Return to Video

ဂန္တဝင်ဂီတရဲ့ စိတ်ကိုပြောင်းလဲပစ်နိုင်တဲ့ စွမ်းပကား

  • 0:00 - 0:03
    ကုန်သည်နှစ်ဦး အကြောင်းပုံပြင်ကို
    ခင်ဗျားတို့ အများစု သိကြမှာပါ။
  • 0:03 - 0:06
    သူတို့နှစ်ဦး ၁၉၀၀ ပြည့်နှစ်များတုန်းက
    အာဖရိကကို ရောက်လာကြတယ်။
  • 0:06 - 0:09
    စေလွှတ်ခဲ့တာက အဲဒီမှာ
    ဖိနပ်ရောင်းဖို့ အခွင့်အလမ်းရှိ၊ မရှိကို
  • 0:09 - 0:10
    စူးစမ်းကြည့်ဖို့ အတွက်ပါ။
  • 0:10 - 0:13
    သူတို့ နှစ်ယောက်စလုံး Manchester သို့
    ကြေးနန်း ရေးပို့ခဲ့တယ်။
  • 0:13 - 0:15
    တယောက် ရေးခဲ့တာက၊
  • 0:15 - 0:18
    "အခြေအနေက မျှော်လင့်ချက်မရှိပါ။ ရပ်ထားပါ။
    ဒီမှာ သူတို့ ဖိနပ်မစီးကြဘူး။ "
  • 0:18 - 0:20
    နောက် တယောက်ကျတော့၊
  • 0:20 - 0:23
    "အံ့မခန်း အခွင့်အလမ်းတွေပဲ။
    သူတို့ဆီမှာ ဖိနပ်မရှိကြသေးဘူး။"
  • 0:23 - 0:24
    (ရယ်သံများ)
  • 0:24 - 0:27
    ဂန္ထဝင်ဂီတလောက ထဲမှာလည်း
    အလားတူအခြေအနေမျိုးလို့ ထင်ရတယ်၊
  • 0:27 - 0:31
    လူတချို့က ဂန္ထဝင်ဂီတဟာ
    သေနေပြီလို့ထင်ကြတယ်။
  • 0:32 - 0:36
    တချိန်တည်းမှာ ကျုပ်တို့ ဘာမျှ မတွေ့ရသေး
    ဘူးလို့ထင်တဲ့ လူတွေလည်း ရှိကြတယ်။
  • 0:36 - 0:40
    စာရင်းဇယားတွေနဲ့ အလားအလာတွေကို
    လေ့လာမယ့်အစား၊
  • 0:40 - 0:43
    သံစုံတီးဝိုင်းတွေ အားလုံးလို ပိတ်နေကြတာ
    ကို ပြောပြမယ့်အစား၊
  • 0:43 - 0:45
    ဓာတ်ပြား ကုမ္ပဏီတွေ
    ခေါက်သိမ်းနေကြရတာကို ပြောမယ့်အစား
  • 0:45 - 0:49
    ကျုပ်တို့ဟာ စမ်းသပ်မှုတစ်ခုကို
    ဒီည ပြုလုပ်သင့်ပါတယ်။
  • 0:49 - 0:52
    တကယ်တော့ ဒါဟာစမ်းသပ်မှု မဟုတ်ပါဘူး၊
    ရလဒ်ကို ကျွန်တော် သိနေတာကိုး။
  • 0:52 - 0:54
    (ရယ်သံများ)
  • 0:54 - 0:55
    ဒါပေမဲ့ အဲဒါဟာ စမ်းသပ်မှုလိုပါပဲ။
  • 0:56 - 0:57
    ကျုပ်တို့ မစခင်မှာ--
  • 0:57 - 1:00
    (ရယ်သံများ)
  • 1:00 - 1:02
    မစခင် ကျွန်တော် လုပ်စရာ နှစ်ခုရှိပါတယ်။
  • 1:02 - 1:06
    တစ်ခုက ၇ နှစ်အရွယ်ကလေး စန္ဒရားတီးပုံ
  • 1:06 - 1:08
    ဘယ်လို ရှိမှန်း ခင်ဗျားတို့
    ပြန်သတိရစေလိုတယ်။
  • 1:08 - 1:11
    ခင်ဗျားတို့ဆီမှာ အဲဒီအရွယ်
    ကလေး ရှိုနိုင်ပါတယ်။
  • 1:11 - 1:12
    သူတီးပုံက ဒီလိုမျိုးပါ။
  • 1:12 - 1:15
    (ဂီတ)
  • 1:30 - 1:32
    (တေးဂီတပြီးဆုံး)
  • 1:32 - 1:35
    ခင်ဗျားတို့ထဲက တချို့တို့က
    အဲဒီကလေးကို သတိရကြသလိုပဲ။
  • 1:35 - 1:39
    အဲဒီကလေးက လေကျင့်ရင်း သင်ခန်းစာ
    ယူခဲ့မယ်ဆိုရင်၊
  • 1:39 - 1:40
    ရှစ်နှစ်ကလေးဟာ ဒီလို မြည်ပါလိမ့်မယ်။
  • 1:40 - 1:42
    (ဂီတ)
  • 1:45 - 1:47
    (တေးဂီတပြီးဆုံး)
  • 1:47 - 1:50
    သူဟာ နောက်တစ်နှစ်လေ့ကျင့်ရင်း
    သင်ခန်းစာ ယူခဲ့လို့ အခုကိုးနှစ်ရှိလာပါပြီ။
  • 1:50 - 1:52
    (ဂီတ)
  • 1:55 - 1:56
    (တေးဂီတပြီးဆုံး)
  • 1:56 - 2:00
    အဲဒီနောက် နောက်တစ်နှစ်လေ့ကျင့်ရင်း
    သင်ခန်းစာ ယူခဲ့လို့ အခုသူဟာ ၁၀ နှစ်ပါ။
  • 2:00 - 2:02
    (ဂီတ)
  • 2:04 - 2:05
    (တေးဂီတပြီးဆုံး)
  • 2:05 - 2:08
    အဲဒီအချိန်မှာ သူတို့ အများအားဖြင့်
    လက်လျှော့တတ်ကြတယ်။
  • 2:08 - 2:09
    (ရယ်သံများ)
  • 2:09 - 2:11
    (လက်ခုပ်သံများ)
  • 2:11 - 2:15
    တကယ်လို့များ ခင်ဗျားတို့က နောက်တစ်နှစ်
    စောင့်ခဲ့ရင် ဒါကို ကြားရမှာပါ။
  • 2:15 - 2:17
    (ဂီတ)
  • 2:23 - 2:24
    (တေးဂီတပြီးဆုံး)
  • 2:24 - 2:28
    ဒီတော့ ဖြစ်ပျက်လာခဲ့တဲ့ဟာက ခင်ဗျားတို့
    ထင်သလို ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။
  • 2:28 - 2:30
    သူဟာ ရုတ်တရက် အားကျလာတယ်၊
    ပါဝင်ပြီး စိတ်ဝင်စားလာတယ်၊
  • 2:30 - 2:34
    သူဟာ ဆရာသစ်ကို ရှာနိုင်ခဲ့ပြီး
    ပျိုဖေါ်ဝင်တဲ့ အရွယ်ဖြစ်လာတယ်။
  • 2:34 - 2:38
    လက်တွေ့မှာ ဘာဖြစ်သွားသလဲ ဆိုတော့
    စိတ်မာန်အား လျော့ကျသွားခဲ့တယ်။
  • 2:38 - 2:42
    ခင်ဗျားမြင်ခဲ့ကြသလို အစပိုင်းတွင် သူဟာ ဂီတ
    သင်္ကေတတိုင်းကို အားစိုက် ကစားခဲ့တယ်။
  • 2:42 - 2:44
    (ဂီတ)
  • 2:44 - 2:47
    ဒုတိယအကြိမ်တွင် သင်္ကေတ တစ်ခုခြားကို
    အားမာန်နဲ့ တီးခဲ့တယ်။
  • 2:47 - 2:49
    (ဂီတ)
  • 2:49 - 2:51
    ကျွန်ုပ် ဦးခေါင်းကို ကြည့်ရင်း
    အဲဒါကို မြင်နိုင်တယ်။
  • 2:51 - 2:53
    (ရယ်သံများ)
  • 2:53 - 2:56
    ကိုးနှစ်အရွယ် ကလေးကျတာ့
    သင်္ကေတ လေးခုမြောက်မှာ အားမာန်စိုက်ခဲ့တယ်။
  • 2:56 - 2:58
    (ဂီတ)
  • 2:58 - 3:00
    ဆယ်နှစ်ကလေးက သင်္ကေတ ရှစ်ခု
    မြောက်တိုင်းကို တီးခဲ့တယ်။
  • 3:00 - 3:02
    (ဂီတ)
  • 3:02 - 3:05
    ၁၁ နှစ်အရွယ် ကလေးကျတော့
    ဂီတကြော တစ်ခုလုံးကို အားမာန်နဲ့ တီးခဲ့တယ်။
  • 3:05 - 3:07
    (ဂီတ)
  • 3:07 - 3:11
    ကျုပ်တို့ ဒီအခြေအနေဆီကို ဘယ်လို
    ရောက်လာမှန်း ကျွန်တော် မသိတော့ဘူး။
  • 3:11 - 3:12
    (ရယ်သံများ)
  • 3:12 - 3:16
    ကျွန်တော်ဟာ ပခုံးကိုရွှေ့မယ်၊ ခန္ဓာကိုယ်
    ရွေ့မယ်လို့ ကျွန်တော် မပြောခဲ့ဘူး။
  • 3:16 - 3:18
    မဟုတ်ဘူး၊ ဂီတက ကျွန်တော်
    လှုပ်ရှားစေခဲ့တာပါ၊
  • 3:18 - 3:21
    အဲဒါကြောင့် ကျွန်တော်က
    တင်ပါးတစ်ဘက်နဲ့ ကစားနည်းလို့ ခေါ်တာ။
  • 3:21 - 3:22
    (ဂီတ)
  • 3:22 - 3:23
    ဒါဟာ နောက်တင်ပါးဖြစ်နိုင်တယ်။
  • 3:23 - 3:26
    (ဂီတ)
  • 3:26 - 3:29
    ကျွန်တော် မိတ်ဆက်ပွဲ တစ်ခုကို ပြုလုပ်နေစဉ်
    လူတစ်ယောက် စောင့်ကြည့်နေခဲ့တယ်၊
  • 3:29 - 3:32
    ကျွန်တော်ဟာ လူငယ် စန္ဒယားတီးသူနဲ့
    အလုပ်လုပ်နေခဲ့တာပါ။
  • 3:32 - 3:34
    သူက Ohio ပြည်နယ်ထဲက
    ကော်ပိုရေးရှင်း တစ်ခုရဲ့ ဥက္ကဌပါ။
  • 3:34 - 3:37
    လူငယ် စန္ဒယားတီးသူကို ကူပေးစဉ်
    ကျွန်တော် ပြောလိုက်တာက၊
  • 3:37 - 3:39
    "မင်းပြဿနာက တင်ပါးနှစ်ဘက်နဲ့
    တီးနေခြင်းပါပဲ။
  • 3:39 - 3:41
    မင်း တင်ပါးတစ်ဘက်တည်းနဲ့ တီးသင့်တယ်။"
  • 3:41 - 3:43
    တီးနေစဉ် သူ့ခန္ဓာကိုယ်ကို
    ရွှေ့ပေးလိုက်တယ်။
  • 3:43 - 3:45
    အဲဒါနဲ့ ရုပ်တရက် ဂီတသံစဉ်တွေ
    လွင့်ပျံ ထွက်လာတော့တယ်။
  • 3:45 - 3:48
    ပရိသတ်တွေကလည်း အဲဒီ ခြားနားချက်ကို
    ခံစားမိကြတယ်။
  • 3:48 - 3:50
    နောက်မှာ ခုနက လူဆီကနေပြီး
    စာရခဲ့တယ်။
  • 3:50 - 3:51
    "ကျွန်တော် အရမ်းကို အားကျမိခဲ့တယ်။
  • 3:51 - 3:53
    ပြန်သွားတာနဲ့ပဲ
    ကျွန်ုပ်ရဲ့ ကုမ္ပဏီတစ်ခုလုံးကို
  • 3:53 - 3:56
    တင်ပါးတစ်ဘက် ကုမ္မဏီအဖြစ်
    ပြောင်းပစ်လိုက်တယ်။"
  • 3:56 - 3:58
    (ရယ်သံများ)
  • 3:58 - 4:01
    ဆက်ပြီး ကျွန်တော်က ခင်ဗျားတို့အား
    ခင်ဗျားတို့ အကြောင်း ပြောပြချင်တယ်။
  • 4:01 - 4:03
    ဒီမှာ လူ ၁,၆၀၀ လောက် ရှိမယ် ထင်တယ်။
  • 4:03 - 4:07
    ကျွန်တော့် ထင်ကြေးအရ
    ခင်ဗျားတို့အထဲက ၄၅ ဦးတို့ဟာ
  • 4:07 - 4:10
    ဂန္ထဝင်ဂီတကို လုံးဝကို
    အသည်းစွဲ နှစ်ခြိုက်သူတွေပါ။
  • 4:10 - 4:14
    ခင်ဗျားတို့ရဲ့ FM ဟာ
    အမြဲတမ်း ဂန္တဝင်ဂီတကို ဖွင့်ထားတတ်တယ်။
  • 4:14 - 4:17
    ခင်ဗျားတို့ ကားထဲမှာ စီဒီပြားတွေ ရှိပြီး
    ဆင်ဖိုနီကို သွားတတ်ကြပြီး
  • 4:17 - 4:19
    ခင်ဗျားတို့ကလေးတွေက
    တူရီယာတွေကို တီးမှုတ်နိုင်တယ်။
  • 4:19 - 4:22
    ခင်ဗျားတို့ရဲ့ ဘဝကို
    ဂန္ထဝင်ဂီတ မပါဘဲ စိတ်ကူးမရနိုင်ဘူး။
  • 4:22 - 4:24
    အဲဒါ အတော်လေး နည်းတဲ့ ပထမအုပ်စုပါ။
  • 4:24 - 4:25
    ပြီးတော့ ပိုကြီးတဲ့ အုပ်စုရှိပါသေးတယ်။
  • 4:26 - 4:28
    ဂန္ထဝင်ဂီတ ဆိုတာကို
    ဂရုမစိုက်ကြတဲ့ သူတွေပါ။
  • 4:28 - 4:29
    (ရယ်သံများ)
  • 4:29 - 4:31
    တစ်နေ့လုံး အလုပ်ပြီးလို့
    ခင်ဗျားတို့ အိမ်ပြန်ရောက်တဲ့ အခါ၊
  • 4:31 - 4:34
    ဝိုင်တစ်ခွက် သောက်နေရင်း
    သင့်ခြေထောက်တွေ မတင်ထားတယ်။
  • 4:34 - 4:37
    နောက်ခံတွင် Vivaldi ရဲ့ ဂီတကို
    ဖွင့်ထားတာ ဘာအန္တရာယ် ရှိမလဲ။
  • 4:37 - 4:38
    အဲဒါ ဒုတိယအုပ်စုပါ။
  • 4:38 - 4:40
    အခုတော့ တတိယအုပ်စုဆီကို
    ရောက်လာကြပါပြီ။
  • 4:40 - 4:41
    ဂန္ထဝင်ဂီတကို ဘယ်တော့မှ
    နားမထောင်သူတွေပါ။
  • 4:41 - 4:43
    သူတို့ ဘဝနှင့် ဘယ်လိုမှ မပတ်သက်တဲ့အရာ။
  • 4:43 - 4:46
    သူတို့ဟာ လေဆိပ်မှာ ဆေးလိပ်ငွေ့
    ရှူရသလို နားထောင်မိနိုင်တယ်။
  • 4:46 - 4:47
    (ရယ်သံများ)
  • 4:47 - 4:49
    ပြီးတော့ "Aida" ထဲက စစ်ချီသံကို
    ခန်းမကြီးထဲ ဝင်လာစဉ်
  • 4:49 - 4:51
    နည်းနည်းလေး ကြားနိုင်ခဲ့တယ်။
  • 4:51 - 4:53
    အခြားအချိန်တွေမှာ
    သူတို့ ဘယ်တော့မှ မကြားကြပါဘူး။
  • 4:53 - 4:55
    အဲဒါ အကြီးဆုံး အုပ်စုဖြစ်ဖို့များတယ်။
  • 4:55 - 4:57
    အဲဒီနောက် သိပ်သေးငယ်တဲ့
    အုပ်စု ရှိပါသေးတယ်။
  • 4:57 - 4:59
    ဂီတသံကို မခံစားနိုင်ဘူးလို့ ထင်သူတွေပါ။
  • 4:59 - 5:02
    ဂီတသံကို မခံစားနိုင်ကြဘူးလို့
    ထင်သူတွေ အံ့သြဖွယ် များပါတယ်။
  • 5:02 - 5:04
    "ကျွန်မခင်ပွန်း ဂီတကို
    မခံစားနိုင်ဘူး။" ကြားမိခဲ့ဘူးတယ်။
  • 5:04 - 5:05
    (ရယ်သံများ)
  • 5:05 - 5:07
    ဂီတသံကို မကြားနိုင်သူ မရှိနိုင်ပါ။
  • 5:07 - 5:08
    ဂီတသံကို မကြားနိုင်တာ မရှိပါဘူး။
  • 5:08 - 5:11
