Return to Video

မီးတောင်တွေပေါက်ကွဲအောင် ဘယ်အရာက လုပ်တာလဲ။

  • 0:07 - 0:12
    ၁၉၄၂ ဖေဖော်ဝါရီ မှာ
    မက်စီကိုလယ်သမား Dionisio Pulido က
  • 0:12 - 0:16
    မိုးခြိမ်းသံကို ပြောင်းဖူးခင်းဆီက
    ကြားလိုက်ရတယ်လို့ ထင်ခဲ့တယ်
  • 0:16 - 0:20
    ဒါပေမဲ့ အသံက ကောင်းကင်ပေါ်က
    လာတာမဟုတ်ခဲ့ပါဘူး
  • 0:20 - 0:25
    ကျောက်ခဲတွေပြိုကျပြီး ဓာတ်ငွေ့ထွက်နေတဲ့
    အက်ကွဲကြောင်းကြီးဆီကနေပဲ ဖြစ်ပါတယ်
  • 0:25 - 0:30
    ဒီ အပေါက်ကြီးကို Paricutin
    မီးတောင်လို့သိလာကြပြီး
  • 0:30 - 0:37
    နောက် ၉နှစ်လောက်ထိ ချော်ရည်နဲ့ပြာတွေက
    ၂၀၀ စတုရန်းကီလိုမီတာလောက် ဖုံးနေခဲ့တယ်
  • 0:37 - 0:39
    ဒါပေမဲ့ ဒီ မီးတောင် အသစ်ကြီးက
    ဘယ်က ထွက်လာတာလဲ
  • 0:39 - 0:43
    ပြီးတော့ ဒီလိုခန့်မှန်းရခက်တဲ့
    ပေါက်ကွဲမှုမျိုးက ဘယ်လို အစပျိုးခဲ့တာလဲ
  • 0:43 - 0:47
    မီးတောင်တိုင်းရဲ့ ဇာတ်လမ်းက
    ချော်ရည်တွေက စတင်တာပါ
  • 0:47 - 0:51
    ပင်လယ်ရေ သမုဒ္ဒရာမှာဖြစ်တည်တဲ့
    အရည်ပျော်နိုင်တဲ့ကျောက်ခဲက
  • 0:51 - 0:56
    ကမ္ဘာ့မျက်နှာပြင်အလွှာတွေထဲကိုစိမ့်ဝင်ပြီး
    အရည်ပျော်မှတ်ကိုလျော့ကျစေပါတယ်
  • 0:56 - 1:00
    ဘူမိဗေဒဆိုင်ရာ အချက် သုံးခုရဲ့
    သိမ်မွေ့တဲ့ ဟန်ချက်ကြောင့််
  • 1:00 - 1:04
    ကျောက်ရည်ပူတွေကို ကမ္ဘာ့မျက်နှာပြင်
    အောက်မှာ ပုံမှန် ဆက်ရှိန​ေစေတာပါ။
  • 1:04 - 1:07
    ပထမဆုံးတစ်ချက်ကတော့
    lithostatic ဖိအား ပါ
  • 1:07 - 1:12
    ဒါက ကမ္ဘာ့အပေါ်ယံလွှာအလေးချိန်က
    အောက်မှာရှိတဲ့ ချော်ရည်ကိုတွန်းနေခြင်း ပါ
  • 1:12 - 1:17
    ဒုတိယ အချက် Magmastatic ဖိအားအဖြစ်
    ချော်ရည်က အပေါ်ကိုပြန်လည်တွန်းကန်ပါတယ်
  • 1:17 - 1:20
    ဒီ ဖိအားနှစ်ခုတိုက်ပွဲ ရဲ့တင်းမာမှုက
    တတိယ အချက်ကို ဖြစ်တည်ပါတယ်
  • 1:20 - 1:24
    ကမ္ဘာ့ မျက်နှာပြင်
    ကျောက်လွှာ မာကျောမှုပါ
  • 1:24 - 1:27
    အများအားဖြင့် ကျောက်လွှာတွေရဲ့
    လေးလံ မာကျော နိုင်စွမ်းက
  • 1:27 - 1:29
    ချော်ရည်ကိုနေရာတကျရှိစေပါတယ်
  • 1:29 - 1:35
    ဒါပေမဲ့ ဒီဖိအားနှစ်ခု ဟန်ချက်ပျက်သွားတာနဲ့
    အကျိုးဆက်တွေက ပေါက်ကွဲမှုတွေဖြစ်လာပါတယ်
