Return to Video
ကင်မရွန်းဟီးရိုးလ်ဒ် း ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးကြပါစို့။
  • 0:01 - 0:04
    အခန်းထဲမှာ ကျွန်တော်ဟာ အတုံးဆုံးလူဆိုတာ ကျွန်တော် အလောင်းအစား လုပ်လိုပါတယ်
  • 0:04 - 0:06
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကျောင်းမပြီးခဲ့လို့ပါ၊ ကျွန်တော်ကျောင်းကိစ္စနဲ့ တော်တော်ရုန်းကန်ခဲ့ရလို့ပါ
  • 0:06 - 0:08
    ဒါပေမယ့် ကျွန်တော် အစောပိုင်းအရွယ်မှာ သိလိုက်ရတာကတော့
  • 0:08 - 0:10
    ကျွန်တော်ဟာ ပိုက်ဆံကိုချစ်တယ်၊ စီးပွားရေးကို ချစ်တယ်ဆိုတာပါပဲ
  • 0:10 - 0:12
    ပြီးတော့ ဒီ စီးပွားရေးစွန့်စားစွမ်းဆောင်တဲ့ ကိစ္စကို ကျွန်တော် ချစ်တယ်
  • 0:12 - 0:14
    ကျွန်တော်ကို စီးပွားရေးစွမ်းဆောင်ရှင် တစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့ပါတယ်
  • 0:14 - 0:16
    ကျွန်တော် တစ်လျှောက်လုံး အမှန်တကယ် နှစ်သက်မြတ်နိုးနေခဲ့တဲ့ဟာ
  • 0:16 - 0:19
    အခုထိအောင် ဘယ်တုန်းကမှ မပြောခဲ့ဖူးသေးတဲ့ဟာ
  • 0:19 - 0:22
    အားလုံးက ဒါကို ပထမဆုံး ကြားဖူးခြင်းပါ၊ လွန်ခဲ့တဲ့ ၃-ရက်က ကျွန်တော့်မိန်းမကိုပြောပြခဲ့တာကလွဲရင်ပေါ့
  • 0:22 - 0:25
    သူကမေးတယ်၊ "ရှင်က ဘာအကြောင်းပြောမှာလဲ" တဲ့၊ ကျွန်တော်က သူ့ကိုပြောတယ်
  • 0:25 - 0:27
    ငါတို့ အခွင့်အလမ်းတစ်ခု လွတ်သွားတယ်လို့ ထင်တယ်ကွာ
  • 0:27 - 0:29
    ကလေးတွေကိုရှာဖို့ကွာ
  • 0:29 - 0:31
    စီးပွားရေးစွမ်းဆောင်တတ်တဲ့ စရိုက်လက္ခဏာရှိတဲ့ ကေးလတွေပေါ့
  • 0:31 - 0:33
    ပြီးရင် သူတို့ကို ပြုစုပျိုးထောင်ပေးမယ်၊ ဒါမှမဟုတ်
  • 0:33 - 0:35
    စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်ရတယ်ဆိုတာ တကယ်တော့ သိပ်ကောင်းတယ်ဆိုတာ ပြပေးဖို့ကွာ
  • 0:35 - 0:38
    ဒါ သားပုပ်လေလွင့် ပြောနေကြသလို
  • 0:38 - 0:41
    လူမှုအသိုင်းအ၀ိုင်း တော်တော်များများမှာ ဖြစ်နေကြသလိုမျိုး မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး
  • 0:41 - 0:44
    ကလေးတွေ အနေနဲ့ ကျွန်တော်တို့ ကြီးပြင်းလာတုန်းက အိပ်မက်တွေရှိကြတယ်
  • 0:44 - 0:46
    ကျွန်တော်တို့မှာ လုပ်ချင်နေတဲ့စိတ်နဲ့ အမြင်တွေလည်း ရှိကြတယ်
  • 0:46 - 0:48
    ဒါပေမယ့် ဒါတွေဟာ တနည်းနည်းနဲ့ ခြေမွခံလိုက်ရတယ်
  • 0:48 - 0:51
    စာပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုတယ်လို့ အပြောခံကြတယ်
  • 0:51 - 0:53
    ဒါမှမဟုတ် စာကို အာရုံပိုစိုက်ရင်စိုက် မစိုက်ရင် ဆရာခေါ်သင်ခံရမယ်ပေါ့
  • 0:53 - 0:55
    ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ပြင်သစ်ဘာသာအတွက် ဆရာခေါ်ပေးထားတယ်
  • 0:55 - 0:58
    ကျွန်တော်ကတော့ ပြင်သစ်စာမှာ ညံ့တုန်းပဲ
  • 0:58 - 1:00
    လွန်ခဲ့တဲ့ ၂-နှစ်က ကျွန်တော် (ဟောပြောပွဲတစ်ခုမှာ) လူကြိုက်အများဆုံး နည်းပြဖြစ်လိုက်သေးတယ်
  • 1:00 - 1:03
    မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်က စီးပွားစွမ်းဆောင်ရှင် ဘွဲ့လွန် သင်တန်းမှာနော်
  • 1:03 - 1:06
    အဲဒါက ကမ္ဘာတလွှားက စီးပွားစွမ်းဆောင်ရှင် အုပ်စုတွေရှေ့မှာ စကားပြောရတဲ့ပွဲတစ်ခု
  • 1:06 - 1:09
    ကျွန်တော် ၂-တန်း တုန်းက မြို့နယ်အဆင့် စကားပြောပြိုင်ပွဲမှာ နိုင်ဖူးတယ်
  • 1:09 - 1:11
    ဒါပေမယ့် ဘယ်သူမှ ဘာမှ မပြောခဲ့ကြဘူး
  • 1:11 - 1:13
    "ဟေ့...ဒီကလေးက စကားပြောကောင်းတယ်၊
  • 1:13 - 1:16
    သူ ချက်ကျလက်ကျ မပြောနိုင်ဘူး ၊ ဟိုဟိုဒီဒီလျှောက်ပြီး လူတွေကိုတော့ အားတက်စေတယ်
  • 1:16 - 1:18
    "သူ့ကို စကားပြော နည်းပြတစ်ယောက် ရှာပေးလိုက်" လို့ ဘယ်သူမှ မပြောခဲ့ကြဘူး
  • 1:18 - 1:20
    ညံ့နေတဲ့ ဘာသာအတွက် ဆရာရှာပေးလိုက် လို့ပဲ သူတို့ပြောခဲ့ကြတယ်
  • 1:20 - 1:22
    တကယ်တော့ ကလေးတွေဟာ အဲဒီလို စရိုက်လက္ခဏာတွေ ပြတတ်ကြပါတယ်
  • 1:22 - 1:24
    ကျွန်တော်တို့က အဲဒီလို ကလေးမျိုးတွေကို စပြီး ရှာဖွေသင့်နေပြီ
  • 1:24 - 1:26
    ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ ကလေးတွေကို
  • 1:26 - 1:28
    ရှေ့နေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမယ့်အစား စီးပွားရေးစွမ်းဆောင်ရှင်ဖြစ်လာအောင်ပဲ ပြုစုပျိုးထောင်ပေးသင့်တယ်
  • 1:28 - 1:30
    ကံမကောင်းချင်တော့ ကျောင်းပညာရးစနစ်က
  • 1:30 - 1:32
    ဒီကမ္ဘာကြီးကို အမှောင်ကျအုံ့ဆိုင်းအောင်လုပ်နေတယ်
  • 1:32 - 1:34
    ရှေ့နေလုပ်ကြရအောင်၊ ဆရာဝန်ကြီးလုပ်ကြရအောင် လို့ ပြောနေကြတာကိုး
  • 1:34 - 1:36
    အဲဒီမှာ ကျွန်တော်တို့ အခွင့်အလမ်းတစ်ခု လွတ်နေတာ
  • 1:36 - 1:39
    "ဟေ့...စီးပွားရေးစွမ်းဆောင်ရှင် လုပ်ကြကွ" လို့ ဘယ်သူမှ မပြောခဲ့ကြဘူး
  • 1:39 - 1:41
    စိးပွားရေးစွမ်းဆောင်ရှင်ဆိုတာလည်း လူတွေပါပဲ၊ ဘာလို့လဲဆိုတော့ ဒီအခန်းထဲမှာ အဲဒီလိုလူတွေအများကြီး ရှိနေလို့ပါ
  • 1:41 - 1:44
    သူတို့မှာ ဒီလိုအကြံဥာဏ်တွေ နဲ့ ဒီလိုလုပ်ချင်စိတ်တွေ ရှိနေကြတယ်၊ ဒါမှမဟုတ်ရင်လဲ သူတို့တွေ ကမ္ဘာမှာ ဒီလို လိုအပ်ချက်တွေ ရှိတယ်လို့မြင်ပြီး
  • 1:44 - 1:46
    မားမားမတ်မတ်ထရပ်ပြီး လုပ်ဖို့ ဆုံးဖြတ်ကြတယ်
  • 1:46 - 1:49
    ကျွန်တော်တို့တွေ အဲဒါမျိုးဖြစ်လာအောင် ရှိသမျှအိတ်သွန်ဖာမှောက် ထုတ်သုံးတယ်
  • 1:49 - 1:51
    ကျွန်တော်တို့မှာ အဲဒီလိုလူအုပ်စုတွေကို ကျွန်တော်တို့အနားမှာရှိအောင် လုပ်နိုင်စွမ်းရှိတယ်
  • 1:51 - 1:53
    သူတို့တွေက အဲဒီအိပ်မက်ကို ကျွန်တော်တို့နဲ့အတူ တည်ဆောက်ချင်ကြမယ့်လူတွေ
  • 1:53 - 1:55
    ကျွန်တော် ထင်တာက ကျွန်တော်တို့အဲ့လို ကလေးတွေကို
  • 1:55 - 1:58
    ငယ်တဲ့အရွယ်မှာကတည်းက စီးပွားစွမ်းဆောင်ရှင်ဖြစ်နိုင်မယ်ဆိုတဲ့ အကြံရှိအောင် လုပ်ထားနိုင်ခဲ့ရင်
  • 1:58 - 2:01
    ကမ္ဘာကြီးအတွက် ဒီကနေ့မှာ ပြဿနာဖြစ်နေတာမှန်သမျှကို ကျွန်တော်တို့ အကုန်ပြောင်းလဲနိုင်မှာ
  • 2:01 - 2:04
    အပြင်မှာ ရှိနေတဲ့ ပြဿနာတိုင်းအတွက် တစ်ယောက်ယောက်ဆီမှာတော့ ဖြေရှင်းနိုင်တဲ့ အကြံဥာဏ်ရှိနေတယ်
  • 2:04 - 2:06
    ကလေးငယ်တစ်ယောက်ဖြစ်နေလို့ ဒါမျိုးဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး
  • 2:06 - 2:08
    ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ
  • 2:08 - 2:10
    အဲဒါကို မဖြေရှင်းနိုင်ဘူးလို့ နားလည်ဖို့ တုံးလွန်းနေသေးတယ်
  • 2:10 - 2:13
    ကျွန်တော်တို့က မိဘတွေအနေနဲ့ရော လူမှုအသိုင်းအ၀ိုင်းတစ်ခုအနေနဲ့ပါ ၀တ္တရားရှိတယ်
  • 2:13 - 2:15
    ကျွန်တော်တို့ကလေးတွေကို ငါးမျှားနည်း စသင်ပေးဖို့ပါ
  • 2:15 - 2:17
    သူတို့ကို ငါးတွေ ပေးလိုက်ဖို့ထက်စာရင်ပေါ့
  • 2:17 - 2:19
    နိပါတ်ဟောင်းထဲမှာ "ခင်ဗျား လူတစ်ယောက်ကို ငါးတစ်ကောင်ပေးလိုက်ရင် သူ့ကို တစ်ရက်စာ ကျွေးလိုက်တာ၊
  • 2:19 - 2:22
    လူတစ်ယောက်ကို ငါးမျှားသင်ပေးလိုက်ရင်တော့ သူကို ဘ၀တစ်သက်စာ ကျွေးလိုက်တာပါပဲ" လို့ ဆိုထားတယ်လေ
  • 2:22 - 2:24
    တကယ်လို့ ကျွန်တော်တို့က ကလေးတွေကို စီးပွားရေးစွမ်းဆောာင်ရှင်တွေဖြစ်အောင် သင်ပေးလိုက်ရင်
  • 2:24 - 2:26
    အဲဒီလို စရိုက်လက္ခဏာပြတဲ့ကလေးတွေကိုပေါ့
  • 2:26 - 2:29
    သိပ္ပံဇရှိတဲ့ကလေးကို သိပ္ပံဘာသာယူဖို့ သင်ပေးသလိုပေါ့
  • 2:29 - 2:31
    စီးပွားစွမ်းဆောင်ရှင် စရိုက်လက္ခဏာရှိတဲ့သူတွေကို တွေ့လို့
