< Return to Video

ကိုယ့် စပ်စုလိုစိတ်ကို သိပ္ပံနည်းကျစွာ ဆွပေးနိုင်ပုံ

  • 0:01 - 0:04
    လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက
    သူငယ်ချင်းတစ်ယောက် ဖုန်းဆက်ပြီး
  • 0:04 - 0:06
    စိတ်ညစ်စရာကို ပြောပြခဲ့တယ်။
  • 0:06 - 0:08
    သူမရဲ့ ဆဲလ်ဖုန်း အိမ်သာထဲ ကျသွားခဲ့တယ်။
  • 0:08 - 0:11
    ဒီမှာ ရှိနေကြတဲ့ သူတွေဆီမှာရော
    အဲဒါမျိုး ကြုံခဲ့ဘူးသလား။
  • 0:11 - 0:12
    (ရယ်သံများ)
  • 0:12 - 0:14
    ဒီတော့ အခြေအနေက စိတ်ပျက်စရာကြီးပေါ့။
  • 0:14 - 0:18
    ဘယ်လိုလုပ်ပြီး အဲဒီလိုကျသွားခဲ့တာလဲ၊
    ပြီးတော့ ဘယ်လိုလုပ် သူပြန်ထုတ်ယူခဲ့လဲ
  • 0:18 - 0:20
    အသေးစိတ်တွေကို ပြောမပြချင်တော့ပါဘူး။
  • 0:20 - 0:22
    အဲဒါဟာ တကယ့်ကို စိတ်ညစ်စရာ
    အခြေအနေဆိုတာ ရှင်းနေပါတယ်။
  • 0:22 - 0:25
    သူမဟာ ထိတ်လန့် တုန်လှုပ်နေခဲ့တယ်။
  • 0:25 - 0:29
    ကျွန်မတို့ အားလုံးလိုပဲ ဖုန်းဟာ အများဆုံး
    သုံးတဲ့ ဘဝထဲ မရှိမဖြစ်တဲ့ အရာမို့လို့ပါ။
  • 0:29 - 0:32
    အခြားတစ်ဖက်မှကျတော့ သူမဟာ အဲဒီပြဿနာကို
    ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ပါ။
  • 0:32 - 0:36
    အဲဒါဟာ လုံးဝကို နားလည်မရနိုင်တဲ့
    ဆန်းကြယ်တဲ့ အရာမို့လို့ပါ။
  • 0:36 - 0:39
    သူ့အခြေအနေကို ရှင်တို့ စဉ်းစားကြည့်ကြပါ၊
    ရှင်တို့ ဘာလုပ်ခဲ့ကြမလဲ။
  • 0:39 - 0:43
    ရှင်တို့ဟာ ရှင်တို့ရဲ့ ဖုန်းအလုပ်လုပ်ပုံ
    ဘယ်လောက်များ နားလည်ကြလို့လဲ။
  • 0:43 - 0:46
    ဘာတွေကိုများစမ်းသပ်ကြည့်ကြမလဲ
    ဒါမှမဟုတ် ပြင်ကြမှာလဲ။
  • 0:46 - 0:50
    လူအများစုကတော့ ဘာမှ လုပ်ကြမှာ မဟုတ်ပါဘူး။
  • 0:50 - 0:52
    စကားစပ်မိလို့၊ လေ့လာမှု တစ်ခု တွေ့ခဲ့တာက
  • 0:52 - 0:55
    ဒီနိုင်ငံထဲက စမတ်ဖုန်းသုံးစွဲသူ
    ၈၀ ရာခိုင်နှုန်းနီးပါးတို့ဟာ
  • 0:55 - 0:58
    သူတို့ဖုန်းထဲက ဘက်ထရီကိုတောင်
    တစ်ခါဘူးမျှ မလဲခဲ့ကြပါ၊
  • 0:58 - 1:01
    ပြီးတော့ ၂၅ % ကျတော့ ဘက်ထရီကို
    လဲလို့ ရနိုင်တာကိုတောင် မသိကြပါ။
  • 1:01 - 1:04
    ကျွန်မကတော့ စမ်းသပ်မှုတွေ ပြုလုပ်တဲ့
    ရူပဗေဒပညာရှင်ပါ။
  • 1:04 - 1:06
    ဒါကြောင့် ဒီလိုအကြောင်းကို ဆွေးနွေးနေတာပါ။
  • 1:07 - 1:12
    ကျွန်မ nano အရွယ်အစား အီလက်ထရောနစ် ကိရိယာ
    တွေ ပြုစုထုတ်လုပ်မှု အထူးလေ့လာသူ ဖြစ်ပြီး
  • 1:12 - 1:16
    ၎င်းတို့ရဲ့ အခြေခံ ကွမ်တမ်စက်မှု
    ဂုဏ်သတ္တိတွေကို အထူးပြု လေ့လာသူပါ။
  • 1:16 - 1:22