  • 1:35 - 1:37
    မီးတောင်ပေါက်ကွဲမှုအဖြစ်အများဆုံး
    အကြောင်းရင်းထဲကတစ်ခုက
  • 1:37 - 1:40
    magmastatic ဖိအားများလာခြင်းကြောင့်ပါ
  • 1:40 - 1:44
    ချော်ရည်မှာ ဒြပ်စင် ဒြပ်ပေါင်း
    အမျိုးမျိုးပါဝင်ပြီး
  • 1:44 - 1:47
    အများစုဟာ ကျောက်ရည်ပူတွေအဖြစ်ကို
    ပျော်ဝင်သွားပါတယ်
  • 1:47 - 1:53
    မြင့်မားတဲ့ ဒြပ်ပါဝင်မှုတွေမှာ ရေ(သို့)
    ဆာလဖာလို ဒြပ်ပေါင်းတွေဟာ မပျော်ဝင်တော့ပဲ
  • 1:53 - 1:57
    အဲဒါအစား ဖိအားမြင့်
    ဂတ်စ်ပူဖောင်းလေးတွေဖြစ်လာပါတယ်
  • 1:57 - 1:59
    အဲဒီပူဖောင်းတွေကမ္ဘာ့မျက်နှာပြင်ဆီ
    ရောက်လာတဲ့အခါ
  • 1:59 - 2:02
    သေနတ်ဖောက်သလို ပြင်းအားနဲ့
    ပေါက်ကွဲနိုင်ပါတယ်
  • 2:02 - 2:06
    သန်းများစွာရှိတဲ့ပူဖောင်းတွေ
    တပြိုင်တည်းပေါက်ကွဲတဲ့အခါ
  • 2:06 - 2:10
    သူ့ရဲ့ပြင်းအားက ကမ္ဘာ့လေထုဒုတိယအလွှာထိ
    ပြာမှုန့်ထုကြီးကို ပို့ပေးနိုင်ပါတယ်
  • 2:10 - 2:15
    ဒါပေမဲ့ သူတို့မပေါက်ကွဲခင် လှုပ်ခါထားတဲ့
    ဆိုဒါထဲက CO2 ပူဖောင်းတွေလိုလုပ်ဆောင်ပါတယ်
  • 2:15 - 2:18
    သူတို့ရဲ့တည်ရှိမှုက ချော်ရည်ရဲ့
    သိပ်သည်းဆကိုလျော့ကျပြီး
  • 2:18 - 2:23
    ဖော့ဂုဏ်သတ္တိအားများလာတာကြောင့်
    အပေါ်ယံအလွှာကို တွန်းနေသလိုဖြစ်စေပါတယ်
  • 2:23 - 2:28
    မက်ဆီကို က Paricutin မီးတောင်ပေါက်မှုက
    ဒီဖြစ်စဉ်ကြောင့်လို့ ဘူမိဗေဒပညာရှင်တွေ
  • 2:28 - 2:30
    ယုံကြည်ကြပါတယ်
  • 2:30 - 2:34
    ဖော့ဂုဏ်ရှိပူဖောင်းတွေမှာ
    လူသိများတဲ့ သဘာဝဖြစ်စဉ် ၂ခုရှိပါတယ်
  • 2:34 - 2:37
    တစ်ခါတစ်လေ မြေအောက်
    ပိုနက်တဲ့နေရာက ချော်ရည်အသစ်တွေဟာ
  • 2:37 - 2:41
    အငွေ့ပါတဲ့ အပိုဆောင်းဒြပ်ပေါင်းတွေကို
    နဂိုချော်ရည်ထဲသို့ယူဆောင်လာပါတယ်
  • 2:41 - 2:45
    ဒါပေမဲ့ ချော်ရည်တွေစတင်အေးခဲလာရင်လည်း
    ပူဖောင်းလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်
  • 2:45 - 2:50
    သူ့အရည်ပျော်မှတ် မှာတော့ ချော်ရည်ဟာ
    ဓာတ်ငွေ့တွေ ပျော်နေတဲ့သတ္တုတွေ အရောတခုပါ
  • 2:50 - 2:56
    ကျောက်ရည်ပူတွေ မာလာရင် သတ္တုဒြပ်ရော
    တချို့က သလင်းကျောက်ပုံ အခဲဖြစ်လာကြတယ်
  • 2:56 - 3:00
