သမုဒ္ဒရာထဲမှာ အမှိုက်တွေပွထနေတာကို အနုပညာနဲ့ ကျွန်တော် ကိုင်တွယ်ခဲ့ပုံ။
-
0:02 - 0:04ဒါကတော့ Sian Ka'an မှာပါ။
-
0:04 - 0:08မက္ကစီကိုက ကယ်ရစ်ဘီယန်ပင်လယ်ကမ်းရိုးတန်း၊
Tulum မြို့ တောင်ဘက်မှာပါ။ -
0:08 - 0:10တရား၀င် သဘာ၀ဘေးမဲ့ တောတစ်ခု၊
-
0:10 - 0:12UNESCO ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု၊
-
0:12 - 0:15ကမ္ဘာ့ဇီဝမျိုကွဲအများဆုံးနေရာတွေထဲက
တစ်ခုပေါ့။ -
0:15 - 0:17ဒါပေမယ့် ၂၀၁၀ မှာ
ကျွန်တော်ရောက်သွားတော့ -
0:17 - 0:20ကျွန်တော်အရမ်းထိတ်လန့်ပြီး
စိတ်ရှုပ်သွားရတယ်ဗျာ။ -
0:20 - 0:23ကမ်းခြေက အမှိုက်တွေဖုံးလို့ပါလား။
-
0:23 - 0:27သေချာကြည့်မှ ကမ္ဘာအနှံ့က
မျောလာတဲ့ အမှိုက်တွေပါလားဗျာ။ -
0:27 - 0:30ပထမဆုံးတစ်ခေါက်ရောက်ပြီး နောက်ပိုင်း
တစ်နှစ်အတွင်း -
0:30 - 0:31ခဏ ခဏ ပြန်သွားခဲ့ပါတယ်။
-
0:31 - 0:34ကျွန်တော့်မွေးရပ်မြေလည်းဖြစ်တဲ့
Sian Ka'an ကိုပေါ့။ -
0:34 - 0:35ဒီအမှိုက်တွေနဲ့ အလုပ်လုပ်ဖို့ပါ။
-
0:35 - 0:36နောက်ပြီး
-
0:36 - 0:41ကျွန်တော်တို့ဟာ နိုင်ငံပေါင်း ၅၈ နိုင်ငံက
အမှိုက်တွေကို ခြေရာခံမှတ်တမ်းရခဲ့တယ်။ -
0:41 - 0:42ကမ္ဘာ့တိုက်ကြီး ခြောက်ခုကနေ
-
0:42 - 0:46ဒီကမ်းခြေကို မျောလာတာဗျ။
-
0:46 - 0:49ဒီအမှိုက်ကို ဘယ်နေရာမှာပစ်ခဲ့လဲ မသိပေမဲ့
-
0:49 - 0:53အမှတ်အသားတွေကြည့်ပြီး
ဘယ်မှာထုတ်လုပ်တယ်ဆိုတာကိုတော့ သိခဲ့တယ်။ -
0:53 - 0:57Sian Ka'an က အမှိုက်တွေဟာ
အခုအနီရောင်ပြထားတဲ့နိုင်ငံတွေက -
0:57 - 0:58ထုတ်လုပ်တာပဲဗျ။
-
1:00 - 1:04အခုလို ဟေတီကထုတ်တဲ့ ထောပတ်ဘူး အရွယ်စုံ၊
-
1:04 - 1:05ဂျာမေကာထုတ် ရေဘူးတွေ၊
-
1:05 - 1:09ကာရစ်ဘီယံအနီးအနား နိုင်ငံတွေကဆိုရင်တော့
အံ့သြစရာမရှိပါဘူး။ -
1:09 - 1:11ဒါပေမဲ့ ကမ္ဘာအနှံ့ကလာတာဗျ။
-
1:11 - 1:13ဒီမှာဆို ကမ္ဘာအနှံ့က ရေဘူးတွေ၊
-
1:13 - 1:16ပိုဆိုးတာတစ်ခုက ကျွန်တော်တွေ့တဲ့
အမှိုက်အများအပြားဟာ -
1:16 - 1:19ပတ်ဝန်းကျင်သန်ံရှင်းလှပဖို့
သုံးတဲ့ပစ္စည်းတွေဖြစ်နေတာပါပဲ။ -
1:20 - 1:23ဥပမာ ဒီအမေရိကန်ထုတ်ပစ္စည်းဆိုရင်
-
1:23 - 1:25ပလတ်စတစ်တွေကို ကာကွယ်ဖို့
သုံးတဲ့ပစ္စည်းလေဗျာ။ -
1:25 - 1:27(ရယ်သံများ)
-
1:27 - 1:29တောင်ကိုရီးယားက ခေါင်းလျှော်ရည်၊
-
