WEBVTT 00:00:00.372 --> 00:00:03.417 ကုန်သည်နှစ်ဦး အကြောင်းပုံပြင်ကို ခင်ဗျားတို့ အများစု သိကြမှာပါ။ 00:00:03.417 --> 00:00:06.299 သူတို့နှစ်ဦး ၁၉၀၀ ပြည့်နှစ်များတုန်းက အာဖရိကကို ရောက်လာကြတယ်။ 00:00:06.299 --> 00:00:09.157 စေလွှတ်ခဲ့တာက အဲဒီမှာ ဖိနပ်ရောင်းဖို့ အခွင့်အလမ်းရှိ၊ မရှိကို 00:00:09.157 --> 00:00:10.365 စူးစမ်းကြည့်ဖို့ အတွက်ပါ။ 00:00:10.389 --> 00:00:13.313 သူတို့ နှစ်ယောက်စလုံး Manchester သို့ ကြေးနန်း ရေးပို့ခဲ့တယ်။ 00:00:13.313 --> 00:00:14.551 တယောက် ရေးခဲ့တာက၊ 00:00:14.575 --> 00:00:18.127 "အခြေအနေက မျှော်လင့်ချက်မရှိပါ။ ရပ်ထားပါ။ ဒီမှာ သူတို့ ဖိနပ်မစီးကြဘူး။ " 00:00:18.292 --> 00:00:19.904 နောက် တယောက်ကျတော့၊ 00:00:19.928 --> 00:00:22.936 "အံ့မခန်း အခွင့်အလမ်းတွေပဲ။ သူတို့ဆီမှာ ဖိနပ်မရှိကြသေးဘူး။" 00:00:22.960 --> 00:00:24.260 (ရယ်သံများ) 00:00:24.284 --> 00:00:27.443 ဂန္ထဝင်ဂီတလောက ထဲမှာလည်း အလားတူအခြေအနေမျိုးလို့ ထင်ရတယ်၊ 00:00:27.467 --> 00:00:31.376 လူတချို့က ဂန္ထဝင်ဂီတဟာ သေနေပြီလို့ထင်ကြတယ်။ 00:00:32.230 --> 00:00:35.712 တချိန်တည်းမှာ ကျုပ်တို့ ဘာမျှ မတွေ့ရသေး ဘူးလို့ထင်တဲ့ လူတွေလည်း ရှိကြတယ်။ 00:00:35.860 --> 00:00:39.596 စာရင်းဇယားတွေနဲ့ အလားအလာတွေကို လေ့လာမယ့်အစား၊ 00:00:39.596 --> 00:00:42.657 သံစုံတီးဝိုင်းတွေ အားလုံးလို ပိတ်နေကြတာ ကို ပြောပြမယ့်အစား၊ 00:00:42.657 --> 00:00:45.193 ဓာတ်ပြား ကုမ္ပဏီတွေ ခေါက်သိမ်းနေကြရတာကို ပြောမယ့်အစား 00:00:45.241 --> 00:00:48.593 ကျုပ်တို့ဟာ စမ်းသပ်မှုတစ်ခုကို ဒီည ပြုလုပ်သင့်ပါတယ်။ 00:00:48.960 --> 00:00:52.319 တကယ်တော့ ဒါဟာစမ်းသပ်မှု မဟုတ်ပါဘူး၊ ရလဒ်ကို ကျွန်တော် သိနေတာကိုး။ 00:00:52.343 --> 00:00:53.602 (ရယ်သံများ) 00:00:53.626 --> 00:00:55.302 ဒါပေမဲ့ အဲဒါဟာ စမ်းသပ်မှုလိုပါပဲ။ 00:00:55.540 --> 00:00:56.871 ကျုပ်တို့ မစခင်မှာ-- 00:00:56.895 --> 00:00:59.976 (ရယ်သံများ) 00:01:00.000 --> 00:01:02.438 မစခင် ကျွန်တော် လုပ်စရာ နှစ်ခုရှိပါတယ်။ 00:01:02.462 --> 00:01:05.857 တစ်ခုက ၇ နှစ်အရွယ်ကလေး စန္ဒရားတီးပုံ 00:01:05.857 --> 00:01:08.482 ဘယ်လို ရှိမှန်း ခင်ဗျားတို့ ပြန်သတိရစေလိုတယ်။ 00:01:08.482 --> 00:01:10.705 ခင်ဗျားတို့ဆီမှာ အဲဒီအရွယ် ကလေး ရှိုနိုင်ပါတယ်။ 00:01:10.729 --> 00:01:12.186 သူတီးပုံက ဒီလိုမျိုးပါ။ 00:01:12.210 --> 00:01:14.776 (ဂီတ) 00:01:30.395 --> 00:01:32.289 (တေးဂီတပြီးဆုံး) 00:01:32.313 --> 00:01:34.827 ခင်ဗျားတို့ထဲက တချို့တို့က အဲဒီကလေးကို သတိရကြသလိုပဲ။ 00:01:35.146 --> 00:01:38.536 အဲဒီကလေးက လေကျင့်ရင်း သင်ခန်းစာ ယူခဲ့မယ်ဆိုရင်၊ 00:01:38.560 --> 00:01:40.396 ရှစ်နှစ်ကလေးဟာ ဒီလို မြည်ပါလိမ့်မယ်။ 00:01:40.396 --> 00:01:41.801 (ဂီတ) 00:01:45.284 --> 00:01:46.535 (တေးဂီတပြီးဆုံး) 00:01:46.535 --> 00:01:49.976 သူဟာ နောက်တစ်နှစ်လေ့ကျင့်ရင်း သင်ခန်းစာ ယူခဲ့လို့ အခုကိုးနှစ်ရှိလာပါပြီ။ 00:01:50.000 --> 00:01:51.628 (ဂီတ) 00:01:54.903 --> 00:01:56.491 (တေးဂီတပြီးဆုံး) 00:01:56.491 --> 00:01:59.949 အဲဒီနောက် နောက်တစ်နှစ်လေ့ကျင့်ရင်း သင်ခန်းစာ ယူခဲ့လို့ အခုသူဟာ ၁၀ နှစ်ပါ။ 00:01:59.973 --> 00:02:02.194 (ဂီတ) 00:02:04.060 --> 00:02:05.320 (တေးဂီတပြီးဆုံး) 00:02:05.320 --> 00:02:07.892 အဲဒီအချိန်မှာ သူတို့ အများအားဖြင့် လက်လျှော့တတ်ကြတယ်။ 00:02:07.892 --> 00:02:08.976 (ရယ်သံများ) 00:02:09.000 --> 00:02:11.269 (လက်ခုပ်သံများ) 00:02:11.293 --> 00:02:14.976 တကယ်လို့များ ခင်ဗျားတို့က နောက်တစ်နှစ် စောင့်ခဲ့ရင် ဒါကို ကြားရမှာပါ။ 00:02:15.000 --> 00:02:17.105 (ဂီတ) 00:02:22.699 --> 00:02:24.195 (တေးဂီတပြီးဆုံး) 00:02:24.195 --> 00:02:27.609 ဒီတော့ ဖြစ်ပျက်လာခဲ့တဲ့ဟာက ခင်ဗျားတို့ ထင်သလို ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ 00:02:27.633 --> 00:02:30.432 သူဟာ ရုတ်တရက် အားကျလာတယ်၊ ပါဝင်ပြီး စိတ်ဝင်စားလာတယ်၊ 00:02:30.456 --> 00:02:34.339 သူဟာ ဆရာသစ်ကို ရှာနိုင်ခဲ့ပြီး ပျိုဖေါ်ဝင်တဲ့ အရွယ်ဖြစ်လာတယ်။ 00:02:34.363 --> 00:02:37.861 လက်တွေ့မှာ ဘာဖြစ်သွားသလဲ ဆိုတော့ စိတ်မာန်အား လျော့ကျသွားခဲ့တယ်။ 00:02:37.885 --> 00:02:41.726 ခင်ဗျားမြင်ခဲ့ကြသလို အစပိုင်းတွင် သူဟာ ဂီတ သင်္ကေတတိုင်းကို အားစိုက် ကစားခဲ့တယ်။ 00:02:41.726 --> 00:02:44.386 (ဂီတ) 00:02:44.410 --> 00:02:47.192 ဒုတိယအကြိမ်တွင် သင်္ကေတ တစ်ခုခြားကို အားမာန်နဲ့ တီးခဲ့တယ်။ 00:02:47.192 --> 00:02:48.676 (ဂီတ) 00:02:48.676 --> 00:02:51.200 ကျွန်ုပ် ဦးခေါင်းကို ကြည့်ရင်း