    ဒါတောင် ကျွန်မကပါ ကျွန်မဖုန်း ပျက်သွား
    ခဲ့ရင် ဘယ်လို အစိတ်အပိုင်းတွေ
  • 1:22 - 1:23
    စမ်းသပ်ရမှာကို မသိပါဘူး။
  • 1:23 - 1:27
    ကျွန်မတို့ အားကိုးရပေမဲ့ ကျွန်မတို့ မစမ်း
    သပ်တတ်၊ အပိုင်းအစတွေကို ခွဲမထုတ်တတ်တဲ့
  • 1:27 - 1:31
    ကိရိယာတွေ အများအပြားထဲက ဖုန်းဟာ
    ဥပမာ တစ်ခုမျှပါ။
  • 1:31 - 1:36
    ကားတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေသာမက ကစားစရာ
    တွေတောင် လွန်စွာမှ ရှုပ်ထွေးအဆင့်မြင့်လို့
  • 1:36 - 1:40
    ကျွန်မတို့ဟာ ၎င်းတို့ကို ဖွင့်ဖို့၊
    ပြင်ဖို့ကို ကြောက်ကြတယ်။
  • 1:40 - 1:43
    ဒီတော့ ပြဿနာက ဒီလိုပါ-
  • 1:43 - 1:47
    ကျွန်မတို့နဲ့ ကျွန်မတို့ သုံးတဲ့ နည်းပညာ
    ပစ္စည်းတွေ အကြားမှာအဆက်အသွယ် မရှိခြင်းပါ။
  • 1:48 - 1:52
    ကျွန်မတို့ အများဆုံး မှီခိုအားကိုးနေကြရတဲ့
    ကိရိယာတွေနဲ့ လုံးဝကို ကင်းကွာနေကြလို့
  • 1:52 - 1:55
    ကျွန်မတို့ဟာ ဘာလုပ်ရမှန်းမသိ၊
    ဘာမှမရှိတော့သလို ခံစားလာစေပါတယ်။
  • 1:56 - 2:00
    သုတေသန တစ်ခုက အခုခေတ်မှာ ကျွန်မတို့ဟာ
    သေရမှာထက်ကို နည်းပညာပစ္စည်းတွေကို
  • 2:00 - 2:03
    ပိုပြီး ကြောက်နေကြရတယ်လို့ ရှာတွေ့ခဲ့တာဟာ
  • 2:03 - 2:06
    ဘာမှ မထူးဆန်းပါဘူး။
  • 2:06 - 2:09
    (ရယ်သံများ)
  • 2:09 - 2:14
    ဒါပေမဲ့ ကျွန်မအထင် ကျွန်မတို့ဟာ
    ကျွန်မတို့ရဲ့ ကိရိယာတွေနဲ့ ဆက်သွယ်မှုကို
  • 2:14 - 2:16
    ပြန်ထူထောင်နိုင်ကြမယ်၊ လူသားဆန်အောင်
    လုပ်ပေးနိုင်ကြပါတယ်၊
  • 2:16 - 2:19
    လက်တွေ့ စမ်းသပ်မှုတွေကို
    ပိုပြီး လုပ်ကိုင်ပေးကြဖို့ လိုပါတယ်။
  • 2:20 - 2:25
    ဘာ​ဖြစ်လို့လဲ? စမ်းသပ်မှု ဆိုတဲ့ဟာက
    ယူဆချက် တစ်ခုခုကို စမ်းသပ်တဲ့၊
  • 2:25 - 2:27
    အချက်တစ်ခုခုကို ပြသပေးတဲ့ လုပ်ငန်းစဉ်ပါ။
  • 2:27 - 2:30
    အဲဒီလိုနည်းဖြင့် ကျွန်မတို့ဟာ
    ကျွန်မတို့ရဲ့ အာရုံတွေကို သုံးပြီး၊
  • 2:30 - 2:32
    ကျွန်မတို့ လက်များဖြင့်၊
  • 2:32 - 2:33
    ကမ္ဘာကြီးကို ထိတွေ့ဆက်သွယ်တဲ့
  • 2:33 - 2:36
    အရာတွေ အလုပ်လုပ်ကြပုံကို သိနားလည်ရန်
    ကြိုးစားကြပါတယ်။
  • 2:36 - 2:39
    အဲဒီလို ဆက်သွယ်မှုကိုမှ ကျွန်မတို့
    အခုအချိန်မှာ မရှိကြတာပါ။
  • 2:39 - 2:41
    ရှင်တို့ကို ဥပမာတစ်ခုနဲ့ ရှင်းပြပါရစေ။
  • 2:41 - 2:43
    ကျွန်မ မကြာခင်တုန်းက တာခ်ျစခရင်
    အလုပ်လုပ်ပုံကို နားလည်ရန်
  • 2:43 - 2:46
    ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှု တစ်ခုက ဒီလိုပါ။
  • 2:46 - 2:47
    အဲဒီထဲမှာ သတ္တုပြား နှစ်ခုတည်းပါ၊
  • 2:47 - 2:52
    ကျွန်မဟာ ဘက်ထရီ တစ်ခုမှနေပြီး
    တစ်ခုဆီကို အားသွင်းပေးနိုင်တယ်။
  • 2:54 - 2:55
    အိုကေ နော်။
  • 2:56 - 2:59
    ပြီးတော့ ဓာတ်အား ထွက်လာတာကို
    ကျွန်မဟာ ဗို့မီတာနဲ့ တိုင်းနိုင်တးယ်။
  • 2:59 - 3:01
    အခုတော့ အဲဒါ အလုပ်လုပ်မှန်း
    သေချာဖို့ လိုပါတယ်။
  • 3:02 - 3:04
    ကျွန်မက ချပ်ပြားတွေ အနီးမှာ
    လက်နဲ့ ဝှေ့ယမ်းပြတော့
  • 3:04 - 3:07
    တာခ်ျစခရင်က ကျွန်မလက်ကို တုံ့ပြန်သလိုပဲ
  • 3:07 - 3:09
    ဗို့အား ပြောင်းလဲသွားတာကို
    ရှင်တို့ မြင်နိုင်ပါတယ်။
  • 3:10 - 3:14
    ကျွန်မ လက်က ဘာများ ထူးခြားလို့လဲ။ ကျွန်မဟာ
    စမ်းသပ်မှုကို နောက်ထပ် လုပ်ဖို့ လိုတယ်။
  • 3:14 - 3:16
    ဒါနဲ့၊ ကျွန်မက သစ်စ တစ်ခုကို ယူပြီး
  • 3:16 - 3:19
    အပြားတစ်ခုကို တို့ကြည့်တော့
    ဘာမှ ဖြစ်မလာတာ မြင်ရတယ်၊
  • 3:19 - 3:22
    ဒါပေမဲ့ ကျွန်မက သတ္တုအစ
    တစ်ခုကိုယူပြီး ထိကြည့်တော့
  • 3:22 - 3:24
    ဗို့အား တစ်အားပြောင်းသွားခဲ့တယ်။
  • 3:24 - 3:27
    အခုဆက်ပြီး သစ်နဲ့ သတ္ထုအကြား
    ခြားနားချက်ကို နားလည်ဖို့အတွက်
  • 3:28 - 3:30
    ကျွန်မ ရှေ့ဆက် စမ်းသပ်မှုကို လုပ်ကြည့်တော့
  • 3:30 - 3:32
    သစ်စဟာ လျှပ်မကူးနိုင်ပေမဲ့ သတ္ထုကျတော့
  • 3:32 - 3:35
    ကျွန်မ လက်လိုပဲ
    လျှပ်ကူးနိုင်တာကို တွေ့ရမယ်။
  • 3:35 - 3:37
    ဒီလိုနည်းဖြင့် ကျွန်မဟာ
    အသိတရား တစ်ခုကို ရယူနိုင်ခဲ့ပြီ။
  • 3:37 - 3:41
    တာခ်ျစခရင်ကို သုံးချင်ရင် လက်အိတ်နဲ့
    သုံးမရနိုင်တာ ကျွန်မ နားလည်လာပြီ၊
  • 3:41 - 3:42
    လက်အိတ်ဟာ လျှပ်မကူးနိုင်လို့ပါ။
  • 3:43 - 3:48
    အဲဒီတစ်ချိန်တည်းမှာ ကျွန်မဟာ နည်းပညာနောက်
    ကွယ်က ထူးဆန်းချက် အချို့ကို သိနိုင်ခဲ့ပြီး
  • 3:48 - 3:51
    ကျွန်မကိုယ်တိုင် လေ့လာခဲ့ခြင်းဖြင့်
  • 3:51 - 3:55
    ကျွန်မရဲ့ ကိရိယာကို အသုံးချပြီး ကိုယ်တိုင်
    စူးစမ်း တုံ့ပြန်ကြည့်နိုင်ခဲ့တယ်။
  • 3:55 - 4:00
    ဒီလို စမ်းသပ်မှုဟာ တကယ်တော့ ပစ္စည်းတွေကို
    ခွဲထုတ်ယူမှုထက် တစ်ဆင့် ပိုမြင့်ပါတယ်။
  • 4:00 - 4:04
    အဲဒါဟာ လက်နဲ့ စမ်းသပ်လုပ်ကြည့်ရင်း
    နားလည်ဖို့ ကြိုးပမ်းမှုပါ။
  • 4:04 - 4:08
    ဒီနေရာ ကျွန်မ စမ်းသပ်နေတာက
    တာခ်ျစခရင် အလုပ်လုပ်ပုံလား၊
  • 4:08 - 4:11
    မတူကွဲပြားကြတဲ့ ပစ္စည်းတွေရဲ့
    လျှပ်ကူးမှုကို တိုင်းကြည့်နေတာလား၊
  • 4:11 - 4:14
