အခန်းထဲမှာ ကျွန်တော်ဟာ အတုံးဆုံးလူဆိုတာ ကျွန်တော် အလောင်းအစား လုပ်လိုပါတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကျောင်းမပြီးခဲ့လို့ပါ၊ ကျွန်တော်ကျောင်းကိစ္စနဲ့ တော်တော်ရုန်းကန်ခဲ့ရလို့ပါ
ဒါပေမယ့် ကျွန်တော် အစောပိုင်းအရွယ်မှာ သိလိုက်ရတာကတော့
ကျွန်တော်ဟာ ပိုက်ဆံကိုချစ်တယ်၊ စီးပွားရေးကို ချစ်တယ်ဆိုတာပါပဲ
ပြီးတော့ ဒီ စီးပွားရေးစွန့်စားစွမ်းဆောင်တဲ့ ကိစ္စကို ကျွန်တော် ချစ်တယ်
ကျွန်တော်ကို စီးပွားရေးစွမ်းဆောင်ရှင် တစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့ပါတယ်
ကျွန်တော် တစ််လျှောက်လုံး အမှန်တကယ် နှစ်သက်မြတ်နိုးနေခဲ့တဲ့ဟာ
အခုထိအောင် ဘယ်တုန်းကမှ မပြောခဲ့ဖူးသေးတဲ့ဟာ
အားလုုံးက ဒါကို ပထမဆုံး ကြားဖူးခြင်းပါ၊ လွန်ခဲဲ့တဲ့ ၃-ရက်က ကျွန်တော့်မိန်းမကိုပြောပြခဲ့တာကလွဲရင်ပေါ့
သူကမေးတယ်၊ "ရှင်က ဘာအကြောင်းပြောမှာလဲ" တဲ့၊ ကျွန်တော်က သူ့ကိုပြောတယ်
ငါတို့ အခွင့်အလမ်းတစ်ခု လွတ်သွားတယ်လို့ ထင်တယ်ကွာ
ကလေးတွေကိုရှာဖို့ကွာ
စီးပွားရေးစွမ်းဆောင်တတ်တဲ့ စရိုက်လက္ခဏာရှိတဲ့ ကေးလတွေပေါ့
ပြီးရင် သူတို့ကို ပြုစုပျိုးထောင်ပေးမယ်၊ ဒါမှမဟုတ်
စီးပွားရေးစွမ်းဆောင်ရှင်တစ်ယောက် ဖြစ်ရတယ်ဆိုတာ တကယ်တော့ သိပ်ကောင်းတယ်ဆိုတာ ပြပေးဖို့ကွာ
ဒါ သားပုပ်လေလွင့် ပြောနေကြသလို
လူမှုအသိုင်းအဝိုင်း တော်တော်များများမှာ ဖြစ်နေကြသလိုမျိုး မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး
ကလေးတွေ အနေနဲ့ ကျွန်တော်တို့ ကြီးပြင်းလာတုန်းက အိပ်မက်တွေရှိကြတယ်
ကျွန်တော်တို့မှာ လုပ်ချင်နေတဲ့စိတ်နဲ့ အမြင်တွေလည်း ရှိကြတယ်
ဒါပေမယ့် ဒါတွေဟာ တနည်းနည်းနဲ့ ခြေမွခံလိုက်ရတယ်
စာပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုတယ်လို့ အပြောခံကြတယ်
ဒါမှမဟုတ် စာကို အာရုံပိုစိုက်ရင်စိုက် မစိုက်ရင် ဆရာခေါ်သင်ခံရမယ်ပေါ့
ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ပြင်သစ်ဘာသာအတွက် ဆရာခေါ်ပေးထားတယ်
ကျွန်တော်ကတော့ ပြင်သစ်စာမှာ ညံ့တုန်းပဲ
လွန်ခဲ့တဲ့ ၂-နှစ်က ကျွန်တော် (ဟောပြောပွဲတစ်ခုမှာ) လူကြိုက်အများဆုံး နည်းပြဖြစ်လိုက်သေးတယ်
မက်ဆာချူးဆက် နည်းပညာ တက္ကသို်လ်က စီးပွားစွမ်းဆောင်ရှင် ဘွဲ့လွန် သင်တန်းမှာနော်
အဲဒါက ကမ္ဘာတလွှားက စီးပွားစွမ်းဆောင်ရှင် အုပ်စုတွေရှေ့မှာ စကားပြောရတဲ့ပွဲတစ်ခု
ကျွန်တော် ၂-တန်း တုန်းက မြို့နယ်အဆင့် စကားပြောပြိုင်ပွဲမှာ နိုင်ဖူးတယ်
ဒါပေမယ့် ဘယ်သူမှ ဘာမှ မပြောခဲ့ကြဘူး
"ဟေ့...ဒီကလေးက စကားပြောကောင်းတယ်၊
သူ ချက်ကျလက်ကျ မပြောနိုင်ဘူး ၊ ဟိုဟိုဒီဒီလျှောက်ပြီး လူတွေကိုတော့ အားတက်စေတယ်
"သူ့ကို စကားပြော နည်းပြတစ်ယောက် ရှာပေးလိုက်" လို့ ဘယ်သူမှ မပြောခဲ့ကြဘူး
ညံ့နေတဲ့ ဘာသာအတွက် ဆရာရှာပေးလိုက် လို့ပဲ သူတို့ပြောခဲ့ကြတယ်
တကယ်တော့ ကလေးတွေဟာ အဲဒီလို စရိုက်လက္ခဏာတွေ ပြတတ်ကြပါတယ်
ကျွန်တော်တို့က အဲဒီလို ကလေးမျိုးတွေကို စပြီး ရှာဖွေသင့်နေပြီ
ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ ကလေးတွေကို
ရှေ့နေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမယ့်အစား စီးပွားရေးစွမ်းဆောင်ရှင်ဖြစ်လာအောင်ပဲ ပြုစုပျိုးထောင်ပေးသင့်တယ်
ကံမကောင်းချင်တော့ ကျောင်းပညာရးစနစ်က
ဒီကမ္ဘာကြီးကို အမှောင်ကျအုံ့ဆိုင်းအောင်လုပ်နေတယ်
ရှေ့နေလုပ်ကြရအောင်၊ ဆရာဝန်ကြီးလုပ်ကြရအောင် လို့ ပြောနေကြတာကိုး
အဲဒီမှာ ကျွန်တော်တို့ အခွင့်အလမ်းတစ်ခု လွတ်နေတာ
"ဟေ့...စီးပွားရေးစွမ်းဆောင်ရှင် လုပ်ကြကွ" လို့ ဘယ်သူမှ မပြောခဲ့ကြဘူး
စိးပွားရေးစွမ်းဆောင်ရှင်ဆိုတာလည်း လူတွေပါပဲ၊ ဘာလို့လဲဆိုတော့ ဒီအခန်းထဲမှာ အဲဒီလိုလူတွေအများကြီး ရှိနေလို့ပါ
သူတို့မှာ ဒီလိုအကြံဉာဏ်တွေ နဲ့ ဒီလိုလုပ်ချင်စိတ်တွေ ရှိနေကြတယ်၊ ဒါမှမဟုတ်ရင်လဲ သူတို့တွေ ကမ္ဘာမှာ ဒီလို လိုအပ်ချက်တွေ ရှိတယ်လို့မြင်ပြီး
မားမားမတ်မတ်ထရပ်ပြီး လုပ်ဖို့ ဆုံးဖြတ်ကြတယ်
ကျွန်တော်တို့တွေ အဲဒါမျိုးဖြစ်လာအောင် ရှိသမျှအိတ်သွန်ဖာမှောက် ထုတ်သုံးတယ်
ကျွန်တော်တို့မှာ အဲဒီလိုလူအုပ်စုတွေကို ကျွန်တော်တို့အနားမှာရှိအောင် လုပ်နိုင်စွမ်းရှိတယ်
သူတို့တွေက အဲဒီအိပ်မက်ကို ကျွန်တော်တို့နဲ့အတူ တည်ဆောက်ချင်ကြမယ့်လူတွေ
ကျွန်တော် ထင်တာက ကျွန်တော်တို့အဲ့လို ကလေးတွေကို
ငယ်တဲ့အရွယ်မှာကတည်းက စီးပွားစွမ်းဆောင်ရှင်ဖြစ်နိုင်မယ်ဆိုတဲ့ အကြံရှိအောင် လုပ်ထားနို်င်ခဲ့ရင်
ကမ္ဘာကြီးအတွက် ဒီကနေ့မှာ ပြဿနာဖြစ်နေတာမှန်သမျှကို ကျွန်တော်တို့ အကုန်ပြောင်းလဲနိုင်မှာ
အပြင်မှာ ရှိနေတဲ့ ပြဿနာတိုင်းအတွက် တစ်ယောက်ယောက်ဆီမှာတော့ ဖြေရှင်းနိုင်တဲ့ အကြံဉာဏ်ရှိနေတယ်
ကလေးငယ်တစ်ယောက်ဖြစ်နေလို့ ဒါမျိုးဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနို်င်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ
အဲဒါကို မဖြေရှင်းနိုင်ဘူးလို့ နားလည်ဖို့ တုံးလွန်းနေသေးတယ်
ကျွန်တော်တို့က မိဘတွေအနေနဲ့ရော လူမှုအသိုင်းအဝိုင်းတစ်ခုအနေနဲ့ပါ ၀တ္တရားရှိတယ်
ကျွန်တော်တို့ကလေးတွေကို ငါးမျှားနည်း စသင်ပေးဖို့ပါ
သူတို့ကို ငါးတွေ ပေးလိုက်ဖို့ထက်စာရင်ပေါ့
နိပါတ်ဟောင်းထဲမှာ "ခင်ဗျား လူတစ်ယောက်ကို ငါးတစ်ကောင်ပေးလိုက်ရင် သူ့ကို တစ်ရက်စာ ကျွေးလိုက်တာ၊
လူတစ်ယောက်ကို ငါးမျှားသင်ပေးလိုက်ရင်တော့ သူကို ဘဝတစ်သက်စာ ကျွေးလိုက်တာပါပဲ" လို့ ဆိုထားတယ်လေ
တကယ်လို့ ကျွန်တော်တို့က ကလေးတွေကို စီးပွားရေးစွမ်းဆောာင်ရှင်တွေဖြစ်အောင် သင်ပေးလိုက်ရင်
အဲဒီလို စရိုက်လက္ခဏာပြတဲ့ကလေးတွေကိုပေါ့
သိပ္ပံဇရှိတဲ့ကလေးကို သိပ္ပံဘာသာယူဖို့ သင်ပေးသလိုပေါ့
စီးပွားစွမ်းဆောင်ရှင် စရိုက်လက္ခဏာရှိတဲ့သူတွေကို တွေ့လို့
သူတို့ကို စီးပွားစွမ်းဆောင်ရှင် ဖြစ်လာအောင် သင်ပေးလိုက်ရင် ဘာေတွေဖြစ်လာမလဲ
ကျွန်တော်တို့ ဒီကလေးတွေအားလုံးကို စီးပွားတွေ ပျံ့ပွားအောင် လုပ်ခိုင်းနိုင်မှာ
အစိုးရက လက်လှမ်းလာမှာကို စောင့်နေတာထက်စာရင်ပေါ့
ကျွန်တော်တို့ လုပ်တာက ကလေးတွေကို သူတို့မလုပ်သင့်တာအားလုံးကိုပဲ ထိုင်ပြီးသင်နေတာ
မရိုက်နဲ့၊ မကိုက်နဲ့၊ မကျိန်နဲ့
အခုတော့ ကျွန်တော်တို့က ကလေးတွေကို အလုပ်အကိုင်ကောင်းတွေနောက်လို်က်ဖို့ပဲ သင်ပေးနေကြတာ
သိကြတဲ့အတိုင်း ကျောင်းစနစ်ကလည်း သူတို့ကို ဘာတွေနောက်ကို လိုက်ဖို့ သင်ပေးနေသလဲဆိုတော့
ဆရာဝန်ကြီးဖြစ်ဖို့တို့၊ ရှေ့နေဖြစ်ဖို့တို့
စာရင်းကိုင်ဖြစ်ဖို့တို့၊ သွားဆရာဝန်ဖြစ်ဖို့တို့
ကျောင်းဆရာဖြစ်ဖို့တို့၊ လေယာဉ်မှှုးဖြစ်ဖို့တို့
သတင်းစာနယ်ဇင်းတွေကလည်းပြောကြတယ် ကျွန်တော်တို့တွေ အပြင်ထွက်ပြီး
မိုဒယ်လုပ်ရင် ဒါမှမဟုတ် အဆိုတော်လုပ်ရင်
ဒါမှမဟုတ် ဆစ်ဒနီခရော့စ်ဘီလို အားကစားသူရဲကောင်း လုပ်ရင် သိပ်ကောင်းတယ်ပေါ့
ကျွန်တော်တို့ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းတွေက ကျွန်တော်တို့ကလေးတွေကို စီးပွားရေးစွမ်းဆောင်ရှင်တွေ ဖြစ်လာအောင် မသင်ပေးကြဘူး
စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကို ကျွန်တော်ရှောင်ခဲ့ရတဲ့ အကြောင်းရင်းကတော့
ကျွန်တော်ဘယ်သင်တန်းကိုမှ ၀င်လို့မရခဲ့တာလည်းတကြောင်း
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မှာ အထက်တန်းကျောင်း ပျမ်းမျှရမှတ်က ၆၁-ရာခိုင်နှုန်းပဲရှိတယ်
အဲဒီ ပျမ်းမျှရမှတ်က ၆၁-ရာခိုင်နှုန်းက
ကျွန်တော့်ကို လက်ခံခဲ့တဲ့ တစ်ခုတည်းသောကျောင်းဖြစ်တဲ့ ကနေဒါက ကာလ်တန်ကျောင်းပါ
ဒါပေမယ့် ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုသင်တန်းကျောင်းက ကလေးတွေကို စီးပွားစွမ်းဆောင်ရှင်တွေဖြစ်အောင် မသင်ပေးပါဘူး
သူတို့က ကလေးတွေကို ကော်ပိုရေးရှင်းတွေမှာ အလုပ်သွားလုပ်ဖို့ပဲ သင်ပေးပါတယ်
ဒါကြောင့် ဒီလို ကုမ္ပဏီမျိုးတွေကို ဘယ်သူက စနိုင်ပါတော့မလဲ၊ ဒီလို ကြံုရာကျဘမ်း လူနည်းစုလောက်ပဲလား
အပျော်ဖတ်စာပေထဲမှာတောင် စာအုပ်တစ်အုပ်တည်းပဲ ကျွန်တော်တွေ့ဖူးသေးတယ်
ဒီစာအုပ်ဟာ ခင်ဗျားတို့အားလုံးရဲ့ ဖတ်ရန်စာအုပ်စာရင်းထဲမှာ ရှိနေသင့်တယ်
ကျွန်တော်တွေ့ခဲ့တဲ့ တစ်ခုတည်းသော စာအုပ်ကတော့
စီးပွားစွမ်းဆောင်ရှင်တွေကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတဲ့ "ကမ္ဘာစောင့်လူသန်ကြီး ပုခုံးရှုံ့ခြင်း" ဆိုတဲ့ စာအုပ်ပါပဲ
လောကမှာရှိသမျှလူအားလုံးက စီးပွားစွမ်းဆောင်ရှင်တွေကိုကြည့်ပြီး
ကျွန်တော်တို့ဟာ လူဆိုးတွေပါ ဆိုပြီး ပြောကြတယ်
ကျွန်တော့်မိသားစုကိုတောင် ကြည့်
ကျွန်တော့်အဘိုးနှစ်ယောက်လုံးက စီးပွားစွမ်းဆောင်ရှင်တွေ၊ ကျွန်တော့အဖေကလည်း စီးပွားစွမ်းဆောင်ရှင်
ကျွန်တော့်အစ်ကိုရယ်၊ အစ်မရယ်၊ ကျွန်တော်ရယ် သုံးယောက်လုံးလည်း ကုမ္ပဏီတွေ ပိုင်ကြတယ်
ကျွန်တော်တို့ ဒါတွေကို စလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း
ဒါဟာ ကျွန်တော်တို့နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်နေလို့ပါပဲ
ကျွန်တော်တို့တွေက သာမန်အလုပ်တွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ ကျွန်တော်တို့ တစ်ယောက်ယောက်အတွက် အလုပ်လုပ်မပေးနိုင်ဘူး
ကျွန်တော်တို့က အလွန့်ကိုခေါင်းမာပြီး ဒီလိို စရိုက်လက္ခဏာတွေလည်း ရှိနေတာကိုး
ဒါပေမယ့် ကလေးတွေလည်း စီးပွားစွမ်းဆောင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်
ကျွန်တော်က တစ်ကမ္ဘာလုံးက အဖွဲ့အစည်း နှစ်ခုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါ
ကမ္ဘာက ခေါ်နေကြတဲ့ စီးပွားစွမ်းဆောင်ရှင်အသင်း နဲ့ လူငယ်ဥက္ကဌများအသင်း တွေပါ
ကျွန်တော် ဘာစီလိုးနားက ဟောပြောပွဲတစ်ခုက ပြန်လာကာစပဲ ရှိပါသေးတယ်
တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်ဥက္ကဌများအသင်း အစည်းအဝေးပါ
ကျွန်တော် ဟိုမှာ ဆုံသမျှလူအားလုံးက
စီးပွားစွမ်းဆောင်ရှင်တွေချည်းပဲ
သူတို့အားလုံး ကျောင်းပညာရေးအတွက် ရုန်းကန်ခဲ့ကြရတဲ့သူတွေချည်းပါပဲ
ကျွန်တော့်မှာ ပတ်ဝန်းကျင် အာရုံမထားနိုင်တဲ့ရောဂါ လက္ခဏာ ၁၉ မျိုးထဲက ၁၈ မျိုးရှိနေတယ်လို့ ရောဂါစစ်ချက်ရထားပါတယ်
ဒီနေရာက ဒါတွေက ကျွန်တော့်ကို စိတ်ချောက်ခြားအောင်လုပ်နေတယ်ဗျာ
(ရယ်မောသံများ)
အခု ကျွန်တော် နည်းနည်း အထိတ်တလန့်ဖြစ်နေရတာလည်း အဲဒါကြောင့်ပဲဖြစ်မယ်
ကျွန်တော်စားခဲ့တဲ့ ကဖင်းဓါတ်နဲ့ သကြားတွေအားလုံးကြောင့် ဖြစ်တာထက်စာရင်ပေါ့
ဒါပေမယ့် ဒါဟာ စီးပွားစွမ်ဆောင်ရှင်တစ်ယောက်အတွက်တော့ စိုးရိမ်စရာပါပဲ
ပတ်ဝန်းကျင် အာရုံမထားတဲ့ ရောဂါတို့၊ စိတ်အတက်အကျမြန်ရောဂါတို့
ခင်ဗျားတို့ သိကြလား၊ စိတ်အတက်အကျမြန်ရောဂါကို အမှုဆောင်အရာရှိချုပ် ရောဂါလို့ နာမည်ပြောင်ပေးထားတာ
တဒ်တန်နာ မှာ အဲဒီရောဂါ ရှိတယ်၊ စတိဗ်ဂျော့ဗ်စ်မှာ အဲဒီရောဂါ ရှိတယ်
နတ်စ်ကိပ်ကုမ္ပဏီ ကိုတည်ထောင်တဲ့သူ သုံးယောက်လုံးမှာလည်း ဒီရောဂါ ရှိတယ်
ကျွန်တော် ဆက်ပြောသွားလို့ ရပါသေးတယ်
ကလေးတွေမှာရောပဲ၊ ကလေးတွေမှာလည်း ဒီ ရောဂါလက္ခဏာတွေ တွေ့ရနိုင်တယ်
ကျွန်တော်တို့ လုပ်တာကတော့ ကလေးတွေကို ရစ်တာလင် စိတ်ငြိမ်ဆေး ပေးလိုက်တယ်၊ ပြီးတော့ ပြောသေးတယ်
"စီးပွားစွမ်းဆောင်ရှင် ပုံစံမျိုး မလုပ်စမ်းပါနဲ့
ဒီ တခြားစနစ်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်လုပ်၊ ကျောင်းသားဖြစ်လာအောင် ကြိုးစားစမ်းပါ" ပေါ့
၀မ်းနည်းပါတယ်၊ စီးပွားစွမ်းဆောင်ရှင်တွေဟာ ကျောင်းသားတွေမဟုတ်ပါဘူး
ကျွန်တော်တို့က လမ်းကြောင်းချတာမြန်တယ်၊ အလုပ်ကို ရှာဖွေဖြေရှင်းတယ်
ကျွန်တော် စာစီစာကုံးတွေ ခိုးတယ်၊ စာမွေးပွဲမှာ ခိုးချတယ်
ကျွန်တော် တက္ကသိုလ်မှာ စာရင်းအင်းဘာသာရပ် ကျောင်းစာတွေကို လုပ်ဖို့ ကလေးတွေကို ငှားတယ်
ကျောင်းစာ ၁၃-ခုလုံး ဆက်တိုက်ပဲ
ဒါပေမယ့် စီးပွားစွမ်းဆောင်ရှင်တစ်ယောက်အနေနဲ့ ခင်ဗျား စာရင်းအင်း မလုပ်ဘူး၊ စာရင်းကိုင်တွေပဲ ငှားတယ်
ဒါကို ကျွန်တော် အစောကြီးကတည်းက သိထားပြီးသား