အဲဒါကို မြင်နိုင်တယ်။ 00:02:51.200 --> 00:02:52.556 (ရယ်သံများ) 00:02:52.580 --> 00:02:55.852 ကိုးနှစ်အရွယ် ကလေးကျတာ့ သင်္ကေတ လေးခုမြောက်မှာ အားမာန်စိုက်ခဲ့တယ်။ 00:02:55.876 --> 00:02:57.566 (ဂီတ) 00:02:57.566 --> 00:03:00.143 ဆယ်နှစ်ကလေးက သင်္ကေတ ရှစ်ခု မြောက်တိုင်းကို တီးခဲ့တယ်။ 00:03:00.143 --> 00:03:01.976 (ဂီတ) 00:03:02.000 --> 00:03:05.385 ၁၁ နှစ်အရွယ် ကလေးကျတော့ ဂီတကြော တစ်ခုလုံးကို အားမာန်နဲ့ တီးခဲ့တယ်။ 00:03:05.409 --> 00:03:07.438 (ဂီတ) 00:03:07.438 --> 00:03:10.620 ကျုပ်တို့ ဒီအခြေအနေဆီကို ဘယ်လို ရောက်လာမှန်း ကျွန်တော် မသိတော့ဘူး။ 00:03:10.644 --> 00:03:12.256 (ရယ်သံများ) 00:03:12.256 --> 00:03:15.823 ကျွန်တော်ဟာ ပခုံးကိုရွှေ့မယ်၊ ခန္ဓာကိုယ် ရွေ့မယ်လို့ ကျွန်တော် မပြောခဲ့ဘူး။ 00:03:15.823 --> 00:03:17.871 မဟုတ်ဘူး၊ ဂီတက ကျွန်တော် လှုပ်ရှားစေခဲ့တာပါ၊ 00:03:17.871 --> 00:03:20.640 အဲဒါကြောင့် ကျွန်တော်က တင်ပါးတစ်ဘက်နဲ့ ကစားနည်းလို့ ခေါ်တာ။ 00:03:20.664 --> 00:03:21.717 (ဂီတ) 00:03:21.717 --> 00:03:23.197 ဒါဟာ နောက်တင်ပါးဖြစ်နိုင်တယ်။ 00:03:23.197 --> 00:03:25.544 (ဂီတ) 00:03:25.544 --> 00:03:29.082 ကျွန်တော် မိတ်ဆက်ပွဲ တစ်ခုကို ပြုလုပ်နေစဉ် လူတစ်ယောက် စောင့်ကြည့်နေခဲ့တယ်၊ 00:03:29.082 --> 00:03:31.576 ကျွန်တော်ဟာ လူငယ် စန္ဒယားတီးသူနဲ့ အလုပ်လုပ်နေခဲ့တာပါ။ 00:03:31.576 --> 00:03:34.151 သူက Ohio ပြည်နယ်ထဲက ကော်ပိုရေးရှင်း တစ်ခုရဲ့ ဥက္ကဌပါ။ 00:03:34.199 --> 00:03:36.756 လူငယ် စန္ဒယားတီးသူကို ကူပေးစဉ် ကျွန်တော် ပြောလိုက်တာက၊ 00:03:36.756 --> 00:03:38.966 "မင်းပြဿနာက တင်ပါးနှစ်ဘက်နဲ့ တီးနေခြင်းပါပဲ။ 00:03:38.990 --> 00:03:40.760 မင်း တင်ပါးတစ်ဘက်တည်းနဲ့ တီးသင့်တယ်။" 00:03:40.760 --> 00:03:42.821 တီးနေစဉ် သူ့ခန္ဓာကိုယ်ကို ရွှေ့ပေးလိုက်တယ်။ 00:03:42.821 --> 00:03:45.260 အဲဒါနဲ့ ရုပ်တရက် ဂီတသံစဉ်တွေ လွင့်ပျံ ထွက်လာတော့တယ်။ 00:03:45.260 --> 00:03:47.508 ပရိသတ်တွေကလည်း အဲဒီ ခြားနားချက်ကို ခံစားမိကြတယ်။ 00:03:47.508 --> 00:03:49.548 နောက်မှာ ခုနက လူဆီကနေပြီး စာရခဲ့တယ်။ 00:03:49.572 --> 00:03:51.197 "ကျွန်တော် အရမ်းကို အားကျမိခဲ့တယ်။ 00:03:51.197 --> 00:03:53.470 ပြန်သွားတာနဲ့ပဲ ကျွန်ုပ်ရဲ့ ကုမ္ပဏီတစ်ခုလုံးကို 00:03:53.470 --> 00:03:55.608 တင်ပါးတစ်ဘက် ကုမ္မဏီအဖြစ် ပြောင်းပစ်လိုက်တယ်။" 00:03:55.608 --> 00:03:57.616 (ရယ်သံများ) 00:03:57.616 --> 00:04:00.896 ဆက်ပြီး ကျွန်တော်က ခင်ဗျားတို့အား ခင်ဗျားတို့ အကြောင်း ပြောပြချင်တယ်။ 00:04:00.920 --> 00:04:02.976 ဒီမှာ လူ ၁,၆၀၀ လောက် ရှိမယ် ထင်တယ်။ 00:04:03.000 --> 00:04:06.690 ကျွန်တော့် ထင်ကြေးအရ ခင်ဗျားတို့အထဲက ၄၅ ဦးတို့ဟာ 00:04:06.714 --> 00:04:09.600 ဂန္ထဝင်ဂီတကို လုံးဝကို အသည်းစွဲ နှစ်ခြိုက်သူတွေပါ။ 00:04:09.624 --> 00:04:13.846 ခင်ဗျားတို့ရဲ့ FM ဟာ အမြဲတမ်း ဂန္တဝင်ဂီတကို ဖွင့်ထားတတ်တယ်။ 00:04:13.846 --> 00:04:16.936 ခင်ဗျားတို့ ကားထဲမှာ စီဒီပြားတွေ ရှိပြီး ဆင်ဖိုနီကို သွားတတ်ကြပြီး 00:04:16.936 --> 00:04:19.300 ခင်ဗျားတို့ကလေးတွေက တူရီယာတွေကို တီးမှုတ်နိုင်တယ်။ 00:04:19.300 --> 00:04:21.989 ခင်ဗျားတို့ရဲ့ ဘဝကို ဂန္ထဝင်ဂီတ မပါဘဲ စိတ်ကူးမရနိုင်ဘူး။ 00:04:21.989 --> 00:04:23.643 အဲဒါ အတော်လေး နည်းတဲ့ ပထမအုပ်စုပါ။ 00:04:23.667 --> 00:04:25.491 ပြီးတော့ ပိုကြီးတဲ့ အုပ်စုရှိပါသေးတယ်။ 00:04:25.515 --> 00:04:27.626 ဂန္ထဝင်ဂီတ ဆိုတာကို ဂရုမစိုက်ကြတဲ့ သူတွေပါ။ 00:04:27.650 --> 00:04:28.660 (ရယ်သံများ) 00:04:28.684 --> 00:04:31.413 တစ်နေ့လုံး အလုပ်ပြီးလို့ ခင်ဗျားတို့ အိမ်ပြန်ရောက်တဲ့ အခါ၊ 00:04:31.413 --> 00:04:33.910 ဝိုင်တစ်ခွက် သောက်နေရင်း သင့်ခြေထောက်တွေ မတင်ထားတယ်။ 00:04:33.910 --> 00:04:36.754 နောက်ခံတွင် Vivaldi ရဲ့ ဂီတကို ဖွင့်ထားတာ ဘာအန္တရာယ် ရှိမလဲ။ 00:04:36.754 --> 00:04:37.739 အဲဒါ ဒုတိယအုပ်စုပါ။ 00:04:37.739 --> 00:04:39.591 အခုတော့ တတိယအုပ်စုဆီကို ရောက်လာကြပါပြီ။ 00:04:39.591 --> 00:04:41.495 ဂန္ထဝင်ဂီတကို ဘယ်တော့မှ နားမထောင်သူတွေပါ။ 00:04:41.495 --> 00:04:43.320 သူတို့ ဘဝနှင့် ဘယ်လိုမှ မပတ်သက်တဲ့အရာ။ 00:04:43.320 --> 00:04:46.079 သူတို့ဟာ လေဆိပ်မှာ ဆေးလိပ်ငွေ့ ရှူရသလို နားထောင်မိနိုင်တယ်။ 00:04:46.079 --> 00:04:46.976 (ရယ်သံများ) 00:04:47.000 --> 00:04:49.460 ပြီးတော့ "Aida" ထဲက စစ်ချီသံကို ခန်းမကြီးထဲ ဝင်လာစဉ် 00:04:49.460 --> 00:04:50.834 နည်းနည်းလေး ကြားနိုင်ခဲ့တယ်။ 00:04:50.834 --> 00:04:53.105 အခြားအချိန်တွေမှာ သူတို့ ဘယ်တော့မှ မကြားကြပါဘူး။ 00:04:53.105 --> 00:04:54.907 အဲဒါ အကြီးဆုံး အုပ်စုဖြစ်ဖို့များတယ်။ 00:04:54.907 --> 00:04:56.982 အဲဒီနောက် သိပ်သေးငယ်တဲ့ အုပ်စု ရှိပါသေးတယ်။ 00:04:56.982 --> 00:04:58.900 ဂီတသံကို မခံစားနိုင်ဘူးလို့ ထင်သူတွေပါ။ 00:04:58.900 --> 00:05:01.709 ဂီတသံကို မခံစားနိုင်ကြဘူးလို့ ထင်သူတွေ အံ့သြဖွယ် များပါတယ်။ 00:05:01.709 --> 00:05:04.330 "ကျွန်မခင်ပွန်း ဂီတကို မခံစားနိုင်ဘူး။" ကြားမိခဲ့ဘူးတယ်။ 00:05:04.330 --> 00:05:05.165 (ရယ်သံများ) 00:05:05.165 --> 00:05:06.810 ဂီတသံကို မကြားနိုင်သူ မရှိနိုင်ပါ။ 00:05:06.834 --> 00:05:08.360 ဂီတသံကို မကြားနိုင်တာ မရှိပါဘူး။ 00:05:08.360 --> 00:05:10.914 ဂီတသံကို အကြားနိုင်ရင်၊ ကားဂီယာကို ဘယ်လိုထိုးနိုင်မလဲ၊ 00:05:10.914 --> 00:05:12.463 လက်နဲ့ ဂီယာထိုးပေးရတဲ့ ကားမှာလေ။ 00:05:12.487 --> 00:05:14.844 အဲဒီလိုသူဟာ Texas က လာတဲ့သူကို Rome မှ လာတဲ့လူနဲ့ 00:05:14.844 --> 00:05:16.424 ဘယ်လိုမှ ခွဲခြားနိုင်မှာလဲ။ 00:05:16.434 --> 00:05:18.958 ပြီးတော့ တယ်လီဖုန်း၊ တယ်လီဖုန်းကိုပဲ ယူကြည့်ကြပါစို့။ 00:05:18.982 --> 00:05:20.590 ခင်ဗျားဆီ အမေ့ထံမှ ဖုန်းဝင်လာရင်၊ 00:05:20.590 --> 00:05:23.516 ဖုန်းသေးလေးထံမှနေပြီး သူမရဲ့ "ဟဲလို" ဆိုတာကို ကြားလိုက်တာနဲ့ 00:05:23.540 --> 00:05:26.793 ခေါ်သူဟာ ဘယ်သူလဲ ဆိုတာကိုသာမက သူမရဲ့ စိတ်နေစိတ်ထားကိုပါ ကိုယ်သိနေပြီ။ 00:05:26.793 --> 00:05:30.528 ကျွန်ုပ်တို့နားဟာ အံ့အားသင့်စရာကြီးပါ။ လူတိုင်းဆီမှာ အံ့အားသင့်စရာ နားရှိပါတယ်။ 00:05:30.528 --> 00:05:32.510 ဂီတ သံစဉ်ကို မကြားနိုင်သူ မရှိပါဘူး။ 00:05:32.534 --> 00:05:33.792 ကျွန်တော် ပြောချင်သေးတယ်။ 00:05:33.792 --> 00:05:36.663 ကျွန်တော် အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်က 00:05:36.687 --> 00:05:40.433 ဂန္ထဝင်ဂီတကို နားလည်ကြပြီး ချစ်ရုံတင်မက မြတ်နိုင်းကြတဲ့ လူတွေနဲ့ 00:05:40.457 --> 00:05:42.873 ဂန္ထဝင်ဂီတကို ဘယ်လိုမှာမှ ဆက်ဆံမှု မရှိလူတွေ အကြားက 00:05:42.873 --> 00:05:45.609 ကွာဟချက်ကြီးကိုပါ။ 00:05:45.633 --> 00:05:47.586 ဂီတသံစဉ် မကြားရသူတွေ ဒီမှာ မရှိကြတော့ဘူး။ 00:05:47.586 --> 00:05:50.110 ဒါတောင် ကျန်ရှိနေသေးတဲ့ အမျိုးအစားသုံးမျို အကြားမှာကို 00:05:50.134 --> 00:05:51.438 ကွာဟချက်ဟာ ကြီးမားလှပါတယ်။ 00:05:51.462 --> 00:05:55.880 ဒီတော့ ကျွန်တော်ဟာ ဒီခန်းမကြီးထဲက လူတွေ အားလုံး၊ 00:05:55.904 --> 00:06:00.465 အောက်ပိုင်းမှာ၊ အထက်ပိုင်းတွင်၊ ရှိနေကြတဲ့ သူတွေ အားလုံးတို့က 00:06:00.465 --> 00:06:04.153 ဂန္ထဝင်ဂီတကို ချစ်မြတ်နိုးလာကြတဲ့ အထိ ကျွန်တော် ဒီကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ 00:06:04.153 --> 00:06:06.683 ကျွန်ုပ်တို့ ရှေ့ဆက် လုပ်ကိုင်ကြရမှာက ဒီလို ရှိပါတယ်။ 00:06:06.707 --> 00:06:11.871 ခင်ဗျားတို့က ကျွန်တော့်မျက်နှာကို မြင်လိုက်ကြတာနဲ့ ခုနက ပြောတဲ့အရာဟာ 00:06:11.871 --> 00:06:15.025 လက်တွေ့ အလုပ်ဖြစ်လာမှာကို ကျွန်တော် သံသယမရှိတာ ထင်ရှားနေတယ်နော်။ 00:06:15.049 --> 00:06:18.976 အဲဒါက လူတွေကို ရှေ့ဆောင် ခေါ်သွားချင်တဲ့ ခေါင်းဆောင် တစ်ဦးဟာ 00:06:19.000 --> 00:06:22.976 သူက ဦးဆောင်ခေါ်သွားနေတဲ့ လူတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို တဒင်္ဂလေးတောင်မှ 00:06:23.000 --> 00:06:25.163 သံသယ ဖြစ်လို့ မရနိုင်ဘူးဆိုတဲ့ အရည်အချင်းပါပဲ။ 00:06:25.223 --> 00:06:28.094 Martin Luther King က “ငါဆီမှာ အိပ်မက်တစ်ခု ရှိတယ်။ 00:06:28.094 --> 00:06:31.462 ဒီလူတွေ အဲဒါကို လုပ်နိုင်မလား မသိဘူး။" ပြောခဲ့မှာကို စိတ်ကူးကြည့်ကြပါ။ 00:06:31.462 --> 00:06:33.106 (ရယ်သံများ) 00:06:33.106 --> 00:06:36.365 ကောင်းပါပြီ။ အခုတော့ ကျွန်တော်ဟာ Chopin ရဲ့ အပိုင်းလေးကို တီးပြပါမယ်။ 00:06:36.365 --> 00:06:38.776 ဒါဟာ တကယ့်ကို မြူးကြွဖွယ် Chopin ရဲ့ ဂီတနိဒါန်းပါ။ 00:06:39.198 --> 00:06:40.986 ခင်ဗျားတို့ထဲက တချို့သိကြမှာပါ။ 00:06:41.770 --> 00:06:44.508 (ဂီတ) 00:07:10.038 --> 00:07:12.574 ဒီမှာ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားတို့ သိလား။ 00:07:12.574 --> 00:07:16.136 ကျွန်တော်စလိုက်တော့၊ ခင်ဗျားတို့ ထင်မိမှာ "အဲဒါ သိပ်ကို သာယာတဲ့ အသံပါလား’’။ 00:07:16.160 --> 00:07:18.532 (ဂီတ) 00:07:28.528 --> 00:07:31.071 "ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ နွေရာသီ အနားယူချိန်မှာ 00:07:31.095 --> 00:07:32.900 အရင်နေရာကိုပဲ မသွားသင့်ဘူး ထင်တယ်။" 00:07:32.924 --> 00:07:35.544 (ရယ်သံများ) 00:07:35.568 --> 00:07:36.933 အဲဒါ ရယ်စရာ ကောင်းတယ်နော်။ 00:07:36.957 --> 00:07:42.203 အဲဒီလို အတွေးတွေ ခင်ဗျားတို့ ခေါင်းထဲကို ဘယ်လိုများ ဝင်လာပါလိမ့်။ 00:07:42.227 --> 00:07:43.457 ပြီးတော့ တကယ်ကျတော့-- 00:07:43.481 --> 00:07:44.861 (လက်ခုပ်သံများ) 00:07:44.861 --> 00:07:48.176 ဂီတအပိုင်းဟာ ရှည်မယ်၊ ပြီးတော့ ခင်ဗျားတို့ရဲ့ နေ့တာဟာ ကြာခဲ့တယ်ဆိုရင်၊ 00:07:48.176 --> 00:07:50.176 ခင်ဗျားတို့ တကယ် အဲဒီလို ထင်နိုင်ခဲ့မှာပါ။ 00:07:50.176 --> 00:07:52.306 ခင်ဗျားနဲ့ လိုက်ပါလာသူက နံရိုးကို ထိုးပေးရင်း 00:07:52.306 --> 00:07:55.571 ‘‘နိုးစမ်းပါ၊ ယဉ်ကျေးဖို့ လိုတယ်။" အဲဒီနောက် ခင်ဗျား ပိုခံစားရခက်မယ်။ 00:07:55.571 --> 00:07:56.837 (ရယ်သံများ) 00:07:56.837 --> 00:07:59.140 ဂန္တဝင်ဂီတ တီးမှုတ်ချိန်မှာ ခင်ဗျား အိပ်ပျော်မိတာ 00:07:59.140 --> 00:08:01.772 ဂန္ထဝင်ဂီတကြောင့်ထက် ကျုပ်ကြောင့် ဆိုတာ စဉ်းစားမိရဲ့လား။ 00:08:01.772 --> 00:08:03.687 ခုနက တီးနေတုန်းက ခင်ဗျားတို့ထဲက တစ်ဦးဦးက 00:08:03.687 --> 00:08:06.311 ဒီလူ အခုလိုအားစိုက်ပြီး တီးနေတာကို စဉ်းစားမိခဲ့ကြလား။ 00:08:06.311 --> 00:08:09.542 အဲဒါကို ကျုပ်ဦးခေါင်းနဲ့ လုပ်ပြခဲ့ရင် ခင်ဗျားတို့စဉ်းစားမိခဲ့မှာပါ။ 00:08:09.542 --> 00:08:11.552 (ဂီတ) 00:08:14.548 --> 00:08:15.698 (တေးဂီတပြီးဆုံး) 00:08:15.722 --> 00:08:18.878 ကျန်နေသေးတဲ့ ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ဂန္ထဝင်ဂီတကို ကြားရတိုင်းမှာ 00:08:18.902 --> 00:08:22.682 အဲဒီလို လှုံ့ဆော်သံတွေကို ကြားရရင် အမြဲတမ်း မှတ်မိလာကြမှာပါ။ 00:08:22.743 --> 00:08:25.076 ဒီမှာ တကယ် ဖြစ်ပျက်နေတာကို လေ့လာကြည့်ကြရအောင်။ 00:08:25.100 --> 00:08:28.013 ကျုပ်တို့ဆီမှာ B တစ်ခုရှိတယ်။ ဒါက B ပါ။ 00:08:28.037 --> 00:08:29.322 နောက် သင်္ကေတ တစ်ခုက C ပါ။ 00:08:29.322 --> 00:08:31.746 ပြီးတော့ C ရဲ့အလုပ်က B ကို ဝမ်းနည်းအောင် လုပ်ဖို့ပါ။ 00:08:31.746 --> 00:08:33.601 အဲဒါက အဲဒီလို လုပ်ပေးတယ်၊ ဟုတ်တယ်နော်။ 00:08:33.625 --> 00:08:35.053 (ရယ်သံများ) 00:08:35.053 --> 00:08:36.608 တေးရေးဆရာတွေက အဲဒါကို သိကြတယ်။ 00:08:36.632 --> 00:08:39.795 ဝမ်းနည်းစရာ ဂီတကို တီးချင်ရင် အဲဒီ သင်္ကေတ နှစ်ခုကိုပဲ တီးကြတယ်။ 00:08:39.795 --> 00:08:42.806 (ဂီတ) 00:08:42.806 --> 00:08:45.835 ဒါပေမဲ့ အများအားဖြင့် ဝမ်းနည်းစရာ လေးခု မပါပဲ B ပဲ ပါတတ်ပါတယ်။ 00:08:45.835 --> 00:08:47.976 (ရယ်သံများ) 00:08:48.000 --> 00:08:50.092 အခုတော့ အဲဒါက A ဆီကို ဆင်းသွားပြီ။ 00:08:50.895 --> 00:08:52.436 အခုတော့ G ဆီကို။ 00:08:52.460 --> 00:08:53.686 ပြီးတော့ F ဆီ။ 00:08:53.710 --> 00:08:55.769 ဒါနဲ့ ကျုပ်တို့ဆီမှာ B, A, G, F ရှိနေပြီ။ 00:08:55.885 --> 00:08:57.756 ကျုပ်တို့ဆီမှာ B, A, G, F ရှိနေရင်၊ 00:08:57.756 --> 00:08:59.587 နောက်တစ်ခု မျှော်လင့်ရနိုင်တာက ဘာလဲ။ 00:08:59.611 --> 00:09:02.721 (ဂီတ) 00:09:02.890 --> 00:09:04.588 ဒါက လွဲချော်မိသွားတာ ဖြစ်နိုင်တယ်။ 00:09:04.612 --> 00:09:05.774 ထပ်ပြီး စမ်းကြည့်ရအောင်။ 00:09:05.798 --> 00:09:08.563 (ဂီတ) 00:09:08.804 --> 00:09:10.722 အိုး၊ TED သံစုံတီးဝိုင်းကြီးပါလား။ 00:09:10.746 --> 00:09:13.554 (ရယ်သံများ) 00:09:13.554 --> 00:09:16.794 ဘယ်သူမှာမှ ဂီတသံစဉ်ကို မကြားသူ မဟုတ်တာ ခင်ဗျားတို့ သတိထားမိကြလား။ 00:09:16.818 --> 00:09:18.020 ဘယ်သူမှာမှ မဟုတ်ခဲ့ဘူး။ 00:09:18.044 --> 00:09:19.889 ဘင်္ဂလားဒေ့ရှက ရွာတိုင်းမှာ၊ 00:09:19.913 --> 00:09:24.771 ပြီးတော့ တရုတ်နိုင်ငံထဲက ရွာလေးတိုင်းမှာ -- သိကြတယ်- 00:09:24.795 --> 00:09:26.536 ဒါ၊ ဒါ၊ ဒါ၊ ဒါ - ဒါ။ 00:09:26.536 --> 00:09:29.212 အဲဒီ E ကို စောင့်မျှော်နေသူက ဘယ်သူလဲကို လူတိုင်း သိကြတယ်။ 00:09:29.236 --> 00:09:31.075 Chopin ဟာ E အဲဒီကို မရောက်စေလိုခဲ့ဘူး၊ 00:09:31.075 --> 00:09:33.180 အဲဒီလို ဘယ်လိုများ ဖြစ်ပျက်ကုန်မှာမို့လို့လဲ။ 00:09:33.180 --> 00:09:36.181 ရွာတိုင်းမှာ Hamletလို ပြီးခဲ့မှာပါ။ ခင်ဗျားတို့ မှတ်မိတယ်နော်။ 00:09:36.205 --> 00:09:37.436 ဇာတ်ခန်း တစ်၊ ပြကွက်သုံး၊ 00:09:37.437 --> 00:09:39.729 သူ့ဦးလေးက သူ့အဖေကို သတ်ပစ်တာ သူ မြင်လိုက်ရတယ်။ 00:09:39.729 --> 00:09:41.947 သူဟာ သူ့ဦးလေးနားကို ကပ်လာလျက် သတ်ပစ်လုမတတ်ပါပဲ။ 00:09:41.947 --> 00:09:45.432 အဲဒီနောက်မှာ သူဟာ နောက်ဆုတ်လိုက်တယ်၊ ထပ်ပြီးသွားတာ သူ့ကို သတ်ပစ်လုနီးပါပဲ။ 00:09:45.432 --> 00:09:47.476 နောက်တန်းမှာ ထိုင်နေကြတဲ့ ဝေဖန်ရေးသမားတွေက 00:09:47.500 --> 00:09:50.976 သူတို့ရဲ့ ထင်မြင်ချက်ကို ပေးရမယ်ဆိုတော့၊ "Hamlet ဟာ အချိန်ကို