ရူးသွပ်တဲ့ စိတ်ကူးတွေ ဘာကြောင့် လိုအပ်ပါသလဲ Liam Morrow | TEDxRundleAcademy
-
0:18 - 0:21သာမန်သုံးကြတဲ့ ကွန်ပျူတာတွေရဲ့ နှုန်း
နှင့် စွမ်းပကားဟာ -
0:21 - 0:23နှစ်နှစ်ခွဲတိုင်းမှာ နှစ်ဆ ကြီးထွား
လာနေပါတယ်။ -
0:23 - 0:26ဒီလိုနှုန်းနဲ့သာ ဆက်ပြီး တိုးတက်မယ်ဆိုရင်၊
-
0:26 - 0:31၂၀၄၅ ခုနှစ်တွင် ကျွန်တော်တို့ ကိုယ်ပိုင်
အသိစိတ်ရှိတဲ့ ကွန်ပျူတာကို ဖန်တီးနိုင်မယ်။ -
0:31 - 0:34အဲဒီ အချိန်ကာလကို ထူးကဲတဲ့
အချိန်ဆိုပြီး ဆိုရပါမယ်၊ -
0:34 - 0:37အဲဒီအချိန်မှာ ကွန်ပျူတာဟာ ကျွန်တော်တို့ထက်
ပိုပြီး စမတ်ကျလာပါမယ်။ -
0:38 - 0:42ဒီဟောပြောခန်းမှာ ကျွန်တော်က
အဲဒီကွန်ပျူတာဆီမှာ အသိစိတ် -
0:42 - 0:45ရှိနိုင်ပါ့မလား ဆိုတာကို ဆန်းစစ်ချင်ပါတယ်။
-
0:45 - 0:49ပထမအချက် အနေနဲ့၊ ဦးနှောက်ရဲ့ ဘယ်အပိုင်းက
အသိစိတ်ကို တာဝန်ယူတာကို -
0:49 - 0:51မသိကြတဲ့ အပြင် ၎င်း အလုပ်လုပ်ပုံကို
သိတာနည်းတယ်။ -
0:51 - 0:52ကျွန်တော်တို့ သိထားတက၊
-
0:53 - 0:55ဦးနှောက်ဟာ ကွန်ပျူတာပါပဲ။
-
0:55 - 0:58ဝါယာကြိုးတွေလိုပဲ အချက်ပြမှုကို
ပို့တတ်ပါတယ်၊ -
0:58 - 1:01လုပ်ငန်း အမျိုးမျိုး လုပ်ရန် ၎င်းထဲမှာ
အစိတ်အပိုင်း မျိုးစုံရှိတယ်၊ -
1:01 - 1:06ပြီးတော့ နူရွန်းများဆိုတဲ့
သေးနှုပ်တဲ့ အပိုင်းလေးတွေ ရှိတယ်၊ -
1:06 - 1:09၎င်းတို့ကို ကွန်ပျူတာထဲက ထရန်စစ္စတာတွေနဲ့
နှိုင်းလို့ ရပါတယ်။ -
1:09 - 1:11မှတ်ဉာဏ်အတွက်၊ တွက်ချက်ရန်၊
အာရုံခံရန် စသဖြင့် အပိုင်းတွေ -
1:11 - 1:13ရှိကြပြီး အားလုံး အပြန်အလှန်
ဆက်သွယ်ကြတယ်။ -
1:13 - 1:17ဒီတော့ ငွေကြေး၊ သုတေသန နဲ့
အချိန် လုံလောက်ပါက -
1:17 - 1:18ဒါကို လုပ်နိုင်တာ သိတယ်။
-
1:18 - 1:22ကျွန်တော်တို့ လုပ်နိုင်ရင်၊
ဂြိုဟ်သားတွေလဲ လုပ်နိုင်မယ် မဟုတ်လား။ -
1:23 - 1:26ဆူပါ တော်ကြတဲ့ ဂြိုဟ်သားတွေကို
စိတ်ကူးကြည့်ကြပါ။ -
1:26 - 1:28အဲဒီဂြိုဟ်သားတွေဟာ
နည်းပညာတွေ အားလုံးထဲမှာ -
1:28 - 1:30ကျွန်တော်တို့ထက် နှစ်တစ်ထောင်
ရှေ့မှာ ရှိကြတယ်။ -
1:30 - 1:33၎င်းဟာ စကြာဝဠာ တစ်ခုကို
အတု ဖန်တီးဖို့ ဆုံးဖြတ်တယ်၊ -
1:33 - 1:35စကြာဝဠာအတွက် အသေးဆုံး
အကွာအဝေး Planck မှာ -
1:35 - 1:38အတိအကျကြီး ဆောက်ရန် ဖြစ်တယ်။
-
1:38 - 1:40ဒီလို လုပ်ရခြင်းရဲ့ အကြောင်းရင်း
အမျိုးမျိုး ရှိနိုင်တယ်။ -
1:40 - 1:42အချို့သော အလားအလာများက-
-
1:42 - 1:45သေတော့မယ့် ယဉ်ကျေးမှုအတွက်
ဖြစ်နိုင်တယ်။ -
1:45 - 1:50အန္တရာယ်များနိုင်တဲ့ အရာတွေကို
စမ်းသပ်ကြည့်ရန်နဲ့ စကြာဝဠာ -
1:50 - 1:54တစ်ခုလုံးအား အကျိုးသက်ရောက်ပုံကို
လေ့လာရန် ဖြစ်နိုင်တယ်။ -
1:54 - 1:57ရူပဗေဒ နိယာ အမျိုးမျိုးကို
စမ်းသပ်ကြည့်လျက် စကြာဝဠာ -
1:57 - 1:59တစ်ခုလုံးအား အကျိုးသက်ရောက်ပုံကို
လေ့လာရန် ဖြစ်နိုင်တယ်။ -
1:59 - 2:02ဒါမှမဟုတ် လူအနည်းငယ်ကို
ဖြေဖျော်ရန် ဖြစ်နိုင်တယ်။ -
2:02 - 2:05ဒါမှမဟုတ် ဖွံ့ဖြိုးမှုနည်းတဲ့
လူ့အဖွဲ့အစည်း လိုနေတာ ဖြစ်နိုင်တယ်။ -
2:05 - 2:09ခုနလေးတင် ထူးကဲလှတဲ့ ၂၀၄၅ ခုနှစ်ကို
ဖြတ်ကျော်လိုက်တာမျိုးလိုပေါ့၊ -
2:09 - 2:13သုတေသန နှင့်/သို့မဟုတ် ဖြေဖျော်မှု
သဘောမျိုးဖြင့် ထိန်းချုပ်ထားတဲ့ -
2:13 - 2:17အခြေအနေထဲတွင် လူအနည်းငယ် အပေါ်မှာ
သုတေသန လုပ်နေတာ ဖြစ်နိုင်တယ်။ -
2:18 - 2:20အခုထက်ထိ နားထောင်လာခဲ့ကြလို့
ကျွန်တော် -
2:20 - 2:23ပြောလာခဲ့တာက ဒီဟောပြောချက်ရဲ့
အဓိက အတွေးအခေါ်ပဲ ထင်နိုင်ကြတယ်။ -
2:23 - 2:28တကယ်တမ်းတွင်၊ ခင်ဗျားတို့ အားလုံးအတွက်
ဒီနေ့ ချန်ထားခဲ့ချင်တဲ့ စဉ်းစားကြရန်မှာ -
2:28 - 2:31လက်တွေ့မဖြစ်နိုင်ဘူး ထင်ရတဲ့
စိတ်ကူးတွေကို စွန့်ပစ်မှုဟာဖြင့် -
2:31 - 2:34ကမ္ဘာကြီးပေါ်က အဓိကရ ပြဿနာတွေကို
ဖြေရှင်းရာတွင် ကူမပေးနိုင်ပါ။ -
2:34 - 2:35အဲဒီအကြောင်း စဉ်းစားကြပါ။
-
2:35 - 2:38ဒီနေ့တွင် အဓိကအကျဆုံး အသိပညာများ
ဖြစ်လာခဲ့ကြတဲ့ အယူအဆ အများဟာ -
2:38 - 2:42ဥပမာ၊ ကမ္ဘာကြီး နွေးလာမှု၊ ဆင့်ကဲ
ဖြစ်စဉ်၊ ယုတ္တိမရှိတဲ့ ဂဏန်းများ၊ -
2:42 - 2:45ပေါက်ကွဲမှုကြီး သီအိုရီ၊ ကမ္ဘာက နေကို
ပတ်နေတယ်ဆိုတဲ့ အချက်၊ -
2:45 - 2:47စကြာဝဠာဟာ ကျွန်တော်တို့ရဲ့
နေစနစ်ထက်ကို ပိုကြီးခြင်း၊ -
2:47 - 2:51အားလုံးကို အစပိုင်းတွင် ရူးမိုက်တယ်၊
မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ -
2:51 - 2:55စာရင်းအင်းအရ၊ ၎င်းတို့ ရှိနိုင်တဲ့ အလားအလာ
ရှိပေမဲ့ ၎င်းတို့ မရှိကြပါ၊ -
2:55 - 2:57အဲဒါကို သက်သေထူပြရန် ပယ်ချရန် ခဲယဉ်းပါတယ်။
-
2:57 - 3:02ဒီတော့၊ ဘယ် စိတ်ကူးဟာမဆို
လက်တွေ့ကျ မကျကျ၊ -
3:02 - 3:03မဖြစ်နိုင်ဘူးလို့
-
3:03 - 3:06ယူဆမရနိုင်သလို၊ တခါတရံတွင်
ကမ္ဘာကြီးရဲ့ ပြဿနာကို ဖြေရှင်းပေးရန်၊ -
3:06 - 3:10လက်တွေ့မဖြစ်နိုင်တဲ့ စိတ်ကူးကို
ထည့်စဉ်းစားရန် လိုပါတယ်၊ -
3:10 - 3:13၎င်းတို့ဟာ ကမ္ဘာကြီးကို
ပြောင်းပစ်နိုင်တာ မှတ်မိစေလိုပါတယ်။ -
3:13 - 3:14ကျေးဇူးတင်ပါတယ်။
-
3:14 - 3:16(လက်ခုပ်တီးသံများ)
- Title:
- ရူးသွပ်တဲ့ စိတ်ကူးတွေ ဘာကြောင့် လိုအပ်ပါသလဲ Liam Morrow | TEDxRundleAcademy
- Description:
-
ရူးသွပ်တဲ့ စိတ်ကူးပါလို့ ထင်ရတဲ့ဟာက အရှုပ်ထွေးဆုံး ကမ္ဘာ့ပြဿနာတွေကို ထိုးဖောက် ဖြေရှင်းနိုင်တဲ့ စိတ်ကူးဖြစ်နိုင်တာကို မြင်ရန် မလွယ်လှပါ။ တိုတောင်းလှကာ ဆွပေးထားတဲ့ ဒီဟောပြောချက်ထဲတွင်၊ Liam Morrow က လောလောဆယ်တွnင် ဖြစ်နိုင်တယ် ဘောင်ကို ကျော်လွန်ပြီး စဉ်းစားရန် လိုတာကို တိုက်တွန်းထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx
တွင် ပိုလေ့လာပါ။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 03:17
sann tint approved Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
sann tint accepted Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
sann tint edited Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
sann tint edited Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
sann tint edited Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
Myo Aung edited Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
Myo Aung edited Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy | ||
Myo Aung edited Burmese subtitles for Why we weed crazy ideas | Liam Morrow | TEDxRundleAcademy |