1:29 - 1:31ကိုစတာရီကာက အစွန်းချွတ်ဆေး၊
-
1:31 - 1:33နော်ဝေက အိမ်သာသန့်စင်ဆေးရည်၊
-
1:33 - 1:35ဒီပစ္စည်းတွေအကုန်လုံး ကျွန်တော်တို့နဲ့
ရင်းနှီးပါတယ်။ -
1:35 - 1:39အနည်းဆုံးသွားတိုက်တံတွေကတော့
ရင်းနှီးလိမ့်မယ်ထင်ပါတယ်ဗျာ။ -
1:39 - 1:40(ရယ်သံများ)
-
1:41 - 1:42မီးဖိုချောင်သုံးပစ္စည်းတွေ၊
-
1:44 - 1:45အရုပ်တွေ၊
-
1:46 - 1:50မီးလောင်ထားတဲ့ ပလတ်စတစ် အမှိုက်တွေလည်း
တွေ့ခဲ့သေးတယ်ဗျ။ -
1:50 - 1:53ဒါတွေက ကင်ဆာဖြစ်စေတဲ့ မီးခိုးတွေလည်း
ထုတ်သေးတာနော်။ -
1:53 - 1:56လူတွေကမေးတယ် တွေ့တာတွေထဲမှာ
ဘာက စိတ်ဝင်စားစရာ အကောင်းဆုံးလဲ။ -
1:56 - 1:59ဒီလို ခြေတုပေါ့။
-
1:59 - 2:03နောက်ပြီး နောက်က
ရေဗူးအဖုံးပြာလေးကို တွေ့လား။ -
2:03 - 2:04သူ့ကိုတွေ့တုန်းကဆို
-
2:04 - 2:07ဟားမစ်ဂဏန်းလေးက
အိမ်လုပ်ထားတာဗျ။ -
2:07 - 2:08ချစ်စရာလေး။
-
2:08 - 2:09(ရယ်သံများ)
-
2:11 - 2:13(ရယ်သံများ)
-
2:13 - 2:17လှပပြီးဆွဲဆောင်မှုရှိတဲ့ ပစ္စည်းတွေရှိသလို
-
2:17 - 2:19ကြောက်စရာကောင်းတာတွေလည်း ရှိသဗျ။
-
2:19 - 2:21တစ်ခုချင်းစီတိုင်းမှာ သူ့သမိုင်းနဲ့သူရယ်။
-
2:21 - 2:25ဒါနဲ့ပဲ ကျွန်တော့် သဘာဝပတ်ဝန်းကျင်
အနုပညာဖန်တီးမှုတွေ လုပ်ဖြစ်ခဲ့တယ်။ -
2:25 - 2:28၂၀၁၀ ဖေဖော်ဝါရီမှာ
ဒီပုံလေးနဲ့ စဖြစ်ခဲ့တယ်။ -
2:28 - 2:30Sian Ka'an ကို
ပထမဆုံးရောက်တုန်းကပေါ့။ -
2:30 - 2:34အပြာရောင်ဟာ ပလတ်စတစ်တွေကြားမှာ
အပေါဆုံးအရာဆိုတာ သတိထားမိတယ်။ -
2:34 - 2:37ခရမ်းရောင်ကတော့ အရှားဆုံးပဲ
ကျွန်တော့်အတွက်ကတော့ ရွှေလိုပဲ။ -
2:37 - 2:39အပြာက အပေါဆုံးဆိုတော့ကာ
-
2:39 - 2:40အပြာတွေကို အရင်စုခဲ့တယ်။
-
2:40 - 2:43နောက်ပြီး အပြာရောင်မိုးသားရှေ့မှာ
ဒီလိုလေး စီစဥ်ဖြစ်တယ်။ -
2:43 - 2:45ကယ်ရစ်ဘီယံရေပြာပြာနဲ့အတူပေါ့။
-
2:45 - 2:48ဓာတ်ပုံအစမ်းရိုက်ကြည့်ပြီး
မြင်လိုက်ရတာအခါမှာတော့ -
2:48 - 2:51ကျွန်တော့ကို
မိုးကြိုးပစ်ချလိုက်တဲ့အတိုင်းပဲ။ -
2:51 - 2:53ကျွန်တော်ပြန်လာရမယ်ဆိုတာကို
သိလိုက်တယ်။ -
2:53 - 2:56ဒီနေရာမှာ ဖန်တီးမှုတွေ
တစီတတန်းကြီးလုပ်ဖို့ -
2:56 - 2:58ဓာတ်ပုံရိုက်ဖို့ပေါ့။
-
2:58 - 3:00ဆိုတော့ကာ ဒီအရာလေးဟာ
ပုံကြမ်းလေးပေ့ါဗျာ။ -
3:00 - 3:04ကျွန်တော်သုံးနှစ်ကြာလုပ်မယ့်
အလုပ်ရဲ့ ပုံကြမ်းလေးပေါ့။ -