တမင်ဆွဲနေတာ" 00:09:51.000 --> 00:09:53.839 "Hamlet ထံတွင် Oedipus ရောဂါ ပြဿနာ ရှိနေတယ်လို့" ဆိုကြပါမယ်။ 00:09:53.839 --> 00:09:55.798 မဟုတ်ရင်၊ ဒီပြဇာတ်က ပြီးသွားရမှာလေ။ 00:09:55.822 --> 00:09:56.787 (ရယ်သံများ) 00:09:56.787 --> 00:10:00.217 အဲဒါကြောင့်မို့လို့ ရှိတ်စပီးယားဟာ Hamlet မှာ အဲဒီလိုအရာတွေ ထည့်ထားရတာ-- 00:10:00.217 --> 00:10:02.336 Ophelia ရူးသွပ်တော့မယ်၊ ပြဇာတ်ထဲက ပြဇာတ်ပါပဲ၊ 00:10:02.336 --> 00:10:04.570 Yorick ရဲ့ ဦးခေါင်းခွံနဲ့ သင်္ချိုင်းတူးသမားတွေ။ 00:10:04.570 --> 00:10:05.677 အချိန်ဆွဲဖို့ အတွက်ပါ-- 00:10:05.677 --> 00:10:07.566 ဇာတ်ခန်း ငါးမတိုင်မီ သူ သတ်နိုင်ဖို့ပါ။ 00:10:07.566 --> 00:10:09.255 Chopin ရဲ့ ကိစ္စမှာလည်း အတူတူပါပဲ။ 00:10:09.255 --> 00:10:11.317 သူဟာ E ဆီကို ရောက်ခါနီးနေပြီ၊ 00:10:11.317 --> 00:10:15.000 အဲဒါနဲ့ သူက၊ "အိုး၊ ပြန်သွားပြီး အဲဒါကို ထပ်လုပ်ရင် ပိုကောင်းမယ်" လို့ပြောတယ်။ 00:10:15.048 --> 00:10:16.540 အဲဒါနဲ့ သူဟာ ထပ်လုပ်ပါတယ်။ 00:10:16.540 --> 00:10:18.192 အခုတော့ သူဟာ စိတ်လှုပ်ရှားနေပြီ။ 00:10:18.192 --> 00:10:19.985 (ဂီတ) 00:10:20.009 --> 00:10:21.976 ဒါက စိတ်လှုပ်ရှားပါ၊ စိတ်မပူကြပါနဲ့။ 00:10:22.000 --> 00:10:24.831 အခုတော့ သူဟာ F-နားမှာ၊ နောက်ဆုံးမှာတော့ E ဆီကို ဆင်းသွားတယ်။ 00:10:24.980 --> 00:10:27.136 ဒါပေမဲ့၊ အဲဒါဟာ မှားတဲ့ သံစဉ်ပါ -- 00:10:27.160 --> 00:10:29.663 ဘာဖြစ်လို့လဲဆိုတော့ သူရှာနေတဲ့ သံစဉ်က ဒါမို့လို့ပါ။ 00:10:30.359 --> 00:10:31.969 ဒါပေမဲ့ အဲဒီအစား သူလုပ်တာက ... 00:10:31.969 --> 00:10:34.417 အဲဒါကို ကျုပ်တို့က လှည့်ဖြားတဲ့ ချသံလို့ ခေါ်ကြတယ်၊ 00:10:34.417 --> 00:10:35.848 ကျုပ်တို့ကို လှည့်ဖြားဖို့ပါ။ 00:10:35.848 --> 00:10:38.977 ကျွန်တော့် ကျောင်းသားတွေကို၊ "မင်းတို့မှာ လှည့်ဖြားတဲ့ ချသံရှိရင်၊ 00:10:38.977 --> 00:10:42.870 ၎င်းတို့ရဲ့ မျက်ခုံမွှေးကို မြှင့်ပြရင်း လူတိုင်းကို သိကြပါစေ။" လို့ ပြောတတ်တယ်။ 00:10:42.870 --> 00:10:44.332 (ရယ်သံများ) 00:10:44.332 --> 00:10:46.783 (လက်ခုပ်သံများ) 00:10:46.807 --> 00:10:48.344 အမှန်ပြောနေတာ။ 00:10:48.344 --> 00:10:50.410 သူဟာ E ဆီကို ရောက်သွားပေမဲ့ သံစဉ် မှားနေတယ်။ 00:10:50.410 --> 00:10:51.863 အခုတော့ E ကို ထပ်စမ်းကြည့်တယ်။ 00:10:51.863 --> 00:10:53.125 အဲဒီ သံစဉ် အလုပ်မဖြစ်ဘူး။ 00:10:53.149 --> 00:10:55.545 အခု E ကို ထပ်စမ်းကြည့်တယ်။ အဲဒီသံစဉ် အလုပ်မဖြစ်ဘူး။ 00:10:55.569 --> 00:10:58.008 အခုသူ E ကိုထပ်စမ်းကြည့်ပေမဲ့၊ အဲဒါ အလုပ်မဖြစ်ဘူး။ 00:10:58.124 --> 00:10:59.704 အဲဒါနဲ့ နောက်ဆုံးမှာတော့ ... 00:11:01.616 --> 00:11:05.019 ရှေ့တန်းမှာ ထိုင်နေတဲ့ လူကြီးလူကောင်း တစ်ယောက်က "ဟင်း"လို့ ဆိုလိုက်တယ်။ 00:11:05.043 --> 00:11:06.133 (ရယ်သံများ) 00:11:06.133 --> 00:11:08.783 အဲဒီ လက်ဟန်က သူဟာ ကြာလှတဲ့ တစ်နေ့တာ အလုပ်အပြီး 00:11:08.783 --> 00:11:11.399 အိမ်ကို ရောက်လာပြီး သူ့ကားထဲက သော့ကို ပိတ်ချလိုက်ပြီး၊ 00:11:11.399 --> 00:11:13.579 "ဟေ့၊ ငါအိမ်ကို ရောက်လာပြီ" လို့ ပြောသလိုပါပဲ။ 00:11:13.579 --> 00:11:16.023 ကျုပ်တို့က ကိုယ့်အိမ် ဘယ်မှာ ရှိမှန်း သိကြလို့ပါ။ 00:11:16.023 --> 00:11:18.463 ဒါလေးက အဝေးတစ်နေရာကနေပြီး ကိုယ့်အိမ်ကို သွားတဲ့ဟာပါ။ 00:11:18.463 --> 00:11:22.000 ကျွန်တော်ဟာ လမ်းတလျှောက်လုံး အဲဒါကို တီးသွားမှာကို ခင်ဗျား လိုက်ကြည့်ကြပါ။ 00:11:22.000 --> 00:11:23.034 B, C, B, C, B, C, B - 00:11:23.034 --> 00:11:25.374 A ဆီကို ဆင်းမယ်၊ G ဆီကို ဆင်းမယ်၊ F ဆီကို ဆင်းမယ်။ 00:11:25.374 --> 00:11:27.896 E အထိကို သွားမယ်၊ နို့မဟုတ်ရင် ပြဇာတ် ပြီးဆုံးသွားမယ်။ 00:11:27.896 --> 00:11:30.055 သူ B ဆီကိုပြန်သွား၊ သူ စိတ်သိပ်လှုပ်ရှားနေပြီ။ 00:11:30.055 --> 00:11:31.943 F- ဆီအထိ သွားပါ။ ဆက်ပြီး E ကို သွားတယ်။ 00:11:31.943 --> 00:11:34.091 အဲဒါက မှားတဲ့ သံစဉ်ပါ။ အဲဒါက မှားတဲ့ သံစဉ်ပါ။ 00:11:34.091 --> 00:11:35.956 နောက်ဆုံး E ဆီ သွားတယ်၊ ကိုယ့်အိမ်ပဲ။ 00:11:35.956 --> 00:11:39.202 ခင်ဗျားတို့ မြင်ကြရမှာက တင်ပါးတစ်ဖက်နဲ့ တီးမှုတ်မှုကိုပါ။ 00:11:39.226 --> 00:11:40.976 (ရယ်သံများ) 00:11:41.000 --> 00:11:44.176 ဘာလို့လဲဆိုတော့ ကျွန်တော့် အနေနဲ့ B ကို E နဲ့ ချိတ်တွဲပေးဖို့အတွက် 00:11:44.200 --> 00:11:50.119 လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်ဟာ​ေ သင်္ကေတတိုင်း စဉ်းစားမှုကို ရပ်လျက် 00:11:50.143 --> 00:11:54.897 B မှ E ဆီ သွားရမယ့် လိုင်းရှည်ကြီးကို စပြီး စဉ်းစားနေရလို့ပါ။ 