သာမန်သုံးကြတဲ့ ကွန်ပျူတာတွေရဲ့ နှုန်း နှင့် စွမ်းပကားဟာ နှစ်နှစ်ခွဲတိုင်းမှာ နှစ်ဆ ကြီးထွား လာနေပါတယ်။ ဒီလိုနှုန်းနဲ့သာ ဆက်ပြီး တိုးတက်မယ်ဆိုရင်၊ ၂၀၄၅ ခုနှစ်တွင် ကျွန်တော်တို့ ကိုယ်ပိုင် အသိစိတ်ရှိတဲ့ ကွန်ပျူတာကို ဖန်တီးနိုင်မယ်။ အဲဒီ အချိန်ကာလကို ထူးကဲတဲ့ အချိန်ဆိုပြီး ဆိုရပါမယ်၊ အဲဒီအချိန်မှာ ကွန်ပျူတာဟာ ကျွန်တော်တို့ထက် ပိုပြီး စမတ်ကျလာပါမယ်။ ဒီဟောပြောခန်းမှာ ကျွန်တော်က အဲဒီကွန်ပျူတာဆီမှာ အသိစိတ် ရှိနိုင်ပါ့မလား ဆိုတာကို ဆန်းစစ်ချင်ပါတယ်။ ပထမအချက် အနေနဲ့၊ ဦးနှောက်ရဲ့ ဘယ်အပိုင်းက အသိစိတ်ကို တာဝန်ယူတာကို မသိကြတဲ့ အပြင် ၎င်း အလုပ်လုပ်ပုံကို သိတာနည်းတယ်။ ကျွန်တော်တို့ သိထားတက၊ ဦးနှောက်ဟာ ကွန်ပျူတာပါပဲ။ ဝါယာကြိုးတွေလိုပဲ အချက်ပြမှုကို ပို့တတ်ပါတယ်၊ လုပ်ငန်း အမျိုးမျိုး လုပ်ရန် ၎င်းထဲမှာ အစိတ်အပိုင်း မျိုးစုံရှိတယ်၊ ပြီးတော့ နူရွန်းများဆိုတဲ့ သေးနှုပ်တဲ့ အပိုင်းလေးတွေ ရှိတယ်၊ ၎င်းတို့ကို ကွန်ပျူတာထဲက ထရန်စစ္စတာတွေနဲ့ နှိုင်းလို့ ရပါတယ်။ မှတ်ဉာဏ်အတွက်၊ တွက်ချက်ရန်၊ အာရုံခံရန် စသဖြင့် အပိုင်းတွေ ရှိကြပြီး အားလုံး အပြန်အလှန် ဆက်သွယ်ကြတယ်။ ဒီတော့ ငွေကြေး၊ သုတေသန နဲ့ အချိန် လုံလောက်ပါက ဒါကို လုပ်နိုင်တာ သိတယ်။ ကျွန်တော်တို့ လုပ်နိုင်ရင်၊ ဂြိုဟ်သားတွေလဲ လုပ်နိုင်မယ် မဟုတ်လား။ ဆူပါ တော်ကြတဲ့ ဂြိုဟ်သားတွေကို စိတ်ကူးကြည့်ကြပါ။ အဲဒီဂြိုဟ်သားတွေဟာ နည်းပညာတွေ အားလုံးထဲမှာ ကျွန်တော်တို့ထက် နှစ်တစ်ထောင် ရှေ့မှာ ရှိကြတယ်။ ၎င်းဟာ စကြာဝဠာ တစ်ခုကို အတု ဖန်တီးဖို့ ဆုံးဖြတ်တယ်၊ စကြာဝဠာအတွက် အသေးဆုံး အကွာအဝေး Planck မှာ အတိအကျကြီး ဆောက်ရန် ဖြစ်တယ်။ ဒီလို လုပ်ရခြင်းရဲ့ အကြောင်းရင်း အမျိုးမျိုး ရှိနိုင်တယ်။ အချို့သော အလားအလာများက- သေတော့မယ့် ယဉ်ကျေးမှုအတွက် ဖြစ်နိုင်တယ်။ အန္တရာယ်များနိုင်တဲ့ အရာတွေကို စမ်းသပ်ကြည့်ရန်နဲ့ စကြာဝဠာ တစ်ခုလုံးအား အကျိုးသက်ရောက်ပုံကို