    ဒါမှမဟုတ် ပစ္စည်းတစ်ခုရဲ့ အထူအပါးကို
    လိုက်ပြီး ကျွန်မရဲ့ လက်နဲ့
  • 4:14 - 4:17
    ဖိနှိပ်ရင်း ချိုးပစ်ဖို့ ဘယ်လောက် မလွယ်တာ
    စမ်းကြည့်နေတာလား မထူးပါဘူး။
  • 4:17 - 4:21
    ကိစ္စရပ်အားလုံးထဲမှာ ကျွန်မဟာ ကျွန်မ
    သုံးကြည့်နေတဲ့ ပစ္စည်းရဲ့
  • 4:21 - 4:23
    အခြေခံကို နားလည်ဖို့ ကြိုးစားရင်း
    ထိန်းချုပ်ချင်ပါတယ်။
  • 4:24 - 4:26
    အဲဒါ့အတွက် စူးစမ်းမှုကို လုပ်ရတာပါ။
  • 4:26 - 4:28
    တစ်ခုအတွက် ကျွန်မရဲ့ လက်ကို သုံးခဲ့ရာ
  • 4:28 - 4:30
    အတော်ကလေး အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
  • 4:30 - 4:33
    ကျွန်မဟာ ပညာပို့ချရာမှာလည်း
    လက်တွေကို သုံးခြင်းဖြင့်
  • 4:33 - 4:36
    နားလည်စေရုံသာမက
    မှတ်ဉာဏ်ထဲ စွဲကျန်ရစ်စေပြီး
  • 4:36 - 4:40
    ကျွန်မတို့ ဦးနှောက်ထဲက ပိုများတဲ့ အပိုင်း
    တွေကိုပါ တက်ကြွပါဝင်စေနိုင်ပါတယ်။
  • 4:40 - 4:44
    ဒီတော့ ဒီလို လက်ကိုသုံးပြီး နားလည်နိုင်တဲ့
    စမ်းသပ်မှုဒတွေဟာ
  • 4:44 - 4:46
    ကျွန်မတို့ သိရှိနားလည်တာတွေကို
  • 4:46 - 4:48
    ကျွန်မတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို တောင်၊
  • 4:48 - 4:52
    ရုပ်ပိုင်း ကမ္ဘာကြီးနဲ့ ကျွန်မတို့ သုံးတဲ့
    ပစ္စည်းတွေနဲ့ ဆက်သွယ်ပေးနိုင်ပါတယ်။
  • 4:52 - 4:54
    အင်တာနက်ပေါ်မှာအရာတွေကို ကြည့်ရှုရတာဟာ
  • 4:54 - 4:56
    အဲဒီလို သက်ရောက်မှုမျိုး မရှိနိုင်ပါဘူး။
  • 4:57 - 4:59
    ကျွန်မရဲ့ စမ်းသပ်မှုတွေကို
    ဒီလို အာရုံစိုက်လာမှုဟာလည်း
  • 4:59 - 5:01
    သိပ်ကို ပုဂ္ဂိုလ်ရေးဆန်တဲ့ အရာဖြစ်တယ်။
  • 5:01 - 5:04
    ကျွန်မဟာ စမ်းသပ်မှု ပြုလုပ်ရင်း
    ကြီးပြင်းလာခဲ့တာ မဟုတ်ပါ။
  • 5:04 - 5:06
    ရူပဗေဒပညာရှင်ဟာ
    ဘာတွေလုပ်မှန်း ကျွန်မ မသိခဲ့ပါ။
  • 5:06 - 5:10
    ကျွန်မအစ်ဆီမှာ ဓာတုဗေဒပစ္စည်း တစ်စုံ
    ရှိခဲ့တာ ကျွန်မ သုံးချင်ခဲ့တာ မှတ်မိတယ်၊
  • 5:10 - 5:12
    ဒါပေမဲ့ သူဟာ ထိခွင့်တောင် မပေးခဲ့ဘူး။
  • 5:12 - 5:15
    ကျွန်မ စိတ်ဟာ ကမ္ဘာကြီးနဲ့ ဆက်စပ်မှု
    မရှိသလို ကျွန်မခံစားမိခဲ့တယ်
  • 5:15 - 5:16
    ဘာကြောင့်လဲ ကျွန်မမသိပါ။
  • 5:16 - 5:18
    တကယ်တော့ ကျွန်မ အသက်ကိုးနှစ်တုန်းက၊
  • 5:18 - 5:21
    ကျွန်မ အဖွားက ကျွန်မကို
    solipsist လို့ခေါ်ခဲ့တယ်၊
  • 5:21 - 5:23
    အဲဒါ ဘာလဲဆိုတာ ကျွန်မ ရှာကြည့်ခဲ့ရတယ်။
  • 5:23 - 5:27
    တည်ရှိနေတာဆိုလို့ ကိုယ်ကိုယ်တိုင်
