< Return to Video

အဖေနဲ့ သမီး သံယောဇဉ်ကြိုးတစ်ချောင်း၊ တစ်ကြိမ်မှာ ဓါတ်ပုံတစ်ပုံ။

  • 0:01 - 0:02
    ဓါတ်ပုပညာဟာ ကင်မရာကို
  • 0:02 - 0:05
    ကောက်ကိုင်နိုင်တဲ့ အရွယ်ကတည်းက
    ဝါသနာပါခဲ့တာပါ။
  • 0:05 - 0:07
    ဒါပေမဲ ဒီနေ့ မျှဝေချင်တာက
    ကျွန်တော်
  • 0:07 - 0:10
    မြတ်နိုး တန်ဖိုးထားတဲ့ ဓါတ်ပုံ ၁၅ ပုံပါ။
  • 0:10 - 0:12
    ဒါတွေကို ကျွန်တော် မရိုက်ခဲ့ပါဘူး
  • 0:12 - 0:15
    အနုအညာ ဒါရိုက်တာ မရှိ၊
    အလှပြင်ပေးခဲ့သူ မရှိ၊
  • 0:15 - 0:19
    ပြန်ရိုက်ဖို့ အခွင့်အလမ်းမရှိ၊ အလင်း၊
    အမှောင်ကိစ္စကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။
  • 0:19 - 0:24
    တကယ်က အများစုကို ကြုံရာ
    ခရီးသွားတွေ ရိုက်သွားတာပါ။
  • 0:24 - 0:25
    ကျွန်တော့ ဇာတ်လမ်း စမယ်ဗျာ။
  • 0:25 - 0:28
    New York City မှာ ဟောပြောဖို့
    တစ်ကြိမ် ရောက်နေတုန်း
  • 0:28 - 0:30
    သမီးမွေးရဲ့ ပထမဆုံးနေ့မှာ
    သမီးကို ပွေ့ထားတဲ့ပုံကို
  • 0:30 - 0:35
    ဇနီးသည်က ရိုက်လိုက်တယ်။
    ၅၇ လမ်းနဲ့ ၅ လမ်း ထောင့်မှာပါ။
  • 0:35 - 0:38
    နောက် ၁ နှစ်အကြာ အတိအကျပဲ
    New York ကို ပြန်လာဖြစ်တော့
  • 0:38 - 0:42
    ဒီပုံပဲ ရိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
  • 0:42 - 0:44
    ကောင်းပြီ၊ ဒီမှာဖြစ်နေတာ တွေ့နိုင်ပါတယ်။
  • 0:44 - 0:46
    သမီး ၃ နှစ်မြောက်မွေးနေ့ နီးလာတော့
  • 0:46 - 0:48
    ဇနီးက Sabina ကို New York ပြန်ခေါ်သွားပြီး
  • 0:48 - 0:52
    အဖေနဲ့ သမီး ခရီးတစ်ခု လုပ်ရအောင်၊
    ထုံးစံကို ဆက်လုပ်ရအောင်လေ။
  • 0:52 - 0:55
    ဒါက ဖြတ်သွားတဲ့ အပျော်ခရီးသည်တွေကို
    ဓါတ်ပုံရိုက် ခိုင်းနေတာပါ
  • 0:55 - 0:59
    သိတဲ့အတိုင်း လုံးဝမသိတဲ့သူကို
    ကင်မရာထိုးပေးပြီး
  • 0:59 - 1:02
    လူတိုင်းသိတဲ့ လက်ဟန်ခြေဟန်လုပ်ရတာ
    ဘယ်လောက် မှတ်သားစရာဆိုတာ။
  • 1:02 - 1:07
    ဘယ်သူမှ မငြင်းကြဘူးဗျ၊ ကံကောင်းတာက
    ဘယ်သူမှ ကင်မရာကို ယူမပြေးကြဘူးလေ။
  • 1:07 - 1:10
    အဲဒီအချိန်က ဒီခရီးက ဘဝတွေကို
    ဘယ်လောက် ပြောင်းသွားမယ်ဆိုတာမသိခဲ့ပဲ
  • 1:10 - 1:12
    ကျွန်တော်တို့အတွက် တကယ်
    အလေးအမြတ် ဖြစ်လာတယ်
  • 1:12 - 1:15
    ဒါက ၉/၁၁ နောက် သီတင်းပတ်တွေမှာ
    ရိုက်ခဲ့တာဖြစ်ပြီး
  • 1:15 - 1:19
    အဲဒီနေ့က ဖြစ်ပျက်တာကို
    ငါးနှစ်သမီး နားလည်မယ့်
  • 1:19 - 1:22
    နည်းလမ်းတွေနဲ့ ကြိုးစားရှင်းပြနေတဲ့ပုံပါ။
  • 1:22 - 1:25
    ဒီတော့ ဒီဓါတ်ပုံတွေဟာ ကာလတစ်ခု (သို့)
    တိကျတဲ့
  • 1:25 - 1:28
    ခရီးတစ်ခုကို ကိုယ်စားပြုတာထက်
    အများကြီးပိုပါတယ်။
  • 1:28 - 1:31
    ဒါတွေဟာ ကျွန်တော်တို့အတွက်
    အောက်တိုဘာ သီတင်းပတ်ရဲ့
  • 1:31 - 1:35
    အချိန်ဖယ်ထားပြီး ကျွန်တော်
    တို့ရဲ့ အချိန်တွေကို
  • 1:35 - 1:37
    အလေးအနက်ဆင်ခြင်ဖို့
  • 1:37 - 1:39
    တစ်နှစ်မှ တစ်နှစ် ပြောင်းလဲလာပုံ၊
    ရုပ်ပိုင်းတင်မက
  • 1:39 - 1:42
    အရာတိုင်းအတွက် နည်းလမ်းတွေပါ။
  • 1:42 - 1:45
    အကြောင်းက ဒီပုံ တစ်မျိုးတည်းကို
    ရိုက်နေတုန်းမှာ
  • 1:45 - 1:47
    ကျွန်တော်တို့ အမြင်တွေ ပြောင်းသွားတယ်၊
  • 1:47 - 1:50
    သူမဟာ သမိုင်းမှတ်တိုင်
    သစ်တွေကို လှမ်းတက်ပြီး
  • 1:50 - 1:53
    သူမရဲ့မျက်လုံးတွေကနေ ဘဝကို
    ကျွန်တော် မြင်ခွင့်ရတယ်။
  • 1:53 - 1:58
    အရာတိုင်းနဲ့ သူမ တုံ့လှယ်သိမြင်ပုံတွေပေါ့။
  • 1:58 - 2:00
    အတူကုန်ဆုံးခဲ့ကြတဲ့ ဒီအာရုံ
    စူးစိုက်ထားတဲ့ အချိန်ဟာ
  • 2:00 - 2:06
    တစ်နှစ်တာလုံး ကျွန်တော်တို့ မြတ်နိုးပြီး
    စောင့်စားတဲ့ တစ်ခုခုပါ။
  • 2:06 - 2:09
    မကြာခင်က ခရီးတစ်ခုမှာ
    လမ်းလျှောက်နေကြတုန်း
  • 2:09 - 2:11
    လမ်းကြောင်းမှာ သူက ဆောင့်ရပ်လိုက်ပြီး
  • 2:11 - 2:15
    စောစောပိုင်းက ခရီးတွေမှာ
    သူငယ်ငယ်တုန်းက
  • 2:15 - 2:17
    နှစ်သက်တဲ့အရုပ်ဆိုင်ရဲ့ အနီရောင်
    နေကာတစ်ခုကို
  • 2:17 - 2:19
    လက်ညှိုးထိုးပြတယ်။
  • 2:19 - 2:22
    အဲဒီနေရာ အတိအကျမှာပဲ ၅ နှစ်သမီးလေး
    တစ်ယောက်အနေနဲ့
  • 2:22 - 2:25
    သူခံစားခဲ့ရတာကို ကျွန်တော့ကို
    ထုတ်ဖော်ပြောခဲ့တယ်။
  • 2:25 - 2:28
    အရင် ၉ နှစ်က ဒီနေရာကို
    ပထမဆုံးအကြိမ်တွေ့တော့
  • 2:28 - 2:31
    သူနှလုံးသား သူ့ရင်ဘတ်ကနေ ပေါက်ကွဲထွက်နေတာ
  • 2:31 - 2:34
    မှတ်မိနေတယ်လို့ ပြောတယ်။
  • 2:34 - 2:36
    ကဲ အခုတော့ New York မှာ
    သူကြည့်နေတာတွေက
  • 2:36 - 2:38
    ကောလိပ်ကျောင်းတွေပါ၊
  • 2:38 - 2:41
    အကြောင်းက New York မှာ ကျောင်းတက်ဖို့
    သူစိတ်ပိုင်းဖြတ်ထားလို့ပါ။
  • 2:41 - 2:44
    ဒါက ကျွန်တော့ကိုထိတယ်၊
    ကျွန်တော်တို့ လုပ်ခဲ့တာတွေထဲက
  • 2:44 - 2:48
    အရေးပါဆုံးတစ်ခုက အမှတ်ရခြင်းတွေပါ။
  • 2:48 - 2:51
    ဒီတော့ သတိရှိရှိနဲ့ အမှတ်ရစရာတွေ
    ဖန်တီးခြင်းမှာ တက်ကြွတဲ့
  • 2:51 - 2:55
    ကဏ္ဍရဲ့ စိတ်ကူးတွေကို မျှဝေချင်တာပါ။
  • 2:55 - 2:58
    ခင်ဗျားတို့တော့မသိပါဘူး၊
    ဒါပေမဲ့ ဒီဓါတ်ပုံ ၁၅ ပုံကလွဲပြီး
  • 2:58 - 2:59
    မိသားစုပုံ အများကြီးထဲတွင်
    ကျွန်တော် မပါပါဘူး
  • 2:59 - 3:02
    ကျွန်တော်က အမြဲတမ်း ဓါတ်ပုံရိုက်သူပါ၊
  • 3:02 - 3:04
    ဒီတော့ ဒီနေ့ အားလုံးကို
    ဓါတ်ပုံရိုက်ယူကြဖို့
  • 3:04 - 3:07
    တိုက်တွန်းချင်ပါတယ်။
  • 3:07 - 3:09
    "ကျွန်တော်တို့ကို ဓါတ်ပုံ
    ရိုက်ပေးမလား။" ဆိုပြီး
  • 3:09 - 3:11
    လူတစ်ယောက်ဆီကို ထသွား
    ပန်ကြားဖို့ ဝန်မလေးကြပါနဲ့။
  • 3:11 - 3:17
    ကျေးဇူးတင်ပါတယ်။ ( လက်ခုပ်သံများ)
Title:
အဖေနဲ့ သမီး သံယောဇဉ်ကြိုးတစ်ချောင်း၊ တစ်ကြိမ်မှာ ဓါတ်ပုံတစ်ပုံ။
Speaker:
Steven Addis
Description:

