ကုန်သည်နှစ်ဦး အကြောင်းပုံပြင်ကို ခင်ဗျားတို့ အများစု သိကြမှာပါ။ သူတို့နှစ်ဦး ၁၉၀၀ ပြည့်နှစ်များတုန်းက အာဖရိကကို ရောက်လာကြတယ်။ စေလွှတ်ခဲ့တာက အဲဒီမှာ ဖိနပ်ရောင်းဖို့ အခွင့်အလမ်းရှိ၊ မရှိကို စူးစမ်းကြည့်ဖို့ အတွက်ပါ။ သူတို့ နှစ်ယောက်စလုံး Manchester သို့ ကြေးနန်း ရေးပို့ခဲ့တယ်။ တယောက် ရေးခဲ့တာက၊ "အခြေအနေက မျှော်လင့်ချက်မရှိပါ။ ရပ်ထားပါ။ ဒီမှာ သူတို့ ဖိနပ်မစီးကြဘူး။ " နောက် တယောက်ကျတော့၊ "အံ့မခန်း အခွင့်အလမ်းတွေပဲ။ သူတို့ဆီမှာ ဖိနပ်မရှိကြသေးဘူး။" (ရယ်သံများ) ဂန္ထဝင်ဂီတလောက ထဲမှာလည်း အလားတူအခြေအနေမျိုးလို့ ထင်ရတယ်၊ လူတချို့က ဂန္ထဝင်ဂီတဟာ သေနေပြီလို့ထင်ကြတယ်။ တချိန်တည်းမှာ ကျုပ်တို့ ဘာမျှ မတွေ့ရသေး ဘူးလို့ထင်တဲ့ လူတွေလည်း ရှိကြတယ်။ စာရင်းဇယားတွေနဲ့ အလားအလာတွေကို လေ့လာမယ့်အစား၊ သံစုံတီးဝိုင်းတွေ အားလုံးလို ပိတ်နေကြတာ ကို ပြောပြမယ့်အစား၊ ဓာတ်ပြား ကုမ္ပဏီတွေ ခေါက်သိမ်းနေကြရတာကို ပြောမယ့်အစား ကျုပ်တို့ဟာ စမ်းသပ်မှုတစ်ခုကို ဒီည ပြုလုပ်သင့်ပါတယ်။ တကယ်တော့ ဒါဟာစမ်းသပ်မှု မဟုတ်ပါဘူး၊ ရလဒ်ကို ကျွန်တော် သိနေတာကိုး။ (ရယ်သံများ) ဒါပေမဲ့ အဲဒါဟာ စမ်းသပ်မှုလိုပါပဲ။ ကျုပ်တို့ မစခင်မှာ-- (ရယ်သံများ) မစခင် ကျွန်တော် လုပ်စရာ နှစ်ခုရှိပါတယ်။ တစ်ခုက ၇ နှစ်အရွယ်ကလေး စန္ဒရားတီးပုံ ဘယ်လို ရှိမှန်း ခင်ဗျားတို့ ပြန်သတိရစေလိုတယ်။ ခင်ဗျားတို့ဆီမှာ အဲဒီအရွယ် ကလေး ရှိုနိုင်ပါတယ်။ သူတီးပုံက ဒီလိုမျိုးပါ။ (ဂီတ) (တေးဂီတပြီးဆုံး) ခင်ဗျားတို့ထဲက တချို့တို့က အဲဒီကလေးကို သတိရကြသလိုပဲ။ အဲဒီကလေးက လေကျင့်ရင်း သင်ခန်းစာ ယူခဲ့မယ်ဆိုရင်၊ ရှစ်နှစ်ကလေးဟာ ဒီလို မြည်ပါလိမ့်မယ်။ (ဂီတ) (တေးဂီတပြီးဆုံး) သူဟာ နောက်တစ်နှစ်လေ့ကျင့်ရင်း သင်ခန်းစာ ယူခဲ့လို့ အခုကိုးနှစ်ရှိလာပါပြီ။ (ဂီတ) (တေးဂီတပြီးဆုံး) အဲဒီနောက် နောက်တစ်နှစ်လေ့ကျင့်ရင်း သင်ခန်းစာ ယူခဲ့လို့ အခုသူဟာ ၁၀ နှစ်ပါ။ (ဂီတ) (တေးဂီတပြီးဆုံး) အဲဒီအချိန်မှာ သူတို့ အများအားဖြင့် လက်လျှော့တတ်ကြတယ်။ (ရယ်သံများ) (လက်ခုပ်သံများ) တကယ်လို့များ ခင်ဗျားတို့က နောက်တစ်နှစ် စောင့်ခဲ့ရင် ဒါကို ကြားရမှာပါ။ (ဂီတ) (တေးဂီတပြီးဆုံး) ဒီတော့ ဖြစ်ပျက်လာခဲ့တဲ့ဟာက ခင်ဗျားတို့ ထင်သလို ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ။ သူဟာ ရုတ်တရက် အားကျလာတယ်၊ ပါဝင်ပြီး စိတ်ဝင်စားလာတယ်၊ သူဟာ ဆရာသစ်ကို ရှာနိုင်ခဲ့ပြီး ပျိုဖေါ်ဝင်တဲ့ အရွယ်ဖြစ်လာတယ်။ လက်တွေ့မှာ ဘာဖြစ်သွားသလဲ ဆိုတော့ စိတ်မာန်အား လျော့ကျသွားခဲ့တယ်။ ခင်ဗျားမြင်ခဲ့ကြသလို အစပိုင်းတွင် သူဟာ ဂီတ သင်္ကေတတိုင်းကို အားစိုက် ကစားခဲ့တယ်။ (ဂီတ) ဒုတိယအကြိမ်တွင် သင်္ကေတ တစ်ခုခြားကို အားမာန်နဲ့ တီးခဲ့တယ်။ (ဂီတ) ကျွန်ုပ် ဦးခေါင်းကို ကြည့်ရင်း အဲဒါကို မြင်နိုင်တယ်။ (ရယ်သံများ) ကိုးနှစ်အရွယ် ကလေးကျတာ့ သင်္ကေတ လေးခုမြောက်မှာ အားမာန်စိုက်ခဲ့တယ်။ (ဂီတ) ဆယ်နှစ်ကလေးက