  • 2:31 - 2:33
    သူတို့ကို စီးပွားစွမ်းဆောင်ရှင် ဖြစ်လာအောင် သင်ပေးလိုက်ရင် ဘာတွေဖြစ်လာမလဲ
  • 2:33 - 2:35
    ကျွန်တော်တို့ ဒီကလေးတွေအားလုံးကို စီးပွားတွေ ပျံ့ပွားအောင် လုပ်ခိုင်းနိုင်မှာ
  • 2:35 - 2:37
    အစိုးရက လက်လှမ်းလာမှာကို စောင့်နေတာထက်စာရင်ပေါ့
  • 2:37 - 2:40
    ကျွန်တော်တို့ လုပ်တာက ကလေးတွေကို သူတို့မလုပ်သင့်တာအားလုံးကိုပဲ ထိုင်ပြီးသင်နေတာ
  • 2:40 - 2:42
    မရိုက်နဲ့၊ မကိုက်နဲ့၊ မကျိန်နဲ့
  • 2:42 - 2:45
    အခုတော့ ကျွန်တော်တို့က ကလေးတွေကို အလုပ်အကိုင်ကောင်းတွေနောက်လိုက်ဖို့ပဲ သင်ပေးနေကြတာ
  • 2:45 - 2:47
    သိကြတဲ့အတိုင်း ကျောင်းစနစ်ကလည်း သူတို့ကို ဘာတွေနောက်ကို လိုက်ဖို့ သင်ပေးနေသလဲဆိုတော့
  • 2:47 - 2:49
    ဆရာဝန်ကြီးဖြစ်ဖို့တို့၊ ရှေ့နေဖြစ်ဖို့တို့
  • 2:49 - 2:51
    စာရင်းကိုင်ဖြစ်ဖို့တို့၊ သွားဆရာဝန်ဖြစ်ဖို့တို့
  • 2:51 - 2:53
    ကျောင်းဆရာဖြစ်ဖို့တို့၊ လေယာဉ်မှုးဖြစ်ဖို့တို့
  • 2:53 - 2:55
    သတင်းစာနယ်ဇင်းတွေကလည်းပြောကြတယ် ကျွန်တော်တို့တွေ အပြင်ထွက်ပြီး
  • 2:55 - 2:57
    မိုဒယ်လုပ်ရင် ဒါမှမဟုတ် အဆိုတော်လုပ်ရင်
  • 2:57 - 3:00
    ဒါမှမဟုတ် ဆစ်ဒနီခရော့စ်ဘီလို အားကစားသူရဲကောင်း လုပ်ရင် သိပ်ကောင်းတယ်ပေါ့
  • 3:00 - 3:03
    ကျွန်တော်တို့ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းတွေက ကျွန်တော်တို့ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေ ဖြစ်လာအောင် မသင်ပေးကြဘူး
  • 3:03 - 3:05
    စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကို ကျွန်တော်ရှောင်ခဲ့ရတဲ့ အကြောင်းရင်းကတော့
  • 3:05 - 3:07
    ကျွန်တော်ဘယ်သင်တန်းကိုမှ ၀င်လို့မရခဲ့တာလည်းတကြောင်း
  • 3:07 - 3:09
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မှာ အထက်တန်းကျောင်း ပျမ်းမျှရမှတ်က ၆၁-ရာခိုင်နှုန်းပဲရှိတယ်
  • 3:09 - 3:11
    အဲဒီ ပျမ်းမျှရမှတ်က ၆၁-ရာခိုင်နှုန်းက
  • 3:11 - 3:13
    ကျွန်တော့်ကို လက်ခံခဲ့တဲ့ တစ်ခုတည်းသောကျောင်းဖြစ်တဲ့ ကနေဒါက ကာလ်တန်ကျောင်းပါ
  • 3:13 - 3:16
    ဒါပေမယ့် ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုသင်တန်းကျောင်းက ကလေးတွေကို စီးပွားစွမ်းဆောင်ရှင်တွေဖြစ်အောင် မသင်ပေးပါဘူး
  • 3:16 - 3:18
    သူတို့က ကလေးတွေကို ကော်ပိုရေးရှင်းတွေမှာ အလုပ်သွားလုပ်ဖို့ပဲ သင်ပေးပါတယ်
  • 3:18 - 3:21
    ဒါကြောင့် ဒီလို ကုမ္ပဏီမျိုးတွေကို ဘယ်သူက စနိုင်ပါတော့မလဲ၊ ဒီလို ကြုံရာကျဘမ်း လူနည်းစုလောက်ပဲလား
  • 3:21 - 3:24
    အပျော်ဖတ်စာပေထဲမှာတောင် စာအုပ်တစ်အုပ်တည်းပဲ ကျွန်တော်တွေ့ဖူးသေးတယ်
  • 3:24 - 3:26
    ဒီစာအုပ်ဟာ ခင်ဗျားတို့အားလုံးရဲ့ ဖတ်ရန်စာအုပ်စာရင်းထဲမှာ ရှိနေသင့်တယ်
  • 3:26 - 3:28
    ကျွန်တော်တွေ့ခဲ့တဲ့ တစ်ခုတည်းသော စာအုပ်ကတော့
  • 3:28 - 3:30
    စီးပွားစွမ်းဆောင်ရှင်တွေကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတဲ့ "ကမ္ဘာစောင့်လူသန်ကြီး ပုခုံးရှုံ့ခြင်း" ဆိုတဲ့ စာအုပ်ပါပဲ
  • 3:30 - 3:32
    လောကမှာရှိသမျှလူအားလုံးက စီးပွားစွမ်းဆောင်ရှင်တွေကိုကြည့်ပြီး
  • 3:32 - 3:34
    ကျွန်တော်တို့ဟာ လူဆိုးတွေပါ ဆိုပြီး ပြောကြတယ်
  • 3:34 - 3:36
    ကျွန်တော့်မိသားစုကိုတောင် ကြည့်
  • 3:36 - 3:38
    ကျွန်တော့်အဘိုးနှစ်ယောက်လုံးက စီးပွားစွမ်းဆောင်ရှင်တွေ၊ ကျွန်တော့အဖေကလည်း စီးပွားစွမ်းဆောင်ရှင်
  • 3:38 - 3:41
    ကျွန်တော့်အစ်ကိုရယ်၊ အစ်မရယ်၊ ကျွန်တော်ရယ် သုံးယောက်လုံးလည်း ကုမ္ပဏီတွေ ပိုင်ကြတယ်
  • 3:41 - 3:43
    ကျွန်တော်တို့ ဒါတွေကို စလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း
  • 3:43 - 3:45
    ဒါဟာ ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်နေလို့ပါပဲ
  • 3:45 - 3:47
    ကျွန်တော်တို့တွေက သာမန်အလုပ်တွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ ကျွန်တော်တို့ တစ်ယောက်ယောက်အတွက် အလုပ်လုပ်မပေးနိုင်ဘူး
  • 3:47 - 3:50
    ကျွန်တော်တို့က အလွန့်ကိုခေါင်းမာပြီး ဒီလို စရိုက်လက္ခဏာတွေလည်း ရှိနေတာကိုး
  • 3:50 - 3:52
    ဒါပေမယ့် ကလေးတွေလည်း စီးပွားစွမ်းဆောင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်
  • 3:52 - 3:54
    ကျွန်တော်က တစ်ကမ္ဘာလုံးက အဖွဲ့အစည်း နှစ်ခုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါ
  • 3:54 - 3:56
    ကမ္ဘာက ခေါ်နေကြတဲ့ စီးပွားစွမ်းဆောင်ရှင်အသင်း နဲ့ လူငယ်ဥက္ကဌများအသင်း တွေပါ
  • 3:56 - 3:58
    ကျွန်တော် ဘာစီလိုးနားက ဟောပြောပွဲတစ်ခုက ပြန်လာကာစပဲ ရှိပါသေးတယ်
  • 3:58 - 4:01
    တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်ဥက္ကဌများအသင်း အစည်းအဝေးပါ
  • 4:01 - 4:03
    ကျွန်တော် ဟိုမှာ ဆုံသမျှလူအားလုံးက
  • 4:03 - 4:05
    စီးပွားစွမ်းဆောင်ရှင်တွေချည်းပဲ
  • 4:05 - 4:07
    သူတို့အားလုံး ကျောင်းပညာရေးအတွက် ရုန်းကန်ခဲ့ကြရတဲ့သူတွေချည်းပါပဲ
  • 4:07 - 4:10
    ကျွန်တော့်မှာ ပတ်ဝန်းကျင် အာရုံမထားနိုင်တဲ့ရောဂါ လက္ခဏာ ၁၉ မျိုးထဲက ၁၈ မျိုးရှိနေတယ်လို့ ရောဂါစစ်ချက်ရထားပါတယ်
  • 4:10 - 4:13
    ဒီနေရာက ဒါတွေက ကျွန်တော့်ကို စိတ်ချောက်ခြားအောင်လုပ်နေတယ်ဗျာ
  • 4:13 - 4:15
    (ရယ်မောသံများ)
  • 4:15 - 4:17
    အခု ကျွန်တော် နည်းနည်း အထိတ်တလန့်ဖြစ်နေရတာလည်း အဲဒါကြောင့်ပဲဖြစ်မယ်
  • 4:17 - 4:19
    ကျွန်တော်စားခဲ့တဲ့ ကဖင်းဓါတ်နဲ့ သကြားတွေအားလုံးကြောင့် ဖြစ်တာထက်စာရင်ပေါ့
  • 4:19 - 4:22
    ဒါပေမယ့် ဒါဟာ စီးပွားစွမ်ဆောင်ရှင်တစ်ယောက်အတွက်တော့ စိုးရိမ်စရာပါပဲ
  • 4:22 - 4:24
    ပတ်ဝန်းကျင် အာရုံမထားတဲ့ ရောဂါတို့၊ စိတ်အတက်အကျမြန်ရောဂါတို့
  • 4:24 - 4:27
    ခင်ဗျားတို့ သိကြလား၊ စိတ်အတက်အကျမြန်ရောဂါကို အမှုဆောင်အရာရှိချုပ် ရောဂါလို့ နာမည်ပြောင်ပေးထားတာ
  • 4:27 - 4:30
    တဒ်တန်နာ မှာ အဲဒီရောဂါ ရှိတယ်၊ စတိဗ်ဂျော့ဗ်စ်မှာ အဲဒီရောဂါ ရှိတယ်
  • 4:30 - 4:33
    နတ်စ်ကိပ်ကုမ္ပဏီ ကိုတည်ထောင်တဲ့သူ သုံးယောက်လုံးမှာလည်း ဒီရောဂါ ရှိတယ်
  • 4:33 - 4:35
    ကျွန်တော် ဆက်ပြောသွားလို့ ရပါသေးတယ်
  • 4:35 - 4:37
    ကလေးတွေမှာရောပဲ၊ ကလေးတွေမှာလည်း ဒီ ရောဂါလက္ခဏာတွေ တွေ့ရနိုင်တယ်
  • 4:37 - 4:39
    ကျွန်တော်တို့ လုပ်တာကတော့ ကလေးတွေကို ရစ်တာလင် စိတ်ငြိမ်ဆေး ပေးလိုက်တယ်၊ ပြီးတော့ ပြောသေးတယ်
  • 4:39 - 4:41
    "စီးပွားစွမ်းဆောင်ရှင် ပုံစံမျိုး မလုပ်စမ်းပါနဲ့
  • 4:41 - 4:43
    ဒီ တခြားစနစ်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်လုပ်၊ ကျောင်းသားဖြစ်လာအောင် ကြိုးစားစမ်းပါ" ပေါ့
  • 4:43 - 4:45
  • 4:45 - 4:47
    ကျွန်တော်တို့က လမ်းကြောင်းချတာမြန်တယ်၊ အလုပ်ကို ရှာဖွေဖြေရှင်းတယ်
  • 4:47 - 4:49
    ကျွန်တော် စာစီစာကုံးတွေ ခိုးတယ်၊ စာမွေးပွဲမှာ ခိုးချတယ်
  • 4:49 - 4:52
    ကျွန်တော် တက္ကသိုလ်မှာ စာရင်းအင်းဘာသာရပ် ကျောင်းစာတွေကို လုပ်ဖို့ ကလေးတွေကို ငှားတယ်
  • 4:52 - 4:54
    ကျောင်းစာ ၁၃-ခုလုံး ဆက်တိုက်ပဲ
  • 4:54 - 4:57
    ဒါပေမယ့် စီးပွားစွမ်းဆောင်ရှင်တစ်ယောက်အနေနဲ့ ခင်ဗျား စာရင်းအင်း မလုပ်ဘူး၊ စာရင်းကိုင်တွေပဲ ငှားတယ်
