ကင်မရွန်းဟီးရိုးလ်ဒ် း ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးကြပါစို့။
-
0:01 - 0:04အခန်းထဲမှာ ကျွန်တော်ဟာ အတုံးဆုံးလူဆိုတာ ကျွန်တော် အလောင်းအစား လုပ်လိုပါတယ်
-
0:04 - 0:06ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကျောင်းမပြီးခဲ့လို့ပါ၊ ကျွန်တော်ကျောင်းကိစ္စနဲ့ တော်တော်ရုန်းကန်ခဲ့ရလို့ပါ
-
0:06 - 0:08ဒါပေမယ့် ကျွန်တော် အစောပိုင်းအရွယ်မှာ သိလိုက်ရတာကတော့
-
0:08 - 0:10ကျွန်တော်ဟာ ပိုက်ဆံကိုချစ်တယ်၊ စီးပွားရေးကို ချစ်တယ်ဆိုတာပါပဲ
-
0:10 - 0:12ပြီးတော့ ဒီ စီးပွားရေးစွန့်စားစွမ်းဆောင်တဲ့ ကိစ္စကို ကျွန်တော် ချစ်တယ်
-
0:12 - 0:14ကျွန်တော်ကို စီးပွားရေးစွမ်းဆောင်ရှင် တစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့ပါတယ်
-
0:14 - 0:16ကျွန်တော် တစ််လျှောက်လုံး အမှန်တကယ် နှစ်သက်မြတ်နိုးနေခဲ့တဲ့ဟာ
-
0:16 - 0:19အခုထိအောင် ဘယ်တုန်းကမှ မပြောခဲ့ဖူးသေးတဲ့ဟာ
-
0:19 - 0:22အားလုုံးက ဒါကို ပထမဆုံး ကြားဖူးခြင်းပါ၊ လွန်ခဲဲ့တဲ့ ၃-ရက်က ကျွန်တော့်မိန်းမကိုပြောပြခဲ့တာကလွဲရင်ပေါ့
-
0:22 - 0:25သူကမေးတယ်၊ "ရှင်က ဘာအကြောင်းပြောမှာလဲ" တဲ့၊ ကျွန်တော်က သူ့ကိုပြောတယ်
-
0:25 - 0:27ငါတို့ အခွင့်အလမ်းတစ်ခု လွတ်သွားတယ်လို့ ထင်တယ်ကွာ
-
0:27 - 0:29ကလေးတွေကိုရှာဖို့ကွာ
-
0:29 - 0:31စီးပွားရေးစွမ်းဆောင်တတ်တဲ့ စရိုက်လက္ခဏာရှိတဲ့ ကေးလတွေပေါ့
-
0:31 - 0:33ပြီးရင် သူတို့ကို ပြုစုပျိုးထောင်ပေးမယ်၊ ဒါမှမဟုတ်
-
0:33 - 0:35စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်ရတယ်ဆိုတာ တကယ်တော့ သိပ်ကောင်းတယ်ဆိုတာ ပြပေးဖို့ကွာ
-
0:35 - 0:38ဒါ သားပုပ်လေလွင့် ပြောနေကြသလို
-
0:38 - 0:41လူမှုအသိုင်းအဝိုင်း တော်တော်များများမှာ ဖြစ်နေကြသလိုမျိုး မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး
-
0:41 - 0:44ကလေးတွေ အနေနဲ့ ကျွန်တော်တို့ ကြီးပြင်းလာတုန်းက အိပ်မက်တွေရှိကြတယ်
-
0:44 - 0:46ကျွန်တော်တို့မှာ လုပ်ချင်နေတဲ့စိတ်နဲ့ အမြင်တွေလည်း ရှိကြတယ်
-
0:46 - 0:48ဒါပေမယ့် ဒါတွေဟာ တနည်းနည်းနဲ့ ခြေမွခံလိုက်ရတယ်
-
0:48 - 0:51စာပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုတယ်လို့ အပြောခံကြတယ်
-
0:51 - 0:53ဒါမှမဟုတ် စာကို အာရုံပိုစိုက်ရင်စိုက် မစိုက်ရင် ဆရာခေါ်သင်ခံရမယ်ပေါ့
-
0:53 - 0:55ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ပြင်သစ်ဘာသာအတွက် ဆရာခေါ်ပေးထားတယ်
-
0:55 - 0:58ကျွန်တော်ကတော့ ပြင်သစ်စာမှာ ညံ့တုန်းပဲ
-
0:58 - 1:00လွန်ခဲ့တဲ့ ၂-နှစ်က ကျွန်တော် (ဟောပြောပွဲတစ်ခုမှာ) လူကြိုက်အများဆုံး နည်းပြဖြစ်လိုက်သေးတယ်
-
1:00 - 1:03မက်ဆာချူးဆက် နည်းပညာ တက္ကသို်လ်က စီးပွားစွမ်းဆောင်ရှင် ဘွဲ့လွန် သင်တန်းမှာနော်
-
1:03 - 1:06အဲဒါက ကမ္ဘာတလွှားက စီးပွားစွမ်းဆောင်ရှင် အုပ်စုတွေရှေ့မှာ စကားပြောရတဲ့ပွဲတစ်ခု
-
1:06 - 1:09ကျွန်တော် ၂-တန်း တုန်းက မြို့နယ်အဆင့် စကားပြောပြိုင်ပွဲမှာ နိုင်ဖူးတယ်
-
1:09 - 1:11ဒါပေမယ့် ဘယ်သူမှ ဘာမှ မပြောခဲ့ကြဘူး
-
1:11 - 1:13"ဟေ့...ဒီကလေးက စကားပြောကောင်းတယ်၊
-
1:13 - 1:16သူ ချက်ကျလက်ကျ မပြောနိုင်ဘူး ၊ ဟိုဟိုဒီဒီလျှောက်ပြီး လူတွေကိုတော့ အားတက်စေတယ်
-
1:16 - 1:18"သူ့ကို စကားပြော နည်းပြတစ်ယောက် ရှာပေးလိုက်" လို့ ဘယ်သူမှ မပြောခဲ့ကြဘူး
-
1:18 - 1:20ညံ့နေတဲ့ ဘာသာအတွက် ဆရာရှာပေးလိုက် လို့ပဲ သူတို့ပြောခဲ့ကြတယ်
-
1:20 - 1:22တကယ်တော့ ကလေးတွေဟာ အဲဒီလို စရိုက်လက္ခဏာတွေ ပြတတ်ကြပါတယ်
-
1:22 - 1:24ကျွန်တော်တို့က အဲဒီလို ကလေးမျိုးတွေကို စပြီး ရှာဖွေသင့်နေပြီ
-
1:24 - 1:26ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ ကလေးတွေကို
-
1:26 - 1:28ရှေ့နေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမယ့်အစား စီးပွားရေးစွမ်းဆောင်ရှင်ဖြစ်လာအောင်ပဲ ပြုစုပျိုးထောင်ပေးသင့်တယ်
-
1:28 - 1:30ကံမကောင်းချင်တော့ ကျောင်းပညာရးစနစ်က
-
1:30 - 1:32ဒီကမ္ဘာကြီးကို အမှောင်ကျအုံ့ဆိုင်းအောင်လုပ်နေတယ်
-
1:32 - 1:34ရှေ့နေလုပ်ကြရအောင်၊ ဆရာဝန်ကြီးလုပ်ကြရအောင် လို့ ပြောနေကြတာကိုး
-
1:34 - 1:36အဲဒီမှာ ကျွန်တော်တို့ အခွင့်အလမ်းတစ်ခု လွတ်နေတာ
-
1:36 - 1:39"ဟေ့...စီးပွားရေးစွမ်းဆောင်ရှင် လုပ်ကြကွ" လို့ ဘယ်သူမှ မပြောခဲ့ကြဘူး
-
1:39 - 1:41စိးပွားရေးစွမ်းဆောင်ရှင်ဆိုတာလည်း လူတွေပါပဲ၊ ဘာလို့လဲဆိုတော့ ဒီအခန်းထဲမှာ အဲဒီလိုလူတွေအများကြီး ရှိနေလို့ပါ
-
1:41 - 1:44သူတို့မှာ ဒီလိုအကြံဉာဏ်တွေ နဲ့ ဒီလိုလုပ်ချင်စိတ်တွေ ရှိနေကြတယ်၊ ဒါမှမဟုတ်ရင်လဲ သူတို့တွေ ကမ္ဘာမှာ ဒီလို လိုအပ်ချက်တွေ ရှိတယ်လို့မြင်ပြီး
-
1:44 - 1:46မားမားမတ်မတ်ထရပ်ပြီး လုပ်ဖို့ ဆုံးဖြတ်ကြတယ်
-
1:46 - 1:49ကျွန်တော်တို့တွေ အဲဒါမျိုးဖြစ်လာအောင် ရှိသမျှအိတ်သွန်ဖာမှောက် ထုတ်သုံးတယ်
-
1:49 - 1:51ကျွန်တော်တို့မှာ အဲဒီလိုလူအုပ်စုတွေကို ကျွန်တော်တို့အနားမှာရှိအောင် လုပ်နိုင်စွမ်းရှိတယ်
-
1:51 - 1:53သူတို့တွေက အဲဒီအိပ်မက်ကို ကျွန်တော်တို့နဲ့အတူ တည်ဆောက်ချင်ကြမယ့်လူတွေ
-
1:53 - 1:55ကျွန်တော် ထင်တာက ကျွန်တော်တို့အဲ့လို ကလေးတွေကို
-
1:55 - 1:58ငယ်တဲ့အရွယ်မှာကတည်းက စီးပွားစွမ်းဆောင်ရှင်ဖြစ်နိုင်မယ်ဆိုတဲ့ အကြံရှိအောင် လုပ်ထားနို်င်ခဲ့ရင်
-
1:58 - 2:01ကမ္ဘာကြီးအတွက် ဒီကနေ့မှာ ပြဿနာဖြစ်နေတာမှန်သမျှကို ကျွန်တော်တို့ အကုန်ပြောင်းလဲနိုင်မှာ
-
2:01 - 2:04အပြင်မှာ ရှိနေတဲ့ ပြဿနာတိုင်းအတွက် တစ်ယောက်ယောက်ဆီမှာတော့ ဖြေရှင်းနိုင်တဲ့ အကြံဉာဏ်ရှိနေတယ်
-
2:04 - 2:06ကလေးငယ်တစ်ယောက်ဖြစ်နေလို့ ဒါမျိုးဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနို်င်ပါဘူး
-
2:06 - 2:08ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ
-
2:08 - 2:10အဲဒါကို မဖြေရှင်းနိုင်ဘူးလို့ နားလည်ဖို့ တုံးလွန်းနေသေးတယ်
-
2:10 - 2:13ကျွန်တော်တို့က မိဘတွေအနေနဲ့ရော လူမှုအသိုင်းအဝိုင်းတစ်ခုအနေနဲ့ပါ ၀တ္တရားရှိတယ်
-
2:13 - 2:15ကျွန်တော်တို့ကလေးတွေကို ငါးမျှားနည်း စသင်ပေးဖို့ပါ
-
2:15 - 2:17သူတို့ကို ငါးတွေ ပေးလိုက်ဖို့ထက်စာရင်ပေါ့
-
2:17 - 2:19နိပါတ်ဟောင်းထဲမှာ "ခင်ဗျား လူတစ်ယောက်ကို ငါးတစ်ကောင်ပေးလိုက်ရင် သူ့ကို တစ်ရက်စာ ကျွေးလိုက်တာ၊
-
2:19 - 2:22လူတစ်ယောက်ကို ငါးမျှားသင်ပေးလိုက်ရင်တော့ သူကို ဘဝတစ်သက်စာ ကျွေးလိုက်တာပါပဲ" လို့ ဆိုထားတယ်လေ
-
2:22 - 2:24တကယ်လို့ ကျွန်တော်တို့က ကလေးတွေကို စီးပွားရေးစွမ်းဆောာင်ရှင်တွေဖြစ်အောင် သင်ပေးလိုက်ရင်
-
2:24 - 2:26အဲဒီလို စရိုက်လက္ခဏာပြတဲ့ကလေးတွေကိုပေါ့
-
2:26 - 2:29သိပ္ပံဇရှိတဲ့ကလေးကို သိပ္ပံဘာသာယူဖို့ သင်ပေးသလိုပေါ့
-
2:29 - 2:31စီးပွားစွမ်းဆောင်ရှင် စရိုက်လက္ခဏာရှိတဲ့သူတွေကို တွေ့လို့
-
2:31 - 2:33သူတို့ကို စီးပွားစွမ်းဆောင်ရှင် ဖြစ်လာအောင် သင်ပေးလိုက်ရင် ဘာေတွေဖြစ်လာမလဲ
-
2:33 - 2:35ကျွန်တော်တို့ ဒီကလေးတွေအားလုံးကို စီးပွားတွေ ပျံ့ပွားအောင် လုပ်ခိုင်းနိုင်မှာ
-
2:35 - 2:37အစိုးရက လက်လှမ်းလာမှာကို စောင့်နေတာထက်စာရင်ပေါ့
-
2:37 - 2:40ကျွန်တော်တို့ လုပ်တာက ကလေးတွေကို သူတို့မလုပ်သင့်တာအားလုံးကိုပဲ ထိုင်ပြီးသင်နေတာ
-
2:40 - 2:42မရိုက်နဲ့၊ မကိုက်နဲ့၊ မကျိန်နဲ့
-
2:42 - 2:45အခုတော့ ကျွန်တော်တို့က ကလေးတွေကို အလုပ်အကိုင်ကောင်းတွေနောက်လို်က်ဖို့ပဲ သင်ပေးနေကြတာ
-
2:45 - 2:47သိကြတဲ့အတိုင်း ကျောင်းစနစ်ကလည်း သူတို့ကို ဘာတွေနောက်ကို လိုက်ဖို့ သင်ပေးနေသလဲဆိုတော့
-
2:47 - 2:49ဆရာဝန်ကြီးဖြစ်ဖို့တို့၊ ရှေ့နေဖြစ်ဖို့တို့
-
2:49 - 2:51စာရင်းကိုင်ဖြစ်ဖို့တို့၊ သွားဆရာဝန်ဖြစ်ဖို့တို့
-
2:51 - 2:53ကျောင်းဆရာဖြစ်ဖို့တို့၊ လေယာဉ်မှှုးဖြစ်ဖို့တို့
-
2:53 - 2:55သတင်းစာနယ်ဇင်းတွေကလည်းပြောကြတယ် ကျွန်တော်တို့တွေ အပြင်ထွက်ပြီး
-
2:55 - 2:57မိုဒယ်လုပ်ရင် ဒါမှမဟုတ် အဆိုတော်လုပ်ရင်
-
2:57 - 3:00ဒါမှမဟုတ် ဆစ်ဒနီခရော့စ်ဘီလို အားကစားသူရဲကောင်း လုပ်ရင် သိပ်ကောင်းတယ်ပေါ့
-
3:00 - 3:03ကျွန်တော်တို့ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းတွေက ကျွန်တော်တို့ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေ ဖြစ်လာအောင် မသင်ပေးကြဘူး
-
3:03 - 3:05စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကို ကျွန်တော်ရှောင်ခဲ့ရတဲ့ အကြောင်းရင်းကတော့
-
3:05 - 3:07ကျွန်တော်ဘယ်သင်တန်းကိုမှ ၀င်လို့မရခဲ့တာလည်းတကြောင်း
-
3:07 - 3:09ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မှာ အထက်တန်းကျောင်း ပျမ်းမျှရမှတ်က ၆၁-ရာခိုင်နှုန်းပဲရှိတယ်
-
3:09 - 3:11အဲဒီ ပျမ်းမျှရမှတ်က ၆၁-ရာခိုင်နှုန်းက
-
3:11 - 3:13ကျွန်တော့်ကို လက်ခံခဲ့တဲ့ တစ်ခုတည်းသောကျောင်းဖြစ်တဲ့ ကနေဒါက ကာလ်တန်ကျောင်းပါ
-
3:13 - 3:16ဒါပေမယ့် ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုသင်တန်းကျောင်းက ကလေးတွေကို စီးပွားစွမ်းဆောင်ရှင်တွေဖြစ်အောင် မသင်ပေးပါဘူး
-
3:16 - 3:18သူတို့က ကလေးတွေကို ကော်ပိုရေးရှင်းတွေမှာ အလုပ်သွားလုပ်ဖို့ပဲ သင်ပေးပါတယ်
-
3:18 - 3:21ဒါကြောင့် ဒီလို ကုမ္ပဏီမျိုးတွေကို ဘယ်သူက စနိုင်ပါတော့မလဲ၊ ဒီလို ကြံုရာကျဘမ်း လူနည်းစုလောက်ပဲလား
-
3:21 - 3:24အပျော်ဖတ်စာပေထဲမှာတောင် စာအုပ်တစ်အုပ်တည်းပဲ ကျွန်တော်တွေ့ဖူးသေးတယ်
-
3:24 - 3:26ဒီစာအုပ်ဟာ ခင်ဗျားတို့အားလုံးရဲ့ ဖတ်ရန်စာအုပ်စာရင်းထဲမှာ ရှိနေသင့်တယ်
-
3:26 - 3:28ကျွန်တော်တွေ့ခဲ့တဲ့ တစ်ခုတည်းသော စာအုပ်ကတော့
-
3:28 - 3:30စီးပွားစွမ်းဆောင်ရှင်တွေကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတဲ့ "ကမ္ဘာစောင့်လူသန်ကြီး ပုခုံးရှုံ့ခြင်း" ဆိုတဲ့ စာအုပ်ပါပဲ
-
3:30 - 3:32လောကမှာရှိသမျှလူအားလုံးက စီးပွားစွမ်းဆောင်ရှင်တွေကိုကြည့်ပြီး
-
3:32 - 3:34ကျွန်တော်တို့ဟာ လူဆိုးတွေပါ ဆိုပြီး ပြောကြတယ်
-
3:34 - 3:36ကျွန်တော့်မိသားစုကိုတောင် ကြည့်
-
3:36 - 3:38ကျွန်တော့်အဘိုးနှစ်ယောက်လုံးက စီးပွားစွမ်းဆောင်ရှင်တွေ၊ ကျွန်တော့အဖေကလည်း စီးပွားစွမ်းဆောင်ရှင်
-
3:38 - 3:41ကျွန်တော့်အစ်ကိုရယ်၊ အစ်မရယ်၊ ကျွန်တော်ရယ် သုံးယောက်လုံးလည်း ကုမ္ပဏီတွေ ပိုင်ကြတယ်
-
3:41 - 3:43ကျွန်တော်တို့ ဒါတွေကို စလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း
-
3:43 - 3:45ဒါဟာ ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်နေလို့ပါပဲ
-
3:45 - 3:47ကျွန်တော်တို့တွေက သာမန်အလုပ်တွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ ကျွန်တော်တို့ တစ်ယောက်ယောက်အတွက် အလုပ်လုပ်မပေးနိုင်ဘူး
-
3:47 - 3:50ကျွန်တော်တို့က အလွန့်ကိုခေါင်းမာပြီး ဒီလိို စရိုက်လက္ခဏာတွေလည်း ရှိနေတာကိုး
-
3:50 - 3:52ဒါပေမယ့် ကလေးတွေလည်း စီးပွားစွမ်းဆောင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်
-
3:52 - 3:54ကျွန်တော်က တစ်ကမ္ဘာလုံးက အဖွဲ့အစည်း နှစ်ခုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါ
-
3:54 - 3:56ကမ္ဘာက ခေါ်နေကြတဲ့ စီးပွားစွမ်းဆောင်ရှင်အသင်း နဲ့ လူငယ်ဥက္ကဌများအသင်း တွေပါ
-
3:56 - 3:58ကျွန်တော် ဘာစီလိုးနားက ဟောပြောပွဲတစ်ခုက ပြန်လာကာစပဲ ရှိပါသေးတယ်
-
3:58 - 4:01တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်ဥက္ကဌများအသင်း အစည်းအဝေးပါ
-
4:01 - 4:03ကျွန်တော် ဟိုမှာ ဆုံသမျှလူအားလုံးက
-
4:03 - 4:05စီးပွားစွမ်းဆောင်ရှင်တွေချည်းပဲ
-
4:05 - 4:07သူတို့အားလုံး ကျောင်းပညာရေးအတွက် ရုန်းကန်ခဲ့ကြရတဲ့သူတွေချည်းပါပဲ
-
4:07 - 4:10ကျွန်တော့်မှာ ပတ်ဝန်းကျင် အာရုံမထားနိုင်တဲ့ရောဂါ လက္ခဏာ ၁၉ မျိုးထဲက ၁၈ မျိုးရှိနေတယ်လို့ ရောဂါစစ်ချက်ရထားပါတယ်
-
4:10 - 4:13ဒီနေရာက ဒါတွေက ကျွန်တော့်ကို စိတ်ချောက်ခြားအောင်လုပ်နေတယ်ဗျာ
-
4:13 - 4:15(ရယ်မောသံများ)
-
4:15 - 4:17အခု ကျွန်တော် နည်းနည်း အထိတ်တလန့်ဖြစ်နေရတာလည်း အဲဒါကြောင့်ပဲဖြစ်မယ်
-
4:17 - 4:19ကျွန်တော်စားခဲ့တဲ့ ကဖင်းဓါတ်နဲ့ သကြားတွေအားလုံးကြောင့် ဖြစ်တာထက်စာရင်ပေါ့
-
4:19 - 4:22ဒါပေမယ့် ဒါဟာ စီးပွားစွမ်ဆောင်ရှင်တစ်ယောက်အတွက်တော့ စိုးရိမ်စရာပါပဲ
-
4:22 - 4:24ပတ်ဝန်းကျင် အာရုံမထားတဲ့ ရောဂါတို့၊ စိတ်အတက်အကျမြန်ရောဂါတို့
-
4:24 - 4:27ခင်ဗျားတို့ သိကြလား၊ စိတ်အတက်အကျမြန်ရောဂါကို အမှုဆောင်အရာရှိချုပ် ရောဂါလို့ နာမည်ပြောင်ပေးထားတာ
-
4:27 - 4:30တဒ်တန်နာ မှာ အဲဒီရောဂါ ရှိတယ်၊ စတိဗ်ဂျော့ဗ်စ်မှာ အဲဒီရောဂါ ရှိတယ်
-
4:30 - 4:33နတ်စ်ကိပ်ကုမ္ပဏီ ကိုတည်ထောင်တဲ့သူ သုံးယောက်လုံးမှာလည်း ဒီရောဂါ ရှိတယ်
-
4:33 - 4:35ကျွန်တော် ဆက်ပြောသွားလို့ ရပါသေးတယ်
-
4:35 - 4:37ကလေးတွေမှာရောပဲ၊ ကလေးတွေမှာလည်း ဒီ ရောဂါလက္ခဏာတွေ တွေ့ရနိုင်တယ်
-
4:37 - 4:39ကျွန်တော်တို့ လုပ်တာကတော့ ကလေးတွေကို ရစ်တာလင် စိတ်ငြိမ်ဆေး ပေးလိုက်တယ်၊ ပြီးတော့ ပြောသေးတယ်
-
4:39 - 4:41"စီးပွားစွမ်းဆောင်ရှင် ပုံစံမျိုး မလုပ်စမ်းပါနဲ့
-
4:41 - 4:43ဒီ တခြားစနစ်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်လုပ်၊ ကျောင်းသားဖြစ်လာအောင် ကြိုးစားစမ်းပါ" ပေါ့
-
4:43 - 4:45၀မ်းနည်းပါတယ်၊ စီးပွားစွမ်းဆောင်ရှင်တွေဟာ ကျောင်းသားတွေမဟုတ်ပါဘူး
-
4:45 - 4:47ကျွန်တော်တို့က လမ်းကြောင်းချတာမြန်တယ်၊ အလုပ်ကို ရှာဖွေဖြေရှင်းတယ်
-
4:47 - 4:49ကျွန်တော် စာစီစာကုံးတွေ ခိုးတယ်၊ စာမွေးပွဲမှာ ခိုးချတယ်
-
4:49 - 4:52ကျွန်တော် တက္ကသိုလ်မှာ စာရင်းအင်းဘာသာရပ် ကျောင်းစာတွေကို လုပ်ဖို့ ကလေးတွေကို ငှားတယ်
-
4:52 - 4:54ကျောင်းစာ ၁၃-ခုလုံး ဆက်တိုက်ပဲ
-
4:54 - 4:57ဒါပေမယ့် စီးပွားစွမ်းဆောင်ရှင်တစ်ယောက်အနေနဲ့ ခင်ဗျား စာရင်းအင်း မလုပ်ဘူး၊ စာရင်းကိုင်တွေပဲ ငှားတယ်
-
