ဟိုက်ပါလင့်က အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့ပုံ
-
0:00 - 0:03ကျွန်မ ကိုယ့်ဘာသာကိုယ်
စဉ်းစားမိခဲ့တာကို သတိရနေတုန်းပါ- -
0:03 - 0:06"ဒါက ကျန်ုပ်တို့ ဆက်သွယ်ပြောဆိုကြပုံ
အရာရာတိုင်းကို ပြောင်းပစ်မယ်။" -
0:06 - 0:07[အသေးစား အရာ။]
-
0:07 - 0:08[စိတ်ကူး အကြီးစား။ ]
-
0:08 - 0:11[ဟိုက်ပါလင့် အကြောင်း
Margaret Gould Stewartရဲ့ တင်ပြချက်] -
0:11 - 0:14ဟိုက်ပါလင့် ဆိုတာက
အင်တာဖေ့စ်နဲ့ ဆိုင်တဲ့ အရာပါ၊ -
0:14 - 0:16အဲဒီလို ပြောလိုက်ခြင်းဖြင့်
ကျွန်မ ဆိုလိုတာက၊ -
0:16 - 0:19သင့်ဖုန်း ဒါမှမဟုတ် သင့်ကွန်ပျူတာထဲက
ဆော့ဝဲကို သင် အသုံးပြုရင်၊ -
0:19 - 0:21အင်တာဖေ့စ်ရဲ့ နောက်ကွယ်တွင်
ကုဒ်တွေအများကြီး ရှိတတ်ပြီး -
0:21 - 0:25ကွန်ပျူတာ အနေနဲ့ ဘယ်လို စီမံခန့်ခွဲရမှာကို
ညွှန်ကြားချက်တွေကို ပေးပါတယ်၊ -
0:25 - 0:28ဒါပေမဲ့ အဲဒီအင်တာဖေ့စ် ဆိုတာနဲ့မှ
လူတွေ ထိတွေ့တုန့်ပြန်ကြရတာပါ၊ -
0:28 - 0:31အဲဒါကို ကျွန်ုပ်တို့ နှိပ်လိုက်ရင်
တစ်ခုခု ဖြစ်လာတတ်တယ်။ -
0:31 - 0:33၎င်းတို့ စပေါ်လာစဉ်တုန်းက
အတော်ကလေး ရိုးရှင်းခဲ့ကြပြီး၊ -
0:33 - 0:36ဆွဲဆောင်မှု သိပ်မရှိခဲ့ကြပါ။
-
0:36 - 0:39ဒီနေ့တွင် ဒီဇိုင်နာတွေထံမှာ
အဲဒါ ရွေးစရာတွေ တစ်ပုံကြီးပါ။ -
0:40 - 0:44ဟိုက်ပါလင့်တွေဟာ ရေးမှတ်ရတဲ့ ဘာသာစကား
HTML ကို သုံးကြပါတယ်။ -
0:44 - 0:46အဲဒါက ကုဒ်ပါတဲ့ စာကြောင်းတို ရှိတတ်တယ်။
-
0:46 - 0:50ပြီးတော့ သင်ဟာ ထိုသူကို စေလွှတ်ချင်တဲ့
လိပ်စာကို ထည့်ပေးရတယ်။ -
0:50 - 0:53တကယ်တော့ အဲဒီလို လုပ်တတ်ဖို့
သင်ယူရေးဟာ လွယ်လွယ်လေးပါ။ -
0:53 - 0:58ဒီတော့၊ အင်တာနက် ပေါ်မှာ ရှိတတ်တဲ့ အချက်
အလက်များအတွက် ရည်ညွှန်းစရာ တစ်ပုံကြီးဟာ -
0:58 - 1:00ဟိုက်ပါလင့်ရဲ့ ဒိုမိန်းပါပဲ။
-
1:00 - 1:02ကျွန်မ ကျောင်းနေခဲ့ရတဲ့
ကာလကို ပြန်ကြည့်ရင်- -
1:02 - 1:06လူတွေ အင်တာနက်ကို ကျယ်ပြန့်စွာ
မသုံးစွဲကြသေးပါဘူး - -
1:06 - 1:08ကျွန်မသာ သုတေသန စာတမ်းကို ပြုစုချင်ခဲ့ရင်၊
-
1:08 - 1:10ကျွန်မဟာ စာကြည့်တိုက်ကို
လမ်းလျှောက်သွားခဲ့ရမှာပါ၊ -
1:10 - 1:13အဲဒီမှာ ကိုယ်လိုချင်တဲ့ စာအုပ်ရှိခဲ့ရင်
ကံကောင်းလှပြီ။ -
1:13 - 1:15မကြာခဏဆိုသလို
စာအုပ်ကို ရှာဖို့ လိုအပ်ခဲ့ရင်၊ -
1:15 - 1:17ရက်သတ္တပတ် အတော်ကြာနိုင်ခဲ့ပါတယ်။
-
1:17 - 1:19အခုတော့ အဲဒီလို စဉ်းစားရမှာကိုက
စိတ်ကူး မရနိုင်တော့ပါ၊ -
1:20 - 1:22ကြီးမားတဲ့ တီထွင်မှုတွေ အားလုံးလိုပဲ၊
-
1:22 - 1:25ကျွန်မတို့ တစ်ခုခုကို
သုံးလာနိုင်တဲ့နောက် မကြာမီမှာပဲ -
1:25 - 1:27အဲဒါကို အလိုလိုသုံးနေကျအရာလို့
ခံယူလာကြပါတယ်။ -
1:27 - 1:29၁၉၄၅ ခုနှစ်ဆီ ပြန်သွားကြရင်၊
-
1:29 - 1:31Vannevar Bush ဆိုသူ ရှိခဲ့ပါတယ်။
-
1:31 - 1:33သူဟာ အမေရိကန်အစိုးရအတွက်
လုပ်ကိုင်နေခဲ့သူပါ။ -
1:33 - 1:35သူတင်ပြလိုက်တဲ့ စိတ်ကူး တစ်ခုက
-
1:35 - 1:37"အိုး၊ လူတွေ ဖန်တီးနေကြတဲ့
အချက်အလက်တွေ များလှပါကလား၊ -
1:37 - 1:41ကျွန်ုပ်တို့ဖတ်ပြီးသွားတဲ့
စာအုပ်တွေကိုတောင် မှတ်မိဖို့ မလွယ်သလို၊ -
1:41 - 1:44အရေးကြီးတဲ့ အတွေးအခေါ်အကြားက
ဆက်သွယ်မှုတွေကို ဘယ်မှတ်မိနိုင်ကြမလဲ။" -
1:44 - 1:46အဲဒါနဲ့ သူဟာ "memex"
ဆိုတဲ့ စိတ်ကူးပေါ်လာခဲ့တယ်၊ -
1:46 - 1:49ကိုယ်ပိုင် စာကြည့်တိုက်ကို
အတူတကွ ထားနိုင်တဲ့ နေရာပါ၊ -
1:49 - 1:53ကိုယ် ရယူသုံးနိုင်တဲ့ စာအုပ်တွေနဲ့
ဆောင်းပါးတွေ အားလုံးပေါ့လေ။ -
1:53 - 1:57အရင်းအမြစ်တွေကို ချိတ်ဆက်လို့ ရနိုင်တဲ့
အဲဒီလို စိတ်ကူးကို လူတွေ အားရနေခဲ့ကြတယ်။ -
1:57 - 1:59နောက်ပိုင်း ၁၉၆၀ ပြည့်လွန်နှစ်များမှာ၊
-
1:59 - 2:02Ted Nelson ဆိုသူက Project Xanadu
ဆိုတာကို ထုတ်လွှင့်ခဲ့ပြီး -
2:02 - 2:04ပြောလိုက်သေးတာက၊
-
2:04 - 2:07"အဲဒါကို ကျွန်တော့်ထံမှာ ရှိနေတာနဲ့သာ
ကန့်သတ်မထားဘူး ဆိုရင်ကော? -
2:07 - 2:11ပိုကြီးမားတဲ့ အလုပ်တွေဆိုင်ရာ စိတ်ကူး
တွေကို ချိတ်ဆက်ပေးနိုင်မယ် ဆိုရင်ကော?" -
2:11 - 2:14၁၉၈၂ ခုနှစ်မှာ
University of Maryland သုသေတီတို့က -
2:14 - 2:16HyperTIES လို့ခေါ်တဲ့
စနစ်ကို ပြုစုခဲ့ကြတယ်။ -
2:16 - 2:20စာသားကို လင့်မှတ်သားစရာ အဖြစ်
သူတို့ စပြီး သုံးလာကြတယ်။ -
2:20 - 2:23မီးခိုးရောင် နောက်ခံပေါ်က
ဒီလိုအပြာရောင် လင့်ဟာဖြင့် -
2:23 - 2:25အရောင်ခြားနားချက် သဘောအရ
သိပ်အဆင်ပြေမယ်လို့ ယူဆခဲ့ကြတယ်၊ -
2:25 - 2:27လူတွေ မြင်ရလွယ်ခဲ့မှာပါ။
-
2:27 - 2:30Apple က ၁၉၈၇ ခုနှစ်တွင်
HyperCard ကို တီထွင်ခဲ့တယ်။ -
2:31 - 2:33ကိုယ့်ဆီမှာ
ဒီလောက်များတဲ့ ကဒ်တွေ ရှိနေရင်၊ -
2:33 - 2:35အဲဒီကဒ်တွေ အကြားမှာ လင့်တွေကို
ဖန်တီးပေးနိုင်ခဲ့မှာပါ။ -
2:35 - 2:40HyperCard ဟာ တကယ်တော့ အကြောင်းအရာထဲတွင်
စိတ်ကြိုက် ခုန်ပျံခွင့်ကို ဖန်တီးပေးတယ်။ -
2:40 - 2:43အဲဒီလို ဖြောင့်တန်း မနေတဲ့