  • 4:57 - 4:59
    ဒါကို ကျွန်တော် အစောကြီးကတည်းက သိထားပြီးသား
  • 4:59 - 5:01
    (ရယ်မောသံများ)
  • 5:01 - 5:03
    (လက်ခုပ်သံများ)
  • 5:03 - 5:06
    အနည်းဆုံးတော့ တက္ကသိုလ်မှာ ကျွန်တော် လိမ်ညာခဲ့တာကို ၀န်ခံနိုင်ပါတယ်၊ ခင်ဗျားတို့အများစုကတော့ အဲဒီလို ၀န်ခံမှာ မဟုတ်ပါဘူး
  • 5:06 - 5:09
    ကျွန်တော့်နာမည်ကို ဖတ်စာအုပ်ထဲမှာ ကိုးကားထားကြတယ်၊ ဖတ်စာအုပ်ရေးတဲ့လူကို ကျွန်တော် ပြောခဲ့တာကိုး
  • 5:09 - 5:11
    အဲဒီ တက္ကသိုလ် ဖတ်စာအုပ်ထဲမှာပဲ ကျွန်တော်ကို ပြန်ထည့်ထားကြတယ်
  • 5:11 - 5:14
    ကနေဒီယန်း တက္ကသိုလ်တိုင်းနဲ့ ကောလိပ်တိုင်းက ဘာသာရပ်တွေမှာ ပါတယ်
  • 5:14 - 5:17
    စီမံခန့်ခွဲမှု စာရင်းအင်းပညာဆိုရင် ကျွန်တော်က အခန်း-၈ မှာပါတယ်
  • 5:17 - 5:19
    ငွေကြေးသုံးစွဲမှုအကြောင်းပြောထားတဲ့ အခန်း-၈ ကို ကျွန်တော် ဖွင့်ပေးတာ
  • 5:19 - 5:22
    ဖတ်စာအုပ်ရေးတဲ့သူကို အဲဒီ သင်ခန်းစာကို ကျွန်တော် ခိုးချခဲ့တဲ့ အကြောင်း သူတို့ ကျွန်တော့်ကို အင်တာဗျူးတုန်းက ပြောလိုက်သေးတယ်
  • 5:22 - 5:25
    သူက အဲဒါဟာ ရယ်စရာကောင်းလွန်းတယ် ထင်လို့ မဖြစ်မနေ ပါအောင်လုပ်ခဲ့တာ
  • 5:25 - 5:28
    ဒါပေမယ့် ကလေးတွေမှာ ဒီလို စရိုက်လက္ခဏာတွေ တွေ့ရနိုင်တယ်
  • 5:28 - 5:30
    စီးပွားစွမ်းဆောင်ရှင်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က "
  • 5:30 - 5:33
    "စီးပွားရေးလုပ်ငန်းတစ်ခုကို စုစည်းသူ၊ လည်ပတ်အောင်ဆောင်ရွက်သူ၊ အရှုံးကို ကြိုတင်တွက်ထားတဲ့လူ" တဲ့
  • 5:33 - 5:35
    ခင်ဗျားတို့ စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကို သွားတက်ရမယ်လို့လဲ မဆိုလိုဘူး
  • 5:35 - 5:37
    ကျောင်းပြီးရမယ်လို့လည်း မဆိုလိုဘူး
  • 5:37 - 5:40
    ခင်ဗျားတို့ အူထဲအသဲထဲမှာ အဲဒီဟာ တချို့ကို မှန်ကန်တဲ့ ခံစားမှုလေးရှိရမယ်လို့ပဲ ဆိုလိုတာပါ
  • 5:40 - 5:43
    အဲဒါတွေက တမင်မွေးမြူရမှာလား၊ သူ့အလိုလို ဖြစ်လာမှာလားဆိုတာတွေလည်း ကျွန်တော်တို့ ကြားကြမှာပါ
  • 5:43 - 5:45
    အဲဒါက ပထမဟာလား၊ ဒုတိယဟာလား၊ ဘာလဲ
  • 5:45 - 5:48
    အင်း ကျွန်တော်ကတော့ တစ်ခုမဟုတ်တစ်ခုလို့ မထင်ဘူး၊ ၂-ခုလုံးဖြစ်နိုင်တယ်လို့ ထင်တာပဲ
  • 5:48 - 5:50
    ကျွန်တော့်ကို စီးပွားစွမ်းဆောင်ရှင်တစ်ယောက် အသွင်အပြင်ပေါက်အောင် ပြင်ဆင်ပေးခဲ့ကြတယ်
  • 5:50 - 5:52
    ကျွန်တော် ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းနေတုန်းကဆိုတော့ ရွေးချယ်စရာ မရှိခဲ့ဘူးလေ
  • 5:52 - 5:54
    ကျွန်တော့်ကို အရမ်းငယ်သေးတဲ့ အရွယ်မှာကို သင်ပေးခဲ့ကြတာ
  • 5:54 - 5:56
    ကျွန်တော်အံဝင်ခွင်ကျ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော့်အဖေ နားလည်သွားတဲ့ အချိန်
  • 5:56 - 5:58
    ကျွန်တော့်ကို ကျောင်းမှာ သင်ပေးနေတဲ့ဟာ အားလုံးပေါ့
  • 5:58 - 6:01
    ငယ်ငယ်ကတည်းက စီးပွားရေးကို ရှာဖွေဖြေရှင်းတတ်အောင် သူသင်ပေးမယ် ဆိုပြိးတော့ပေါ့
  • 6:01 - 6:03
    သူ ကျွန်တော်တို့ ၃-ယောက်လုံးကို သေချာပုံသွင်းတယ်၊
  • 6:03 - 6:05
    အလုပ်တစ်ခု ရှိဖို့ဆိုတဲ့ အတွေးကို မုန်းတတ်အောင်နဲ့
  • 6:05 - 6:08
    ကျွန်တော်တို့က တခြားလူတွေကို ခန့်ထားလို့ရတဲ့ ကုမ္ပဏီတွေ ဖန်တီးရတာကို ချစ်မြတ်နိုးဖို့ပါ
  • 6:08 - 6:11
    ကျွန်တော့်ရဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းလေးက ၀င်နီပဂ်မြို့မှာ၊ ကျွန်တော် ၇-နှစ်သားပဲရှိသေးတယ်
  • 6:11 - 6:13
    ကျွန်တော်က ကြိုးရှည်ရှည် တယ်လီဖုန်း ကြီးနဲ့ အိပ်ခန်းထဲမှာ လှဲနေရင်း
  • 6:13 - 6:15
  • 6:15 - 6:17
    အဲဒီ အခြောက်လျှော်တဲ့လူတွေ
  • 6:17 - 6:19
    အင်္ကျီချိတ်တွေအတွက် ဘယ်လောက်များပေးကြမလဲ ဆိုတာ သိရဖို့အတွက်ပါ
  • 6:19 - 6:21
    အဲဒီမှာ ကျွန်တော့်အမေက အခန်းထဲဝင်လာပြီး ပြောတယ်
  • 6:21 - 6:24
    "အခြောက်လျှော်တဲ့လူတွေဆီရောင်းဖို့ အင်္ကျီချိတ်တွေကို မင်း ဘယ်ကသွားယူမှာတုန်း" တဲ့
  • 6:24 - 6:26
    ကျွန်တော်ကပြောလိုက်တယ် "မြေအောက်ထပ်မှာ သွားကြည့်ရအောင်လေ" လို့
  • 6:26 - 6:29
    ကျွန်တော်တို့ မြေအောက်ခန်းကို ဆင်းသွားတယ်၊ ကျွန်တော် ဒီဘီရိုကို ဖွင့်ပြလိုက်တယ်
  • 6:29 - 6:31
    အဲဒီမှာ ကျွန်တော်စုထားတဲ့ အင်္ကျီချိတ်တွေ ၁-ထောင်လောက်ရှိတယ်
  • 6:31 - 6:34
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကလေးတွေနဲ့ သွားကစားမယ်လို့ အမေ့ကို ပြောပြီး
  • 6:34 - 6:36
    ကျွန်တော်က အိမ်နီးနားချင်းအိမ်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ အင်္ကျီချိတ်တွေလိုက်ယူနေတာ
  • 6:36 - 6:38
    ပြီးရင် ပြန်ရောင်းဖို့ မြေအောက်ထပ်မှာ ထားတယ်
  • 6:38 - 6:40
    ပြီးခဲ့တဲ့ ၂-ပတ် ၃-ပတ်လောက်က အမေလုပ်တာ ကျွန်တော်မြင်ထားတာကိုး
  • 6:40 - 6:43
    ပိုက်ဆံရနိုင်တယ်ပေါ့၊ သူတို့က အင်္ကျီချိတ်တစ်ချိတ်ကို ၂-ပြား ပေးလေ့ပေးထရှိတယ်
  • 6:43 - 6:45
    အဲဒီတော့ ကျွန်တော်က အင်း...အင်္ကျီချိတ်တွေက မျိုးစုံရှိနေတာပဲပေါ့
  • 6:45 - 6:47
    အဲဒီလိုနဲ့ ကျွန်တော် သွားယူထားလိုက်တာ
  • 6:47 - 6:50
    ကျွန်တော်သိတယ်၊ အမေက ကျွန်တော့်ကို ချိတ်တွေ သွားယူစေချင်မှာ မဟုတ်ဘူး၊ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး ယူထားလိုက်တာ
  • 6:51 - 6:53
    အဲဒီမှာ တကယ်တော့ လူတွေနဲ့ ညှိနှိုင်းလို့ရတယ်ဆိုတာ ကျွန်တော် သိလာတယ်
  • 6:53 - 6:56
    လူတစ်ယောက်ဆို ကျွန်တော့်ကို တစ်ချိတ် ၃-ပြားနဲ့ပေးတာ၊ ကျွန်တော်က ၃-ပြားခွဲရအောင် တောင်းလိုက်တယ်
  • 6:56 - 6:58
    ကျွန်တော် ၇-နစ်သားမှာတောင် ဒါကို သိနေတယ်
  • 6:58 - 7:01
    ၁-ပြားရဲ့ အပိုင်းဂဏန်းလေးတွေကနေတောင် ကျွန်တော် ပိုက်ဆံ ရနိုင်တယ်ဆိုတာ
  • 7:01 - 7:03
    လူတွေကလည်း ဒါကိုပေးမှာပဲ၊ မြှောက်လိုက်ရင် သူတို့အတွက်လဲ အများကြီးဖြစ်သွားတာကိုး
  • 7:03 - 7:06
    ၇-နှစ်သားမှာကတည်းက ကျွန်တော်ဒါကို သိနေပြီ၊ ကျွန်တော် အင်္ကျီချိတ် ၁-ထောင်လုံးအတွက် ၃-ပြားခွဲဈေးနဲ့ ရခဲ့တယ်
  • 7:06 - 7:08
    နောက် ကျွန်တော် ကားလိုင်စင်ပြား အကာကို အိမ်ပေါက်စေ့လိုက်ရောင်းတယ်
  • 7:08 - 7:10
    ကျွန်တော့်အဖေက ကျွန်တော့်ကို တစ်ယောက်ယောက်ကို သွားရှာခိုင်းသေးတယ်
  • 7:10 - 7:12
    အဲဒါတွေကို လက်ကားဈေးနဲ့ ရောင်းပေးနိုင်မယ့်လူကိုပေါ့
  • 7:12 - 7:14
    ၉-နှစ်သားအရွယ်မှာ ကျွန်တော် ဆဒ်ဘာရီ မြို့ကိုပတ်ပြီး လျှေက်သွားတယ်
  • 7:14 - 7:17
    ကားလိုင်စင်ပြား အကာကို အိမ်ပေါက်စေ့လိုက်ရောင်းရင်းနဲ့ပေါ့
  • 7:17 - 7:20
    ကျွန်တော် ဖောက်သည်တစ်ယောက်ကိုတော့ ထင်ထင်ရှားရှားကြီး မှတ်မိသေတယ်
  • 7:20 - 7:22
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီဖောက်သည်တွေနဲ့ တခြားဟာတွေ ရောင်းတာလည်း ရှိနေတာကိုး
  • 7:22 - 7:24
    ကျွန်တော် သတင်းစာရောင်းခဲ့သေးတယ်
  • 7:24 - 7:26
    သူ ကျွန်တော့်ဆီက ဘယ်တော့မှ သတင်းစာ မ၀ယ်ဘူး
  • 7:26 - 7:29
    ဒါပေမယ့် သူ့ကို ကားလိုင်စင်ပြား အကာ ရအောင်ရောင်မယ်ဆိုပြီး ကြံထားတယ်
  • 7:29 - 7:30
    သူကတော့ "ငါတို့ မလိုပါဘူးကွာ" တဲ့၊ အဲဒီလိုမျိုး
  • 7:30 - 7:33
    ကျွန်တော်ကပြောတယ် "'ဒါပေမယ့် ဦးလေးမှာ ကား ၂-စီးတောင်ရှိနေတယ်လေ" လို့၊ ကျွန်တော်က ၉-နှစ်သားနော်..