00:11:55.508 --> 00:12:00.012 ကျုပ်တို့က ခုနလေးတင် တောင်အာဖရိက မှာ ရှိခဲ့ကြရင်၊ တောင်အာဖရိကဆီ သွားဖို့ကို 00:12:00.036 --> 00:12:03.182 Mandela ထောင် ၂၇ နှစ် ကျခံခဲ့ရတာကို မစဉ်းစားလို့ကို မရနိုင်ပါဘူး။ 00:12:03.233 --> 00:12:05.348 သူ ဘာတွေများ တွေးနေခဲ့သလဲ။ နေ့လယ်စာကိုလား။ 00:12:05.388 --> 00:12:08.537 မဟုတ်ပါဘူး၊ တောင်အာဖရိက အတွက် သူ့အမြင်ကို 00:12:08.577 --> 00:12:10.545 လူသားတွေ အကြောင်းကို စဉ်းစားနေခဲ့တာပါ။ 00:12:10.569 --> 00:12:13.586 ဒါတွေက လောကအမြင် အကြောင်းပါ။ အဲဒါက ရှည်လျားတဲ့ လိုင်းအကြောင်းပါ။ 00:12:13.586 --> 00:12:15.807 လယ်ကွင်း အထက်မှာ ပျံသန်းနေတဲ့ ငှက်က 00:12:15.831 --> 00:12:19.573 အောက်မှာ ရှိနေကြတဲ့ ခြံစည်းရိုးတွေကို ဂရုမစိုက်သလိုပါပဲ။ 00:12:19.597 --> 00:12:22.692 အခုတော့ ခင်ဗျားတို့ဟာ B ကနေ E အထိ လိုင်းကို လိုက်ကြရမှာပါ။ 00:12:22.716 --> 00:12:26.065 ကျွန်တော် ဒီအပိုင်းကို အဆုံးအထိ မတီးခင် တောင်းပန်ချင်တာ တစ်ခု ရှိပါတယ်။ 00:12:26.138 --> 00:12:29.957 ခင်ဗျားတို့အား ခင်ဗျားတို့ မြတ်နိုးသူ တစ်ဦးဦး အကြောင်း၊ 00:12:30.071 --> 00:12:32.367 ဆက်ပြီး မရှိတော့တဲ့သူ အကြောင်း စဉ်းစားပေးကြပါ။ 00:12:32.516 --> 00:12:34.876 ကိုယ်ချစ်တဲ့ အဖွား၊ ချစ်သူ -- 00:12:34.900 --> 00:12:39.023 ခင်ဗျားတို့က စိတ်နှလုံးအပြည့်ဖြင့် ချစ်ခင်ခဲ့တဲ့သူ တစ်ယောက်ယောက်၊ 00:12:39.047 --> 00:12:41.116 အခု ခင်ဗျားတို့နဲ့ မရှိတော့တဲ့သူ အကြောင်းပါ။ 00:12:41.722 --> 00:12:44.224 အဲဒီလူကို ခင်ဗျားတို့ရဲ့ အသိစိတ်ထဲကို ပြန်ခေါ်ယူလာပါ၊ 00:12:44.248 --> 00:12:46.225 အဲဒီ တစ်ချိန်တည်းမှာပဲ 00:12:46.249 --> 00:12:49.707 ကျုပ်တို့ရဲ့ လိုင်းကို B ကနေ E အထိ ​တောက်လျှောက် လိုက်ကြည့်နေပါ။ 00:12:49.731 --> 00:12:53.439 အဲဒီလိုဆိုရင် ခင်ဗျားတို့ဟာ Chopin ပြောဆိုလိုခဲ့တာကို နားထောင်ကြရမှာပါ။ 00:12:58.360 --> 00:13:01.360 (ဂီတ) 00:14:45.079 --> 00:14:46.561 (တေးဂီတပြီးဆုံး) 00:14:48.000 --> 00:14:51.000 (လက်ခုပ်သံများ) 00:14:56.522 --> 00:14:58.516 ဒီနေရာမှာ ခင်ဗျားတို့ တွေးမိနိုင်ကြတာက -- 00:14:58.540 --> 00:15:01.540 (လက်ခုပ်သံများ) 00:15:01.811 --> 00:15:02.961 (လက်ခုပ်သံများ ရပ်စဲ) 00:15:03.141 --> 00:15:06.707 ကျွန်တော်ဟာ ဘာဖြစ်လို့ လက်ခုပ်တီးနေတာလဲ ခင်ဗျားတို့ စဉ်းစားမိနိုင်ကြပါတယ်။ 00:15:06.707 --> 00:15:08.645 ကောင်းပြီ၊ Boston က ကျောင်းတစ်ကျောင်းမှာ 00:15:08.645 --> 00:15:11.392 ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသား ၇၀ ခန့်နဲ့တုန်းကပါ။ 00:15:11.392 --> 00:15:14.053 ခင်ဗျားတို့ကို အခုလုပ်ပြခဲ့သလိုပဲ သူတို့ကို လုပ်ပြခဲ့တယ်၊ 00:15:14.053 --> 00:15:16.134 ခုနကလိုပဲ အရာတွေအားလုံးကို ရှင်းပြခဲ့တယ်။ 00:15:16.158 --> 00:15:18.510 ပြီးသွားတော့ သူတို့အားလုံး လက်ခုပ်တီးကြပါတော့တယ်။ 00:15:18.510 --> 00:15:20.836 ကျွန်တော်လည်း လက်ခုပ်တီး၊ ၏ သူတို့ကလည်း တီးပေါ့။ 00:15:20.836 --> 00:15:23.546 နောက်ဆုံးတွင် ကျွန်တော်က၊ "ငါလက်ခုပ်တီးနေတာ ဘာကြောင့်လဲ?" 00:15:23.546 --> 00:15:26.870 သူတို့ထဲက တစ်ယောက်က၊ "ကျွန်ုပ်တို့ နားထောင်နေခဲ့ကြလို့ပါ" လို့ပြောတယ်။ 00:15:26.870 --> 00:15:27.976 (ရယ်သံများ) 00:15:28.000 --> 00:15:30.711 အဲဒါကို စဉ်းစားကြည့်ပါ။ လူ ၁၆၀၀၊ အလုပ်များတဲ့လူတွေ၊ 00:15:30.711 --> 00:15:33.558 မျိုးစုံလှတဲ့ အလုပ်အမျိုးမျိုးကို လုပ်ကိုင်ကြတဲ့ သူတွေ၊ 00:15:33.582 --> 00:15:37.407 နားထောင်နေခဲ့ကြတယ်၊ နားလည်ခဲ့ကြတယ်၊ စိတ်လှုပ်ရှားမိကြတယ်၊ 00:15:37.431 --> 00:15:39.188 Chopin ရဲ့ ဂီတလေး တစ်ခုကြောင့်။ 00:15:39.188 --> 00:15:40.737 အဲဒါဟာ တကယ်အရေးကြီးတဲ့ အရာပါ။ 00:15:40.737 --> 00:15:42.998 ခင်ဗျားတို့ထဲက လူတိုင်းဟာ ဒါကို နားထောင်ခဲ့တယ်၊ 00:15:42.998 --> 00:15:45.601 နားလည်ခဲ့တာ၊ စိတ်လှုပ်ရှား မိတာကို ကျွန်တော် သေချာသလား။ 00:15:45.601 --> 00:15:47.036 ကျွန်တော် ဘယ်လိုသေချာနိုင်မလဲ။ 00:15:47.036 --> 00:15:49.301 အိုင်ယာလန်မှာ ဖြစ်ပျက်ခဲ့တာ ပြောပြဖို့ လိုပါမယ်၊ 00:15:49.301 --> 00:15:51.046 ခက်ခဲတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကပါ၊ 00:15:51.046 --> 00:15:53.695 ကက်သလစ်နဲ့ပရိုတက်စတင့် ကလေးငယ်တွေနဲ့ အလုပ်လုပ်နေခဲ့တာပါ၊ 00:15:53.695 --> 00:15:55.386 အဲဒီက ပဋိပက္ခကို ဖြေရှင်းပေးဖို့ပါ။ 00:15:55.386 --> 00:15:57.502 ခုနကလိုပဲ သူတို့နဲ့ပါ ကျွန်တော် လုပ်ခဲ့တယ် -- 00:15:57.526 --> 00:16:01.186 သူတို့က လေလွင့်နေခဲ့တဲ့ ကလေးငယ်တွေမို့ ဒီလို ပြုလုပ်မှုဟာ အရဲစွန့်ရာကျခဲ့တယ်။ 00:16:01.186 --> 00:16:03.489 နောက်တစ်နေ့တွင် ကလေးတစ်ဦးက ကျွန်တော့်ဆီ လာခဲ့ပြီး 00:16:03.489 --> 00:16:04.690 ပြောလိုက်တာက၊ 00:16:04.714 --> 00:16:08.281 "ဆရာ သိချင်မှသိမယ်၊ ကျွန်တော်ဟာ တစ်သက်လုံး ဂန္ထဝင်ဂီတကို နားမထောင်ခဲ့ဘူးပါ၊ 00:16:08.281 --> 00:16:10.004 ဆရာက ရှောပင်း ဂီတလေးကို တီးတော့..." 