ပုံပြင်ကို ပြောပြနည်းဟာ -
2:43 - 2:46ဟိုက်ပါလင့်ပေါ်လာတော့
ဧရာမ တိုးတက်လာခဲ့တယ်၊ -
2:46 - 2:50လူတွေကို ဇာတ်ကြောင်း ပြောရာတွင်
အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးခဲ့လို့ပါ။ -
2:50 - 2:52အဲဒီလို အတွေးအခေါ်များနဲ့ တီထွင်မှုတွေဟာ
အခြားအရာတွေနဲ့အတူ၊ -
2:53 - 2:56World Wide Web ကို တီထွင်ပေးခဲ့သူ
Tim Berners-Lee ကို အားပေးခဲ့ကြတယ်။ -
2:57 - 2:59ဟိုက်ပါလင့်ကို Lego ဘလောက်တွေလို
ခံစားလာစေခဲ့တယ်၊ -
2:59 - 3:03သိပ်ကို ရှုပ်ထွေးလှတဲ့ ဝဘ်ဆက်သွယ်မှုတွေရဲ့
အခြေခံ ဆောက်လုပ်ရေး ဘလောက်ဖြစ်လာပြီး -
3:03 - 3:06တစ်ကမ္ဘာလုံးမှာ ပြန့်ကြဲလျက် ရှိနေကြပါပြီ။
-
3:06 - 3:09ဟိုက်ပါလင့်တွေကို ပထမဦးဆုံး
တည်ဆောက်ခဲ့ပုံ အရကိုက -
3:09 - 3:12၎င်းတို့ကို လူတွေ အများအပြား
သုံးကြမှာကို သာမက -
3:12 - 3:15လူတွေ အများကြီးတို့က ပါဝင်တီထွင်ကြမယ်လို့
ရည်ရွယ်ခဲ့လို့ပါ။ -
3:15 - 3:19အဲဒါဟာ ဖန်တီးခဲ့သမျှအထဲက ဒီမိုကရေစီ
အပြည့်ဝဆုံး ဒီဇိုင်းလို့ ကျွန်မ ယူဆပါတယ်။
- Title:
- ဟိုက်ပါလင့်က အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့ပုံ
- Speaker:
- Margaret Gould Stewart
- Description:
-
ဟိုက်ပါလင့်ဟာ အင်တာနက်အတွက် LEGO ဘလောက်နဲ့ ဆင်တူပါတယ်။ အဲဒါဟာ ဘယ်လိုများ ပေါ်ထွန်းလာခဲ့တာလဲ ဆိုတဲ့ ဇာတ်လမ်းကို ဟိုက်ပါလင့်ကို သုံးစွဲရာမှာ တကယ့်ကို ကျွမ်းကျင်ပါရဂူဖြစ်သူ Margaret Gould Stewart က တိုတိုတုပ်တုပ် ရှင်းပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED Series
- Duration:
- 03:33
Myo Aung approved Burmese subtitles for How the hyperlink changed everything | ||
Myo Aung edited Burmese subtitles for How the hyperlink changed everything | ||
Myo Aung accepted Burmese subtitles for How the hyperlink changed everything | ||
Myo Aung edited Burmese subtitles for How the hyperlink changed everything | ||
Myo Aung edited Burmese subtitles for How the hyperlink changed everything | ||
Myo Aung edited Burmese subtitles for How the hyperlink changed everything | ||
Sanda Aung edited Burmese subtitles for How the hyperlink changed everything | ||
Sanda Aung edited Burmese subtitles for How the hyperlink changed everything |