-
Title:
ဘာသာစကားဟာ လူသားရဲ့ မဟာတီထွင်မှုကြီး ဖြစ်တာ ဘာကြောင့်လဲ
-
Description:
လူ့ယဉ်ကျေးမှုဟာ ဘာသာစကားကို အခြေခံ ရပ်တည်နေရတာ ဖြစ်ကြောင်း ဘာသာစကားကို ဖန်တီးသူ David Peterson က ဆိုပါတယ်။ သူရဲ့ စိတ်လိုက်မာန်ပါနဲ့ ရယ်ရွှင်ဖွယ် ဟောပြောခန်းထဲတွင် သူက ဘာသာစကားကို လေ့လာမှု၊ ထိန်းသိမ်းမှုနဲ့ အသစ်ကို တီထွင်ဖန်တီးပေးမှုတို့က ကျွန်ုပ်တို့ လူသားအားလုံးတို့ရဲ့ စုပေါင်းရပ်တည်မှုကို နားလည်လာစေပုံကို ညွှန်ပြထားပြီး -- သူကနေပြီး "Game of Thrones" ရုပ်ရှင်အတွက် (Dothraki နဲ့အတူ) ဘာသာစကား အသစ်နှစ်မျိုးကို တီထွင်ပေးခဲ့ရာ တစ်ခုဖြစ်တဲ့ High Valyrian ကို သင်တန်းတောင် ပို့ချပေးနေပါတယ်။ "ဘာသာစကားကို ကိရိယာသက်သက်အဖြစ် ထင်မှတ်မရနိုင်ကြောင်း သူက ဆိုထားင်္ပြး "ဘာသာစကားဟာ ကျုပ်တို့အားလုံးရဲ့ အမွေအနှစ်ဖြစ်ပြီး လူသားရဲ့ အနှစ်သာရကို ဖေါ်ထုတ်ပေးတဲ့ အရာပါ။"လို့ ယုံကြည်ပါတယ်။
-
Speaker:
David Peterson
-
ဇွန်းတွေ။
-
ကတ်ထူပုံးတွေ။
-
ကလေးကစားစရာ မီးရထားတွေ။
-
ပွဲလမ်းသဘင် အဆင်တန်ဆာတွေ။
-
နေအိမ်တွေ။
-
စောင်တွေ။
-
ခြင်းတွေ။
-
ကော်ဇောတွေ
-
ဗန်းစားပွဲတွေ။
-
စမတ်ဖုန်းတွေ။
-
စန္ဒယားတွေ။
-
ဝတ်စုံတွေ။
-
ဓာတ်ပုံတွေ။
-
ဒီအရာတွေ အားလုံးက နောက်ဆုံး
သုံးလအတွင်းမှာ
-
ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာကလွဲလို့
တူတဲ့ အချက်က ဘာများလဲ။
-
အဲဒီပုံတွေအတွက် ကျွန်တော် မူပိုင်ခွင့်
ပိုင်တာ လွဲလို့ပေါ့လေ။
-
(ရယ်သံများ)
-
ဒါတွေအားလုံးဟာ တီထွင်မှုတွေပါ၊
-
ဘာသာစကားရဲ့ အကျိုးကျေးဇူးကြောင့်
ဖန်တီးဖြစ်ခဲ့တာပါ။
-
ဘာသာစကားသာ မရှိခဲ့ရင်
ဒီအရာတစ်ခုမှာမှ ရှိနိုင်ခဲ့ကြမှာ မဟုတ်ပါ။
-
အဲဒါတွေထဲက တစ်ခုခုကို
-
ဒါမှမဟုတ် ဒီလို အဆောက်အအုံကြီးမျိုးကို၊
-
ဘာသာစကားကို မသုံးနိုင်ဘဲနဲ့၊
-
ဘာသာစကားကို အသုံးပြုပြီး ရခဲ့တဲ့ အသိပညာကို
အသုံးမပြုခဲ့ဘဲ ဆောက်လုပ် မရနိုင်ခဲ့ပါ။
-
အခြေခံအားဖြင့် ဘာသာစကားဟာ
တစ်ကမ္ဘာလုံးမှာ အရေးအကြီးဆုံး
-
အချက် ဖြစ်ပါတယ်။
-
ကျုပ်တို့ရဲ့ ယဉ်ကျေးမှုအားလုံးတို့က
၎င်းအပေါ်တွင် ရပ်တည်နေကြရတယ်။
-
ပြီးတော့ ဘာသာစကားကို လေ့လာရန်
ရွေးချယ်ကြသူတို့ဟာ
-
ဘာသာစကား ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ၊
လူသားတွေရဲ့ ဘာသာစကား မတူကွဲပြားကြပုံ၊
-
အဲဒါက တိရစ္ဆာန်တွေရဲ့ ဆက်သွယ်မှုစနစ်နဲ့
မတူပုံကို လေ့လာသူတို့ကို
-
ဘာသာဗေဒပညာရှင်တွေလို့ ခေါ်ပါတယ်။
-
ဘာသာစကားဗေဒ ပညာဟာ အတော်လေး
နုသေးတဲ့ ပညာရပ်ပါ။
-
ပြီးတော့ အဲဒီထဲမှာ အရေးကြီးတဲ့ အချက်တွေ
အများကြီး မပါဝင်ကြပါဘူး၊
-
ဥပမာ၊ လူသားရဲ့ ဆက်သွယ်စကားပြောရေး
စနစ်တွေဟာ
-