4:57 - 4:59ဒါကို ကျွန်တော် အစောကြီးကတည်းက သိထားပြီးသား
-
4:59 - 5:01(ရယ်မောသံများ)
-
5:01 - 5:03(လက်ခုပ်သံများ)
-
5:03 - 5:06အနည်းဆုံးတော့ တက္ကသိုလ်မှာ ကျွန်တော် လိမ်ညာခဲ့တာကို ၀န်ခံနိုင်ပါတယ်၊ ခင်ဗျားတို့အများစုကတော့ အဲဒီလို ၀န်ခံမှာ မဟုတ်ပါဘူး
-
5:06 - 5:09ကျွန်တော့်နာမည်ကို ဖတ်စာအုပ်ထဲမှာ ကိုးကားထားကြတယ်၊ ဖတ်စာအုပ်ရေးတဲ့လူကို ကျွန်တော် ပြောခဲ့တာကိုး
-
5:09 - 5:11အဲဒီ တက္ကသိုလ် ဖတ်စာအုပ်ထဲမှာပဲ ကျွန်တော်ကို ပြန်ထည့်ထားကြတယ်
-
5:11 - 5:14ကနေဒီယန်း တက္ကသိုလ်တိုင်းနဲ့ ကောလိပ်တိုင်းက ဘာသာရပ်တွေမှာ ပါတယ်
-
5:14 - 5:17စီမံခန့်ခွဲမှု စာရင်းအင်းပညာဆိုရင် ကျွန်တော်က အခန်း-၈ မှာပါတယ်
-
5:17 - 5:19ငွေကြေးသုံးစွဲမှုအကြောင်းပြောထားတဲ့ အခန်း-၈ ကို ကျွန်တော် ဖွင့်ပေးတာ
-
5:19 - 5:22ဖတ်စာအုပ်ရေးတဲ့သူကို အဲဒီ သင်ခန်းစာကို ကျွန်တော် ခိုးချခဲ့တဲ့ အကြောင်း သူတို့ ကျွန်တော့်ကို အင်တာဗျူးတုန်းက ပြောလိုက်သေးတယ်
-
5:22 - 5:25သူက အဲဒါဟာ ရယ်စရာကောင်းလွန်းတယ် ထင်လို့ မဖြစ်မနေ ပါအောင်လုပ်ခဲ့တာ
-
5:25 - 5:28ဒါပေမယ့် ကလေးတွေမှာ ဒီလို စရိုက်လက္ခဏာတွေ တွေ့ရနိုင်တယ်
-
5:28 - 5:30စီးပွားစွမ်းဆောင်ရှင်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က "
-
5:30 - 5:33"စီးပွားရေးလုပ်ငန်းတစ်ခုကို စုစည်းသူ၊ လည်ပတ်အောင်ဆောင်ရွက်သူ၊ အရှုံုးကို ကြိုတင်တွက်ထားတဲ့လူ" တဲ့
-
5:33 - 5:35ခင်ဗျားတို့ စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကို သွားတက်ရမယ်လို့လဲ မဆိုလိုဘူး
-
5:35 - 5:37ကျောင်းပြီးရမယ်လို့လည်း မဆိုလိုဘူး
-
5:37 - 5:40ခင်ဗျားတို့ အူထဲအသဲထဲမှာ အဲဒီဟာ တချို့ကို မှန်ကန်တဲ့ ခံစားမှုလေးရှိရမယ်လို့ပဲ ဆိုလိုတာပါ
-
5:40 - 5:43အဲဒါတွေက တမင်မွေးမြူရမှာလား၊ သူ့အလိုလို ဖြစ်လာမှာလားဆိုတာတွေလည်း ကျွန်တော်တို့ ကြားကြမှာပါ
-
5:43 - 5:45အဲဒါက ပထမဟာလား၊ ဒုတိယဟာလား၊ ဘာလဲ
-
5:45 - 5:48အင်း ကျွန်တော်ကတော့ တစ်ခုမဟုတ်တစ်ခုလို့ မထင်ဘူး၊ ၂-ခုလုံးဖြစ်နိုင်တယ်လို့ ထင်တာပဲ
-
5:48 - 5:50ကျွန်တော့်ကို စီးပွားစွမ်းဆောင်ရှင်တစ်ယောက် အသွင်အပြင်ပေါက်အောင် ပြင်ဆင်ပေးခဲ့ကြတယ်
-
5:50 - 5:52ကျွန်တော် ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းနေတုန်းကဆိုတော့ ရွေးချယ်စရာ မရှိခဲ့ဘူးလေ
-
5:52 - 5:54ကျွန်တော့်ကို အရမ်းငယ်သေးတဲ့ အရွယ်မှာကို သင်ပေးခဲ့ကြတာ
-
5:54 - 5:56ကျွန်တော်အံဝင်ခွင်ကျ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော့်အဖေ နားလည်သွားတဲ့ အချိန်
-
5:56 - 5:58ကျွန်တော့်ကို ကျောင်းမှာ သင်ပေးနေတဲ့ဟာ အားလုံးပေါ့
-
5:58 - 6:01ငယ်ငယ်ကတည်းက စီးပွားရေးကို ရှာဖွေဖြေရှင်းတတ်အောင် သူသင်ပေးမယ် ဆိုပြိးတော့ပေါ့
-
6:01 - 6:03သူ ကျွန်တော်တို့ ၃-ယောက်လုံးကို သေချာပုံသွင်းတယ်၊
-
6:03 - 6:05အလုပ်တစ်ခု ရှိဖို့ဆိုတဲ့ အတွေးကို မုန်းတတ်အောင်နဲ့
-
6:05 - 6:08ကျွန်တော်တို့က တခြားလူတွေကို ခန့်ထားလို့ရတဲ့ ကုမ္ပဏီတွေ ဖန်တီးရတာကို ချစ်မြတ်နို်းဖို့ပါ
-
6:08 - 6:11ကျွန်တော့်ရဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းလေးက ၀င်နီပဂ်မြို့မှာ၊ ကျွန်တော် ရ-နှစ်သားပဲရှိသေးတယ်
-
6:11 - 6:13ကျွန်တော်က ကြိုးရှည်ရှည် တယ်လီဖုန်း ကြီးနဲ့ အိပ်ခန်းထဲမှာ လှဲနေရင်း
-
6:13 - 6:15၀င်နီပဂ် မှာရှိသမျှ အဝတ် အခြောက်လျှော်ပေးတဲ့လူတွေဆီကို ဖုန်းတွေခေါ်နေတာ
-
6:15 - 6:17အဲဒီ အခြောက်လျှော်တဲ့လူတွေ
-
6:17 - 6:19အင်္ကျီချိတ်တွေအတွက် ဘယ်လောက်များပေးကြမလဲ ဆိုတာ သိရဖို့အတွက်ပါ
-
6:19 - 6:21အဲဒီမှာ ကျွန်တော့်အမေက အခန်းထဲဝင်လာပြီး ပြောတယ်
-
6:21 - 6:24"အခြောက်လျှော်တဲ့လူတွေဆီရောင်းဖို့ အင်္ကျီချိတ်တွေကို မင်း ဘယ်ကသွားယူမှာတုန်း" တဲ့
-
6:24 - 6:26ကျွန်တော်ကပြောလိုက်တယ် "မြေအောက်ထပ်မှာ သွားကြည့်ရအောင်လေ" လို့
-
6:26 - 6:29ကျွန်တော်တို့ မြေအောက်ခန်းကို ဆင်းသွားတယ်၊ ကျွန်တော် ဒီဘီရိုကို ဖွင့်ပြလိုက်တယ်
-
6:29 - 6:31အဲဒီမှာ ကျွန်တော်စုထားတဲ့ အင်္ကျီချိတ်တွေ ၁-ထောင်လောက်ရှိတယ်
-
6:31 - 6:34ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကလေးတွေနဲ့ သွားကစားမယ်လို့ အမေ့ကို ပြောပြီး
-
6:34 - 6:36ကျွန်တော်က အိမ်နီးနားချင်းအိမ်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ အင်္ကျီချိတ်တွေလိုက်ယူနေတာ
-
6:36 - 6:38ပြီးရင် ပြန်ရောင်းဖို့ မြေအောက်ထပ်မှာ ထားတယ်
-
6:38 - 6:40ပြီးခဲ့တဲ့ ၂-ပတ် ၃-ပတ်လောက်က အမေလုပ်တာ ကျွန်တော်မြင်ထားတာကိုး
-
6:40 - 6:43ပိုုက်ဆံရနိုင်တယ်ပေါ့၊ သူတို့က အင်္ကျီချိတ်တစ်ချိတ်ကို ၂-ပြား ပေးလေ့ပေးထရှိတယ်
-
6:43 - 6:45အဲဒီတော့ ကျွန်တော်က အင်း...အင်္ကျီချိတ်တွေက မျိုးစုံရှိနေတာပဲပေါ့
-
6:45 - 6:47အဲဒီလိုနဲ့ ကျွန်တော် သွားယူထားလိုက်တာ
-
6:47 - 6:50ကျွန်တော်သိတယ်၊ အမေက ကျွန်တော့်ကို ချိတ်တွေ သွားယူစေချင်မှာ မဟုတ်ဘူး၊ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး ယူထားလိုက်တာ
-
6:51 - 6:53အဲဒီမှာ တကယ်တော့ လူတွေနဲ့ ညှိနှိုင်းလို့ရတယ်ဆိုတာ ကျွန်တော် သိလာတယ်
-
6:53 - 6:56လူတစ်ယောက်ဆို ကျွန်တော့်ကို တစ်ချိတ် ၃-ပြားနဲ့ပေးတာ၊ ကျွန်တော်က ၃-ပြားခွဲရအောင် တောင်းလိုက်တယ်
-
6:56 - 6:58ကျွန်တော် ရ-နစ်သားမှာတောင် ဒါကို သိနေတယ်
-
6:58 - 7:01၁-ပြားရဲ့ အပိုင်းဂဏန်းလေးတွေကနေတောင် ကျွန်တော် ပိုက်ဆံ ရနိုင်တယ်ဆိုတာ
-
7:01 - 7:03လူတွေကလည်း ဒါကိုပေးမှာပဲ၊ မြှောက်လိုက်ရင် သူတို့အတွက်လဲ အများကြီးဖြစ်သွားတာကိုး
-
7:03 - 7:06၇-နှစ်သားမှာကတည်းက ကျွန်တော်ဒါကို သိနေပြီ၊ ကျွန်တော် အင်္ကျီချိတ် ၁-ထောင်လုံးအတွက် ၃-ပြားခွဲစျေးနဲ့ ရခဲ့တယ်
-
7:06 - 7:08နောက် ကျွန်တော် ကားလိုင်စင်ပြား အကာကို အိမ်ပေါက်စေ့လိုက်ရောင်းတယ်
-
7:08 - 7:10ကျွန်တော့်အဖေက ကျွန်တော့်ကို တစ်ယောက်ယောက်ကို သွားရှာခိုင်းသေးတယ်
-
7:10 - 7:12အဲဒါတွေကို လက်ကားစျေးနဲ့ ရောင်းပေးနိုင်မယ့်လူကိုပေါ့
-
7:12 - 7:14၉-နှစ်သားအရွယ်မှာ ကျွန်တော် ဆဒ်ဘာရီ မြို့ကိုပတ်ပြီး လျှေက်သွားတယ်
-
7:14 - 7:17ကားလိုင်စင်ပြား အကာကို အိမ်ပေါက်စေ့လိုက်ရောင်းရင်းနဲ့ပေါ့
-
7:17 - 7:20ကျွန်တော် ဖောက်သည်တစ်ယောက်ကိုတော့ ထင်ထင်ရှားရှားကြီး မှတ်မိသေတယ်
-
7:20 - 7:22ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီဖောက်သည်တွေနဲ့ တခြားဟာတွေ ရောင်းတာလည်း ရှိနေတာကိုး
-
7:22 - 7:24ကျွန်တော် သတင်းစာရောင်းခဲ့သေးတယ်
-
7:24 - 7:26သူ ကျွန်တော့်ဆီက ဘယ်တော့မှ သတင်းစာ မဝယ်ဘူး
-
7:26 - 7:29ဒါပေမယ့် သူ့ကို ကားလိုင်စင်ပြား အကာ ရအောင်ရောင်မယ်ဆိုပြီး ကြံထားတယ်
-
7:29 - 7:30သူကတော့ "ငါတို့ မလိုပါဘူးကွာ" တဲ့၊ အဲဒီလိုမျိုး
-
7:30 - 7:33ကျွန်တော်ကပြောတယ် "'ဒါပေမယ့် ဦးလေးမှာ ကား ၂-စီးတောင်ရှိနေတယ်လေ" လို့၊ ကျွန်တော်က ၉-နှစ်သားနော်..