(ရယ်မောသံများ)
(လက်ခုပ်သံများ)
အနည်းဆုံးတော့ တက္ကသိုလ်မှာ ကျွန်တော် လိမ်ညာခဲ့တာကို ၀န်ခံနိုင်ပါတယ်၊ ခင်ဗျားတို့အများစုကတော့ အဲဒီလို ၀န်ခံမှာ မဟုတ်ပါဘူး
ကျွန်တော့်နာမည်ကို ဖတ်စာအုပ်ထဲမှာ ကိုးကားထားကြတယ်၊ ဖတ်စာအုပ်ရေးတဲ့လူကို ကျွန်တော် ပြောခဲ့တာကိုး
အဲဒီ တက္ကသိုလ် ဖတ်စာအုပ်ထဲမှာပဲ ကျွန်တော်ကို ပြန်ထည့်ထားကြတယ်
ကနေဒီယန်း တက္ကသိုလ်တိုင်းနဲ့ ကောလိပ်တိုင်းက ဘာသာရပ်တွေမှာ ပါတယ်
စီမံခန့်ခွဲမှု စာရင်းအင်းပညာဆိုရင် ကျွန်တော်က အခန်း-၈ မှာပါတယ်
ငွေကြေးသုံးစွဲမှုအကြောင်းပြောထားတဲ့ အခန်း-၈ ကို ကျွန်တော် ဖွင့်ပေးတာ
ဖတ်စာအုပ်ရေးတဲ့သူကို အဲဒီ သင်ခန်းစာကို ကျွန်တော် ခိုးချခဲ့တဲ့ အကြောင်း သူတို့ ကျွန်တော့်ကို အင်တာဗျူးတုန်းက ပြောလိုက်သေးတယ်
သူက အဲဒါဟာ ရယ်စရာကောင်းလွန်းတယ် ထင်လို့ မဖြစ်မနေ ပါအောင်လုပ်ခဲ့တာ
ဒါပေမယ့် ကလေးတွေမှာ ဒီလို စရိုက်လက္ခဏာတွေ တွေ့ရနိုင်တယ်
စီးပွားစွမ်းဆောင်ရှင်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က "
"စီးပွားရေးလုပ်ငန်းတစ်ခုကို စုစည်းသူ၊ လည်ပတ်အောင်ဆောင်ရွက်သူ၊ အရှုံုးကို ကြိုတင်တွက်ထားတဲ့လူ" တဲ့
ခင်ဗျားတို့ စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကို သွားတက်ရမယ်လို့လဲ မဆိုလိုဘူး
ကျောင်းပြီးရမယ်လို့လည်း မဆိုလိုဘူး
ခင်ဗျားတို့ အူထဲအသဲထဲမှာ အဲဒီဟာ တချို့ကို မှန်ကန်တဲ့ ခံစားမှုလေးရှိရမယ်လို့ပဲ ဆိုလိုတာပါ
အဲဒါတွေက တမင်မွေးမြူရမှာလား၊ သူ့အလိုလို ဖြစ်လာမှာလားဆိုတာတွေလည်း ကျွန်တော်တို့ ကြားကြမှာပါ
အဲဒါက ပထမဟာလား၊ ဒုတိယဟာလား၊ ဘာလဲ
အင်း ကျွန်တော်ကတော့ တစ်ခုမဟုတ်တစ်ခုလို့ မထင်ဘူး၊ ၂-ခုလုံးဖြစ်နိုင်တယ်လို့ ထင်တာပဲ
ကျွန်တော့်ကို စီးပွားစွမ်းဆောင်ရှင်တစ်ယောက် အသွင်အပြင်ပေါက်အောင် ပြင်ဆင်ပေးခဲ့ကြတယ်
ကျွန်တော် ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းနေတုန်းကဆိုတော့ ရွေးချယ်စရာ မရှိခဲ့ဘူးလေ
ကျွန်တော့်ကို အရမ်းငယ်သေးတဲ့ အရွယ်မှာကို သင်ပေးခဲ့ကြတာ
ကျွန်တော်အံဝင်ခွင်ကျ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော့်အဖေ နားလည်သွားတဲ့ အချိန်
ကျွန်တော့်ကို ကျောင်းမှာ သင်ပေးနေတဲ့ဟာ အားလုံးပေါ့
ငယ်ငယ်ကတည်းက စီးပွားရေးကို ရှာဖွေဖြေရှင်းတတ်အောင် သူသင်ပေးမယ် ဆိုပြိးတော့ပေါ့
သူ ကျွန်တော်တို့ ၃-ယောက်လုံးကို သေချာပုံသွင်းတယ်၊
အလုပ်တစ်ခု ရှိဖို့ဆိုတဲ့ အတွေးကို မုန်းတတ်အောင်နဲ့
ကျွန်တော်တို့က တခြားလူတွေကို ခန့်ထားလို့ရတဲ့ ကုမ္ပဏီတွေ ဖန်တီးရတာကို ချစ်မြတ်နို်းဖို့ပါ
ကျွန်တော့်ရဲ့ ပထမဆုံး စီးပွားရေးလုပ်ငန်းလေးက ၀င်နီပဂ်မြို့မှာ၊ ကျွန်တော် ရ-နှစ်သားပဲရှိသေးတယ်
ကျွန်တော်က ကြိုးရှည်ရှည် တယ်လီဖုန်း ကြီးနဲ့ အိပ်ခန်းထဲမှာ လှဲနေရင်း
၀င်နီပဂ် မှာရှိသမျှ အဝတ် အခြောက်လျှော်ပေးတဲ့လူတွေဆီကို ဖုန်းတွေခေါ်နေတာ
အဲဒီ အခြောက်လျှော်တဲ့လူတွေ
အင်္ကျီချိတ်တွေအတွက် ဘယ်လောက်များပေးကြမလဲ ဆိုတာ သိရဖို့အတွက်ပါ
အဲဒီမှာ ကျွန်တော့်အမေက အခန်းထဲဝင်လာပြီး ပြောတယ်
"အခြောက်လျှော်တဲ့လူတွေဆီရောင်းဖို့ အင်္ကျီချိတ်တွေကို မင်း ဘယ်ကသွားယူမှာတုန်း" တဲ့
ကျွန်တော်ကပြောလိုက်တယ် "မြေအောက်ထပ်မှာ သွားကြည့်ရအောင်လေ" လို့
ကျွန်တော်တို့ မြေအောက်ခန်းကို ဆင်းသွားတယ်၊ ကျွန်တော် ဒီဘီရိုကို ဖွင့်ပြလိုက်တယ်
အဲဒီမှာ ကျွန်တော်စုထားတဲ့ အင်္ကျီချိတ်တွေ ၁-ထောင်လောက်ရှိတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကလေးတွေနဲ့ သွားကစားမယ်လို့ အမေ့ကို ပြောပြီး
ကျွန်တော်က အိမ်နီးနားချင်းအိမ်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ အင်္ကျီချိတ်တွေလိုက်ယူနေတာ
ပြီးရင် ပြန်ရောင်းဖို့ မြေအောက်ထပ်မှာ ထားတယ်
ပြီးခဲ့တဲ့ ၂-ပတ် ၃-ပတ်လောက်က အမေလုပ်တာ ကျွန်တော်မြင်ထားတာကိုး
ပိုုက်ဆံရနိုင်တယ်ပေါ့၊ သူတို့က အင်္ကျီချိတ်တစ်ချိတ်ကို ၂-ပြား ပေးလေ့ပေးထရှိတယ်
အဲဒီတော့ ကျွန်တော်က အင်း...အင်္ကျီချိတ်တွေက မျိုးစုံရှိနေတာပဲပေါ့
အဲဒီလိုနဲ့ ကျွန်တော် သွားယူထားလိုက်တာ
ကျွန်တော်သိတယ်၊ အမေက ကျွန်တော့်ကို ချိတ်တွေ သွားယူစေချင်မှာ မဟုတ်ဘူး၊ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး ယူထားလိုက်တာ
အဲဒီမှာ တကယ်တော့ လူတွေနဲ့ ညှိနှိုင်းလို့ရတယ်ဆိုတာ ကျွန်တော် သိလာတယ်
လူတစ်ယောက်ဆို ကျွန်တော့်ကို တစ်ချိတ် ၃-ပြားနဲ့ပေးတာ၊ ကျွန်တော်က ၃-ပြားခွဲရအောင် တောင်းလိုက်တယ်
ကျွန်တော် ရ-နစ်သားမှာတောင် ဒါကို သိနေတယ်
၁-ပြားရဲ့ အပိုင်းဂဏန်းလေးတွေကနေတောင် ကျွန်တော် ပိုက်ဆံ ရနိုင်တယ်ဆိုတာ
လူတွေကလည်း ဒါကိုပေးမှာပဲ၊ မြှောက်လိုက်ရင် သူတို့အတွက်လဲ အများကြီးဖြစ်သွားတာကိုး
၇-နှစ်သားမှာကတည်းက ကျွန်တော်ဒါကို သိနေပြီ၊ ကျွန်တော် အင်္ကျီချိတ် ၁-ထောင်လုံးအတွက် ၃-ပြားခွဲစျေးနဲ့ ရခဲ့တယ်
နောက် ကျွန်တော် ကားလိုင်စင်ပြား အကာကို အိမ်ပေါက်စေ့လိုက်ရောင်းတယ်
ကျွန်တော့်အဖေက ကျွန်တော့်ကို တစ်ယောက်ယောက်ကို သွားရှာခိုင်းသေးတယ်
အဲဒါတွေကို လက်ကားစျေးနဲ့ ရောင်းပေးနိုင်မယ့်လူကိုပေါ့
၉-နှစ်သားအရွယ်မှာ ကျွန်တော် ဆဒ်ဘာရီ မြို့ကိုပတ်ပြီး လျှေက်သွားတယ်
ကားလိုင်စင်ပြား အကာကို အိမ်ပေါက်စေ့လိုက်ရောင်းရင်းနဲ့ပေါ့
ကျွန်တော် ဖောက်သည်တစ်ယောက်ကိုတော့ ထင်ထင်ရှားရှားကြီး မှတ်မိသေတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဒီဖောက်သည်တွေနဲ့ တခြားဟာတွေ ရောင်းတာလည်း ရှိနေတာကိုး
ကျွန်တော် သတင်းစာရောင်းခဲ့သေးတယ်
သူ ကျွန်တော့်ဆီက ဘယ်တော့မှ သတင်းစာ မဝယ်ဘူး
ဒါပေမယ့် သူ့ကို ကားလိုင်စင်ပြား အကာ ရအောင်ရောင်မယ်ဆိုပြီး ကြံထားတယ်
သူကတော့ "ငါတို့ မလိုပါဘူးကွာ" တဲ့၊ အဲဒီလိုမျိုး
ကျွန်တော်ကပြောတယ် "'ဒါပေမယ့် ဦးလေးမှာ ကား ၂-စီးတောင်ရှိနေတယ်လေ" လို့၊ ကျွန်တော်က ၉-နှစ်သားနော်..