သင်္ကေတ ရှစ်ခု မြောက်တိုင်းကို တီးခဲ့တယ်။ (ဂီတ) ၁၁ နှစ်အရွယ် ကလေးကျတော့ ဂီတကြော တစ်ခုလုံးကို အားမာန်နဲ့ တီးခဲ့တယ်။ (ဂီတ) ကျုပ်တို့ ဒီအခြေအနေဆီကို ဘယ်လို ရောက်လာမှန်း ကျွန်တော် မသိတော့ဘူး။ (ရယ်သံများ) ကျွန်တော်ဟာ ပခုံးကိုရွှေ့မယ်၊ ခန္ဓာကိုယ် ရွေ့မယ်လို့ ကျွန်တော် မပြောခဲ့ဘူး။ မဟုတ်ဘူး၊ ဂီတက ကျွန်တော် လှုပ်ရှားစေခဲ့တာပါ၊ အဲဒါကြောင့် ကျွန်တော်က တင်ပါးတစ်ဘက်နဲ့ ကစားနည်းလို့ ခေါ်တာ။ (ဂီတ) ဒါဟာ နောက်တင်ပါးဖြစ်နိုင်တယ်။ (ဂီတ) ကျွန်တော် မိတ်ဆက်ပွဲ တစ်ခုကို ပြုလုပ်နေစဉ် လူတစ်ယောက် စောင့်ကြည့်နေခဲ့တယ်၊ ကျွန်တော်ဟာ လူငယ် စန္ဒယားတီးသူနဲ့ အလုပ်လုပ်နေခဲ့တာပါ။ သူက Ohio ပြည်နယ်ထဲက ကော်ပိုရေးရှင်း တစ်ခုရဲ့ ဥက္ကဌပါ။ လူငယ် စန္ဒယားတီးသူကို ကူပေးစဉ် ကျွန်တော် ပြောလိုက်တာက၊ "မင်းပြဿနာက တင်ပါးနှစ်ဘက်နဲ့ တီးနေခြင်းပါပဲ။ မင်း တင်ပါးတစ်ဘက်တည်းနဲ့ တီးသင့်တယ်။" တီးနေစဉ် သူ့ခန္ဓာကိုယ်ကို ရွှေ့ပေးလိုက်တယ်။ အဲဒါနဲ့ ရုပ်တရက် ဂီတသံစဉ်တွေ လွင့်ပျံ ထွက်လာတော့တယ်။ ပရိသတ်တွေကလည်း အဲဒီ ခြားနားချက်ကို ခံစားမိကြတယ်။ နောက်မှာ ခုနက လူဆီကနေပြီး စာရခဲ့တယ်။ "ကျွန်တော် အရမ်းကို အားကျမိခဲ့တယ်။ ပြန်သွားတာနဲ့ပဲ ကျွန်ုပ်ရဲ့ ကုမ္ပဏီတစ်ခုလုံးကို တင်ပါးတစ်ဘက် ကုမ္မဏီအဖြစ် ပြောင်းပစ်လိုက်တယ်။" (ရယ်သံများ) ဆက်ပြီး ကျွန်တော်က ခင်ဗျားတို့အား ခင်ဗျားတို့ အကြောင်း ပြောပြချင်တယ်။ ဒီမှာ လူ ၁,၆၀၀ လောက် ရှိမယ် ထင်တယ်။ ကျွန်တော့် ထင်ကြေးအရ ခင်ဗျားတို့အထဲက ၄၅ ဦးတို့ဟာ ဂန္ထဝင်ဂီတကို လုံးဝကို အသည်းစွဲ နှစ်ခြိုက်သူတွေပါ။ ခင်ဗျားတို့ရဲ့ FM ဟာ အမြဲတမ်း ဂန္တဝင်ဂီတကို ဖွင့်ထားတတ်တယ်။ ခင်ဗျားတို့ ကားထဲမှာ စီဒီပြားတွေ ရှိပြီး ဆင်ဖိုနီကို သွားတတ်ကြပြီး ခင်ဗျားတို့ကလေးတွေက တူရီယာတွေကို တီးမှုတ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ ဘဝကို ဂန္ထဝင်ဂီတ မပါဘဲ စိတ်ကူးမရနိုင်ဘူး။ အဲဒါ အတော်လေး နည်းတဲ့ ပထမအုပ်စုပါ။ ပြီးတော့ ပိုကြီးတဲ့ အုပ်စုရှိပါသေးတယ်။ ဂန္ထဝင်ဂီတ ဆိုတာကို ဂရုမစိုက်ကြတဲ့ သူတွေပါ။ (ရယ်သံများ) တစ်နေ့လုံး အလုပ်ပြီးလို့ ခင်ဗျားတို့ အိမ်ပြန်ရောက်တဲ့ အခါ၊ ဝိုင်တစ်ခွက် သောက်နေရင်း သင့်ခြေထောက်တွေ မတင်ထားတယ်။ နောက်ခံတွင် Vivaldi ရဲ့ ဂီတကို ဖွင့်ထားတာ ဘာအန္တရာယ် ရှိမလဲ။ အဲဒါ ဒုတိယအုပ်စုပါ။ အခုတော့ တတိယအုပ်စုဆီကို ရောက်လာကြပါပြီ။ ဂန္ထဝင်ဂီတကို ဘယ်တော့မှ နားမထောင်သူတွေပါ။ သူတို့ ဘဝနှင့် ဘယ်လိုမှ မပတ်သက်တဲ့အရာ။ သူတို့ဟာ လေဆိပ်မှာ ဆေးလိပ်ငွေ့ ရှူရသလို နားထောင်မိနိုင်တယ်။ (ရယ်သံများ) ပြီးတော့ "Aida" ထဲက စစ်ချီသံကို ခန်းမကြီးထဲ ဝင်လာစဉ် နည်းနည်းလေး ကြားနိုင်ခဲ့တယ်။ အခြားအချိန်တွေမှာ သူတို့ ဘယ်တော့မှ မကြားကြပါဘူး။ အဲဒါ အကြီးဆုံး အုပ်စုဖြစ်ဖို့များတယ်။ အဲဒီနောက် သိပ်သေးငယ်တဲ့ အုပ်စု ရှိပါသေးတယ်။ ဂီတသံကို မခံစားနိုင်ဘူးလို့ ထင်သူတွေပါ။ ဂီတသံကို မခံစားနိုင်ကြဘူးလို့ ထင်သူတွေ အံ့သြဖွယ် များပါတယ်။ "ကျွန်မခင်ပွန်း ဂီတကို မခံစားနိုင်ဘူး။" ကြားမိခဲ့ဘူးတယ်။ (ရယ်သံများ) ဂီတသံကို မကြားနိုင်သူ မရှိနိုင်ပါ။ ဂီတသံကို မကြားနိုင်တာ မရှိပါဘူး။ ဂီတသံကို အကြားနိုင်ရင်၊ ကားဂီယာကို ဘယ်လိုထိုးနိုင်မလဲ၊ လက်နဲ့ ဂီယာထိုးပေးရတဲ့ ကားမှာလေ။ အဲဒီလိုသူဟာ Texas က လာတဲ့သူကို Rome မှ လာတဲ့လူနဲ့ ဘယ်လိုမှ ခွဲခြားနိုင်မှာလဲ။ ပြီးတော့ တယ်လီဖုန်း၊ တယ်လီဖုန်းကိုပဲ ယူကြည့်ကြပါစို့။ ခင်ဗျားဆီ အမေ့ထံမှ ဖုန်းဝင်လာရင်၊ ဖုန်းသေးလေးထံမှနေပြီး သူမရဲ့ "ဟဲလို" ဆိုတာကို ကြားလိုက်တာနဲ့ ခေါ်သူဟာ ဘယ်သူလဲ ဆိုတာကိုသာမက သူမရဲ့ စိတ်နေစိတ်ထားကိုပါ ကိုယ်သိနေပြီ။ ကျွန်ုပ်တို့နားဟာ အံ့အားသင့်စရာကြီးပါ။ လူတိုင်းဆီမှာ အံ့အားသင့်စရာ နားရှိပါတယ်။ ဂီတ သံစဉ်ကို မကြားနိုင်သူ မရှိပါဘူး။ ကျွန်တော် ပြောချင်သေးတယ်။ ကျွန်တော် အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်က ဂန္ထဝင်ဂီတကို နားလည်ကြပြီး ချစ်ရုံတင်မက မြတ်နိုင်းကြတဲ့ လူတွေနဲ့ ဂန္ထဝင်ဂီတကို ဘယ်လိုမှာမှ ဆက်ဆံမှု မရှိလူတွေ အကြားက ကွာဟချက်ကြီးကိုပါ။ ဂီတသံစဉ် မကြားရသူတွေ ဒီမှာ မရှိကြတော့ဘူး။ ဒါတောင် ကျန်ရှိနေသေးတဲ့ အမျိုးအစားသုံးမျို အကြားမှာကို ကွာဟချက်ဟာ ကြီးမားလှပါတယ်။ ဒီတော့ ကျွန်တော်ဟာ ဒီခန်းမကြီးထဲက လူတွေ အားလုံး၊ အောက်ပိုင်းမှာ၊ အထက်ပိုင်းတွင်၊ ရှိနေကြတဲ့ သူတွေ အားလုံးတို့က ဂန္ထဝင်ဂီတကို ချစ်မြတ်နိုးလာကြတဲ့ အထိ ကျွန်တော် ဒီကနေ ထွက်သွားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ရှေ့ဆက် လုပ်ကိုင်ကြရမှာက ဒီလို ရှိပါတယ်။ ခင်ဗျားတို့က ကျွန်တော့်မျက်နှာကို မြင်လိုက်ကြတာနဲ့ ခုနက ပြောတဲ့အရာဟာ လက်တွေ့ အလုပ်ဖြစ်လာမှာကို ကျွန်တော် သံသယမရှိတာ ထင်ရှားနေတယ်နော်။ အဲဒါက လူတွေကို ရှေ့ဆောင် ခေါ်သွားချင်တဲ့ ခေါင်းဆောင် တစ်ဦးဟာ သူက ဦးဆောင်ခေါ်သွားနေတဲ့ လူတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို တဒင်္ဂလေးတောင်မှ သံသယ ဖြစ်လို့ မရနိုင်ဘူးဆိုတဲ့ အရည်အချင်းပါပဲ။ Martin Luther King က “ငါဆီမှာ အိပ်မက်တစ်ခု ရှိတယ်။ ဒီလူတွေ အဲဒါကို လုပ်နိုင်မလား မသိဘူး။" ပြောခဲ့မှာကို စိတ်ကူးကြည့်ကြပါ။ (ရယ်သံများ) ကောင်းပါပြီ။ အခုတော့ ကျွန်တော်ဟာ Chopin ရဲ့ အပိုင်းလေးကို တီးပြပါမယ်။ ဒါဟာ တကယ့်ကို မြူးကြွဖွယ် Chopin ရဲ့ ဂီတနိဒါန်းပါ။ ခင်ဗျားတို့ထဲက တချို့သိကြမှာပါ။ (ဂီတ) ဒီမှာ ဖြစ်ပျက်ခဲ့တာကို ခင်ဗျားတို့ သိလား။ ကျွန်တော်စလိုက်တော့၊ ခင်ဗျားတို့ ထင်မိမှာ "အဲဒါ သိပ်ကို သာယာတဲ့ အသံပါလား’’။ (ဂီတ) "ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ နွေရာသီ အနားယူချိန်မှာ အရင်နေရာကိုပဲ မသွားသင့်ဘူး ထင်တယ်။" (ရယ်သံများ) အဲဒါ ရယ်စရာ ကောင်းတယ်နော်။ အဲဒီလို အတွေးတွေ ခင်ဗျားတို့ ခေါင်းထဲကို ဘယ်လိုများ ဝင်လာပါလိမ့်။ ပြီးတော့ တကယ်ကျတော့-- (လက်ခုပ်သံများ) ဂီတအပိုင်းဟာ ရှည်မယ်၊ ပြီးတော့ ခင်ဗျားတို့ရဲ့ နေ့တာဟာ ကြာခဲ့တယ်ဆိုရင်၊ ခင်ဗျားတို့ တကယ် အဲဒီလို ထင်နိုင်ခဲ့မှာပါ။ ခင်ဗျားနဲ့ လိုက်ပါလာသူက နံရိုးကို ထိုးပေးရင်း ‘‘နိုးစမ်းပါ၊ ယဉ်ကျေးဖို့ လိုတယ်။" အဲဒီနောက် ခင်ဗျား ပိုခံစားရခက်မယ်။ (ရယ်သံများ) ဂန္တဝင်ဂီတ တီးမှုတ်ချိန်မှာ ခင်ဗျား အိပ်ပျော်မိတာ ဂန္ထဝင်ဂီတကြောင့်ထက် ကျုပ်ကြောင့် ဆိုတာ စဉ်းစားမိရဲ့လား။ ခုနက တီးနေတုန်းက ခင်ဗျားတို့ထဲက တစ်ဦးဦးက ဒီလူ အခုလိုအားစိုက်ပြီး တီးနေတာကို စဉ်းစားမိခဲ့ကြလား။ အဲဒါကို ကျုပ်ဦးခေါင်းနဲ့ လုပ်ပြခဲ့ရင် ခင်ဗျားတို့စဉ်းစားမိခဲ့မှာပါ။ (ဂီတ) (တေးဂီတပြီးဆုံး) ကျန်နေသေးတဲ့ ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ဂန္ထဝင်ဂီတကို ကြားရတိုင်းမှာ အဲဒီလို လှုံ့ဆော်သံတွေကို ကြားရရင် အမြဲတမ်း မှတ်မိလာကြမှာပါ။ ဒီမှာ တကယ် ဖြစ်ပျက်နေတာကို လေ့လာကြည့်ကြရအောင်။ ကျုပ်တို့ဆီမှာ B တစ်ခုရှိတယ်။ ဒါက B ပါ။ နောက် သင်္ကေတ တစ်ခုက C ပါ။ ပြီးတော့ C ရဲ့အလုပ်က B ကို ဝမ်းနည်းအောင် လုပ်ဖို့ပါ။ အဲဒါက အဲဒီလို လုပ်ပေးတယ်၊ ဟုတ်တယ်နော်။ (ရယ်သံများ) တေးရေးဆရာတွေက အဲဒါကို သိကြတယ်။ ဝမ်းနည်းစရာ ဂီတကို တီးချင်ရင် အဲဒီ သင်္ကေတ နှစ်ခုကိုပဲ တီးကြတယ်။ (ဂီတ) ဒါပေမဲ့ အများအားဖြင့် ဝမ်းနည်းစရာ လေးခု မပါပဲ B ပဲ ပါတတ်ပါတယ်။ (ရယ်သံများ) အခုတော့ အဲဒါက A ဆီကို ဆင်းသွားပြီ။ အခုတော့ G ဆီကို။ ပြီးတော့ F ဆီ။ ဒါနဲ့ ကျုပ်တို့ဆီမှာ B, A, G, F ရှိနေပြီ။ ကျုပ်တို့ဆီမှာ B, A, G, F ရှိနေရင်၊ နောက်တစ်ခု မျှော်လင့်ရနိုင်တာက ဘာလဲ။ (ဂီတ) ဒါက လွဲချော်မိသွားတာ ဖြစ်နိုင်တယ်။ ထပ်ပြီး စမ်းကြည့်ရအောင်။ (ဂီတ) အိုး၊ TED သံစုံတီးဝိုင်းကြီးပါလား။ (ရယ်သံများ) ဘယ်သူမှာမှ ဂီတသံစဉ်ကို မကြားသူ မဟုတ်တာ ခင်ဗျားတို့ သတိထားမိကြလား။ ဘယ်သူမှာမှ မဟုတ်ခဲ့ဘူး။ ဘင်္ဂလားဒေ့ရှက ရွာတိုင်းမှာ၊ ပြီးတော့ တရုတ်နိုင်ငံထဲက ရွာလေးတိုင်းမှာ -- သိကြတယ်- ဒါ၊ ဒါ၊ ဒါ၊ ဒါ - ဒါ။ အဲဒီ E ကို စောင့်မျှော်နေသူက ဘယ်သူလဲကို လူတိုင်း သိကြတယ်။ Chopin ဟာ E အဲဒီကို မရောက်စေလိုခဲ့ဘူး၊ အဲဒီလို ဘယ်လိုများ ဖြစ်ပျက်ကုန်မှာမို့လို့လဲ။ ရွာတိုင်းမှာ Hamletလို ပြီးခဲ့မှာပါ။ ခင်ဗျားတို့ မှတ်မိတယ်နော်။ ဇာတ်ခန်း တစ်၊ ပြကွက်သုံး၊ သူ့ဦးလေးက သူ့အဖေကို သတ်ပစ်တာ သူ မြင်လိုက်ရတယ်။ သူဟာ သူ့ဦးလေးနားကို ကပ်လာလျက် သတ်ပစ်လုမတတ်ပါပဲ။ အဲဒီနောက်မှာ သူဟာ နောက်ဆုတ်လိုက်တယ်၊ ထပ်ပြီးသွားတာ သူ့ကို သတ်ပစ်လုနီးပါပဲ။ နောက်တန်းမှာ ထိုင်နေကြတဲ့ ဝေဖန်ရေးသမားတွေက သူတို့ရဲ့ ထင်မြင်ချက်ကို ပေးရမယ်ဆိုတော့၊ "Hamlet ဟာ အချိန်ကို တမင်ဆွဲနေတာ" "Hamlet ထံတွင် Oedipus ရောဂါ ပြဿနာ ရှိနေတယ်လို့" ဆိုကြပါမယ်။ မဟုတ်ရင်၊ ဒီပြဇာတ်က ပြီးသွားရမှာလေ။ (ရယ်သံများ) အဲဒါကြောင့်မို့လို့ ရှိတ်စပီးယားဟာ Hamlet မှာ အဲဒီလိုအရာတွေ ထည့်ထားရတာ-- Ophelia ရူးသွပ်တော့မယ်၊ ပြဇာတ်ထဲက ပြဇာတ်ပါပဲ၊ Yorick ရဲ့ ဦးခေါင်းခွံနဲ့ သင်္ချိုင်းတူးသမားတွေ။ အချိန်ဆွဲဖို့ အတွက်ပါ-- ဇာတ်ခန်း ငါးမတိုင်မီ သူ သတ်နိုင်ဖို့ပါ။ Chopin ရဲ့ ကိစ္စမှာလည်း အတူတူပါပဲ။ သူဟာ E ဆီကို ရောက်ခါနီးနေပြီ၊ အဲဒါနဲ့ သူက၊ "အိုး၊ ပြန်သွားပြီး အဲဒါကို ထပ်လုပ်ရင် ပိုကောင်းမယ်" လို့ပြောတယ်။ အဲဒါနဲ့ သူဟာ ထပ်လုပ်ပါတယ်။ အခုတော့ သူဟာ စိတ်လှုပ်ရှားနေပြီ။ (ဂီတ) ဒါက စိတ်လှုပ်ရှားပါ၊ စိတ်မပူကြပါနဲ့။ အခုတော့ သူဟာ F-နားမှာ၊ နောက်ဆုံးမှာတော့ E ဆီကို ဆင်းသွားတယ်။ ဒါပေမဲ့၊ အဲဒါဟာ မှားတဲ့ သံစဉ်ပါ -- ဘာဖြစ်လို့လဲဆိုတော့ သူရှာနေတဲ့ သံစဉ်က ဒါမို့လို့ပါ။ ဒါပေမဲ့ အဲဒီအစား သူလုပ်တာက ... အဲဒါကို ကျုပ်တို့က လှည့်ဖြားတဲ့ ချသံလို့ ခေါ်ကြတယ်၊ ကျုပ်တို့ကို လှည့်ဖြားဖို့ပါ။ ကျွန်တော့် ကျောင်းသားတွေကို၊ "မင်းတို့မှာ လှည့်ဖြားတဲ့ ချသံရှိရင်၊ ၎င်းတို့ရဲ့ မျက်ခုံမွှေးကို မြှင့်ပြရင်း လူတိုင်းကို သိကြပါစေ။" လို့ ပြောတတ်တယ်။ (ရယ်သံများ) (လက်ခုပ်သံများ) အမှန်ပြောနေတာ။ သူဟာ E ဆီကို ရောက်သွားပေမဲ့ သံစဉ် မှားနေတယ်။ အခုတော့ E ကို ထပ်စမ်းကြည့်တယ်။ အဲဒီ သံစဉ် အလုပ်မဖြစ်ဘူး။ အခု E ကို ထပ်စမ်းကြည့်တယ်။ အဲဒီသံစဉ် အလုပ်မဖြစ်ဘူး။ အခုသူ E ကိုထပ်စမ်းကြည့်ပေမဲ့၊ အဲဒါ အလုပ်မဖြစ်ဘူး။ အဲဒါနဲ့ နောက်ဆုံးမှာတော့ ... ရှေ့တန်းမှာ ထိုင်နေတဲ့ လူကြီးလူကောင်း တစ်ယောက်က "ဟင်း"လို့ ဆိုလိုက်တယ်။ (ရယ်သံများ) အဲဒီ လက်ဟန်က သူဟာ ကြာလှတဲ့ တစ်နေ့တာ အလုပ်အပြီး အိမ်ကို ရောက်လာပြီး သူ့ကားထဲက သော့ကို ပိတ်ချလိုက်ပြီး၊ "ဟေ့၊ ငါအိမ်ကို ရောက်လာပြီ" လို့ ပြောသလိုပါပဲ။ ကျုပ်တို့က ကိုယ့်အိမ် ဘယ်မှာ ရှိမှန်း သိကြလို့ပါ။ ဒါလေးက အဝေးတစ်နေရာကနေပြီး ကိုယ့်အိမ်ကို သွားတဲ့ဟာပါ။ ကျွန်တော်ဟာ လမ်းတလျှောက်လုံး အဲဒါကို တီးသွားမှာကို ခင်ဗျား လိုက်ကြည့်ကြပါ။ B, C, B, C, B, C, B - A ဆီကို ဆင်းမယ်၊ G ဆီကို ဆင်းမယ်၊ F ဆီကို ဆင်းမယ်။ E အထိကို သွားမယ်၊ နို့မဟုတ်ရင် ပြဇာတ် ပြီးဆုံးသွားမယ်။ သူ B ဆီကိုပြန်သွား၊ သူ စိတ်သိပ်လှုပ်ရှားနေပြီ။ F- ဆီအထိ သွားပါ။ ဆက်ပြီး E ကို သွားတယ်။ အဲဒါက မှားတဲ့ သံစဉ်ပါ။ အဲဒါက မှားတဲ့ သံစဉ်ပါ။ နောက်ဆုံး E ဆီ သွားတယ်၊ ကိုယ့်အိမ်ပဲ။ ခင်ဗျားတို့ မြင်ကြရမှာက တင်ပါးတစ်ဖက်နဲ့ တီးမှုတ်မှုကိုပါ။ (ရယ်သံများ) ဘာလို့လဲဆိုတော့ ကျွန်တော့် အနေနဲ့ B ကို E နဲ့ ချိတ်တွဲပေးဖို့အတွက် လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်ဟာ​ေ သင်္ကေတတိုင်း စဉ်းစားမှုကို ရပ်လျက် B မှ E ဆီ သွားရမယ့် လိုင်းရှည်ကြီးကို စပြီး စဉ်းစားနေရလို့ပါ။ ကျုပ်တို့က ခုနလေးတင် တောင်အာဖရိက မှာ ရှိခဲ့ကြရင်၊ တောင်အာဖရိကဆီ သွားဖို့ကို Mandela ထောင် ၂၇ နှစ် ကျခံခဲ့ရတာကို မစဉ်းစားလို့ကို မရနိုင်ပါဘူး။ သူ ဘာတွေများ တွေးနေခဲ့သလဲ။ နေ့လယ်စာကိုလား။ မဟုတ်ပါဘူး၊ တောင်အာဖရိက အတွက် သူ့အမြင်ကို လူသားတွေ အကြောင်းကို စဉ်းစားနေခဲ့တာပါ။ ဒါတွေက လောကအမြင် အကြောင်းပါ။ အဲဒါက ရှည်လျားတဲ့ လိုင်းအကြောင်းပါ။ လယ်ကွင်း အထက်မှာ ပျံသန်းနေတဲ့ ငှက်က အောက်မှာ ရှိနေကြတဲ့ ခြံစည်းရိုးတွေကို ဂရုမစိုက်သလိုပါပဲ။ အခုတော့ ခင်ဗျားတို့ဟာ B ကနေ E အထိ လိုင်းကို လိုက်ကြရမှာပါ။ ကျွန်တော် ဒီအပိုင်းကို အဆုံးအထိ မတီးခင် တောင်းပန်ချင်တာ တစ်ခု ရှိပါတယ်။ ခင်ဗျားတို့အား ခင်ဗျားတို့ မြတ်နိုးသူ တစ်ဦးဦး အကြောင်း၊ ဆက်ပြီး မရှိတော့တဲ့သူ အကြောင်း စဉ်းစားပေးကြပါ။ ကိုယ်ချစ်တဲ့ အဖွား၊ ချစ်သူ -- ခင်ဗျားတို့က စိတ်နှလုံးအပြည့်ဖြင့် ချစ်ခင်ခဲ့တဲ့သူ တစ်ယောက်ယောက်၊ အခု ခင်ဗျားတို့နဲ့ မရှိတော့တဲ့သူ အကြောင်းပါ။ အဲဒီလူကို ခင်ဗျားတို့ရဲ့ အသိစိတ်ထဲကို ပြန်ခေါ်ယူလာပါ၊ အဲဒီ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ရဲ့ လိုင်းကို B ကနေ E အထိ ​တောက်လျှောက် လိုက်ကြည့်နေပါ။ အဲဒီလိုဆိုရင် ခင်ဗျားတို့ဟာ Chopin ပြောဆိုလိုခဲ့တာကို နားထောင်ကြရမှာပါ။ (ဂီတ) (တေးဂီတပြီးဆုံး) (လက်ခုပ်သံများ) ဒီနေရာမှာ ခင်ဗျားတို့ တွေးမိနိုင်ကြတာက -- (လက်ခုပ်သံများ) (လက်ခုပ်သံများ ရပ်စဲ) ကျွန်တော်ဟာ ဘာဖြစ်လို့ လက်ခုပ်တီးနေတာလဲ ခင်ဗျားတို့ စဉ်းစားမိနိုင်ကြပါတယ်။ ကောင်းပြီ၊ Boston က ကျောင်းတစ်ကျောင်းမှာ ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသား ၇၀ ခန့်နဲ့တုန်းကပါ။ ခင်ဗျားတို့ကို အခုလုပ်ပြခဲ့သလိုပဲ သူတို့ကို လုပ်ပြခဲ့တယ်၊ ခုနကလိုပဲ အရာတွေအားလုံးကို ရှင်းပြခဲ့တယ်။ ပြီးသွားတော့ သူတို့အားလုံး လက်ခုပ်တီးကြပါတော့တယ်။ ကျွန်တော်လည်း လက်ခုပ်တီး၊ ၏ သူတို့ကလည်း တီးပေါ့။ နောက်ဆုံးတွင် ကျွန်တော်က၊ "ငါလက်ခုပ်တီးနေတာ ဘာကြောင့်လဲ?" သူတို့ထဲက တစ်ယောက်က၊ "ကျွန်ုပ်တို့ နားထောင်နေခဲ့ကြလို့ပါ" လို့ပြောတယ်။ (ရယ်သံများ) အဲဒါကို စဉ်းစားကြည့်ပါ။ လူ ၁၆၀၀၊ အလုပ်များတဲ့လူတွေ၊ မျိုးစုံလှတဲ့ အလုပ်အမျိုးမျိုးကို လုပ်ကိုင်ကြတဲ့ သူတွေ၊ နားထောင်နေခဲ့ကြတယ်၊ နားလည်ခဲ့ကြတယ်၊ စိတ်လှုပ်ရှားမိကြတယ်၊ Chopin ရဲ့ ဂီတလေး တစ်ခုကြောင့်။ အဲဒါဟာ တကယ်အရေးကြီးတဲ့ အရာပါ။ ခင်ဗျားတို့ထဲက လူတိုင်းဟာ ဒါကို နားထောင်ခဲ့တယ်၊ နားလည်ခဲ့တာ၊ စိတ်လှုပ်ရှား မိတာကို ကျွန်တော် သေချာသလား။ ကျွန်တော် ဘယ်လိုသေချာနိုင်မလဲ။ အိုင်ယာလန်မှာ ဖြစ်ပျက်ခဲ့တာ ပြောပြဖို့ လိုပါမယ်၊ ခက်ခဲတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကပါ၊ ကက်သလစ်နဲ့ပရိုတက်စတင့် ကလေးငယ်တွေနဲ့ အလုပ်လုပ်နေခဲ့တာပါ၊ အဲဒီက ပဋိပက္ခကို ဖြေရှင်းပေးဖို့ပါ။ ခုနကလိုပဲ သူတို့နဲ့ပါ ကျွန်တော် လုပ်ခဲ့တယ် -- သူတို့က လေလွင့်နေခဲ့တဲ့ ကလေးငယ်တွေမို့ ဒီလို ပြုလုပ်မှုဟာ အရဲစွန့်ရာကျခဲ့တယ်။ နောက်တစ်နေ့တွင် ကလေးတစ်ဦးက ကျွန်တော့်ဆီ လာခဲ့ပြီး ပြောလိုက်တာက၊ "ဆရာ သိချင်မှသိမယ်၊ ကျွန်တော်ဟာ တစ်သက်လုံး ဂန္ထဝင်ဂီတကို နားမထောင်ခဲ့ဘူးပါ၊ ဆရာက ရှောပင်း ဂီတလေးကို တီးတော့..." (ရယ်သံများ) “ကျွန်တော့်အစ်ကိုဟာ မနှစ်တုန်းက ပစ်သတ်ခံ လိုက်ရပေမဲ့ သူ့အတွက် မငိုမိခဲ့ဘူး၊ ဒါပေမဲ့ မနေ့ညက၊ ဆရာ အဲဒီအပိုင်းကို တီးပြစဉ် ကျွန်တော် စဉ်းစားနေခဲ့တာ သူ့အကြောင်းကိုပါ။ ကျွန်တော် မျက်နှာ တစ်လျှောက် မျက်ရည်ပြီတွေ စီးကျလာတာကို ခံစားမိတယ်။ အကို့ အတွက် အဲဒီလို ငိုမိတာဟာ သိပ်ကို ကောင်းတယ်လို့ ထင်ပါတယ်။" အဲဒီဖြစ်ရပ်ရဲ့ နောက်မှာ ကျွန်တော် သေချာပေါက် ဆုံးဖြတ်လိုက်တာက ဂန္ထဝင်ဂီတ ဆိုတာ လူတိုင်းအတွက် ဖြစ်တယ် ဆိုတာကိုပါ။ လူတိုင်းအတွက်ပါ။ အခုတော့ ခင်ဗျားတို့ ဒါကို ဘယ်လို မြင်ကြမလဲ -- ကျွန်တော်တို့ ဂီတသမားတွေ၊ ဂီတထဲ ပါဝင်ကြသူတွေ အဲဒါကို အဲဒီလို မမြင်ကြပါဘူး။ သူတို့ သိတာက လူဦးရေ သုံးရာခိုင်နှုန်းတို့က ဂန္ထဝင်ဂီတကို နှစ်သက်ကြခြင်းကိုပါ။ အဲဒါ ကျွန်ုပ်တို့ ၄ ရာခိုင်နှုန်း အထိ မြှင့်ပေးရင် ပြဿနာကို ဖြေရှင်းနိုင်မယ်။ (ရယ်သံများ) ခင်ဗျားတို့ ဒါကို ဘယ်လို ပြောဆိုကြမလဲ။ ခင်ဗျားတို့သာ ဖြစ်ခဲ့ရင် ဘယ်လိုဖြစ်ခဲ့မလဲ။ "လူဦးရေရဲ့ သုံးရာခိုင်နှုန်းတို့က ဂန္ထဝင်ဂီတကို နှစ်သက်ကြတယ်၊ ကျုပ်တို့က လေးရာခိုင်နှုန်းသို့ မြှင့်ပေးနိုင်ရင်ကော။" ခင်ဗျားတို့ ထင်ကြလဲ ဒါမှမဟုတ် ပြောဆိုကြမလဲ။ "လူတိုင်းဟာ ဂန္ထဝင်ဂီတကို နှစ်သက်ကြတယ် -- သူတို့ အဲဒါကို မသိကြသေးလို့ပါ။" ခင်ဗျားတို့ ထင်နိုင်ကြတယ်။ တကယ်တော့၊ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ လုံးဝကို မတူတဲ့ ကမ္ဘာကြီးပါ။ အခုတော့ ကျွန်တော်ဆီမှာ အံ့ဖွယ် အတွေ့အကြုံ ရှိပါတယ်။ ကျွန်တော် အသက် ၄၅ နှစ်တုန်းကပါ၊ တီးဝိုင်းကို ကြီးကြပ်ညွှန်ပြနေခဲ့တာ အနှစ် ၂၀ ရှိခဲ့ပြီ၊ ကျွန်တော် ရုတ်တရက် တစ်ချက်ကို နားလည်မိတယ်။ သံစုံတီးဝိုင်းရဲ့ ကြီးကြပ်ညွှန်ပြသူဟာ အသံတစ်ခုကိုမှ မတီးမှုတ်ရပါ။ စီဒီပြားတွေပေါ်မှာ ကျွန်တော့် ဓာတ်ပုံကို ထည့်ပုံနှိပ်ကြပါတယ်။ (ရယ်သံများ) ဒါပေမဲ့ တီးဝိုင်းကို ကြီးကြပ်ညွှန်ပြသူဟာ ဘယ်လိုအသံကိုမှ တီးမှုတ်မပေးပါ။ သူ့ဆီမှာ ရှိတဲ့ စွမ်းအားက အခြားသူတွေကို စွမ်းအားထက်မြက်လာသူတွေ ဖြစ်အောင် လုပ်ပေးနိုင်စွမ်းပါပဲ။ အဲဒီအချက်က ကျွန်တော့်အတွက် အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့တယ်။ ဘဝတစ်ခုလုံးကို ပြောင်းပစ်တယ်။ ကျွန်တော့် သံစုံတီးဝိုင်းထဲက လူတွေက၊ "Ben၊ ခင်ဗျား ဘယ်လိုဖြစ်သွားတာလဲ။" မေးကြတယ်။ အဖြစ်ကအဲဒီလိုပါ။ ကျွန်တော့်အလုပ်က တခြားသူတွေထဲက စွမ်းဆောင် နိုင်စွမ်းကို နှိုးဆွပေးရန်ပါ။ ပြီးတော့ ငါဟာ အဲဒီလို လုပ်ကိုင်နိုင်ရဲ့လား ဆိုတာကို သိချင်လိုခဲ့ပါတယ်။ အဲဒါကို ဘယ်လို သိနိုင်မလဲ။ ကျုပ်တို့ဟာ ပရိသတ်ရဲ့ မျက်လုံးတွေကို ကြည့်ရှုရန် လိုပါတယ်။ သူတို့မျက်လုံးတွေ ဝင်းလက်နေရင် ကိုယ် အဲဒါကို လုပ်နိုင်တာ သိနိုင်တယ်။ အဲဒီလိုမျက်လုံးတွေနဲ့ ကျုပ်တို့ဟာ ရွာတစ်ရွာလုံး လင်းစေနိုင်တယ်။ (ရယ်သံများ) အမှန်ပြောနေတာ။ မျက်လုံးတွေ ဝင်းလက်နေရင် ကိုယ်လုပ်နိုင်တာကို သိနိုင်ပါတယ်။ မျက်လုံးတွေ ဝင်းမလက်ရင် ကိုယ်က မေးခွန်းထုတ်ရပါမယ်။ မေးရမှာက