သိစိတ်ဆိုတာ ဘာလဲ။ Michael S. A. Graziano
-
0:07 - 0:09ဒီမှာ အိမ်တစ်လုံးရဲ့ ရုပ်ပုံနှစ်ပုံပါ၊
-
0:09 - 0:11သိသာတဲ့ ခြားနားချက်တစ်ခုရှိပါတယ်။
-
0:11 - 0:14ဒါပေမဲ့ လူနာ P.S အတွက်တော့
-
0:14 - 0:17လုံးဝကို တူနေတယ်လို့ ထင်ရဟန်ရှိပါတယ်။
-
0:17 - 0:20လူနာ P.S. ဟာ သူ့ဦးနှောက် ညာဘက်အခြမ်းကို
ဖျက်စီးခဲ့တဲ့ လေဖြတ်ရောဂါတစ်ခု ရပြီး -
0:20 - 0:24သူ့ဦးနှောက် ဘယ်ဘက်အခြမ်းမှာ
ရှိသမျှတိုင်းကို မသိတော့ပါ။ -
0:24 - 0:28ဒါပေမဲ့ ဒီအိမ်နစ်လုံးကြားက ခြားနားမှုကို
မခွဲခြားနိုင်လောက်ပေမဲ့ -
0:28 - 0:31ဘယ်အိမ်မှာ သူနေချင်တာလဲလို့
သုတေသီတွေ သူ့ကိုမေးတဲ့အခါမှာတော့ -
0:31 - 0:34မီးမလောင်တဲ့အိမ်ကို သူရွေးချယ်ပါတယ်။
-
0:34 - 0:37တစ်ကြိမ်မကပဲ၊ အကြိမ်ကြိမ်ပါ။
-
0:37 - 0:40P.S ရဲ့ဦးနှောက်ဟာ သူ့ရဲ့ မြင်ကွင်း
တစ်ခုလုံးဆီကနေ -
0:40 - 0:42သတင်းအချက်အလက် ထုတ်လုပ်နေဆဲပါ။
-
0:42 - 0:44ပုံနှစ်ပုံစလုံးကို မြင်နိုင်ပြီး
-
0:44 - 0:46၎င်းတို့ကြားက ခြားနားချက်ကို
ပြောနိုင်တယ်။ -
0:46 - 0:48သိတော့ မသိဘူးပေါ့။
-
0:48 - 0:51တစ်ဦးဦးက သူ့ဘယ်ဘက်ကို
ဘောလုံးတစ်လုံးပစ်လိုက်တယ်ဆိုရင် -
0:51 - 0:52ငုံ့ရှောင်လောက်တယ်။
-
0:52 - 0:55ဒါပေမဲ့ သူ ဘောလုံးကို
သတိပြုမိမှာ မဟုတ်ဘူး၊ -
0:55 - 0:57ဒါမှမဟုတ် ဘာကြောင့် သူ ငုံ့ရှောင်တာကို
သိမှာမဟုတ်ခဲ့ဘူး။ -
0:57 - 0:59P.S ရဲ့အခြေအနေကို
-
0:59 - 1:01ဦးနှောက်တစ်ခြမ်းသေလို့ အသိများကြပြီး
-
1:01 - 1:06ဦးနှောက်ရဲ့သတင်းအချက်အလက် ထုတ်လုပ်မှု
ဖြစ်စဉ်နဲ့ ဒီဖြစ်စဉ်နဲ့ဆိုင်တဲ့ -
1:06 - 1:09အတွေ့အကြုံကြားက အရေးပါတဲ့
ကွဲပြားမှုတစ်ခုကို ဖော်ပြပါတယ်။ -
1:09 - 1:13ဒီအတွေ့အကြုံက ကျွန်တော်တို့ခေါ်တဲ့
သိစိတ်ပါ။ -
1:13 - 1:18ကျွန်တေ ာ်တို့ဟာ ပြင်ပလောကနဲ့ အတွင်း
အတ္တများ နှစ်မျိုးစလုံးကိုသတိမူမိတယ်၊ -
1:18 - 1:20ရုပ်ပုံတစ်ပုံကို သတိမူမိကြရာမှာ
-
1:20 - 1:24ပုံတစ်ပုံ( သို့) ကျွှန်ုပ်တို့ရဲ့အဇ္ဈတ္တ
အတွေးတွေ(သို့) စိတ်ခံစားမှုတွေကိုကြည့်ကာ -
1:24 - 1:26ကိုယ်တိုင်သတိမူမိခြင်းနဲ့
အများကြီးဆင်ပါတယ်။ -
1:26 - 1:29ဒါပေမဲ့ သိစိတ် ဘယ်ကလာပါသလဲ။
-
1:29 - 1:32သိပ္ပံပညာရှင်တွေ၊ ဘာသာရေးကျွမ်းကျင်
သူတွေနဲ့ ဒဿနပညာရှင်တွေဟာ -
1:32 - 1:36ရာစုနှစ်တွေချီပြီး ဒီမေးခွန်းရဲ့
အခြေကိုရောက်ဖို့ကြိုးစားနေခဲ့တာ -
1:36 - 1:38သဘောတူညီမှု မရခဲ့ဘူး။
-
1:38 - 1:40မကြာသေးခင်က အယူအဆတစ်ခုက
-
1:40 - 1:45သိစိတ်ဟာ ဦးနှောက်ရဲ့ကိုယ်ပိုင်
လုပ်ဆောင်မှုရဲ့ မပြည့်စုံတဲ့ ရုပ်ပုံပါတဲ့။ -
1:45 - 1:46ဒီအယူအဆကို နားလည်ခြင်းက
-
1:46 - 1:48အာရုံခံတွေဆီက သတင်းအချက်အလက်ကို
-
1:48 - 1:53ဦးနှောက်က ထုတ်တဲ့ အရေးပါတဲ့နည်းအကြောင်း
ပီပြင်တဲ့ စိတ်ကူးတစ်ခုရဖို့ ထောက်ကူပေးတယ်။ -
1:53 - 1:54သွင်းတဲ့ အာရုံခံတစ်ခုကို အခြေခံကာ
-
1:54 - 1:56ပုံစံတွေ တည်ဆောက်ပါတယ်၊
-
1:56 - 1:59ဒါတွေဟာ ကမ္ဘာထဲက အရာဝတ္ထုတွေ၊
အဖြစ်အပျက်တွေရဲ့ ရိုးစင်းအောင်လုပ်ထားတဲ့ -
1:59 - 2:02သရုပ်ဖော်ချက်တွေကို စဉ်ဆက်မပြတ်
ခေတ်မီအောင်လုပ်ပေးနေတယ်။ -
2:02 - 2:05ကျွန်တော်တို့သိသမျှတိုင်းဟာ ဒီပုံစံတွေမှာ
အခြေခံထားတာပါ။ -
2:05 - 2:09၎င်းတို့ဟာ ၎င်းတို့သရုပ်ဖော်တဲ့အရာတွေရဲ့
အသေးစိတ်တိုင်းကို မမှတ်သားပဲ -
2:09 - 2:13ဦးနှောက်အတွက် သင့်လျော်တဲ့တုန့်ပြန်မှု
တွေကို သတ်မှတ်ပေးရုံလောက်ပါ။ -
2:13 - 2:17ဥပမာ၊ အရောင်မဲ့တောက်ပမှုအဖြစ်
အလင်းဖြူကိုသတ်မှတ်တဲ့ -
2:17 - 2:20အမြင်ပိုင်းစနစ်မှာ နှစ်ပြီးဆောက်ထားတဲ့
ပုံစံတစ်ခုပါ။ -
2:20 - 2:21အမှန်တကယ်မှာတော့
-
2:21 - 2:23အလင်းဖြူဟာ ကျွန်တော်တို့မြင်နိုင်တဲ့
-
2:23 - 2:26မတူညီတဲ့အရောင်အားလုံးနဲ့ ကိုက်ညီတဲ့
လှိုင်းအလျားတွေပါဝင်ပါတယ်။ -
2:26 - 2:30အလင်းဖြူနဲ့ပတ်သက်တဲ့ ကျွန်တော်တို့အမြင်ဟာ
မှားယွင်း၊ ပေါ့ပျက်လွန်းပေမဲ့ -
2:30 - 2:32လက်တွေ့လုပ်ပုံက အတော်လေးကောင်းပါတယ်။
-
2:32 - 2:35အလားတူစွာပဲ ရုပ်ပိုင်းခန္ဓာရဲ့
ဦးနှောက်ပုံစံကလည်း -
2:35 - 2:38ခြေတံလက်တံတွေရဲ့ အစီအစဉ်ကို
ဆက်ခြေရာခံပေမဲ့ -
2:38 - 2:41သီးခြားဆဲလ်တွေနဲ့ ကြွက်သားတွေရဲ့
အစီအစဉ်တော့ မဟုတ်ပါဘူး၊ -
2:41 - 2:45အကြောင်းက လှုပ်ရှားမှုကိုစီစဉ်ဖို့
သတင်းအချက်အလက်ရဲ့ အဆင့် မလိုတာကြောင့်ပါ။ -
2:45 - 2:49ကိုယ်ခန္ဓာအရွယ်အစား၊ပုံပန်းနဲ့
အချိန်တိုင်းမှာ ၎င်းရွေ့ရှားနေပုံကို -
2:49 - 2:51ခြေရာခံနေတဲ့ ပုံစံသာမရှိရင်
-
2:51 - 2:53အလျှင်အမြန် ကျွန်တော်တို့
ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ -
2:53 - 2:56ဦးနှောက်ကလည်း ၎င်းကိုယ်တိုင်ရဲ့
ပုံစံတွေလိုအပ်ပါတယ်။ -
2:56 - 2:57ဥပမာ
-
2:57 - 3:01ဦးနှောက်ဟာ သီးခြား အရာဝတ္ထုတွေနဲ့
အဖြစ်အပျက်တွေကို အာရုံစိုက်နိုင်ရှိတယ်။ -
3:01 - 3:03ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ
-
3:03 - 3:05အတွင်းနဲ့ အပြင် တစ်ခုကနေ နောက်တစ်ခုကို
-
3:05 - 3:07ပြောင်းလဲခြင်းအားဖြင့်
-
3:07 - 3:08ဒီစူးစိုက်မှုကိုပါ ထိန်းချုပ်တယ်၊
-
3:08 - 3:11စူးစိုက်မှုကို ညွှန်ကြားနိုင်စွမ်းမရှိရင်
-
3:11 - 3:15ခြိမ်းခြောက်မှုတွေ တန်ဖိုးဖြတ်ဖို့၊ ထမင်း
ပြီးဖို့(သို့) လုပ်နိုင်မှာမဟုတ်ပါ။ -
3:15 - 3:17အာရုံစိုက်မှုကို ထိရောက်စွာထိန်းချုပ်ဖို့
-
3:17 - 3:21ဦးနှောက်ဟာ သူ့ကိုယ်ပိုင်
အာရုံစိုက်မှုပုံစဲတစ်ခု ဆောက်ဖို့လို့တယ်။ -
3:21 - 3:25တစ်ခုနဲ့တစ်ခု အစဉ်တုံ့ပြန်ဆက်သွယ်နေတဲ့
နူရွန်း ၈၆ ဘီလီယံနဲ့ဆို -
3:25 - 3:29ဦးနှောက်ရဲ့ ကိုယ်ပိုင်သတင်းအချက်အလက်
ထုတ်လုပ်ဖို့ပုံစံဟာ ၎င်ဘာသာ -
3:29 - 3:31သရုပ်ဖော်နိုင်စရာလမ်းမရှိဘူး။
-
3:31 - 3:33ဒါပေမဲ့ ကိုယ်ခန္ဓာရဲ့ပုံစံ (သို့)
-
3:33 - 3:35ကျွန်တော်တို့ရဲ့ အလင်းဖြူ ယူဆချက်လိုပဲ
-
3:35 - 3:37ဖြစ်စရာမလိုပါဘူး။
-
3:37 - 3:40ကျွန်တော်တို့ရှိတဲ့ သေချာမှုက
စူးစိုက်၊လေးနက်တဲ့ အမူအရာတစ်ခုထဲက -
3:40 - 3:43ဦးနှောက်ပုံစံတစ်ခုကနေ လာနိုင်လောက်တဲ့
-
3:43 - 3:46အဆုံးမဲ့တဲ့ ပုဂ္ဂလအတွေ့အကြုံတစ်ခု၊
သတင်းအချက်အလက် ထုတ်ဖို့ ရည်ရွယ်တဲ့ -
3:46 - 3:49ပြီးစလွယ် သရုပ်ဖော်ချက်တစ်ခုပါ။
-
3:49 - 3:52သိပ္ပံပညာရှင်တွေဟာ
ဦးနှောက်က ဒီကိုယ်ပိုင်ပုံစံ -
3:52 - 3:55ဖန်တီးပုံကို မှန်းဆဖို့
စတင်ကြိုးပမ်းနှင့်ပါပြီ၊ -
3:55 - 4:00MRI လေ့လာမှုတွေဟာ ပတ်သက်တဲ့ ကွန်ရက်တွေကို
အသေးစိတ်ထောက်ပြဖို့ အလားအလာရှိတဲ့ လမ်းပါ။ -
4:00 - 4:02တစ်ဦးဦးက ပုံတစ်ပုံလို အာရုံ
နိုးကြွမှုကို သတိပြုမိ၊မပြုမိတဲ့အခါ -
4:02 - 4:08ဒီလေ့လာမှုတွေက အာရုံကြောဆိုင်ရာ
လုပ်ဆောင်မှုပုံစံတွေကို နှိုင်းယှဉ်တယ်။ -
4:08 - 4:11ပါဝင်သူတွေ ရုပ်ပုံကို သတိမူမိသည်၊ မမူမိ
သည်ဖြစ်စေ -
4:11 - 4:15အမြင်ဆိုင်ရာ ထုတ်လုပ်ခြင်းအတွက်
လိုအပ်တဲ့ နေရာတွေကို အသက်ဝင်စေပေမဲ့ -
4:15 - 4:18ရုပ်ပုံကို သတိပြုမိတဲ့အခါမှသာ
-
4:18 - 4:21အပိုကွန်ရက် တစ်ခုလုံး လင်းလက်သွား
တယ်လို့ ရလဒ်တွေက ပြတယ်။ -
4:21 - 4:24P.S လို ဦးနှောက်တစ်ခြမ်းသေ ဝေဒနာရှင်တွေဟာ
-
4:24 - 4:28ပုံမှန်အားဖြင့်တော့ ဒီကွန်ရက်ရဲ့
တစ်ပိုင်းပိုင်းကို ပျက်စီးစေတာပါ။ -
4:28 - 4:33ဒီကွန်ရက်ကို ပိုကျယ်ပြန့်တဲ့ ပျက်စီးမှုဟာ
တစ်ခါတစ်လေ ဘာသိမှတ်မှု လက္ခဏာမှမရှိတဲ့ -
4:33 - 4:36လုံးလုံးသေသွားတဲ့ အဆင့်ကို
ဖြစ်စေနိုင်ပါတယ်။ -
4:36 - 4:38ဒီလိုအထောက်အထားက သိစိတ် ဦးနှောက်မှာ
-
4:38 - 4:41တည်ဆောက်ပုံကို ပိုမိုနားလည်စေပေမဲ့
-
4:41 - 4:43လေ့လာဖို့ အများကြီး ရှိနေတုန်းပါ။
-
4:43 - 4:44ဥပမာ
-
4:44 - 4:47သိစိတ်နဲ့ဆက်နွယ်နေတဲ့
ကွန်ရက်တွေအတွင်းက နူရွန်းတွေက -
4:47 - 4:49သီးခြား သတင်းအချက်အလက်ကို
တွက်ချက်ပုံဟာ -
4:49 - 4:52ကျွန်တော်တို့ရဲ့ လက်ရှိနည်းပညာနယ်ပယ်ရဲ့
အပြင်ဘက်မှာပါ။ -
4:52 - 4:55သိစိတ်ရဲ့ပုစ္ဆာတွေကို
သိပ္ပံပညာနဲ့ချဉ်းကပ်စဉ် -
4:55 - 4:59လူသား လက္ခဏာထဲမှာ စူးစမ်းမှုရဲ့
မျဉ်းသစ်တွေ ဖွင့်ပေးနိုင်လိမ့်မယ်။
- Title:
- သိစိတ်ဆိုတာ ဘာလဲ။ Michael S. A. Graziano
- Speaker:
- Michael S. A. Graziano
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/what-is-consciousness-michael-s-a-graziano တွင်ကြည့်ရှုပါ။
လူနာ P.S. ဟာ သူ့ဦးနှောက် ညာဘက်အခြမ်းကိုပျက်စီးသွားစေတဲ့ လေသင်တုန်းရောဂါတစ်ခု ခံစားခဲ့ရပြီး သူ့ဦးနှောက် ဘယ်ဘက်အခြမ်းမှာ ရှိသမျှတိုင်းကို သတိမပြုမိအောင် ဖြစ်ကျန်ခဲ့တယ်။
အကယ်၍ တစ်ဦးဦးက သူ့ဘယ်ဘက်ကို ဘောလုံးတစ်လုံးပစ်လိုက်တယ်ဆိုရင် သူ ငုံ့ရှောင်လောက်တယ်။ ဒါပေမဲ့ သူ ဘောလုံးကို သတိပြုမိမှာ မဟုတ်ဘူး၊ ဒါမှမဟုတ် ဘာကြောင့် သူ ငုံ့ရှောင်တယ်ဆိုတာ သူ သိမှာမဟုတ်ခဲ့ဘူး။ သိစိတ်ဟာ ဘယ်ကနေ လာတာလဲ။ Michael Graziano ကနေပြီး သိပ္ပဲပညာရှင်တွေနဲ့ ဒဿနာပညာရှင်တွေကို ရာစုနှစ်တွေချီပြီး စိတ်စနိုးစနောင့်ဖြစ်စေခဲ့တဲ့ မေးခွန်းကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Michael S. A. Graziano ကပြုစုပြီး TED-Ed မှ ရိုက်ကူးတင်ဆက်သည်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:00
sann tint approved Burmese subtitles for What is consciousness? | ||
Myo Aung accepted Burmese subtitles for What is consciousness? | ||
Myo Aung edited Burmese subtitles for What is consciousness? | ||
Myo Aung edited Burmese subtitles for What is consciousness? | ||
sann tint edited Burmese subtitles for What is consciousness? | ||
sann tint edited Burmese subtitles for What is consciousness? | ||
sann tint edited Burmese subtitles for What is consciousness? | ||
sann tint edited Burmese subtitles for What is consciousness? |