ဒီမှာ အိမ်တစ်လုံးရဲ့ ရုပ်ပုံနှစ်ပုံပါ၊
သိသာတဲ့ ခြားနားချက်တစ်ခုရှိပါတယ်။
ဒါပေမဲ့ လူနာ P.S အတွက်တော့
လုံးဝကို တူနေတယ်လို့ ထင်ရဟန်ရှိပါတယ်။
လူနာ P.S. ဟာ သူ့ဦးနှောက် ညာဘက်အခြမ်းကို
ဖျက်စီးခဲ့တဲ့ လေဖြတ်ရောဂါတစ်ခု ရပြီး
သူ့ဦးနှောက် ဘယ်ဘက်အခြမ်းမှာ
ရှိသမျှတိုင်းကို မသိတော့ပါ။
ဒါပေမဲ့ ဒီအိမ်နစ်လုံးကြားက ခြားနားမှုကို
မခွဲခြားနိုင်လောက်ပေမဲ့
ဘယ်အိမ်မှာ သူနေချင်တာလဲလို့
သုတေသီတွေ သူ့ကိုမေးတဲ့အခါမှာတော့
မီးမလောင်တဲ့အိမ်ကို သူရွေးချယ်ပါတယ်။
တစ်ကြိမ်မကပဲ၊ အကြိမ်ကြိမ်ပါ။
P.S ရဲ့ဦးနှောက်ဟာ သူ့ရဲ့ မြင်ကွင်း
တစ်ခုလုံးဆီကနေ
သတင်းအချက်အလက် ထုတ်လုပ်နေဆဲပါ။
ပုံနှစ်ပုံစလုံးကို မြင်နိုင်ပြီး
၎င်းတို့ကြားက ခြားနားချက်ကို
ပြောနိုင်တယ်။
သိတော့ မသိဘူးပေါ့။
တစ်ဦးဦးက သူ့ဘယ်ဘက်ကို
ဘောလုံးတစ်လုံးပစ်လိုက်တယ်ဆိုရင်
ငုံ့ရှောင်လောက်တယ်။
ဒါပေမဲ့ သူ ဘောလုံးကို
သတိပြုမိမှာ မဟုတ်ဘူး၊
ဒါမှမဟုတ် ဘာကြောင့် သူ ငုံ့ရှောင်တာကို
သိမှာမဟုတ်ခဲ့ဘူး။
P.S ရဲ့အခြေအနေကို
ဦးနှောက်တစ်ခြမ်းသေလို့ အသိများကြပြီး
ဦးနှောက်ရဲ့သတင်းအချက်အလက် ထုတ်လုပ်မှု
ဖြစ်စဉ်နဲ့ ဒီဖြစ်စဉ်နဲ့ဆိုင်တဲ့
အတွေ့အကြုံကြားက အရေးပါတဲ့
ကွဲပြားမှုတစ်ခုကို ဖော်ပြပါတယ်။
ဒီအတွေ့အကြုံက ကျွန်တော်တို့ခေါ်တဲ့
သိစိတ်ပါ။
ကျွန်တေ ာ်တို့ဟာ ပြင်ပလောကနဲ့ အတွင်း
အတ္တများ နှစ်မျိုးစလုံးကိုသတိမူမိတယ်၊
ရုပ်ပုံတစ်ပုံကို သတိမူမိကြရာမှာ
ပုံတစ်ပုံ( သို့) ကျွှန်ုပ်တို့ရဲ့အဇ္ဈတ္တ
အတွေးတွေ(သို့) စိတ်ခံစားမှုတွေကိုကြည့်ကာ
ကိုယ်တိုင်သတိမူမိခြင်းနဲ့
အများကြီးဆင်ပါတယ်။
ဒါပေမဲ့ သိစိတ် ဘယ်ကလာပါသလဲ။
သိပ္ပံပညာရှင်တွေ၊ ဘာသာရေးကျွမ်းကျင်
သူတွေနဲ့ ဒဿနပညာရှင်တွေဟာ
ရာစုနှစ်တွေချီပြီး ဒီမေးခွန်းရဲ့
အခြေကိုရောက်ဖို့ကြိုးစားနေခဲ့တာ
သဘောတူညီမှု မရခဲ့ဘူး။
မကြာသေးခင်က အယူအဆတစ်ခုက
သိစိတ်ဟာ ဦးနှောက်ရဲ့ကိုယ်ပိုင်
လုပ်ဆောင်မှုရဲ့ မပြည့်စုံတဲ့ ရုပ်ပုံပါတဲ့။
ဒီအယူအဆကို နားလည်ခြင်းက
အာရုံခံတွေဆီက သတင်းအချက်အလက်ကို
ဦးနှောက်က ထုတ်တဲ့ အရေးပါတဲ့နည်းအကြောင်း
ပီပြင်တဲ့ စိတ်ကူးတစ်ခုရဖို့ ထောက်ကူပေးတယ်။
သွင်းတဲ့ အာရုံခံတစ်ခုကို အခြေခံကာ
ပုံစံတွေ တည်ဆောက်ပါတယ်၊
ဒါတွေဟာ ကမ္ဘာထဲက အရာဝတ္ထုတွေ၊
အဖြစ်အပျက်တွေရဲ့ ရိုးစင်းအောင်လုပ်ထားတဲ့
သရုပ်ဖော်ချက်တွေကို စဉ်ဆက်မပြတ်
ခေတ်မီအောင်လုပ်ပေးနေတယ်။
ကျွန်တော်တို့သိသမျှတိုင်းဟာ ဒီပုံစံတွေမှာ
အခြေခံထားတာပါ။
၎င်းတို့ဟာ ၎င်းတို့သရုပ်ဖော်တဲ့အရာတွေရဲ့
အသေးစိတ်တိုင်းကို မမှတ်သားပဲ
ဦးနှောက်အတွက် သင့်လျော်တဲ့တုန့်ပြန်မှု
တွေကို သတ်မှတ်ပေးရုံလောက်ပါ။
ဥပမာ၊ အရောင်မဲ့တောက်ပမှုအဖြစ်
အလင်းဖြူကိုသတ်မှတ်တဲ့
အမြင်ပိုင်းစနစ်မှာ နှစ်ပြီးဆောက်ထားတဲ့
ပုံစံတစ်ခုပါ။
အမှန်တကယ်မှာတော့
အလင်းဖြူဟာ ကျွန်တော်တို့မြင်နိုင်တဲ့
မတူညီတဲ့အရောင်အားလုံးနဲ့ ကိုက်ညီတဲ့
လှိုင်းအလျားတွေပါဝင်ပါတယ်။
အလင်းဖြူနဲ့ပတ်သက်တဲ့ ကျွန်တော်တို့အမြင်ဟာ
မှားယွင်း၊ ပေါ့ပျက်လွန်းပေမဲ့
လက်တွေ့လုပ်ပုံက အတော်လေးကောင်းပါတယ်။
အလားတူစွာပဲ ရုပ်ပိုင်းခန္ဓာရဲ့
ဦးနှောက်ပုံစံကလည်း
ခြေတံလက်တံတွေရဲ့ အစီအစဉ်ကို
ဆက်ခြေရာခံပေမဲ့
သီးခြားဆဲလ်တွေနဲ့ ကြွက်သားတွေရဲ့
အစီအစဉ်တော့ မဟုတ်ပါဘူး၊
အကြောင်းက လှုပ်ရှားမှုကိုစီစဉ်ဖို့
သတင်းအချက်အလက်ရဲ့ အဆင့် မလိုတာကြောင့်ပါ။
ကိုယ်ခန္ဓာအရွယ်အစား၊ပုံပန်းနဲ့
အချိန်တိုင်းမှာ ၎င်းရွေ့ရှားနေပုံကို
ခြေရာခံနေတဲ့ ပုံစံသာမရှိရင်
အလျှင်အမြန် ကျွန်တော်တို့
ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။
ဦးနှောက်ကလည်း ၎င်းကိုယ်တိုင်ရဲ့
ပုံစံတွေလိုအပ်ပါတယ်။
ဥပမာ
ဦးနှောက်ဟာ သီးခြား အရာဝတ္ထုတွေနဲ့
အဖြစ်အပျက်တွေကို အာရုံစိုက်နိုင်ရှိတယ်။
ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ
အတွင်းနဲ့ အပြင် တစ်ခုကနေ နောက်တစ်ခုကို
ပြောင်းလဲခြင်းအားဖြင့်
ဒီစူးစိုက်မှုကိုပါ ထိန်းချုပ်တယ်၊
စူးစိုက်မှုကို ညွှန်ကြားနိုင်စွမ်းမရှိရင်
ခြိမ်းခြောက်မှုတွေ တန်ဖိုးဖြတ်ဖို့၊ ထမင်း
ပြီးဖို့(သို့) လုပ်နိုင်မှာမဟုတ်ပါ။
အာရုံစိုက်မှုကို ထိရောက်စွာထိန်းချုပ်ဖို့
ဦးနှောက်ဟာ သူ့ကိုယ်ပိုင်
အာရုံစိုက်မှုပုံစဲတစ်ခု ဆောက်ဖို့လို့တယ်။
တစ်ခုနဲ့တစ်ခု အစဉ်တုံ့ပြန်ဆက်သွယ်နေတဲ့
နူရွန်း ၈၆ ဘီလီယံနဲ့ဆို
ဦးနှောက်ရဲ့ ကိုယ်ပိုင်သတင်းအချက်အလက်
ထုတ်လုပ်ဖို့ပုံစံဟာ ၎င်ဘာသာ
သရုပ်ဖော်နိုင်စရာလမ်းမရှိဘူး။
ဒါပေမဲ့ ကိုယ်ခန္ဓာရဲ့ပုံစံ (သို့)
ကျွန်တော်တို့ရဲ့ အလင်းဖြူ ယူဆချက်လိုပဲ
ဖြစ်စရာမလိုပါဘူး။
ကျွန်တော်တို့ရှိတဲ့ သေချာမှုက
စူးစိုက်၊လေးနက်တဲ့ အမူအရာတစ်ခုထဲက
ဦးနှောက်ပုံစံတစ်ခုကနေ လာနိုင်လောက်တဲ့
အဆုံးမဲ့တဲ့ ပုဂ္ဂလအတွေ့အကြုံတစ်ခု၊
သတင်းအချက်အလက် ထုတ်ဖို့ ရည်ရွယ်တဲ့
ပြီးစလွယ် သရုပ်ဖော်ချက်တစ်ခုပါ။
သိပ္ပံပညာရှင်တွေဟာ
ဦးနှောက်က ဒီကိုယ်ပိုင်ပုံစံ
ဖန်တီးပုံကို မှန်းဆဖို့
စတင်ကြိုးပမ်းနှင့်ပါပြီ၊
MRI လေ့လာမှုတွေဟာ ပတ်သက်တဲ့ ကွန်ရက်တွေကို
အသေးစိတ်ထောက်ပြဖို့ အလားအလာရှိတဲ့ လမ်းပါ။
တစ်ဦးဦးက ပုံတစ်ပုံလို အာရုံ
နိုးကြွမှုကို သတိပြုမိ၊မပြုမိတဲ့အခါ
ဒီလေ့လာမှုတွေက အာရုံကြောဆိုင်ရာ
လုပ်ဆောင်မှုပုံစံတွေကို နှိုင်းယှဉ်တယ်။
ပါဝင်သူတွေ ရုပ်ပုံကို သတိမူမိသည်၊ မမူမိ
သည်ဖြစ်စေ
အမြင်ဆိုင်ရာ ထုတ်လုပ်ခြင်းအတွက်
လိုအပ်တဲ့ နေရာတွေကို အသက်ဝင်စေပေမဲ့
ရုပ်ပုံကို သတိပြုမိတဲ့အခါမှသာ
အပိုကွန်ရက် တစ်ခုလုံး လင်းလက်သွား
တယ်လို့ ရလဒ်တွေက ပြတယ်။
P.S လို ဦးနှောက်တစ်ခြမ်းသေ ဝေဒနာရှင်တွေဟာ
ပုံမှန်အားဖြင့်တော့ ဒီကွန်ရက်ရဲ့
တစ်ပိုင်းပိုင်းကို ပျက်စီးစေတာပါ။
ဒီကွန်ရက်ကို ပိုကျယ်ပြန့်တဲ့ ပျက်စီးမှုဟာ
တစ်ခါတစ်လေ ဘာသိမှတ်မှု လက္ခဏာမှမရှိတဲ့
လုံးလုံးသေသွားတဲ့ အဆင့်ကို
ဖြစ်စေနိုင်ပါတယ်။
ဒီလိုအထောက်အထားက သိစိတ် ဦးနှောက်မှာ
တည်ဆောက်ပုံကို ပိုမိုနားလည်စေပေမဲ့
လေ့လာဖို့ အများကြီး ရှိနေတုန်းပါ။
ဥပမာ
သိစိတ်နဲ့ဆက်နွယ်နေတဲ့
ကွန်ရက်တွေအတွင်းက နူရွန်းတွေက
သီးခြား သတင်းအချက်အလက်ကို
တွက်ချက်ပုံဟာ
ကျွန်တော်တို့ရဲ့ လက်ရှိနည်းပညာနယ်ပယ်ရဲ့
အပြင်ဘက်မှာပါ။
သိစိတ်ရဲ့ပုစ္ဆာတွေကို
သိပ္ပံပညာနဲ့ချဉ်းကပ်စဉ်
လူသား လက္ခဏာထဲမှာ စူးစမ်းမှုရဲ့
မျဉ်းသစ်တွေ ဖွင့်ပေးနိုင်လိမ့်မယ်။