ကျွန်တော်ကလည်း "'ဒါပေမယ့် ဦးလေးမှာ ကား ၂-စီးရှိပြီး တစ်စီးမှာမှ ကားလိုင်စင်ပြား အကာ မရှိဘူး" ပေါ့
သူကလည်းပြောတယ် "ငါ သိတယ်" တဲ့
ကျွန်တော်ကပြောတယ် "ဒီကားက လိုင်စင်ပြားဆို တွန့်ကြေ နေပြီ" လို့
သူကပြောတယ် "အေး၊ အဲဒါ ငါ့မိန်းမ ကား" တဲ့၊ ကျွန်တော်က ပြောတယ် "ကျွန်တော်တို့ တစ်ခုလောက် စမ်းကြည့်ရအောင်လား" ပေါ့
"ဦးလေးမိန်းမရဲ့ ရှေ့ ကားလိုင်စင်ပြားမှာ စမ်းလိုက်၊ အဲဒါ တာရှည်ခံသလားဆိုတာ ကြည့်ပေါ့" လို့
ကား ၂-စီးမှာ လိုင်စင်ပြား ၂-ခုစီရှိတာ ကျွန်တော်သိတယ်နော်
လေးခုစာလုံးအတွက် မရောင်းရရင်တောင် အနည်းဆုံး တစ်ခုတော့ ရောင်းရနိုင်တယ်
အဲဒါကို ကျွန်တော် ငယ်ငယ်ကတည်းက သိနေတယ်
ကျွန်တော် ကာတွန်းစာအုပ်တွေလည်း လက်လှည့်ရောင်းခဲ့တယ်
ကျွန်တော် ၁၀-နှစ်သားလောက်မှာ ကာတွန်းစာအုပ်တွေရောင်းတယ်
ဂျော်ဂျီယန် ပင်လယ်ကွေ့ပေါ်က ကျွန်တော်တို့ တစ်ထပ်တိုက်အိမ်လေးရဲ့အပြင်ဘက်မှာပေါ့
ကျွန်တော် ကမ်းခြေ အဆုံးထိ စက်ဘီးစီးသွားပြီး
ဆင်းရဲတဲ့ကလေးတွေဆီကနေ ကာတွန်းစာအုပ်တွေ အကုန်ဝယ်တယ်
ပြီးရင် ကျွန်တော် ကမ်းခြေတခြားတစ်ဘက်စွန်း ပြန်သွားပြီး ချမ်းသာတဲ့ကလေးတွေကို ကာတွန်းတွေ ရောင်းတယ်
အဲဒါကတော့ ကျွန်တော့်အတွက် သိသာပါတယ်၊ ဟုတ်တယ်မှတ်လား၊ စျေးနည်းနည်းနဲ့ဝယ်ပြီး စျေးမြင့်မြင့်နဲ့ ပြန်ရောင်းတာ
ပိုက်ဆံရှိတဲ့ဟိုဘက်မှာက ဒီ ၀ယ်လိုအားက ရှိနေတာကိုး
ဆင်းရဲတဲ့ ကလေးတွေကို ရောင်းဖို့မကြိုးစားနဲ့၊ သူတို့မှာ ပိုက်ဆံမရှိဘူး၊ ချမ်းသာတဲ့ လူတွေမှာ ပိုက်ဆံရှိတယ်၊ အဲဒီမှာ ပိုက်ဆံ နည်းနည်းလောက်သွားယူ။
ဒါက သိသာတယ်၊ ဟုတ်တယ်နော်
အဲဒါက စီးပွားပျက်ကပ် လိုပဲ၊ အဲဒီမှာ စီးပွားပျက်နေတယ်
ယူအက်စ် စီးပွားရေးမှာ ဒေါ်လာ ၁၃-ထရီလီယံ လောက် လည်ပတ်နေတုန်းပဲ
အဲဒါကို သွားယူကြပါ၊ အဲဒါကို ကျွန်တော် ငယ်ငယ်ကတည်းက သိနေတယ်
ကိုယ့်ရဲ့ ၀ယ်ရင်းနေရာကို မပြရဘူးဆိုတာလည်း ကျွန်တော် သိတယ်
ဘာဖြစ်လို့လဲဆိုတော့ အဲဒါကိုလုပ်နေရင်းနဲ့ ၄-ပတ်လောက် ကြာတော့မှ ကျွန်တော် အတွယ်ခံလိုက်ရတယ်
ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့ကလေးတွေက ကျွန်တော် ကာတွန်းစာအုပ်တွေ ဘယ်က ၀ယ်နေတာလဲဆိုတာ သိသွားကြလို့ပါ
အများကြီးပိုပေးနေရတယ်ဆိုတဲ့ အချက်ကို သူကမကြိုက်ဘူး
ကျွန်တော် ၁၀-နှစ်သားလောက်မှာ စာရွက်ဝယ်တဲ့ လမ်းကြောင်းတစ်ခုရဖို့ ဖိအားပေးခံရသေးတယ်
ကျွန်တော် စာရွက်ဝယ်တဲ့ လမ်းကြောင်းတစ်ခု မလိုချင်ခဲ့ပါဘူး
ဒါပေမယ့် ကျွန်တော် ၁၀-နှစ်သားမှာ အဖေက ပြောတယ် "ဒါဟာ မင်းရဲ့ နောက်စီးပွားရေး ဖြစ်မှာနော်" တဲ့
အဲဒါနဲ့ သူက ကျွန်တော့်ကို စီးပွားရေးတစ်ခု ရှာပေးရုံတင်မကဘူး ကျွန်တော်က တော့ ၂-ခု ရမှဖြစ်မှာ
သူက စာရွက် တစ်ဝက်လောက်ကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို ငှားစေချင်တယ်
အဲဒါကိုတော့ ကျွန်တော် လုပ်ပေးလိုက်တယ်၊ အဲဒီမှာ သိလိုက်ရတာက ဘောက်ဆူး အပိုငွေတွေ ရတာဟာ ပိုက်ဆံအများစုပဲ ဆိုတာကိုပေါ့
အဲဒါနဲ့ ကျွန်တော်က ဘောက်ဆူး အပိုငွေလည်းယူ၊ ပုံမှန်ပေးတဲ့ဟာလည်း ရပေါ့
ဒါနဲ့ ကျွန်တော် က စာရွက်တွေ အကုန်သွားစု
သူကတော့ စာရွက်တွေကို ပို့ပေးရုံပဲပေါ့
နောက်ပိုင်း ကျွန်တော် ပိုက်ဆံရှာနိုင် တယ်ဆိုတာ နားလည်သွားတာကိုး
ဒီနေရာမှာ ကျွန်တော်ကတော့ လုံးဝ သူများဝန်ထမ်းမလုပ်ဘူး ဆိုတာပဲ
(ရယ်မောသံများ)
ကျွန်တော့်အဖေက မော်တော်ကားနဲ့ စက်ပစ္စည်း ပြင်ဆိုင် ပိုင်တယ်
သူ့ဆီမှာ မော်တော်ကား အစိတ်အပိုင်းအဟောင်းတွေ ဟိုဟိုဒီဒီ ပုံထားတာတွေ ရှိတယ်
အဲဒီပစ္စည်းတွေထဲမှာ ဒီ ကြေးဝါ ကြေးနီတွေရှိိတယ်
အဲဒါနဲ့ ကျွန်တော်က အဲဒါတွေကို အဖေဘာလုပ်ပစ်လဲ မေးတော့ သူက လွှင့်ပစ်လိုက်တာပဲလို့ ပြောတယ်
ကျွန်တော်က ပြောတယ် "ဒါပေမယ့် တစ်ယောက်ယောက်များ အဲဒါတွေအတွက် အဖေ့ကို မပေးချင်ဘူးလား" ဆိုတော့ သူက ပြောတယ် "ပေးချင်ပေးမှာပေါ့" တဲ့
ကျွန်တော် ၁၀-နှစ်သား ဆိုတာ သတိရကြနော်..ဒါဆို လွန်ခဲ့တဲ့ ၃၄-နှစ်ကပေါ့
အဲဒီပစ္စည်းတွေထဲမှာ ကျွန်တော် အခွင့်အလမ်းကို မြင်တယ်
အမှိုက်ပုံထဲမှာ ပိုက်ဆံတွေ ရှိတယ်ဆိုတာ ကျွန်တော် မြင်တယ်
အဲဒါတွေကို အဲဒီရိယာမှာရှိသမျှ မော်တော်ကားဆိုင်တွေမှာ စက်ဘီးလေးနဲ့ လိုက်ဝယ်တော့တာ
ကျွန်တော့်အဖေကတော့ စနေနေ့တွေမှာ
ကျွန်တော် ပိုက်ဆံရနေတဲ့ သတ္တုစတွေ ပြန်သန့်စင်တဲ့သူဆီ ကားမောင်းပြီး လိုက်ပို့ပေးတယ်
ဒီလို အဖေလိုက်ပို့ ပေးတာက သိပ်ကောင်းတာပေါ့
ထူးဆန်းတာကတော့ နှစ်-၃၀ အကြာမှာ ကျွန်တော်တို့ဟာ ၁-၈၀၀-တိုလီမုတ်စ ရှင်းလင်းရေး ကုမ္ပဏီကို တည်ထောင်ဖြစ်လာတယ်
အဲဒီကနေလည်း ပိုက်ဆံတွေ ရနေတယ်
ဒီ အပ်ထိုးဖော့တုံးတွေကို ကျွန်တော် ၁၁ နှစ်သားအရွယ် ကင်းထောက်လူငယ်အဖွဲ့မှာတုန်းက လုပ်ခဲ့တာ
ဒီ အပ်ထိုးဖော့တုံးတွေကို ကျွန်တော်တို့ အမေတွေအတွက် အမေများနေ့အမှတ်တရ လုပ်ပေးခဲ့တာ
အပ်ထိုးဖော့တုံးတွေကို အဝတ်ညှပ်တဲ့ သစ်သား ကလစ်ကလေးတွေကနေ လုပ်ထားတာ
အိမ်ပြင်က အဝတ်တန်းမှာ အဝတ်တွေကို လှမ်းရင် သုံးတာလေ
အဲဒါတွေနဲ့ ဒီကုလားထိုင်လေးတွေကို လုပ်ထားတာ
ကျွန်တော့်ဆီမှာ ကျွန်တော်ချုပ်ထားတဲ့ ခေါင်းအုံးသေးသေးလေးတွေရှိတယ်
အဲဒီမှာ ပင်အပ်ကလေးတွေကို ထိုးထားလို့ရတယ်
