< Return to Video

ကဲကုလသင်္ချာမသင်ပေးခင် စာရင်းအင်းသင်္ချာသင်ပါ

  • 0:00 - 0:03
    တကယ်လိုများ သမ္မတအိုဘားမားကသာ ကျွန်တော်ကိုများ
  • 0:03 - 0:07
    သင်္ချာပညာရပ်ဆိုင်ရာ အာဏာပိုင် မင်းကြီးအဖြစ် ဖိတ်ခေါ်မယ်ဆိုရင်
  • 0:07 - 0:10
    ဒီနိုင်ငံထဲက သင်္ချာပညာ သင်ကြားရေးကို
  • 0:10 - 0:12
    ကြီးကြီးမားမား ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော်ယူဆမိတဲ့
  • 0:12 - 0:15
    အကြံပြုချက်တစ်ခု သူ့ထံ တင်ပြပေးစရာရှိမှာပါ။
  • 0:15 - 0:17
    အဲဒါကို အကောင်အထည်ဖော်ဖို့ လွယ်ကူနိုင်ပြီး
  • 0:17 - 0:19
    အကုန်အကျလည်းမများပါဘူး။
  • 0:19 - 0:21
    အခုကျွန်တော်တို့မှာ ရှိနေတဲ့ သင်္ချာသင်ရိုးညွှန်းတမ်းဟာ
  • 0:21 - 0:25
    ဂဏန်းသင်္ချာနဲ့ အက္ခရာသင်္ချာတို့ရဲ့ အုတ်မြစ်ပေါ်မှာ အခြေတည်ထားပါတယ်
  • 0:25 - 0:27
    အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ သင်ယူကြတဲ့ အရာအားလုံးက
  • 0:27 - 0:30
    ဘာသာရပ်တစ်ခုစီသို့ ဦးတည်ပြီး တည်ဆောက်ထားပါတယ်။
  • 0:30 - 0:34
    အဲဒီ ပိရမစ်ကြီးရဲ့ ထိပ်မှာရှိတာကတော့ ကဲကုလသင်္ချာပါပဲ။
  • 0:34 - 0:36
    ကျွန်တော် ဒီကိုရောက်လာတာ ကတော့
  • 0:36 - 0:40
    ဒီပိရမစ်ရဲ့ ထိပ်ပိုင်းဟာ မှားယွင်းနေတယ် ဆိုတာပြောဖို့ပါ။
  • 0:40 - 0:42
    ကျွန်တော်တို့ရဲ့ ကျောင်းသားတွေအားလုံး၊ အထက်တန်းကျောင်း ဆင်းဖူးသူတွေအားလုံး
  • 0:42 - 0:44
    သိနားလည်သင့်တဲ့ ပိရမစ်ရဲ့ထိပ်ပိုင်းအမှန်က
  • 0:44 - 0:47
    စာရင်းအင်းသင်္ချာ ဖြစ်သင့်ပါတယ်။
  • 0:47 - 0:49
    ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်းပါ။
  • 0:49 - 0:51
    (လက်ခုပ်သံများ)
  • 0:51 - 0:55
    ကျွန်တော် ဆိုလိုတာကတော့…. ကျွန်တော်ပြောတာ အထင်မလွဲပါနဲ့ခင်ဗျာ။ ကဲကုလသင်္ချာဟာ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုပါ။
  • 0:55 - 0:57
    ဒါဟာ လူသားတို့ရဲ့ မနောဉာဏ်က ထုတ်လုပ်လိုက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုပါ။
  • 0:57 - 1:01
    သဘာဝတရားရဲ့ နိယာမတွေကို ကဲကုလသင်္ကေတစနစ်တွေနဲ့ ရေးပေးထားတာပါ။
  • 1:01 - 1:05
    နောက်ပြီး သင်္ချာ၊ သိပ္ပံ၊ စက်မှုအတတ်ပညာ၊ ဘောဂဗေဒ လေ့လာကြတဲ့
  • 1:05 - 1:07
    ကျောင်းသားတိုင်းဟာ ကောလိပ်ရဲ့ ပထမဆုံးနှစ်အဆုံးမှာ
  • 1:07 - 1:09
    ကဲကုလသင်္ချာကို သေချာပေါက် သင်သင့်ပါတယ်။
  • 1:09 - 1:12
    ဒါပေမဲ့ သင်္ချာပါမောက္ခ တစ်ယောက်အနေနဲ့ ကျွန်တော် ဒီကိုရောက်လာတာကတော့
  • 1:12 - 1:16
    အင်မတန်နည်းပါးလှတဲ့ လူတွေလောက်ကပဲ ကဲကုလသင်္ချာကို
  • 1:16 - 1:19
    သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ ကိုယ်တိုင်သတိမူပြီး ရည်ရွယ်ချက်ရှိရှိ သုံးကြတယ်ဆိုတာပြောဖို့ပါ။
  • 1:19 - 1:21
    အခြား တစ်ဖက်မှာတော့
  • 1:21 - 1:24
    စာရင်းအင်းသင်္ချာ ဆိုတာ နေ့စဉ်ဘဝမှာ သုံးနိုင်တဲ့
  • 1:24 - 1:27
    သုံးသင့်တဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ မှန်ပါရဲ့လားခင်ဗျာ
  • 1:27 - 1:30
    ဒါကဆုံးရှုံးနိုင်ခြေအကြောင်း၊ ဆုလာဘ်အကြောင်း၊ ကြုံရာကျပန်းဖြစ်မှုအကြောင်းပါ။
  • 1:30 - 1:32
    ဒါက အချက်အလက်ကို နားလည်ခြင်း ပညာပါ၊
  • 1:32 - 1:34
    ကျွန်တော်ထင်ပါတယ် တကယ်လို့သာ ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းသားတွေ
  • 1:34 - 1:36
    တကယ်လို့သာ အမေရိကန် နိုင်ငံသားတွေအားလုံး
  • 1:36 - 1:39
    ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်ပညာ အကြောင်းကို နားလည်ကြမယ် ဆိုရင်ပေါ့လေ။
  • 1:39 - 1:42
    ကျွန်တော်တို့ ဒီနေ့ရောက်နေတဲ့ စီးပွားရေးအရှုပ်တော်ပုံထဲ ရောက်ခဲ့မှာမဟုတ်ပါဘူး။ (ရယ်သံများ) (လက်ခုပ်သံများ)
  • 1:42 - 1:45
    ဒါတင်မက -- ကျေးဇူးပါခင်ဗျာ -- ဒါတင်မကသေးပါဘူး ...
  • 1:45 - 1:48
    တကယ်လို့သာ အဲဒါကို နည်းမှန်လမ်းမှန် သင်ကြားမယ်ဆို အရမ်းကို ပျော်စရာကောင်းပါလိမ့်မယ်
  • 1:48 - 1:50
    ကျွန်တော်ပြောချင်တာက ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်ပညာ ဆိုတာ
  • 1:50 - 1:54
    ကစားပွဲတွေနဲ့ လောင်းကစားပွဲတွေနဲ့ဆိုင်တဲ့ သင်္ချာပါ။
  • 1:54 - 1:58
    ဒါဟာ ရှေးရှုရာ လမ်းကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာခြင်းပါ၊ အနာဂတ်ကို ကြိုတင်ခန့်မှန်းရခြင်းပါ။
  • 1:58 - 2:00
    ဒီမှာခင်ဗျ၊ ကမ္ဘာကြီးက အန်နာလော့ analog စနစ်ကနေ
  • 2:00 - 2:03
    ဒီဂျစ်တယ် digital စနစ်ဆီကို ကူးပြောင်းခဲ့ပြီ
  • 2:03 - 2:06
    ဒီတော့ ကျွန်တော်တို့ရဲ့ သင်္ချာ သင်ရိုးညွှန်းတမ်းတွေကိုလည်း
  • 2:06 - 2:08
    အန်နာလော့စနစ်ကနေ ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းရမယ့် အချိန်ပါ။
  • 2:08 - 2:12
    ရှေးကျတဲ့ စဉ်ဆက်မပြတ် ချိတ်ဆက်ထားတဲ့ သင်္ချာကနေ
  • 2:12 - 2:15
    ခေတ်မီတဲ့ သီးခြားရပ်တည်နေတဲ့ သင်္ချာဆီကို ကူးပြောင်းရမှာပါ
  • 2:15 - 2:17
    ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်ပညာ ဆိုတဲ့
  • 2:17 - 2:19
    မသေချာမှုဆိုင်ရာ၊ ကြုံရာကျပန်းဖြစ်မှုဆိုင်ရာ၊
  • 2:19 - 2:22
    အချက်အလက်များဆိုင်ရာ သင်္ချာပညာဆီကို ကူးပြောင်းရမှာပါ
  • 2:22 - 2:24
    နိဂုံးချုပ်ပြောရရင် ကျွန်တော်တို့ ကျောင်းသားတွေ
  • 2:24 - 2:27
    ကဲကုလသင်္ချာရဲ့ နည်းနာနိဿယတွေကို သင်ကြမယ့်အစား
  • 2:27 - 2:30
    သမတ်ကိန်းမှ ပုံမှန် သွေဖည်ခြင်းနှစ်မျိုး ဆိုတာ ဘာကိုဆိုလိုမှန်း နားလည်ကြရင်
  • 2:30 - 2:33
    ပိုပြီး သိသိသာသာအကျိုးရှိလာမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်၊
  • 2:33 - 2:36
    ကျွန်တော် အတည်ပြောနေတာပါ၊
  • 2:36 - 2:38
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
  • 2:38 - 2:41
    (လက်ခုပ်သံများ)
Title:
ကဲကုလသင်္ချာမသင်ပေးခင် စာရင်းအင်းသင်္ချာသင်ပါ
Speaker:
Arthur Benjamin
Description:

သင်္ချာဆရာကို တစ်ယောက်ယောက်က “ကျွန်တော် လက်တွေ့ဘဝမှာ ကဲကုလသင်္ချာကို အသုံးပြုနိုင်မှာလား” ဟုအမြဲမေးလေ့ရှိကြလေသည်။ ကျွန်တော်တို့ အများစုအတွက်တော့ အသုံးမပြုနိုင်ဟု အာသာဘန်ဂျမင်က ပြောလာသည်။ သူက ဤဒီဂျစ်တယ်ခေတ်တွင် သင်္ချာသင်ကြားရေးကို လိုက်လျောညီထွေဖြစ်အောင် မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ ရဲဝံ့ပြတ်သားသော အဆိုပြုချက်ကို တင်ပြထားသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
02:42
  • short and recise translation and I have done almost nothing but just a few alteration ?
    that's the good job !

  • Well Done!

Burmese subtitles

Revisions