ကိုယ့် စပ်စုလိုစိတ်ကို သိပ္ပံနည်းကျစွာ ဆွပေးနိုင်ပုံ
-
0:01 - 0:04လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက
သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ပြီး -
0:04 - 0:06စိတ်ညစ်စရာကို ပြောပြခဲ့တယ်။
-
0:06 - 0:08သူမရဲ့ ဆဲလ်ဖုန်း အိမ်သာထဲ ကျသွားခဲ့တယ်။
-
0:08 - 0:11ဒီမှာ ရှိနေကြတဲ့ သူတွေဆီမှာရော
အဲဒါမျိုး ကြုံခဲ့ဘူးသလား။ -
0:11 - 0:12(ရယ်သံများ)
-
0:12 - 0:14ဒီတော့ အခြေအနေက စိတ်ပျက်စရာကြီးပေါ့။
-
0:14 - 0:18ဘယ်လိုလုပ်ပြီး အဲဒီလိုကျသွားခဲ့တာလဲ၊
ပြီးတော့ ဘယ်လိုလုပ် သူပြန်ထုတ်ယူခဲ့လဲ -
0:18 - 0:20အသေးစိတ်တွေကို ပြောမပြချင်တော့ပါဘူး။
-
0:20 - 0:22အဲဒါဟာ တကယ့်ကို စိတ်ညစ်စရာ
အခြေအနေဆိုတာ ရှင်းနေပါတယ်။ -
0:22 - 0:25သူမဟာ ထိတ်လန့် တုန်လှုပ်နေခဲ့တယ်။
-
0:25 - 0:29ကျွန်မတို့ အားလုံးလိုပဲ ဖုန်းဟာ အများဆုံး
သုံးတဲ့ ဘဝထဲ မရှိမဖြစ်တဲ့ အရာမို့လို့ပါ။ -
0:29 - 0:32အခြားတစ်ဖက်မှကျတော့ သူမဟာ အဲဒီပြဿနာကို
ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ပါ။ -
0:32 - 0:36အဲဒါဟာ လုံးဝကို နားလည်မရနိုင်တဲ့
ဆန်းကြယ်တဲ့ အရာမို့လို့ပါ။ -
0:36 - 0:39သူ့အခြေအနေကို ရှင်တို့ စဉ်းစားကြည့်ကြပါ၊
ရှင်တို့ ဘာလုပ်ခဲ့ကြမလဲ။ -
0:39 - 0:43ရှင်တို့ဟာ ရှင်တို့ရဲ့ ဖုန်းအလုပ်လုပ်ပုံ
ဘယ်လောက်များ နားလည်ကြလို့လဲ။ -
0:43 - 0:46ဘာတွေကိုများစမ်းသပ်ကြည့်ကြမလဲ
ဒါမှမဟုတ် ပြင်ကြမှာလဲ။ -
0:46 - 0:50လူအများစုကတော့ ဘာမှ လုပ်ကြမှာ မဟုတ်ပါဘူး။
-
0:50 - 0:52စကားစပ်မိလို့၊ လေ့လာမှု တစ်ခု တွေ့ခဲ့တာက
-
0:52 - 0:55ဒီနိုင်ငံထဲက စမတ်ဖုန်းသုံးစွဲသူ
၈၀ ရာခိုင်နှုန်းနီးပါးတို့ဟာ -
0:55 - 0:58သူတို့ဖုန်းထဲက ဘက်ထရီကိုတောင်
တစ်ခါဘူးမျှ မလဲခဲ့ကြပါ၊ -
0:58 - 1:01ပြီးတော့ ၂၅ % ကျတော့ ဘက်ထရီကို
လဲလို့ ရနိုင်တာကိုတောင် မသိကြပါ။ -
1:01 - 1:04ကျွန်မကတော့ စမ်းသပ်မှုတွေ ပြုလုပ်တဲ့
ရူပဗေဒပညာရှင်ပါ။ -
1:04 - 1:06ဒါကြောင့် ဒီလိုအကြောင်းကို ဆွေးနွေးနေတာပါ။
-
1:07 - 1:12ကျွန်မ nano အရွယ်အစား အီလက်ထရောနစ် ကိရိယာ
တွေ ပြုစုထုတ်လုပ်မှု အထူးလေ့လာသူ ဖြစ်ပြီး -
1:12 - 1:16၎င်းတို့ရဲ့ အခြေခံ ကွမ်တမ်စက်မှု
ဂုဏ်သတ္တိတွေကို အထူးပြု လေ့လာသူပါ။ -
1:16 - 1:22ဒါတောင် ကျွန်မကပါ ကျွန်မဖုန်း ပျက်သွား
ခဲ့ရင် ဘယ်လို အစိတ်အပိုင်းတွေ -
1:22 - 1:23စမ်းသပ်ရမှာကို မသိပါဘူး။
-
1:23 - 1:27ကျွန်မတို့ အားကိုးရပေမဲ့ ကျွန်မတို့ မစမ်း
သပ်တတ်၊ အပိုင်းအစတွေကို ခွဲမထုတ်တတ်တဲ့ -
1:27 - 1:31ကိရိယာတွေ အများအပြားထဲက ဖုန်းဟာ
ဥပမာ တစ်ခုမျှပါ။ -
1:31 - 1:36ကားတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေသာမက ကစားစရာ
တွေတောင် လွန်စွာမှ ရှုပ်ထွေးအဆင့်မြင့်လို့ -
1:36 - 1:40ကျွန်မတို့ဟာ ၎င်းတို့ကို ဖွင့်ဖို့၊
ပြင်ဖို့ကို ကြောက်ကြတယ်။ -
1:40 - 1:43ဒီတော့ ပြဿနာက ဒီလိုပါ-
-
1:43 - 1:47ကျွန်မတို့နဲ့ ကျွန်မတို့ သုံးတဲ့ နည်းပညာ
ပစ္စည်းတွေ အကြားမှာအဆက်အသွယ် မရှိခြင်းပါ။ -
1:48 - 1:52ကျွန်မတို့ အများဆုံး မှီခိုအားကိုးနေကြရတဲ့
ကိရိယာတွေနဲ့ လုံးဝကို ကင်းကွာနေကြလို့ -
1:52 - 1:55ကျွန်မတို့ဟာ ဘာလုပ်ရမှန်းမသိ၊
ဘာမှမရှိတော့သလို ခံစားလာစေပါတယ်။ -
1:56 - 2:00သုတေသန တစ်ခုက အခုခေတ်မှာ ကျွန်မတို့ဟာ
သေရမှာထက်ကို နည်းပညာပစ္စည်းတွေကို -
2:00 - 2:03ပိုပြီး ကြောက်နေကြရတယ်လို့ ရှာတွေ့ခဲ့တာဟာ
-
2:03 - 2:06ဘာမှ မထူးဆန်းပါဘူး။
-
2:06 - 2:09(ရယ်သံများ)
-
2:09 - 2:14ဒါပေမဲ့ ကျွန်မအထင် ကျွန်မတို့ဟာ
ကျွန်မတို့ရဲ့ ကိရိယာတွေနဲ့ ဆက်သွယ်မှုကို -
2:14 - 2:16ပြန်ထူထောင်နိုင်ကြမယ်၊ လူသားဆန်အောင်
လုပ်ပေးနိုင်ကြပါတယ်၊ -
2:16 - 2:19လက်တွေ့ စမ်းသပ်မှုတွေကို
ပိုပြီး လုပ်ကိုင်ပေးကြဖို့ လိုပါတယ်။ -
2:20 - 2:25ဘာဖြစ်လို့လဲ? စမ်းသပ်မှု ဆိုတဲ့ဟာက
ယူဆချက် တစ်ခုခုကို စမ်းသပ်တဲ့၊ -
2:25 - 2:27အချက်တစ်ခုခုကို ပြသပေးတဲ့ လုပ်ငန်းစဉ်ပါ။
-
2:27 - 2:30အဲဒီလိုနည်းဖြင့် ကျွန်မတို့ဟာ
ကျွန်မတို့ရဲ့ အာရုံတွေကို သုံးပြီး၊ -
2:30 - 2:32ကျွန်မတို့ လက်များဖြင့်၊
-
2:32 - 2:33ကမ္ဘာကြီးကို ထိတွေ့ဆက်သွယ်တဲ့
-
2:33 - 2:36အရာတွေ အလုပ်လုပ်ကြပုံကို သိနားလည်ရန်
ကြိုးစားကြပါတယ်။ -
2:36 - 2:39အဲဒီလို ဆက်သွယ်မှုကိုမှ ကျွန်မတို့
အခုအချိန်မှာ မရှိကြတာပါ။ -
2:39 - 2:41ရှင်တို့ကို ဥပမာတစ်ခုနဲ့ ရှင်းပြပါရစေ။
-
2:41 - 2:43ကျွန်မ မကြာခင်တုန်းက တာခ်ျစခရင်
အလုပ်လုပ်ပုံကို နားလည်ရန် -
2:43 - 2:46ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုက ဒီလိုပါ။
-
2:46 - 2:47အဲဒီထဲမှာ သတ္တုပြား နှစ်ခုတည်းပါ၊
-
2:47 - 2:52ကျွန်မဟာ ဘက်ထရီ တစ်ခုမှနေပြီး
တစ်ခုဆီကို အားသွင်းပေးနိုင်တယ်။ -
2:54 - 2:55အိုကေ နော်။
-
2:56 - 2:59ပြီးတော့ ဓာတ်အား ထွက်လာတာကို
ကျွန်မဟာ ဗို့မီတာနဲ့ တိုင်းနိုင်တးယ်။ -
2:59 - 3:01အခုတော့ အဲဒါ အလုပ်လုပ်မှန်း
သေချာဖို့ လိုပါတယ်။ -
3:02 - 3:04ကျွန်မက ချပ်ပြားတွေ အနီးမှာ
လက်နဲ့ ဝှေ့ယမ်းပြတော့ -
3:04 - 3:07တာခ်ျစခရင်က ကျွန်မလက်ကို တုံ့ပြန်သလိုပဲ
-
3:07 - 3:09ဗို့အား ပြောင်းလဲသွားတာကို
ရှင်တို့ မြင်နိုင်ပါတယ်။ -
3:10 - 3:14ကျွန်မ လက်က ဘာများ ထူးခြားလို့လဲ။ ကျွန်မဟာ
စမ်းသပ်မှုကို နောက်ထပ် လုပ်ဖို့ လိုတယ်။ -
3:14 - 3:16ဒါနဲ့၊ ကျွန်မက သစ်စ တစ်ခုကို ယူပြီး
-
3:16 - 3:19အပြားတစ်ခုကို တို့ကြည့်တော့
ဘာမှ ဖြစ်မလာတာ မြင်ရတယ်၊ -
3:19 - 3:22ဒါပေမဲ့ ကျွန်မက သတ္တုအစ
တစ်ခုကိုယူပြီး ထိကြည့်တော့ -
3:22 - 3:24ဗို့အား တစ်အားပြောင်းသွားခဲ့တယ်။
-
3:24 - 3:27အခုဆက်ပြီး သစ်နဲ့ သတ္ထုအကြား
ခြားနားချက်ကို နားလည်ဖို့အတွက် -
3:28 - 3:30ကျွန်မ ရှေ့ဆက် စမ်းသပ်မှုကို လုပ်ကြည့်တော့
-
3:30 - 3:32သစ်စဟာ လျှပ်မကူးနိုင်ပေမဲ့ သတ္ထုကျတော့
-
3:32 - 3:35ကျွန်မ လက်လိုပဲ
လျှပ်ကူးနိုင်တာကို တွေ့ရမယ်။ -
3:35 - 3:37ဒီလိုနည်းဖြင့် ကျွန်မဟာ
အသိတရား တစ်ခုကို ရယူနိုင်ခဲ့ပြီ။ -
3:37 - 3:41တာခ်ျစခရင်ကို သုံးချင်ရင် လက်အိတ်နဲ့
သုံးမရနိုင်တာ ကျွန်မ နားလည်လာပြီ၊ -
3:41 - 3:42လက်အိတ်ဟာ လျှပ်မကူးနိုင်လို့ပါ။
-
3:43 - 3:48အဲဒီတစ်ချိန်တည်းမှာ ကျွန်မဟာ နည်းပညာနောက်
ကွယ်က ထူးဆန်းချက် အချို့ကို သိနိုင်ခဲ့ပြီး -
3:48 - 3:51ကျွန်မကိုယ်တိုင် လေ့လာခဲ့ခြင်းဖြင့်
-
3:51 - 3:55ကျွန်မရဲ့ ကိရိယာကို အသုံးချပြီး ကိုယ်တိုင်
စူးစမ်း တုံ့ပြန်ကြည့်နိုင်ခဲ့တယ်။ -
3:55 - 4:00ဒီလို စမ်းသပ်မှုဟာ တကယ်တော့ ပစ္စည်းတွေကို
ခွဲထုတ်ယူမှုထက် တစ်ဆင့် ပိုမြင့်ပါတယ်။ -
4:00 - 4:04အဲဒါဟာ လက်နဲ့ စမ်းသပ်လုပ်ကြည့်ရင်း
နားလည်ဖို့ ကြိုးပမ်းမှုပါ။ -
4:04 - 4:08ဒီနေရာ ကျွန်မ စမ်းသပ်နေတာက
တာခ်ျစခရင် အလုပ်လုပ်ပုံလား၊ -
4:08 - 4:11မတူကွဲပြားကြတဲ့ ပစ္စည်းတွေရဲ့
လျှပ်ကူးမှုကို တိုင်းကြည့်နေတာလား၊ -
4:11 - 4:14ဒါမှမဟုတ် ပစ္စည်းတစ်ခုရဲ့ အထူအပါးကို
လိုက်ပြီး ကျွန်မရဲ့ လက်နဲ့ -
4:14 - 4:17ဖိနှိပ်ရင်း ချိုးပစ်ဖို့ ဘယ်လောက် မလွယ်တာ
စမ်းကြည့်နေတာလား မထူးပါဘူး။ -
4:17 - 4:21ကိစ္စရပ်အားလုံးထဲမှာ ကျွန်မဟာ ကျွန်မ
သုံးကြည့်နေတဲ့ ပစ္စည်းရဲ့ -
4:21 - 4:23အခြေခံကို နားလည်ဖို့ ကြိုးစားရင်း
ထိန်းချုပ်ချင်ပါတယ်။ -
4:24 - 4:26အဲဒါ့အတွက် စူးစမ်းမှုကို လုပ်ရတာပါ။
-
4:26 - 4:28တစ်ခုအတွက် ကျွန်မရဲ့ လက်ကို သုံးခဲ့ရာ
-
4:28 - 4:30အတော်ကလေး အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
-
4:30 - 4:33ကျွန်မဟာ ပညာပို့ချရာမှာလည်း
လက်တွေကို သုံးခြင်းဖြင့် -
4:33 - 4:36နားလည်စေရုံသာမက
မှတ်ဉာဏ်ထဲ စွဲကျန်ရစ်စေပြီး -
4:36 - 4:40ကျွန်မတို့ ဦးနှောက်ထဲက ပိုများတဲ့ အပိုင်း
တွေကိုပါ တက်ကြွပါဝင်စေနိုင်ပါတယ်။ -
4:40 - 4:44ဒီတော့ ဒီလို လက်ကိုသုံးပြီး နားလည်နိုင်တဲ့
စမ်းသပ်မှုဒတွေဟာ -
4:44 - 4:46ကျွန်မတို့ သိရှိနားလည်တာတွေကို
-
4:46 - 4:48ကျွန်မတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို တောင်၊
-
4:48 - 4:52ရုပ်ပိုင်း ကမ္ဘာကြီးနဲ့ ကျွန်မတို့ သုံးတဲ့
ပစ္စည်းတွေနဲ့ ဆက်သွယ်ပေးနိုင်ပါတယ်။ -
4:52 - 4:54အင်တာနက်ပေါ်မှာအရာတွေကို ကြည့်ရှုရတာဟာ
-
4:54 - 4:56အဲဒီလို သက်ရောက်မှုမျိုး မရှိနိုင်ပါဘူး။
-
4:57 - 4:59ကျွန်မရဲ့ စမ်းသပ်မှုတွေကို
ဒီလို အာရုံစိုက်လာမှုဟာလည်း -
4:59 - 5:01သိပ်ကို ပုဂ္ဂိုလ်ရေးဆန်တဲ့ အရာဖြစ်တယ်။
-
5:01 - 5:04ကျွန်မဟာ စမ်းသပ်မှု ပြုလုပ်ရင်း
ကြီးပြင်းလာခဲ့တာ မဟုတ်ပါ။ -
5:04 - 5:06ရူပဗေဒပညာရှင်ဟာ
ဘာတွေလုပ်မှန်း ကျွန်မ မသိခဲ့ပါ။ -
5:06 - 5:10ကျွန်မအစ်ဆီမှာ ဓာတုဗေဒပစ္စည်း တစ်စုံ
ရှိခဲ့တာ ကျွန်မ သုံးချင်ခဲ့တာ မှတ်မိတယ်၊ -
5:10 - 5:12ဒါပေမဲ့ သူဟာ ထိခွင့်တောင် မပေးခဲ့ဘူး။
-
5:12 - 5:15ကျွန်မ စိတ်ဟာ ကမ္ဘာကြီးနဲ့ ဆက်စပ်မှု
မရှိသလို ကျွန်မခံစားမိခဲ့တယ် -
5:15 - 5:16ဘာကြောင့်လဲ ကျွန်မမသိပါ။
-
5:16 - 5:18တကယ်တော့ ကျွန်မ အသက်ကိုးနှစ်တုန်းက၊
-
5:18 - 5:21ကျွန်မ အဖွားက ကျွန်မကို
solipsist လို့ခေါ်ခဲ့တယ်၊ -
5:21 - 5:23အဲဒါ ဘာလဲဆိုတာ ကျွန်မ ရှာကြည့်ခဲ့ရတယ်။
-
5:23 - 5:27တည်ရှိနေတာဆိုလို့ ကိုယ်ကိုယ်တိုင်
တစ်ဦးတည်းလို့ ထင်မြင်သူကို ဆိုလိုတာပါ။ -
5:27 - 5:30အဲဒီတုန်းက ကျွန်မ အဲဒီလို အခေါ်ခံရတာ
အတော်လေး စိတ်ဆိုးခဲ့ပါတယ်၊ -
5:30 - 5:32ဘယ်သူရဲ့ အဖွားက အဲဒီလို ခေါ်ရက်မှာလဲ။
-
5:32 - 5:35(ရယ်သံများ)
-
5:35 - 5:38ဒါပေမဲ့ သူပြောခဲ့တာ မှန်တယ်လို့ ထင်တယ်။
-
5:38 - 5:41အဲဒီနောက် နှစ်ပေါင်း အတော်ကြာမှ၊
-
5:41 - 5:43ကျွန်မ ကောလိပ်ကို တက်ရင်း ရူပဗေဒရဲ့
အခြေခံကို လေ့လာစဉ်၊ -
5:43 - 5:45ကျွန်မ အချက်တစ်ချက်ကို သိမြင်လာခဲ့တယ်၊
-
5:45 - 5:46ကမ္ဘာကြီးဟာ၊
-
5:46 - 5:48အနည်းဆုံးအားဖြင့် ရုပ်ပိုင်းကမ္ဘာဆိုတာ၊
-
5:48 - 5:50စမ်းသပ်လို့ ရနိုင်ပြီး သိနားလည်နိုင်တယ်၊
-
5:50 - 5:53ကမ္ဘာကြီး ဆိုတာ ဘာလဲ၊ ပြီးတော့
ကမ္ဘာကြီးထဲက ကျွန်မရဲ့ နေရာက ဘာလဲ -
5:53 - 5:54ဆိုတဲ့ လုံးဝကို မတူခြားနားတဲ့
-
5:54 - 5:56ခံစားရတဲ့ အသိစိတ်ကို ရရှိခဲ့တယ်။
-
5:56 - 6:00အဲဒီနောက်မှာ ကျွန်မက
ကိုယ်ပိုင် စမ်းသပ်မှုတွေ လုပ်နိုင်လာလို့ -
6:00 - 6:02သုတေသနမှ တစ်ဆင့် အသိတရားတွေ ရလာချိန်မှာ
-
6:02 - 6:04ကမ္ဘာကြီးနဲ့ ကျွန်မ ဆက်သွယ်နေပုံ ပြည့်စုံ
လာခဲ့ပါပြီ။ -
6:05 - 6:10အခုတော့ လူတိုင်းဟာ စမ်းသပ်မှု လုပ်နိုင်တဲ့
ရူပဗေဒပညာရှင်တွေ မဟုတ်တာ သိပါတယ်၊ -
6:10 - 6:14ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်လက်နဲ့
စမ်းသပ်မှုတွေ လုပ်သင့်တယ်လို့ ယူဆပါတယ်။ -
6:15 - 6:17တကယ်တမ်းမှာ ကျွန်မ ထင်တာက၊
-
6:17 - 6:19နောက် ဥပမာတစ်ခု ပြောပြပါရစေ။
-
6:19 - 6:23မကြာခင်တုန်းက ကျွန်မဟာ အလယ်တန်းကျောင်းသား
အချို့နဲ့ အလုပ်လုပ်ခဲ့ရတယ်၊ -
6:23 - 6:25သံလိုက်ဓာတ်အကြောင်း သူတို့နားလည်ရန်
ကူသင်ပေးနေခဲ့တာ၊ -
6:25 - 6:29ကျွန်မက သူတို့ကို Magna Doodle ကို ပေးပြီး
တစ်ပိုင်းချင်း ထုတ်ကြည့်ဖို့ ပြောတယ်။ -
6:29 - 6:32ရှင်တို့ အဲဒါတွေကို မှတ်မိကြမှာပါ။
-
6:33 - 6:37အစပိုင်းတွင် တစ်ယောက်ကမှ
မထိမတို့ချင်ခဲ့ကြဘူး။ -
6:38 - 6:42ပစ္စည်းတွေကို မချိုးရဘူးလို့
သူတို့ မကြာမကြာ မှာကြားခံခဲ့ရလို့ -
6:42 - 6:44သူတို့ဟာ ယူပြီးသုံးတတ်ရုံသာ
သုံးကြသူတွေ ဖြစ်လာတယ်။ -
6:44 - 6:47အဲဒါနဲ့ ကျွန်မက သူတို့ကို
မေးခွန်းတွေ မေးကြည့်ခဲ့တယ်။ -
6:47 - 6:50ဒါ ဘယ်လို အလုပ်လုပ်တာ မင်းတို့ သိလား။
သံလိုက်ဆိုတဲ့ အပိုင်းက ဘယ်ဟာလဲ။ -
6:50 - 6:53ယူဆချက်တစ်ခုကို ခန့်မှန်းပြီး အဲဒါကို
မင်းတို့ စမ်းကြည့်နိုင်သလား။ -
6:53 - 6:55ဒါတောင် သူတို့ ဖွင့်မကြည့်ခဲ့ကြဘူး။
-
6:55 - 6:57အဲဒါကို သူတို့နဲ့အတူ
အိမ်ကို ယူသွားချင်တယ်။ -
6:57 - 7:01နောက်ဆုံးမှာ ကလေးတစ်ယောက်က ဘူးဖောက်ရင်း
အတွင်းမှာ အံ့ဖွယ်အရာတွေကို မြင်လိုက်ရတယ်။ -
7:01 - 7:04အဲဒါကို ကျွန်မတို့ပါ ဒီမှာ လက်တွဲပြီး
လုပ်ကိုင်ကြည့်နိုင်ကြပါတယ်။ -
7:04 - 7:06အထဲက အပိုင်းတွေကို
တစ်ခုချင်း ထုတ်ယူဖို့ လွယ်ပါတယ်။ -
7:09 - 7:14ဒီမှာ၊ အထဲမှာ သံလိုက်ကို တွေ့နိုင်ပါတယ်၊
အဲဒါကို ဖြတ်ပြီး ဖွင့်နိုင်ပါတယ်။ -
7:17 - 7:19ထပ်ပြီး ဖြတ်လိုက်ရင် ခွဲထုတ်ယူနိုင်ပါပြီ။
-
7:19 - 7:23အဲဒီလို လုပ်လိုက်ရင် --
ရှင်တို့ မြင်ရလား မသိဘူး၊ -
7:23 - 7:27ဒီထဲမှာ အဖြူရောင်အရာကို မြင်ကြတယ်နော်။
-
7:27 - 7:30အခုတော့ ကျွန်မ လက်ချောင်း
ပေါ်မှာလည်း တွေ့ကြရမှာပါ။ -
7:30 - 7:33ကျွန်မက ဘောပင်ကို ၎င်းနားကို ကပ်ကြည့်ရင်၊
-
7:35 - 7:39ဒီလို အစလေးတွေ ၎င်းဆီ ကပ်လာကြတာ မြင်ရမယ်။
-
7:39 - 7:41ကလေးတွေက အဲဒါကို မြင်ရတော့၊
-
7:41 - 7:43အဲဒါဟာ တယ်စိတ်ဝင်စားစရာ
ကောင်းပါလား သိလာကြတယ်။ -
7:43 - 7:45သူတို့ဟာ စိတ်လှုပ်ရှားလာကြတယ်။
-
7:45 - 7:48အဲဒါနဲ့ သူတို့အားလုံးက ဘူးကိုဖွင့်ပြီး
အပိုင်းအစတွေကို ထုတ်ယူကြတော့တယ်၊ -
7:48 - 7:51သူတို့ရှာတွေ့တာကို တအံ့တဩ ကြည့်နေလျက်
-
7:51 - 7:53သံလိုက်အမှုန်တွေ သံလိုက်က
ဘောပင်ဆီ လာကပ်တာကို၊ -
7:53 - 7:56အဲဒီလိုနည်းဖြင့် ရေးလို့
ရနိုင်တာကို မြင်လာကြတယ်။ -
7:56 - 7:59ပြီးတော့ အဖြူရောင် အမှုန်တွေ ပြန့်ကြဲနေပုံ
ရေးလို့ရနိုင်ပုံ နားလည်လာကြတယ်။ -
8:00 - 8:02သူတို့ဟာ အခန်းထဲက ထွက်ခါနီးမှာ
-
8:02 - 8:04ကလေးနှစ်ယောက်က ကျွန်မဘက်ကို လှည့်ပြီး
-
8:04 - 8:05"ကျနော်တို့ ဒါကို အရမ်းကြိုက်တယ်၊
-
8:06 - 8:10ဒီအပတ် စနေတနင်္ဂနွေမှာ အဲဒါတွေနဲ့ စမ်းသပ်
မှုတွေ နောက်ထပ် လုပ်ကြမယ်"လို့ ပြောကြတယ်။ -
8:10 - 8:12(ရယ်သံများ)
-
8:15 - 8:17အဲဒါကို မိဘတွေ
စိုးရိမ်နိုင်ကြတာကို သိပါတယ်၊ -
8:17 - 8:20ဒါပေမဲ့ ဒါဟာ ကောင်းတဲ့အရာပါ။
-
8:20 - 8:23စမ်းသပ်ခြင်းဟာ သိပ်ကို ကောင်းတဲ့အပြင်
-
8:23 - 8:28သိပ်ကို အကျိုးဖြစ်ထွန်းတယ်လို့
ကျွန်မ ခံစားမိပါတယ်။ -
8:28 - 8:31ဒီလို သံလိုက်ရိုးရိုးလေးနဲ့တောင်
-
8:31 - 8:34ကျွန်မတို့ အိမ်မှာ စမ်းသပ်မှုတွေ
လုပ်လို့ရနိုင်ပါတယ်။ -
8:34 - 8:37၎င်းတို့ဟာ ရိုးရှင်းပေမဲ့ တစ်ချိန်တည်းမှာ
ရှုပ်ထွေးကြပါတယ်။ -
8:37 - 8:39ဥပမာအားဖြင့်၊ ရှင်တို့ မေးချင်လိုကြမှာက
-
8:39 - 8:43ဘာဖြစ်လို့ ပစ္စည်းတစ်မျိုးတည်း ဖြစ်ပေမဲ့
ဆွဲယူနိုင်ပြီး တွန်းလှန်နိုင်ကြတာလဲ။ -
8:43 - 8:46သံလိုက် တစ်ခုကို ယူပြီး
အဲဒါရဲ့ အကူအညီဖြင့် -
8:46 - 8:49နောက်တစ်ခုကို လည်ပတ်အောင် လုပ်နိုင်မလား။
-
8:49 - 8:53ဒါမှမဟုတ်၊ ဟောဒီ ဒေါ်လာငွေစက္ကူကို ယူပြီး
-
8:53 - 8:55သံလိုက်တစ်စုံကို ဒီလိုထားကြည့်ရင်
-
8:55 - 8:59ဒေါ်လာငွေစက္ကူကို သံလိုက်တွေက
မ’ယူနိုင်တာကို မြင်ကြရမှာပါ။ -
8:59 - 9:03ငွေစက္ကူအတု လုပ်မရနိုင်အောင်
အဲဒီမှာ သံလိုက်မှင်ကို ထည့်ပေးထားလို့ပါ။ -
9:03 - 9:07ဒါမှမဟုတ် ဟောဒီမှာ ကြိတ်ခွဲထားတဲ့
နံနက်စာ စားစရာပါ။ အိုကေနော်။ -
9:07 - 9:10အဲဒါဟာလည်း သံလိုက်ဆွဲယူနိုင်တယ်။
မှန်တယ်နော်။ -
9:10 - 9:12အဲဒီမှာ သံပါလို့ပါ။
-
9:12 - 9:13(ရယ်သံများ)
-
9:14 - 9:16သံဓာတ်ဟာ ရှင်တို့အတွက် အကျိုးရှိတယ်လေ။
-
9:16 - 9:17နောက်ထပ် ပြောပြချင်ပါသေးတယ်။
-
9:17 - 9:20ဟောဒီမှာ ရှင်တို့ မြင်ရတာက
သံလိုက်ဓာတ် မရှိပါဘူး။ -
9:20 - 9:23အဲဒါကို ကျွန်မဟာ သံလိုက်နဲ့
မ’ယူ မရနိုင်ဘူး။ -
9:23 - 9:24ဒါပေမဲ့ အဲဒါကို အအေးခံပေးကြည့်မယ်။
-
9:24 - 9:27ခုနက အရာပဲ၊ အေးလာတဲ့ အခါမှာ၊
-
9:27 - 9:28ကျွန်မက အအေးခံပေးလိုက်ပြီး၊
-
9:33 - 9:35သံလိုက် အပေါ်မှာ တင်ပေးကြည့်ရင်၊
-
9:37 - 9:39ဖြစ်လာပုံက --
-
9:39 - 9:40(လက်ခုပ်သံများ)
-
9:40 - 9:41အဲဒါ အံ့သြစရာ မဟုတ်ပါလား။
-
9:45 - 9:47အဲဒါဟာ သံလိုက်လိုက်တဲ့ အရာ မဟုတ်ခဲ့ဘူး။
-
9:48 - 9:51ဒါတောင် သံလိုက်နဲ့
တနည်းနည်းနဲ့ ဓာတ်ပြုနိုင်တယ်။ -
9:51 - 9:54ဒီတော့ ဒါကို နားလည်ဖို့အတွက် စမ်းသပ်မှုတွေ
အများကြီး လုပ်ဖို့ လိုအပ်ပါတယ်။ -
9:54 - 9:58တကယ်တော့၊ ကျွန်မက သုတေသီ တစ်ဦးအနေနဲ့
ဒါမျိုးကို လုပ်ကိုင်လာခဲ့တာ အများကြီးပါပဲ။ -
9:58 - 10:00အဲဒါကို စူပါလျှပ်ကူးပစ္စည်းလို့ ခေါ်ပါတယ်။
-
10:00 - 10:04ဒီနေ့ စူပါလျှပ်ကူးပစ္စည်းတွေဟာ
ရှုပ်ထွေးနိုင်ကြပါတယ်၊ -
10:04 - 10:08ဒါတောင် စမ်းသပ်မှုရိုးရိုးက ကျွန်မတို့ကို
ကမ္ဘာကြီးနဲ့ ပိုကောင်းစွာ ဆက်သွယ်ပေးကြတယ်။ -
10:08 - 10:12flash memory ဆိုတာဟာ သံလိုက်ကို လည်ပတ်
စေခြင်းဖြင့် အလုပ်လုပ်ကြတယ်လို့ ပြောရင်၊ -
10:12 - 10:16ရှင်တို့ အဲဒါ စိတ်ကူးကြည့်ရနိုင်ပါပြီ။
ခုနက ရှင်တို့ မြင်ခဲ့ကြရတယ်။ -
10:16 - 10:18ဒါမှမဟုတ် MRI စက်တွေကို ယူကြည့်ပါက၊
-
10:18 - 10:22ရှင်တို့ ခန္ဓာကိုယ်ထဲရှိ
သံလိုက်အမှုန်တွေကို လည်ပတ်စေခြင်းဖြင့် -
10:22 - 10:24ခုနက လုပ်ပြခဲ့သလို အလုပ်လုပ်တာကို
နားလည်လာကြမှာပါ။ -
10:24 - 10:31ရှင်တို့ဟာ နည်းပညာတွေနဲ့ တုံ့ပြန်ခဲ့လို့
ကိရိယာတွေရဲ့ အခြေခံကို နားလည်လာကြပါပြီ။ -
10:34 - 10:40ကျွန်မတို့ ဘဝထဲမှာ အသစ်အဆန်းတွေကို
ထပ်ပေါင်းထည့်ဖို့ မလွယ်တာ ကျွန်မ သိပါတယ်၊ -
10:40 - 10:42စမ်းသပ်မှုတွေဆို ပိုခက်မှာပါ။
-
10:42 - 10:45ဒါပေမဲ့ အဲဒီလို စိန်ခေါ်မှုဟာ
လုပ်ရကျိုး နပ်တယ်လို့ ကျွန်မ ယူဆပါတယ်။ -
10:45 - 10:49တစ်ခုခု အလုပ်လုပ်ပုံကို စဉ်းစားရင်း အဲဒါ
စမ်းသပ်ရန် အပိုင်းတွေ ခွဲထုတ်ယူပါ။ -
10:49 - 10:53တစ်မျိုးမျိုး စမ်းသပ်ကြည့်ရင်း ရူပဥဗေဒ
အခြေခံမူတချို့ကို မိမိဘာသာ သက်သေထူပြပါ။ -
10:54 - 10:57လူသားကို နည်းပညာရဲ့
နောက်မှာ ပြန်ပြီး ထည့်ပေးကြပါစို့။ -
10:58 - 11:01ရှင်တို့ ရယူနိုင်ကြမယ့် ဆက်သွယ်မှုကြောင့်
ရှင်တို့ အံ့အားသင့်မိကြမှာပါ။ -
11:01 - 11:03ကျေးဇူးတင်ပါတယ်။
-
11:03 - 11:05(လက်ခုပ်သံများ)
- Title:
- ကိုယ့် စပ်စုလိုစိတ်ကို သိပ္ပံနည်းကျစွာ ဆွပေးနိုင်ပုံ
- Speaker:
- Nadya Mason
- Description:
-
more » « less
စပ်စုလိုစိတ်ကို ဘယ်လိုများ မြှင့်တင်ပေးနိုင်မလဲ။ ရူပဗေဒပညာရှင် Nadya Mason ရဲ့ အဆိုအရ အိမ်မှာ လက်ကို အသုံးချရတဲ့ စမ်းသပ်မှုတွေ ပြုလုပ်သင့်ပါတယ်။ ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်ရှိ လောကကြီးထဲ ထူးဆန်းနားလည် မရနိုင်တာတွေကို ပယ်ဖျက်ချင်ရင် ကျုပ်တို့ရဲ့ သိပ္ပံနည်းကျတဲ့ စပ်စုလိုစိတ်ကို မြှင့်ပေးဖို့ လိုအပ်တာကို သူက စင်ပေါ်မှာ သံလိုက်၊ ဒေါ်လာငွေစက္ကူ၊ ရေခဲခြောက်နဲ့ တခြားအရာတွေဖြင့် စမ်းသပ်မှု တချို့ကို လုပ်ပြရင်း ရှင်းလင်း တင်ပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 11:18
|
Myo Aung approved Burmese subtitles for How to spark your curiosity, scientifically | |
|
Sanda Aung accepted Burmese subtitles for How to spark your curiosity, scientifically | |
|
Sanda Aung edited Burmese subtitles for How to spark your curiosity, scientifically | |
|
Myo Aung edited Burmese subtitles for How to spark your curiosity, scientifically | |
|
Myo Aung edited Burmese subtitles for How to spark your curiosity, scientifically | |
|
Myo Aung edited Burmese subtitles for How to spark your curiosity, scientifically |