    ဂီတသံကို အကြားနိုင်ရင်၊
    ကားဂီယာကို ဘယ်လိုထိုးနိုင်မလဲ၊
  • 5:11 - 5:12
    လက်နဲ့ ဂီယာထိုးပေးရတဲ့ ကားမှာလေ။
  • 5:12 - 5:15
    အဲဒီလိုသူဟာ Texas က လာတဲ့သူကို
    Rome မှ လာတဲ့လူနဲ့
  • 5:15 - 5:16
    ဘယ်လိုမှ ခွဲခြားနိုင်မှာလဲ။
  • 5:16 - 5:19
    ပြီးတော့ တယ်လီဖုန်း၊
    တယ်လီဖုန်းကိုပဲ ယူကြည့်ကြပါစို့။
  • 5:19 - 5:21
    ခင်ဗျားဆီ အမေ့ထံမှ ဖုန်းဝင်လာရင်၊
  • 5:21 - 5:24
    ဖုန်းသေးလေးထံမှနေပြီး
    သူမရဲ့ "ဟဲလို" ဆိုတာကို ကြားလိုက်တာနဲ့
  • 5:24 - 5:27
    ခေါ်သူဟာ ဘယ်သူလဲ ဆိုတာကိုသာမက
    သူမရဲ့ စိတ်နေစိတ်ထားကိုပါ ကိုယ်သိနေပြီ။
  • 5:27 - 5:31
    ကျွန်ုပ်တို့နားဟာ အံ့အားသင့်စရာကြီးပါ။
    လူတိုင်းဆီမှာ အံ့အားသင့်စရာ နားရှိပါတယ်။
  • 5:31 - 5:33
    ဂီတ သံစဉ်ကို မကြားနိုင်သူ မရှိပါဘူး။
  • 5:33 - 5:34
    ကျွန်တော် ပြောချင်သေးတယ်။
  • 5:34 - 5:37
    ကျွန်တော် အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့
    အချက်က
  • 5:37 - 5:40
    ဂန္ထဝင်ဂီတကို နားလည်ကြပြီး ချစ်ရုံတင်မက
    မြတ်နိုင်းကြတဲ့ လူတွေနဲ့
  • 5:40 - 5:43
    ဂန္ထဝင်ဂီတကို ဘယ်လိုမှာမှ ဆက်ဆံမှု
    မရှိလူတွေ အကြားက
  • 5:43 - 5:46
    ကွာဟချက်ကြီးကိုပါ။
  • 5:46 - 5:48
    ဂီတသံစဉ် မကြားရသူတွေ ဒီမှာ မရှိကြတော့ဘူး။
  • 5:48 - 5:50
    ဒါတောင် ကျန်ရှိနေသေးတဲ့
    အမျိုးအစားသုံးမျို အကြားမှာကို
  • 5:50 - 5:51
    ကွာဟချက်ဟာ ကြီးမားလှပါတယ်။
  • 5:51 - 5:56
    ဒီတော့ ကျွန်တော်ဟာ ဒီခန်းမကြီးထဲက
    လူတွေ အားလုံး၊
  • 5:56 - 6:00
    အောက်ပိုင်းမှာ၊ အထက်ပိုင်းတွင်၊
    ရှိနေကြတဲ့ သူတွေ အားလုံးတို့က
  • 6:00 - 6:04
    ဂန္ထဝင်ဂီတကို ချစ်မြတ်နိုးလာကြတဲ့ အထိ
    ကျွန်တော် ဒီကနေ ထွက်သွားမှာ မဟုတ်ပါဘူး။
  • 6:04 - 6:07
    ကျွန်ုပ်တို့ ရှေ့ဆက် လုပ်ကိုင်ကြရမှာက
    ဒီလို ရှိပါတယ်။
  • 6:07 - 6:12
    ခင်ဗျားတို့က ကျွန်တော့်မျက်နှာကို
    မြင်လိုက်ကြတာနဲ့ ခုနက ပြောတဲ့အရာဟာ
  • 6:12 - 6:15
    လက်တွေ့ အလုပ်ဖြစ်လာမှာကို ကျွန်တော်
    သံသယမရှိတာ ထင်ရှားနေတယ်နော်။
  • 6:15 - 6:19
    အဲဒါက လူတွေကို ရှေ့ဆောင် ခေါ်သွားချင်တဲ့
    ခေါင်းဆောင် တစ်ဦးဟာ
  • 6:19 - 6:23
    သူက ဦးဆောင်ခေါ်သွားနေတဲ့ လူတွေရဲ့
    စွမ်းဆောင်နိုင်စွမ်းကို တဒင်္ဂလေးတောင်မှ
  • 6:23 - 6:25
    သံသယ ဖြစ်လို့ မရနိုင်ဘူးဆိုတဲ့
    အရည်အချင်းပါပဲ။
  • 6:25 - 6:28
    Martin Luther King က
    “ငါဆီမှာ အိပ်မက်တစ်ခု ရှိတယ်။
  • 6:28 - 6:31
    ဒီလူတွေ အဲဒါကို လုပ်နိုင်မလား မသိဘူး။"
    ပြောခဲ့မှာကို စိတ်ကူးကြည့်ကြပါ။
  • 6:31 - 6:33
    (ရယ်သံများ)
  • 6:33 - 6:36
    ကောင်းပါပြီ။ အခုတော့ ကျွန်တော်ဟာ Chopin
    ရဲ့ အပိုင်းလေးကို တီးပြပါမယ်။
  • 6:36 - 6:39
    ဒါဟာ တကယ့်ကို မြူးကြွဖွယ်
    Chopin ရဲ့ ဂီတနိဒါန်းပါ။
  • 6:39 - 6:41
    ခင်ဗျားတို့ထဲက တချို့သိကြမှာပါ။
  • 6:42 - 6:45
    (ဂီတ)
  • 7:10 - 7:13
    ဒီမှာ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားတို့ သိလား။
  • 7:13 - 7:16
    ကျွန်တော်စလိုက်တော့၊ ခင်ဗျားတို့ ထင်မိမှာ
    "အဲဒါ သိပ်ကို သာယာတဲ့ အသံပါလား’’။
  • 7:16 - 7:19
    (ဂီတ)
  • 7:29 - 7:31
    "ကျုပ်တို့ဟာ ကျုပ်တို့ရဲ့
    နွေရာသီ အနားယူချိန်မှာ
  • 7:31 - 7:33
    အရင်နေရာကိုပဲ မသွားသင့်ဘူး ထင်တယ်။"
  • 7:33 - 7:36
    (ရယ်သံများ)
  • 7:36 - 7:37
    အဲဒါ ရယ်စရာ ကောင်းတယ်နော်။
  • 7:37 - 7:42
    အဲဒီလို အတွေးတွေ ခင်ဗျားတို့ ခေါင်းထဲကို
    ဘယ်လိုများ ဝင်လာပါလိမ့်။
  • 7:42 - 7:43
    ပြီးတော့ တကယ်ကျတော့--
  • 7:43 - 7:45
    (လက်ခုပ်သံများ)
  • 7:45 - 7:48
    ဂီတအပိုင်းဟာ ရှည်မယ်၊ ပြီးတော့
    ခင်ဗျားတို့ရဲ့ နေ့တာဟာ ကြာခဲ့တယ်ဆိုရင်၊
  • 7:48 - 7:50
    ခင်ဗျားတို့ တကယ် အဲဒီလို ထင်နိုင်ခဲ့မှာပါ။
  • 7:50 - 7:52
    ခင်ဗျားနဲ့ လိုက်ပါလာသူက
    နံရိုးကို ထိုးပေးရင်း
  • 7:52 - 7:56
    ‘‘နိုးစမ်းပါ၊ ယဉ်ကျေးဖို့ လိုတယ်။"
    အဲဒီနောက် ခင်ဗျား ပိုခံစားရခက်မယ်။
  • 7:56 - 7:57
    (ရယ်သံများ)
  • 7:57 - 7:59
    ဂန္တဝင်ဂီတ တီးမှုတ်ချိန်မှာ
    ခင်ဗျား အိပ်ပျော်မိတာ
  • 7:59 - 8:02
    ဂန္ထဝင်ဂီတကြောင့်ထက် ကျုပ်ကြောင့်
    ဆိုတာ စဉ်းစားမိရဲ့လား။
  • 8:02 - 8:04
    ခုနက တီးနေတုန်းက ခင်ဗျားတို့ထဲက တစ်ဦးဦးက
  • 8:04 - 8:06
    ဒီလူ အခုလိုအားစိုက်ပြီး
    တီးနေတာကို စဉ်းစားမိခဲ့ကြလား။
  • 8:06 - 8:10