  • 7:33 - 7:36
    ကျွန်တော်ကလည်း "'ဒါပေမယ့် ဦးလေးမှာ ကား ၂-စီးရှိပြီး တစ်စီးမှာမှ ကားလိုင်စင်ပြား အကာ မရှိဘူး" ပေါ့
  • 7:36 - 7:38
    သူကလည်းပြောတယ် "ငါ သိတယ်" တဲ့
  • 7:38 - 7:40
    ကျွန်တော်ကပြောတယ် "ဒီကားက လိုင်စင်ပြားဆို တွန့်ကြေ နေပြီ" လို့
  • 7:40 - 7:43
    သူကပြောတယ် "အေး၊ အဲဒါ ငါ့မိန်းမ ကား" တဲ့၊ ကျွန်တော်က ပြောတယ် "ကျွန်တော်တို့ တစ်ခုလောက် စမ်းကြည့်ရအောင်လား" ပေါ့
  • 7:43 - 7:45
    "ဦးလေးမိန်းမရဲ့ ရှေ့ ကားလိုင်စင်ပြားမှာ စမ်းလိုက်၊ အဲဒါ တာရှည်ခံသလားဆိုတာ ကြည့်ပေါ့" လို့
  • 7:45 - 7:48
    ကား ၂-စီးမှာ လိုင်စင်ပြား ၂-ခုစီရှိတာ ကျွန်တော်သိတယ်နော်
  • 7:48 - 7:50
    လေးခုစာလုံးအတွက် မရောင်းရရင်တောင် အနည်းဆုံး တစ်ခုတော့ ရောင်းရနိုင်တယ်
  • 7:50 - 7:52
    အဲဒါကို ကျွန်တော် ငယ်ငယ်ကတည်းက သိနေတယ်
  • 7:52 - 7:54
    ကျွန်တော် ကာတွန်းစာအုပ်တွေလည်း လက်လှည့်ရောင်းခဲ့တယ်
  • 7:54 - 7:56
    ကျွန်တော် ၁၀-နှစ်သားလောက်မှာ ကာတွန်းစာအုပ်တွေရောင်းတယ်
  • 7:56 - 7:58
    ဂျော်ဂျီယန် ပင်လယ်ကွေ့ပေါ်က ကျွန်တော်တို့ တစ်ထပ်တိုက်အိမ်လေးရဲ့အပြင်ဘက်မှာပေါ့
  • 7:58 - 8:00
    ကျွန်တော် ကမ်းခြေ အဆုံးထိ စက်ဘီးစီးသွားပြီး
  • 8:00 - 8:02
    ဆင်းရဲတဲ့ကလေးတွေဆီကနေ ကာတွန်းစာအုပ်တွေ အကုန်ဝယ်တယ်
  • 8:02 - 8:05
    ပြီးရင် ကျွန်တော် ကမ်းခြေတခြားတစ်ဘက်စွန်း ပြန်သွားပြီး ချမ်းသာတဲ့ကလေးတွေကို ကာတွန်းတွေ ရောင်းတယ်
  • 8:05 - 8:07
    အဲဒါကတော့ ကျွန်တော့်အတွက် သိသာပါတယ်၊ ဟုတ်တယ်မှတ်လား၊ ဈေးနည်းနည်းနဲ့ဝယ်ပြီး ဈေးမြင့်မြင့်နဲ့ ပြန်ရောင်းတာ
  • 8:07 - 8:09
    ပိုက်ဆံရှိတဲ့ဟိုဘက်မှာက ဒီ ၀ယ်လိုအားက ရှိနေတာကိုး
  • 8:09 - 8:12
    ဆင်းရဲတဲ့ ကလေးတွေကို ရောင်းဖို့မကြိုးစားနဲ့၊ သူတို့မှာ ပိုက်ဆံမရှိဘူး၊ ချမ်းသာတဲ့ လူတွေမှာ ပိုက်ဆံရှိတယ်၊ အဲဒီမှာ ပိုက်ဆံ နည်းနည်းလောက်သွားယူ။
  • 8:12 - 8:14
    ဒါက သိသာတယ်၊ ဟုတ်တယ်နော်
  • 8:14 - 8:16
    အဲဒါက စီးပွားပျက်ကပ် လိုပဲ၊ အဲဒီမှာ စီးပွားပျက်နေတယ်
  • 8:16 - 8:19
    ယူအက်စ် စီးပွားရေးမှာ ဒေါ်လာ ၁၃-ထရီလီယံ လောက် လည်ပတ်နေတုန်းပဲ
  • 8:19 - 8:22
    အဲဒါကို သွားယူကြပါ၊ အဲဒါကို ကျွန်တော် ငယ်ငယ်ကတည်းက သိနေတယ်
  • 8:22 - 8:24
    ကိုယ့်ရဲ့ ၀ယ်ရင်းနေရာကို မပြရဘူးဆိုတာလည်း ကျွန်တော် သိတယ်
  • 8:24 - 8:26
    ဘာဖြစ်လို့လဲဆိုတော့ အဲဒါကိုလုပ်နေရင်းနဲ့ ၄-ပတ်လောက် ကြာတော့မှ ကျွန်တော် အတွယ်ခံလိုက်ရတယ်
  • 8:26 - 8:29
    ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့ကလေးတွေက ကျွန်တော် ကာတွန်းစာအုပ်တွေ ဘယ်က ၀ယ်နေတာလဲဆိုတာ သိသွားကြလို့ပါ
  • 8:29 - 8:31
    အများကြီးပိုပေးနေရတယ်ဆိုတဲ့ အချက်ကို သူကမကြိုက်ဘူး
  • 8:31 - 8:33
    ကျွန်တော် ၁၀-နှစ်သားလောက်မှာ စာရွက်ဝယ်တဲ့ လမ်းကြောင်းတစ်ခုရဖို့ ဖိအားပေးခံရသေးတယ်
  • 8:33 - 8:35
    ကျွန်တော် စာရွက်ဝယ်တဲ့ လမ်းကြောင်းတစ်ခု မလိုချင်ခဲ့ပါဘူး
  • 8:35 - 8:37
    ဒါပေမယ့် ကျွန်တော် ၁၀-နှစ်သားမှာ အဖေက ပြောတယ် "ဒါဟာ မင်းရဲ့ နောက်စီးပွားရေး ဖြစ်မှာနော်" တဲ့
  • 8:37 - 8:39
    အဲဒါနဲ့ သူက ကျွန်တော့်ကို စီးပွားရေးတစ်ခု ရှာပေးရုံတင်မကဘူး ကျွန်တော်က တော့ ၂-ခု ရမှဖြစ်မှာ
  • 8:39 - 8:42
    သူက စာရွက် တစ်ဝက်လောက်ကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို ငှားစေချင်တယ်
  • 8:42 - 8:45
    အဲဒါကိုတော့ ကျွန်တော် လုပ်ပေးလိုက်တယ်၊ အဲဒီမှာ သိလိုက်ရတာက ဘောက်ဆူး အပိုငွေတွေ ရတာဟာ ပိုက်ဆံအများစုပဲ ဆိုတာကိုပေါ့
  • 8:45 - 8:47
    အဲဒါနဲ့ ကျွန်တော်က ဘောက်ဆူး အပိုငွေလည်းယူ၊ ပုံမှန်ပေးတဲ့ဟာလည်း ရပေါ့
  • 8:47 - 8:49
    ဒါနဲ့ ကျွန်တော် က စာရွက်တွေ အကုန်သွားစု
  • 8:49 - 8:51
    သူကတော့ စာရွက်တွေကို ပို့ပေးရုံပဲပေါ့
  • 8:51 - 8:53
    နောက်ပိုင်း ကျွန်တော် ပိုက်ဆံရှာနိုင် တယ်ဆိုတာ နားလည်သွားတာကိုး
  • 8:53 - 8:56
    ဒီနေရာမှာ ကျွန်တော်ကတော့ လုံးဝ သူများဝန်ထမ်းမလုပ်ဘူး ဆိုတာပဲ
  • 8:56 - 8:58
    (ရယ်မောသံများ)
  • 8:58 - 9:00
    ကျွန်တော့်အဖေက မော်တော်ကားနဲ့ စက်ပစ္စည်း ပြင်ဆိုင် ပိုင်တယ်
  • 9:00 - 9:02
    သူ့ဆီမှာ မော်တော်ကား အစိတ်အပိုင်းအဟောင်းတွေ ဟိုဟိုဒီဒီ ပုံထားတာတွေ ရှိတယ်
  • 9:02 - 9:04
    အဲဒီပစ္စည်းတွေထဲမှာ ဒီ ကြေးဝါ ကြေးနီတွေရှိတယ်
  • 9:04 - 9:07
    အဲဒါနဲ့ ကျွန်တော်က အဲဒါတွေကို အဖေဘာလုပ်ပစ်လဲ မေးတော့ သူက လွှင့်ပစ်လိုက်တာပဲလို့ ပြောတယ်
  • 9:07 - 9:09
    ကျွန်တော်က ပြောတယ် "ဒါပေမယ့် တစ်ယောက်ယောက်များ အဲဒါတွေအတွက် အဖေ့ကို မပေးချင်ဘူးလား" ဆိုတော့ သူက ပြောတယ် "ပေးချင်ပေးမှာပေါ့" တဲ့
  • 9:09 - 9:11
    ကျွန်တော် ၁၀-နှစ်သား ဆိုတာ သတိရကြနော်..ဒါဆို လွန်ခဲ့တဲ့ ၃၄-နှစ်ကပေါ့
  • 9:11 - 9:13
    အဲဒီပစ္စည်းတွေထဲမှာ ကျွန်တော် အခွင့်အလမ်းကို မြင်တယ်
  • 9:13 - 9:15
    အမှိုက်ပုံထဲမှာ ပိုက်ဆံတွေ ရှိတယ်ဆိုတာ ကျွန်တော် မြင်တယ်
  • 9:15 - 9:18
    အဲဒါတွေကို အဲဒီရိယာမှာရှိသမျှ မော်တော်ကားဆိုင်တွေမှာ စက်ဘီးလေးနဲ့ လိုက်ဝယ်တော့တာ
  • 9:18 - 9:20
    ကျွန်တော့်အဖေကတော့ စနေနေ့တွေမှာ
  • 9:20 - 9:22
    ကျွန်တော် ပိုက်ဆံရနေတဲ့ သတ္တုစတွေ ပြန်သန့်စင်တဲ့သူဆီ ကားမောင်းပြီး လိုက်ပို့ပေးတယ်
  • 9:22 - 9:24
    ဒီလို အဖေလိုက်ပို့ ပေးတာက သိပ်ကောင်းတာပေါ့
  • 9:24 - 9:27
    ထူးဆန်းတာကတော့ နှစ်-၃၀ အကြာမှာ ကျွန်တော်တို့ဟာ ၁-၈၀၀-တိုလီမုတ်စ ရှင်းလင်းရေး ကုမ္ပဏီကို တည်ထောင်ဖြစ်လာတယ်
  • 9:27 - 9:29
    အဲဒီကနေလည်း ပိုက်ဆံတွေ ရနေတယ်
  • 9:29 - 9:32
    ဒီ အပ်ထိုးဖော့တုံးတွေကို ကျွန်တော် ၁၁ နှစ်သားအရွယ် ကင်းထောက်လူငယ်အဖွဲ့မှာတုန်းက လုပ်ခဲ့တာ
  • 9:32 - 9:34
    ဒီ အပ်ထိုးဖော့တုံးတွေကို ကျွန်တော်တို့ အမေတွေအတွက် အမေများနေ့အမှတ်တရ လုပ်ပေးခဲ့တာ
  • 9:34 - 9:37
    အပ်ထိုးဖော့တုံးတွေကို အ၀တ်ညှပ်တဲ့ သစ်သား ကလစ်ကလေးတွေကနေ လုပ်ထားတာ
  • 9:37 - 9:39
    အိမ်ပြင်က အ၀တ်တန်းမှာ အ၀တ်တွေကို လှမ်းရင် သုံးတာလေ
  • 9:39 - 9:41
    အဲဒါတွေနဲ့ ဒီကုလားထိုင်လေးတွေကို လုပ်ထားတာ
  • 9:41 - 9:43
    ကျွန်တော့်ဆီမှာ ကျွန်တော်ချုပ်ထားတဲ့ ခေါင်းအုံးသေးသေးလေးတွေရှိတယ်
  • 9:43 - 9:45
    အဲဒီမှာ ပင်အပ်ကလေးတွေကို ထိုးထားလို့ရတယ်
  • 9:45 - 9:48
    ဘာဖြစ်လို့လဲဆိုတော့ လူတွေက အ၀တ်ချုပ်လေ့ရှိတော့ အပ်ထိုးဖော့တုံးတွေ လိုကြတယ်
  • 9:48 - 9:51
    ဒါပေမယ့် ကျွန်တော်နားလည်ထားတာက ကျွန်တော်တို့မှာ ရွေးချယ်စရာ ရှိရမယ်ပေါ့
  • 9:51 - 9:53
    ဒါကြေင့် ကျွန်တော်က အားလုံးကို အပြုံလိုက် အညိုရောင် မှုတ်ဆေးနဲ့ မှုတ်လိုက်တယ်