-
7:33 - 7:36ကျွန်တော်ကလည်း "'ဒါပေမယ့် ဦးလေးမှာ ကား ၂-စီးရှိပြီး တစ်စီးမှာမှ ကားလိုင်စင်ပြား အကာ မရှိဘူး" ပေါ့
-
7:36 - 7:38သူကလည်းပြောတယ် "ငါ သိတယ်" တဲ့
-
7:38 - 7:40ကျွန်တော်ကပြောတယ် "ဒီကားက လိုင်စင်ပြားဆို တွန့်ကြေ နေပြီ" လို့
-
7:40 - 7:43သူကပြောတယ် "အေး၊ အဲဒါ ငါ့မိန်းမ ကား" တဲ့၊ ကျွန်တော်က ပြောတယ် "ကျွန်တော်တို့ တစ်ခုလောက် စမ်းကြည့်ရအောင်လား" ပေါ့
-
7:43 - 7:45"ဦးလေးမိန်းမရဲ့ ရှေ့ ကားလိုင်စင်ပြားမှာ စမ်းလိုက်၊ အဲဒါ တာရှည်ခံသလားဆိုတာ ကြည့်ပေါ့" လို့
-
7:45 - 7:48ကား ၂-စီးမှာ လိုင်စင်ပြား ၂-ခုစီရှိတာ ကျွန်တော်သိတယ်နော်
-
7:48 - 7:50လေးခုစာလုံးအတွက် မရောင်းရရင်တောင် အနည်းဆုံး တစ်ခုတော့ ရောင်းရနိုင်တယ်
-
7:50 - 7:52အဲဒါကို ကျွန်တော် ငယ်ငယ်ကတည်းက သိနေတယ်
-
7:52 - 7:54ကျွန်တော် ကာတွန်းစာအုပ်တွေလည်း လက်လှည့်ရောင်းခဲ့တယ်
-
7:54 - 7:56ကျွန်တော် ၁၀-နှစ်သားလောက်မှာ ကာတွန်းစာအုပ်တွေရောင်းတယ်
-
7:56 - 7:58ဂျော်ဂျီယန် ပင်လယ်ကွေ့ပေါ်က ကျွန်တော်တို့ တစ်ထပ်တိုက်အိမ်လေးရဲ့အပြင်ဘက်မှာပေါ့
-
7:58 - 8:00ကျွန်တော် ကမ်းခြေ အဆုံးထိ စက်ဘီးစီးသွားပြီး
-
8:00 - 8:02ဆင်းရဲတဲ့ကလေးတွေဆီကနေ ကာတွန်းစာအုပ်တွေ အကုန်ဝယ်တယ်
-
8:02 - 8:05ပြီးရင် ကျွန်တော် ကမ်းခြေတခြားတစ်ဘက်စွန်း ပြန်သွားပြီး ချမ်းသာတဲ့ကလေးတွေကို ကာတွန်းတွေ ရောင်းတယ်
-
8:05 - 8:07အဲဒါကတော့ ကျွန်တော့်အတွက် သိသာပါတယ်၊ ဟုတ်တယ်မှတ်လား၊ စျေးနည်းနည်းနဲ့ဝယ်ပြီး စျေးမြင့်မြင့်နဲ့ ပြန်ရောင်းတာ
-
8:07 - 8:09ပိုက်ဆံရှိတဲ့ဟိုဘက်မှာက ဒီ ၀ယ်လိုအားက ရှိနေတာကိုး
-
8:09 - 8:12ဆင်းရဲတဲ့ ကလေးတွေကို ရောင်းဖို့မကြိုးစားနဲ့၊ သူတို့မှာ ပိုက်ဆံမရှိဘူး၊ ချမ်းသာတဲ့ လူတွေမှာ ပိုက်ဆံရှိတယ်၊ အဲဒီမှာ ပိုက်ဆံ နည်းနည်းလောက်သွားယူ။
-
8:12 - 8:14ဒါက သိသာတယ်၊ ဟုတ်တယ်နော်
-
8:14 - 8:16အဲဒါက စီးပွားပျက်ကပ် လိုပဲ၊ အဲဒီမှာ စီးပွားပျက်နေတယ်
-
8:16 - 8:19ယူအက်စ် စီးပွားရေးမှာ ဒေါ်လာ ၁၃-ထရီလီယံ လောက် လည်ပတ်နေတုန်းပဲ
-
8:19 - 8:22အဲဒါကို သွားယူကြပါ၊ အဲဒါကို ကျွန်တော် ငယ်ငယ်ကတည်းက သိနေတယ်
-
8:22 - 8:24ကိုယ့်ရဲ့ ၀ယ်ရင်းနေရာကို မပြရဘူးဆိုတာလည်း ကျွန်တော် သိတယ်
-
8:24 - 8:26ဘာဖြစ်လို့လဲဆိုတော့ အဲဒါကိုလုပ်နေရင်းနဲ့ ၄-ပတ်လောက် ကြာတော့မှ ကျွန်တော် အတွယ်ခံလိုက်ရတယ်
-
8:26 - 8:29ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့ကလေးတွေက ကျွန်တော် ကာတွန်းစာအုပ်တွေ ဘယ်က ၀ယ်နေတာလဲဆိုတာ သိသွားကြလို့ပါ
-
8:29 - 8:31အများကြီးပိုပေးနေရတယ်ဆိုတဲ့ အချက်ကို သူကမကြိုက်ဘူး
-
8:31 - 8:33ကျွန်တော် ၁၀-နှစ်သားလောက်မှာ စာရွက်ဝယ်တဲ့ လမ်းကြောင်းတစ်ခုရဖို့ ဖိအားပေးခံရသေးတယ်
-
8:33 - 8:35ကျွန်တော် စာရွက်ဝယ်တဲ့ လမ်းကြောင်းတစ်ခု မလိုချင်ခဲ့ပါဘူး
-
8:35 - 8:37ဒါပေမယ့် ကျွန်တော် ၁၀-နှစ်သားမှာ အဖေက ပြောတယ် "ဒါဟာ မင်းရဲ့ နောက်စီးပွားရေး ဖြစ်မှာနော်" တဲ့
-
8:37 - 8:39အဲဒါနဲ့ သူက ကျွန်တော့်ကို စီးပွားရေးတစ်ခု ရှာပေးရုံတင်မကဘူး ကျွန်တော်က တော့ ၂-ခု ရမှဖြစ်မှာ
-
8:39 - 8:42သူက စာရွက် တစ်ဝက်လောက်ကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို ငှားစေချင်တယ်
-
8:42 - 8:45အဲဒါကိုတော့ ကျွန်တော် လုပ်ပေးလိုက်တယ်၊ အဲဒီမှာ သိလိုက်ရတာက ဘောက်ဆူး အပိုငွေတွေ ရတာဟာ ပိုက်ဆံအများစုပဲ ဆိုတာကိုပေါ့
-
8:45 - 8:47အဲဒါနဲ့ ကျွန်တော်က ဘောက်ဆူး အပိုငွေလည်းယူ၊ ပုံမှန်ပေးတဲ့ဟာလည်း ရပေါ့
-
8:47 - 8:49ဒါနဲ့ ကျွန်တော် က စာရွက်တွေ အကုန်သွားစု
-
8:49 - 8:51သူကတော့ စာရွက်တွေကို ပို့ပေးရုံပဲပေါ့
-
8:51 - 8:53နောက်ပိုင်း ကျွန်တော် ပိုက်ဆံရှာနိုင် တယ်ဆိုတာ နားလည်သွားတာကိုး
-
8:53 - 8:56ဒီနေရာမှာ ကျွန်တော်ကတော့ လုံးဝ သူများဝန်ထမ်းမလုပ်ဘူး ဆိုတာပဲ
-
8:56 - 8:58(ရယ်မောသံများ)
-
8:58 - 9:00ကျွန်တော့်အဖေက မော်တော်ကားနဲ့ စက်ပစ္စည်း ပြင်ဆိုင် ပိုင်တယ်
-
9:00 - 9:02သူ့ဆီမှာ မော်တော်ကား အစိတ်အပိုင်းအဟောင်းတွေ ဟိုဟိုဒီဒီ ပုံထားတာတွေ ရှိတယ်
-
9:02 - 9:04အဲဒီပစ္စည်းတွေထဲမှာ ဒီ ကြေးဝါ ကြေးနီတွေရှိိတယ်
-
9:04 - 9:07အဲဒါနဲ့ ကျွန်တော်က အဲဒါတွေကို အဖေဘာလုပ်ပစ်လဲ မေးတော့ သူက လွှင့်ပစ်လိုက်တာပဲလို့ ပြောတယ်
-
9:07 - 9:09ကျွန်တော်က ပြောတယ် "ဒါပေမယ့် တစ်ယောက်ယောက်များ အဲဒါတွေအတွက် အဖေ့ကို မပေးချင်ဘူးလား" ဆိုတော့ သူက ပြောတယ် "ပေးချင်ပေးမှာပေါ့" တဲ့
-
9:09 - 9:11ကျွန်တော် ၁၀-နှစ်သား ဆိုတာ သတိရကြနော်..ဒါဆို လွန်ခဲ့တဲ့ ၃၄-နှစ်ကပေါ့
-
9:11 - 9:13အဲဒီပစ္စည်းတွေထဲမှာ ကျွန်တော် အခွင့်အလမ်းကို မြင်တယ်
-
9:13 - 9:15အမှိုက်ပုံထဲမှာ ပိုက်ဆံတွေ ရှိတယ်ဆိုတာ ကျွန်တော် မြင်တယ်
-
9:15 - 9:18အဲဒါတွေကို အဲဒီရိယာမှာရှိသမျှ မော်တော်ကားဆိုင်တွေမှာ စက်ဘီးလေးနဲ့ လိုက်ဝယ်တော့တာ
-
9:18 - 9:20ကျွန်တော့်အဖေကတော့ စနေနေ့တွေမှာ
-
9:20 - 9:22ကျွန်တော် ပိုက်ဆံရနေတဲ့ သတ္တုစတွေ ပြန်သန့်စင်တဲ့သူဆီ ကားမောင်းပြီး လိုက်ပို့ပေးတယ်
-
9:22 - 9:24ဒီလို အဖေလိုက်ပို့ ပေးတာက သိပ်ကောင်းတာပေါ့
-
9:24 - 9:27ထူးဆန်းတာကတော့ နှစ်-၃၀ အကြာမှာ ကျွန်တော်တို့ဟာ ၁-၈၀၀-တိုလီမုတ်စ ရှင်းလင်းရေး ကုမ္ပဏီကို တည်ထောင်ဖြစ်လာတယ်
-
9:27 - 9:29အဲဒီကနေလည်း ပိုက်ဆံတွေ ရနေတယ်
-
9:29 - 9:32ဒီ အပ်ထိုးဖော့တုံးတွေကို ကျွန်တော် ၁၁ နှစ်သားအရွယ် ကင်းထောက်လူငယ်အဖွဲ့မှာတုန်းက လုပ်ခဲ့တာ
-
9:32 - 9:34ဒီ အပ်ထိုးဖော့တုံးတွေကို ကျွန်တော်တို့ အမေတွေအတွက် အမေများနေ့အမှတ်တရ လုပ်ပေးခဲ့တာ
-
9:34 - 9:37အပ်ထိုးဖော့တုံးတွေကို အဝတ်ညှပ်တဲ့ သစ်သား ကလစ်ကလေးတွေကနေ လုပ်ထားတာ
-
9:37 - 9:39အိမ်ပြင်က အဝတ်တန်းမှာ အဝတ်တွေကို လှမ်းရင် သုံးတာလေ
-
9:39 - 9:41အဲဒါတွေနဲ့ ဒီကုလားထိုင်လေးတွေကို လုပ်ထားတာ
-
9:41 - 9:43ကျွန်တော့်ဆီမှာ ကျွန်တော်ချုပ်ထားတဲ့ ခေါင်းအုံးသေးသေးလေးတွေရှိတယ်
-
9:43 - 9:45အဲဒီမှာ ပင်အပ်ကလေးတွေကို ထိုးထားလို့ရတယ်
-
9:45 - 9:48ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဝတ်ချုပ်လေ့ရှိတော့ အပ်ထိုးဖော့တုံးတွေ လိုကြတယ်
-
9:48 - 9:51ဒါပေမယ့် ကျွန်တော်နားလည်ထားတာက ကျွန်တော်တို့မှာ ရွေးချယ်စရာ ရှိရမယ်ပေါ့
-
9:51 - 9:53ဒါကြေင့် ကျွန်တော်က အားလုံးကို အပြံုလိုက် အညိုရောင် မှုတ်ဆေးနဲ့ မှုတ်လိုက်တယ်
-
9:53 - 9:55ပြီးတော့ ကျွန်တော် အိမ်တွေမှာ သွားရောင်းရင် "တစ်ခုလောက်များ ၀ယ်ချင်ပါသလား" လို့ မမေးပါဘူး
-
9:55 - 9:57"ဘယ်အရောင်များ ကြိုက်ပါသလဲခင်ဗျာ" တဲ့
-
9:57 - 9:59ကျွန်တော်က ၁၀-နှစ်သားဆိုပေးမယ့် ခင်ဗျားတို့ကတော့ မဝယ်ဘူးလို့ ကျွန်တော့်ကို ပြောမှာမဟုတ်ဘူး
-
9:59 - 10:02အထူးသဖြင့် ရွေးစရာ နှစ်ခုလောက်ရှိရင်ပေါ့၊ အညိုရောင်လေးလား ဒါမှမဟုတ် ဆေးမှုတ်မထားတဲ့ အကြည်လေးလား
-
10:02 - 10:04အဲဒီသင်ခန်းစာကို ကျွန်တော် ငယ်တဲ့အရွယ်ကတည်းက သိနေပြီ
-
10:04 - 10:07ပြီးတော့ လူအားသုံးလုပ်ရတဲ့အလုပ်ဟာ မစွံမှန်း ကျွန်တော်သိတယ်
-
10:09 - 10:11ဟုတ်တယ်နော်၊ မြက်ရိတ်တာလိုဟာမျိုးက ကြမ်းတမ်းပါတယ်
-
10:11 - 10:14ဒါပေမယ့် ကျွန်တော်ကတော့ တနွေလုံး အိမ်နီးနားချင်းအားလုံးအတွက် မြက်ရိတ်ခဲ့ရတယ်၊ အဲဒီအတွက်လည်း ပိုက်ဆံရပါတယ်
-
10:14 - 10:16နောက်တစ်ခု ကျွန်တော်နားလည်တာက
-
10:16 - 10:19ဖောက်သည် တစ်ယောက်တည်းဆီကနေ ၀င်ငွေထပ်ရတာဟာ အံ့သြစရာဆိုတာပါပဲ
-
10:19 - 10:21ဆိုလိုတာက ဒီဖောက်သည်အိမ်မှာ တစ်ခါ အလုပ်ရလိုက်တယ်ဆိုရင်
-
10:21 - 10:23ကျွန်တော်ကတော့ အဲဒီလူဆီကနေ အပတ်စဉ် ပိုက်ဆံရနေတာပဲပေါ့
-
10:23 - 10:25ဒီနည်းလမ်းက ပိုကောင်းတယ်နော်
-
10:25 - 10:27လူတစ်ယောက်ချင်းစီကို ပင်အပ်တစ်ချောင်းချင်းစီ ရောင်းနေတာထက်စာရင်
-
10:27 - 10:29ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ထပ်ရောင်းလို့ မရတော့ဘူးလေ
-
10:29 - 10:32အဲဒီ ၀င်ငွေထပ်ရတဲ့ ပုံစံကို ကျွန်တော် ကြိုက်သွားတယ်၊ ဒါကြောင့် ငယ်ငယ်ကတည်းက အဲဒါကို စပြီး လေ့လာခဲ့တယ်
-
10:32 - 10:35ကျွန်တော်ကို ဒါမျိုးလုပ်ဖို့ ပျုစုပျိုးထောင်ပေးထားတယ်ဆိုတာလဲ အမှတ်ရကြပါ၊ ကျွန်တော်ကို သူများအလုပ် လုပ်ဖို့ ခွင့်မပြုထားဘူး
-
10:35 - 10:38ကျွန်တော် ဂေါက်အိတ်လည်းထမ်းတယ်၊ ဂေါက်ကွင်းသွားပြီး လူတွေအတွက် ဂေါက်အိတ်ထမ်းပေးတယ်
-
10:38 - 10:40ကျွန်တော်တို့ ဂေါက်ကွင်းမှာ တောင်ကုန်းတစ်ခုရှိတယ်ဗျာ
-
10:40 - 10:42တွင်းနံပါတ်-၁၃ က အဲဒီတောင်ကြီးမှာ ရှိနေတာ
-
10:42 - 10:44လူတွေက သူတို့အိတ်တွေကို အဲဒီတောင်ပေါ် မသယ်နိုင်ကြဘူး
-
10:44 - 10:46အဲဒီမှာ ကျွန်တော်က မြက်ရိတ်စက်ကားနဲ့ စောင့်တယ်
-
10:46 - 10:49ဂေါက်အိတ်ထမ်းပေးမယ့်လူမရှိတဲ့ သူတွေအားလုံးကို ကျွန်တော်က တင်ခေါ်သွားတယ်
-
10:49 - 10:52သူတို့ ဂေါက်အိတ်ကို တောင်ထိပ်ရောက်အောင် သယ်ပေးတယ်၊ သူတို့က ကျွန်တော့်ကို ၁ ဒေါ်လာပေးတယ်
-
10:52 - 10:54တစ်ချိန်တည်းမှာပဲ ကျွန်တော့်သူငယ်ချင်းတွေက ၅-နာရီလုံးလုံး အလုပ်လုပ်ရတယ်
-
10:54 - 10:56တစ်ယောက်ယောက်ရဲ့အိတ်ကို ဟိုဟိုဒီဒီ လိုက်သယ်ပေးပြီင်္းမှ ၁၀ ဒေါ်လာလောက်ရတာ
-
10:56 - 10:59ကျွန်တော်က "၅-နာရီလုံးလုံး အလုပ်လုပ်ပေးရတယ်ဆိုတာ ညံ့တယ်" ပေါ့
-
10:59 - 11:02"'ဒါ လုံးဝ အဓိပ္ပါယ်မရှိဘူး" ပေါ့၊ ပိုက်ဆံများများ မြန်မြန်ရဖို့ နည်းလမ်းတစ်ခုတော့ စဉ်းစားရမယ်ပေါ့
-
11:02 - 11:05အပတ်တိုင်း ကျွန်တော် လမ်းထိပ်က စတိုးဆိုင်သွားပြီး အချိုရည်ပုလင်းတွေ အကုန်ဝယ်တယ်
-
11:05 - 11:08ပြီးရင် ဘရစ်ဂျ်ဖဲ ကစားနေတဲ့ အသက်-၇၀ အဖွားကြီးတွေအတွက် တောင်ပေါ်တက်ပြီး ပို့ပေးတယ်
-
11:08 - 11:10သူတို့က နောက်အပတ်အတွက် ကျွန်တော့်ကို ထပ်ပြီးမှာကြတယ်
-
11:10 - 11:12ကျွန်တော်က အချိုရည်ပုလင်းလေး ပို့ပေးရုံနဲ့ နှစ်ဆတောင်းတာနော်
-
11:12 - 11:15ကျွန်တော်မှာ ဒီလို အပိုင်ရထားတဲ့ စျေးကွက်လေးတွေ ရှိတယ်. စာချုပ်တွေဘာတွေ မလိုဘူး
-
11:15 - 11:17ရောင်းလိုအား ၀ယ်လိုအား ရှိဖို့ပဲလိုတယ်
-
11:17 - 11:19ခင်ဗျားတို့ပစ္စည်းကို ၀ယ်မယ့် ဒီပရိတ်သတ် ရှိဖို့ပဲလိုတယ်
-
11:19 - 11:21ဒီအဖွားကြီးတွေက ဘယ်သူ့ဆီကမှ ၀ယ်မှာ မဟုတ်တော့ဘူး
-
11:21 - 11:23သူတို့က ကျွန်တော့်ကို ကြိုက်တယ်၊ ဒါကို ကျွန်တော်က တွက်မိတယ်
-
11:23 - 11:26ကျွန်တော် ဂေါက်ကွင်းတွေ သွားရင် ဂေါက်သီးတွေ ရတယ်
-
11:26 - 11:28ဒါပေမယ့် လူတိုင်းက ခြံုပုတ်တွေထဲမှာ ရှာကြတယ်
-
11:28 - 11:30ဂေါက်သီးတွေကို မြောင်းတွေထဲမှာ ရှာကြတယ်
-
11:30 - 11:32ကျွန်တော်ကျတော့ လှည့်တွေးတယ်၊ ဂေါက်သီး အားလုံးက ရေကန်ထဲမှာပေါ့
-
11:32 - 11:34ဘယ်သူမှ ရေကန်ထဲမဆင်းဘူးလေ
-
11:34 - 11:37ကျွန်တော်က ရေကန်ထဲဆင်းတယ်၊ တွားသွားပြီးလျှောက်စမ်းတယ်၊ ပြီးရင် ကျွန်တော့် ခြေချောင်းလေးတွေနဲ့ ကောက်တယ်
-
11:37 - 11:39ခြေဖဝါးနှစ်ဖက်လုံးနဲ့ ဂေါက်သီးတွေကောက်ရတာ
-
11:39 - 11:41ဒါကို ဒီ စင်ပေါ်မှာ လုပ်ပြလို့မရဘူး
-
11:41 - 11:43ဂေါက်သီးတွေ ရလာရင် ရေချိုးဝတ်စုံ ကိုယ်ပိုင်းထဲကို ပစ်ထဲ့ထားလိုက်
-
11:43 - 11:46ရှာလို့ပြီးသွားတဲ့အချိန်ကျရင် ဂေါက်သိး ၂၀၀ နီးပါးလောက် ရနေပြီ
-
11:46 - 11:49ဒါပေမယ့် ပြဿနာက လူတွေက ဂေါက်သီးအဟောင်းတွေ မလိုချင်ကြဘူး
-
11:49 - 11:51ဒါနဲ့ ကျွန်တော်က အထုပ်တွေ ထုပ်တယ်၊ ကျွန်တော ၁၂-နှစ်လောက်ရှိပြီ၊ ဟုတ်တယ်
-
11:51 - 11:53ဂေါက်သီးတွေကို နည်းလမ်း ၃-မျိုးနဲ့ အထုပ်ထုပ်တယ်
-
11:53 - 11:55ကျွန်တော့်မှာ အဲဒီတုန်းက ပင်နက်ကယ်လ်စ် တို့ ဒီဒီအိတ်ချ် တို့၊ တကယ့် ဂေါက်သီးအကောင်းစားတွေ ရှိတယ်
-
11:55 - 11:57အဲဒါတွေကို တစ်လုံး ၂-ဒေါ်လာနဲ့ ရောင်းတယ်
-
11:57 - 12:00ပြီးရင် ကျွန်တော့်မှာ သိပ်ပုံမပျက်တဲ့ ဂေါက်သီးကောင်းကောင်းတွေရှိတယ်၊ အဲဒါတွေကိုတော့ တစ်လုံး ၅-မူးနဲ့ရောင်းတယ်
-
12:00 - 12:03ချာတူးလံ ဂေါက်သီးအာလုံးကိုတော့ တစ်ကြိမ် ငါးမူးနဲ့ ရောင်းတယ်
-
12:03 - 12:05သူတို့က အဲဒီဂေါက်သီးတွေကို လေ့ကျင့်ဂေါက်သီးအနေနဲ့ သုံးလို့ရတယ်
-
12:05 - 12:07ပြီးတော့ ကျွန်တော် ကျောင်းနေတုန်းက နေကာမျက်မှန်ရောင်းတယ်
-
12:07 - 12:09အထက်တန်းကျောင်းက ကလေးအားလုံးကို ရောင်းတာ်
-
12:09 - 12:12အဲဒါက လူတိုင်း ခင်ဗျားကို မုန်းတဲ့ဟာကို တကယ်ရတာမျိုး
-
12:12 - 12:15ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက တစ်ချိန်လုံး ကိုယ့်သူငယ်ချင်းတွေဆီကနေ ပိုက်ဆံတွေ ဆွဲထုတ်ဖို့ ကြိုးစားနေတာကိုး
-
12:15 - 12:17ဒါပေမယ့် အဲဒါက ငွေတောင်းခံလွှာတွေကို ပိုက်ဆံရှင်းပေးနေတာ
-
12:17 - 12:19ကျွန်တော် နေကာမျက်မှန်တွေ အများကြီးပဲ ရောင်းခဲ့တယ်
-
12:19 - 12:21နောက်တော့ ကျောင်းက ကျွန်တော့်ကို ပိတ်လိုက်တယ်
-
12:21 - 12:23ကျောင်းက ကျွန်တော့်ကို ရုံးခန်းထဲ တကယ်ခေါ်ပြီး ကျွန်တော် ဒါမျိုး လုပ်လို့မရဘူးဆိုပြီး ပြောတာ
-
12:23 - 12:25အဲဒါနဲ့ ကျွန်တော် ဓါတ်ငွေ့ဆိုင်တွေကိုသွားတယ်
-