ဒီလိုပါ- ကျွန်တော့် ဂီတသမားတွေ မျက်လုံး ဝင်းလက်မနေကြရင် ကျွန်တော် လုပ်နေတာ ဟုတ်ရဲ့လား။ ကိုယ့်ကလေးတွေနဲ့လည်း ကျုပ်တို့ လုပ်ကြည့်နိုင်ပါတယ်။ ကျွန်တော့် ကလေးရဲ့ မျက်လုံးတွေ ဝင်းလက်မနေရင်၊ ငါလုပ်နေတာ ဟုတ်မှန်ရဲ့လား။ အဲဒီလိုဆိုရင် ကမ္ဘာကြီး လုံးဝ ပြောင်းလဲလာမှာပါ။ အခုတော့ ကျုပ်တို့ ဒီအံ့အားသင့်ဖွယ် တောင် ပေါ် လမ်းလျှောက်မှုကို အဆုံးသတ်ကြရမယ်၊ ကျုပ်တို့ဟာ ကမ္ဘာဆီကို ပြန်ဆင်းဖို့ လိုပါတယ်။ ကျုပ်တို့က မိမိတို့ရဲ့ ကမ္ဘာဆီ ပြန်သွားတဲ့ အခါမှာ ​မေးကြရမယ့် မေးခွန်းက ကျွန်ုပ်တို့ တတွေဟာ ဘယ်သူတွေလဲ။ အောင်မြင်မှု အတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် ကျွန်တော်ထံမှာ ရှိပါတယ်။ ကျွန်တော့်အတွက် သိပ်ကို ရိုးရှင်းပါတယ်။ အဲဒါဟာချမ်းသာမှု၊ ကျော်ကြားမှုနှင့် အာဏာ အကြောင်းမဟုတ်ပါ။ အဲဒါက ကျွန်ုပ်ပတ်ဝန်းကျင်မှာ ဝင်းလက်နေကြတဲ့ မျက်လုံးတွေရဲ့ အရေအတွက်ပါ။ အခုတော့ နောက်ဆုံး စဉ်းစားစရာ တစ်ခုကို ပြောချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ နှုတ်ကနေပြီး ထုတ်ပြောလိုက်ကြတဲ့ စကားလုံးတွေဟာ အခြေအနေကို လုံးဝကို ပြောင်းလဲသွားစေနိုင်ကြတယ်။ Auschwitz ကနေပြီး လွတ်မြောက်နိုင်ခဲ့တဲ့ အမျိုးသမီးထံမှ ရရှိခဲ့တဲ့ သင်ခန်းစာပါ၊ ရှားရှားပါးပါး အသက်ရှင်ကျန်ရစ်ခဲ့သူပါ။ သူမ ၁၅ နှစ်အရွယ်တွင် Auschwitz ကို သွားခဲ့ရတယ်။ အဲဒါနဲ့ ... သူ့ညီလေးက ရှစ်နှစ် အရွယ်ပါ၊ မိဘနှစ်ပါးစလုံးကို သူတို့ ဆုံးရှုံးသွားခဲ့ကြပြီ။ သူမရဲ့ အဖြစ်ကို ကျွန်တော့်ကို ပြောပြခဲ့တာ၊ "ကျွန်မတို့ဟာ Auschwitz ကို သွားမယ့် ရထားကို စီးလိုက်လာကြတယ်၊ အောက်ဘက်ကို ကျွန်မ ငုံ့ကြည့်လိုက်တော့ ညီဆီမှာ ဖိနပ်မရှိတာ မြင်လိုက်ရတယ်။ 'မင်းက တကယ်လူအပဲ၊ ကိုယ့်ပ္စစည်းတွေကိုတောင် ကောင်းကောင်း သိမ်းမထားနိုင်ဘူးလား။ လို့ ငေါက်မေးလိုက်တယ်။ အစ်မဖြစ်သူက ညီလေးကို ပုံမှန် စကားပြောတဲ့ ပုံစံမျိုးပါပဲ။ ဝမ်းနည်းစရာ ကောင်းတာက အဲဒါဟာ သူ့ညီကို သူပြောခဲ့တဲ့ နောက်ဆုံး စကားလုံးတွေပါ၊ သူတို့ ဘယ်တော့မှ ပြန်မတွေ့ဆုံဖြစ်ခဲ့ကြဘူး။ သူ အသက်ရှင် မကျန်ရစ်ခဲ့ပါ။ သူမ Auschwitz ကနေ ထွက်လာချိန်မှာ ဦးညွတ်ကတိပေးခဲ့တယ်။ သူမ ဆက် ပြောလိုက်သေးတယ်။ "ကျွန်မဟာ Auschwitz ထဲကနေပြီး ဘဝထဲကို ပြန်ဝင်လာနိုင်ခဲ့လို့ ဦးညွတ် ခဲ့တာ ဖြစ်တယ်။ ဦးညွတ်ရင်း ပေးခဲ့တဲ့ ကတိက "နောက်ဆုံးအဖြစ် ကျန်ရစ်ခဲ့မယ့် စကားလုံးတွေ ကျွန်မ ဘယ်တော့မှ မပြောစေရပါ။" အခု ကျွန်တော်တို့ ပြန်ပြောနိုင်မလား။ လုပ်မရနိုင်တော့ပါ။ အဲဒီလိုဆိုရင် ကိုယ့်က အမှားလုပ်မိနိုင်သလို အခြားသူတွေကိုလည်း မှားစေနိုင်ပါတယ်။ ဒါပေမဲ့ အသက်ရှင် နေထိုင်ဖို့အတွက် နည်းလမ်း တစ်ခုပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) ဝင်းလက်နေကြတဲ့ မျက်လုံးများ။ (လက်ခုပ်သံများ) ဝင်းလက်နေကြတဲ့ မျက်လုံးများ။ (လက်ခုပ်သံများ) ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါပဲ။