ပလက်စတစ်အကြောင်း သမိုင်းအကျဉ်းချုပ်
-
0:07 - 0:10ဒီနေ့မှာတော့ ပလက်စတစ်ဟာ နေရာတိုင်းမှာ
ရှိနေပါတယ်။ -
0:10 - 0:15ဒီပလက်စတစ်တွေရဲ့မူလအစကတော့
ပလက်စတစ်တောင် မဟုတ်တဲ့ -
0:15 - 0:18ပစ္စည်းအသေးလေးကနေ စတင်ခဲ့ပါတယ်။
-
0:18 - 0:22ရာစုနှစ်များစွာတိုင်အောင် ဘိလိယက်ဘောလုံး
တွေကို ဆင်စွယ်တွေကနေ ထုတ်လုပ်ခဲ့ပါတယ်။ -
0:22 - 0:26လိုအပ်တာထက် အမဲလိုက်လာမှုကြောင့်
၁၉ရာစုနှစ် ရောက်လာတဲ့အခါမှာ ဆင်ကောင်ရေ -
0:26 - 0:27ကျဆင်းလာတဲ့အခါမှာတော့
-
0:27 - 0:30ဘိလိယက်ဘောပြုလုပ်သူတွေက တခြားကနေ
-
0:30 - 0:33ပြောင်းထုတ်ဖို့ ဆုငွေကြေငြာရင်း
ရှာဖွေကြပါတယ်။ ဒါကြောင့် ၁၈၆၃ မှာ -
0:33 - 0:40အမေရိကန်လူမျိုး John Wesley Hyatt က
အဲဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ -
0:40 - 0:46နောက် ၅နှစ်အတွင်းမှာတော့ သူက
ဆဲလူးလွိုက်လို့ခေါ်တဲ့ ပစ္စည်းအသစ်ကို -
0:46 - 0:51သစ်ပင်နဲ့ ဂုန်လျှော်ကရတဲ့ ဆဲလူးလို့စ်
ဒြပ်ပေါင်းကနေ ထုတ်လုပ်ခဲ့ပါတယ်။ -
0:51 - 0:55နောက်ပိုင်းသိလိုက်ရတာက ဆဲလူးလွိုက်က
ဘောလုံးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ -
0:55 - 0:59အဲဒါက သေချာလေး ပြန်ကန်ထွက်
ရလောက်အောင် လေးမနေလို့ပါ။ -
0:59 - 1:02ဒါပေမဲ့ အဲဒါကို အရောင်တွေစပ်ကာ
ဒီဇိုင်းဆွဲပြီး -
1:02 - 1:05ဈေးကြီးတဲ့ ပစ္စည်းတွေပုံစံကို
ပုံတူလုပ်လို့ရပါတယ်။ -
1:05 - 1:09ဥပမာ သန္တာကျောက်တန်း၊ လိပ်ခွံ
ပယင်းကျောက်နဲ့ ကမာ တွေလိုပေါ့။ -
1:09 - 1:14သူက အဲဒီမှာပဲ ပထမဆုံး ပလက်စတစ်
ဆိုတာကို စတီထွင်လိုက်ပါတော့တယ်။ -
1:14 - 1:18'ပလက်စတစ်' လို့ သတ်မှတ်ကြတဲ့ အရာ
မှန်သမျှကို ယူနစ်အခွဲတိုင်းက ထပ်ခါထပ်ခါ -
1:18 - 1:23တူညီနေတဲ့ မော်လီကျူးကြီးတွေ ဖွဲ့စည်းထားတဲ့
ပိုလီမာနဲ့ လုပ်ထားကြတာပါ။ -
1:23 - 1:25အဲဒါကို လူလုပ်ပလက်စတစ်တွေ အကုန်လုံးနဲ့
-
1:25 - 1:29သက်ရှိတွေမှာရှိတဲ့ ပစ္စည်း
တော်တော်များများမှာ တွေ့နိုင်ပါတယ်။ -
1:29 - 1:32ယေဘုယျအနေနဲ့ ပလက်စတစ်လို့ ပြောလိုက်ရင်
-
1:32 - 1:35သဘာဝမဟုတ်တဲ့ဒြပ်ပစ္စည်းတွေလို့ မြင်ကြတယ်။
-
1:35 - 1:39သူ့ ပေါင်းစည်းတဲ့သဏ္ဍာန်ကတော့
စစချင်း ပျော့ပြောင်းပြီး လိုရာပြောင်း -
1:39 - 1:42နိုင်ချိန်မှာ လိုချင်တဲ့
ပုံစံကို ပုံလောင်းနိုင်ခြင်းပါပဲ။ -
1:42 - 1:46ပထမဆုံးတရားဝင် ပလက်စတစ်ဆုရသာ ဆိုပေမဲ့
ဆဲလူးလွိုက်က အတော်လေး -
1:46 - 1:51မီးလောင်လွယ်ပြီး၊ ထုတ်လုပ်မှုကလည်း
အန္တရာယ်များတယ်။ -
1:51 - 1:54ဒါကြောင့် တီထွင်သူတွေက တခြားနည်းလမ်း
ထပ်ရှာဖွေခဲ့ကြပြန်တယ်။ -
1:54 - 1:57၁၉၀၇ ခုနှစ်မှာ ဓာတုဗေဒပညာရှင်တစ်ယောက်က
ကတ္တရာရဲ့ဘေးထွက်ပစ္စည်းဖြစ်တဲ့ -
1:57 - 2:00ဖီနောနဲ့ ဖောမလင် ကို ပေါင်းပြီး
-
2:00 - 2:05ပိုလီမာအသစ် ဘိတ်ကာလိုက်ကို ဖန်တီးခဲ့ပါတယ်။
-
2:05 - 2:09ဘိတ်ကာလိုက်က ဆဲလူးလွိုက်နဲ့
ကုန်ကြမ်းတွေလောက် -
2:09 - 2:13သိပ်မီးလောင်မလွယ်ဘူး။
အဆင်သင့်ထုတ်ဖို့လည်း ရနိုင်နေခဲ့တယ်။ -
2:13 - 2:15ဘိတ်ကာလိုက်က ခြေလှမ်းအစပါပဲ။
-
2:15 - 2:20၁၉၂၀တွေမှာ သုတေသီတွေက ပိုလီစတိုင်ရင်းလို့
ခေါ်တဲ့ ဖော့အပူခံပြားတွေကို -
2:20 - 2:23ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့ကြတယ်။
-
2:23 - 2:29နောက်မှာ မာလည်းမာ အကြမ်းလည်းခံတဲ့ ပိုလီ
ဗိုင်းနေးကလိုရိုက် (ဗိုင်းနေး) ပေါ်လာတယ်။ -
2:29 - 2:31အခရစ်လစ်နဲ့ မှန်တဲ့ပုံစံတူ အက်ကွဲဒဏ်ခံ
-
2:31 - 2:35အကြည်ပြားတွေကို လုပ်နိုင်လာတယ်။
-
2:35 - 2:39၁၉၃၀ တွေမှာတော့ နိုင်လွန်တွေက
အဓိက ကျလာတယ်။ -
2:39 - 2:43ပိုလီမာနဲ့ ပိုးကိုပုံစံတုထားပြီး
ပိုမာကျောတဲ့ နိုင်လွန်မျိုး။ -
2:43 - 2:49၁၉၃၃ ကစလို့ ပိုလီအီသလင်းက ဘက်စုံအသုံး
အဝင်ဆုံး ပလက်စတစ်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ -
2:49 - 2:54အခုထိ သုံးနေသမျှ ကြွတ်ကြွတ်အိတ်တွေ
ခေါင်းလျှော်ရည်ဗူးတွေကနေ -
2:54 - 2:56ကျည်ကာအင်္ကျီ အထိပါပဲ။
-
2:56 - 3:00ထုတ်လုပ်ရေးနည်းပညာအသစ်တွေက
ဒီပစ္စည်းတွေနဲ့အတူ ထွန်းကားလာခဲ့တယ်။ -
3:00 - 3:04ထည့်သွင်းပုံလောင်းခြင်း နည်းစနစ်က
ပျော်နေတဲ့ ပလက်စတစ်ကို လိုချင်တဲ့ -
3:04 - 3:09ပုံစံအတွက် အခြောက်မြန်တဲ့
ပုံစံခွက်ထဲကိုလောင်းပြီး -
3:09 - 3:11တီထွင်မှုက တကယ်အလုပ်ဖြစ်ခဲ့တယ်။
-
3:11 - 3:15ဒါဟာ ပုံစံအသစ်နဲ့ မျိုးစုံသောထုတ်ကုန်