12:25 - 12:27နေကာမျက်မှန်တွေ အများကြီးကို ကျွန်တော် ဓါတ်ငွေ့ဆိုင်တွေကိုရောင်းလိုက်တယ်
-
12:27 - 12:29ဓါတ်ငွေ့ဆိုင်တွေကမှ သူတို့ဖောက်သည်တွေကို မျက်မှန်တွေ ပြန်ရောင်းခိုင်းလိုက်တာ
-
12:29 - 12:31တကယ်ကောင်းတယ်ဗျာ၊ နောက်တော့ ကျွန်တော့်မှာ လက်လီဆိုင်လေးတွေ ရှိလာတယ်
-
12:31 - 12:33ကျွန်တော် ၁၄-နှစ် ရှိပြီထင်တယ်
-
12:33 - 12:36ကျွန်တော် ကာလ်တန် တက္ကသိုလ် ပထမနှစ် တစ်လျှောက်လုံး ဒီလိုပဲ (ကုန်ကျစရိတ်တွေကို) ပေးသွားတာ
-
12:36 - 12:38၀ိုင်ပုလင်းသယ်တဲ့အိတ် တွေ တစ်အိမ်တက်ဆင်း လိုက်ရောင်းတာကနေ ပေးတာ
-
12:38 - 12:40၀ိုင်ပုလင်းသယ်တဲ့အိတ်က ရမ်အရက် ၄၀-အောင်စ ရှိတဲ့ တပုလင်းစာနဲ့
-
12:40 - 12:42ကိုကာ ၂-ပုလင်း ဆန့်တယ်ဆိုတာ သိကြတယ်ထင်တယ်၊ အဲဒီတော့ ဘာလုပ်ရမှာလဲပေါ့၊ ဟုတ်ရဲ့လား
-
12:42 - 12:44ဒါပေမယ့် ဘာလုပ်လို့ရလဲဆိုတော့ အဲဒီအိတ်ကို ဘောင်းဘီထဲကို ထိုးထည့်ပြီး
-
12:44 - 12:47ဘောလုံးပွဲထဲ သွားကြည့်တဲ့အခါ ကောင်းကောင်းကြီး အလကား မူးလို့ရတယ်လေ
-
12:47 - 12:49ဒါကြောင့် လူတိုင်းက ၀ယ်ကြတာ
-
12:49 - 12:52ရောင်းလိုအား၊ ၀ယ်လိုအား၊ အခွင့်အလမ်း ကြီးကြီးနဲ့ပေါ့
-
12:52 - 12:54ကျွန်တော်က အဲဒါကို နာမည်တွေဘာတွေပေးပြီး သာမန် ကုန်ကျစရိတ်ထက် ၅-ဆလောက် တင်ပြီးရောင်းခဲ့တာ
-
12:54 - 12:56အိတ်ပေါ်မှာ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ တံဆိပ်ပါတယ်
-
12:56 - 12:58ကျွန်တော်တို့တွေက ကလေးတွေကို ကစားနည်းတွေ သင်ပေးပြီး ကစားစရာတွေ ၀ယ်ပေးကြတယ်
-
12:58 - 13:01ဒါပေမယ့် ကျွန်တော်တို့ ဘာဖြစ်လို့ သူတို့ကို ကစားစရာတွေ မလုပ်ခိုင်းတာလဲ၊ သူတို့သာ စီးပွားစွမ်းဆောင်ရှင် ကလေးတွေဆိုရင်
-
13:01 - 13:04အဲဒီလို လုပ်ပေးတာ စီးပွားစွမ်းဆောင်ရှင်ဖြစ်ဖို့ လိုအပ်တဲ့ စရိုက်လက္ခဏာတွေကို ပြုစုပျိုးထောင်ပေးရာ မရောက်ဘူးလား
-
13:04 - 13:07ဘာဖြစ်လို့ ခင်ဗျားတို့ ကလေးတွေကို ပိုက်ဆံ မဖြုန်းအောင် မသင်ပေးကြတာလဲ
-
13:07 - 13:10ကျွန်တော် မှတ်မိသေးတယ်၊ အယ်လ်ဘာတာ က ဘန့်ဖ် လမ်းမအလယ်ကို ထွက်သွားဖို့ အပြောခံရသေးတယ်
-
13:10 - 13:12ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လမ်းပေါ်ကို ပြားစေ့တစေ့လွှင့်ပစ်လိုက်လို့
-
13:12 - 13:14အဲဒါ ကျွန်တော့်အဖေက ပြောရော "သွားပြန်ကောက်စမ်း" ပေါ့
-
13:14 - 13:16သူကပြောတယ် "ငါ ပိုက်ဆံရဖို့ ပင််ပန်းဆင်းရဲကြီးကြီးနဲ့ အလုပ်လုပ်ရတာ၊ မင်းတို့ ပြားစေ့တစေ့ ဖြုန်းတာကိုတောင် ကြည့်နေမှာ မဟုတ်ဘူး" တဲ့
-
13:16 - 13:18အဲဒီ သင်ခန်းစာ ကို ကျွန်တော် ဒီနေ့အထိ မှတ်မိနေတယ်
-
13:18 - 13:21မုန့်ဖိုးပဲဖိုးတွေက ကလေးတွေကို မှားယွင်းတဲ့ အကျင့်စရိုက်တွေ သင်ပေးတယ်
-
13:21 - 13:23မုန့်ဖိုးပဲဖိုးဆိုတာ သူ့သဘာဝကိုက ကလေးတွေကို
-
13:23 - 13:25အလုပ်တစ်ခုလုပ်ဖို့ စဉ်းစားလာအောင် သင်ပေးသလိုဖြစ်နေတယ်
-
13:25 - 13:28စီးပွားစွမ်းဆောင်ရှင်ဆိုတာ ပုံမှန် လခ ကို မျှော်လင့်နေတာ မဟုတ်ဘူး
-
13:28 - 13:30မုန့်ဖိုးပဲဖိုး ဆိုတာက ကလေးတွေကို ငယ်တဲ့အရွယ်မှာတင်
-
13:30 - 13:32ပုံမှန် လစာလေး မျှော်လင့်ဖို့ မွေးထုတ်ပေးသလိုဖြစ်နေတယ်
-
13:32 - 13:34တကယ်လို့ ခင်ဗျားတို့က စီးပွားစွမ်းဆောင်ရှင်တွေကို ပျိုးထောင်ပေးချင်တယ်ဆိုရင် ဒီလိုလုပ်တာဟာ ကျွန်တော့်အတွက်တော့ မှားတယ်
-
13:34 - 13:36ကျွန်တော့်ကလေးတွေကို အခု ဘာလုပ်ပေးသလဲ ပြောမယ်၊ ကျွန်တော့်မှာ ကလေး ၂-ယောက်ရှိတယ်၊ ၉-နှစ် နဲ့ ရ-နှစ် သားတွေ
-
13:36 - 13:38သူတို့ကို ကျွန်တော် သင်ပေးတာက အိမ်ပတ်ဝန်းကျင်နားနဲ့ ခြံဝင်းထဲ ပတ်လျှောက်ခိုင်းပြီး
-
13:38 - 13:40လိုနေတဲ့ဟာ တွေကို ပြီးအောင် လုပ်ဖို့ ရှာခိုင်းတယ်
-
13:40 - 13:42အဲဒါဟာ ဘာလဲဆိုတာ ကျွန်တော့်ဆီလာပြီးပြောခိုင်းတယ်
-
13:42 - 13:44ဒါမှမဟုတ် ကျွန်တော်က သူတို့ဆီသွားပြီး "ဒါ..အဖေ ပြီးအောင်လုပ်ဖို့လိုနေတဲ့ဟာ" ဆိုပြီး ပြောတယ်
-
13:44 - 13:46ပြီးတော့ ကျွန်တော်တို့ ဘာလုပ်တယ် ထင်သလဲ၊ ကျွန်တော်တို့ ညှိနှိုင်းကြတယ်
-
13:46 - 13:48သူတို့ ဘာတွေပြီးပြည့်စုံအောင်လုပ်ဖို့ လိုသလဲဆိုတာ လျှောက်ရှာကြတယ်
-
13:48 - 13:50ဒါပေမယ့် အဲဒါအတွက် သူတို့ ဘာရမယ်ဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတယ်
-
13:50 - 13:53နောက်တော့ သူတို့ကို ပုံမှန်လစာမပေးပေမယ့် သူတို့မှာ ပစ္စည်းများများရှာဖို့ အခွင့်အလမ်းပိုများလာတယ်
-
13:53 - 13:55သူတို့ ဆွေးနွေးညှိနှိုင်းတဲ့ အတတ်ပညာကို သင်ယူလေ့လာဖြစ်သလို
-
13:55 - 13:57အခွင့်အလမ်းကို ရှာတဲ့ အတတ်ပညာကိုလည်း သူတို့ သင်ယူလေ့လာဖြစ်သွားတယ်
-
13:57 - 14:00အဲဒီလိုဟာမျိုးတွေကို မွေးမြူပေးရတယ်၊ ကျွန်တော့် ကလေးတွေမှာ စုဘူး ၂ ခုစီ ရှိကြတယ်
-
14:00 - 14:02သူတို့ရှာနိုင်တာ သို့မဟုတ် မုန့်ဖိုးရတာရဲ့
-
14:02 - 14:04၅၀ ရာနှုန်းကတော့ သူတို့ရဲ့ အိမ်စာရင်းထဲ ၀င်သွားတယ်
-
14:04 - 14:06ကျန်တဲ့ ၅၀ ရာနှုန်းကတော့ သူတို့ရဲ့ အရုပ်စာရင်းထဲ ၀င်သွားတယ်
-
14:06 - 14:08သူတို့ အရုပ်စာရင်းထဲဝင်သွားတာမှန်သမျှကို သူတို့လိုချင်တာ ဘာမဆိုအတွက် သုံးလို့ရတယ်
-
14:08 - 14:11သူတို့ အိမ်စာရင်းထဲဝင်သွားတဲ့ ၅၀ ရာနှုန်းကတော့ ခြောက်လတစ်ခါ ဘဏ်ထဲကို သွားတယ်
-
14:11 - 14:14သူတို့ ကျွန်တော့်ကို မှီလာနေပြီ၊ နှစ်တိုင်းလိုလို ဘဏ်ထဲကငွေတွေက သူတို့ရဲ့ စတော့ပွဲစားဆီ ရောက်တယ်
-
14:14 - 14:17ကျွန်တော်ရဲ့ ၉-နှစ် နဲ့ ရ-နှစ် ကလေးနှစ်ယောက်လုံးမှာ စတော့ ပွဲစားတွေ ရှိနေကြပြီ
-
14:18 - 14:20ဒါပေမယ့် ကျွန်တော်က အဲဒီ စုဆောင်းတဲ့ အလေ့အထကို အတင်းလုပ်ယူဖို့ သူတို့ကို သင်နေတာ
-
14:20 - 14:23အသက် ၃၀ ကျော်တွေက ပြောနေကြတာတွေကြောင့် ကျွန်တော် ရူးချင်ချင်တောင်ဖြစ်တယ်
-
14:23 - 14:25"အင်း ကျွန်တော့် ပင်စင်စုဆောင်းငွေထဲကို အခု စပြီး ငွေထည့်ချင်ထည့်တော့မှာ" တဲ့
-
14:25 - 14:27၂၅-နှစ်တောင် လွတ်သွားခဲပြီးပြီလေ
-
14:27 - 14:29ငယ်ရွယ်တဲ့ ကလေးတွေကို အဲဒီအလေ့အထလေးတွေ
-
14:29 - 14:31သူတို့ နာကြင်မှုဆိုတာတောင် မခံစားမိတဲ့ အချိန်မှာ သင်ပေးလို့ရပါတယ်
-
14:31 - 14:33ညတိုင်း အိပ်ယာဝင် ပုံပြင်တွေချည်းပဲ ဖတ်ပြမနေနဲ့
-
14:33 - 14:35တစ်ပတ်မှာ ၄-ည တော့ သူတို့ကို အိပ်ယာဝင်ပုံပြင်လေးတွေ ဖတ်ချင်ဖတ်ပြပေါ့
-
14:35 - 14:37တစ်ပတ်မှာ ကျန်တဲ့ ၃-ည ကိုတော့ သူတို့ကို ပုံပြင်တွေ ပြောခိုင်း
-
14:37 - 14:40ကလေးတွေနဲ့ အတူထိုင်ပြီး သူတို့ကို ပစ္စည်း ၄-မျိုးပေးကြည့်လိုက်
-
14:40 - 14:43ရှပ်အင်္ကျိ အနီတစ်ထည်၊ အပြာရောင် နက်တိုင် တစ်ခု၊ သားပိုက်ကောင်တစ်ကောင် နဲ့ လက်တော့ပ် ကွန်ပျူတာတစ်လုံး
-
14:43 - 14:45ပြီးရင် သူတို့ကို အဲဒီ ပစ္စည်း ၄-မျိုးအကြောင်း ပုံပြင် ပြောခိုုင်းပေါ့
-
14:45 - 14:47ကျွန်တော့်ကလေးတွေ တချိန်လုံး အဲဒါကို လုပ်ကြတယ်
-
14:47 - 14:49အဲဒါက သူတို့ကို ကိုယ်ပြောချင်တာ ပြောနိုင်အောင် သင်ပေးတယ်၊ အဲဒါကိ သူတို့ကို တီထွင်ဆန်းသစ်မှု ဆိုတာကို သင်ပေးတယ်
-
14:49 - 14:51အဲဒါက သူတို့ ကိုယ့်ပိုင်ဉာဏ်နဲ့ တွေးအောင် သင်ပေးတယ်
-
14:51 - 14:53အဲဒါမျိုးလုပ်ကြည့်ပြီး ပျော်ရွင်ကြည့်ကြပါ
-
14:53 - 14:55ကလေးတွေကို လူအုပ်စုရှေ့မှာ မတ်တပ်ရပ်ပြီး စကားပြောခိုင်းပါ
-
14:55 - 14:57သူငယ်ချင်းတွေ ရှေ့မှာ ရပ်ရုံလေးရပ်တာပဲဖြစ်ဖြစ်
-
14:57 - 14:59ကစားတာ၊ စကားပြောခိုင်းတာပဲဖြစ်ဖြစ်ပေါ့
-
14:59 - 15:01အဲဒါတွေဟာ ခင်ဗျားတို့ မွေးမြူပေးချင်တဲ့ စီးပွားစွမ်းဆောင်ရှင်တွေရဲ့ စရိုက်လက္ခဏာတွေပါ
-
15:01 - 15:04ကလေးတွေကို ဆိုးတဲ့ ဖောက်သည်တွေနဲ့ ဆိုးတဲ့ ၀န်ထမ်းတွေဆိုတာ ဘယ်လိုလဲဆိုတာ ပြပေးပါ
-
15:04 - 15:06သူတို့ကို စိတ်မကြည်လင်တဲ့ ၀န်ထမ်းတွေကို ပြပေးပါ
-
15:06 - 15:08ဖောက်သည်တွေကို ဘုဆတ်ဆတ် ၀န်ဆောင်မှုမျိုး ပေးတာ တွေ့ရင် သူတို့ကို အဲဒါ ထောက်ပြပါ
-
15:08 - 15:10"စကားမစပ် ပြောရဦးမယ်၊ အဲဒီလူက ချာတူးလံ ၀န်ထမ်းပေါ့" လို့ ပြောပေးပါ
-
15:10 - 15:13"ဒီဝန်ထမ်းတွေကတော့ ကောင်းတယ်" လို့ ပြောပေးပါ
-
15:13 - 15:15(ရယ်မောသံများ)
-
15:15 - 15:17စားသေက်ဆိုင်ထဲဝင်သွားလို့ ညံ့ဖျင်းတဲ့ဝန်ဆောင်မှုမျိး ပေးလာရင်
-
15:17 - 15:19ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုဆိုတာ ဘယ်လိုလဲဆိုတာ သူတို့ကို ပြပေးပါ
-
15:19 - 15:21(ရယ်မောသံများ)
-
15:21 - 15:23ဒီ သင်ခန်းစားတွေအားလုံး ကျွန်တော်တို့ ရှေ့မှာ ရှိနေကြတာပဲ
-
15:23 - 15:26ဒါပေမယ့် ကျွန်တော်တို့က ဒီ အခွင့်အလမ်းတွေကိုတော့ မယူဘူး၊ ကလေးတွေကို ဆရာသွားရှာဖို့ပဲ သင်တယ်
-
15:26 - 15:28မြင်ယောင်ကြည့်ပါ၊ တကယ်လို့ ခင်ဗျားတို့
-
15:28 - 15:30အိမ်ထဲမှာ အခုရှိနေတဲ့ ကလေးတွေရဲ့ တိုလီမုတ်စတွေနဲ့
-
15:30 - 15:32လွန်ခဲ့တဲ့ ၂-နှစ်က အရွယ်လွန်သွားလို့ မဆော့တော့တဲ့ အရုပ်အားလုံးကို ယူပြီး
-
15:32 - 15:35"တို့တွေ ဒါတွေကို ခရိတ်ဂျ်လစ်တ် တို့၊ ကီဂျီးဂျီ တို့ (အီးဘေလို ပစ္စည်းကြော်ငြာပြီးရောင်းလို့ရတဲ့နေရာ) မှာ စပြီး ရောင်းကြရအောင်" လို့ ပြောကြည့်ပါ
-
15:35 - 15:37သူတို့တွေ အဲဒါတွေကို တကယ် ရောင်းနိုင်တယ်
-
15:37 - 15:39ပြီးရင် စျေးပေးတဲ့အီးမေးလ်ဝင်လာရင် အလိမ်အညာတွေကို ဘယ်လို ရှာရတယ်ဆိုတာ လေ့လာလို့ ရတယ်
-
15:39 - 15:41အဲဒီ အလိမ်အညာ အီးမေးလ်တွေက ကိုယ့်စာရင်းပဲဖြစ်ဖြစ်၊ တစ်ဆင့်စာရင်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ၀င်လာနိုင်တယ်
-
15:41 - 15:44ဒါပေမယ့် ကလေးတွေကို စျေးဘယ်လို သတ်မှတ်ရတယ်၊ စျေးဘယ်လို မှန်းတယ်
-
15:44 - 15:46ဓါတ်ပုံတွေ ဘယ်လို ဆွဲတင်ရတယ် ဆိုတာတွေ သင်ပေးလို့ရတယ်
-
15:46 - 15:48သူတို့ကို အဲဒါမျိုးတွေ ဘယ်လိုလုပ်ရတယ်၊ အဲဒါတွေနဲ့ ပိုက်ဆံ ဘယ်လိုရှာရတယ်ဆိုတာ သင်ပေးပါ
-
15:48 - 15:50ပြီးရင် သူတို့ရတဲ့ ပိုက်ဆံကို ၅၀-ရာနှုန်း အိမ်စာရင်းထဲသွား
-
15:50 - 15:52၅၀-ရာနှုန်း အရုပ်စာရင်းထဲသွားခိုင်း
-
15:52 - 15:54ကျွန်တော့်ကလေးတွေက ဒီကိစ္စကို သဘောကျကြတယ်
-
15:54 - 15:57ခင်ဗျားတို့ ကလေးတွေမှာ မွေးမြူပေးရမယ့် စီးပွားစွမ်းဆောင်ရှင် စရိုက်လက္ခဏာ တစ်ချို့ကတော့
-
15:57 - 16:00ကြိုးပမ်းအောင်မြင်မှု၊ ဇွဲ၊ ခေါင်းဆောင်မှု၊ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်တတ်မှု၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရား၊ တန်ဖိုးတရားတွေ၊
-
16:00 - 16:03ဒီ စရိုက်လက္ခဏာတွေကို ငယ်ရွယ်တဲ့ ကလေးတွေမှာ တွေ့ရနိုင်သလို သူတို့ဆီမှာ မွေးမြူနိုင်အောင် ကူညီပေးလို့ရတယ်
-
16:03 - 16:05အဲဒါမျိုးတွေကို ရှာဖွေပါ
-
16:05 - 16:07ကျွန်တော် ခင်ဗျားတို့ကို သတိထားစချင်တဲ့ စရိုက်လက္ခဏာ ၂-ခုုလည်း ရှိသေးတယ်
-
16:07 - 16:10အဲဒါကိုတော့ သူတို့ရဲ့ စနစ်ထဲက ကျွန်တော်တို့ ထုတ်လိုက်လို့မှ မရတာ
-
16:10 - 16:12ကလေးတွေကို ပတ်ဝန်းကျင် ဂရုမစိုက်နိုင်တဲ့ ရောဂါအတွက် ဆေးမကုပါနဲ့
-
16:12 - 16:14တကယ့်ကို အရမ်း ဆိုးးဝါးနေတာကလွဲရင်ပေါ့
-
16:14 - 16:16(လက်ခုပ်သံများ)
-
16:16 - 16:19တခုခုမှာ အရူးအမူးဖြစ်တာ၊၊ စိတ်ဖိစီးတာ၊ စိတ်ဓါတ်ကျတာတွေနဲ့ ပတ်သက်နေတာ အားလုံးမှာလည်း အတူတူပဲ
-
16:19 - 16:21ဆေးပညာရှုထောင့်အရ အရမ်းကြမ်းနေတာက လွဲရင်ပေါ့
-
16:21 - 16:23စိတ်အတက်အကျမြန်ရောဂါကို အမှုဆောင် အရာရှိချုပ်ရောဂါလို့ နာမည်ပြောင်ပေးထားတာ
-
16:23 - 16:25စတိဗ်ဂျူးဗက်ဆန် နဲ့ ဂျင်မ်ကလာ့ခ် တို့
-
16:25 - 16:27ဂျင်မ်ဘာ့ခ်စ်ဒေးလ် တို့အားလုံးမှာ ဒီရောဂါ ရှိနေကြတယ်
-
16:27 - 16:29သူတို့ နတ်စ်ကိပ် ကုမ္ပဏီကို တည်ထောင်ခဲ့ကြတာပဲ
-
16:29 - 16:31သူတို့ကိုများ ရစ်တာလင် စိတ်ငြိမ်ဆေး ကျွေးလို်က်မိရင်ဆိုတာမျိုး မြင်ယောင်ကြည့်ပါ
-
16:31 - 16:33အဲဒီကုမ္ပဏီ ရှိလာတော့မှာမဟုတ်ဘူး၊ ဟုတ်ရဲ့လား
-
16:33 - 16:36အယ်လ်ဂိုးရ် လည်း အင်တာနက်ဆိုတာကို ထွင်ချင်ရင် ထွင်ခဲ့နိုင်မှာနော်
-
16:36 - 16:38(ရယ်မောသံများ)
-
16:38 - 16:40ဒီကျွမ်းကျင်မှုတွေက ကျွန်တော်တို့ စာသင်ခန်းထဲမှာ သင်ပေးသင့်တဲ့ ကျွမ်းကျင်မှုတွေပါ
-
16:40 - 16:42(စာသင်ခန်းထဲ သင်ပေးတဲ့) တခြားဟာတွေလိုပဲပေါ့
-
16:42 - 16:44ကလေးတွေကို ရှေ့နေကြီးမဖြစ်ချင်ကြနဲ့လို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး
-
16:44 - 16:46ဒါပေမယ့် စီးပွားရေးစွမ်းဆောင်မှုလို ဟာမျိုးကို
-
16:46 - 16:48တခြားသင်ကြားပေးနေတဲ့ဘာသာရပ်တွေအထက်မှာထားပြီး သင်ကြားပေးမယ်ဆိုရင် ဘယ်နှယ့်လဲ
-
16:48 - 16:50ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ အခွင့်အလမ်းတွေ အများကြီးပဲ ရှိနေတယ်
-
16:50 - 16:52ကျွန်တော် ဗီဒီယိုတိုတိုလေး တစ်ခုနဲ့ ဟောပြောပွဲကို အဆုံးသတ်ချင်ပါတယ်
-
16:52 - 16:55ဒီ ဗီဒီယိုကို ကျွန်တော် ဦးဆောင်လမ်းပြေပေးနေတဲ့ ကုမ္ပဏီတစ်ခုက လုပ်ထားတာပါ
-
16:55 - 16:57သူတို့တွေက "ဒါးခုတ်ကောင်" လို့ အမည်ပေးထားပါတယ်
-
16:57 - 16:59ကလေးတွေအကြောင်းပါ၊ စီးပွားရေးစွမ်းဆောင်မှုအကြောင်းပါ
-
