီဟာ သူတို့ရဲ့ ကိုယ်ပိုင် မျှော်လင့်ချက်တွေနှင့် ရုန်းကန်မှုတွေကို သယ်ဆောင်နေကြပါတယ်။
  • 0:15 - 0:18
    ဒီလူတွေထဲမှာတော့ "ဒီဇင်ဘာ" ဆိုတဲ့ သတ္တမနေ့ မျှော်လင့်ခြင်း လူငယ်တစ်ဦးရှိပါတယ်။
  • 0:19 - 0:21
    သတ္တမနေ့မျှော်လင့်ခြင်းအသင်းတော်ရဲ့ သတင်းစကားကို ရှာဖွေတွေ့ရှိပြီးတဲ့နောက်
  • 0:21 - 0:23
    ရေနှစ်ခြင်းခံခဲ့တဲ့အချိန်မှာ သူမ ရွှင်လန်းမှုအပြည့်ရှိခဲ့ပါတယ်။
  • 0:24 - 0:27
    ဒါပေမယ့် မကြာခင်မှာဘဲ သူ့ရဲ့ ယုံကြည်ခြင်းခရီးမှာ စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
  • 0:29 - 0:31
    ဒီဇင်ဘာက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့
  • 0:31 - 0:33
    ကျေးလက်မှာ နေထိုင်ခဲ့ပါတယ်။
  • 0:33 - 0:37
    သူမနှင့်သူ့မိသားစုကို ထောက်ပံ့ဖို့ရန် အတွက် အလုပ်လုပ်ဖို့ မြို့ကိုပြောင်းရွှေ့လာခဲ့ပါတယ်။
  • 0:37 - 0:41
    ကုမ္ပဏီအများစုက ဥပုသ်နေ့မှာ အလုပ်လုပ်ဖို့ တောင်းဆိုကြတယ်ဆိုတာကိုသူ တွေ့ခဲ့ရပါတယ်။
  • 0:42 - 0:43
    ဒီဇင်ဘာအနေနှင့်
  • 0:43 - 0:46
    မိသားစုကို ထောက်ပံ့ဖို့နှင့် သူ့ယုံကြည်ခြင်းကို စောင့်ရှောက်လေးစားဖို့ (၂) ခုကြားမှာ ဝေခွဲမရဖြစ်ခဲ့ပါတယ်။
  • 0:47 - 0:51
    “ကျွန်တော်တို့ မြော်လင့်ခြင်းလူငယ်တွေက အလုပ်ရှာတဲ့အခါ အခက်အခဲရှိကြပါတယ်။
  • 0:52 - 0:53
    ဒါ့အပြင်
  • 0:54 - 0:56
    ကျွန်တော်တို့ စစ်တမ်းတစ်ခုကို ကောက်ယူတဲ့အခါမှာ
  • 0:56 - 1:00
    နယ်ဘက်က လူငယ်တော်တော်များများက
  • 1:00 - 1:02
    မြို့ကို‌ ရောက်လာကြပေမယ့်
  • 1:02 - 1:05
    သူတို့ကို ဘုရားကျောင်းမှာ တစ်ခါမှ မတွေ့ဖူးကြဘူးလို့ သိရပါတယ်။
  • 1:05 - 1:07
    ဘာ‌ကြောင့်လဲ ဆိုတော့ အလုပ်ရကြပြီဆိုရင်
  • 1:07 - 1:10
    ဥပုသ်နေ့ အလုပ်နားရက်ရဖို့ ခက်ခဲသွားလို့ဘဲ ဖြစ်ပါတယ်။"
  • 1:11 - 1:13
    ဒီလိုစိန်ခေါ်မှုတွေကို ကြည့်ခြင်းဖြင့်
  • 1:13 - 1:15
    ခိုင်မာတဲ့ အဖြေတစ်ခု လိုအပ်တယ်ဆိုတာ မြင်သာနေပါတယ်။
  • 1:16 - 1:19
    “မြို့ကို လာကြတဲ့သူတွေ ပိုပိုများလာပါတယ်။
  • 1:19 - 1:23
    ကျွန်တော်တို့ သ‌တ္တနေ့မြော်လင့်ခြင်း အသင်းတော်အနေနှင့်
  • 1:23 - 1:28
    လွှမ်းမိုးမှုရှိနိုင်မယ်၊ ကောင်းမွန်တဲ့ သက်ရောက်မှုပေးနိုင်မယ်၊
  • 1:28 - 1:31
    ရန်ကုန်မြို့ထဲက မြို့သူမြို့သားတွေအတွက် မျှော်လင့်ချက်တွေ ယူဆောင်ပေးနိုင်မယ့်
    စင်တာတစ်ခုရှိဖို့က အရမ်းအရေးကြီးပါတယ်။"