လေ့လာရန် ဖြစ်နိုင်တယ်။ ရူပဗေဒ နိယာ အမျိုးမျိုးကို စမ်းသပ်ကြည့်လျက် စကြာဝဠာ တစ်ခုလုံးအား အကျိုးသက်ရောက်ပုံကို လေ့လာရန် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူအနည်းငယ်ကို ဖြေဖျော်ရန် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနည်းတဲ့ လူ့အဖွဲ့အစည်း လိုနေတာ ဖြစ်နိုင်တယ်။ ခုနလေးတင် ထူးကဲလှတဲ့ ၂၀၄၅ ခုနှစ်ကို ဖြတ်ကျော်လိုက်တာမျိုးလိုပေါ့၊ သုတေသန နှင့်/သို့မဟုတ် ဖြေဖျော်မှု သဘောမျိုးဖြင့် ထိန်းချုပ်ထားတဲ့ အခြေအနေထဲတွင် လူအနည်းငယ် အပေါ်မှာ သုတေသန လုပ်နေတာ ဖြစ်နိုင်တယ်။ အခုထက်ထိ နားထောင်လာခဲ့ကြလို့ ကျွန်တော် ပြောလာခဲ့တာက ဒီဟောပြောချက်ရဲ့ အဓိက အတွေးအခေါ်ပဲ ထင်နိုင်ကြတယ်။ တကယ်တမ်းတွင်၊ ခင်ဗျားတို့ အားလုံးအတွက် ဒီနေ့ ချန်ထားခဲ့ချင်တဲ့ စဉ်းစားကြရန်မှာ လက်တွေ့မဖြစ်နိုင်ဘူး ထင်ရတဲ့ စိတ်ကူးတွေကို စွန့်ပစ်မှုဟာဖြင့် ကမ္ဘာကြီးပေါ်က အဓိကရ ပြဿနာတွေကို ဖြေရှင်းရာတွင် ကူမပေးနိုင်ပါ။ အဲဒီအကြောင်း စဉ်းစားကြပါ။ ဒီနေ့တွင် အဓိကအကျဆုံး အသိပညာများ ဖြစ်လာခဲ့ကြတဲ့ အယူအဆ အများဟာ ဥပမာ၊ ကမ္ဘာကြီး နွေးလာမှု၊ ဆင့်ကဲ ဖြစ်စဉ်၊ ယုတ္တိမရှိတဲ့ ဂဏန်းများ၊ ပေါက်ကွဲမှုကြီး သီအိုရီ၊ ကမ္ဘာက နေကို ပတ်နေတယ်ဆိုတဲ့ အချက်၊ စကြာဝဠာဟာ ကျွန်တော်တို့ရဲ့ နေစနစ်ထက်ကို ပိုကြီးခြင်း၊ အားလုံးကို အစပိုင်းတွင် ရူးမိုက်တယ်၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ စာရင်းအင်းအရ၊ ၎င်းတို့ ရှိနိုင်တဲ့ အလားအလာ ရှိပေမဲ့ ၎င်းတို့ မရှိကြပါ၊ အဲဒါကို သက်သေထူပြရန် ပယ်ချရန် ခဲယဉ်းပါတယ်။ ဒီတော့၊ ဘယ် စိတ်ကူးဟာမဆို လက်တွေ့ကျ မကျကျ၊ မဖြစ်နိုင်ဘူးလို့ ယူဆမရနိုင်သလို၊ တခါတရံတွင် ကမ္ဘာကြီးရဲ့ ပြဿနာကို ဖြေရှင်းပေးရန်၊ လက်တွေ့မဖြစ်နိုင်တဲ့ စိတ်ကူးကို ထည့်စဉ်းစားရန် လိုပါတယ်၊ ၎င်းတို့ဟာ ကမ္ဘာကြီးကို ပြောင်းပစ်နိုင်တာ မှတ်မိစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)