00:16:10.004 --> 00:16:11.514 (ရယ်သံများ) 00:16:11.538 --> 00:16:15.320 “ကျွန်တော့်အစ်ကိုဟာ မနှစ်တုန်းက ပစ်သတ်ခံ လိုက်ရပေမဲ့ သူ့အတွက် မငိုမိခဲ့ဘူး၊ 00:16:15.389 --> 00:16:17.413 ဒါပေမဲ့ မနေ့ညက၊ ဆရာ အဲဒီအပိုင်းကို တီးပြစဉ် 00:16:17.427 --> 00:16:19.451 ကျွန်တော် စဉ်းစားနေခဲ့တာ သူ့အကြောင်းကိုပါ။ 00:16:19.451 --> 00:16:22.604 ကျွန်တော် မျက်နှာ တစ်လျှောက် မျက်ရည်ပြီတွေ စီးကျလာတာကို ခံစားမိတယ်။ 00:16:22.604 --> 00:16:25.513 အကို့ အတွက် အဲဒီလို ငိုမိတာဟာ သိပ်ကို ကောင်းတယ်လို့ ထင်ပါတယ်။" 00:16:25.513 --> 00:16:28.466 အဲဒီဖြစ်ရပ်ရဲ့ နောက်မှာ ကျွန်တော် သေချာပေါက် ဆုံးဖြတ်လိုက်တာက 00:16:28.466 --> 00:16:32.063 ဂန္ထဝင်ဂီတ ဆိုတာ လူတိုင်းအတွက် ဖြစ်တယ် ဆိုတာကိုပါ။ 00:16:32.911 --> 00:16:34.079 လူတိုင်းအတွက်ပါ။ 00:16:35.000 --> 00:16:37.497 အခုတော့ ခင်ဗျားတို့ ဒါကို ဘယ်လို မြင်ကြမလဲ -- 00:16:37.521 --> 00:16:41.330 ကျွန်တော်တို့ ဂီတသမားတွေ၊ ဂီတထဲ ပါဝင်ကြသူတွေ အဲဒါကို အဲဒီလို မမြင်ကြပါဘူး။ 00:16:41.344 --> 00:16:44.959 သူတို့ သိတာက လူဦးရေ သုံးရာခိုင်နှုန်းတို့က ဂန္ထဝင်ဂီတကို နှစ်သက်ကြခြင်းကိုပါ။ 00:16:44.959 --> 00:16:48.571 အဲဒါ ကျွန်ုပ်တို့ ၄ ရာခိုင်နှုန်း အထိ မြှင့်ပေးရင် ပြဿနာကို ဖြေရှင်းနိုင်မယ်။ 00:16:48.571 --> 00:16:49.354 (ရယ်သံများ) 00:16:49.354 --> 00:16:53.214 ခင်ဗျားတို့ ဒါကို ဘယ်လို ပြောဆိုကြမလဲ။ ခင်ဗျားတို့သာ ဖြစ်ခဲ့ရင် ဘယ်လိုဖြစ်ခဲ့မလဲ။ 00:16:53.214 --> 00:16:56.109 "လူဦးရေရဲ့ သုံးရာခိုင်နှုန်းတို့က ဂန္ထဝင်ဂီတကို နှစ်သက်ကြတယ်၊ 00:16:56.109 --> 00:16:58.657 ကျုပ်တို့က လေးရာခိုင်နှုန်းသို့ မြှင့်ပေးနိုင်ရင်ကော။" 00:16:58.657 --> 00:17:00.688 ခင်ဗျားတို့ ထင်ကြလဲ ဒါမှမဟုတ် ပြောဆိုကြမလဲ။ 00:17:00.688 --> 00:17:02.663 "လူတိုင်းဟာ ဂန္ထဝင်ဂီတကို နှစ်သက်ကြတယ် -- 00:17:02.663 --> 00:17:05.413 သူတို့ အဲဒါကို မသိကြသေးလို့ပါ။" ခင်ဗျားတို့ ထင်နိုင်ကြတယ်။ 00:17:05.413 --> 00:17:08.557 တကယ်တော့၊ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ လုံးဝကို မတူတဲ့ ကမ္ဘာကြီးပါ။ 00:17:08.557 --> 00:17:10.966 အခုတော့ ကျွန်တော်ဆီမှာ အံ့ဖွယ် အတွေ့အကြုံ ရှိပါတယ်။ 00:17:10.966 --> 00:17:12.452 ကျွန်တော် အသက် ၄၅ နှစ်တုန်းကပါ၊ 00:17:12.452 --> 00:17:15.070 တီးဝိုင်းကို ကြီးကြပ်ညွှန်ပြနေခဲ့တာ အနှစ် ၂၀ ရှိခဲ့ပြီ၊ 00:17:15.070 --> 00:17:17.160 ကျွန်တော် ရုတ်တရက် တစ်ချက်ကို နားလည်မိတယ်။ 00:17:17.160 --> 00:17:20.253 သံစုံတီးဝိုင်းရဲ့ ကြီးကြပ်ညွှန်ပြသူဟာ အသံတစ်ခုကိုမှ မတီးမှုတ်ရပါ။ 00:17:20.268 --> 00:17:23.259 စီဒီပြားတွေပေါ်မှာ ကျွန်တော့် ဓာတ်ပုံကို ထည့်ပုံနှိပ်ကြပါတယ်။ 00:17:23.259 --> 00:17:24.681 (ရယ်သံများ) 00:17:24.681 --> 00:17:28.050 ဒါပေမဲ့ တီးဝိုင်းကို ကြီးကြပ်ညွှန်ပြသူဟာ ဘယ်လိုအသံကိုမှ တီးမှုတ်မပေးပါ။ 00:17:28.050 --> 00:17:29.633 သူ့ဆီမှာ ရှိတဲ့ စွမ်းအားက 00:17:29.657 --> 00:17:33.039 အခြားသူတွေကို စွမ်းအားထက်မြက်လာသူတွေ ဖြစ်အောင် လုပ်ပေးနိုင်စွမ်းပါပဲ။ 00:17:33.039 --> 00:17:35.963 အဲဒီအချက်က ကျွန်တော့်အတွက် အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့တယ်။ 00:17:35.963 --> 00:17:37.470 ဘဝတစ်ခုလုံးကို ပြောင်းပစ်တယ်။ 00:17:37.470 --> 00:17:39.187 ကျွန်တော့် သံစုံတီးဝိုင်းထဲက လူတွေက၊ 00:17:39.187 --> 00:17:42.113 "Ben၊ ခင်ဗျား ဘယ်လိုဖြစ်သွားတာလဲ။" မေးကြတယ်။ အဖြစ်ကအဲဒီလိုပါ။ 00:17:42.113 --> 00:17:45.663 ကျွန်တော့်အလုပ်က တခြားသူတွေထဲက စွမ်းဆောင် နိုင်စွမ်းကို နှိုးဆွပေးရန်ပါ။ 00:17:45.683 --> 00:17:48.992 ပြီးတော့ ငါဟာ အဲဒီလို လုပ်ကိုင်နိုင်ရဲ့လား ဆိုတာကို သိချင်လိုခဲ့ပါတယ်။ 00:17:48.992 --> 00:17:50.285 အဲဒါကို ဘယ်လို သိနိုင်မလဲ။ 00:17:50.285 --> 00:17:53.044 ကျုပ်တို့ဟာ ပရိသတ်ရဲ့ မျက်လုံးတွေကို ကြည့်ရှုရန် လိုပါတယ်။ 00:17:53.044 --> 00:17:56.243 သူတို့မျက်လုံးတွေ ဝင်းလက်နေရင် ကိုယ် အဲဒါကို လုပ်နိုင်တာ သိနိုင်တယ်။ 00:17:56.243 --> 00:17:59.216 အဲဒီလိုမျက်လုံးတွေနဲ့ ကျုပ်တို့ဟာ ရွာတစ်ရွာလုံး လင်းစေနိုင်တယ်။ 00:17:59.216 --> 00:18:00.240 (ရယ်သံများ) 00:18:00.240 --> 00:18:03.683 အမှန်ပြောနေတာ။ မျက်လုံးတွေ ဝင်းလက်နေရင် ကိုယ်လုပ်နိုင်တာကို