  • 9:53 - 9:55
    ပြီးတော့ ကျွန်တော် အိမ်တွေမှာ သွားရောင်းရင် "တစ်ခုလောက်များ ၀ယ်ချင်ပါသလား" လို့ မမေးပါဘူး
  • 9:55 - 9:57
    "ဘယ်အရောင်များ ကြိုက်ပါသလဲခင်ဗျာ" တဲ့
  • 9:57 - 9:59
    ကျွန်တော်က ၁၀-နှစ်သားဆိုပေးမယ့် ခင်ဗျားတို့ကတော့ မ၀ယ်ဘူးလို့ ကျွန်တော့်ကို ပြောမှာမဟုတ်ဘူး
  • 9:59 - 10:02
    အထူးသဖြင့် ရွေးစရာ နှစ်ခုလောက်ရှိရင်ပေါ့၊ အညိုရောင်လေးလား ဒါမှမဟုတ် ဆေးမှုတ်မထားတဲ့ အကြည်လေးလား
  • 10:02 - 10:04
    အဲဒီသင်ခန်းစာကို ကျွန်တော် ငယ်တဲ့အရွယ်ကတည်းက သိနေပြီ
  • 10:04 - 10:07
    ပြီးတော့ လူအားသုံးလုပ်ရတဲ့အလုပ်ဟာ မစွံမှန်း ကျွန်တော်သိတယ်
  • 10:09 - 10:11
    ဟုတ်တယ်နော်၊ မြက်ရိတ်တာလိုဟာမျိုးက ကြမ်းတမ်းပါတယ်
  • 10:11 - 10:14
    ဒါပေမယ့် ကျွန်တော်ကတော့ တနွေလုံး အိမ်နီးနားချင်းအားလုံးအတွက် မြက်ရိတ်ခဲ့ရတယ်၊ အဲဒီအတွက်လည်း ပိုက်ဆံရပါတယ်
  • 10:14 - 10:16
    နောက်တစ်ခု ကျွန်တော်နားလည်တာက
  • 10:16 - 10:19
    ဖောက်သည် တစ်ယောက်တည်းဆီကနေ ၀င်ငွေထပ်ရတာဟာ အံ့သြစရာဆိုတာပါပဲ
  • 10:19 - 10:21
    ဆိုလိုတာက ဒီဖောက်သည်အိမ်မှာ တစ်ခါ အလုပ်ရလိုက်တယ်ဆိုရင်
  • 10:21 - 10:23
    ကျွန်တော်ကတော့ အဲဒီလူဆီကနေ အပတ်စဉ် ပိုက်ဆံရနေတာပဲပေါ့
  • 10:23 - 10:25
    ဒီနည်းလမ်းက ပိုကောင်းတယ်နော်
  • 10:25 - 10:27
    လူတစ်ယောက်ချင်းစီကို ပင်အပ်တစ်ချောင်းချင်းစီ ရောင်းနေတာထက်စာရင်
  • 10:27 - 10:29
    ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ထပ်ရောင်းလို့ မရတော့ဘူးလေ
  • 10:29 - 10:32
    အဲဒီ ၀င်ငွေထပ်ရတဲ့ ပုံစံကို ကျွန်တော် ကြိုက်သွားတယ်၊ ဒါကြောင့် ငယ်ငယ်ကတည်းက အဲဒါကို စပြီး လေ့လာခဲ့တယ်
  • 10:32 - 10:35
    ကျွန်တော်ကို ဒါမျိုးလုပ်ဖို့ ပျုစုပျိုးထောင်ပေးထားတယ်ဆိုတာလဲ အမှတ်ရကြပါ၊ ကျွန်တော်ကို သူများအလုပ် လုပ်ဖို့ ခွင့်မပြုထားဘူး
  • 10:35 - 10:38
    ကျွန်တော် ဂေါက်အိတ်လည်းထမ်းတယ်၊ ဂေါက်ကွင်းသွားပြီး လူတွေအတွက် ဂေါက်အိတ်ထမ်းပေးတယ်
  • 10:38 - 10:40
    ကျွန်တော်တို့ ဂေါက်ကွင်းမှာ တောင်ကုန်းတစ်ခုရှိတယ်ဗျာ
  • 10:40 - 10:42
    တွင်းနံပါတ်-၁၃ က အဲဒီတောင်ကြီးမှာ ရှိနေတာ
  • 10:42 - 10:44
    လူတွေက သူတို့အိတ်တွေကို အဲဒီတောင်ပေါ် မသယ်နိုင်ကြဘူး
  • 10:44 - 10:46
    အဲဒီမှာ ကျွန်တော်က မြက်ရိတ်စက်ကားနဲ့ စောင့်တယ်
  • 10:46 - 10:49
    ဂေါက်အိတ်ထမ်းပေးမယ့်လူမရှိတဲ့ သူတွေအားလုံးကို ကျွန်တော်က တင်ခေါ်သွားတယ်
  • 10:49 - 10:52
    သူတို့ ဂေါက်အိတ်ကို တောင်ထိပ်ရောက်အောင် သယ်ပေးတယ်၊ သူတို့က ကျွန်တော့်ကို ၁ ဒေါ်လာပေးတယ်
  • 10:52 - 10:54
    တစ်ချိန်တည်းမှာပဲ ကျွန်တော့်သူငယ်ချင်းတွေက ၅-နာရီလုံးလုံး အလုပ်လုပ်ရတယ်
  • 10:54 - 10:56
    တစ်ယောက်ယောက်ရဲ့အိတ်ကို ဟိုဟိုဒီဒီ လိုက်သယ်ပေးပြီင်္းမှ ၁၀ ဒေါ်လာလောက်ရတာ
  • 10:56 - 10:59
    ကျွန်တော်က "၅-နာရီလုံးလုံး အလုပ်လုပ်ပေးရတယ်ဆိုတာ ညံ့တယ်" ပေါ့
  • 10:59 - 11:02
    "'ဒါ လုံးဝ အဓိပ္ပါယ်မရှိဘူး" ပေါ့၊ ပိုက်ဆံများများ မြန်မြန်ရဖို့ နည်းလမ်းတစ်ခုတော့ စဉ်းစားရမယ်ပေါ့
  • 11:02 - 11:05
    အပတ်တိုင်း ကျွန်တော် လမ်းထိပ်က စတိုးဆိုင်သွားပြီး အချိုရည်ပုလင်းတွေ အကုန်ဝယ်တယ်
  • 11:05 - 11:08
    ပြီးရင် ဘရစ်ဂ်ျဖဲ ကစားနေတဲ့ အသက်-၇၀ အဖွားကြီးတွေအတွက် တောင်ပေါ်တက်ပြီး ပို့ပေးတယ်
  • 11:08 - 11:10
    သူတို့က နောက်အပတ်အတွက် ကျွန်တော့်ကို ထပ်ပြီးမှာကြတယ်
  • 11:10 - 11:12
    ကျွန်တော်က အချိုရည်ပုလင်းလေး ပို့ပေးရုံနဲ့ နှစ်ဆတောင်းတာနော်
  • 11:12 - 11:15
    ကျွန်တော်မှာ ဒီလို အပိုင်ရထားတဲ့ ဈေးကွက်လေးတွေ ရှိတယ်. စာချုပ်တွေဘာတွေ မလိုဘူး
  • 11:15 - 11:17
    ရောင်းလိုအား ၀ယ်လိုအား ရှိဖို့ပဲလိုတယ်
  • 11:17 - 11:19
    ခင်ဗျားတို့ပစ္စည်းကို ၀ယ်မယ့် ဒီပရိတ်သတ် ရှိဖို့ပဲလိုတယ်
  • 11:19 - 11:21
    ဒီအဖွားကြီးတွေက ဘယ်သူ့ဆီကမှ ၀ယ်မှာ မဟုတ်တော့ဘူး
  • 11:21 - 11:23
    သူတို့က ကျွန်တော့်ကို ကြိုက်တယ်၊ ဒါကို ကျွန်တော်က တွက်မိတယ်
  • 11:23 - 11:26
    ကျွန်တော် ဂေါက်ကွင်းတွေ သွားရင် ဂေါက်သီးတွေ ရတယ်
  • 11:26 - 11:28
    ဒါပေမယ့် လူတိုင်းက ခြုံပုတ်တွေထဲမှာ ရှာကြတယ်
  • 11:28 - 11:30
    ဂေါက်သီးတွေကို မြောင်းတွေထဲမှာ ရှာကြတယ်
  • 11:30 - 11:32
    ကျွန်တော်ကျတော့ လှည့်တွေးတယ်၊ ဂေါက်သီး အားလုံးက ရေကန်ထဲမှာပေါ့
  • 11:32 - 11:34
    ဘယ်သူမှ ရေကန်ထဲမဆင်းဘူးလေ
  • 11:34 - 11:37
    ကျွန်တော်က ရေကန်ထဲဆင်းတယ်၊ တွားသွားပြီးလျှောက်စမ်းတယ်၊ ပြီးရင် ကျွန်တော့် ခြေချောင်းလေးတွေနဲ့ ကောက်တယ်
  • 11:37 - 11:39
    ခြေဖ၀ါးနှစ်ဖက်လုံးနဲ့ ဂေါက်သီးတွေကောက်ရတာ
  • 11:39 - 11:41
    ဒါကို ဒီ စင်ပေါ်မှာ လုပ်ပြလို့မရဘူး
  • 11:41 - 11:43
    ဂေါက်သီးတွေ ရလာရင် ရေချိုးဝတ်စုံ ကိုယ်ပိုင်းထဲကို ပစ်ထဲ့ထားလိုက်
  • 11:43 - 11:46
    ရှာလို့ပြီးသွားတဲ့အချိန်ကျရင် ဂေါက်သိး ၂၀၀ နီးပါးလောက် ရနေပြီ
  • 11:46 - 11:49
    ဒါပေမယ့် ပြဿနာက လူတွေက ဂေါက်သီးအဟောင်းတွေ မလိုချင်ကြဘူး
  • 11:49 - 11:51
    ဒါနဲ့ ကျွန်တော်က အထုပ်တွေ ထုပ်တယ်၊ ကျွန်တော ၁၂-နှစ်လောက်ရှိပြီ၊ ဟုတ်တယ်
  • 11:51 - 11:53
    ဂေါက်သီးတွေကို နည်းလမ်း ၃-မျိုးနဲ့ အထုပ်ထုပ်တယ်
  • 11:53 - 11:55
    ကျွန်တော့်မှာ အဲဒီတုန်းက ပင်နက်ကယ်လ်စ် တို့ ဒီဒီအိတ်ခ်ျ တို့၊ တကယ့် ဂေါက်သီးအကောင်းစားတွေ ရှိတယ်
  • 11:55 - 11:57
    အဲဒါတွေကို တစ်လုံး ၂-ဒေါ်လာနဲ့ ရောင်းတယ်
  • 11:57 - 12:00
    ပြီးရင် ကျွန်တော့်မှာ သိပ်ပုံမပျက်တဲ့ ဂေါက်သီးကောင်းကောင်းတွေရှိတယ်၊ အဲဒါတွေကိုတော့ တစ်လုံး ၅-မူးနဲ့ရောင်းတယ်
  • 12:00 - 12:03
    ချာတူးလံ ဂေါက်သီးအာလုံးကိုတော့ တစ်ကြိမ် ငါးမူးနဲ့ ရောင်းတယ်
  • 12:03 - 12:05
    သူတို့က အဲဒီဂေါက်သီးတွေကို လေ့ကျင့်ဂေါက်သီးအနေနဲ့ သုံးလို့ရတယ်
  • 12:05 - 12:07
    ပြီးတော့ ကျွန်တော် ကျောင်းနေတုန်းက နေကာမျက်မှန်ရောင်းတယ်
  • 12:07 - 12:09
    အထက်တန်းကျောင်းက ကလေးအားလုံးကို ရောင်းတာ်
  • 12:09 - 12:12
    အဲဒါက လူတိုင်း ခင်ဗျားကို မုန်းတဲ့ဟာကို တကယ်ရတာမျိုး
  • 12:12 - 12:15
    ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက တစ်ချိန်လုံး ကိုယ့်သူငယ်ချင်းတွေဆီကနေ ပိုက်ဆံတွေ ဆွဲထုတ်ဖို့ ကြိုးစားနေတာကိုး
  • 12:15 - 12:17
    ဒါပေမယ့် အဲဒါက ငွေတောင်းခံလွှာတွေကို ပိုက်ဆံရှင်းပေးနေတာ
  • 12:17 - 12:19
    ကျွန်တော် နေကာမျက်မှန်တွေ အများကြီးပဲ ရောင်းခဲ့တယ်
  • 12:19 - 12:21
    နောက်တော့ ကျောင်းက ကျွန်တော့်ကို ပိတ်လိုက်တယ်
  • 12:21 - 12:23
