< Return to Video

Simple Probability

  • 0:01 - 0:04
    အ၀ါရောင် ဂေါ်လီသုံးလုံး အနီရောင်ဂေါ်လီနှစ်လုံး အစိမ်းရောင်ဂေါ်လီနှစ်လုံး
  • 0:04 - 0:07
    အပြာရောင်ဂေါ်လီတစ်လုံးရှိနေတဲ့အိတ်ထဲကနေ
  • 0:07 - 0:10
    အ၀ါရောင်ဂေါ်လီလုံးကိုနှိုက်ယူလို့ရနိုင်တဲ့ဖြစ်တန်စွမ်းကို
    ရှာကြည့်ပါ
  • 0:10 - 0:13
    ဖြစ်တန်စွမ်းဆိုတဲ့ Probability ကို P လို့ထားပါမယ်
  • 0:13 - 0:17
    အ၀ါရောင်ဂေါ်လီကိုနှိုက်ထုတ်လို့ရနိုင်မယ့်ဖြစ်တန်စွမ်းကိုရှာကြည့်ပါမယ်
  • 0:17 - 0:21
    ဒါမျိုးက တစ်ခါတစ်ခါမှာ မတင်မကျဖြစ်တတ်ပါတယ်
  • 0:21 - 0:22
    အ၀ါရောင်ဂေါ်လီလေးကို နှိုက်မိဖို့လေ
  • 0:22 - 0:24
    ကဲ … ချရေးပြီနော် Picking နှိုက်ထုတ်ပါမယ်
  • 0:24 - 0:26
    တကယ်ဆိုရင် ကျွန်တော်တို့တွေပြောပြောနေတဲ့ ဖြစ်တန်စွမ်း ဆိုတာ
  • 0:26 - 0:28
    ကိစ္စတစ်ခုခုရဲ့ဖြစ်နိုင်ခြေကိုတိုင်းတာတဲ့
  • 0:28 - 0:30
    နည်းလမ်းတစ်မျိုးပါပဲ
  • 0:30 - 0:32
    သူ့ရဲ့အထာကတော့
  • 0:32 - 0:35
    ဒီစမ်းသပ်မှုကနေ ရလဒ်ဘယ်လောက်ထွက်လာမယ်
  • 0:35 - 0:37
    အိတ်ထဲကနေ
  • 0:37 - 0:41
    ဘောင်မ၀င်တဲ့ရလဒ်နဲ့ ဘောင်ဝင်တဲ့ရလဒ်ဘယ်လောက်ထွက်မယ်
  • 0:41 - 0:44
    ဖြစ်နိုင်ခြေရှိတဲ့ရလဒ်ဘယ်လောက်များမယ်ဆိုတာတွေကို စဉ်းစားကြည့်ဖို့ပါပဲ
  • 0:44 - 0:46
    ကဲ … ဒီတော့ ဖြစ်နိုင်ခြေရှိတဲ့ရလဒ်တွေကိုချရေးကြည့်မယ်နော်
  • 0:46 - 0:52
    ဖြစ်နိုင်ခြေရှိတဲ့ရလဒ်တွေကတော့ …
  • 0:52 - 0:55
    ကြည့်လိုက်တာနဲ့ ရှင်းသွားမှာဆိုပေမယ့်လည်း
  • 0:55 - 0:57
    အခေါ်အဝေါ်လေးတွေနားလည်အောင်
  • 0:57 - 0:59
    ရှင်းပေးပါ့မယ်
  • 0:59 - 1:01
    ဒီတော့ ဖြစ်နိုင်ခြေရှိတဲ့ရလဒ်တွေအားလုံးပါဝင်တဲ့အစု
  • 1:01 - 1:03
    အ၀ါရောင်ဂေါ်လီကသုံးလုံးနော်
  • 1:03 - 1:04
    ဒီတော့ ဒီအ၀ါလေးကို ကိုင်လိုက်မိနိုင်သလို
  • 1:04 - 1:09
    ဟောဒီအ၀ါလေးကိုလည်းကိုင်လိုက်မိနိုင်ပါတယ်
  • 1:09 - 1:10
    ဒါတွေအားလုံးက အ၀ါရောင်လေးတွေပဲလေ
  • 1:10 - 1:12
    အိတ်ထဲမှာ အနီရောင်ဂေါ်လီလေးတွေလည်းရှိသေးတယ်နော်
  • 1:12 - 1:17
    အိတ်ထဲကနေနှိုက်ထုတ်တဲ့အခါဒီအနီလေးပါလာနိုင်သလို
    ဟောဒီအနီလေးလည်းပါလာနိုင်ပါတယ်
  • 1:17 - 1:20
    ဟော .. အစိမ်းရောင်ဂေါ်လီလေးတွေရောပဲနော်
  • 1:20 - 1:23
    ဒီတော့ အစိမ်းရောင်လေးကို နှိုက်ထုတ်မိနိုင်သလို
    ဒီအစိမ်းရောင်လေးလည်းပါလာနိုင်တာပဲလေ
  • 1:23 - 1:26
    ပြီးတော့ အိတ်ထဲမှာအပြာရောင်တစ်လုံးလည်းရှိပါသေးတယ်
  • 1:26 - 1:28
    အပြာရောင်လေးကတော့ တစ်လုံးတည်းရယ်
  • 1:28 - 1:31
    ဒါကတော့ ဖြစ်နိုင်ခြေရှိတဲ့ရလဒ်တွေပေါ့နော်
  • 1:31 - 1:32
    ဒါကို sample space ကြားကွက်လပ်
  • 1:32 - 1:35
    လို့လည်းရည်ညွှန်းတတ်ကြပါတယ်
  • 1:35 - 1:37
    ဖြစ်နိုင်ခြေရှိတဲ့ရလဒ်အားလုံးပါဝင်တဲ့နမူနာအစုကိုပြောတာဖြစ်ပါတယ်
  • 1:37 - 1:39
    ကိုယ့်စိတ်ကူးနဲ့ကိုယ်ပြောကြည့်တဲ့သဘောပါ
  • 1:39 - 1:42
    အိတ်ထဲက တစ်ခုခုကိုထုတ်လိုက်ပြီဆိုပါစို့
  • 1:42 - 1:45
    အိတ်ထဲက ထုတ်တာကို စမ်းသပ်မှုလို့ ခေါ်မယ်နော်
  • 1:45 - 1:47
    ဖြစ်နိုင်ခြေရှိတဲ့ရလဒ်က ရှစ်ခုရှိနေပါတယ်
  • 1:47 - 1:50
    အ၀ါရောင်ဂေါ်လီလေးကို ဆွဲထုတ်လို့ရနိုင်စေမယ့်ဖြစ်တန်စွမ်းအကြောင်းကို
    စဉ်းစားကြည့်တဲ့အခါ ခေါင်းထဲဝင်လာတာကတော့
  • 1:50 - 1:53
    ဖြစ်တန်စွမ်းက ဘာတွေရှိမလဲပေါ့
  • 1:53 - 1:57
    ကျွန်တော့ရဲ့စမ်းသပ်မှုမှာတော့ ဖြစ်တန်စွမ်းရှစ်မျိုးရှိပါတယ်
  • 1:57 - 2:02
    ဒါဆိုရင် ဖြစ်နိုင်ခြေရှိတဲ့ရလဒ်အရေအတွက်
  • 2:02 - 2:05
    အဲဒါကိုတော့ ကြားကွက်လပ်လေးရဲ့ အရွယ်လို့မြင်ကြည့်လိုက်ပါ
  • 2:05 - 2:06
    ဖြစ်နိုင်ခြေရှိတဲ့ရလဒ်အရေအတွက် …
  • 2:06 - 2:08
    ပြောရရင်တော့ ရိုးရိုးလေးပါပဲ
  • 2:08 - 2:10
    ဒီမှာကြည့်နော် ဂေါ်လီရှစ်လုံးရှိတယ်
  • 2:10 - 2:12
    ဒီပွဲလေးကို လှလှပပပြီးသွားစေမယ့် ကိုယ့်ဘောင်အတိုင်းဝင်အောင်လုပ်ပေးမယ့်
  • 2:12 - 2:15
    ဂေါ်လီဘယ်နှစ်လုံးရှိမလဲ ပြောကြည့်
  • 2:15 - 2:18
    သုံးလုံးကြီးများတောင်ရှိပါတယ်
  • 2:18 - 2:23
    အ၀ါရောင်ဂေါ်လီလေးကို ထုတ်မိစေမယ့် အကြိမ်သုံးကြိမ်ရှိပါတယ်
  • 2:23 - 2:24
    ဒါကို နောက်တစ်မျိုးပြောလို့ရပါသေးတယ်
  • 2:24 - 2:26
    ဒီမှာ သုံးကြိမ်ရှိတယ်ဟုတ်
  • 2:26 - 2:33
    ဒါက ပြေလည်အောင်လုပ်ပေးမယ့်အကြိမ်အရေအတွက်
  • 2:33 - 2:35
    ဘောင်မ၀င်မယ့်အကြိမ်အရေအတွက်
  • 2:35 - 2:38
    ရှင်းရှင်းလေးပါပဲ စကားလုံးတွေကြောင့်သာ
  • 2:38 - 2:40
    ရှုပ်သလိုလိုဖြစ်သွားမှာ
  • 2:40 - 2:43
    အ၀ါရောင်ဂေါ်လီလေးကို နှိုက်ထုတ်လို့ရစေမယ့် ဖြစ်တန်စွမ်းက ဘာများပါလဲ
    ဆိုတဲ့မေးခွန်းကို
  • 2:43 - 2:46
    အရောင်မတူတဲ့ဂေါ်လီဘယ်လောက်နှိုက်ထုတ်လို့ရနိုင်လဲလို့လည်း
    မေးလို့ရပါတယ်
  • 2:46 - 2:49
    အရောင်မတူတဲ့ရှစ်လုံးထဲက တစ်ရောင်မဟုတ်တစ်ရောင်ကိုတော့
    နှိုက်မိမှာပဲလေ
  • 2:49 - 2:51
    အဲဒီထဲမှာမှ အ၀ါရောင်ဂေါ်လီကို ဘယ်နှစ်ကြိမ်နှိုက်ဖြစ်ပါမလဲ
  • 2:51 - 2:55
    ရှစ်ခါနှိုက်တဲ့အထဲမှာ သုံးခါကတော့ အ၀ါရောင်ဖြစ်ကိုဖြစ်မှာပါပဲ
Title:
Simple Probability
Description:

u08_l4_t1_we1 Simple Probability

more » « less
Video Language:
English
Duration:
02:56
KhanAcademy Burmese edited Burmese subtitles for Simple Probability
KhanAcademy Burmese edited Burmese subtitles for Simple Probability

Burmese subtitles

Revisions