သိနိုင်ပါတယ်။ 00:18:03.683 --> 00:18:06.031 မျက်လုံးတွေ ဝင်းမလက်ရင် ကိုယ်က မေးခွန်းထုတ်ရပါမယ်။ 00:18:06.039 --> 00:18:07.445 မေးရမှာက ဒီလိုပါ- 00:18:07.475 --> 00:18:08.989 ကျွန်တော့် ဂီတသမားတွေ 00:18:08.989 --> 00:18:11.572 မျက်လုံး ဝင်းလက်မနေကြရင် ကျွန်တော် လုပ်နေတာ ဟုတ်ရဲ့လား။ 00:18:11.596 --> 00:18:13.987 ကိုယ့်ကလေးတွေနဲ့လည်း ကျုပ်တို့ လုပ်ကြည့်နိုင်ပါတယ်။ 00:18:13.987 --> 00:18:16.349 ကျွန်တော့် ကလေးရဲ့ မျက်လုံးတွေ 00:18:16.373 --> 00:18:18.539 ဝင်းလက်မနေရင်၊ ငါလုပ်နေတာ ဟုတ်မှန်ရဲ့လား။ 00:18:19.063 --> 00:18:21.451 အဲဒီလိုဆိုရင် ကမ္ဘာကြီး လုံးဝ ပြောင်းလဲလာမှာပါ။ 00:18:21.475 --> 00:18:26.540 အခုတော့ ကျုပ်တို့ ဒီအံ့အားသင့်ဖွယ် တောင် ပေါ် လမ်းလျှောက်မှုကို အဆုံးသတ်ကြရမယ်၊ 00:18:26.564 --> 00:18:28.730 ကျုပ်တို့ဟာ ကမ္ဘာဆီကို ပြန်ဆင်းဖို့ လိုပါတယ်။ 00:18:28.835 --> 00:18:32.580 ကျုပ်တို့က မိမိတို့ရဲ့ ကမ္ဘာဆီ ပြန်သွားတဲ့ အခါမှာ ​မေးကြရမယ့် မေးခွန်းက 00:18:32.604 --> 00:18:35.357 ကျွန်ုပ်တို့ တတွေဟာ ဘယ်သူတွေလဲ။ 00:18:35.357 --> 00:18:38.431 အောင်မြင်မှု အတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် ကျွန်တော်ထံမှာ ရှိပါတယ်။ 00:18:38.431 --> 00:18:40.571 ကျွန်တော့်အတွက် သိပ်ကို ရိုးရှင်းပါတယ်။ 00:18:40.571 --> 00:18:43.235 အဲဒါဟာချမ်းသာမှု၊ ကျော်ကြားမှုနှင့် အာဏာ အကြောင်းမဟုတ်ပါ။ 00:18:43.235 --> 00:18:46.584 အဲဒါက ကျွန်ုပ်ပတ်ဝန်းကျင်မှာ ဝင်းလက်နေကြတဲ့ မျက်လုံးတွေရဲ့ အရေအတွက်ပါ။ 00:18:46.584 --> 00:18:49.048 အခုတော့ နောက်ဆုံး စဉ်းစားစရာ တစ်ခုကို ပြောချင်ပါတယ်၊ 00:18:49.048 --> 00:18:52.930 ကျွန်တော်တို့ရဲ့ နှုတ်ကနေပြီး ထုတ်ပြောလိုက်ကြတဲ့ စကားလုံးတွေဟာ 00:18:52.954 --> 00:18:55.187 အခြေအနေကို လုံးဝကို ပြောင်းလဲသွားစေနိုင်ကြတယ်။ 00:18:55.189 --> 00:18:58.855 Auschwitz ကနေပြီး လွတ်မြောက်နိုင်ခဲ့တဲ့ အမျိုးသမီးထံမှ ရရှိခဲ့တဲ့ သင်ခန်းစာပါ၊ 00:18:58.855 --> 00:19:00.667 ရှားရှားပါးပါး အသက်ရှင်ကျန်ရစ်ခဲ့သူပါ။ 00:19:00.667 --> 00:19:02.954 သူမ ၁၅ နှစ်အရွယ်တွင် Auschwitz ကို သွားခဲ့ရတယ်။ 00:19:04.003 --> 00:19:05.153 အဲဒါနဲ့ ... 00:19:05.861 --> 00:19:07.877 သူ့ညီလေးက ရှစ်နှစ် အရွယ်ပါ၊ 00:19:08.401 --> 00:19:10.764 မိဘနှစ်ပါးစလုံးကို သူတို့ ဆုံးရှုံးသွားခဲ့ကြပြီ။ 00:19:11.784 --> 00:19:15.552 သူမရဲ့ အဖြစ်ကို ကျွန်တော့်ကို ပြောပြခဲ့တာ၊ 00:19:15.552 --> 00:19:18.628 "ကျွန်မတို့ဟာ Auschwitz ကို သွားမယ့် ရထားကို စီးလိုက်လာကြတယ်၊ 00:19:18.652 --> 00:19:22.095 အောက်ဘက်ကို ကျွန်မ ငုံ့ကြည့်လိုက်တော့ ညီဆီမှာ ဖိနပ်မရှိတာ မြင်လိုက်ရတယ်။ 00:19:22.095 --> 00:19:25.405 'မင်းက တကယ်လူအပဲ၊ ကိုယ့်ပ္စစည်းတွေကိုတောင် 00:19:25.429 --> 00:19:28.147 ကောင်းကောင်း သိမ်းမထားနိုင်ဘူးလား။ လို့ ငေါက်မေးလိုက်တယ်။ 00:19:28.147 --> 00:19:30.824 အစ်မဖြစ်သူက ညီလေးကို ပုံမှန် စကားပြောတဲ့ ပုံစံမျိုးပါပဲ။ 00:19:30.824 --> 00:19:34.344 ဝမ်းနည်းစရာ ကောင်းတာက အဲဒါဟာ သူ့ညီကို သူပြောခဲ့တဲ့ နောက်ဆုံး စကားလုံးတွေပါ၊ 00:19:34.344 --> 00:19:36.295 သူတို့ ဘယ်တော့မှ ပြန်မတွေ့ဆုံဖြစ်ခဲ့ကြဘူး။ 00:19:36.295 --> 00:19:37.532 သူ အသက်ရှင် မကျန်ရစ်ခဲ့ပါ။ 00:19:37.532 --> 00:19:40.228 သူမ Auschwitz ကနေ ထွက်လာချိန်မှာ ဦးညွတ်ကတိပေးခဲ့တယ်။ 00:19:40.228 --> 00:19:41.458 သူမ ဆက် ပြောလိုက်သေးတယ်။ 00:19:41.482 --> 00:19:44.902 "ကျွန်မဟာ Auschwitz ထဲကနေပြီး ဘဝထဲကို ပြန်ဝင်လာနိုင်ခဲ့လို့ 00:19:44.926 --> 00:19:46.309 ဦးညွတ် ခဲ့တာ ဖြစ်တယ်။ 00:19:46.705 --> 00:19:47.933 ဦးညွတ်ရင်း ပေးခဲ့တဲ့ ကတိက 00:19:47.957 --> 00:19:53.095 "နောက်ဆုံးအဖြစ် ကျန်ရစ်ခဲ့မယ့် စကားလုံးတွေ ကျွန်မ ဘယ်တော့မှ မပြောစေရပါ။" 00:19:53.243 --> 00:19:55.900 အခု ကျွန်တော်တို့ ပြန်ပြောနိုင်မလား။ လုပ်မရနိုင်တော့ပါ။ 00:19:56.094 --> 00:19:59.830 အဲဒီလိုဆိုရင် ကိုယ့်က အမှားလုပ်မိနိုင်သလို အခြားသူတွေကိုလည်း မှားစေနိုင်ပါတယ်။ 00:20:00.177 --> 00:20:02.594 ဒါပေမဲ့ အသက်ရှင် နေထိုင်ဖို့အတွက် နည်းလမ်း တစ်ခုပါ။ 00:20:03.621 --> 00:20:04.911 ကျေးဇူးတင်ပါတယ်။ 00:20:04.935 --> 00:20:07.935 (လက်ခုပ်သံများ) 00:20:11.479 --> 00:20:12.895 ဝင်းလက်နေကြတဲ့ မျက်လုံးများ။ 00:20:12.919 --> 00:20:14.336 (လက်ခုပ်သံများ) 00:20:14.360 --> 00:20:15.736 ဝင်းလက်နေကြတဲ့ မျက်လုံးများ။ 00:20:15.760 --> 00:20:18.760 (လက်ခုပ်သံများ) 00:20:22.000 --> 00:20:24.468 ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါပဲ။