ပညာရေး နည်းစနစ်ကို ပြန်လည်ဆန်းသစ်မှု။ Erich Vasquez | TEDxDoralAcademyPrep
-
0:16 - 0:18Winston Churchill တစ်ချိန်တုန်းက
ပြောခဲ့တာက -
0:18 - 0:20"နောက်ပြန် ပိုဝေးဝေး ကြည့်နိုင်လေ၊
-
0:20 - 0:22အရှေ့ကို ပိုဝေးဝေး မြင်နိုင်လေပါ"
-
0:22 - 0:25ဒီနှိုးဆော်မှုကို လက်ရှိကာလ အမေရိကမှာ
အသုံးချနိင်တယ်လို့ ထင်တယ်။ -
0:26 - 0:30အမေရိကန် ပြည်ထောင်စုက အရင်တုန်းက
အတိုင်း ဒီနေ့လည်း ကွဲပြဲနေတုန်းပါ။ -
0:30 - 0:32လူတွေဟာ ဒီနေ့ တိုင်းပြည်
ရင်ဆိုင်နေရတဲ့ အရေးအပါဆုံး -
0:32 - 0:35လူမှု-စီးပွား နိုင်ငံရေး ကိစ္စတွေကို
ထိုင်ပြီး ဆွေးနွေးပွဲဖို့ကို -
0:35 - 0:37ငြင်းဆိုနေကြတယ်။
-
0:38 - 0:39ရူးကြောင်ကြောင်ပါ။
-
0:39 - 0:41ဖုန်းပေါ်မှာရှိတဲ့ မှတ်ချက်
ပေးတဲ့အပိုင်းကိုကြည်တော့ -
0:41 - 0:42အချေအတင် ပြောနေတာကို တွေ့တယ်။
-
0:42 - 0:45နောက် လူတစ်ယောက်က ဗုံးကြဲတော့
ပွက်လောရိုက်ကုန်ရော။ -
0:45 - 0:48နှစ်ဖက်စလုံးက ဆွေးနွေးပွဲမှာ
ထိုင်ဖို့ ငြင်းဆန်ကြတယ်။ -
0:48 - 0:53ဒါပေမဲ့ နှစ်ဘက်စလုံးက တစ်ခုမှာတော့
သဘောတူကြတယ်။ -
0:53 - 0:56ဒါကတော့ ဒီအရေးကြီး ကိစ္စတွေကို
နိုင်ငံတော် အဆင့်မှာ -
0:56 - 1:00စကားဝိုင်းတစ်ခု
ကျင်းပဖို့ လိုအပ်တယ်ဆိုတာပါ။ -
1:00 - 1:03ဥပမာ၊ ထင်ရှားတဲ့ လစ်ဗရယ်သမား
ဖြစ်တဲ့ Sam Harris က -
1:03 - 1:05ယနေ့ နိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးပါဆုံး
ကိစ္စတွေအပေါ်မှာ -
1:06 - 1:09သင့်တော်တဲ့ စကားဝိုင်းတစ်ခု
ရှိဖို့ လိုအပ်ချက်ကို ဆွေးနွေးတယ်။ -
1:09 - 1:12အခြားတစ်ဖက်မှာတော့
လူငယ် ရှေးရိုးစွဲ Ben Shapiro က -
1:12 - 1:15ယနေ့ နိုင်ငံ ရင်ဆိုင်နေရတဲ့
အရေးပါဆုံး လူမှု-စီးပွား နိုင်ငံရေး -
1:15 - 1:18ကိစ္စတွေမှာရှိတဲ့
ပြဿနာတွေအကြောင်း ဆွေးနွေးဖို့ -
1:18 - 1:20လိုအပ်တယ်လို့ ပြောတယ်။
-
1:20 - 1:22ဒါပေမံ့ မေးခွန်းတစ်ခုတော့ ကျန်နေတယ်။
-
1:22 - 1:26နိုင်ငံတော် အဆင့်မှာ ဒီစကားဝိုင်းကို
ဘယ်လို အသုံးချမလဲ။ -
1:27 - 1:28ဒီတော့ စတွေးမိပြီး
-
1:29 - 1:33သမိုင်းမှာ အဖြေရှိတယ်ဆိုတာက
စိတ်ကူးထဲဝင်လာတယ်။ -
1:33 - 1:36အလယ်ခေတ်တွေတုန်းက
-
1:36 - 1:41Plato နဲ့ Aristotle တို့ရဲ့ စာပေတွေဟာ
အမျိုးမျိုး ကွဲပြားစေတဲ့ နည်းနဲ့ -
1:41 - 1:43ပညာဉာဏ်ရှိတဲ့ ဥရောပကို လွှမ်းမိုးနေခဲ့တယ်၊
-
1:43 - 1:46ဒါက ပညာတတ်နယ်ပယ် အတွင်းမှာ
ဝိရောဓိ ဖန်တီးပေးခဲ့တော့ -
1:46 - 1:49ပါမောက္ခတွေနဲ့ ဒဿနိကပညာရှင်တွေဟာ
-
1:49 - 1:52"ကျောင်းပညာရေး နည်းစနစ်"ဆိုတဲ့
သင်ကြားနည်းတစ်ခု ဖန်တီးတယ်။ -
1:52 - 1:54ကျောင်းပညာရေး နည်းစနစ်က
သင်ကြားနည်းပါ၊ -
1:54 - 1:57ဒီနည်းစနစ်နဲ့ ယုတ္တိဗေဒ အသုံးပြုကနေ
သီးခြား အကြောင်းအရာ -
1:57 - 1:59တချို့တို့ ဆွေးနွေးဖို့
ဆွေးနွေးငြင်းခုံမှုကို အသုံးပြုတာပါ။ -
2:00 - 2:01ဒီလိုနဲ့ ပုံမှန် ကဏ္ဍတစ်ခုမှာ
-
2:01 - 2:04အတန်းက ဝင်လာပြီး
အတန်းကို နှစ်စု ခွဲလိုက်မှာပါ။ -
2:04 - 2:07ပါမောက္ခက "အငြင်းပွားတဲ့ မေးခွန်း"
လက်တင်လို "quaestio disputatata"ကို -
2:08 - 2:10သူတို့ကို ပေးမယ်။
-
2:10 - 2:13တစ်ဖက်က ထောက်ခံပြီး
အခြားတစ်ဖက်က ကန့်ကွက်မယ်။ -
2:13 - 2:17ဆွေးနွေးပွဲ အဆုံးမှာ ပါမောက္ခက
သူ့ကိုယ်ပိုင် ထိုးထွင်းအမြင်ကို ပေးမယ် -
2:17 - 2:21ကဲ ဒါကို လက်ရှိ အများပိုင် ကျောင်းစနစ်မှာ
သုံးလို့ရတယ်လို့ ထင်တယ်။ -
2:21 - 2:23ဒီနည်းလမ်းမှာ ကျောင်းသားတွေဟာ
-
2:23 - 2:27ယနေ့ နိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးပါဆုံး
ကိစ္စတွေအကြောင်း ဆွေးနွေးနိုင်တယ်။ -
2:27 - 2:31ဆရာတွေကို ချန်လှပ်တာနဲ့အတူ
သူတို့ ကိုယ်ပိုင်အမြင်တွေကို ဖော်ပြဖို့ပါ။ -
2:32 - 2:35ဒီနည်းစနစ်နဲ့ ဒီသင်ကြားရေး နည်းစနစ်ကို
-
2:35 - 2:38အများပိုင်ကျောင်း စနစ်နဲ့ ဖြစ်နိုင်တာက
ကိုယ်ပိုင်ကျောင်း စနစ်မှာ အသုံးချရင် -
2:39 - 2:41နှစ်မျိုးရှိတဲ့ ရလဒ်တွေ ပေးနိုင်မယ်ထင်တယ်။
-
2:41 - 2:45ပထမ ရလဒ်က အပေးအယူလုပ်တဲ့
ဖြေရှင်းချက်တွေ ဖန်တီးဖို့ ဖြစ်မယ်။ -
2:45 - 2:47ယနေ့ နိုင်ငံက ရင်ဆိုင်နေရတဲ့
အရေးပါဆုံး လူမှုစီးပွား -
2:47 - 2:52နိုင်ငံရေးကိစ္စတွေအပေါ် နှစ်ဖက်စလုံးက
အပေးအယူ လုပ်နိုင်မယ့် နည်းလမ်းမျိုးမှာပါ။ -
2:52 - 2:53ဒီနောက် အခြား ရလဒ်က
-
2:53 - 2:56အခြားတစ်ဖက်ရဲ့ သိနားလည်ခြင်း
တစ်ခု ဖြစ်လာမယ်။ -
2:56 - 3:00အခြားတစ်ဖက်ကို ထိခိုက်နစ်စေတာ ရပ်တန့်ဖို့
ဒီနည်းစနစ်ကို အသုံးပြုလို့ ရတယ်ထင်တယ်။ -
3:00 - 3:02သင် ဘယ်ဘက်က ရှိနေနေပါ။
-
3:03 - 3:07ကဲ ဒီစိတ်ကူးက အကောင်းဆုံး
မဟုတ်တာ ကျွန်တော် သိပေမဲ့ -
3:07 - 3:10ဒါက အကောင်းမြင်တဲ့ အနာဂတ်
တစ်ခုဆီ ဦးတည်ရာတစ်ခုပါ။ -
3:10 - 3:13ဒါပေမဲ့ ခပ်ကြောင်ကြောင် အရာက
ဒီဟောပြောချက် တစ်ခုလုံးဟာ -
3:13 - 3:16အဆိုပြုချက်နဲ့ ဆွေးနွေးငြင်းခုံချက်
တစ်ခုထက် ဘာမှ မပိုတာပါ။ -
3:16 - 3:18ဒီတော့ စတင် ဝေဖန်ဆွေးနွေးကြစို့။
-
3:18 - 3:19ကျေးဇူးတင်ပါတယ်။
- Title:
- ပညာရေး နည်းစနစ်ကို ပြန်လည်ဆန်းသစ်မှု။ Erich Vasquez | TEDxDoralAcademyPrep
- Description:
-
"ဆွေးနွေးငြင်းခုန်ခြင်းဟာ နိုင်ငံတစ်ခုကို စည်းလုံးလာစေနိုင်တဲ့ အင်အားတွေကို စုစည်းပေးတဲ့ အင်အားကြီးပါ။"
Erich ဟာ ကျူးဘား ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သားတစ်ယောက်နဲ့ ဘဝရဲ့ ရိုးစင်းမှုကို ရှုကြည့်တဲ့ အယူဝါဒသမားတစ်ဦးဖြစ်ရတာကို ဂုဏ်ယူတယ်။ ဒဿန နယ်ပယ်ရဲ့ စေ့ဆော်မှုကြောင့် သက်ကြီးတစ်ယောက်ဖြစ်တဲ့ Erich ဟာ သင့်တော်တဲ့ စကားရည်လုပွဲတွေကို နှစ်သက်ခံစားပြီး ယုတ္တိဗေဒနဲ့ ၎င်းရဲ့ ဥပဒေသတွေရဲ့ စံချိန်ကို အသုံးပြုရင်း စိတ်ကူးတွေရဲ့ ထွေပြားတဲ့ အစုတစ်စုအကြောင်း ဟောပြောဖို့ သိလာခဲ့တယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 03:23
sann tint approved Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
Myo Aung accepted Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
Myo Aung edited Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
sann tint edited Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
sann tint edited Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
sann tint edited Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
sann tint edited Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep | ||
sann tint edited Burmese subtitles for The revival of the scholastic method | Erich Vasquez | TEDxDoralAcademyPrep |