Winston Churchill တစ်ချိန်တုန်းက ပြောခဲ့တာက "နောက်ပြန် ပိုဝေးဝေး ကြည့်နိုင်လေ၊ အရှေ့ကို ပိုဝေးဝေး မြင်နိုင်လေပါ" ဒီနှိုးဆော်မှုကို လက်ရှိကာလ အမေရိကမှာ အသုံးချနိင်တယ်လို့ ထင်တယ်။ အမေရိကန် ပြည်ထောင်စုက အရင်တုန်းက အတိုင်း ဒီနေ့လည်း ကွဲပြဲနေတုန်းပါ။ လူတွေဟာ ဒီနေ့ တိုင်းပြည် ရင်ဆိုင်နေရတဲ့ အရေးအပါဆုံး လူမှု-စီးပွား နိုင်ငံရေး ကိစ္စတွေကို ထိုင်ပြီး ဆွေးနွေးပွဲဖို့ကို ငြင်းဆိုနေကြတယ်။ ရူးကြောင်ကြောင်ပါ။ ဖုန်းပေါ်မှာရှိတဲ့ မှတ်ချက် ပေးတဲ့အပိုင်းကိုကြည်တော့ အချေအတင် ပြောနေတာကို တွေ့တယ်။ နောက် လူတစ်ယောက်က ဗုံးကြဲတော့ ပွက်လောရိုက်ကုန်ရော။ နှစ်ဖက်စလုံးက ဆွေးနွေးပွဲမှာ ထိုင်ဖို့ ငြင်းဆန်ကြတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက တစ်ခုမှာတော့ သဘောတူကြတယ်။ ဒါကတော့ ဒီအရေးကြီး ကိစ္စတွေကို နိုင်ငံတော် အဆင့်မှာ စကားဝိုင်းတစ်ခု ကျင်းပဖို့ လိုအပ်တယ်ဆိုတာပါ။ ဥပမာ၊ ထင်ရှားတဲ့ လစ်ဗရယ်သမား ဖြစ်တဲ့ Sam Harris က ယနေ့ နိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးပါဆုံး ကိစ္စတွေအပေါ်မှာ သင့်တော်တဲ့ စကားဝိုင်းတစ်ခု ရှိဖို့ လိုအပ်ချက်ကို ဆွေးနွေးတယ်။ အခြားတစ်ဖက်မှာတော့ လူငယ် ရှေးရိုးစွဲ Ben Shapiro က ယနေ့ နိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးပါဆုံး လူမှု-စီးပွား နိုင်ငံရေး ကိစ္စတွေမှာရှိတဲ့ ပြဿနာတွေအကြောင်း ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောတယ်။ ဒါပေမံ့ မေးခွန်းတစ်ခုတော့ ကျန်နေတယ်။ နိုင်ငံတော် အဆင့်မှာ ဒီစကားဝိုင်းကို ဘယ်လို အသုံးချမလဲ။ ဒီတော့ စတွေးမိပြီး သမိုင်းမှာ အဖြေရှိတယ်ဆိုတာက စိတ်ကူးထဲဝင်လာတယ်။ အလယ်ခေတ်တွေတုန်းက Plato နဲ့ Aristotle တို့ရဲ့ စာပေတွေဟာ အမျိုးမျိုး ကွဲပြားစေတဲ့ နည်းနဲ့ ပညာဉာဏ်ရှိတဲ့ ဥရောပကို လွှမ်းမိုးနေခဲ့တယ်၊ ဒါက ပညာတတ်နယ်ပယ် အတွင်းမှာ ဝိရောဓိ ဖန်တီးပေးခဲ့တော့ ပါမောက္ခတွေနဲ့ ဒဿနိကပညာရှင်တွေဟာ "ကျောင်းပညာရေး နည်းစနစ်"ဆိုတဲ့ သင်ကြားနည်းတစ်ခု ဖန်တီးတယ်။ ကျောင်းပညာရေး နည်းစနစ်က သင်ကြားနည်းပါ၊ ဒီနည်းစနစ်နဲ့ ယုတ္တိဗေဒ အသုံးပြုကနေ သီးခြား အကြောင်းအရာ တချို့တို့ ဆွေးနွေးဖို့ ဆွေးနွေးငြင်းခုံမှုကို အသုံးပြုတာပါ။ ဒီလိုနဲ့ ပုံမှန် ကဏ္ဍတစ်ခုမှာ အတန်းက ဝင်လာပြီး အတန်းကို နှစ်စု ခွဲလိုက်မှာပါ။ ပါမောက္ခက "အငြင်းပွားတဲ့ မေးခွန်း" လက်တင်လို "quaestio disputatata"ကို သူတို့ကို ပေးမယ်။ တစ်ဖက်က ထောက်ခံပြီး အခြားတစ်ဖက်က ကန့်ကွက်မယ်။ ဆွေးနွေးပွဲ အဆုံးမှာ ပါမောက္ခက သူ့ကိုယ်ပိုင် ထိုးထွင်းအမြင်ကို ပေးမယ် ကဲ ဒါကို လက်ရှိ အများပိုင် ကျောင်းစနစ်မှာ သုံးလို့ရတယ်လို့ ထင်တယ်။ ဒီနည်းလမ်းမှာ ကျောင်းသားတွေဟာ ယနေ့ နိုင်ငံ ရင်ဆိုင်နေရတဲ့ အရေးပါဆုံး ကိစ္စတွေအကြောင်း ဆွေးနွေးနိုင်တယ်။ ဆရာတွေကို ချန်လှပ်တာနဲ့အတူ သူတို့ ကိုယ်ပိုင်အမြင်တွေကို ဖော်ပြဖို့ပါ။ ဒီနည်းစနစ်နဲ့ ဒီသင်ကြားရေး နည်းစနစ်ကို အများပိုင်ကျောင်း စနစ်နဲ့ ဖြစ်နိုင်တာက ကိုယ်ပိုင်ကျောင်း စနစ်မှာ အသုံးချရင် နှစ်မျိုးရှိတဲ့ ရလဒ်တွေ ပေးနိုင်မယ်ထင်တယ်။ ပထမ ရလဒ်က အပေးအယူလုပ်တဲ့ ဖြေရှင်းချက်တွေ ဖန်တီးဖို့ ဖြစ်မယ်။ ယနေ့ နိုင်ငံက ရင်ဆိုင်နေရတဲ့ အရေးပါဆုံး လူမှုစီးပွား နိုင်ငံရေးကိစ္စတွေအပေါ် နှစ်ဖက်စလုံးက အပေးအယူ လုပ်နိုင်မယ့် နည်းလမ်းမျိုးမှာပါ။ ဒီနောက် အခြား ရလဒ်က အခြားတစ်ဖက်ရဲ့ သိနားလည်ခြင်း တစ်ခု ဖြစ်လာမယ်။ အခြားတစ်ဖက်ကို ထိခိုက်နစ်စေတာ ရပ်တန့်ဖို့ ဒီနည်းစနစ်ကို အသုံးပြုလို့ ရတယ်ထင်တယ်။ သင် ဘယ်ဘက်က ရှိနေနေပါ။ ကဲ ဒီစိတ်ကူးက အကောင်းဆုံး မဟုတ်တာ ကျွန်တော် သိပေမဲ့ ဒါက အကောင်းမြင်တဲ့ အနာဂတ် တစ်ခုဆီ ဦးတည်ရာတစ်ခုပါ။ ဒါပေမဲ့ ခပ်ကြောင်ကြောင် အရာက ဒီဟောပြောချက် တစ်ခုလုံးဟာ အဆိုပြုချက်နဲ့ ဆွေးနွေးငြင်းခုံချက် တစ်ခုထက် ဘာမှ မပိုတာပါ။ ဒီတော့ စတင် ဝေဖန်ဆွေးနွေးကြစို့။ ကျေးဇူးတင်ပါတယ်။