    တစ်ဦးတည်းလို့ ထင်မြင်သူကို ဆိုလိုတာပါ။
  • 5:27 - 5:30
    အဲဒီတုန်းက ကျွန်မ အဲဒီလို အခေါ်ခံရတာ
    အတော်လေး စိတ်ဆိုးခဲ့ပါတယ်၊
  • 5:30 - 5:32
    ဘယ်သူရဲ့ အဖွားက အဲဒီလို ခေါ်ရက်မှာလဲ။
  • 5:32 - 5:35
    (ရယ်သံများ)
  • 5:35 - 5:38
    ဒါပေမဲ့ သူပြောခဲ့တာ မှန်တယ်လို့ ထင်တယ်။
  • 5:38 - 5:41
    အဲဒီနောက် နှစ်ပေါင်း အတော်ကြာမှ၊
  • 5:41 - 5:43
    ကျွန်မ ကောလိပ်ကို တက်ရင်း ရူပဗေဒရဲ့
    အခြေခံကို လေ့လာစဉ်၊
  • 5:43 - 5:45
    ကျွန်မ အချက်တစ်ချက်ကို သိမြင်လာခဲ့တယ်၊
  • 5:45 - 5:46
    ကမ္ဘာကြီးဟာ၊
  • 5:46 - 5:48
    အနည်းဆုံးအားဖြင့် ရုပ်ပိုင်းကမ္ဘာဆိုတာ၊
  • 5:48 - 5:50
    စမ်းသပ်လို့ ရနိုင်ပြီး သိနားလည်နိုင်တယ်၊
  • 5:50 - 5:53
    ကမ္ဘာကြီး ဆိုတာ ဘာလဲ၊ ပြီးတော့
    ကမ္ဘာကြီးထဲက ကျွန်မရဲ့ နေရာက ဘာလဲ
  • 5:53 - 5:54
    ဆိုတဲ့ လုံးဝကို မတူခြားနားတဲ့
  • 5:54 - 5:56
    ခံစားရတဲ့ အသိစိတ်ကို ရရှိခဲ့တယ်။
  • 5:56 - 6:00
    အဲဒီနောက်မှာ ကျွန်မက
    ကိုယ်ပိုင် စမ်းသပ်မှုတွေ လုပ်နိုင်လာလို့
  • 6:00 - 6:02
    သုတေသနမှ တစ်ဆင့် အသိတရားတွေ ရလာချိန်မှာ
  • 6:02 - 6:04
    ကမ္ဘာကြီးနဲ့ ကျွန်မ ဆက်သွယ်နေပုံ ပြည့်စုံ
    လာခဲ့ပါပြီ။
  • 6:05 - 6:10
    အခုတော့ လူတိုင်းဟာ စမ်းသပ်မှု လုပ်နိုင်တဲ့
    ရူပဗေဒပညာရှင်တွေ မဟုတ်တာ သိပါတယ်၊
  • 6:10 - 6:14
    ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်လက်နဲ့
    စမ်းသပ်မှုတွေ လုပ်သင့်တယ်လို့ ယူဆပါတယ်။
  • 6:15 - 6:17
    တကယ်တမ်းမှာ ကျွန်မ ထင်တာက၊
  • 6:17 - 6:19
    နောက် ဥပမာတစ်ခု ပြောပြပါရစေ။
  • 6:19 - 6:23
    မကြာခင်တုန်းက ကျွန်မဟာ အလယ်တန်းကျောင်းသား
    အချို့နဲ့ အလုပ်လုပ်ခဲ့ရတယ်၊
  • 6:23 - 6:25
    သံလိုက်ဓာတ်အကြောင်း သူတို့နားလည်ရန်
    ကူသင်ပေးနေခဲ့တာ၊
  • 6:25 - 6:29
    ကျွန်မက သူတို့ကို Magna Doodle ကို ပေးပြီး
    တစ်ပိုင်းချင်း ထုတ်ကြည့်ဖို့ ပြောတယ်။
  • 6:29 - 6:32
    ရှင်တို့ အဲဒါတွေကို မှတ်မိကြမှာပါ။
  • 6:33 - 6:37
    အစပိုင်းတွင် တစ်ယောက်ကမှ
    မထိမတို့ချင်ခဲ့ကြဘူး။
  • 6:38 - 6:42
    ပစ္စည်းတွေကို မချိုးရဘူးလို့
    သူတို့ မကြာမကြာ မှာကြားခံခဲ့ရလို့
  • 6:42 - 6:44
    သူတို့ဟာ ယူပြီးသုံးတတ်ရုံသာ
    သုံးကြသူတွေ ဖြစ်လာတယ်။
  • 6:44 - 6:47
    အဲဒါနဲ့ ကျွန်မက သူတို့ကို
    မေးခွန်းတွေ မေးကြည့်ခဲ့တယ်။
  • 6:47 - 6:50
    ဒါ ဘယ်လို အလုပ်လုပ်တာ မင်းတို့ သိလား။
    သံလိုက်ဆိုတဲ့ အပိုင်းက ဘယ်ဟာလဲ။
  • 6:50 - 6:53
    ယူဆချက်တစ်ခုကို ခန့်မှန်းပြီး အဲဒါကို
    မင်းတို့ စမ်းကြည့်နိုင်သလား။
  • 6:53 - 6:55
    ဒါတောင် သူတို့ ဖွင့်မကြည့်ခဲ့ကြဘူး။
  • 6:55 - 6:57
    အဲဒါကို သူတို့နဲ့အတူ
    အိမ်ကို ယူသွားချင်တယ်။
  • 6:57 - 7:01
    နောက်ဆုံးမှာ ကလေးတစ်ယောက်က ဘူးဖောက်ရင်း
    အတွင်းမှာ အံ့ဖွယ်အရာတွေကို မြင်လိုက်ရတယ်။
  • 7:01 - 7:04
    အဲဒါကို ကျွန်မတို့ပါ ဒီမှာ လက်တွဲပြီး
    လုပ်ကိုင်ကြည့်နိုင်ကြပါတယ်။
  • 7:04 - 7:06
    အထဲက အပိုင်းတွေကို
    တစ်ခုချင်း ထုတ်ယူဖို့ လွယ်ပါတယ်။
  • 7:09 - 7:14
    ဒီမှာ၊ အထဲမှာ သံလိုက်ကို တွေ့နိုင်ပါတယ်၊
    အဲဒါကို ဖြတ်ပြီး ဖွင့်နိုင်ပါတယ်။
  • 7:17 - 7:19
    ထပ်ပြီး ဖြတ်လိုက်ရင် ခွဲထုတ်ယူနိုင်ပါပြီ။
  • 7:19 - 7:23
    အဲဒီလို လုပ်လိုက်ရင် --
    ရှင်တို့ မြင်ရလား မသိဘူး၊
  • 7:23 - 7:27
    ဒီထဲမှာ အဖြူရောင်အရာကို မြင်ကြတယ်နော်။
  • 7:27 - 7:30
    အခုတော့ ကျွန်မ လက်ချောင်း
    ပေါ်မှာလည်း တွေ့ကြရမှာပါ။
  • 7:30 - 7:33
    ကျွန်မက ဘောပင်ကို ၎င်းနားကို ကပ်ကြည့်ရင်၊
  • 7:35 - 7:39
    ဒီလို အစလေးတွေ ၎င်းဆီ ကပ်လာကြတာ မြင်ရမယ်။
  • 7:39 - 7:41
    ကလေးတွေက အဲဒါကို မြင်ရတော့၊
  • 7:41 - 7:43
    အဲဒါဟာ တယ်စိတ်ဝင်စားစရာ
    ကောင်းပါလား သိလာကြတယ်။
  • 7:43 - 7:45
    သူတို့ဟာ စိတ်လှုပ်ရှားလာကြတယ်။
  • 7:45 - 7:48
    အဲဒါနဲ့ သူတို့အားလုံးက ဘူးကိုဖွင့်ပြီး
    အပိုင်းအစတွေကို ထုတ်ယူကြတော့တယ်၊
  • 7:48 - 7:51
    သူတို့ရှာတွေ့တာကို တအံ့တဩ ကြည့်နေလျက်
  • 7:51 - 7:53
    သံလိုက်အမှုန်တွေ သံလိုက်က
    ဘောပင်ဆီ လာကပ်တာကို၊
  • 7:53 - 7:56
    အဲဒီလိုနည်းဖြင့် ရေးလို့
    ရနိုင်တာကို မြင်လာကြတယ်။
  • 7:56 - 7:59
    ပြီးတော့ အဖြူရောင် အမှုန်တွေ ပြန့်ကြဲနေပုံ
    ရေးလို့ရနိုင်ပုံ နားလည်လာကြတယ်။
  • 8:00 - 8:02
    သူတို့ဟာ အခန်းထဲက ထွက်ခါနီးမှာ
  • 8:02 - 8:04
    ကလေးနှစ်ယောက်က ကျွန်မဘက်ကို လှည့်ပြီး
  • 8:04 - 8:05
    "ကျနော်တို့ ဒါကို အရမ်းကြိုက်တယ်၊
  • 8:06 - 8:10
    ဒီအပတ် စနေတနင်္ဂနွေမှာ အဲဒါတွေနဲ့ စမ်းသပ်
    မှုတွေ နောက်ထပ် လုပ်ကြမယ်"လို့ ပြောကြတယ်။
  • 8:10 - 8:12
    (ရယ်သံများ)
  • 8:15 - 8:17
    အဲဒါကို မိဘတွေ
    စိုးရိမ်နိုင်ကြတာကို သိပါတယ်၊
  • 8:17 - 8:20
    ဒါပေမဲ့ ဒါဟာ ကောင်းတဲ့အရာပါ။
  • 8:20 - 8:23
    စမ်းသပ်ခြင်းဟာ သိပ်ကို ကောင်းတဲ့အပြင်