3:04 - 3:06ဒါပေမယ့် ကျွန်တော်မသိတာက
နောင်ဆယ်နှစ်အကြာ -
3:06 - 3:09ဆယ်စုနှစ်တစ်ခုလောက်
ကျွန်တော်ဆက်လုပ်နေတာပါပဲ။ -
3:09 - 3:11အမှိုက်ပြသာနာကလည်း
ရှိနေဆဲပါပဲ။ -
3:11 - 3:13ဆိုတော့ကာ ပုံတချို့ကို ကျွန်တော်ပြမယ်နော်။
-
3:13 - 3:18တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း
ဆိုတဲ့ စီးရီးလေးကပေါ့။ -
3:18 - 3:21သတိပြုစေချင်တာက
ကျွန်တော်က ဆေးမခြယ်ဘူးနော်။ -
3:21 - 3:24လိုက်ကောက်ပြီး
အရောင်အလိုက် ခွဲခြားပြီး -
3:24 - 3:26သူတို့ကိုတွေ့တဲ့ ကမ်းခြေမှာတင်
စုစည်းစီစဉ်ခဲ့တာနော်။ -
3:34 - 3:38ဒါကတော့ ၂၀၁၅ တုန်းက
ကျွန်တော်ရဲ့ အဖိုးတန်အမှိုက်ထုပ်လေးတွေပါ။ -
3:38 - 3:42"Museo de la Basura" ကို
ပထမဆုံးစီစဥ်တုန်းကပေါ့ -
3:42 - 3:44အမှိုက်ပြတိုက် တဲ့။
-
3:44 - 3:48ကျွန်တော်ရည်ရွယ်ချက်ကတော့
ဒီအမှိုက်တွေကို သတိထားဖို့ -
3:48 - 3:49အသံမြှင့်ဖို့
-
3:49 - 3:50ဒါတွေကို အခြေခံပြီး
-
3:50 - 3:51လူထုကိုချပြဖို့ပါပဲ။
-
3:51 - 3:54ကျွန်တော်တို့ ကြောက်စရာပုံတွေ
မြင်ခဲ့ရပြီးပြီ။ -
3:54 - 3:56ဗိုက်ထဲမှာ ပလတ်စတစ်တွေနဲ့
သေနေတဲ့ တိရိစ္ဆာန်တွေလေ။ -
3:56 - 3:59ကျွန်တော်တို့တွေ
ဒါတွေကိုမြင်ဖို့ လိုပြီ။ -
3:59 - 4:00ကိုင်တွယ်ဖို့လိုပြီ။
-
4:00 - 4:04ဒါပေမယ့် အခုလို
ဒီအမှိုက်တွေကို လုပ်လိုက်ရင် -
4:04 - 4:06တချို့အပြောအရ လှလှလေးစီစဥ်လိုက်မယ်ဆိုရင်
-
4:06 - 4:08ကြည့်ရှုသူတွေကို ဖမ်းစားနိုင်မယ်။
-
4:08 - 4:12ကမ္ဘာ့ကြောက်မက်ဖွယ်တွေကို
မသိမမြင်ဖြစ်နေတဲ့သူတွေကို -
4:12 - 4:15ဘာဖြစ်နေလဲဆိုတာကို
နည်းတစ်မျိုးနဲ့ အသိပေးရာရောက်မယ်လေ။ -
4:15 - 4:18တချို့တွေက မဟာပစိဖိတ်အမှိုက်ကန်
လို့ခေါ်ကြတဲ့နေရာဟာ -
4:18 - 4:20Texas ပြည်နယ်အကျယ်ရဲ့
နှစ်ဆတောင် ရှိပါတယ်။ -
4:20 - 4:22ပြောမယ်ဆိုရင်တော့
မြင်ဖို့ရာခက်ခဲပါတယ်။ -
4:22 - 4:24မီးခိုးတွေလို ဖြစ်နေတာကိုး။
-
4:24 - 4:26ဒါကြောင့် ကျွန်တော့်အနုပညာထဲကနေ
-
4:26 - 4:30ကျွန်တော်တို့ကမ္ဘာ တကယ်တမ်းဘာဖြစ်နေလဲဆိုတာ
ချပြချင်တာပါ။ -
4:30 - 4:32မမြင်တာတွေ မြင်လာအောင်လို့ပါ။
-
4:33 - 4:35ကျွန်တော့်မှာ ဒီအလုပ်စကတည်းက
မေးခွန်းတစ်ခုရှိနေပါတယ်။ -
4:35 - 4:38ငါရော ဒီအမှိုက်တွေကို ပြီးရင်ဘာလုပ်မှာလဲ?
-
4:38 - 4:42တချို့ကပြောတယ်
ဒါတွေဟာ ပျက်စီးနေပြီ တဲ့။ -
4:42 - 4:45သမုဒ္ဒရာကြီးကို ဖြတ်လာပြီး
နေထိရေထိ ဖြစ်လာတော့ -
4:45 - 4:50အဆင့်နိမ့်ပြီး
ပြန်သုံးလို့တောင်မရတော့ဘူးပေါ့လေ။ -
4:50 - 4:54မြေဖို့ပစ်ဖို့ကလည်း မလုပ်ချင်ပြန်ဘူး။
-
4:54 - 4:56နောက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
-
4:56 - 4:59ကျွန်တော့်အလုပ်တွေပြီးရင်
တခြားသူတွေက ကူညီကြတာတွေနဲ့ -
5:00 - 5:02အမှိုက်တွေကောက်မယ်၊ စုမယ်၊ ရှင်းမယ်၊
-
5:02 - 5:03ပြီးရင် သိမ်းထားမယ်ဗျာ။
-
5:04 - 5:06ဒီအတိုင်းပဲ
-
5:06 - 5:09သုံးမယ်၊ အခါခါပြန်သုံးမယ်၊
-
5:09 - 5:10အနုပညာတွေဖန်တီးမယ်၊
-
5:10 - 5:14သဘာဝပတ်ဝန်းကျင်ဖန်တီးမှု အနုပညာတွေ
လူထုထဲကို ထည့်မယ်။ -
5:15 - 5:19ဒါကတော့ မနှစ်ကလုပ်ခဲ့တဲ့
လူထုအခြေပြု အနုပညာပြကွက်ပါ။ -
5:19 - 5:22Sian Ka'an, Punta Allen က
ဒေသခံလူငယ်တွေနဲ့ပေါ့။ -
5:22 - 5:26လူထုအခြေပြုအလုပ်တွေမှာ အရေးကြီးတဲ့အချက်က
ကမ်းခြေတွေသန့်ရှင်းဖို့ -
5:26 - 5:28ပညာပေးလုပ်ငန်းတွေလုပ်ဖို့
-
5:28 - 5:30ဒီအလုပ်တွေတိုးတက်လာရင်
-
5:30 - 5:33အမှိုက်သိမ်းတာတွေလည်း များလာမယ်။
-
5:33 - 5:36တကယ်လည်းအကျိုးရှိမယ်ထင်တယ်။
-
5:36 - 5:37နှစ်တွေကြာခဲ့ပြီးနောက်မှာ
-
5:37 - 5:41ကျွန်တော့်အမှိုက်တွေကို
ကျွန်တော်နည်းနည်း စွဲလမ်းလာတယ်။ -
5:41 - 5:45အိတ်တွေထဲထည့်ပြီး ခရီးသွားတယ်။
-
5:45 - 5:47အပန်းဖြေခရီးတွေထွက်တယ်။
-
5:47 - 5:49(ရယ်သံများ)
-
5:49 - 5:51နောက်ဆုံးအနေနဲ့
-
5:51 - 5:55ဓာတ်ပုံတွေရဲ့ နှစ်ဖက်မြင်ပုံစံကနေ
စပြီးခွဲထွက်ခဲ့တယ်။ -
5:55 - 5:57ဒီ့အတွက် တကယ့်ကို စိတ်လှုပ်ရှားတယ်ဗျာ။
-
5:57 - 6:00ဒီအနုပညာတွေဟာ အသက်ဝင်လာပြီး
-
6:00 - 6:03အချိန်နဲ့အမျှ
တဖြည်းဖြည်းချင်း ကြီးထွားလာသလိုပဲ။ -
6:03 - 6:05ကျွန်တော်ရဲ့ အကြီးဆုံးဆုတောင်းကတော့
-
6:05 - 6:08ဒီအလုပ်အတွက် ကုန်ကြမ်းတွေ
ကုန်သွားပါစေ လို့ပါပဲ။ -
6:08 - 6:09ဒါပေမယ့် မပြည့်သေးပါဘူး။
-
6:09 - 6:11နောက်ထပ် အစီအစဉ် တစ်ခုကတော့
-
6:11 - 6:14ကျွန်ေတာ် လူမှုရေးအလုပ်တွေ ဆက်လုပ်သွားမယ်။
-
6:14 - 6:16ကျွန်တော့်အလုပ်ကိုလည်း ပိုပြီးကြီးအောင်
ဆောင်ရွက်မယ်။ -
6:16 - 6:19ဘာလို့လဲဆိုတော့ ပြဿနာကိုက
ကြီးတာကိုး။ -
6:20 - 6:26နှစ်စဥ် အမှိုက်တန်ရှစ်သန်းဟာ
သမုဒ္ဒရာထဲကို ဝင်ရောက်နေတယ်။ -
6:26 - 6:28ဂေဟစနစ်တွေကို ဖျက်ဆီးနေတယ်။
-
6:29 - 6:34ကျွန်တော်စကားပြောနေစဥ်လေးမှာပဲကို
ဖြစ်နေတာနော်။ -
6:34 - 6:40ကျွန်တော့်လုပ်ရပ်ကို
အကူအညီတောင်းတဲ့ အစီအစဉ်လို့ သဘောထားတယ်။ -
6:40 - 6:43ကျွန်တော်တို့ကျန်းမာရေး နဲ့ အနာဂတ်တွေဟာ
ဒီသမုဒ္ဒရာတွေနဲ့ -
6:43 - 6:44တကယ့်ကို ဆက်နွယ်နေတယ်လေ။
-
6:44 - 6:49တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း
လို့သာ ခေါင်းစဥ်တပ်ခဲ့တာပါ။ -
6:49 - 6:50တကယ်ပြောင်းလဲသွားတာ ကျွန်တော်ပါ။
-
6:50 - 6:54ကျွန်တော့်ရဲ့ အနေအထိုင် အမူအကျင့်တွေကို
ပြန်တွေးတောဆင်ခြင်မိတယ်။ -
6:54 - 6:57တကယ်လို့ တခြားသူတွေလည်း
အဲ့သလို သတိထားမိရင် -
6:57 - 6:59သိပ်ကိုတန်ဖိုးရှိလာမှာဗျ။
-
6:59 - 7:00ကျေးဇူးအများကြီးတင်ပါတယ်
-
7:00 - 7:03(လက်ခုပ်သံများ)
- Title:
- သမုဒ္ဒရာထဲမှာ အမှိုက်တွေပွထနေတာကို အနုပညာနဲ့ ကျွန်တော် ကိုင်တွယ်ခဲ့ပုံ။
- Speaker:
- Alejandro Duran
- Description:
-
Alejandro Durán ဟာ သမုဒ္ဒရာထဲက ဂေဟစနစ်တွေပျက်စီးလာတာကို အနုပညာနဲ့ မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီသိပ်ကောင်းတဲ့ ဟောပြောပွဲလေးမှာ ကမ္ဘာအနှံ့က ရေမျောကမ်းတင်လာတဲ့ ပလတ်စတစ်အမှိုက်တွေ (ရေဘူးကနေ ခြေတုအထိ) ကို ဘယ်လိုစုစည်းခဲ့ပြီး လှပတဲ့ သဘာဝပတ်ဝန်းကျင် အနုပညာဖန်တီးမှုတွေ ဘယ်လိုလုပ်ခဲ့တယ်၊ လူတွေကိုဘယ်လို အံ့အားသင့်စေခဲ့တယ် ဆိုတာကို ပြောပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 07:17
sann tint approved Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Myo Aung accepted Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Myo Aung edited Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Ko Ko Oo edited Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Ko Ko Oo edited Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Ko Ko Oo edited Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Ko Ko Oo edited Burmese subtitles for How I use art to tackle plastic pollution in our oceans | ||
Ko Ko Oo edited Burmese subtitles for How I use art to tackle plastic pollution in our oceans |