ဘာဖြစ်လို့လဲဆိုတော့ လူတွေက အဝတ်ချုပ်လေ့ရှိတော့ အပ်ထိုးဖော့တုံးတွေ လိုကြတယ်
ဒါပေမယ့် ကျွန်တော်နားလည်ထားတာက ကျွန်တော်တို့မှာ ရွေးချယ်စရာ ရှိရမယ်ပေါ့
ဒါကြေင့် ကျွန်တော်က အားလုံးကို အပြံုလိုက် အညိုရောင် မှုတ်ဆေးနဲ့ မှုတ်လိုက်တယ်
ပြီးတော့ ကျွန်တော် အိမ်တွေမှာ သွားရောင်းရင် "တစ်ခုလောက်များ ၀ယ်ချင်ပါသလား" လို့ မမေးပါဘူး
"ဘယ်အရောင်များ ကြိုက်ပါသလဲခင်ဗျာ" တဲ့
ကျွန်တော်က ၁၀-နှစ်သားဆိုပေးမယ့် ခင်ဗျားတို့ကတော့ မဝယ်ဘူးလို့ ကျွန်တော့်ကို ပြောမှာမဟုတ်ဘူး
အထူးသဖြင့် ရွေးစရာ နှစ်ခုလောက်ရှိရင်ပေါ့၊ အညိုရောင်လေးလား ဒါမှမဟုတ် ဆေးမှုတ်မထားတဲ့ အကြည်လေးလား
အဲဒီသင်ခန်းစာကို ကျွန်တော် ငယ်တဲ့အရွယ်ကတည်းက သိနေပြီ
ပြီးတော့ လူအားသုံးလုပ်ရတဲ့အလုပ်ဟာ မစွံမှန်း ကျွန်တော်သိတယ်
ဟုတ်တယ်နော်၊ မြက်ရိတ်တာလိုဟာမျိုးက ကြမ်းတမ်းပါတယ်
ဒါပေမယ့် ကျွန်တော်ကတော့ တနွေလုံး အိမ်နီးနားချင်းအားလုံးအတွက် မြက်ရိတ်ခဲ့ရတယ်၊ အဲဒီအတွက်လည်း ပိုက်ဆံရပါတယ်
နောက်တစ်ခု ကျွန်တော်နားလည်တာက
ဖောက်သည် တစ်ယောက်တည်းဆီကနေ ၀င်ငွေထပ်ရတာဟာ အံ့သြစရာဆိုတာပါပဲ
ဆိုလိုတာက ဒီဖောက်သည်အိမ်မှာ တစ်ခါ အလုပ်ရလိုက်တယ်ဆိုရင်
ကျွန်တော်ကတော့ အဲဒီလူဆီကနေ အပတ်စဉ် ပိုက်ဆံရနေတာပဲပေါ့
ဒီနည်းလမ်းက ပိုကောင်းတယ်နော်
လူတစ်ယောက်ချင်းစီကို ပင်အပ်တစ်ချောင်းချင်းစီ ရောင်းနေတာထက်စာရင်
ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ထပ်ရောင်းလို့ မရတော့ဘူးလေ
အဲဒီ ၀င်ငွေထပ်ရတဲ့ ပုံစံကို ကျွန်တော် ကြိုက်သွားတယ်၊ ဒါကြောင့် ငယ်ငယ်ကတည်းက အဲဒါကို စပြီး လေ့လာခဲ့တယ်
ကျွန်တော်ကို ဒါမျိုးလုပ်ဖို့ ပျုစုပျိုးထောင်ပေးထားတယ်ဆိုတာလဲ အမှတ်ရကြပါ၊ ကျွန်တော်ကို သူများအလုပ် လုပ်ဖို့ ခွင့်မပြုထားဘူး
ကျွန်တော် ဂေါက်အိတ်လည်းထမ်းတယ်၊ ဂေါက်ကွင်းသွားပြီး လူတွေအတွက် ဂေါက်အိတ်ထမ်းပေးတယ်
ကျွန်တော်တို့ ဂေါက်ကွင်းမှာ တောင်ကုန်းတစ်ခုရှိတယ်ဗျာ
တွင်းနံပါတ်-၁၃ က အဲဒီတောင်ကြီးမှာ ရှိနေတာ
လူတွေက သူတို့အိတ်တွေကို အဲဒီတောင်ပေါ် မသယ်နိုင်ကြဘူး
အဲဒီမှာ ကျွန်တော်က မြက်ရိတ်စက်ကားနဲ့ စောင့်တယ်
ဂေါက်အိတ်ထမ်းပေးမယ့်လူမရှိတဲ့ သူတွေအားလုံးကို ကျွန်တော်က တင်ခေါ်သွားတယ်
သူတို့ ဂေါက်အိတ်ကို တောင်ထိပ်ရောက်အောင် သယ်ပေးတယ်၊ သူတို့က ကျွန်တော့်ကို ၁ ဒေါ်လာပေးတယ်
တစ်ချိန်တည်းမှာပဲ ကျွန်တော့်သူငယ်ချင်းတွေက ၅-နာရီလုံးလုံး အလုပ်လုပ်ရတယ်
တစ်ယောက်ယောက်ရဲ့အိတ်ကို ဟိုဟိုဒီဒီ လိုက်သယ်ပေးပြီင်္းမှ ၁၀ ဒေါ်လာလောက်ရတာ
ကျွန်တော်က "၅-နာရီလုံးလုံး အလုပ်လုပ်ပေးရတယ်ဆိုတာ ညံ့တယ်" ပေါ့
"'ဒါ လုံးဝ အဓိပ္ပါယ်မရှိဘူး" ပေါ့၊ ပိုက်ဆံများများ မြန်မြန်ရဖို့ နည်းလမ်းတစ်ခုတော့ စဉ်းစားရမယ်ပေါ့
အပတ်တိုင်း ကျွန်တော် လမ်းထိပ်က စတိုးဆိုင်သွားပြီး အချိုရည်ပုလင်းတွေ အကုန်ဝယ်တယ်
ပြီးရင် ဘရစ်ဂျ်ဖဲ ကစားနေတဲ့ အသက်-၇၀ အဖွားကြီးတွေအတွက် တောင်ပေါ်တက်ပြီး ပို့ပေးတယ်
သူတို့က နောက်အပတ်အတွက် ကျွန်တော့်ကို ထပ်ပြီးမှာကြတယ်
ကျွန်တော်က အချိုရည်ပုလင်းလေး ပို့ပေးရုံနဲ့ နှစ်ဆတောင်းတာနော်
ကျွန်တော်မှာ ဒီလို အပိုင်ရထားတဲ့ စျေးကွက်လေးတွေ ရှိတယ်. စာချုပ်တွေဘာတွေ မလိုဘူး
ရောင်းလိုအား ၀ယ်လိုအား ရှိဖို့ပဲလိုတယ်
ခင်ဗျားတို့ပစ္စည်းကို ၀ယ်မယ့် ဒီပရိတ်သတ် ရှိဖို့ပဲလိုတယ်
ဒီအဖွားကြီးတွေက ဘယ်သူ့ဆီကမှ ၀ယ်မှာ မဟုတ်တော့ဘူး
သူတို့က ကျွန်တော့်ကို ကြိုက်တယ်၊ ဒါကို ကျွန်တော်က တွက်မိတယ်
ကျွန်တော် ဂေါက်ကွင်းတွေ သွားရင် ဂေါက်သီးတွေ ရတယ်
ဒါပေမယ့် လူတိုင်းက ခြံုပုတ်တွေထဲမှာ ရှာကြတယ်
ဂေါက်သီးတွေကို မြောင်းတွေထဲမှာ ရှာကြတယ်
ကျွန်တော်ကျတော့ လှည့်တွေးတယ်၊ ဂေါက်သီး အားလုံးက ရေကန်ထဲမှာပေါ့
ဘယ်သူမှ ရေကန်ထဲမဆင်းဘူးလေ
ကျွန်တော်က ရေကန်ထဲဆင်းတယ်၊ တွားသွားပြီးလျှောက်စမ်းတယ်၊ ပြီးရင် ကျွန်တော့် ခြေချောင်းလေးတွေနဲ့ ကောက်တယ်
ခြေဖဝါးနှစ်ဖက်လုံးနဲ့ ဂေါက်သီးတွေကောက်ရတာ
ဒါကို ဒီ စင်ပေါ်မှာ လုပ်ပြလို့မရဘူး
ဂေါက်သီးတွေ ရလာရင် ရေချိုးဝတ်စုံ ကိုယ်ပိုင်းထဲကို ပစ်ထဲ့ထားလိုက်
ရှာလို့ပြီးသွားတဲ့အချိန်ကျရင် ဂေါက်သိး ၂၀၀ နီးပါးလောက် ရနေပြီ
ဒါပေမယ့် ပြဿနာက လူတွေက ဂေါက်သီးအဟောင်းတွေ မလိုချင်ကြဘူး
ဒါနဲ့ ကျွန်တော်က အထုပ်တွေ ထုပ်တယ်၊ ကျွန်တော ၁၂-နှစ်လောက်ရှိပြီ၊ ဟုတ်တယ်
ဂေါက်သီးတွေကို နည်းလမ်း ၃-မျိုးနဲ့ အထုပ်ထုပ်တယ်
ကျွန်တော့်မှာ အဲဒီတုန်းက ပင်နက်ကယ်လ်စ် တို့ ဒီဒီအိတ်ချ် တို့၊ တကယ့် ဂေါက်သီးအကောင်းစားတွေ ရှိတယ်
အဲဒါတွေကို တစ်လုံး ၂-ဒေါ်လာနဲ့ ရောင်းတယ်
ပြီးရင် ကျွန်တော့်မှာ သိပ်ပုံမပျက်တဲ့ ဂေါက်သီးကောင်းကောင်းတွေရှိတယ်၊ အဲဒါတွေကိုတော့ တစ်လုံး ၅-မူးနဲ့ရောင်းတယ်
ချာတူးလံ ဂေါက်သီးအာလုံးကိုတော့ တစ်ကြိမ် ငါးမူးနဲ့ ရောင်းတယ်
သူတို့က အဲဒီဂေါက်သီးတွေကို လေ့ကျင့်ဂေါက်သီးအနေနဲ့ သုံးလို့ရတယ်
ပြီးတော့ ကျွန်တော် ကျောင်းနေတုန်းက နေကာမျက်မှန်ရောင်းတယ်
အထက်တန်းကျောင်းက ကလေးအားလုံးကို ရောင်းတာ်
အဲဒါက လူတိုင်း ခင်ဗျားကို မုန်းတဲ့ဟာကို တကယ်ရတာမျိုး
ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက တစ်ချိန်လုံး ကိုယ့်သူငယ်ချင်းတွေဆီကနေ ပိုက်ဆံတွေ ဆွဲထုတ်ဖို့ ကြိုးစားနေတာကိုး