တွေကို တက်နိုင်သမျှဖန်တီးဖို့နဲ့ ပလက်စတစ် -
3:15 - 3:21ပမာဏများများကို သက်သက်သာသာနဲ့
မြန်မြန်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။ -
3:21 - 3:24သိပ္ပံပညာရှင်တွေက ဒီစီးပွားဖြစ်ပစ္စည်းက
အရင်က မတက်နိုင်ခဲ့တဲ့ -
3:24 - 3:29ပစ္စည်းတွေကို လူများများက
အသုံးပြုနိုင်ဖို့လို့ မျှော်လင့်ခဲ့တယ်။ -
3:29 - 3:33ဆိုပေမဲ့ ဒုတိယကမ္ဘာစစ်မှာ ပလက်စတစ်ကို
စသုံးဖို့ ဖြစ်လာတယ်။ -
3:33 - 3:38စစ်အတွင်းမှာ ပလက်စတစ်ထုတ်လုပ်မှုက
အမေရိကန်ပြည်ထောင်စုမှာ လေးဆတက်လာတယ်။ -
3:38 - 3:44စစ်သားတွေက ပလက်စတစ်အနားလိုင်းနဲ့ ခမောက်တွေ
ရေစိုခံဗိုင်းနေးမိုးကာတွေ ဝတ်ဆင်ကြတယ်။ -
3:44 - 3:48လေယာဉ်မှူးတွေက ပလက်စီမှန်တွေ၊ အက်ကွဲဒဏ်ခံ
ပလက်စတစ်နဲ့ လုပ်ထားတဲ့ စက်ခန်းမှာထိုင်ပြီး -
3:48 - 3:53တောင့်တင်းတဲ့ နိုင်လွန် လေထီးတွေကို
အသုံးပြုလာကြတယ်။ -
3:53 - 3:55နောက်ပိုင်းကြတော့ စစ်အတွင်းက
အားကောင်းလာခဲ့တဲ့ -
3:55 - 4:00ပလက်စတစ်လုပ်ငန်းတွေက သုံးစွဲသူတွေအကြိုက်
ထုတ်ကုန်တွေအပေါ် အာရုံစိုက်လာကြတယ်။ -
4:00 - 4:05ပလက်စတစ်တွေက သစ်၊ ဖန်၊ ပိတ်စ၊
ပရိဘောဂ၊ အဝတ်အထည်၊ -
4:05 - 4:10ဖိနပ်၊ တီဗွီ၊ ရေဒီယို စတာတွေကို
အစားထိုးဖို့ ဖြစ်လာတယ်။ -
4:10 - 4:14ဘက်စုံသုံး ပလက်စတစ်တွေက ထုပ်ပိုးမှုအတွက်
ဖြစ်လာကာ အစားအစာနဲ့ တခြားထုတ်ကုန်တွေကို -
4:14 - 4:18ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ်
ထုပ်ပိုးဖို့ ပုံဖော်ခဲ့ကြတယ်။ -
4:18 - 4:23ရုတ်တရက် ပလက်စတစ်
အမှိုက်အိတ်တွေ၊ အပါးအုပ်စတွေ၊ -
4:23 - 4:26ညှစ်လို့ရတဲ့ ပလက်စတစ်ဗူးတွေ၊
ပါဆယ်ထုပ်တဲ့ ဖော့ဘူးတွေ၊ -
4:26 - 4:30အသီး၊အရွက်နဲ့ အသားထည့်တဲ့
ပလက်စတစ်ခွက်တွေ ပေါ်လာပါတော့တယ်။ -
4:30 - 4:34ဆယ်စုနှစ် အနည်းငယ် အတွင်းမှာတင်ပဲ
ဒီလိုရာသုံး ပစ္စည်းတွေက -
4:34 - 4:38"ပလက်စတစ်ရာစုနှစ်" ဆိုတာကြီး
ဖြစ်လာစေပါတော့တယ်။ -
4:38 - 4:42ပလက်စတစ်ရာစုနှစ်က သက်တောင့်သက်သာနဲ့
ဈေးတန်မှုကို ပေးသလို -
4:42 - 4:46ထိတ်လန့်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ပြဿနာတွေလည်း ပေးပါတယ်။ -
