0:00:00.000,0:00:02.598 ကျွန်မ ကိုယ့်ဘာသာကိုယ်[br]စဉ်းစားမိခဲ့တာကို သတိရနေတုန်းပါ- 0:00:02.598,0:00:05.779 "ဒါက ကျန်ုပ်တို့ ဆက်သွယ်ပြောဆိုကြပုံ[br]အရာရာတိုင်းကို ပြောင်းပစ်မယ်။" 0:00:05.779,0:00:06.694 [အသေးစား အရာ။] 0:00:06.694,0:00:07.686 [စိတ်ကူး အကြီးစား။ ] 0:00:08.166,0:00:11.393 [ဟိုက်ပါလင့် အကြောင်း[br]Margaret Gould Stewartရဲ့ တင်ပြချက်] 0:00:11.393,0:00:13.705 ဟိုက်ပါလင့် ဆိုတာက [br]အင်တာဖေ့စ်နဲ့ ဆိုင်တဲ့ အရာပါ၊ 0:00:13.705,0:00:15.831 အဲဒီလို ပြောလိုက်ခြင်းဖြင့်[br]ကျွန်မ ဆိုလိုတာက၊ 0:00:15.831,0:00:18.785 သင့်ဖုန်း ဒါမှမဟုတ် သင့်ကွန်ပျူတာထဲက[br]ဆော့ဝဲကို သင် အသုံးပြုရင်၊ 0:00:18.785,0:00:21.379 အင်တာဖေ့စ်ရဲ့ နောက်ကွယ်တွင်[br]ကုဒ်တွေအများကြီး ရှိတတ်ပြီး 0:00:21.379,0:00:24.874 ကွန်ပျူတာ အနေနဲ့ ဘယ်လို စီမံခန့်ခွဲရမှာကို[br]ညွှန်ကြားချက်တွေကို ပေးပါတယ်၊ 0:00:24.898,0:00:27.863 ဒါပေမဲ့ အဲဒီအင်တာဖေ့စ် ဆိုတာနဲ့မှ[br]လူတွေ ထိတွေ့တုန့်ပြန်ကြရတာပါ၊ 0:00:27.863,0:00:30.601 အဲဒါကို ကျွန်ုပ်တို့ နှိပ်လိုက်ရင်[br]တစ်ခုခု ဖြစ်လာတတ်တယ်။ 0:00:30.625,0:00:33.408 ၎င်းတို့ စပေါ်လာစဉ်တုန်းက[br]အတော်ကလေး ရိုးရှင်းခဲ့ကြပြီး၊ 0:00:33.432,0:00:35.504 ဆွဲဆောင်မှု သိပ်မရှိခဲ့ကြပါ။ 0:00:35.528,0:00:39.098 ဒီနေ့တွင် ဒီဇိုင်နာတွေထံမှာ[br]အဲဒါ ရွေးစရာတွေ တစ်ပုံကြီးပါ။ 0:00:39.956,0:00:44.230 ဟိုက်ပါလင့်တွေဟာ ရေးမှတ်ရတဲ့ ဘာသာစကား[br]HTML ကို သုံးကြပါတယ်။ 0:00:44.254,0:00:46.136 အဲဒါက ကုဒ်ပါတဲ့ စာကြောင်းတို ရှိတတ်တယ်။ 0:00:46.160,0:00:50.183 ပြီးတော့ သင်ဟာ ထိုသူကို စေလွှတ်ချင်တဲ့[br]လိပ်စာကို ထည့်ပေးရတယ်။ 0:00:50.207,0:00:52.849 တကယ်တော့ အဲဒီလို လုပ်တတ်ဖို့[br]သင်ယူရေးဟာ လွယ်လွယ်လေးပါ။ 0:00:52.873,0:00:58.260 ဒီတော့၊ အင်တာနက် ပေါ်မှာ ရှိတတ်တဲ့ အချက်[br]အလက်များအတွက် ရည်ညွှန်းစရာ တစ်ပုံကြီးဟာ 0:00:58.284,0:01:00.246 ဟိုက်ပါလင့်ရဲ့ ဒိုမိန်းပါပဲ။ 0:01:00.303,0:01:02.410 ကျွန်မ ကျောင်းနေခဲ့ရတဲ့[br]ကာလကို ပြန်ကြည့်ရင်- 0:01:02.434,0:01:05.648 လူတွေ အင်တာနက်ကို ကျယ်ပြန့်စွာ[br]မသုံးစွဲကြသေးပါဘူး - 0:01:05.648,0:01:07.735 ကျွန်မသာ သုတေသန စာတမ်းကို