    အဲဒါကို ကျုပ်ဦးခေါင်းနဲ့
    လုပ်ပြခဲ့ရင် ခင်ဗျားတို့စဉ်းစားမိခဲ့မှာပါ။
  • 8:10 - 8:12
    (ဂီတ)
  • 8:15 - 8:16
    (တေးဂီတပြီးဆုံး)
  • 8:16 - 8:19
    ကျန်နေသေးတဲ့ ခင်ဗျားတို့ရဲ့ ဘဝထဲမှာ
    ဂန္ထဝင်ဂီတကို ကြားရတိုင်းမှာ
  • 8:19 - 8:23
    အဲဒီလို လှုံ့ဆော်သံတွေကို ကြားရရင်
    အမြဲတမ်း မှတ်မိလာကြမှာပါ။
  • 8:23 - 8:25
    ဒီမှာ တကယ် ဖြစ်ပျက်နေတာကို
    လေ့လာကြည့်ကြရအောင်။
  • 8:25 - 8:28
    ကျုပ်တို့ဆီမှာ B တစ်ခုရှိတယ်။ ဒါက B ပါ။
  • 8:28 - 8:29
    နောက် သင်္ကေတ တစ်ခုက C ပါ။
  • 8:29 - 8:32
    ပြီးတော့ C ရဲ့အလုပ်က B ကို
    ဝမ်းနည်းအောင် လုပ်ဖို့ပါ။
  • 8:32 - 8:34
    အဲဒါက အဲဒီလို လုပ်ပေးတယ်၊ ဟုတ်တယ်နော်။
  • 8:34 - 8:35
    (ရယ်သံများ)
  • 8:35 - 8:37
    တေးရေးဆရာတွေက အဲဒါကို သိကြတယ်။
  • 8:37 - 8:40
    ဝမ်းနည်းစရာ ဂီတကို တီးချင်ရင်
    အဲဒီ သင်္ကေတ နှစ်ခုကိုပဲ တီးကြတယ်။
  • 8:40 - 8:43
    (ဂီတ)
  • 8:43 - 8:46
    ဒါပေမဲ့ အများအားဖြင့် ဝမ်းနည်းစရာ လေးခု
    မပါပဲ B ပဲ ပါတတ်ပါတယ်။
  • 8:46 - 8:48
    (ရယ်သံများ)
  • 8:48 - 8:50
    အခုတော့ အဲဒါက A ဆီကို ဆင်းသွားပြီ။
  • 8:51 - 8:52
    အခုတော့ G ဆီကို။
  • 8:52 - 8:54
    ပြီးတော့ F ဆီ။
  • 8:54 - 8:56
    ဒါနဲ့ ကျုပ်တို့ဆီမှာ B, A, G, F ရှိနေပြီ။
  • 8:56 - 8:58
    ကျုပ်တို့ဆီမှာ B, A, G, F ရှိနေရင်၊
  • 8:58 - 9:00
    နောက်တစ်ခု မျှော်လင့်ရနိုင်တာက ဘာလဲ။
  • 9:00 - 9:03
    (ဂီတ)
  • 9:03 - 9:05
    ဒါက လွဲချော်မိသွားတာ ဖြစ်နိုင်တယ်။
  • 9:05 - 9:06
    ထပ်ပြီး စမ်းကြည့်ရအောင်။
  • 9:06 - 9:09
    (ဂီတ)
  • 9:09 - 9:11
    အိုး၊ TED သံစုံတီးဝိုင်းကြီးပါလား။
  • 9:11 - 9:14
    (ရယ်သံများ)
  • 9:14 - 9:17
    ဘယ်သူမှာမှ ဂီတသံစဉ်ကို မကြားသူ
    မဟုတ်တာ ခင်ဗျားတို့ သတိထားမိကြလား။
  • 9:17 - 9:18
    ဘယ်သူမှာမှ မဟုတ်ခဲ့ဘူး။
  • 9:18 - 9:20
    ဘင်္ဂလားဒေ့ရှက ရွာတိုင်းမှာ၊
  • 9:20 - 9:25
    ပြီးတော့ တရုတ်နိုင်ငံထဲက
    ရွာလေးတိုင်းမှာ -- သိကြတယ်-
  • 9:25 - 9:27
    ဒါ၊ ဒါ၊ ဒါ၊ ဒါ - ဒါ။
  • 9:27 - 9:29
    အဲဒီ E ကို စောင့်မျှော်နေသူက
    ဘယ်သူလဲကို လူတိုင်း သိကြတယ်။
  • 9:29 - 9:31
    Chopin ဟာ E အဲဒီကို မရောက်စေလိုခဲ့ဘူး၊
  • 9:31 - 9:33
    အဲဒီလို ဘယ်လိုများ
    ဖြစ်ပျက်ကုန်မှာမို့လို့လဲ။
  • 9:33 - 9:36
    ရွာတိုင်းမှာ Hamletလို ပြီးခဲ့မှာပါ။
    ခင်ဗျားတို့ မှတ်မိတယ်နော်။
  • 9:36 - 9:37
    ဇာတ်ခန်း တစ်၊ ပြကွက်သုံး၊
  • 9:37 - 9:40
    သူ့ဦးလေးက သူ့အဖေကို သတ်ပစ်တာ
    သူ မြင်လိုက်ရတယ်။
  • 9:40 - 9:42
    သူဟာ သူ့ဦးလေးနားကို ကပ်လာလျက်
    သတ်ပစ်လုမတတ်ပါပဲ။
  • 9:42 - 9:45
    အဲဒီနောက်မှာ သူဟာ နောက်ဆုတ်လိုက်တယ်၊
    ထပ်ပြီးသွားတာ သူ့ကို သတ်ပစ်လုနီးပါပဲ။
  • 9:45 - 9:47
    နောက်တန်းမှာ ထိုင်နေကြတဲ့ ဝေဖန်ရေးသမားတွေက
  • 9:48 - 9:51
    သူတို့ရဲ့ ထင်မြင်ချက်ကို ပေးရမယ်ဆိုတော့၊
    "Hamlet ဟာ အချိန်ကို တမင်ဆွဲနေတာ"
  • 9:51 - 9:54
    "Hamlet ထံတွင် Oedipus ရောဂါ
    ပြဿနာ ရှိနေတယ်လို့" ဆိုကြပါမယ်။
  • 9:54 - 9:56
    မဟုတ်ရင်၊ ဒီပြဇာတ်က ပြီးသွားရမှာလေ။
  • 9:56 - 9:57
    (ရယ်သံများ)
  • 9:57 - 10:00
    အဲဒါကြောင့်မို့လို့ ရှိတ်စပီးယားဟာ
    Hamlet မှာ အဲဒီလိုအရာတွေ ထည့်ထားရတာ--
  • 10:00 - 10:02
    Ophelia ရူးသွပ်တော့မယ်၊
    ပြဇာတ်ထဲက ပြဇာတ်ပါပဲ၊
  • 10:02 - 10:05
    Yorick ရဲ့ ဦးခေါင်းခွံနဲ့
    သင်္ချိုင်းတူးသမားတွေ။
  • 10:05 - 10:06
    အချိန်ဆွဲဖို့ အတွက်ပါ--
  • 10:06 - 10:08
    ဇာတ်ခန်း ငါးမတိုင်မီ သူ သတ်နိုင်ဖို့ပါ။
  • 10:08 - 10:09
    Chopin ရဲ့ ကိစ္စမှာလည်း အတူတူပါပဲ။
  • 10:09 - 10:11
    သူဟာ E ဆီကို ရောက်ခါနီးနေပြီ၊
  • 10:11 - 10:15
    အဲဒါနဲ့ သူက၊ "အိုး၊ ပြန်သွားပြီး အဲဒါကို
    ထပ်လုပ်ရင် ပိုကောင်းမယ်" လို့ပြောတယ်။
  • 10:15 - 10:17
    အဲဒါနဲ့ သူဟာ ထပ်လုပ်ပါတယ်။
  • 10:17 - 10:18
    အခုတော့ သူဟာ စိတ်လှုပ်ရှားနေပြီ။
  • 10:18 - 10:20
    (ဂီတ)
  • 10:20 - 10:22
    ဒါက စိတ်လှုပ်ရှားပါ၊ စိတ်မပူကြပါနဲ့။
  • 10:22 - 10:25
    အခုတော့ သူဟာ F-နားမှာ၊ နောက်ဆုံးမှာတော့
    E ဆီကို ဆင်းသွားတယ်။
  • 10:25 - 10:27
    ဒါပေမဲ့၊ အဲဒါဟာ မှားတဲ့ သံစဉ်ပါ --
  • 10:27 - 10:30
    ဘာဖြစ်လို့လဲဆိုတော့
    သူရှာနေတဲ့ သံစဉ်က ဒါမို့လို့ပါ။
  • 10:30 - 10:32
    ဒါပေမဲ့ အဲဒီအစား သူလုပ်တာက ...
  • 10:32 - 10:34
    အဲဒါကို ကျုပ်တို့က လှည့်ဖြားတဲ့
    ချသံလို့ ခေါ်ကြတယ်၊
  • 10:34 - 10:36
    ကျုပ်တို့ကို လှည့်ဖြားဖို့ပါ။
  • 10:36 - 10:39
    ကျွန်တော့် ကျောင်းသားတွေကို၊ "မင်းတို့မှာ
    လှည့်ဖြားတဲ့ ချသံရှိရင်၊
  • 10:39 - 10:43
    ၎င်းတို့ရဲ့ မျက်ခုံမွှေးကို မြှင့်ပြရင်း
    လူတိုင်းကို သိကြပါစေ။" လို့ ပြောတတ်တယ်။
  • 10:43 - 10:44
    (ရယ်သံများ)
  • 10:44 - 10:47
    (လက်ခုပ်သံများ)
  • 10:47 - 10:48
    အမှန်ပြောနေတာ။
  • 10:48 - 10:50
    သူဟာ E ဆီကို ရောက်သွားပေမဲ့
    သံစဉ် မှားနေတယ်။
  • 10:50 - 10:52
    အခုတော့ E ကို ထပ်စမ်းကြည့်တယ်။
  • 10:52 - 10:53
    အဲဒီ သံစဉ် အလုပ်မဖြစ်ဘူး။
  • 10:53 - 10:56
    အခု E ကို ထပ်စမ်းကြည့်တယ်။
    အဲဒီသံစဉ် အလုပ်မဖြစ်ဘူး။
  • 10:56 - 10:58
    အခုသူ E ကိုထပ်စမ်းကြည့်ပေမဲ့၊
    အဲဒါ အလုပ်မဖြစ်ဘူး။
  • 10:58 - 11:00
    အဲဒါနဲ့ နောက်ဆုံးမှာတော့ ...
  • 11:02 - 11:05
    ရှေ့တန်းမှာ ထိုင်နေတဲ့ လူကြီးလူကောင်း
    တစ်ယောက်က "ဟင်း"လို့ ဆိုလိုက်တယ်။
  • 11:05 - 11:06
    (ရယ်သံများ)
  • 11:06 - 11:09
    အဲဒီ လက်ဟန်က သူဟာ ကြာလှတဲ့
    တစ်နေ့တာ အလုပ်အပြီး
  • 11:09 - 11:11
    အိမ်ကို ရောက်လာပြီး သူ့ကားထဲက သော့ကို
    ပိတ်ချလိုက်ပြီး၊
  • 11:11 - 11:14
    "ဟေ့၊ ငါအိမ်ကို ရောက်လာပြီ"
    လို့ ပြောသလိုပါပဲ။
  • 11:14 - 11:16
    ကျုပ်တို့က ကိုယ့်အိမ် ဘယ်မှာ
    ရှိမှန်း သိကြလို့ပါ။
  • 11:16 - 11:18
    ဒါလေးက အဝေးတစ်နေရာကနေပြီး
    ကိုယ့်အိမ်ကို သွားတဲ့ဟာပါ။
  • 11:18 - 11:22
    ကျွန်တော်ဟာ လမ်းတလျှောက်လုံး အဲဒါကို
    တီးသွားမှာကို ခင်ဗျား လိုက်ကြည့်ကြပါ။
  • 11:22 - 11:23
    B, C, B, C, B, C, B -
  • 11:23 - 11:25
    A ဆီကို ဆင်းမယ်၊ G ဆီကို ဆင်းမယ်၊
    F ဆီကို ဆင်းမယ်။
  • 11:25 - 11:28
    E အထိကို သွားမယ်၊ နို့မဟုတ်ရင်
    ပြဇာတ် ပြီးဆုံးသွားမယ်။
  • 11:28 - 11:30
    သူ B ဆီကိုပြန်သွား၊
    သူ စိတ်သိပ်လှုပ်ရှားနေပြီ။
  • 11:30 - 11:32
    F- ဆီအထိ သွားပါ။ ဆက်ပြီး E ကို သွားတယ်။
  • 11:32 - 11:34
    အဲဒါက မှားတဲ့ သံစဉ်ပါ။
    အဲဒါက မှားတဲ့ သံစဉ်ပါ။
  • 11:34 - 11:36
    နောက်ဆုံး E ဆီ သွားတယ်၊ ကိုယ့်အိမ်ပဲ။
  • 11:36 - 11:39
    ခင်ဗျားတို့ မြင်ကြရမှာက တင်ပါးတစ်ဖက်နဲ့
    တီးမှုတ်မှုကိုပါ။
  • 11:39 - 11:41
    (ရယ်သံများ)
  • 11:41 - 11:44
    ဘာလို့လဲဆိုတော့ ကျွန်တော့် အနေနဲ့
    B ကို E နဲ့ ချိတ်တွဲပေးဖို့အတွက်
  • 11:44 - 11:50
    လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်ဟာ​ေ
    သင်္ကေတတိုင်း စဉ်းစားမှုကို ရပ်လျက်
  • 11:50 - 11:55
    B မှ E ဆီ သွားရမယ့် လိုင်းရှည်ကြီးကို
    စပြီး စဉ်းစားနေရလို့ပါ။
  • 11:56 - 12:00
    ကျုပ်တို့က ခုနလေးတင် တောင်အာဖရိက မှာ
    ရှိခဲ့ကြရင်၊ တောင်အာဖရိကဆီ သွားဖို့ကို
  • 12:00 - 12:03
    Mandela ထောင် ၂၇ နှစ် ကျခံခဲ့ရတာကို
    မစဉ်းစားလို့ကို မရနိုင်ပါဘူး။
  • 12:03 - 12:05
    သူ ဘာတွေများ တွေးနေခဲ့သလဲ။ နေ့လယ်စာကိုလား။
  • 12:05 - 12:09
    မဟုတ်ပါဘူး၊ တောင်အာဖရိက အတွက်
    သူ့အမြင်ကို
  • 12:09 - 12:11
    လူသားတွေ အကြောင်းကို စဉ်းစားနေခဲ့တာပါ။
  • 12:11 - 12:14
    ဒါတွေက လောကအမြင် အကြောင်းပါ။
    အဲဒါက ရှည်လျားတဲ့ လိုင်းအကြောင်းပါ။
  • 12:14 - 12:16
    လယ်ကွင်း အထက်မှာ ပျံသန်းနေတဲ့
    ငှက်က
  • 12:16 - 12:20
    အောက်မှာ ရှိနေကြတဲ့ ခြံစည်းရိုးတွေကို
    ဂရုမစိုက်သလိုပါပဲ။
  • 12:20 - 12:23
    အခုတော့ ခင်ဗျားတို့ဟာ B ကနေ E အထိ
    လိုင်းကို လိုက်ကြရမှာပါ။
  • 12:23 - 12:26
    ကျွန်တော် ဒီအပိုင်းကို အဆုံးအထိ မတီးခင်
    တောင်းပန်ချင်တာ တစ်ခု ရှိပါတယ်။
  • 12:26 - 12:30
    ခင်ဗျားတို့အား ခင်ဗျားတို့ မြတ်နိုးသူ
    တစ်ဦးဦး အကြောင်း၊
  • 12:30 - 12:32
    ဆက်ပြီး မရှိတော့တဲ့သူ
    အကြောင်း စဉ်းစားပေးကြပါ။
  • 12:33 - 12:35
    ကိုယ်ချစ်တဲ့ အဖွား၊ ချစ်သူ --
  • 12:35 - 12:39
    ခင်ဗျားတို့က စိတ်နှလုံးအပြည့်ဖြင့်
    ချစ်ခင်ခဲ့တဲ့သူ တစ်ယောက်ယောက်၊
  • 12:39 - 12:41
    အခု ခင်ဗျားတို့နဲ့
    မရှိတော့တဲ့သူ အကြောင်းပါ။
  • 12:42 - 12:44
    အဲဒီလူကို ခင်ဗျားတို့ရဲ့ အသိစိတ်ထဲကို
    ပြန်ခေါ်ယူလာပါ၊
  • 12:44 - 12:46
    အဲဒီ တစ်ချိန်တည်းမှာပဲ
  • 12:46 - 12:50
    ကျုပ်တို့ရဲ့ လိုင်းကို B ကနေ E အထိ
    ​တောက်လျှောက် လိုက်ကြည့်နေပါ။
  • 12:50 - 12:53
    အဲဒီလိုဆိုရင် ခင်ဗျားတို့ဟာ Chopin
    ပြောဆိုလိုခဲ့တာကို နားထောင်ကြရမှာပါ။
  • 12:58 - 13:01
    (ဂီတ)
  • 14:45 - 14:47
    (တေးဂီတပြီးဆုံး)
  • 14:48 - 14:51
    (လက်ခုပ်သံများ)
  • 14:57 - 14:59
    ဒီနေရာမှာ ခင်ဗျားတို့ တွေးမိနိုင်ကြတာက --
  • 14:59 - 15:02
    (လက်ခုပ်သံများ)
  • 15:02 - 15:03
    (လက်ခုပ်သံများ ရပ်စဲ)
  • 15:03 - 15:07
    ကျွန်တော်ဟာ ဘာဖြစ်လို့ လက်ခုပ်တီးနေတာလဲ
    ခင်ဗျားတို့ စဉ်းစားမိနိုင်ကြပါတယ်။
  • 15:07 - 15:09
    ကောင်းပြီ၊ Boston က ကျောင်းတစ်ကျောင်းမှာ
  • 15:09 - 15:11
    ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသား
    ၇၀ ခန့်နဲ့တုန်းကပါ။
  • 15:11 - 15:14
    ခင်ဗျားတို့ကို အခုလုပ်ပြခဲ့သလိုပဲ
    သူတို့ကို လုပ်ပြခဲ့တယ်၊
  • 15:14 - 15:16
    ခုနကလိုပဲ အရာတွေအားလုံးကို ရှင်းပြခဲ့တယ်။
  • 15:16 - 15:19
    ပြီးသွားတော့ သူတို့အားလုံး
    လက်ခုပ်တီးကြပါတော့တယ်။
  • 15:19 - 15:21
    ကျွန်တော်လည်း လက်ခုပ်တီး၊
    ၏ သူတို့ကလည်း တီးပေါ့။
  • 15:21 - 15:24
    နောက်ဆုံးတွင် ကျွန်တော်က၊
    "ငါလက်ခုပ်တီးနေတာ ဘာကြောင့်လဲ?"
  • 15:24 - 15:27
    သူတို့ထဲက တစ်ယောက်က၊ "ကျွန်ုပ်တို့
    နားထောင်နေခဲ့ကြလို့ပါ" လို့ပြောတယ်။
  • 15:27 - 15:28
    (ရယ်သံများ)
  • 15:28 - 15:31
    အဲဒါကို စဉ်းစားကြည့်ပါ။
    လူ ၁၆၀၀၊ အလုပ်များတဲ့လူတွေ၊
  • 15:31 - 15:34
    မျိုးစုံလှတဲ့ အလုပ်အမျိုးမျိုးကို
    လုပ်ကိုင်ကြတဲ့ သူတွေ၊
  • 15:34 - 15:37
    နားထောင်နေခဲ့ကြတယ်၊ နားလည်ခဲ့ကြတယ်၊
    စိတ်လှုပ်ရှားမိကြတယ်၊
  • 15:37 - 15:39
    Chopin ရဲ့ ဂီတလေး တစ်ခုကြောင့်။
  • 15:39 - 15:41
    အဲဒါဟာ တကယ်အရေးကြီးတဲ့ အရာပါ။
  • 15:41 - 15:43
    ခင်ဗျားတို့ထဲက လူတိုင်းဟာ
    ဒါကို နားထောင်ခဲ့တယ်၊
  • 15:43 - 15:46
    နားလည်ခဲ့တာ၊ စိတ်လှုပ်ရှား
    မိတာကို ကျွန်တော် သေချာသလား။
  • 15:46 - 15:47
    ကျွန်တော် ဘယ်လိုသေချာနိုင်မလဲ။
  • 15:47 - 15:49
    အိုင်ယာလန်မှာ ဖြစ်ပျက်ခဲ့တာ
    ပြောပြဖို့ လိုပါမယ်၊
  • 15:49 - 15:51
    ခက်ခဲတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကပါ၊
  • 15:51 - 15:54
    ကက်သလစ်နဲ့ပရိုတက်စတင့်
    ကလေးငယ်တွေနဲ့ အလုပ်လုပ်နေခဲ့တာပါ၊
  • 15:54 - 15:55
    အဲဒီက ပဋိပက္ခကို ဖြေရှင်းပေးဖို့ပါ။
  • 15:55 - 15:58
    ခုနကလိုပဲ သူတို့နဲ့ပါ
    ကျွန်တော် လုပ်ခဲ့တယ် --
  • 15:58 - 16:01
    သူတို့က လေလွင့်နေခဲ့တဲ့ ကလေးငယ်တွေမို့
    ဒီလို ပြုလုပ်မှုဟာ အရဲစွန့်ရာကျခဲ့တယ်။
  • 16:01 - 16:03
    နောက်တစ်နေ့တွင် ကလေးတစ်ဦးက
    ကျွန်တော့်ဆီ လာခဲ့ပြီး
  • 16:03 - 16:05
    ပြောလိုက်တာက၊
  • 16:05 - 16:08
    "ဆရာ သိချင်မှသိမယ်၊ ကျွန်တော်ဟာ တစ်သက်လုံး
    ဂန္ထဝင်ဂီတကို နားမထောင်ခဲ့ဘူးပါ၊
  • 16:08 - 16:10
    ဆရာက ရှောပင်း ဂီတလေးကို တီးတော့..."