16:59 - 17:02ဒီဗီဒီယိုလေးက ခင်ဗျားတို့ ကျွန်တော့်ဆီက ကြားထားတဲ့ဟာတွေကို ယူပြီး
-
17:02 - 17:04ကမ္ဘာကြီးကို ပြောင်းလဲဖို့ တခုခုလုပ်ဖြစ်အောင် လှုံ့ဆော်အားပေးမယ်လို့ မျှော်လင့်ရတာပါပဲ
-
17:04 - 17:07[ကလေး....."ဒီတော့ မင်း တစ်ခုခု လုပ်နိုင်တယ်လို့ ထင်မိတယ်ပေါ့"]
-
17:07 - 17:09[မင်း အဲဒီလို ဆက်ပြီး တွေးလို့ရပါတယ်]
-
17:09 - 17:11[ဘာဖြစ်လို့လဲဆိုတော့ ငါတို့ မဖြစ်နိုင်ဘူးလို့ ထင်တာ တော်တော်များများက]
-
17:11 - 17:14[ကျော်လွှားသွားရတာ လွယ်ကူနေလို့ပါ]
-
17:14 - 17:17[မင်း သတိမမူမိမှာ စိုးလို့ ပြောလိုက်မယ်၊ ငါတို့တွေက]
-
17:17 - 17:20[လူတစ်ဦးချင်းဟာ မတူညီတာတစ်ခုကို ပြုလုပ်ခွင့်ရတဲ့ နေရာမှာ ငါတို့တွေ နေနေကြတာပါ]
-
17:20 - 17:21[အထောက်အထား လိုချင်တယ်ပေါ့]
-
17:21 - 17:22[ငါတို့ နိုင်ငံကို ထူထောင်ခဲ့တဲ့ လူတွေကိုပဲ ကြည့်ပါ]
-
17:22 - 17:25[ငါတို့မိဘတွေ၊ ဘိုးဘွားတွေ၊ ငါတို့အဒေါ်တွေ၊ ဦးလေးတွေ...]
-
17:25 - 17:28[သူတို့ဟာ သူတို့အမှတ်အသားကို လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတဲ့ နိုင်ငံရွှေ့ပြောင်းလာတဲ့ အသစ်ရောက်လာကြတဲ့သူတွေပါ]
-
17:28 - 17:31[သူတို့လာတုန်းက နည်းနည်းပဲ ပါခဲ့ကြမှာပါ]
-
17:31 - 17:34[ဒါမှမဟုတ် သူတို့တွေ တစ်ခုကလွဲရင် ဘာမှမပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ]
-
17:34 - 17:37[အဲဒါတစ်ခုကတော့ ထက်မြက်တဲ့ အကြံဉာဏ်လေးတစ်ခုပါ]
-
17:37 - 17:40[ဒီလူတွေက တွေးခေါ်စဉ်းစားသူတွေ၊ လက်တွေ့လုပ်ကိုင်သူတွေပါ...]
-
17:40 - 17:42[...တီထွင်ဖန်တီးသူတွေပါ..]
-
17:42 - 17:45[...သူတို့တွေ နာမည်တစ်ခု ရမလာသေးတဲ့အထိပေါ့...]
-
17:46 - 17:49[...စီးပွားစွမ်းဆောင်ရှင်တွေ...ဆိုတဲ့နာမည်လေးပေါ့]
-
17:49 - 17:52[ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ ငါတို့ရဲ့ တွေးခေါ်ပုံကို သူတို့က ပြောင်းလဲပေးခဲ့ကြတယ် ]
-
17:52 - 17:54[ဘဝဟာ ဘယ်လောက်အထိ ပိုပြီးကောင်းမွန်အောင်နေလို့ရလဲဆိုတဲ့ ကြည်လင်တဲ့ ရှေ့ရေးအမြင် သူတို့မှာ ရှိကြတယ်]
-
17:54 - 17:57[ငါတို့အားလုံးအတွက်၊ ခက်ခဲကြမ်းတမ်းတဲ့ အခါကာလမျိုးတွေမှာတောင်ပေါ့]
-
17:57 - 17:59[အခုတော့ မြင်နိုင်ဖို့ ခဲယဉ်းနေတယ်...]
-
17:59 - 18:01[...ငါတို့ရဲ့မြင်ကွင်းက အတားအဆီးတွေက ရှုပ်ပွပြည့်ကြပ်နေတယ်]
-
18:01 - 18:04[ဒါပေမယ့် လှိုင်းလေထန်ခြင်းက]
-
18:04 - 18:07[အောင်မြင်မှုအတွက်၊ ဖြစ်မြောက်မှုအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးတတ်ပြီး ငါတို့ကို တွန်းပို့ပေးတယ်]
-
18:07 - 18:10[ကိစ္စတွေကို ဆောင်ရွက်တဲ့ နည်းလမ်းအသစ်တွေကို ရှာဖွေတွေ့ရှိဖို့ပေါ့]
-
18:10 - 18:13[ဒီတော့ ဘာလို အခွင့်အလမ်းတွေနောက်ကို မင်းလိုက်မလဲ၊ ဘာကြောင့်လဲ]
-
18:13 - 18:16[မင်းသာ စီးပွားစွမ်းဆောင်ရှင် တစ်ယောက်ဆိုရင်]
-
18:16 - 18:19[ဆုံုးရှုံးမှု အန္တရာယ်ဆိုတာ ဆုလဒ်မဟုတ်မှန်း မင်းသိပါတယ်]
-
18:19 - 18:21[မဟုတ်ပါဘူး၊ ဆုုလဒ်တွေဆိုတာ တီထွင်ဖန်တီးမှုကို မောင်းနှင်ပေးခြင်းပါ...]
-
18:21 - 18:24[...လူတွေရဲ့ ဘဝတွေကို ပြောင်းလဲပေးခြင်းပါ၊ အလုပ်အကိုင်တွေကို ဖန်တီးပေးခြင်းပါ]
-
18:24 - 18:26[တိုးတက်မှုကို အားပေးခြင်းပါ]
-
18:26 - 18:29[ပြီးတော့ ပိုကောင်းမွန်တဲ့ လောကတစ်ခု ဖန်တီးပေးခြင်းပါ]
-
18:29 - 18:31[စီးပွားစွမ်းဆောင်ရှင်တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်]
-
18:31 - 18:33[သူတို့တွေက ငါတို့နိုင်ငံ စီးပွားရေးကို ထောက်ပံ့ပေးဖို့ စီးပွားရေးအသေးစားတွေ လုပ်ကြတယ်]
-
18:33 - 18:35[ပစ္စည်းတွေကို ပုံထုတ်ပေးတယ်၊ မင်းတို့ကို]
-
18:35 - 18:37[ကမ္ဘာတလွှားက သူငယ်ချင်းတွေ၊ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲ ဆက်သွယ်နိုင်အောင် ကူညီပေးဖို့ပေါ့]
-
18:37 - 18:40[လူ့အသိုင်းအဝိုင်းရဲ့ အကြာမြင့်ဆုံး ပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးဖို့ သူတို့တွေက နည်းလမ်းသစ်တွေ ရှာဖွေပေးနေတယ်]
-
18:40 - 18:42[မင်း စီးပွားစွမ်းဆောင်ရှင်တစ်ယောက်ယောက်ကိုများ သိကျွမ်းသလား]
-
18:42 - 18:43[စီးပွားစွမ်းဆောင်ရှင်ဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်...]
-
18:43 - 18:45[မင်းလည်းပဲ ဖြစ်နိုင်တယ်]
-
18:45 - 18:48[ဒါကြောင့် မင်းအမြဲတမ်းအလိုရှိနေတဲ့ အလုပ်မျိုးကို ဖန်တီးဖို့ အခွင့်အလမ်းတွေကို အရယူဖမ်းဆုပ်ပါ]
-
18:48 - 18:50[စီးပွားရေးကို ကုစားဖို့ ၀ိုင်းကူပါ]
-
18:50 - 18:51[ထူးခြားကွဲပြားတာတွေ လုပ်ကြပါ]
-
18:51 - 18:53[မင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မြင့်မားတဲ့ အဆင့်အတန်းအသစ်ဆီကို ဆွဲတင်ကြပါ]
-
18:53 - 18:55[ဒါပေမယ့် အရေးအကြီးဆုံးကတော့]
-
18:55 - 18:58[သတိရစမ်းပါ၊ မင်း ကလေးဘဝတုန်းက...]
-
18:58 - 19:01[အရာအားလုံးက မင်းလက်လှမ်းမီတဲ့နေရာမှာ ရှိနေတုန်းက]
-
19:01 - 19:05[မင်းကိုယ်မင်း တိုးတိုးလေး ပြောခဲ့ဖူးတယ်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့]
-
19:07 - 19:09["အဲဒါဟာ အခုထိလဲ မှန်ကန်တုန်းပါပဲ၊ မင်းတစ်ခုခုကို လုပ်နိုင်တယ်" ဆိုတာလေ]
-
19:11 - 19:13[ကျွန်တော့်ကို ဒီမှာ ဟောပြောခွင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်]
- Title:
- ကင်မရွန်းဟီးရိုးလ်ဒ် း ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးကြပါစို့။
- Speaker:
- Cameron Herold
- Description:
-
ကျောင်းတက်ရသည်ကို ငြီးငွေ့သော၊ အတန်းပျက်သော၊ အရွယ်တူများနှင့် မတည့်သော ကလေးသည် စွမ်းဆောင်ရှင်တစ်ဦး ဖြစ်နိုင်သည်ဟု အဒ်မန်တန်မြို့ TED ဟောပြောပွဲတွင် ကင်မရွန်းဟီးရိုးလ်ဒ် က ပြောလိုက်ပါတယ်။ စွမ်းဆောင်ရှင်အလောင်းအလျာများကို ကလေးအဖြစ်နှင့်ရော လူကြီးအဖြစ်နှင့်ပါ အောင်မြင်လာအောင် မိဘအုပ်ထိန်းမှုနှင့် ပညာသင်ကြားပေးခြင်းတို့က အကူအညီပေးကြောင်း ထောက်ခံပြောဆိုထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 19:15
TED edited Burmese subtitles for Let's raise kids to be entrepreneurs | ||
TED edited Burmese subtitles for Let's raise kids to be entrepreneurs | ||
TED edited Burmese subtitles for Let's raise kids to be entrepreneurs | ||
TED edited Burmese subtitles for Let's raise kids to be entrepreneurs | ||
Maung Maung added a translation |