ပြုစုချင်ခဲ့ရင်၊ 0:01:07.759,0:01:10.278 ကျွန်မဟာ စာကြည့်တိုက်ကို [br]လမ်းလျှောက်သွားခဲ့ရမှာပါ၊ 0:01:10.278,0:01:12.821 အဲဒီမှာ ကိုယ်လိုချင်တဲ့ စာအုပ်ရှိခဲ့ရင်[br]ကံကောင်းလှပြီ။ 0:01:12.845,0:01:14.958 မကြာခဏဆိုသလို[br]စာအုပ်ကို ရှာဖို့ လိုအပ်ခဲ့ရင်၊ 0:01:14.958,0:01:16.567 ရက်သတ္တပတ် အတော်ကြာနိုင်ခဲ့ပါတယ်။ 0:01:16.591,0:01:19.496 အခုတော့ အဲဒီလို စဉ်းစားရမှာကိုက[br]စိတ်ကူး မရနိုင်တော့ပါ၊ 0:01:19.520,0:01:22.339 ကြီးမားတဲ့ တီထွင်မှုတွေ အားလုံးလိုပဲ၊ 0:01:22.339,0:01:24.969 ကျွန်မတို့ တစ်ခုခုကို [br]သုံးလာနိုင်တဲ့နောက် မကြာမီမှာပဲ 0:01:24.993,0:01:27.263 အဲဒါကို အလိုလိုသုံးနေကျအရာလို့ [br]ခံယူလာကြပါတယ်။ 0:01:27.287,0:01:28.707 ၁၉၄၅ ခုနှစ်ဆီ ပြန်သွားကြရင်၊ 0:01:28.731,0:01:31.024 Vannevar Bush ဆိုသူ ရှိခဲ့ပါတယ်။ 0:01:31.024,0:01:33.327 သူဟာ အမေရိကန်အစိုးရအတွက်[br]လုပ်ကိုင်နေခဲ့သူပါ။ 0:01:33.351,0:01:34.948 သူတင်ပြလိုက်တဲ့ စိတ်ကူး တစ်ခုက 0:01:34.948,0:01:37.469 "အိုး၊ လူတွေ ဖန်တီးနေကြတဲ့[br]အချက်အလက်တွေ များလှပါကလား၊ 0:01:37.469,0:01:40.612 ကျွန်ုပ်တို့ဖတ်ပြီးသွားတဲ့ [br]စာအုပ်တွေကိုတောင် မှတ်မိဖို့ မလွယ်သလို၊ 0:01:40.612,0:01:43.826 အရေးကြီးတဲ့ အတွေးအခေါ်အကြားက[br]ဆက်သွယ်မှုတွေကို ဘယ်မှတ်မိနိုင်ကြမလဲ။" 0:01:43.826,0:01:46.153 အဲဒါနဲ့ သူဟာ "memex" [br]ဆိုတဲ့ စိတ်ကူးပေါ်လာခဲ့တယ်၊ 0:01:46.177,0:01:48.679 ကိုယ်ပိုင် စာကြည့်တိုက်ကို[br]အတူတကွ ထားနိုင်တဲ့ နေရာပါ၊ 0:01:48.679,0:01:52.606 ကိုယ် ရယူသုံးနိုင်တဲ့ စာအုပ်တွေနဲ့[br]ဆောင်းပါးတွေ အားလုံးပေါ့လေ။ 0:01:52.630,0:01:57.093 အရင်းအမြစ်တွေကို ချိတ်ဆက်လို့ ရနိုင်တဲ့[br]အဲဒီလို စိတ်ကူးကို လူတွေ အားရနေခဲ့ကြတယ်။ 0:01:57.093,0:01:59.112 နောက်ပိုင်း ၁၉၆၀ ပြည့်လွန်နှစ်များမှာ၊ 0:01:59.136,0:02:02.287 Ted Nelson ဆိုသူက Project Xanadu[br]ဆိုတာကို ထုတ်လွှင့်ခဲ့ပြီး 0:02:02.311,0:02:03.621 ပြောလိုက်သေးတာက၊ 0:02:03.645,0:02:06.674 "အဲဒါကို ကျွန်တော့်ထံမှာ ရှိနေတာနဲ့သာ[br]ကန့်သတ်မထားဘူး ဆိုရင်ကော? 0:02:07.048,0:02:10.822 ပိုကြီးမားတဲ့ အလုပ်တွေဆိုင်ရာ စိတ်ကူး[br]တွေကို ချိတ်ဆက်ပေးနိုင်မယ် ဆိုရင်ကော?" 0:02:11.020,0:02:13.758 ၁၉၈၂ ခုနှစ်မှာ[br]University of Maryland သုသေတီတို့က 0:02:13.782,0:02:16.131 HyperTIES လို့ခေါ်တဲ့[br]စနစ်ကို ပြုစုခဲ့ကြတယ်။ 0:02:16.155,0:02:19.600 စာသားကို လင့်မှတ်သားစရာ အဖြစ်[br]သူတို့ စပြီး သုံးလာကြတယ်။ 0:02:19.624,0:02:22.621 မီးခိုးရောင် နောက်ခံပေါ်က [br]ဒီလိုအပြာရောင် လင့်ဟာဖြင့် 0:02:22.621,0:02:25.280 အရောင်ခြားနားချက် သဘောအရ[br]သိပ်အဆင်ပြေမယ်လို့ ယူဆခဲ့ကြတယ်၊ 0:02:25.304,0:02:27.090 လူတွေ မြင်ရလွယ်ခဲ့မှာပါ။ 0:02:27.114,0:02:30.051 Apple က ၁၉၈၇ ခုနှစ်တွင်[br]HyperCard ကို တီထွင်ခဲ့တယ်။ 0:02:30.716,0:02:32.791 ကိုယ့်ဆီမှာ [br]ဒီလောက်များတဲ့ ကဒ်တွေ ရှိနေရင်၊ 0:02:32.791,0:02:35.381 အဲဒီကဒ်တွေ အကြားမှာ လင့်တွေကို[br]ဖန်တီးပေးနိုင်ခဲ့မှာပါ။ 0:02:35.381,0:02:40.444 HyperCard ဟာ တကယ်တော့ အကြောင်းအရာထဲတွင်[br]စိတ်ကြိုက် ခုန်ပျံခွင့်ကို ဖန်တီးပေးတယ်။ 0:02:40.468,0:02:43.356 အဲဒီလို ဖြောင့်တန်း မနေတဲ့[br]ပုံပြင်ကို ပြောပြနည်းဟာ 0:02:43.380,0:02:45.914 ဟိုက်ပါလင့်ပေါ်လာတော့[br]ဧရာမ တိုးတက်လာခဲ့တယ်၊ 0:02:45.938,0:02:49.677 လူတွေကို ဇာတ်ကြောင်း ပြောရာတွင်[br]အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးခဲ့လို့ပါ။ 0:02:49.677,0:02:52.477 အဲဒီလို အတွေးအခေါ်များနဲ့ တီထွင်မှုတွေဟာ[br]အခြားအရာတွေနဲ့အတူ၊ 0:02:52.501,0:02:55.950 World Wide Web ကို တီထွင်ပေးခဲ့သူ[br]Tim Berners-Lee ကို အားပေးခဲ့ကြတယ်။ 0:02:56.546,0:02:59.200 ဟိုက်ပါလင့်ကို Lego ဘလောက်တွေလို[br]ခံစားလာစေခဲ့တယ်၊ 0:02:59.200,0:03:03.432 သိပ်ကို ရှုပ်ထွေးလှတဲ့ ဝဘ်ဆက်သွယ်မှုတွေရဲ့[br]အခြေခံ ဆောက်လုပ်ရေး ဘလောက်ဖြစ်လာပြီး 0:03:03.432,0:03:05.806 တစ်ကမ္ဘာလုံးမှာ ပြန့်ကြဲလျက် ရှိနေကြပါပြီ။ 0:03:05.830,0:03:08.555 ဟိုက်ပါလင့်တွေကို ပထမဦးဆုံး[br]တည်ဆောက်ခဲ့ပုံ အရကိုက 0:03:08.579,0:03:11.583 ၎င်းတို့ကို လူတွေ အများအပြား[br]သုံးကြမှာကို သာမက 0:03:11.583,0:03:14.523 လူတွေ အများကြီးတို့က ပါဝင်တီထွင်ကြမယ်လို့[br]ရည်ရွယ်ခဲ့လို့ပါ။ 0:03:14.547,0:03:18.711 အဲဒါဟာ ဖန်တီးခဲ့သမျှအထဲက ဒီမိုကရေစီ[br]အပြည့်ဝဆုံး ဒီဇိုင်းလို့ ကျွန်မ ယူဆပါတယ်။