တိရိစ္ဆာန်တွေရဲ့ စနစ်နဲ့ လုံးဝကို မတူဘူး၊
-
ဘာသာစကားအားလုံးတို့ရဲ့
ထုတ်ဖေါ်ပြောနိုင်စွမ်းဟာ
-
နည်းလမ်းတွေ မတူတောင် တူညီကြပါတယ်။
-
ဒါတောင်၊ ဘာသာစကား အကြောင်းကို မရပ်မနား
ပြောဆိုဆွေးနွေးချင်ကြတဲ့
-
လူတွေလည်း အထူးပဲ
များပြားလှပြီး သူတို့ကိုသူတို့
-
ဘာသာဗေဒ ပညာရှင်တွေလိုပဲ
အားလုံးသိကြတယ်လို့ ထင်မှတ်ကြပါတယ်။
-
သူတို့က ဘာသာစကားတစ်ခုကို
ပြောနိုင်ကြတော့ ထင်နိုင်ကြပါတယ်။
-
ကိုယ်က ဘာသာစကား တစ်ခုကို ပြောနိုင်တော့
-
ဘယ်သူမဆို အဲဒီအကြောင်းကို
ဆွေးနွေးခွင့် ရှိတယ်ပေါ့။
-
ခွဲစိတ်ကုဆရာဝန်နဲ့ ခင်ဗျား စကားပြောနေရတာ
စိတ်ကူးကြည့်ကြည့်ပါ၊
-
‘‘ဆရာ၊ ကျနော့်ကို နားထောင်ပါ၊
-
ကျွန်တော် အသက် ၄၀ ရှိလာပြီ၊
-
အခုတော့ သွေေးကြော အဆို့ရှင် တစ်ခုနှစ်ခု
လောက် လဲပေးဖို့ လိုနေတယ်။
-
ခင်ဗျားကလည်း ကျွန်တော့်အမြင်ကို
သဘောတူမှာပါ။‘‘
-
လက်တွေ့ဘဝထဲမှာ တကယ့်ကို
အဲဒီလို ဖြစ်ပျက်နေပါတယ်။
-
Neil deGrasse Tyson ရဲ့ "Arrival,"
ကားကို မှတ်မိကြမယ်ဆိုရင်၊
-
ဒီပြင်ဂြိုဟ်သားတွေနဲ့ ဆက်သွယ်
ပြောဆိုနိုင်ဖို့အတွက် သူဟာ
-
လျှိုဝှက်စာတွေကို ဖြေနိုင်သူကို
ရှာဖွေယူဖို့ လိုအပ်မယ်၊
-
ဘာသာဗေဒပညာရှင်ကို ခေါ်မယ်ဆိုရင်
-
ဂြိုလ်သားတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာ
-
ဂြိုလ်သားတွေရဲ့ ဘာသာစကားကို ဘာမှ
မသိတဲ့ ဘာသာဗေဒ ပညာရှင်ဟာ
-
အဲဒီလို အခြေအနေမျိုးထဲမှာ
-
ဘယ်လိုမှာမှ အသုံးဝင်မှာ မဟုတ်လို့ပါ။
-
ဟုတ်ပါတယ်၊ "Arrival" ရုပ်ရှင်ကားရဲ့
သာဓကဟာ စဉ်းစားစရာပါပဲ။
-
အဲဒီရုပ်ရှင်အစား ကျနော်
ဆွေးနွေးချင်တာက ဟေ့လူတွေ၊
-
ဂြိုလ်သား အများအပြားတို့ဟာ
ဧရာမအာကာသယာဉ်ကြီးတွေနဲ့
-
ကျုပ်တို့ဆီကို လာနေကြတာက
ဆက်သွယ်စကားပြောဖို့ သက်သက် အတွက်ပဲလား၊
-
ဒီတော့ ဘာသာဗေဒ
ပညာရှင်ကို ငှားဖို့ လိုနေတယ်ပေါ့။
-
(ရယ်သံများ)
-
အမေရိကန် အစိုးရဆီမှာ ဘတ်ဂျက်
ည်းနေလို့လား၊ ပြဿနာတစ်ခုခု ရှိနေလို့လား။
-
(ရယ်သံများ)
-
ဒီလိုတွေးခေါ်မှုတွေက နားလည်မှု
လွဲမှာနေတာတွေကို ထောက်ပြနေတယ်၊
-
ဘာသာစကားဆိုတာက ဘာလဲ၊ ဘာသာစကားဆိုင်ရာ၊
ပြီးတော့ ဘာသာဗေဒ ပညာရှင်ကိုပါ
-
အပေါ်ယံ ချဉ်းကပ်မှုမျိုးပါ။
-
ခုနက ပြောပြခဲ့တဲ့ လွှဲမှားနေတဲ့
နားလည်မှု တော်တော်များများကို
-
Forbes မဂ္ဂဇင်းထဲက စိတ်ဝင်စားစရာကောင်းတဲ့
ဆောင်းပါးထဲမှာ
-
စုပေါင်းဖေါ်ပြထားတယ်။ အထက်တန်းကျောင်းသား
တွေ နိုင်ငံခြားဘာသာကို သင်ရန် ဆောင်းပါးပါ။
-
၎င်းထဲက အချက်အလက် တချို့ကို
ကျွန်တော် ကိုးကားရပါမယ်၊
-
အဲဒီနောက် ခင်ဗျားတို့က
အဲဒီလို အယူအဆတွေ မှန်မမှန်ကို
-
ချင့်ချိန်း ခန့်မှန်း သုံးသပ်နိုင်ကြမှာပါ။
-
"အမေရိကန်တွေဟာ ဂန္ထဝင်ဝတ္ထုတွေကို
ဘာသာပြန်နဲ့တောင်မှ ဖတ်ခဲကြတယ်။‘‘
-
အဲဒီလိုဆိုရင်၊ ထိုသူတို့ဟာ မူရင်းဘာသာနဲ့
မဖတ်ကြဖို့ များတော့
-
သူတို့ကို နိုင်ငံခြားဘာသာစကားကို
သင်ပေးဖို့ ဘာ့အတွက် လိုအပ်ပါသလဲ။
-
ဆိုလိုရင်းက ဘာများလဲ။
-
"ကျောင်းမှာ နိုင်ငံခြားဘာသာစကားကို
သင်ယူမှုဟာ ကျောင်းမှာ ပြုလုပ်နိုင်တဲ့
-
အခြားအရာတွေနဲ့စာရင်
အချိန်ကို ဖြုန်းမှုသက်သက်ပါ။"
-
ဥရောပမှာ အတော်သေးငယ်တဲ့ ဒေသထဲတွင်
ဘာသာစကားအုပ်စုတွေ အများကြီး ရှိပါတယ်။‘‘
-
ဒီတော့ အမေရိကန်တွေ အနေနဲ့ အခြားဘာသာ
စကားတစ်ခုကို သင်ယူဖို့က ဘာ့အတွက်များလဲ။
-
တကယ်ပါပဲ၊ အဲဒါ့အတွက် ကိုယ်စိုက်ထုတ်ရမယ့်
အချိန်အတွက် ဆုလာဘ် ရစရာမရှိပါဘူး။
-
ကျွန်တော်အကြိုက်ဆုံး အပိုဒ်က-
-
Birmingham မြို့မှ ကျောင်းသားဟာ
မက်ဆီကို နယ်ခြားဆီ ရောက်ဖို့
-
မိုင်ထောင်ချီ ခရီးထွက်ရလိမ့်မယ်၊
ဒါတောင် အဲဒီဒေသမှာ
-
ထိုသူဟာ ပတ်ဝန်းကျင်နဲ့ အင်္ဂလိပ်လို
ပြောနိုင်ဖို့ များပါတယ်။‘‘
-
တနည်းအားဖြင့် ကိုယ်ဟာ တစ်နေရာရာကို
သွားနိုင်စွမ်း ရှိရင်၊
-
ကိုယ်လိုချင်တဲ့ နေရာတွေကို သွားနိုင်ပြီး
-
ဒီ့ပြင်ဘာသာစကားကို သင်ယူခြင်းဟာ
ဘယ်လိုမှ အဓိပ္ပါယ်မရှိပါ။
-
ဒီလို တွေးထင်လာစေတဲ့ အကြောင်းရင်းက
ခံယူချက်ဆိုင်ရာ အမှားကြောင့်ပါ၊
-
ဘာသာစကားဟာ ကိရိယာတခုပါ
ဆိုတဲ့ အချက်ကြေင့်ပါ။
-
အဲဒီလို ခံယူချက်က ဟုတ်မှန်သလို
စဉ်းစားစရာ အကြေင်းတွေ ရှိကြတာ အမှန်ပါပဲ။
-
ကိုယ်ဟာ ဒေသသုံး ဘာသာစကားကို
မသိရင် ဘာမှမလုပ်နိုင်ဘူး ဆိုတော့
-
ဘာသာစကားဟာ ကိရိယာတစ်ခုနဲ့ တူတာ မှန်ပါတယ်။
-
ဒါပေမဲ့ ဘာသာစကားကို ကိရိယာတစ်ခု
သက်သက်လို မြင်မှုကျတော့
-
လုံးဝကြီးကို မှားနေပါတယ်။
-
ဘာသာစကားဟာ ကိရိယာတခုမျှသာ ဖြစ်ခဲ့ရင်
အတော့်ကို ဟောင်နွမ်းလောက်ပါပြီ။
-
ပိုကောင်းတာကို ရှာတွေ့လို့ အဲဒါကို
စွန့်ပစ်ခဲ့သင့်တာ ကြာလှပါပြီ။
-
ဒီနေရာမှာ ဝါကျတစ်ကြောင်း စဉ်းစားကြည့်ပါ။
-
ကျွန်တော့်ဘဝထဲတွင်“မနေ့က ကျွန်တော်
Kyn ကိုမြင်ခဲ့တယ်” ပြောခဲ့ဘူးပါတယ်။
-
ကျွန်တော့် သူငယ်ချင်း အမည်က Kyn ပါ။
-
"Yesterday I saw Kyn "
လို့ ပြောဆိုချိန်မှာ
-
ကျွန်တော့် ခေါင်းထဲမှာ
ပေါ်ပေါက်နေသမျှ အားလုံးဟာ
-
ခုနက ဝါကျမှတစ်ဆင့် ခင်ဗျားရဲ့ စိတ်ထဲမှာပါ
-
ပေါ်လာပြီလို့ သေချာပါသလား။
-
ဆက်စပ်နေတဲ့ အချင်းအရာတွေ များလွန်းလို့
သေချာဖို့ မလွယ်ပါ။
-
ဥပမာ၊ "မနေ့က" စကားလုံး ဆိုပါစို့။
-
ကျွန်တော်က အဲဒီမှာ ရာသီဥတု ဘယ်လို
ရှိခဲ့မှန်းကို ထင်မိနိုင်သေးတယ်။
-
ဆက်ပြီး ကျွန်တော် မှတ်မိသေးတာက
-
အီးမေးလ်ပို့ဖို့ ကျွန်တော် မေ့သွားခဲ့သို့
ပို့ခဲ့ရတာမျိုးပါ။
-
ဒါက တမင်ကို နောက်ပြောင် ပြောလိုက်တာပါ၊
မေးလ်ပိုဖို့ မေ့သွားတာ အမှန်ပါ။