    ကျောင်းက ကျွန်တော့်ကို ရုံးခန်းထဲ တကယ်ခေါ်ပြီး ကျွန်တော် ဒါမျိုး လုပ်လို့မရဘူးဆိုပြီး ပြောတာ
  • 12:23 - 12:25
    အဲဒါနဲ့ ကျွန်တော် ဓါတ်ငွေ့ဆိုင်တွေကိုသွားတယ်
  • 12:25 - 12:27
    နေကာမျက်မှန်တွေ အများကြီးကို ကျွန်တော် ဓါတ်ငွေ့ဆိုင်တွေကိုရောင်းလိုက်တယ်
  • 12:27 - 12:29
    ဓါတ်ငွေ့ဆိုင်တွေကမှ သူတို့ဖောက်သည်တွေကို မျက်မှန်တွေ ပြန်ရောင်းခိုင်းလိုက်တာ
  • 12:29 - 12:31
    တကယ်ကောင်းတယ်ဗျာ၊ နောက်တော့ ကျွန်တော့်မှာ လက်လီဆိုင်လေးတွေ ရှိလာတယ်
  • 12:31 - 12:33
    ကျွန်တော် ၁၄-နှစ် ရှိပြီထင်တယ်
  • 12:33 - 12:36
    ကျွန်တော် ကာလ်တန် တက္ကသိုလ် ပထမနှစ် တစ်လျှောက်လုံး ဒီလိုပဲ (ကုန်ကျစရိတ်တွေကို) ပေးသွားတာ
  • 12:36 - 12:38
  • 12:38 - 12:40
  • 12:40 - 12:42
    ကိုကာ ၂-ပုလင်း ဆန့်တယ်ဆိုတာ သိကြတယ်ထင်တယ်၊ အဲဒီတော့ ဘာလုပ်ရမှာလဲပေါ့၊ ဟုတ်ရဲ့လား
  • 12:42 - 12:44
    ဒါပေမယ့် ဘာလုပ်လို့ရလဲဆိုတော့ အဲဒီအိတ်ကို ဘောင်းဘီထဲကို ထိုးထည့်ပြီး
  • 12:44 - 12:47
    ဘောလုံးပွဲထဲ သွားကြည့်တဲ့အခါ ကောင်းကောင်းကြီး အလကား မူးလို့ရတယ်လေ
  • 12:47 - 12:49
    ဒါကြောင့် လူတိုင်းက ၀ယ်ကြတာ
  • 12:49 - 12:52
    ရောင်းလိုအား၊ ၀ယ်လိုအား၊ အခွင့်အလမ်း ကြီးကြီးနဲ့ပေါ့
  • 12:52 - 12:54
    ကျွန်တော်က အဲဒါကို နာမည်တွေဘာတွေပေးပြီး သာမန် ကုန်ကျစရိတ်ထက် ၅-ဆလောက် တင်ပြီးရောင်းခဲ့တာ
  • 12:54 - 12:56
    အိတ်ပေါ်မှာ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ တံဆိပ်ပါတယ်
  • 12:56 - 12:58
    ကျွန်တော်တို့တွေက ကလေးတွေကို ကစားနည်းတွေ သင်ပေးပြီး ကစားစရာတွေ ၀ယ်ပေးကြတယ်
  • 12:58 - 13:01
    ဒါပေမယ့် ကျွန်တော်တို့ ဘာဖြစ်လို့ သူတို့ကို ကစားစရာတွေ မလုပ်ခိုင်းတာလဲ၊ သူတို့သာ စီးပွားစွမ်းဆောင်ရှင် ကလေးတွေဆိုရင်
  • 13:01 - 13:04
    အဲဒီလို လုပ်ပေးတာ စီးပွားစွမ်းဆောင်ရှင်ဖြစ်ဖို့ လိုအပ်တဲ့ စရိုက်လက္ခဏာတွေကို ပြုစုပျိုးထောင်ပေးရာ မရောက်ဘူးလား
  • 13:04 - 13:07
    ဘာဖြစ်လို့ ခင်ဗျားတို့ ကလေးတွေကို ပိုက်ဆံ မဖြုန်းအောင် မသင်ပေးကြတာလဲ
  • 13:07 - 13:10
    ကျွန်တော် မှတ်မိသေးတယ်၊ အယ်လ်ဘာတာ က ဘန့်ဖ် လမ်းမအလယ်ကို ထွက်သွားဖို့ အပြောခံရသေးတယ်
  • 13:10 - 13:12
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လမ်းပေါ်ကို ပြားစေ့တစေ့လွှင့်ပစ်လိုက်လို့
  • 13:12 - 13:14
    အဲဒါ ကျွန်တော့်အဖေက ပြောရော "သွားပြန်ကောက်စမ်း" ပေါ့
  • 13:14 - 13:16
    သူကပြောတယ် "ငါ ပိုက်ဆံရဖို့ ပင်ပန်းဆင်းရဲကြီးကြီးနဲ့ အလုပ်လုပ်ရတာ၊ မင်းတို့ ပြားစေ့တစေ့ ဖြုန်းတာကိုတောင် ကြည့်နေမှာ မဟုတ်ဘူး" တဲ့
  • 13:16 - 13:18
    အဲဒီ သင်ခန်းစာ ကို ကျွန်တော် ဒီနေ့အထိ မှတ်မိနေတယ်
  • 13:18 - 13:21
    မုန့်ဖိုးပဲဖိုးတွေက ကလေးတွေကို မှားယွင်းတဲ့ အကျင့်စရိုက်တွေ သင်ပေးတယ်
  • 13:21 - 13:23
    မုန့်ဖိုးပဲဖိုးဆိုတာ သူ့သဘာဝကိုက ကလေးတွေကို
  • 13:23 - 13:25
    အလုပ်တစ်ခုလုပ်ဖို့ စဉ်းစားလာအောင် သင်ပေးသလိုဖြစ်နေတယ်
  • 13:25 - 13:28
    စီးပွားစွမ်းဆောင်ရှင်ဆိုတာ ပုံမှန် လခ ကို မျှော်လင့်နေတာ မဟုတ်ဘူး
  • 13:28 - 13:30
    မုန့်ဖိုးပဲဖိုး ဆိုတာက ကလေးတွေကို ငယ်တဲ့အရွယ်မှာတင်
  • 13:30 - 13:32
    ပုံမှန် လစာလေး မျှော်လင့်ဖို့ မွေးထုတ်ပေးသလိုဖြစ်နေတယ်
  • 13:32 - 13:34
    တကယ်လို့ ခင်ဗျားတို့က စီးပွားစွမ်းဆောင်ရှင်တွေကို ပျိုးထောင်ပေးချင်တယ်ဆိုရင် ဒီလိုလုပ်တာဟာ ကျွန်တော့်အတွက်တော့ မှားတယ်
  • 13:34 - 13:36
    ကျွန်တော့်ကလေးတွေကို အခု ဘာလုပ်ပေးသလဲ ပြောမယ်၊ ကျွန်တော့်မှာ ကလေး ၂-ယောက်ရှိတယ်၊ ၉-နှစ် နဲ့ ၇-နှစ် သားတွေ
  • 13:36 - 13:38
    သူတို့ကို ကျွန်တော် သင်ပေးတာက အိမ်ပတ်ဝန်းကျင်နားနဲ့ ခြံဝင်းထဲ ပတ်လျှောက်ခိုင်းပြီး
  • 13:38 - 13:40
    လိုနေတဲ့ဟာ တွေကို ပြီးအောင် လုပ်ဖို့ ရှာခိုင်းတယ်
  • 13:40 - 13:42
    အဲဒါဟာ ဘာလဲဆိုတာ ကျွန်တော့်ဆီလာပြီးပြောခိုင်းတယ်
  • 13:42 - 13:44
    ဒါမှမဟုတ် ကျွန်တော်က သူတို့ဆီသွားပြီး "ဒါ..အဖေ ပြီးအောင်လုပ်ဖို့လိုနေတဲ့ဟာ" ဆိုပြီး ပြောတယ်
  • 13:44 - 13:46
    ပြီးတော့ ကျွန်တော်တို့ ဘာလုပ်တယ် ထင်သလဲ၊ ကျွန်တော်တို့ ညှိနှိုင်းကြတယ်
  • 13:46 - 13:48
    သူတို့ ဘာတွေပြီးပြည့်စုံအောင်လုပ်ဖို့ လိုသလဲဆိုတာ လျှောက်ရှာကြတယ်
  • 13:48 - 13:50
    ဒါပေမယ့် အဲဒါအတွက် သူတို့ ဘာရမယ်ဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတယ်
  • 13:50 - 13:53
    နောက်တော့ သူတို့ကို ပုံမှန်လစာမပေးပေမယ့် သူတို့မှာ ပစ္စည်းများများရှာဖို့ အခွင့်အလမ်းပိုများလာတယ်
  • 13:53 - 13:55
    သူတို့ ဆွေးနွေးညှိနှိုင်းတဲ့ အတတ်ပညာကို သင်ယူလေ့လာဖြစ်သလို
  • 13:55 - 13:57
    အခွင့်အလမ်းကို ရှာတဲ့ အတတ်ပညာကိုလည်း သူတို့ သင်ယူလေ့လာဖြစ်သွားတယ်
  • 13:57 - 14:00
    အဲဒီလိုဟာမျိုးတွေကို မွေးမြူပေးရတယ်၊ ကျွန်တော့် ကလေးတွေမှာ စုဘူး ၂ ခုစီ ရှိကြတယ်
  • 14:00 - 14:02
    သူတို့ရှာနိုင်တာ သို့မဟုတ် မုန့်ဖိုးရတာရဲ့
  • 14:02 - 14:04
    ၅၀ ရာနှုန်းကတော့ သူတို့ရဲ့ အိမ်စာရင်းထဲ ၀င်သွားတယ်
  • 14:04 - 14:06
    ကျန်တဲ့ ၅၀ ရာနှုန်းကတော့ သူတို့ရဲ့ အရုပ်စာရင်းထဲ ၀င်သွားတယ်
  • 14:06 - 14:08
    သူတို့ အရုပ်စာရင်းထဲဝင်သွားတာမှန်သမျှကို သူတို့လိုချင်တာ ဘာမဆိုအတွက် သုံးလို့ရတယ်
  • 14:08 - 14:11
    သူတို့ အိမ်စာရင်းထဲဝင်သွားတဲ့ ၅၀ ရာနှုန်းကတော့ ခြောက်လတစ်ခါ ဘဏ်ထဲကို သွားတယ်
  • 14:11 - 14:14
    သူတို့ ကျွန်တော့်ကို မှီလာနေပြီ၊ နှစ်တိုင်းလိုလို ဘဏ်ထဲကငွေတွေက သူတို့ရဲ့ စတော့ပွဲစားဆီ ရောက်တယ်
  • 14:14 - 14:17
    ကျွန်တော်ရဲ့ ၉-နှစ် နဲ့ ၇-နှစ် ကလေးနှစ်ယောက်လုံးမှာ စတော့ ပွဲစားတွေ ရှိနေကြပြီ
  • 14:18 - 14:20
    ဒါပေမယ့် ကျွန်တော်က အဲဒီ စုဆောင်းတဲ့ အလေ့အထကို အတင်းလုပ်ယူဖို့ သူတို့ကို သင်နေတာ
  • 14:20 - 14:23
    အသက် ၃၀ ကျော်တွေက ပြောနေကြတာတွေကြောင့် ကျွန်တော် ရူးချင်ချင်တောင်ဖြစ်တယ်
  • 14:23 - 14:25
    "အင်း ကျွန်တော့် ပင်စင်စုဆောင်းငွေထဲကို အခု စပြီး ငွေထည့်ချင်ထည့်တော့မှာ" တဲ့
  • 14:25 - 14:27
    ၂၅-နှစ်တောင် လွတ်သွားခဲပြီးပြီလေ
  • 14:27 - 14:29
    ငယ်ရွယ်တဲ့ ကလေးတွေကို အဲဒီအလေ့အထလေးတွေ
  • 14:29 - 14:31
    သူတို့ နာကြင်မှုဆိုတာတောင် မခံစားမိတဲ့ အချိန်မှာ သင်ပေးလို့ရပါတယ်
  • 14:31 - 14:33
    ညတိုင်း အိပ်ယာဝင် ပုံပြင်တွေချည်းပဲ ဖတ်ပြမနေနဲ့
  • 14:33 - 14:35
    တစ်ပတ်မှာ ၄-ည တော့ သူတို့ကို အိပ်ယာဝင်ပုံပြင်လေးတွေ ဖတ်ချင်ဖတ်ပြပေါ့
  • 14:35 - 14:37
    တစ်ပတ်မှာ ကျန်တဲ့ ၃-ည ကိုတော့ သူတို့ကို ပုံပြင်တွေ ပြောခိုင်း