  • 1:31 - 1:35
    ဒီစင်တာက လူငယ်တွေ ဥပုသ်နေ့မှာ အလုပ်လုပ်စရာမလိုမယ့်
    အလုပ်အကိုင်မျိုးကို ရှာတွေ့နိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
  • 1:36 - 1:38
    ဒါ့အပြင် ဒီစင်တာမှာ သာသနာပြုမယ့်သူတွေကို လေ့ကျင့်ပြင်ဆင်ပေးမှာဘဲ ဖြစ်ပါတယ်။
  • 1:39 - 1:41
    "မြို့ဒေသခံတွေအတွက်ကတော့
  • 1:41 - 1:43
    ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်သခင်ယေရှုခရစ်နှင့်
  • 1:44 - 1:47
    စစ်မှန်တဲ့တွေ့ဆုံခြင်းကို ရရှိကြမှာဖြစ်ပါတယ်။"
  • 1:48 - 1:49
    ဒီလို မြော်မှန်းချက်ကို ထားပြီး
  • 1:49 - 1:52
    ဆုတောင်းခြင်းအားဖြင့် ထောက်ပံ့ကြပြီး တောင်းဆိုချင်ပါတယ်။
  • 1:52 - 1:55
    "မြန်မာယူနီယံမှာ ဆောင်ရွက်သွားမယ့် စီမံကိန်းအတွက်၊
  • 1:55 - 1:57
    ဒီစီမံကိန်း အောင်မြင်ဖို့နှင့်
  • 1:57 - 1:59
    လူတွေကို သခင်ယေရှုဆီပို့ဆောင်နိုင်ဖို့အတွက်
  • 1:59 - 2:03
    ကျေးဇူးပြု၍ ဆုတောင်းပေးကြပါ။"
  • 2:04 - 2:05
    ဒီကွာတာရဲ့
  • 2:05 - 2:07
    (၁၃ )ပတ်အလှူငွေ တစ်ချို့ဟာ
  • 2:07 - 2:10
    မြန်မာနိုင်ငံ ရန်ကုန်မြို့ပေါ်မှာ မြို့ပြလွှမ်းမိုးမှုဗဟိုစင်တာကို
    ဆောက်လုပ်ရာမှာ ကူညီအသုံးပြုသွားမှာဖြစ်ပါတယ်။
  • 2:11 - 2:13
    ဒီစင်တာက လူငယ်‌တွေအတွက် လေ့ကျင့်သင်တန်းတွေကိုပေးပြီး
  • 2:13 - 2:15
    မယုံကြည်သူတွေအတွက် အသွင်သစ်နှင့်
  • 2:15 - 2:18
    ဘုရားသခင်ကို တွေ့ကြုံခံစားနိုင်မယ့် အခွင့်အရေးဖြစ်စေမှာဖြစ်ပါတယ်။
  • 2:21 - 2:24
    "ဒီစီမံကိန်းသာ အမှန်တကယ်အကောင်အထည်ပေါ်လာခဲ့မယ်ဆိုရင်
  • 2:24 - 2:27
    ဘုရားသခင်နှင့် ပိုမိုနီးကပ်လာမှာဖြစ်ပြီးတော့
  • 2:27 - 2:31
    တစ်ချိန်တည်းမှာဘဲ အပြင်လောကနှင့် ထိတွေ့ခွင့်ရမယ်
  • 2:31 - 2:34
    ဒါပေမယ့် အသင်းတော်ကိုလည်း မိသားစုသဖွယ် ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးရှိလာကြမှာဖြစ်ပါတယ်။"
  • 2:37 - 2:42
    "မြန်မာနိုင်ငံအတွက် ၁၃ပတ်မြောက် ဥပုသ်စာပြေ အလှူငွေကို
    ကူညီထောက်ပံ့ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်။”
Title:
June 21 - Saturday for December
ASR Confidence:
1.00
Description:

more » « less
Video Language:
English
Team:
Team Adventist
Project:
Mission Spotlight DVD
Duration:
02:58

Burmese subtitles

Revisions