-
ဒီတော့ အဲဒါကို တနင်္လာကျမှ
လုပ်ရမယ့် သဘောပါ၊
-
အဲဒီနေ့ ကျွန်တော် အိမ်ကို
ပြန်ရောက်မှာမို့လို့ပါ။
-
ဒါနဲ့၊ တနင်္လာနေ့ကို စဉ်းစားလိုက်တာနဲ့
-
ကျွန်တော်ဟာ Bangles တွေရဲ့ "Manic Monday"
ဆိုတဲ့ သီချင်းကောင်းကို စဉ်းစားမိတယ်။
-
ပြီးတော့ "saw" လို့ ပြောလိုက်လို့
စဉ်းစားမိတဲ့ စကားစုက-
-
"ငါမြင်ပြီ။' မျက်မမြင်သူက သူ့တူနဲ့ လွှကို
ယူလိုက်တာကို မြင်မိတယ်။
-
အမြဲတမ်း ဒီအတိုင်းပဲ။
-
ကျွန်တော် "saw" စကားလုံးကို ကြားရင်၊
ပြောမိရင် အမြဲတမ်း အဲဒီလို စဉ်းစားတတ်တယ်။
-
အဖိုးရဲ့ ပြောနေကျ စကားလုံးတွေပါ၊
-
တဆက်တည်း အဖိုးကိုလည်း သတိရစရာပါ။
-
ကျွန်ုပ်တို့ဟာ "Manic Monday" အကြောင်း
ပြန်ပြောဆိုကြရဦးမယ်။
-
"Yesterday I saw Kyn" ဝါကျထဲမှာ Kyn ကို
ပြောဆိုခဲ့ရာတွင်လည်း၊
-
ကျွန်တော် သူ့ကိုတွေ့မြင်ခဲ့ရတဲ့
အခြေအနေတွေကိုပါ စဉ်းစားမိမှာပါ။
-
ထိုနေ့တုန်းကလည်း အလားတူ ဖြစ်ခဲ့တယ်။ သူဟာ
ကျွန်တော့်ကြောင်နဲ့ အတူ ဒီမှာ ရှိနေတယ်။
-
ကျွန်တော် Kyn အကြောင်းကို
စဉ်းစားနေစဉ်
-
သူအခု Long Beach State သွားနေတာကို သိတယ်၊
-
တဆက်တည်း ကျွန်တော့်မိတ်ဆွေနဲ့
ကျွန်တော့်မိခင်တို့ဟာ
-
နှစ်ဦးစလုံး Long Beach State မှ
ဘွဲ့ရခဲ့တာ မှတ်မိမယ်၊
-
ကျွန်တော့ တူမဝမ်းကွဲ Katie အခု
Katie Long Beach State တက်နေတယ်။
-
အားလုံးကး "Manic Monday" သဘောပါပဲ။
-
ကိုယ်က တစ်ခုခုပြောချိန်မှာ
ခေါင်းထဲမှာ ပေါ်လာတတ်တာတွေရဲ့
-
အစိတ်အပိုင်း အချို့ပဲ ရှိပါသေးတယ်။
-
ကျုပ်တို့အားလုံး ကိုယ့်ခေါင်းထဲမှာ
ဖြစ်ပျက်နေတာတွေကို
-
အဲဒီလိုပုံစံ စဉ်းစားလေ့ ရှိကြပါတယ်။
-
ကျုပ်တို့ အားလုံး အလားတူပါပဲ။
-
(ရယ်သံများ)
-
ဒီတော့ ကျုပ်တို့ရဲ့ စနစ်က အခုလို
ညံ့နေတာဟာ ဘာမှ အံ့အားသင့်စရာမဟုတ်ပါ။
-
ဥပမာ တစ်ခုကို ပြသပေးတဲ့ အနေနဲ့
-
ခင်ဗျားတို့က ကိတ်မုန့်စားရတာ ဘယ်လိုလဲ
သိချင်ကြတယ် ဆိုပါစို့၊
-
ကိတ်မုန့်ကိုယူပြီး စားမယ့်အစား
-
ကျုပ်တို့ဟာ ကိတ်ထဲ ပါဝင်တဲ့
အရာတွေကို
-
တစ်ခုပြီးတစ်ခု ညွှန်ကြားချက်နဲ့အတူ
-
စားပစ်ကြရန် လိုအပ်ပါမယ်။
-
ဝင်ပစ္စည်းတွေက ပေါင်းစည်းမိလျက် ကိတ်မုန့်
ဖန်တီးပေးပုံအကြောင်း သိရန်အတွက်ပါ။
-
ခင်ဗျားတို့ ညွှန်ကြားချက်ကိုပါ စားပစ်ရမယ်။
-
(ရယ်သံများ)
-
ကျုပ်တို့က ကိတ်မုန့်ကို အဲဒီပုံစံနဲ့
လက်တွေ့စမ်းသပ်ကြရမယ်ဆိုရင်၊
-
ကျုပ်တို့ဟာ ကိတ်မုန့်ကို ဘယ်တော့မှ
စားဖြစ်မှ မဟုတ်ပါဘူး။
-
ဒါပေမဲ့၊ ကျုပ်တို့ ခေါင်းထဲမှာ ဖြစ်ပျက်နေ
တာတွေကို နားလည်ရန်
-
ဘာသာစကားဟာ တစ်ခုတည်းသော
နည်းလမ်း ဖြစ်ပါတယ်။
-
ဒါက ကျွန်တော်တို့ရဲ့ အတွင်းပိုင်းလက္ခဏာပါ၊
-
ကျုပ်တို့ကို လူသားလုပ်ပေးတဲ့ အရာပါ၊
-
ကျန်တဲ့ တိရိစ္ဆာန်တွေနဲ့ကျုပ်တို့ကို
မတူအောင် လုပ်ပေးတဲ့ အချက်ပါပဲ၊
-
ကျုပ်တို့ အတွင်းထဲမှာ
တစ်နေရာရာမှာရှိနေတဲ့ အရာပါ၊
-
ကျုပ်တို့အနေနဲ့ အဲဒါကို မိတ်ဆက်ပေးဖို့
လိုအပ်တာက ကျုပ်တို့ရဲ့ ဘာသာစကားတွေပါပဲ။
-
ကျုပ်တို့ခေါင်းထဲမှာ ဖြစ်ပျက်နေတာကို
ပြသဖို့ ဘာသာစကားဟာ အကောင်းဆုံးနည်းလမ်းပဲ။
-
‘‘လူသားရဲ့ တွေးခေါ်ပုံနဲ့ ခံစားချက်များရဲ့
သဘာဝက ဘာလဲ‘‘
-
မေးခွန်းကို ခင်ဗျားတို့အား
မေးလိုတာကို စိတ်ကူးကြည့်ကြပါ။
-
ခင်ဗျား လုပ်ချင်ကြမှာက
-
အတတ်နိုင်ဆုံး အများဆုံး ကွဲပြားကြတဲ့
ဘာသာစကားတွေကို
-
လေ့လာကြရပါမယ်။
-
တစ်ခုတည်းကို လေ့လာရုံနဲ့ မဖြစ်နိုင်ပါ။
-
ခင်ဗျားတို့အား ဥပမာတစ်ခု အနေနဲ့၊
-
ကြောက်လေး Roman ရဲ့ ပုံတစ်ပုံ ရိုက်ထားရာ၊
-
12 megapixel ကင်မရာနဲ့ ရိုက်ယူခဲ့တယ်။
-
ဒါကျတော့ အဲဒီကြောင်ရဲ့ ပုံပါပဲ၊
ဒါပေမဲ့ pixel ပိုနည်းတဲ့ပုံပါ။
-
ဒီပုံနှစ်ပုံလုံးဟာ တကယ့်ကြောင်ပါလို့
ပြောမရနိုင်တာ ရှင်းနေပါတယ်။
-
ဒါပေမဲ့ တစ်ပုံက နောက်ပုံနဲ့စာရင် ကြောင်ကို
ပိုပြီးပြည့်စုံစွာ ဖေါ်ပြနိုင်ပါတယ်။
-
ဘာသာစကားဟာ ကိရိယာတစ်ခု သက်သက်မဟုတ်ပါ။
-
၎င်းဟာ ကျွန်တော်တို့ရဲ့အမွေပါ။
-
အဲဒါဟာ လူသားဖြစ်ရခြင်းရဲ့
အနှစ်သာရကို ဖေါ်ပြပေးနေပါတယ်။
-
ပြီးတော့ ကျွန်တော်က ကျုပ်တို့အမွေလို ပြော
လိုက်တာက လူသားတိုင်းကို ဆိုလိုတာပါ။
-
ဘာသာစကား တစ်ခုတည်း ဆုံးရှုံးရခြင်းဟာ
ကားချပ်ပုံကို ပြတ်သားမှု နည်းသွားစေပါတယ်။
-
ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ
-
အလုပ်အနေနဲ့ရော၊ ပျော်စရာ အနေနဲ့ပါ၊
-
ကျွန်တော်ဟာ ဘာသာစကားတွေကို ဖန်တီးခဲ့ပါတယ်။
-
အဲဒါတွေကို "conlangs" လို့ ခေါ်ကြတယ်၊
-
"constructed languages" ရဲ့ အတိုကောက်ပါ။
-
အချက်နှစ်ချက်ကို ဘေးချင်းယှဉ်
မိတ်ဆက်ပေးလိုက်ခြင်းက
-
ကျုပ်တို့ဟာ ကမ္ဘာ့ဘာသာစကားတွေကို
ဆုံးရှုံးနေရတယ်၊
-
ကျွန်တော်က ဘာသာစကားအသစ်ကို
ဖန်တီးနေတယ် ဆိုတော့
-
အဲဒီနှစ်ချက် အပြင်ပန်းဆက်သွယ်မှု ရှိနေသလို
-
ထင်စရာ ရှိနိုင်ပါတယ်။
-
တကယ်တော့ လူတော်တော်များများတို့က
အဲဒီလို ဆက်စပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
-
ဒါပေမဲ့ ခုနက ပြောဆိုနေတာတွေရဲ့
ဘောင်အပြင်ကို ထိုးထွက်နေတဲ့
-
James Cameron ရဲ့ Avatar ရုပ်ရှင်ထဲက
conlang တစ်ခု ရှိနေပါတယ်။
-
သူအဆိုအရ
-
"သုံးနှစ်အတွင်းမှာ ၎င်းဟာ
James Cameron ကို သိမ်းယူနိုင်ခဲ့တယ်။
-
Avatar ကို ရုံတွေမှာ လိုက်ပြပြီးတဲ့နောက်
အဲဒီဘာသာစကား သေဆုံးသွားပါပြီ။‘‘
-
နောက် ပြောစရာ ရှိပါသေးတယ်။
-
"Na'vi, alas ရဲ့ နေရာကို ဘယ်လိုမှာမှ
အစားထိုးလို့ ရနိုင်မယ် မထင်ပါ..."
-
တကယ့်ကို လေးနက်လှပြီး နောင်တရစရာပါ၊
-
တချို့တို့ကတော့ အဲဒီအကြောင်း
စဉ်းစားချင်မှ စဉ်းစားမိကြမှာပါ။
-
(ရယ်သံများ)
-
ကျွန်တော် ဘွဲ့ယူစဉ်တုန်းက
-
အဓိက ဘာသာရပ် နှစ်ခုကို သင်ယူခဲ့တယ်။
-
တစ်ခုက ဘာသာဗေဒ ဖြစ်ခဲ့ပြီး
နောက်တစ်ခုက အင်္ဂလိပ်စာပါ။
-
အင်္ဂလိပ်ကို အဓိကဘာသာအဖြစ် သင်ခဲ့တာ၊
အင်္ဂလိပ်စာကို လေ့လာခဲ့တာက
-
လက်တွေ့မှာကျတော့ ကျုပ်တို့ သိရှိကြသလို
အင်္ဂလိပ်စာလေ့လာမှုမဟုတ်ခဲ့ဘဲ
-
စာပေကို လေ့လာမှုသာ ဖြစ်ခဲ့ပါတယ်။
-
စာပေဆိုတဲ့အရာ တကယ့်အံ့ဩစရာကြီးပါ၊
-
အခြေခံအားဖြင့် စာပေဟာ ပိုကျယ်ပြန့်စွာ
ပြောရရင် အနုပညာနဲ့ဆင်ပါတယ်။
-
၎င်းဟာ အနုပညာဆိုတဲ့ ခေါင်းစီးအောက်မှာပါ။
-
စာပေကို ကျုပ်တို့ လေ့လာကြည့်ရင်၊
-
စာရေးဆရာတွေဟာ လုံးဝကို အသစ်ဖြစ်ကြတဲ့
ဖြစ်ရပ်တွေကို ဖန်တီးကြပါတယ်။
-
စာရေးသူတို့က သူတို့စိတ်ကူးယဉ်ပြီး
ဖန်တီးပေးလိုက်ကြတဲ့
-
ဇာတ်ကောင်များထည့်ကို ထည့်ပေးလိုက်လို့
ကျွန်ုပ်တို့အားလုံးတို့ဟာ
-
နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေကို
ခံစားလာကြရပါတယ်။
-
သူတို့ရဲ့ လက်ရာ အစွမ်းထက်ပုံကို
ဒါတွေကို ကြည့်ရင် ထင်ရှားနေပါတယ်။
-
လုံးဝကို စိတ်ကူးထားတဲ့ ဇာတ်ကောင်တွေ
အကြောင်း
-
စာအုပ်တွေ တသီတတန်းကြီး ရှိပါတယ်။
-
တနည်း၊ စာအုပ်တစ်အုပ်လုံးဟာ အတုဖန်တီးထားတဲ့
လူတစ်ယောက် အကြောင်း ဖြစ်နိုင်တယ်။
-
George F. Babbitt ဆိုသူ အကြောင်း
စာအုပ်ရှိပါတယ်။
-
Sinclair Lewis ရဲ့ "Babbitt" စာအုပ်ပါ၊
-
အဲဒီစာအုပ်ဟာ ‘‘Babbitt‘‘
ကိုယ်၌ထက်ကို ပိုရှည်တာ အာမခံနိုင်ပါတယ်။
-
စာအုပ်ကိုယ်၌ကျတော့ တိုတိုလေးပါ။
-
တစ်ယောက်ယောက်က အဲဒါကို မှတ်မိရဲ့လား။
-
စာအုပ်ဟာ အတော်လေး ကောင်းပါတယ်၊
‘‘Main Street‘‘ ထက်ပိုကောင်းတယ်ထင်တယ်။
-
အဲဒီစာအုပ်ကို ကျွန်တော် အရမ်း ကြိုက်ပါတယ်။
-
ဒီတော့ စာပေဟာ စိတ်ဝင်စားစရာ ကောင်းတာကို
ကျုပ်တို့ ဘယ်တော့မှ မေးခွန်း မထုတ်ခဲ့ကြပါ။
-
အဲဒါအပြင့်၊
-
ဘာသာဗေဒပညာရှင်တွေကတောင်မှ
ဖန်တီးထားတဲ့ စာပေက ဘာတွေ ပြောနိုင်ကြောင်း
-
အနုပညာအဖြစ် လူသားတွေရဲ့ ခံစားချက်ကို သက်
ရောက်နိုင်ပုံကို စိတ်မဝင်စားကြပါဘူး။
-
ကျွန်တော် ဥပမာ ကောင်း တစ်ခုကို ပြပါမယ်။
-
တချိန်တုန်း ကျွန်တော့်အကြောင်း
ဆောင်းပါး တစ်ပုဒ် ပေါ်လာခဲ့တယ်။
-
California alumnimagazine ထဲမှာ
မကြာခင်တုန်းကပါ။
-
အဲဒီဆောင်းပါးကိုရေး သူတို့ရေးကြစဉ်
-
ဝေဖန်ရေးပေးမယ့်သူ တစ်ယောက်ယောက်ကို
သူတို့ ရှာလိုခဲ့ကြတယ်၊
-
လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ထူးဆန်းနေခဲ့ပါတယ်။
-
ကိုယ်က လူတစ်ယောက် အကြောင်းကို
ပြောပြနေတုန်းပဲ ရှိသေး၊
-
အဲဒီသူကို ဝေဖန်ရေးမယ့် လူတစ်ယောက်ကို
ရှာချင်နေကြပြီ။
-
(ရယ်သံများ)
-
တကယ်ကျတော့ အဲဒါကြောင့် အချိန်ကို ဆွဲနေသလို
ဖြစ်သွားခဲ့တယ်။
-
နောက်ဆုံးတွင် သူတို့ ကျုပ်တို့ခေတ်အတွင်း
-
အကျော်ကြားဆုံး ဘာသာဗေဒပညာရှင်ကို
ရှာတွေခဲ့ကြတယ်၊
-
ကျုပ်တို့ ဒီBerkeley မှ ဘာသာဗေဒပညာရှင်
George Lakoff ပါ။
-
သူရဲ့ သုတေသနများဟာ ဘာသာဗေဒပညာနဲ့
သိရှိနားလည်မှုပညာ နယ်ပယ်ကို
-
အခြေခံမှအစ ပြောင်းပစ်ခဲ့ကြပါတယ်။
-
သူ့ကို ကျွန်တော့်အကြောင်း၊ အထူးသဖြင့်
ဘာသာစကား ဖန်တီးမှုအကြောင်း မေးကြည့်တော့၊
-
"ဘာသာစကား လေ့လာမှုထဲမှာ လေ့လာစရာတွေ
များလှပါတယ်၊ ကျုပ်တို့ဟာ
-
လက်တွေ့ကျတဲ့ အရာတစ်ခုခုအတွက်
အချိန်ကို ဖြုန်းသင့်တယ်။‘‘ ဖြေခဲ့ပါတယ်။
-
တကယ်ပါ။
-
"လက်တွေ့ကျတဲ့ အရာတစ်ခုခု"က
ခင်ဗျားတို့ကို တစ်ခုခု သတိမရစေဘူးလား။
-
သူကိုယ်တိုင် တီထွင်ခဲ့တဲ့
မူဘောင်ကိုပဲ ပြန်သုံးချင်ပါတယ်၊
-
ကျွန်ုပ်တို့ ခံယူပြောဆိုလာခဲ့ကြတဲ့
ခံယူချက်ကို ပြန် ထောက်ပြပါရစေ-
-
ဘာသာစကားဟာ ကိရိယာတခုပါ။
-
သူကပါ အဲဒီလို ခံယူချက်ကို လက်ခံထားလျက်
လုပ်ကိုင်နေပုံရပါတယ်၊
-
ဆက်သွယ်ရေးအတွက် အသုံးပြုနိုင်မှသာ
ဘာသာစကားဟာ အသုံးဝင်တယ် ဆိုတဲ့အချက်ပါ။
-
ဆက်သွယ်ရေးအတွက် အသုံးပြုမရနိုင်ရင်
ဘာသာစကားဟာ အသုံးမဝင်ပါ။
-
ကျုပ်တို့ဟာ သေနေကြပြီဖြစ်တဲ့ ဘာသာစကားတွေ
ကိုကော ဘာလုပ်ကြရမလဲ စဉ်းစားကြရမယ်။
-
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။
-
အဲဒီလို ယူဆကြရိုးမှန်ပါက၊
-
ကျွန်တော်က HBO ရဲ့ "Game of Thrones"
အတွက် ဖန်တီးပေးခဲ့တဲ့
-
High Valyrian ဘာသာစကား တစ်ခုဖြစ်တဲ့
Duolingo သင်တန်းကို
-
တက်မှုဟာ အဓိပ္ပါယ် လုံးဝမရှိနိုင်ပါ။
-
တကယ်တမ်းတွင် လူ ၇၄၀,၀၀၀ တို့ဟာ
သင်တန်းကို တက်နေကြပါတယ်။
-
(ရယ်သံများ)
-
အဲဒီအကြောင်းကို ကြည့်ကြရအောင်။
-
သူတို့ ဘာတွေကို သင်ယူနေကြသလဲ။
-
သူတို့ဘာတွေကို သင်ယူရရှိမယ်လို့
မျှော်လင့်နေကြလဲ။
-
ကောင်းပြီ၊ ဒီလို နောက်ဘာသာစကားကို
သင်ယူနေကြသူတို့က--
-
အင်္ဂလိပ်လိုပြောသူတွေ ဆိုတာကို
ထည့်စဉ်းစားကြည့်ပါက။
-
အင်္ဂလိပ်စကားပြောသူ တော်တော်များများက
အဲဒီမှာ သင်ယူနေကြတယ်။
-
ကျွန်တော် ဖတ်ပြမယ့် ဝါကျကို
ဆက်သွယ်စကားပြောဖို့ ဘယ်တော့မှာမှ
-
သူတို့ရဲ့ဘဝထဲတွင် သုံးကြမှာ မဟုတ်ပါဘူး-
-
"Vala ābre urnes."
-
အင်္ဂလိပ်လိုက "The man sees the woman."
-
အလယ်မှာ မြင်ရတဲ့ လိုင်းငယ်က သင်္ကေတပါ၊
-
စကားလုံး တစ်လုံးချင်းစီကို
ဘာသာပြန်ပေးထားတာပါ။
-
သူတို့ဟာ၊ အထူးသဖြင့်
အင်္ဂလိပ်လို ပြောဆိုကြသူတွေဆိုရင်၊
-
အံ့အားသင့်ဖွယ် အရာတွေကို သင်ယူနေကြပါတယ်။
-
ကြိယာဟာ ဝါကျရဲ့ အဆုံးမှာ
ရှိနိုင်တာ သူတို့သိလာကြရမယ်။
-
ပြောဆိုချင်တာ နှစ်ခုရှိနေရင် အင်္ဂလိပ်ဘာသာ
ထဲမှာ အဲဒီလို လုပ်မရနိုင်ပါ။
-
ပြီးတော့ အဲဒီမှာ "the" လုံးဝမရှိဘူးဆိုတော့
-
သူတို့ဟာ ဘာသာစကား တချို့ထဲတွင် the
မရှိတာကို သိလာကြရတယ်။
-
ဘာသာစကားဟာ အဲဒါကို လုပ်ပေးနိုင်ပါတယ်။
-
ရှည်လျားတဲ့သရသံဟာ အချိန်ကာလအရပါ
ပိုကြာရှည်နိုင်တာကို သူတို့ သိလာကြတယ်။
-
အင်္ဂလိပ်စာထဲမှာလို
စကားလုံးအတိုအရှည်နဲ့ အဆိုင်ဘဲ
-
သရသံဟာ ရှည်လျားတတ်တာမျိုး မဟုတ်ပါ။
-
ပြီးတော့ သူတို့ဟာ အဲဒီမှာ အသံ
ပြောင်းလဲပုံကို သင်ယူကြရတယ်။
-
အင်း။ အင်း။
-
နာမ်တွေကို အဆုံးသတ်ရာတွင် အသံပြောင်းပေးမှု
ရှိပါတယ်--
-
(ရယ်သံများ)
-
ဝါကျတစ်ခုထဲတွင် ဘယ်သူက ဘယ်သူကို ဘာလုပ်တယ်
ဆိုတာကို ပြသပေးပါတယ်။
-
တကယ်လို့များ စာလုံးတွေရဲ့
နေရာကို မပြောင်းတောင်
-
အဆုံးသတ်သံကို ပြောင်းလိုက်ရင်၊
-
ဘယ်သူက ဘယ်သူကို ဘာလုပ်ကြောင်း
အဓိပ္ပါယ် ပြောင်းသွားမယ်။
-
သူတို့ဟာ ဘာသာစကားတွေဟာ တူတဲ့အရာတွေကို
မတူကွဲပြားစွာ လုပ်နိုင်တာကို သင်ယူနေကြတယ်။
-
ပြီးတော့ ဘာသာစကား သင်ယူရတာ
ပျော်စရာကောင်းတာကို ပြနေတယ်။
-
သူတို့လုပ်နေကြတာက ဘာသာစကားအား လေးစားမှုကို
ပြသနေကြတာပါ။
-
အမေရိကန်လူမျိုး ၈၈ ရာခိုင်နှုန်းတို့ကသာ
အိမ်မှာ အင်္ဂလိပ်လို ပြောကြတယ် ဆိုတော့၊
-
ဒါဟာ ဆိုးတဲ့အရာပါလို့ ပြောမရနိုင်ပါ။
-
ကျုပ်တို့ ဂြိုဟ်ပေါ်မှာ ဘာသာစကားတွေ
သေနေကြတာ ဘာကြောင့်လဲ သိကြလား။
-
အစိုးရက လူအုပ်စုငယ်ကို ဘာသာစကား
တစ်မျိုးတည်းသုံးရန် အမိန့်ပေးလို့ မဟုတ်ပါ။
-
ဒါမှမဟုတ် ဘာသာစကား တစ်မျိုး ပြောသူတွေကို
ရှင်းပစ်ခဲ့လို့ မဟုတ်ပါ။
-
အတိတ်ကာလမှာ အဲဒီလို ဖြစ်နိုင်ခဲ့ပြီး
အခုလည်း ဖြစ်ပျက်နေပုံပေမဲ့၊
-
အဓိကအကြောင်းရင်းက အဲဒါ မဟုတ်ပါ။
-
အဓိကအကြောင်းရင်းက ကလေးတစ်ဦး
မွေးလာတဲ့ မိသားစုရဲ့ ဘာသာစကားကို
-
သူတို့အသိုင်းအဝိုင်းမှာ
ကျယ်ကျယ်ပြန့်ပြန့် မပြောဆိုကြလို့ပါ။
-
အဲဒါနဲ့ အဲဒီကလေးဟာ သူ့ဘာသာစကားကို
မသင်ဖြစ်တော့ပါ။
-
ဘာကြောင့်လဲ ဆိုရင်။
-
အဲဒီ ဘာသာစကားကို သူတို့ရဲ့
အသိုင်းအဝိုင်းမှာ တန်ဖိုးမထားကြလို့ပဲ။
-
အဲဒီ ဘာသာစကားဟာ အသုံးမဝင်လို့ပါ။
-
အဲဒီကလေးဟာ သူ့ဘာသာစကားကို သင်ယူပြောကြား
ခဲ့မယ် ဆိုရင် အလုပ်ရနိုင်မှာ မဟုတ်ပါဘူး။
-
ဘာသာစကားဟာ ကကိရိယာ သက်သက် ဖြစ်ခဲ့ရင်
-
ကိုယ့်မိခင်ဘာသာစကားကို သင်ယူမှုဟာ
-
High Valyrian ကို
သင်ယူသလိုပဲ အသုံးဝင်မှာပါ။
-
ဒီတော့ စိုးရိမ်စရာ မရှိပါဘူး။
-
ဆက်ပြောချင်တာက...
-
ဘာသာစကားကို လေ့လာမှုဟာ ဘာသာစကားပို
ကျွမ်းကျင်စေမှာ ဟုတ်ချင်မှ ဟုတ်နိုင်ပေမဲ့
-
တကယ်တော့ အဲဒီအချက်ဟာ သိပ်အရေးမကြီးပါဘူး။
-
ပိုပိုများတဲ့လူတွေက ဘာသာစကားတွေကို
ပိုပိုလေ့လာလာကြပါက၊
-
ဘာသာစကားဆိုင်ရာ သည်းခံစိတ်
ပိုကြီးထွားလာစေလျက်
-
ဘာသာစကားအရ နယ်ချဲ့မှုဟာ နည်းလာမှာပါ။
-
ကျုပ်တို့က ဘာသာစကားကို တကယ့်ကို
လေးစားကြပါက--
-
လူသားတို့အတွက် တကယ့်ကို အကြီးမားဆုံး
တီထွင်မှုအဖြစ် လေးစားကြပါက--
-
အနာဂါတ် တစ်နေ့တွင်
-
ကျုပ်တို့ အန္တရာယ် ရင်ဆိုင်နေရတဲ့ ဘာသာစကား
များ ရှင်သန်နေကြလို့ ဆက်ဂုဏ်ပြုနိုင်ကြမယ်။
-
ပြတိုက်ထဲမှာသာ မြင်ရမှာကို
ရှောင်ရှားနိုင်ကြမှာပါ။
-
(High Valyrian) Kirimvose.
ကျေးဇူးတင်ပါတယ်။
-
(လက်ခုပ်သံများ)