  • 8:23 - 8:28
    သိပ်ကို အကျိုးဖြစ်ထွန်းတယ်လို့
    ကျွန်မ ခံစားမိပါတယ်။
  • 8:28 - 8:31
    ဒီလို သံလိုက်ရိုးရိုးလေးနဲ့တောင်
  • 8:31 - 8:34
    ကျွန်မတို့ အိမ်မှာ စမ်းသပ်မှုတွေ
    လုပ်လို့ရနိုင်ပါတယ်။
  • 8:34 - 8:37
    ၎င်းတို့ဟာ ရိုးရှင်းပေမဲ့ တစ်ချိန်တည်းမှာ
    ရှုပ်ထွေးကြပါတယ်။
  • 8:37 - 8:39
    ဥပမာအားဖြင့်၊ ရှင်တို့ မေးချင်လိုကြမှာက
  • 8:39 - 8:43
    ဘာဖြစ်လို့ ပစ္စည်းတစ်မျိုးတည်း ဖြစ်ပေမဲ့
    ဆွဲယူနိုင်ပြီး တွန်းလှန်နိုင်ကြတာလဲ။
  • 8:43 - 8:46
    သံလိုက် တစ်ခုကို ယူပြီး
    အဲဒါရဲ့ အကူအညီဖြင့်
  • 8:46 - 8:49
    နောက်တစ်ခုကို လည်ပတ်အောင် လုပ်နိုင်မလား။
  • 8:49 - 8:53
    ဒါမှမဟုတ်၊ ဟောဒီ ဒေါ်လာငွေစက္ကူကို ယူပြီး
  • 8:53 - 8:55
    သံလိုက်တစ်စုံကို ဒီလိုထားကြည့်ရင်
  • 8:55 - 8:59
    ဒေါ်လာငွေစက္ကူကို သံလိုက်တွေက
    မ’ယူနိုင်တာကို မြင်ကြရမှာပါ။
  • 8:59 - 9:03
    ငွေစက္ကူအတု လုပ်မရနိုင်အောင်
    အဲဒီမှာ သံလိုက်မှင်ကို ထည့်ပေးထားလို့ပါ။
  • 9:03 - 9:07
    ဒါမှမဟုတ် ဟောဒီမှာ ကြိတ်ခွဲထားတဲ့
    နံနက်စာ စားစရာပါ။ အိုကေနော်။
  • 9:07 - 9:10
    အဲဒါဟာလည်း သံလိုက်ဆွဲယူနိုင်တယ်။
    မှန်တယ်နော်။
  • 9:10 - 9:12
    အဲဒီမှာ သံပါလို့ပါ။
  • 9:12 - 9:13
    (ရယ်သံများ)
  • 9:14 - 9:16
    သံဓာတ်ဟာ ရှင်တို့အတွက် အကျိုးရှိတယ်လေ။
  • 9:16 - 9:17
    နောက်ထပ် ပြောပြချင်ပါသေးတယ်။
  • 9:17 - 9:20
    ဟောဒီမှာ ရှင်တို့ မြင်ရတာက
    သံလိုက်ဓာတ် မရှိပါဘူး။
  • 9:20 - 9:23
    အဲဒါကို ကျွန်မဟာ သံလိုက်နဲ့
    မ’ယူ မရနိုင်ဘူး။
  • 9:23 - 9:24
    ဒါပေမဲ့ အဲဒါကို အအေးခံပေးကြည့်မယ်။
  • 9:24 - 9:27
    ခုနက အရာပဲ၊ အေးလာတဲ့ အခါမှာ၊
  • 9:27 - 9:28
    ကျွန်မက အအေးခံပေးလိုက်ပြီး၊
  • 9:33 - 9:35
    သံလိုက် အပေါ်မှာ တင်ပေးကြည့်ရင်၊
  • 9:37 - 9:39
    ဖြစ်လာပုံက --
  • 9:39 - 9:40
    (လက်ခုပ်သံများ)
  • 9:40 - 9:41
    အဲဒါ အံ့သြစရာ မဟုတ်ပါလား။
  • 9:45 - 9:47
    အဲဒါဟာ သံလိုက်လိုက်တဲ့ အရာ မဟုတ်ခဲ့ဘူး။
  • 9:48 - 9:51
    ဒါတောင် သံလိုက်နဲ့
    တနည်းနည်းနဲ့ ဓာတ်ပြုနိုင်တယ်။
  • 9:51 - 9:54
    ဒီတော့ ဒါကို နားလည်ဖို့အတွက် စမ်းသပ်မှုတွေ
    အများကြီး လုပ်ဖို့ လိုအပ်ပါတယ်။
  • 9:54 - 9:58
    တကယ်တော့၊ ကျွန်မက သုတေသီ တစ်ဦးအနေနဲ့
    ဒါမျိုးကို လုပ်ကိုင်လာခဲ့တာ အများကြီးပါပဲ။
  • 9:58 - 10:00
    အဲဒါကို စူပါလျှပ်ကူးပစ္စည်းလို့ ခေါ်ပါတယ်။