  • 14:37 - 14:40
    ကလေးတွေနဲ့ အတူထိုင်ပြီး သူတို့ကို ပစ္စည်း ၄-မျိုးပေးကြည့်လိုက်
  • 14:40 - 14:43
    ရှပ်အင်္ကျိ အနီတစ်ထည်၊ အပြာရောင် နက်တိုင် တစ်ခု၊ သားပိုက်ကောင်တစ်ကောင် နဲ့ လက်တော့ပ် ကွန်ပျူတာတစ်လုံး
  • 14:43 - 14:45
    ပြီးရင် သူတို့ကို အဲဒီ ပစ္စည်း ၄-မျိုးအကြောင်း ပုံပြင် ပြောခိုင်းပေါ့
  • 14:45 - 14:47
    ကျွန်တော့်ကလေးတွေ တချိန်လုံး အဲဒါကို လုပ်ကြတယ်
  • 14:47 - 14:49
    အဲဒါက သူတို့ကို ကိုယ်ပြောချင်တာ ပြောနိုင်အောင် သင်ပေးတယ်၊ အဲဒါကိ သူတို့ကို တီထွင်ဆန်းသစ်မှု ဆိုတာကို သင်ပေးတယ်
  • 14:49 - 14:51
    အဲဒါက သူတို့ ကိုယ့်ပိုင်ဥာဏ်နဲ့ တွေးအောင် သင်ပေးတယ်
  • 14:51 - 14:53
    အဲဒါမျိုးလုပ်ကြည့်ပြီး ပျော်ရွင်ကြည့်ကြပါ
  • 14:53 - 14:55
    ကလေးတွေကို လူအုပ်စုရှေ့မှာ မတ်တပ်ရပ်ပြီး စကားပြောခိုင်းပါ
  • 14:55 - 14:57
    သူငယ်ချင်းတွေ ရှေ့မှာ ရပ်ရုံလေးရပ်တာပဲဖြစ်ဖြစ်
  • 14:57 - 14:59
    ကစားတာ၊ စကားပြောခိုင်းတာပဲဖြစ်ဖြစ်ပေါ့
  • 14:59 - 15:01
    အဲဒါတွေဟာ ခင်ဗျားတို့ မွေးမြူပေးချင်တဲ့ စီးပွားစွမ်းဆောင်ရှင်တွေရဲ့ စရိုက်လက္ခဏာတွေပါ
  • 15:01 - 15:04
    ကလေးတွေကို ဆိုးတဲ့ ဖောက်သည်တွေနဲ့ ဆိုးတဲ့ ၀န်ထမ်းတွေဆိုတာ ဘယ်လိုလဲဆိုတာ ပြပေးပါ
  • 15:04 - 15:06
    သူတို့ကို စိတ်မကြည်လင်တဲ့ ၀န်ထမ်းတွေကို ပြပေးပါ
  • 15:06 - 15:08
    ဖောက်သည်တွေကို ဘုဆတ်ဆတ် ၀န်ဆောင်မှုမျိုး ပေးတာ တွေ့ရင် သူတို့ကို အဲဒါ ထောက်ပြပါ
  • 15:08 - 15:10
    "စကားမစပ် ပြောရဦးမယ်၊ အဲဒီလူက ချာတူးလံ ၀န်ထမ်းပေါ့" လို့ ပြောပေးပါ
  • 15:10 - 15:13
    "ဒီဝန်ထမ်းတွေကတော့ ကောင်းတယ်" လို့ ပြောပေးပါ
  • 15:13 - 15:15
    (ရယ်မောသံများ)
  • 15:15 - 15:17
    စားသေက်ဆိုင်ထဲဝင်သွားလို့ ညံ့ဖျင်းတဲ့ဝန်ဆောင်မှုမျိး ပေးလာရင်
  • 15:17 - 15:19
    ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုဆိုတာ ဘယ်လိုလဲဆိုတာ သူတို့ကို ပြပေးပါ
  • 15:19 - 15:21
    (ရယ်မောသံများ)
  • 15:21 - 15:23
    ဒီ သင်ခန်းစားတွေအားလုံး ကျွန်တော်တို့ ရှေ့မှာ ရှိနေကြတာပဲ
  • 15:23 - 15:26
    ဒါပေမယ့် ကျွန်တော်တို့က ဒီ အခွင့်အလမ်းတွေကိုတော့ မယူဘူး၊ ကလေးတွေကို ဆရာသွားရှာဖို့ပဲ သင်တယ်
  • 15:26 - 15:28
    မြင်ယောင်ကြည့်ပါ၊ တကယ်လို့ ခင်ဗျားတို့
  • 15:28 - 15:30
    အိမ်ထဲမှာ အခုရှိနေတဲ့ ကလေးတွေရဲ့ တိုလီမုတ်စတွေနဲ့
  • 15:30 - 15:32
    လွန်ခဲ့တဲ့ ၂-နှစ်က အရွယ်လွန်သွားလို့ မဆော့တော့တဲ့ အရုပ်အားလုံးကို ယူပြီး
  • 15:32 - 15:35
    "တို့တွေ ဒါတွေကို ခရိတ်ဂ်ျလစ်တ် တို့၊ ကီဂျီးဂျီ တို့ (အီးဘေလို ပစ္စည်းကြော်ငြာပြီးရောင်းလို့ရတဲ့နေရာ) မှာ စပြီး ရောင်းကြရအောင်" လို့ ပြောကြည့်ပါ
  • 15:35 - 15:37
    သူတို့တွေ အဲဒါတွေကို တကယ် ရောင်းနိုင်တယ်
  • 15:37 - 15:39
    ပြီးရင် ဈေးပေးတဲ့အီးမေးလ်ဝင်လာရင် အလိမ်အညာတွေကို ဘယ်လို ရှာရတယ်ဆိုတာ လေ့လာလို့ ရတယ်
  • 15:39 - 15:41
    အဲဒီ အလိမ်အညာ အီးမေးလ်တွေက ကိုယ့်စာရင်းပဲဖြစ်ဖြစ်၊ တစ်ဆင့်စာရင်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ၀င်လာနိုင်တယ်
  • 15:41 - 15:44
    ဒါပေမယ့် ကလေးတွေကို ဈေးဘယ်လို သတ်မှတ်ရတယ်၊ ဈေးဘယ်လို မှန်းတယ်
  • 15:44 - 15:46
    ဓါတ်ပုံတွေ ဘယ်လို ဆွဲတင်ရတယ် ဆိုတာတွေ သင်ပေးလို့ရတယ်
  • 15:46 - 15:48
    သူတို့ကို အဲဒါမျိုးတွေ ဘယ်လိုလုပ်ရတယ်၊ အဲဒါတွေနဲ့ ပိုက်ဆံ ဘယ်လိုရှာရတယ်ဆိုတာ သင်ပေးပါ
  • 15:48 - 15:50
    ပြီးရင် သူတို့ရတဲ့ ပိုက်ဆံကို ၅၀-ရာနှုန်း အိမ်စာရင်းထဲသွား
  • 15:50 - 15:52
    ၅၀-ရာနှုန်း အရုပ်စာရင်းထဲသွားခိုင်း
  • 15:52 - 15:54
    ကျွန်တော့်ကလေးတွေက ဒီကိစ္စကို သဘောကျကြတယ်
  • 15:54 - 15:57
    ခင်ဗျားတို့ ကလေးတွေမှာ မွေးမြူပေးရမယ့် စီးပွားစွမ်းဆောင်ရှင် စရိုက်လက္ခဏာ တစ်ချို့ကတော့
  • 15:57 - 16:00
    ကြိုးပမ်းအောင်မြင်မှု၊ ဇွဲ၊ ခေါင်းဆောင်မှု၊ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်တတ်မှု၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရား၊ တန်ဖိုးတရားတွေ၊
  • 16:00 - 16:03
    ဒီ စရိုက်လက္ခဏာတွေကို ငယ်ရွယ်တဲ့ ကလေးတွေမှာ တွေ့ရနိုင်သလို သူတို့ဆီမှာ မွေးမြူနိုင်အောင် ကူညီပေးလို့ရတယ်
  • 16:03 - 16:05
    အဲဒါမျိုးတွေကို ရှာဖွေပါ
  • 16:05 - 16:07
    ကျွန်တော် ခင်ဗျားတို့ကို သတိထားစချင်တဲ့ စရိုက်လက္ခဏာ ၂-ခုလည်း ရှိသေးတယ်
  • 16:07 - 16:10
    အဲဒါကိုတော့ သူတို့ရဲ့ စနစ်ထဲက ကျွန်တော်တို့ ထုတ်လိုက်လို့မှ မရတာ
  • 16:10 - 16:12
    ကလေးတွေကို ပတ်ဝန်းကျင် ဂရုမစိုက်နိုင်တဲ့ ရောဂါအတွက် ဆေးမကုပါနဲ့
  • 16:12 - 16:14
    တကယ့်ကို အရမ်း ဆိုးးဝါးနေတာကလွဲရင်ပေါ့
  • 16:14 - 16:16
    (လက်ခုပ်သံများ)
  • 16:16 - 16:19
    တခုခုမှာ အရူးအမူးဖြစ်တာ၊၊ စိတ်ဖိစီးတာ၊ စိတ်ဓါတ်ကျတာတွေနဲ့ ပတ်သက်နေတာ အားလုံးမှာလည်း အတူတူပဲ
  • 16:19 - 16:21
    ဆေးပညာရှုထောင့်အရ အရမ်းကြမ်းနေတာက လွဲရင်ပေါ့
  • 16:21 - 16:23
    စိတ်အတက်အကျမြန်ရောဂါကို အမှုဆောင် အရာရှိချုပ်ရောဂါလို့ နာမည်ပြောင်ပေးထားတာ
  • 16:23 - 16:25
    စတိဗ်ဂျူးဗက်ဆန် နဲ့ ဂျင်မ်ကလာ့ခ် တို့
  • 16:25 - 16:27
    ဂျင်မ်ဘာ့ခ်စ်ဒေးလ် တို့အားလုံးမှာ ဒီရောဂါ ရှိနေကြတယ်
  • 16:27 - 16:29
    သူတို့ နတ်စ်ကိပ် ကုမ္ပဏီကို တည်ထောင်ခဲ့ကြတာပဲ
  • 16:29 - 16:31
    သူတို့ကိုများ ရစ်တာလင် စိတ်ငြိမ်ဆေး ကျွေးလိုက်မိရင်ဆိုတာမျိုး မြင်ယောင်ကြည့်ပါ
  • 16:31 - 16:33
    အဲဒီကုမ္ပဏီ ရှိလာတော့မှာမဟုတ်ဘူး၊ ဟုတ်ရဲ့လား
  • 16:33 - 16:36
    အယ်လ်ဂိုးရ် လည်း အင်တာနက်ဆိုတာကို ထွင်ချင်ရင် ထွင်ခဲ့နိုင်မှာနော်
  • 16:36 - 16:38
    (ရယ်မောသံများ)
  • 16:38 - 16:40
    ဒီကျွမ်းကျင်မှုတွေက ကျွန်တော်တို့ စာသင်ခန်းထဲမှာ သင်ပေးသင့်တဲ့ ကျွမ်းကျင်မှုတွေပါ
  • 16:40 - 16:42
    (စာသင်ခန်းထဲ သင်ပေးတဲ့) တခြားဟာတွေလိုပဲပေါ့
  • 16:42 - 16:44
    ကလေးတွေကို ရှေ့နေကြီးမဖြစ်ချင်ကြနဲ့လို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး
  • 16:44 - 16:46
    ဒါပေမယ့် စီးပွားရေးစွမ်းဆောင်မှုလို ဟာမျိုးကို
  • 16:46 - 16:48
    တခြားသင်ကြားပေးနေတဲ့ဘာသာရပ်တွေအထက်မှာထားပြီး သင်ကြားပေးမယ်ဆိုရင် ဘယ်နှယ့်လဲ
  • 16:48 - 16:50
    ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ အခွင့်အလမ်းတွေ အများကြီးပဲ ရှိနေတယ်
  • 16:50 - 16:52
    ကျွန်တော် ဗီဒီယိုတိုတိုလေး တစ်ခုနဲ့ ဟောပြောပွဲကို အဆုံးသတ်ချင်ပါတယ်
  • 16:52 - 16:55
    ဒီ ဗီဒီယိုကို ကျွန်တော် ဦးဆောင်လမ်းပြေပေးနေတဲ့ ကုမ္ပဏီတစ်ခုက လုပ်ထားတာပါ
  • 16:55 - 16:57
    သူတို့တွေက "ဒါးခုတ်ကောင်" လို့ အမည်ပေးထားပါတယ်
  • 16:57 - 16:59
    ကလေးတွေအကြောင်းပါ၊ စီးပွားရေးစွမ်းဆောင်မှုအကြောင်းပါ
  • 16:59 - 17:02
    ဒီဗီဒီယိုလေးက ခင်ဗျားတို့ ကျွန်တော့်ဆီက ကြားထားတဲ့ဟာတွေကို ယူပြီး
  • 17:02 - 17:04
    ကမ္ဘာကြီးကို ပြောင်းလဲဖို့ တခုခုလုပ်ဖြစ်အောင် လှုံ့ဆော်အားပေးမယ်လို့ မျှော်လင့်ရတာပါပဲ
  • 17:04 - 17:07
    [ကလေး....."ဒီတော့ မင်း တစ်ခုခု လုပ်နိုင်တယ်လို့ ထင်မိတယ်ပေါ့"]
  • 17:07 - 17:09
    [မင်း အဲဒီလို ဆက်ပြီး တွေးလို့ရပါတယ်]
  • 17:09 - 17:11
    [ဘာဖြစ်လို့လဲဆိုတော့ ငါတို့ မဖြစ်နိုင်ဘူးလို့ ထင်တာ တော်တော်များများက]
  • 17:11 - 17:14
    [ကျော်လွှားသွားရတာ လွယ်ကူနေလို့ပါ]
  • 17:14 - 17:17
    [မင်း သတိမမူမိမှာ စိုးလို့ ပြောလိုက်မယ်၊ ငါတို့တွေက]
  • 17:17 - 17:20
    [လူတစ်ဦးချင်းဟာ မတူညီတာတစ်ခုကို ပြုလုပ်ခွင့်ရတဲ့ နေရာမှာ ငါတို့တွေ နေနေကြတာပါ]
  • 17:20 - 17:21
    [အထောက်အထား လိုချင်တယ်ပေါ့]
  • 17:21 - 17:22
    [ငါတို့ နိုင်ငံကို ထူထောင်ခဲ့တဲ့ လူတွေကိုပဲ ကြည့်ပါ]
  • 17:22 - 17:25
    [ငါတို့မိဘတွေ၊ ဘိုးဘွားတွေ၊ ငါတို့အဒေါ်တွေ၊ ဦးလေးတွေ...]
  • 17:25 - 17:28
    [သူတို့ဟာ သူတို့အမှတ်အသားကို လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတဲ့ နိုင်ငံရွှေ့ပြောင်းလာတဲ့ အသစ်ရောက်လာကြတဲ့သူတွေပါ]
  • 17:28 - 17:31
    [သူတို့လာတုန်းက နည်းနည်းပဲ ပါခဲ့ကြမှာပါ]
  • 17:31 - 17:34
    [ဒါမှမဟုတ် သူတို့တွေ တစ်ခုကလွဲရင် ဘာမှမပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ]
  • 17:34 - 17:37
    [အဲဒါတစ်ခုကတော့ ထက်မြက်တဲ့ အကြံဥာဏ်လေးတစ်ခုပါ]
  • 17:37 - 17:40
    [ဒီလူတွေက တွေးခေါ်စဉ်းစားသူတွေ၊ လက်တွေ့လုပ်ကိုင်သူတွေပါ...]
  • 17:40 - 17:42
    [...တီထွင်ဖန်တီးသူတွေပါ..]
  • 17:42 - 17:45
    [...သူတို့တွေ နာမည်တစ်ခု ရမလာသေးတဲ့အထိပေါ့...]
  • 17:46 - 17:49
    [...စီးပွားစွမ်းဆောင်ရှင်တွေ...ဆိုတဲ့နာမည်လေးပေါ့]
  • 17:49 - 17:52
    [ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ ငါတို့ရဲ့ တွေးခေါ်ပုံကို သူတို့က ပြောင်းလဲပေးခဲ့ကြတယ် ]
  • 17:52 - 17:54
    [ဘ၀ဟာ ဘယ်လောက်အထိ ပိုပြီးကောင်းမွန်အောင်နေလို့ရလဲဆိုတဲ့ ကြည်လင်တဲ့ ရှေ့ရေးအမြင် သူတို့မှာ ရှိကြတယ်]
  • 17:54 - 17:57
    [ငါတို့အားလုံးအတွက်၊ ခက်ခဲကြမ်းတမ်းတဲ့ အခါကာလမျိုးတွေမှာတောင်ပေါ့]
  • 17:57 - 17:59
    [အခုတော့ မြင်နိုင်ဖို့ ခဲယဉ်းနေတယ်...]
  • 17:59 - 18:01
    [...ငါတို့ရဲ့မြင်ကွင်းက အတားအဆီးတွေက ရှုပ်ပွပြည့်ကြပ်နေတယ်]
  • 18:01 - 18:04
    [ဒါပေမယ့် လှိုင်းလေထန်ခြင်းက]
  • 18:04 - 18:07
    [အောင်မြင်မှုအတွက်၊ ဖြစ်မြောက်မှုအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးတတ်ပြီး ငါတို့ကို တွန်းပို့ပေးတယ်]
  • 18:07 - 18:10
    [ကိစ္စတွေကို ဆောင်ရွက်တဲ့ နည်းလမ်းအသစ်တွေကို ရှာဖွေတွေ့ရှိဖို့ပေါ့]
  • 18:10 - 18:13
    [ဒီတော့ ဘာလို အခွင့်အလမ်းတွေနောက်ကို မင်းလိုက်မလဲ၊ ဘာကြောင့်လဲ]
  • 18:13 - 18:16
    [မင်းသာ စီးပွားစွမ်းဆောင်ရှင် တစ်ယောက်ဆိုရင်]
  • 18:16 - 18:19
    [ဆုံးရှုံးမှု အန္တရာယ်ဆိုတာ ဆုလဒ်မဟုတ်မှန်း မင်းသိပါတယ်]
  • 18:19 - 18:21
    [မဟုတ်ပါဘူး၊ ဆုလဒ်တွေဆိုတာ တီထွင်ဖန်တီးမှုကို မောင်းနှင်ပေးခြင်းပါ...]
  • 18:21 - 18:24
    [...လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးခြင်းပါ၊ အလုပ်အကိုင်တွေကို ဖန်တီးပေးခြင်းပါ]
  • 18:24 - 18:26
    [တိုးတက်မှုကို အားပေးခြင်းပါ]
  • 18:26 - 18:29
    [ပြီးတော့ ပိုကောင်းမွန်တဲ့ လောကတစ်ခု ဖန်တီးပေးခြင်းပါ]
  • 18:29 - 18:31
    [စီးပွားစွမ်းဆောင်ရှင်တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်]
  • 18:31 - 18:33
    [သူတို့တွေက ငါတို့နိုင်ငံ စီးပွားရေးကို ထောက်ပံ့ပေးဖို့ စီးပွားရေးအသေးစားတွေ လုပ်ကြတယ်]
  • 18:33 - 18:35
    [ပစ္စည်းတွေကို ပုံထုတ်ပေးတယ်၊ မင်းတို့ကို]
  • 18:35 - 18:37
    [ကမ္ဘာတလွှားက သူငယ်ချင်းတွေ၊ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲ ဆက်သွယ်နိုင်အောင် ကူညီပေးဖို့ပေါ့]
  • 18:37 - 18:40
    [လူ့အသိုင်းအ၀ိုင်းရဲ့ အကြာမြင့်ဆုံး ပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးဖို့ သူတို့တွေက နည်းလမ်းသစ်တွေ ရှာဖွေပေးနေတယ်]
  • 18:40 - 18:42
    [မင်း စီးပွားစွမ်းဆောင်ရှင်တစ်ယောက်ယောက်ကိုများ သိကျွမ်းသလား]
  • 18:42 - 18:43
    [စီးပွားစွမ်းဆောင်ရှင်ဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်...]
  • 18:43 - 18:45
    [မင်းလည်းပဲ ဖြစ်နိုင်တယ်]
  • 18:45 - 18:48
    [ဒါကြောင့် မင်းအမြဲတမ်းအလိုရှိနေတဲ့ အလုပ်မျိုးကို ဖန်တီးဖို့ အခွင့်အလမ်းတွေကို အရယူဖမ်းဆုပ်ပါ]
  • 18:48 - 18:50
    [စီးပွားရေးကို ကုစားဖို့ ၀ိုင်းကူပါ]
  • 18:50 - 18:51
    [ထူးခြားကွဲပြားတာတွေ လုပ်ကြပါ]
  • 18:51 - 18:53
    [မင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မြင့်မားတဲ့ အဆင့်အတန်းအသစ်ဆီကို ဆွဲတင်ကြပါ]
  • 18:53 - 18:55
    [ဒါပေမယ့် အရေးအကြီးဆုံးကတော့]
  • 18:55 - 18:58
    [သတိရစမ်းပါ၊ မင်း ကလေးဘ၀တုန်းက...]
  • 18:58 - 19:01
    [အရာအားလုံးက မင်းလက်လှမ်းမီတဲ့နေရာမှာ ရှိနေတုန်းက]
  • 19:01 - 19:05
    [မင်းကိုယ်မင်း တိုးတိုးလေး ပြောခဲ့ဖူးတယ်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့]
  • 19:07 - 19:09
    ["အဲဒါဟာ အခုထိလဲ မှန်ကန်တုန်းပါပဲ၊ မင်းတစ်ခုခုကို လုပ်နိုင်တယ်" ဆိုတာလေ]
  • 19:11 - 19:13
    [ကျွန်တော့်ကို ဒီမှာ ဟောပြောခွင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်]
Title:
ကင်မရွန်းဟီးရိုးလ်ဒ် း ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်အောင် မြေတောင်မြှောက်ပေးကြပါစို့။
Speaker:
Cameron Herold
Description:
ကျောင်းတက်ရသည်ကို ငြီးငွေ့သော၊ အတန်းပျက်သော၊ အရွယ်တူများနှင့် မတည့်သော ကလေးသည် စွမ်းဆောင်ရှင်တစ်ဦး ဖြစ်နိုင်သည်ဟု အဒ်မန်တန်မြို့ TED ဟောပြောပွဲတွင် ကင်မရွန်းဟီးရိုးလ်ဒ် က ပြောလိုက်ပါတယ်။ စွမ်းဆောင်ရှင်အလောင်းအလျာများကို ကလေးအဖြစ်နှင့်ရော လူကြီးအဖြစ်နှင့်ပါ အောင်မြင်လာအောင် မိဘအုပ်ထိန်းမှုနှင့် ပညာသင်ကြားပေးခြင်းတို့က အကူအညီပေးကြောင်း ထောက်ခံပြောဆိုထားပါတယ်။
more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
19:15
Burmese subtitles
Revisions Compare revisions