4:46 - 4:49ပလက်စတစ်များစွာက ပြန်လည်ပြည့်ဖြိုးမြဲ
မဟုတ်တဲ့အရင်းမြစ်က ထုတ်ထားတာပါ။ -
4:49 - 4:53ပြီးတော့ ပလက်စတစ်ထုပ်ပိုးမှုက
တခါသုံးအတွက်ပဲ လုပ်ထားတာဖြစ်ပြီး -
4:53 - 4:56တချို့ပလက်စတစ်တွေက ဆွေးဖို့ကို
ရာစုနှစ်တွေထိကြာတာမို့လို့ -
4:56 - 5:00စွန့်ပစ်ပစ္စည်းတွေ စုပုံလာစေပါတော့တယ်။
-
5:00 - 5:05ဒီရာစုနှစ်မှာတော့ ဒီပြဿနာတွေကို ကိုင်တွယ်
ဖို့ ဖန်တီးကြံဆမှုတွေကို အာရုံစိုက်ပြီး -
5:05 - 5:09ပလက်စတစ်လျှော့သုံးခြင်း၊ ဇီဝနည်းကျဖြိုခွဲ
နိုင်မယ့် ပလက်စတစ်တွေ ထုတ်လုပ်ခြင်းနှင့် -
5:09 - 5:13ရှိနေတဲ့ ပလက်စတစ်တွေကို ပြန်လည်သုံးစွဲ
လို့ရမယ့် နည်းလမ်းအသစ်တွေကို ကြံဆကြရမှာပါ။
- Title:
- ပလက်စတစ်အကြောင်း သမိုင်းအကျဉ်းချုပ်
- Speaker:
- TED-Ed
- Description:
-
ရာစုနှစ်များစွာတိုင်အောင် ဘိလိယက်ဘောလုံးတွေကို ဆင်စွယ်ကနေ ပြုလုပ်ခဲ့ရာကနေ မတန်တဆ အမဲလိုက်သတ်ဖြတ်မှုမှတဆင့် ဆင်ကောင်ရေ ကျဆင်းလာမှုကြောင့် တခြားနည်းလမ်းတစ်ခုကို ပြောင်းစဉ်းစာကြတယ်။ John Wesley Hyattက အဆိုပါစိန်ခေါ်မှုကို စတင်ခဲ့တယ်။ နောက် ၅နှစ်အတွင်း ဆဲလူးလွိုက် လို့ခေါ်တဲ့ ပထမဆုံးပလက်စတစ်ကို စတီထွင်ခဲ့တယ်။ပလက်စတစ်ရာစုနှစ်ကြီး ဖြစ်လာရတဲ့ အဲ့ပစ္စည်းရဲ့ သမိုင်းကြောင်းကို ခြေရာခံကြရအောင်။
Sharon Colman မှ ရိုက်ကူးသည်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:15
sann tint approved Burmese subtitles for A brief history of plastic | ||
sann tint accepted Burmese subtitles for A brief history of plastic | ||
sann tint edited Burmese subtitles for A brief history of plastic | ||
Waiyan Htut edited Burmese subtitles for A brief history of plastic | ||
Waiyan Htut edited Burmese subtitles for A brief history of plastic | ||
Waiyan Htut edited Burmese subtitles for A brief history of plastic | ||
Waiyan Htut edited Burmese subtitles for A brief history of plastic | ||
Waiyan Htut edited Burmese subtitles for A brief history of plastic |