  • 16:10 - 16:12
    (ရယ်သံများ)
  • 16:12 - 16:15
    “ကျွန်တော့်အစ်ကိုဟာ မနှစ်တုန်းက ပစ်သတ်ခံ
    လိုက်ရပေမဲ့ သူ့အတွက် မငိုမိခဲ့ဘူး၊
  • 16:15 - 16:17
    ဒါပေမဲ့ မနေ့ညက၊ ဆရာ အဲဒီအပိုင်းကို
    တီးပြစဉ်
  • 16:17 - 16:19
    ကျွန်တော် စဉ်းစားနေခဲ့တာ သူ့အကြောင်းကိုပါ။
  • 16:19 - 16:23
    ကျွန်တော် မျက်နှာ တစ်လျှောက်
    မျက်ရည်ပြီတွေ စီးကျလာတာကို ခံစားမိတယ်။
  • 16:23 - 16:26
    အကို့ အတွက် အဲဒီလို
    ငိုမိတာဟာ သိပ်ကို ကောင်းတယ်လို့ ထင်ပါတယ်။"
  • 16:26 - 16:28
    အဲဒီဖြစ်ရပ်ရဲ့ နောက်မှာ
    ကျွန်တော် သေချာပေါက် ဆုံးဖြတ်လိုက်တာက
  • 16:28 - 16:32
    ဂန္ထဝင်ဂီတ ဆိုတာ လူတိုင်းအတွက်
    ဖြစ်တယ် ဆိုတာကိုပါ။
  • 16:33 - 16:34
    လူတိုင်းအတွက်ပါ။
  • 16:35 - 16:37
    အခုတော့ ခင်ဗျားတို့
    ဒါကို ဘယ်လို မြင်ကြမလဲ --
  • 16:38 - 16:41
    ကျွန်တော်တို့ ဂီတသမားတွေ၊ ဂီတထဲ
    ပါဝင်ကြသူတွေ အဲဒါကို အဲဒီလို မမြင်ကြပါဘူး။
  • 16:41 - 16:45
    သူတို့ သိတာက လူဦးရေ သုံးရာခိုင်နှုန်းတို့က
    ဂန္ထဝင်ဂီတကို နှစ်သက်ကြခြင်းကိုပါ။
  • 16:45 - 16:49
    အဲဒါ ကျွန်ုပ်တို့ ၄ ရာခိုင်နှုန်း အထိ
    မြှင့်ပေးရင် ပြဿနာကို ဖြေရှင်းနိုင်မယ်။
  • 16:49 - 16:49
    (ရယ်သံများ)
  • 16:49 - 16:53
    ခင်ဗျားတို့ ဒါကို ဘယ်လို ပြောဆိုကြမလဲ။
    ခင်ဗျားတို့သာ ဖြစ်ခဲ့ရင် ဘယ်လိုဖြစ်ခဲ့မလဲ။
  • 16:53 - 16:56
    "လူဦးရေရဲ့ သုံးရာခိုင်နှုန်းတို့က
    ဂန္ထဝင်ဂီတကို နှစ်သက်ကြတယ်၊
  • 16:56 - 16:59
    ကျုပ်တို့က လေးရာခိုင်နှုန်းသို့
    မြှင့်ပေးနိုင်ရင်ကော။"
  • 16:59 - 17:01
    ခင်ဗျားတို့ ထင်ကြလဲ ဒါမှမဟုတ်
    ပြောဆိုကြမလဲ။
  • 17:01 - 17:03
    "လူတိုင်းဟာ ဂန္ထဝင်ဂီတကို နှစ်သက်ကြတယ် --
  • 17:03 - 17:05
    သူတို့ အဲဒါကို မသိကြသေးလို့ပါ။"
    ခင်ဗျားတို့ ထင်နိုင်ကြတယ်။
  • 17:05 - 17:09
    တကယ်တော့၊ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ
    လုံးဝကို မတူတဲ့ ကမ္ဘာကြီးပါ။
  • 17:09 - 17:11
    အခုတော့ ကျွန်တော်ဆီမှာ အံ့ဖွယ်
    အတွေ့အကြုံ ရှိပါတယ်။
  • 17:11 - 17:12
    ကျွန်တော် အသက် ၄၅ နှစ်တုန်းကပါ၊
  • 17:12 - 17:15
    တီးဝိုင်းကို ကြီးကြပ်ညွှန်ပြနေခဲ့တာ
    အနှစ် ၂၀ ရှိခဲ့ပြီ၊
  • 17:15 - 17:17
    ကျွန်တော် ရုတ်တရက် တစ်ချက်ကို နားလည်မိတယ်။
  • 17:17 - 17:20
    သံစုံတီးဝိုင်းရဲ့ ကြီးကြပ်ညွှန်ပြသူဟာ
    အသံတစ်ခုကိုမှ မတီးမှုတ်ရပါ။
  • 17:20 - 17:23
    စီဒီပြားတွေပေါ်မှာ ကျွန်တော့်
    ဓာတ်ပုံကို ထည့်ပုံနှိပ်ကြပါတယ်။
  • 17:23 - 17:25
    (ရယ်သံများ)
  • 17:25 - 17:28
    ဒါပေမဲ့ တီးဝိုင်းကို ကြီးကြပ်ညွှန်ပြသူဟာ
    ဘယ်လိုအသံကိုမှ တီးမှုတ်မပေးပါ။
  • 17:28 - 17:30
    သူ့ဆီမှာ ရှိတဲ့ စွမ်းအားက
  • 17:30 - 17:33
    အခြားသူတွေကို စွမ်းအားထက်မြက်လာသူတွေ
    ဖြစ်အောင် လုပ်ပေးနိုင်စွမ်းပါပဲ။
  • 17:33 - 17:36
    အဲဒီအချက်က ကျွန်တော့်အတွက်
    အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့တယ်။
  • 17:36 - 17:37
    ဘဝတစ်ခုလုံးကို ပြောင်းပစ်တယ်။
  • 17:37 - 17:39
    ကျွန်တော့် သံစုံတီးဝိုင်းထဲက လူတွေက၊
  • 17:39 - 17:42
    "Ben၊ ခင်ဗျား ဘယ်လိုဖြစ်သွားတာလဲ။"
    မေးကြတယ်။ အဖြစ်ကအဲဒီလိုပါ။
  • 17:42 - 17:46
    ကျွန်တော့်အလုပ်က တခြားသူတွေထဲက စွမ်းဆောင်
    နိုင်စွမ်းကို နှိုးဆွပေးရန်ပါ။
  • 17:46 - 17:49
    ပြီးတော့ ငါဟာ အဲဒီလို လုပ်ကိုင်နိုင်ရဲ့လား
    ဆိုတာကို သိချင်လိုခဲ့ပါတယ်။
  • 17:49 - 17:50
    အဲဒါကို ဘယ်လို သိနိုင်မလဲ။
  • 17:50 - 17:53
    ကျုပ်တို့ဟာ ပရိသတ်ရဲ့ မျက်လုံးတွေကို
    ကြည့်ရှုရန် လိုပါတယ်။
  • 17:53 - 17:56
    သူတို့မျက်လုံးတွေ ဝင်းလက်နေရင်
    ကိုယ် အဲဒါကို လုပ်နိုင်တာ သိနိုင်တယ်။
  • 17:56 - 17:59
    အဲဒီလိုမျက်လုံးတွေနဲ့ ကျုပ်တို့ဟာ
    ရွာတစ်ရွာလုံး လင်းစေနိုင်တယ်။
  • 17:59 - 18:00
    (ရယ်သံများ)
  • 18:00 - 18:04
    အမှန်ပြောနေတာ။ မျက်လုံးတွေ ဝင်းလက်နေရင်
    ကိုယ်လုပ်နိုင်တာကို သိနိုင်ပါတယ်။
  • 18:04 - 18:06
    မျက်လုံးတွေ ဝင်းမလက်ရင်
    ကိုယ်က မေးခွန်းထုတ်ရပါမယ်။
  • 18:06 - 18:07
    မေးရမှာက ဒီလိုပါ-
  • 18:07 - 18:09
    ကျွန်တော့် ဂီတသမားတွေ
  • 18:09 - 18:12
    မျက်လုံး ဝင်းလက်မနေကြရင်
    ကျွန်တော် လုပ်နေတာ ဟုတ်ရဲ့လား။
  • 18:12 - 18:14
    ကိုယ့်ကလေးတွေနဲ့လည်း ကျုပ်တို့
    လုပ်ကြည့်နိုင်ပါတယ်။
  • 18:14 - 18:16
    ကျွန်တော့် ကလေးရဲ့ မျက်လုံးတွေ
  • 18:16 - 18:19
    ဝင်းလက်မနေရင်၊ ငါလုပ်နေတာ ဟုတ်မှန်ရဲ့လား။
  • 18:19 - 18:21
    အဲဒီလိုဆိုရင် ကမ္ဘာကြီး လုံးဝ
    ပြောင်းလဲလာမှာပါ။
  • 18:21 - 18:27
    အခုတော့ ကျုပ်တို့ ဒီအံ့အားသင့်ဖွယ် တောင်
    ပေါ် လမ်းလျှောက်မှုကို အဆုံးသတ်ကြရမယ်၊
  • 18:27 - 18:29
    ကျုပ်တို့ဟာ ကမ္ဘာဆီကို
    ပြန်ဆင်းဖို့ လိုပါတယ်။
  • 18:29 - 18:33
    ကျုပ်တို့က မိမိတို့ရဲ့ ကမ္ဘာဆီ ပြန်သွားတဲ့
    အခါမှာ ​မေးကြရမယ့် မေးခွန်းက
  • 18:33 - 18:35
    ကျွန်ုပ်တို့ တတွေဟာ ဘယ်သူတွေလဲ။
  • 18:35 - 18:38
    အောင်မြင်မှု အတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်
    ကျွန်တော်ထံမှာ ရှိပါတယ်။
  • 18:38 - 18:41
    ကျွန်တော့်အတွက် သိပ်ကို ရိုးရှင်းပါတယ်။
  • 18:41 - 18:43
    အဲဒါဟာချမ်းသာမှု၊ ကျော်ကြားမှုနှင့် အာဏာ
    အကြောင်းမဟုတ်ပါ။
  • 18:43 - 18:47
    အဲဒါက ကျွန်ုပ်ပတ်ဝန်းကျင်မှာ
    ဝင်းလက်နေကြတဲ့ မျက်လုံးတွေရဲ့ အရေအတွက်ပါ။
  • 18:47 - 18:49
    အခုတော့ နောက်ဆုံး စဉ်းစားစရာ
    တစ်ခုကို ပြောချင်ပါတယ်၊
  • 18:49 - 18:53
    ကျွန်တော်တို့ရဲ့ နှုတ်ကနေပြီး
    ထုတ်ပြောလိုက်ကြတဲ့ စကားလုံးတွေဟာ
  • 18:53 - 18:55
    အခြေအနေကို လုံးဝကို
    ပြောင်းလဲသွားစေနိုင်ကြတယ်။
  • 18:55 - 18:59
    Auschwitz ကနေပြီး လွတ်မြောက်နိုင်ခဲ့တဲ့
    အမျိုးသမီးထံမှ ရရှိခဲ့တဲ့ သင်ခန်းစာပါ၊
  • 18:59 - 19:01
    ရှားရှားပါးပါး အသက်ရှင်ကျန်ရစ်ခဲ့သူပါ။
  • 19:01 - 19:03
    သူမ ၁၅ နှစ်အရွယ်တွင်
    Auschwitz ကို သွားခဲ့ရတယ်။
  • 19:04 - 19:05
    အဲဒါနဲ့ ...
  • 19:06 - 19:08
    သူ့ညီလေးက ရှစ်နှစ် အရွယ်ပါ၊
  • 19:08 - 19:11
    မိဘနှစ်ပါးစလုံးကို
    သူတို့ ဆုံးရှုံးသွားခဲ့ကြပြီ။
  • 19:12 - 19:16
    သူမရဲ့ အဖြစ်ကို ကျွန်တော့်ကို ပြောပြခဲ့တာ၊
  • 19:16 - 19:19
    "ကျွန်မတို့ဟာ Auschwitz ကို သွားမယ့်
    ရထားကို စီးလိုက်လာကြတယ်၊
  • 19:19 - 19:22
    အောက်ဘက်ကို ကျွန်မ ငုံ့ကြည့်လိုက်တော့
    ညီဆီမှာ ဖိနပ်မရှိတာ မြင်လိုက်ရတယ်။
  • 19:22 - 19:25
    'မင်းက တကယ်လူအပဲ၊ ကိုယ့်ပ္စစည်းတွေကိုတောင်
  • 19:25 - 19:28
    ကောင်းကောင်း သိမ်းမထားနိုင်ဘူးလား။
    လို့ ငေါက်မေးလိုက်တယ်။
  • 19:28 - 19:31
    အစ်မဖြစ်သူက ညီလေးကို
    ပုံမှန် စကားပြောတဲ့ ပုံစံမျိုးပါပဲ။
  • 19:31 - 19:34
    ဝမ်းနည်းစရာ ကောင်းတာက အဲဒါဟာ သူ့ညီကို
    သူပြောခဲ့တဲ့ နောက်ဆုံး စကားလုံးတွေပါ၊
  • 19:34 - 19:36
    သူတို့ ဘယ်တော့မှ
    ပြန်မတွေ့ဆုံဖြစ်ခဲ့ကြဘူး။
  • 19:36 - 19:38
    သူ အသက်ရှင် မကျန်ရစ်ခဲ့ပါ။
  • 19:38 - 19:40
    သူမ Auschwitz ကနေ ထွက်လာချိန်မှာ
    ဦးညွတ်ကတိပေးခဲ့တယ်။
  • 19:40 - 19:41
    သူမ ဆက် ပြောလိုက်သေးတယ်။
  • 19:41 - 19:45
    "ကျွန်မဟာ Auschwitz ထဲကနေပြီး ဘဝထဲကို
    ပြန်ဝင်လာနိုင်ခဲ့လို့
  • 19:45 - 19:46
    ဦးညွတ် ခဲ့တာ ဖြစ်တယ်။
  • 19:47 - 19:48
    ဦးညွတ်ရင်း ပေးခဲ့တဲ့ ကတိက
  • 19:48 - 19:53
    "နောက်ဆုံးအဖြစ် ကျန်ရစ်ခဲ့မယ့် စကားလုံးတွေ
    ကျွန်မ ဘယ်တော့မှ မပြောစေရပါ။"
  • 19:53 - 19:56
    အခု ကျွန်တော်တို့ ပြန်ပြောနိုင်မလား။
    လုပ်မရနိုင်တော့ပါ။
  • 19:56 - 20:00
    အဲဒီလိုဆိုရင် ကိုယ့်က အမှားလုပ်မိနိုင်သလို
    အခြားသူတွေကိုလည်း မှားစေနိုင်ပါတယ်။
  • 20:00 - 20:03
    ဒါပေမဲ့ အသက်ရှင် နေထိုင်ဖို့အတွက်
    နည်းလမ်း တစ်ခုပါ။
  • 20:04 - 20:05
    ကျေးဇူးတင်ပါတယ်။
  • 20:05 - 20:08
    (လက်ခုပ်သံများ)
  • 20:11 - 20:13
    ဝင်းလက်နေကြတဲ့ မျက်လုံးများ။
  • 20:13 - 20:14
    (လက်ခုပ်သံများ)
  • 20:14 - 20:16
    ဝင်းလက်နေကြတဲ့ မျက်လုံးများ။
  • 20:16 - 20:19
    (လက်ခုပ်သံများ)
  • 20:22 - 20:24
    ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါပဲ။
Title:
ဂန္တဝင်ဂီတရဲ့ စိတ်ကိုပြောင်းလဲပစ်နိုင်တဲ့ စွမ်းပကား
Speaker:
Benjamin Zander
Description:

Benjamin Zander က လူသားအားလုံးတို့အား စိတ်မာန်ပါပါ မိတ်ဆက်ပေးချင်တဲ့ အချက်နှစ်ချက် ရှိပါတယ် - ဂန္တဝင်ဂီတနဲ့ ကျုပ်တို့ထဲမှာ ကိန်းဝပ်နေတဲ့ ဂန္တဝင်ဂီတအား မြတ်နိုးစိတ်ကို နှိုးဆော်ပေးလျက် အလားအလာ အသစ်တွေကို၊ အတွေ့အကြုံသစ်တွေနဲ့ ဆက်ဆံမှု အသစ်တွေဆီကို လမ်းဖွင့်ပေးဖို့ပါပဲ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
20:26

Burmese subtitles

Revisions