-
ဘယ် အပိုင်း (quadrant) မှာ အမှတ် (-7, 7) ရှိသလဲ။
-
quadrant ဘာလဲဆိုတာ ကြည့်ကြရအောင်။
-
quadrant ဆိုတာ ကိုသြဒိနိတ်ပြင်ညီ ရဲ့ အပိုင်း
လေးခုထဲက တစ်ခု ချင်းကို ဆိုတာပါ။
-
ကျွန်တော်တို့က အပိုင်းတွေကို ပြောတဲ့အခါ
-
ကိုသြဒိနိတ် ဝင်ရိုးများက ပိုင်းထားတာတွေကို ပြောတာပါ။
-
ဒီတော့ ဒါက x ၀င်ရိုး၊ ဒီ အပေါ်-အောက်၀င်ရိုးက y ၀င်ရိုး ပြီး
-
သူတိုက ဒီကိုသြဒိနိတ်ပြင်ညီကို လေးစိတ်
ပိုင်းထားတာ ခင်ဗျား မြင်နိုင်တယ်။
-
ဒီအစိတ်အပိုင်း တစ်ခုချင်းကို quadrant လို့ ခေါ်ပါတယ်။
-
ဒီပေါ်က x တန်ဖိုးနှင့် y တန်ဖိုး နှစ်ခုလုံး
အပေါင်း လက္ခဏာ ရှိတာကို
-
ကျွန်တော်တို့က ပထမ (1st) quadrant လို့ ခေါ်ပြီး
ရောမနံပါတ် I ကို သုံးပါတယ်။
-
ပြီးတော့ ဒီ ကိုသြဒိနိတ် ပြင်ညီမှာ
လက်ဝဲရစ် ရွှေ့မယ်ဆိုလျှင်
-
x တန်ဖိုးတွေက အနုတ်၊ y တန်ဖိုးတွေက
အပေါင်း ဖြစ်သည့် ဒီ quadrant ကို
-
ဒုတိယ (2nd) quadrant လို့ခေါ်တယ်။
-
ဒါကို ဒုတိယ quadrant လို့ခေါ်ပါတယ်။
-
ပြီးတော့ အောက်ဆက်ဆင်းလျှင် x တန်ဖိုး၊
y တန်ဖိုးတွေ အနုတ်ဖြစ်သည့် နေရာ ကို
-
ကျွန်တော်တို့ တတိယ (3rd) quadrant လို့ခေါ်ပါတယ်။
-
အရင်လိုပဲ ရောမနံပါတ်ကို သုံးပါတယ်။
-
ပြီးတော့ နောက်ဆုံး မှာ x တန်ဖိုးတွေက အပေါင်း၊
y တန်ဖိုးတွေက
-
အနုတ် ဖြစ်သည့် quadrant ကို
စတုတ္ထ (4th) quadrant လို့ခေါ်တယ်။
-
ဒီတော့ ဘယ် quadrant မှာ အမှတ် (-7, 7)
ရှိသလဲ ကြည့်ကြရအောင်။
-
ဒါကို နည်းနှစ်မျိုးနဲ့ စဉ်းစားလို့ရပါတယ်။
ခင်ဗျားဆိုနိုင်တယ်.....တို့မှာ အနုတ်
-
x တန်ဖိုးရှိတယ်၊ x တန်ဖိုး အနုတ် ဆိုတော့
ဘယ်ဘက်ကိုရွှေ့မယ်။ ဒီဘက်ခြမ်းမှာရှိမယ်။.
-
ကျွန်တော်တို့ ကိုသြဒိနိတ်ပြင်ညီရဲ့ ဒီဘက်မှာရှိမယ်။
-
ဒီတော့ x တန်ဖိုး အနုတ်ဆိုသည့်
အချက်နှင့်ပဲ ကျွန်တော်တို့ဟာ
-
ဒုတိယ (သို့) တတိယ quadrant မှာရှိမယ်။
-
ကျနော်တို့ y တန်ဖိုး အပေါင်း ဆိုတာ သိတယ်။
-
ဒီတော့ x တန်ဖိုးက အနုတ်၊ y တန်ဖိုးက
အပေါင်းဆိုလျှင် ကျွန်တော်တို့
-
ဒုတိယ quadrant ရဲ့ တစ်နေရာရာမှာ ခြေချပါလိမ့်မယ်။
-
တခြားနည်းနဲ့ ဒါကို စဉ်းစားမယ်ဆိုလျှင်
ဒီ အမှတ်ကို နေရာချကြည့်လျင်
-
ဒါဟာ ဒုတိယ quadrant မှာ ကျသလားဆိုတာ ကြည့်မယ်။
ဒီတော့ လုပ်ကြည့်ရအောင်။
-
x က အနုတ် 7 ဆိုတော့ အနုတ် 1၊ အနုတ် 2၊ အနုတ် 3၊ အနုတ် 4
-
အနုတ် 5၊ အနုတ် 6၊ အနုတ် 7
-
ကျွန်တော်လုပ်လိုက်တာ မှန်ရဲ့လား…..
-
1, 2, 3, 4, 5, 6, 7
-
ဒီတော့ x က အနုတ် 7၊ ပြီးလျှင် အပေါ်ကို
7ကွက် တက်ရမယ်၊ y ကအပေါင်း 7ဖြစ်လို့။
-
ဒီတော့ 1, 2, 3, 4, 5, 6, 7
-
ဒီတော့ အမှတ် (-7, 7) က ဟောဒီမှာရှိတယ်။
-
ဒါ က 2nd quadrant မှာ ရှင်းရှင်းကြီးကို
ကျရောက်နေပါတယ်။