  • 10:00 - 10:04
    ဒီနေ့ စူပါလျှပ်ကူးပစ္စည်းတွေဟာ
    ရှုပ်ထွေးနိုင်ကြပါတယ်၊
  • 10:04 - 10:08
    ဒါတောင် စမ်းသပ်မှုရိုးရိုးက ကျွန်မတို့ကို
    ကမ္ဘာကြီးနဲ့ ပိုကောင်းစွာ ဆက်သွယ်ပေးကြတယ်။
  • 10:08 - 10:12
    flash memory ဆိုတာဟာ သံလိုက်ကို လည်ပတ်
    စေခြင်းဖြင့် အလုပ်လုပ်ကြတယ်လို့ ပြောရင်၊
  • 10:12 - 10:16
    ရှင်တို့ အဲဒါ စိတ်ကူးကြည့်ရနိုင်ပါပြီ။
    ခုနက ရှင်တို့ မြင်ခဲ့ကြရတယ်။
  • 10:16 - 10:18
    ဒါမှမဟုတ် MRI စက်တွေကို ယူကြည့်ပါက၊
  • 10:18 - 10:22
    ရှင်တို့ ခန္ဓာကိုယ်ထဲရှိ
    သံလိုက်အမှုန်တွေကို လည်ပတ်စေခြင်းဖြင့်
  • 10:22 - 10:24
    ခုနက လုပ်ပြခဲ့သလို အလုပ်လုပ်တာကို
    နားလည်လာကြမှာပါ။
  • 10:24 - 10:31
    ရှင်တို့ဟာ နည်းပညာတွေနဲ့ တုံ့ပြန်ခဲ့လို့
    ကိရိယာတွေရဲ့ အခြေခံကို နားလည်လာကြပါပြီ။
  • 10:34 - 10:40
    ကျွန်မတို့ ဘဝထဲမှာ အသစ်အဆန်းတွေကို
    ထပ်ပေါင်းထည့်ဖို့ မလွယ်တာ ကျွန်မ သိပါတယ်၊
  • 10:40 - 10:42
    စမ်းသပ်မှုတွေဆို ပိုခက်မှာပါ။
  • 10:42 - 10:45
    ဒါပေမဲ့ အဲဒီလို စိန်ခေါ်မှုဟာ
    လုပ်ရကျိုး နပ်တယ်လို့ ကျွန်မ ယူဆပါတယ်။
  • 10:45 - 10:49
    တစ်ခုခု အလုပ်လုပ်ပုံကို စဉ်းစားရင်း အဲဒါ
    စမ်းသပ်ရန် အပိုင်းတွေ ခွဲထုတ်ယူပါ။
  • 10:49 - 10:53
    တစ်မျိုးမျိုး စမ်းသပ်ကြည့်ရင်း ရူပဥဗေဒ
    အခြေခံမူတချို့ကို မိမိဘာသာ သက်သေထူပြပါ။
  • 10:54 - 10:57
    လူသားကို နည်းပညာရဲ့
    နောက်မှာ ပြန်ပြီး ထည့်ပေးကြပါစို့။
  • 10:58 - 11:01
    ရှင်တို့ ရယူနိုင်ကြမယ့် ဆက်သွယ်မှုကြောင့်
    ရှင်တို့ အံ့အားသင့်မိကြမှာပါ။
  • 11:01 - 11:03
    ကျေးဇူးတင်ပါတယ်။
  • 11:03 - 11:05
    (လက်ခုပ်သံများ)
Title:
ကိုယ့် စပ်စုလိုစိတ်ကို သိပ္ပံနည်းကျစွာ ဆွပေးနိုင်ပုံ
Speaker:
Nadya Mason
Description:

စပ်စုလိုစိတ်ကို ဘယ်လိုများ မြှင့်တင်ပေးနိုင်မလဲ။ ရူပဗေဒပညာရှင် Nadya Mason ရဲ့ အဆိုအရ အိမ်မှာ လက်ကို အသုံးချရတဲ့ စမ်းသပ်မှုတွေ ပြုလုပ်သင့်ပါတယ်။ ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်ရှိ လောကကြီးထဲ ထူးဆန်းနားလည် မရနိုင်တာတွေကို ပယ်ဖျက်ချင်ရင် ကျုပ်တို့ရဲ့ သိပ္ပံနည်းကျတဲ့ စပ်စုလိုစိတ်ကို မြှင့်ပေးဖို့ လိုအပ်တာကို သူက စင်ပေါ်မှာ သံလိုက်၊ ဒေါ်လာငွေစက္ကူ၊ ရေခဲခြောက်နဲ့ တခြားအရာတွေဖြင့် စမ်းသပ်မှု တချို့ကို လုပ်ပြရင်း ရှင်းလင်း တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:18

Burmese subtitles

Revisions