အချိန်အတော်ကြာ ကာလတုန်းက New York City က လမ်းထောင့်တစ်ခုမှာ Steven Addis ဟာ သူ့ရဲ့ ၁ နှစ်သမီးလေးကို လက်မောင်းမှာပွေချီပြီး ရပ်နေတာကို သူ့ဇနီးက လျှပ်တစ်ပျက် ဓါတ်ပုံတစ်ပုံရိုက်ယူလိုက်တယ်။ ဒီဓါတ်ပုံလေးက ဖခင်နဲ့သမီး နှစ်စဉ် ထုံးတမ်းတစ်ခုကို စေ့ဆော်ပေးလိုက်တယ်။ အဲဒီမှာ Addis နဲ့ သူ့သမီးဟာ နှစ်စဉ် ဒီပုံမျိုး ၊ ဒီလမ်းထောင့်မှာပဲ ကိုယ်ဟန်ပြပြီး ဓါတ်ပုံရိုက်ကြတယ်။ Addis ဟာ အမြတ်တနိုးတန်ဖိုးထားတဲ့ အစဉ်လိုက် ဓါတ်ပုံ ၁၅ ပုံကို မျှဝေထားပြီး ဒီသေးငယ်တဲ့ ထပ်တလဲလဲဖြစ်နေတဲ့ ထုံးတမ်းကလေးဟာ ဘာကြောင့်များ အဓိပ္ပါယ် အများကြီး ရှိနေတယ်ဆိုတာကို လေ့လာဖော်ထုတ်ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:38

Burmese subtitles

Revisions