ဒါပေမယ့် အဲဒါက ငွေတောင်းခံလွှာတွေကို ပိုက်ဆံရှင်းပေးနေတာ
ကျွန်တော် နေကာမျက်မှန်တွေ အများကြီးပဲ ရောင်းခဲ့တယ်
နောက်တော့ ကျောင်းက ကျွန်တော့်ကို ပိတ်လိုက်တယ်
ကျောင်းက ကျွန်တော့်ကို ရုံးခန်းထဲ တကယ်ခေါ်ပြီး ကျွန်တော် ဒါမျိုး လုပ်လို့မရဘူးဆိုပြီး ပြောတာ
အဲဒါနဲ့ ကျွန်တော် ဓါတ်ငွေ့ဆိုင်တွေကိုသွားတယ်
နေကာမျက်မှန်တွေ အများကြီးကို ကျွန်တော် ဓါတ်ငွေ့ဆိုင်တွေကိုရောင်းလိုက်တယ်
ဓါတ်ငွေ့ဆိုင်တွေကမှ သူတို့ဖောက်သည်တွေကို မျက်မှန်တွေ ပြန်ရောင်းခိုင်းလိုက်တာ
တကယ်ကောင်းတယ်ဗျာ၊ နောက်တော့ ကျွန်တော့်မှာ လက်လီဆိုင်လေးတွေ ရှိလာတယ်
ကျွန်တော် ၁၄-နှစ် ရှိပြီထင်တယ်
ကျွန်တော် ကာလ်တန် တက္ကသိုလ် ပထမနှစ် တစ်လျှောက်လုံး ဒီလိုပဲ (ကုန်ကျစရိတ်တွေကို) ပေးသွားတာ
၀ိုင်ပုလင်းသယ်တဲ့အိတ် တွေ တစ်အိမ်တက်ဆင်း လိုက်ရောင်းတာကနေ ပေးတာ
၀ိုင်ပုလင်းသယ်တဲ့အိတ်က ရမ်အရက် ၄၀-အောင်စ ရှိတဲ့ တပုလင်းစာနဲ့
ကိုကာ ၂-ပုလင်း ဆန့်တယ်ဆိုတာ သိကြတယ်ထင်တယ်၊ အဲဒီတော့ ဘာလုပ်ရမှာလဲပေါ့၊ ဟုတ်ရဲ့လား
ဒါပေမယ့် ဘာလုပ်လို့ရလဲဆိုတော့ အဲဒီအိတ်ကို ဘောင်းဘီထဲကို ထိုးထည့်ပြီး
ဘောလုံးပွဲထဲ သွားကြည့်တဲ့အခါ ကောင်းကောင်းကြီး အလကား မူးလို့ရတယ်လေ
ဒါကြောင့် လူတိုင်းက ၀ယ်ကြတာ
ရောင်းလိုအား၊ ၀ယ်လိုအား၊ အခွင့်အလမ်း ကြီးကြီးနဲ့ပေါ့
ကျွန်တော်က အဲဒါကို နာမည်တွေဘာတွေပေးပြီး သာမန် ကုန်ကျစရိတ်ထက် ၅-ဆလောက် တင်ပြီးရောင်းခဲ့တာ
အိတ်ပေါ်မှာ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ တံဆိပ်ပါတယ်
ကျွန်တော်တို့တွေက ကလေးတွေကို ကစားနည်းတွေ သင်ပေးပြီး ကစားစရာတွေ ၀ယ်ပေးကြတယ်
ဒါပေမယ့် ကျွန်တော်တို့ ဘာဖြစ်လို့ သူတို့ကို ကစားစရာတွေ မလုပ်ခိုင်းတာလဲ၊ သူတို့သာ စီးပွားစွမ်းဆောင်ရှင် ကလေးတွေဆိုရင်
အဲဒီလို လုပ်ပေးတာ စီးပွားစွမ်းဆောင်ရှင်ဖြစ်ဖို့ လိုအပ်တဲ့ စရိုက်လက္ခဏာတွေကို ပြုစုပျိုးထောင်ပေးရာ မရောက်ဘူးလား
ဘာဖြစ်လို့ ခင်ဗျားတို့ ကလေးတွေကို ပိုက်ဆံ မဖြုန်းအောင် မသင်ပေးကြတာလဲ
ကျွန်တော် မှတ်မိသေးတယ်၊ အယ်လ်ဘာတာ က ဘန့်ဖ် လမ်းမအလယ်ကို ထွက်သွားဖို့ အပြောခံရသေးတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လမ်းပေါ်ကို ပြားစေ့တစေ့လွှင့်ပစ်လိုက်လို့
အဲဒါ ကျွန်တော့်အဖေက ပြောရော "သွားပြန်ကောက်စမ်း" ပေါ့
သူကပြောတယ် "ငါ ပိုက်ဆံရဖို့ ပင််ပန်းဆင်းရဲကြီးကြီးနဲ့ အလုပ်လုပ်ရတာ၊ မင်းတို့ ပြားစေ့တစေ့ ဖြုန်းတာကိုတောင် ကြည့်နေမှာ မဟုတ်ဘူး" တဲ့
အဲဒီ သင်ခန်းစာ ကို ကျွန်တော် ဒီနေ့အထိ မှတ်မိနေတယ်
မုန့်ဖိုးပဲဖိုးတွေက ကလေးတွေကို မှားယွင်းတဲ့ အကျင့်စရိုက်တွေ သင်ပေးတယ်
မုန့်ဖိုးပဲဖိုးဆိုတာ သူ့သဘာဝကိုက ကလေးတွေကို
အလုပ်တစ်ခုလုပ်ဖို့ စဉ်းစားလာအောင် သင်ပေးသလိုဖြစ်နေတယ်
စီးပွားစွမ်းဆောင်ရှင်ဆိုတာ ပုံမှန် လခ ကို မျှော်လင့်နေတာ မဟုတ်ဘူး
မုန့်ဖိုးပဲဖိုး ဆိုတာက ကလေးတွေကို ငယ်တဲ့အရွယ်မှာတင်
ပုံမှန် လစာလေး မျှော်လင့်ဖို့ မွေးထုတ်ပေးသလိုဖြစ်နေတယ်
တကယ်လို့ ခင်ဗျားတို့က စီးပွားစွမ်းဆောင်ရှင်တွေကို ပျိုးထောင်ပေးချင်တယ်ဆိုရင် ဒီလိုလုပ်တာဟာ ကျွန်တော့်အတွက်တော့ မှားတယ်
ကျွန်တော့်ကလေးတွေကို အခု ဘာလုပ်ပေးသလဲ ပြောမယ်၊ ကျွန်တော့်မှာ ကလေး ၂-ယောက်ရှိတယ်၊ ၉-နှစ် နဲ့ ရ-နှစ် သားတွေ
သူတို့ကို ကျွန်တော် သင်ပေးတာက အိမ်ပတ်ဝန်းကျင်နားနဲ့ ခြံဝင်းထဲ ပတ်လျှောက်ခိုင်းပြီး
လိုနေတဲ့ဟာ တွေကို ပြီးအောင် လုပ်ဖို့ ရှာခိုင်းတယ်
အဲဒါဟာ ဘာလဲဆိုတာ ကျွန်တော့်ဆီလာပြီးပြောခိုင်းတယ်
ဒါမှမဟုတ် ကျွန်တော်က သူတို့ဆီသွားပြီး "ဒါ..အဖေ ပြီးအောင်လုပ်ဖို့လိုနေတဲ့ဟာ" ဆိုပြီး ပြောတယ်
ပြီးတော့ ကျွန်တော်တို့ ဘာလုပ်တယ် ထင်သလဲ၊ ကျွန်တော်တို့ ညှိနှိုင်းကြတယ်
သူတို့ ဘာတွေပြီးပြည့်စုံအောင်လုပ်ဖို့ လိုသလဲဆိုတာ လျှောက်ရှာကြတယ်
ဒါပေမယ့် အဲဒါအတွက် သူတို့ ဘာရမယ်ဆိုတာ ကျွန်တော်တို့ ညှိနှိုင်းတယ်
နောက်တော့ သူတို့ကို ပုံမှန်လစာမပေးပေမယ့် သူတို့မှာ ပစ္စည်းများများရှာဖို့ အခွင့်အလမ်းပိုများလာတယ်
သူတို့ ဆွေးနွေးညှိနှိုင်းတဲ့ အတတ်ပညာကို သင်ယူလေ့လာဖြစ်သလို
အခွင့်အလမ်းကို ရှာတဲ့ အတတ်ပညာကိုလည်း သူတို့ သင်ယူလေ့လာဖြစ်သွားတယ်
အဲဒီလိုဟာမျိုးတွေကို မွေးမြူပေးရတယ်၊ ကျွန်တော့် ကလေးတွေမှာ စုဘူး ၂ ခုစီ ရှိကြတယ်
သူတို့ရှာနိုင်တာ သို့မဟုတ် မုန့်ဖိုးရတာရဲ့
၅၀ ရာနှုန်းကတော့ သူတို့ရဲ့ အိမ်စာရင်းထဲ ၀င်သွားတယ်
ကျန်တဲ့ ၅၀ ရာနှုန်းကတော့ သူတို့ရဲ့ အရုပ်စာရင်းထဲ ၀င်သွားတယ်
သူတို့ အရုပ်စာရင်းထဲဝင်သွားတာမှန်သမျှကို သူတို့လိုချင်တာ ဘာမဆိုအတွက် သုံးလို့ရတယ်
သူတို့ အိမ်စာရင်းထဲဝင်သွားတဲ့ ၅၀ ရာနှုန်းကတော့ ခြောက်လတစ်ခါ ဘဏ်ထဲကို သွားတယ်
သူတို့ ကျွန်တော့်ကို မှီလာနေပြီ၊ နှစ်တိုင်းလိုလို ဘဏ်ထဲကငွေတွေက သူတို့ရဲ့ စတော့ပွဲစားဆီ ရောက်တယ်
ကျွန်တော်ရဲ့ ၉-နှစ် နဲ့ ရ-နှစ် ကလေးနှစ်ယောက်လုံးမှာ စတော့ ပွဲစားတွေ ရှိနေကြပြီ
ဒါပေမယ့် ကျွန်တော်က အဲဒီ စုဆောင်းတဲ့ အလေ့အထကို အတင်းလုပ်ယူဖို့ သူတို့ကို သင်နေတာ
အသက် ၃၀ ကျော်တွေက ပြောနေကြတာတွေကြောင့် ကျွန်တော် ရူးချင်ချင်တောင်ဖြစ်တယ်
"အင်း ကျွန်တော့် ပင်စင်စုဆောင်းငွေထဲကို အခု စပြီး ငွေထည့်ချင်ထည့်တော့မှာ" တဲ့
၂၅-နှစ်တောင် လွတ်သွားခဲပြီးပြီလေ
ငယ်ရွယ်တဲ့ ကလေးတွေကို အဲဒီအလေ့အထလေးတွေ
သူတို့ နာကြင်မှုဆိုတာတောင် မခံစားမိတဲ့ အချိန်မှာ သင်ပေးလို့ရပါတယ်
ညတိုင်း အိပ်ယာဝင် ပုံပြင်တွေချည်းပဲ ဖတ်ပြမနေနဲ့
တစ်ပတ်မှာ ၄-ည တော့ သူတို့ကို အိပ်ယာဝင်ပုံပြင်လေးတွေ ဖတ်ချင်ဖတ်ပြပေါ့
တစ်ပတ်မှာ ကျန်တဲ့ ၃-ည ကိုတော့ သူတို့ကို ပုံပြင်တွေ ပြောခိုင်း
ကလေးတွေနဲ့ အတူထိုင်ပြီး သူတို့ကို ပစ္စည်း ၄-မျိုးပေးကြည့်လိုက်
ရှပ်အင်္ကျိ အနီတစ်ထည်၊ အပြာရောင် နက်တိုင် တစ်ခု၊ သားပိုက်ကောင်တစ်ကောင် နဲ့ လက်တော့ပ် ကွန်ပျူတာတစ်လုံး
ပြီးရင် သူတို့ကို အဲဒီ ပစ္စည်း ၄-မျိုးအကြောင်း ပုံပြင် ပြောခိုုင်းပေါ့
ကျွန်တော့်ကလေးတွေ တချိန်လုံး အဲဒါကို လုပ်ကြတယ်
အဲဒါက သူတို့ကို ကိုယ်ပြောချင်တာ ပြောနိုင်အောင် သင်ပေးတယ်၊ အဲဒါကိ သူတို့ကို တီထွင်ဆန်းသစ်မှု ဆိုတာကို သင်ပေးတယ်
အဲဒါက သူတို့ ကိုယ့်ပိုင်ဉာဏ်နဲ့ တွေးအောင် သင်ပေးတယ်
အဲဒါမျိုးလုပ်ကြည့်ပြီး ပျော်ရွင်ကြည့်ကြပါ
ကလေးတွေကို လူအုပ်စုရှေ့မှာ မတ်တပ်ရပ်ပြီး စကားပြောခိုင်းပါ
သူငယ်ချင်းတွေ ရှေ့မှာ ရပ်ရုံလေးရပ်တာပဲဖြစ်ဖြစ်
ကစားတာ၊ စကားပြောခိုင်းတာပဲဖြစ်ဖြစ်ပေါ့
အဲဒါတွေဟာ ခင်ဗျားတို့ မွေးမြူပေးချင်တဲ့ စီးပွားစွမ်းဆောင်ရှင်တွေရဲ့ စရိုက်လက္ခဏာတွေပါ
ကလေးတွေကို ဆိုးတဲ့ ဖောက်သည်တွေနဲ့ ဆိုးတဲ့ ၀န်ထမ်းတွေဆိုတာ ဘယ်လိုလဲဆိုတာ ပြပေးပါ
သူတို့ကို စိတ်မကြည်လင်တဲ့ ၀န်ထမ်းတွေကို ပြပေးပါ
ဖောက်သည်တွေကို ဘုဆတ်ဆတ် ၀န်ဆောင်မှုမျိုး ပေးတာ တွေ့ရင် သူတို့ကို အဲဒါ ထောက်ပြပါ
"စကားမစပ် ပြောရဦးမယ်၊ အဲဒီလူက ချာတူးလံ ၀န်ထမ်းပေါ့" လို့ ပြောပေးပါ
"ဒီဝန်ထမ်းတွေကတော့ ကောင်းတယ်" လို့ ပြောပေးပါ
(ရယ်မောသံများ)
စားသေက်ဆိုင်ထဲဝင်သွားလို့ ညံ့ဖျင်းတဲ့ဝန်ဆောင်မှုမျိး ပေးလာရင်
ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုဆိုတာ ဘယ်လိုလဲဆိုတာ သူတို့ကို ပြပေးပါ
(ရယ်မောသံများ)
ဒီ သင်ခန်းစားတွေအားလုံး ကျွန်တော်တို့ ရှေ့မှာ ရှိနေကြတာပဲ
ဒါပေမယ့် ကျွန်တော်တို့က ဒီ အခွင့်အလမ်းတွေကိုတော့ မယူဘူး၊ ကလေးတွေကို ဆရာသွားရှာဖို့ပဲ သင်တယ်
မြင်ယောင်ကြည့်ပါ၊ တကယ်လို့ ခင်ဗျားတို့
အိမ်ထဲမှာ အခုရှိနေတဲ့ ကလေးတွေရဲ့ တိုလီမုတ်စတွေနဲ့
လွန်ခဲ့တဲ့ ၂-နှစ်က အရွယ်လွန်သွားလို့ မဆော့တော့တဲ့ အရုပ်အားလုံးကို ယူပြီး
"တို့တွေ ဒါတွေကို ခရိတ်ဂျ်လစ်တ် တို့၊ ကီဂျီးဂျီ တို့ (အီးဘေလို ပစ္စည်းကြော်ငြာပြီးရောင်းလို့ရတဲ့နေရာ) မှာ စပြီး ရောင်းကြရအောင်" လို့ ပြောကြည့်ပါ
သူတို့တွေ အဲဒါတွေကို တကယ် ရောင်းနိုင်တယ်
ပြီးရင် စျေးပေးတဲ့အီးမေးလ်ဝင်လာရင် အလိမ်အညာတွေကို ဘယ်လို ရှာရတယ်ဆိုတာ လေ့လာလို့ ရတယ်
အဲဒီ အလိမ်အညာ အီးမေးလ်တွေက ကိုယ့်စာရင်းပဲဖြစ်ဖြစ်၊ တစ်ဆင့်စာရင်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ၀င်လာနိုင်တယ်
ဒါပေမယ့် ကလေးတွေကို စျေးဘယ်လို သတ်မှတ်ရတယ်၊ စျေးဘယ်လို မှန်းတယ်
ဓါတ်ပုံတွေ ဘယ်လို ဆွဲတင်ရတယ် ဆိုတာတွေ သင်ပေးလို့ရတယ်
သူတို့ကို အဲဒါမျိုးတွေ ဘယ်လိုလုပ်ရတယ်၊ အဲဒါတွေနဲ့ ပိုက်ဆံ ဘယ်လိုရှာရတယ်ဆိုတာ သင်ပေးပါ
ပြီးရင် သူတို့ရတဲ့ ပိုက်ဆံကို ၅၀-ရာနှုန်း အိမ်စာရင်းထဲသွား
၅၀-ရာနှုန်း အရုပ်စာရင်းထဲသွားခိုင်း
ကျွန်တော့်ကလေးတွေက ဒီကိစ္စကို သဘောကျကြတယ်
ခင်ဗျားတို့ ကလေးတွေမှာ မွေးမြူပေးရမယ့် စီးပွားစွမ်းဆောင်ရှင် စရိုက်လက္ခဏာ တစ်ချို့ကတော့
ကြိုးပမ်းအောင်မြင်မှု၊ ဇွဲ၊ ခေါင်းဆောင်မှု၊ ကိုယ့်ကိုယ်ကို ပြန်လည် ဆန်းစစ်တတ်မှု၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောတရား၊ တန်ဖိုးတရားတွေ၊
ဒီ စရိုက်လက္ခဏာတွေကို ငယ်ရွယ်တဲ့ ကလေးတွေမှာ တွေ့ရနိုင်သလို သူတို့ဆီမှာ မွေးမြူနိုင်အောင် ကူညီပေးလို့ရတယ်
အဲဒါမျိုးတွေကို ရှာဖွေပါ
ကျွန်တော် ခင်ဗျားတို့ကို သတိထားစချင်တဲ့ စရိုက်လက္ခဏာ ၂-ခုုလည်း ရှိသေးတယ်
အဲဒါကိုတော့ သူတို့ရဲ့ စနစ်ထဲက ကျွန်တော်တို့ ထုတ်လိုက်လို့မှ မရတာ
ကလေးတွေကို ပတ်ဝန်းကျင် ဂရုမစိုက်နိုင်တဲ့ ရောဂါအတွက် ဆေးမကုပါနဲ့
တကယ့်ကို အရမ်း ဆိုးးဝါးနေတာကလွဲရင်ပေါ့
(လက်ခုပ်သံများ)
တခုခုမှာ အရူးအမူးဖြစ်တာ၊၊ စိတ်ဖိစီးတာ၊ စိတ်ဓါတ်ကျတာတွေနဲ့ ပတ်သက်နေတာ အားလုံးမှာလည်း အတူတူပဲ
ဆေးပညာရှုထောင့်အရ အရမ်းကြမ်းနေတာက လွဲရင်ပေါ့
စိတ်အတက်အကျမြန်ရောဂါကို အမှုဆောင် အရာရှိချုပ်ရောဂါလို့ နာမည်ပြောင်ပေးထားတာ
စတိဗ်ဂျူးဗက်ဆန် နဲ့ ဂျင်မ်ကလာ့ခ် တို့
ဂျင်မ်ဘာ့ခ်စ်ဒေးလ် တို့အားလုံးမှာ ဒီရောဂါ ရှိနေကြတယ်
သူတို့ နတ်စ်ကိပ် ကုမ္ပဏီကို တည်ထောင်ခဲ့ကြတာပဲ
သူတို့ကိုများ ရစ်တာလင် စိတ်ငြိမ်ဆေး ကျွေးလို်က်မိရင်ဆိုတာမျိုး မြင်ယောင်ကြည့်ပါ
အဲဒီကုမ္ပဏီ ရှိလာတော့မှာမဟုတ်ဘူး၊ ဟုတ်ရဲ့လား
အယ်လ်ဂိုးရ် လည်း အင်တာနက်ဆိုတာကို ထွင်ချင်ရင် ထွင်ခဲ့နိုင်မှာနော်
(ရယ်မောသံများ)
ဒီကျွမ်းကျင်မှုတွေက ကျွန်တော်တို့ စာသင်ခန်းထဲမှာ သင်ပေးသင့်တဲ့ ကျွမ်းကျင်မှုတွေပါ
(စာသင်ခန်းထဲ သင်ပေးတဲ့) တခြားဟာတွေလိုပဲပေါ့
ကလေးတွေကို ရှေ့နေကြီးမဖြစ်ချင်ကြနဲ့လို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး
ဒါပေမယ့် စီးပွားရေးစွမ်းဆောင်မှုလို ဟာမျိုးကို
တခြားသင်ကြားပေးနေတဲ့ဘာသာရပ်တွေအထက်မှာထားပြီး သင်ကြားပေးမယ်ဆိုရင် ဘယ်နှယ့်လဲ
ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ အခွင့်အလမ်းတွေ အများကြီးပဲ ရှိနေတယ်
ကျွန်တော် ဗီဒီယိုတိုတိုလေး တစ်ခုနဲ့ ဟောပြောပွဲကို အဆုံးသတ်ချင်ပါတယ်
ဒီ ဗီဒီယိုကို ကျွန်တော် ဦးဆောင်လမ်းပြေပေးနေတဲ့ ကုမ္ပဏီတစ်ခုက လုပ်ထားတာပါ
သူတို့တွေက "ဒါးခုတ်ကောင်" လို့ အမည်ပေးထားပါတယ်
ကလေးတွေအကြောင်းပါ၊ စီးပွားရေးစွမ်းဆောင်မှုအကြောင်းပါ
ဒီဗီဒီယိုလေးက ခင်ဗျားတို့ ကျွန်တော့်ဆီက ကြားထားတဲ့ဟာတွေကို ယူပြီး
ကမ္ဘာကြီးကို ပြောင်းလဲဖို့ တခုခုလုပ်ဖြစ်အောင် လှုံ့ဆော်အားပေးမယ်လို့ မျှော်လင့်ရတာပါပဲ
[ကလေး....."ဒီတော့ မင်း တစ်ခုခု လုပ်နိုင်တယ်လို့ ထင်မိတယ်ပေါ့"]
[မင်း အဲဒီလို ဆက်ပြီး တွေးလို့ရပါတယ်]
[ဘာဖြစ်လို့လဲဆိုတော့ ငါတို့ မဖြစ်နိုင်ဘူးလို့ ထင်တာ တော်တော်များများက]
[ကျော်လွှားသွားရတာ လွယ်ကူနေလို့ပါ]
[မင်း သတိမမူမိမှာ စိုးလို့ ပြောလိုက်မယ်၊ ငါတို့တွေက]
[လူတစ်ဦးချင်းဟာ မတူညီတာတစ်ခုကို ပြုလုပ်ခွင့်ရတဲ့ နေရာမှာ ငါတို့တွေ နေနေကြတာပါ]
[အထောက်အထား လိုချင်တယ်ပေါ့]
[ငါတို့ နိုင်ငံကို ထူထောင်ခဲ့တဲ့ လူတွေကိုပဲ ကြည့်ပါ]
[ငါတို့မိဘတွေ၊ ဘိုးဘွားတွေ၊ ငါတို့အဒေါ်တွေ၊ ဦးလေးတွေ...]
[သူတို့ဟာ သူတို့အမှတ်အသားကို လုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတဲ့ နိုင်ငံရွှေ့ပြောင်းလာတဲ့ အသစ်ရောက်လာကြတဲ့သူတွေပါ]
[သူတို့လာတုန်းက နည်းနည်းပဲ ပါခဲ့ကြမှာပါ]
[ဒါမှမဟုတ် သူတို့တွေ တစ်ခုကလွဲရင် ဘာမှမပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ]
[အဲဒါတစ်ခုကတော့ ထက်မြက်တဲ့ အကြံဉာဏ်လေးတစ်ခုပါ]
[ဒီလူတွေက တွေးခေါ်စဉ်းစားသူတွေ၊ လက်တွေ့လုပ်ကိုင်သူတွေပါ...]
[...တီထွင်ဖန်တီးသူတွေပါ..]
[...သူတို့တွေ နာမည်တစ်ခု ရမလာသေးတဲ့အထိပေါ့...]
[...စီးပွားစွမ်းဆောင်ရှင်တွေ...ဆိုတဲ့နာမည်လေးပေါ့]
[ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ ငါတို့ရဲ့ တွေးခေါ်ပုံကို သူတို့က ပြောင်းလဲပေးခဲ့ကြတယ် ]
[ဘဝဟာ ဘယ်လောက်အထိ ပိုပြီးကောင်းမွန်အောင်နေလို့ရလဲဆိုတဲ့ ကြည်လင်တဲ့ ရှေ့ရေးအမြင် သူတို့မှာ ရှိကြတယ်]
[ငါတို့အားလုံးအတွက်၊ ခက်ခဲကြမ်းတမ်းတဲ့ အခါကာလမျိုးတွေမှာတောင်ပေါ့]
[အခုတော့ မြင်နိုင်ဖို့ ခဲယဉ်းနေတယ်...]
[...ငါတို့ရဲ့မြင်ကွင်းက အတားအဆီးတွေက ရှုပ်ပွပြည့်ကြပ်နေတယ်]
[ဒါပေမယ့် လှိုင်းလေထန်ခြင်းက]
[အောင်မြင်မှုအတွက်၊ ဖြစ်မြောက်မှုအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးတတ်ပြီး ငါတို့ကို တွန်းပို့ပေးတယ်]
[ကိစ္စတွေကို ဆောင်ရွက်တဲ့ နည်းလမ်းအသစ်တွေကို ရှာဖွေတွေ့ရှိဖို့ပေါ့]
[ဒီတော့ ဘာလို အခွင့်အလမ်းတွေနောက်ကို မင်းလိုက်မလဲ၊ ဘာကြောင့်လဲ]
[မင်းသာ စီးပွားစွမ်းဆောင်ရှင် တစ်ယောက်ဆိုရင်]
[ဆုံုးရှုံးမှု အန္တရာယ်ဆိုတာ ဆုလဒ်မဟုတ်မှန်း မင်းသိပါတယ်]
[မဟုတ်ပါဘူး၊ ဆုုလဒ်တွေဆိုတာ တီထွင်ဖန်တီးမှုကို မောင်းနှင်ပေးခြင်းပါ...]
[...လူတွေရဲ့ ဘဝတွေကို ပြောင်းလဲပေးခြင်းပါ၊ အလုပ်အကိုင်တွေကို ဖန်တီးပေးခြင်းပါ]
[တိုးတက်မှုကို အားပေးခြင်းပါ]
[ပြီးတော့ ပိုကောင်းမွန်တဲ့ လောကတစ်ခု ဖန်တီးပေးခြင်းပါ]
[စီးပွားစွမ်းဆောင်ရှင်တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်]
[သူတို့တွေက ငါတို့နိုင်ငံ စီးပွားရေးကို ထောက်ပံ့ပေးဖို့ စီးပွားရေးအသေးစားတွေ လုပ်ကြတယ်]
[ပစ္စည်းတွေကို ပုံထုတ်ပေးတယ်၊ မင်းတို့ကို]
[ကမ္ဘာတလွှားက သူငယ်ချင်းတွေ၊ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲ ဆက်သွယ်နိုင်အောင် ကူညီပေးဖို့ပေါ့]
[လူ့အသိုင်းအဝိုင်းရဲ့ အကြာမြင့်ဆုံး ပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးဖို့ သူတို့တွေက နည်းလမ်းသစ်တွေ ရှာဖွေပေးနေတယ်]
[မင်း စီးပွားစွမ်းဆောင်ရှင်တစ်ယောက်ယောက်ကိုများ သိကျွမ်းသလား]
[စီးပွားစွမ်းဆောင်ရှင်ဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်...]
[မင်းလည်းပဲ ဖြစ်နိုင်တယ်]
[ဒါကြောင့် မင်းအမြဲတမ်းအလိုရှိနေတဲ့ အလုပ်မျိုးကို ဖန်တီးဖို့ အခွင့်အလမ်းတွေကို အရယူဖမ်းဆုပ်ပါ]
[စီးပွားရေးကို ကုစားဖို့ ၀ိုင်းကူပါ]
[ထူးခြားကွဲပြားတာတွေ လုပ်ကြပါ]
[မင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မြင့်မားတဲ့ အဆင့်အတန်းအသစ်ဆီကို ဆွဲတင်ကြပါ]
[ဒါပေမယ့် အရေးအကြီးဆုံးကတော့]
[သတိရစမ်းပါ၊ မင်း ကလေးဘဝတုန်းက...]
[အရာအားလုံးက မင်းလက်လှမ်းမီတဲ့နေရာမှာ ရှိနေတုန်းက]
[မင်းကိုယ်မင်း တိုးတိုးလေး ပြောခဲ့ဖူးတယ်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့]
["အဲဒါဟာ အခုထိလဲ မှန်ကန်တုန်းပါပဲ၊ မင်းတစ်ခုခုကို လုပ်နိုင်တယ်" ဆိုတာလေ]
[ကျွန်တော့်ကို ဒီမှာ ဟောပြောခွင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်]