    ဒီဖြစ်စဉ်မှာ ပေါက်ကွဲမှုပူဖောင်းတွေ
    ဖြစ်စေတဲ့
  • 3:00 - 3:03
    ဒြပ်ပေါင်းတွေရဲ့ ပြင်းအားမြင့်စေတဲ့
  • 3:03 - 3:06
    ပျော်ဝင်ဓာတ်ငွေ့တွေ မပါဝင်ပါဘူး
  • 3:06 - 3:10
    ပေါက်ကွဲမှုတိုင်းက magmastatic ဖိအား
    မြင့်လာခြင်းကြောင့် မဟုတ်ပါဘူး
  • 3:10 - 3:15
    တစ်ခါတစ်ရံ အပေါ်ကကျောက်ခဲတွေက
    အန္တရာယ်ရှိလောက်အောင် နိမ့်ကျလာပါတယ်
  • 3:15 - 3:20
    တောင်ပြိုကျတာ ကချော်ရည်အကန့် အပေါ်က
    ကျောက်ခဲထုအများကြီးကို ဖယ်ထုတ်ပေးနိုင်တယ်
  • 3:20 - 3:25
    ဒါက lithostatic ဖိအားကိုလျော့ကျစေပြီး
    ပေါက်ကွဲမှုတစ်ခု ချက်ချင်းဖြစ်ပေါ်စေပါတယ်
  • 3:25 - 3:28
    ဒီလို ဖြစ်စဉ်ကို Unloading လို့ခေါ်ပြီး
  • 3:28 - 3:31
    ၁၉၈၀ က Mount St.Helens ရဲ့
    ရုတ်တရက်ပေါက်ကွဲမှုလိုမျိုး
  • 3:31 - 3:36
    ပေါက်ကွဲမှုအများစုရဲ့ အဓိက အချက်ဖြစ်ပါတယ်
  • 3:36 - 3:39
    မြေတိုက်စားခံရမှုတွေနဲ့ ရေခဲပြင်
    အရည်ပျော်မှုတွေကြောင့်
  • 3:39 - 3:42
    unloading ဖြစ်စဉ်က ကြာမြင့်တတ်ပါတယ်
  • 3:42 - 3:45
    တကယ်တော့ ရာသီဥတုပြောင်းလဲမှုကြောင့်
    ရေခဲပြင်အရည်ပျော်ခြင်းက
  • 3:45 - 3:50
    မီးတောင်ရဲ့ဖြစ်စဉ်တွေကိုများလာနိုင်သဖြင့်
    ဘူမိဗေဒပညာရှင်တွေကစိုးရိမ်ကြပါတယ်
  • 3:50 - 3:54
    နောက်ဆုံး...အောက်ကချော်ရည်ကိုထိန်းထားဖို့
    ကျောက်လွှာတွေ မမာကျောသောကြောင့်လည်း
  • 3:54 - 3:57
    မီးတောင်ပေါက်ကွဲမှုတွေက ဖြစ်လာနိုင်ပါတယ်
  • 3:57 - 4:00
    ချော်ရည်မှထွက်လာတဲ့
    အက်စစ်အငွေ့တွေနဲ့ အပူတွေက
  • 4:00 - 4:05
    hydrothermal alteration ဖြစ်စဉ်ကိုဖြတ်ပြီး
    ကျောက်ခဲတွေကို ပျက်စီးစေပြီး
  • 4:05 - 4:08
    တဖြည်းဖြည်း မာကျောတဲ့ကျောက်ကို
    ပျော့ပျောင်းတဲ့ရွံ့ အဖြစ်ပြောင်းလဲစေပါတယ်
  • 4:08 - 4:12
    ကျောက်လွှာတွေက ကမ္ဘာ့မြေလွှာ
    လှုပ်ရှားမှုကြောင့် အားနည်းလာပါတယ်
  • 4:12 - 4:17
    ငလျင်တွေက အက်ကွဲရာတွေ ဖန်တီးနိုင်ပြီး
    မျက်နှာပြင်ပေါ် ချော်ရည်ပူတွေထွက်လာစေပါတယ်
  • 4:17 - 4:20
    ပြီးတော့ ကမ္ဘာ့မျက်နှာပြင်လွှာကိုလည်း
    ပါးလွှာအောင်ဆွဲဆန့်ပြီး
  • 4:20 - 4:23
    တိုက်ကြီးများရဲ့မြေကျောက်လွှာကို
    တစ်ခုနဲ့တစ်ခု ဝေးကွာစေပါတယ်
  • 4:23 - 4:26
    ကံမကောင်းစွာနဲ့ ပေါက်ကွဲမှုဖြစ်စေတဲ့
    အရာတွေကိုသိထားခြင်းက
  • 4:26 - 4:29
    သူတို့ကို ခန့်မှန်းလွယ်အောင်
    မပြုလုပ်ထားပါဘူး
  • 4:29 - 4:32
    သိပ္ပံပညာရှင်တွေက ကမ္ဘာ့မျက်နှာပြင်
    လွှာရဲ့အလေးချိန်နဲ့ခံနိုင်အားကို
  • 4:32 - 4:33
    အကြမ်းဖျင်း သတ်မှတ်နိုင်ပေမဲ့
  • 4:33 - 4:37
    ချော်ရည်အကန့်ရဲ့ အနက် နဲ့ အပူတွေက
    magmastatic ဖိအားအတွင်း
  • 4:37 - 4:40
    တိုင်းတာဖို့ အလွန်ခက်ခဲပါတယ်
  • 4:40 - 4:44
    ဒါပေမဲ့ မီးတောင်ပညာရှင်တွေက
    ဒီကျောက်တောင်ကြီးကိုအနိုင်ရဖို့အတွက်
  • 4:44 - 4:47
    နည်းပညာအသစ်ကို ရှာတွေခဲ့ပါတယ်
  • 4:47 - 4:50
    အပူခံအာရုံစနစ်များတိုးတက်လာမှုက
    သိပ္ပံပညာရှင်တွေကို
  • 4:50 - 4:52
    မြေအောက်လွှာ ထူးခြားဖြစ်စဉ်တွေကို
    စစ်ဆေးခွင့် ရစေတယ်။
  • 4:52 - 4:56
    Spectrometers က ထွက်လာတဲ့ချော်ရည်ထဲက
    ဓာတ်ငွေ့ကို လေ့လာဆန်းစစ်နိုင်ပါတယ်
  • 4:56 - 5:02
    လေဆာတွေက မီးတောင်ပုံစံအတိုင်း မြင့်
    လာတဲ့ချော်ရည်ကို တိကျစွာခြေရာခံနိုင်တယ်
  • 5:02 - 5:07
    ဒီကိရိယာတွေက ပေါက်ကွဲမှုတွေ
    အကြောင်းကိုကျွန်တော်တို့ ပိုနားလည်အောင်
  • 5:07 - 5:09
    ကူညီပေးမယ်လို့မျှော်လင့်ပါတယ်
Title:
မီးတောင်တွေပေါက်ကွဲအောင် ဘယ်အရာက လုပ်တာလဲ။
Speaker:
Steven Anderson
Description:

၁၉၄၂ ဖေဖော်ဝါရီ မှာ မက်စီကိုလယ်သမား Dionisio Pulido ကမိုးခြိမ်းသံကို ပြောင်းဖူးခင်းဆီကကြားလိုက်ရတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အသံက ကောင်းကင်ပေါ်က လာတာမဟုတ်ခဲ့ပါဘူး။ ကျောက်ခဲတွေပြိုကျပြီး ဂတ်စ်တွေထွက်နေတဲ့ အက်ကွဲကြောင်းကြီးဆီကနေ ဖြစ်ပြီး အဲ့အရာကို Paricutin မီးတောင်လို့သိလာကြပါတယ်။ ဒီ မီးတောင် အသစ်ကြီးက
ဘယ်က ထွက်လာတာလဲ...ပြီးတော့ ဒီလိုခန့်မှန်းရခက်တဲ့ ပေါက်ကွဲမှုမျိုးက ဘယ်လို အစပျိုးခဲ့တာလဲ။ Steven Anderson က ရှာဖွေတွေ့စူးစမ်းထားပါတယ်။ သင်ခန်းစာကို Steven Anderson က ပ​ြုစုပ​ြီး Cabong Studios က ရိုက်ကူးထားတာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:10

Burmese subtitles

Revisions