စစ်ဆန့်ကျင်ရေးဝါဒီမှ သူလျှိုဖြစ်သွားသူ။ ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ အံ့အားသင့်ဖွယ် သူလျှို။ Shrabani Basu
-
0:07 - 0:11Noor Inayat Khan ဟာ ကြံမိကြံရာ
ထွက်ပေါက်လမ်းကို ရှာကြံနေခဲ့တယ်။ -
0:11 - 0:14မဟာမိတ် သူလျှိုအဖြစ် သူ့လုပ်ဆောင်မှုတွေ
အတွက် အကျဉ်းချခံခဲ့ရပေမဲ့ -
0:14 - 0:17ဝက်အူလှည့်တစ်ချောင်းနဲ့ အခြား
ထောင်သားနှစ်ဦးရဲ့အကူအညီနဲ့ -
0:17 - 0:20ပါရီ ကြယ်တွေအောက်မှာ
ပြန်ရောက်ခဲ့တယ်။ -
0:20 - 0:21ပြေးစဉ်မှာ အတွေးတွေက
-
0:21 - 0:25သူ့ကို ဒီကို ခေါ်ဆောင်လာခဲ့တဲ့ အဖြစ်အပျက်
တွေရဲ့လေဝဲဆီ ခုန်ပေါက်သွားတယ်။ -
0:25 - 0:31၁၉၁၄ ခု၊ မော်စကိုမှာ အိန္ဒိယမူဆလင် ဖခင်နဲ့
အမေရိကန် မိခင်တို့မှ မွေးဖွားခဲ့ပြီး -
0:31 - 0:34Noor ဟာ ထူးထူးခြားခြား အေးချမ်းတဲ့
အိမ်မှာ ကြီးပြင်းခဲ့တယ်။ -
0:34 - 0:36သူ့မိဘတွေဟာ ဂီတနဲ့ ကရုဏာရဲ့စွမ်းအားကို
-
0:36 - 0:39ယုံကြည်မှုထားတဲ့ ဆူဖီ စစ်ဆန့်ကျင်ရေး
ဝါဒီတွေပါ။ -
0:39 - 0:41ပါရီကို ပြောင်းခဲ့ပြီး
-
0:41 - 0:45အဲဒီမှာ Noor ဟာ ကလေး စိတ်ပညာကို
လေ့လာပြီး ကလေးစာအုပ်တွေ ထုတ်ဝေခဲ့တယ်။ -
0:45 - 0:49ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ် စတင်မှုနဲ့အတူ
ဒါတွေအားလုံး ပြောင်းလဲသွားခဲ့တယ်။ -
0:49 - 0:53၁၉၄၀ မေလမှာ ဂျာမန် စစ်တပ်က
ပါရီကို သိမ်းပိုက်ဖို့ အသင့်ဖြစ်မှုနဲ့အတူ -
0:53 - 0:56Noor နဲ့ သူ့အကိုဟာ ခက်ခဲတဲ့
ရွေးချယ်မှုတစ်ခု ကြုံခဲ့ရတယ်။ -
0:56 - 1:00စစ်ဆန့်ကျင်ရေးဝါဒီတွေဆိုတော့ အငြင်းပွားမှု
အကြမ်းမဖက်ဖြေရှင်းသင့်တယ်လို့ ယုံကြည်တယ်။ -
1:00 - 1:03ဒါပေမဲ့ ဥရောပတစ်လွှားက
ပျက်စီးမှုကို တွေ့ရှိရခြင်းက -
1:03 - 1:07ဘေးစည်းမှာ ရပ်နေတာဟာ ရွေးချယ်မှု
တစ်ခုမဟုတ်ဘူးလို့ သူတို့ ဆုံးဖြတ်လိုက်တယ်။ -
1:07 - 1:08အင်္ဂလန်ကို ခရီးထွက်ကာ
-
1:08 - 1:11Noor ဟာ အမျိုးသမီး အရံ
လေတပ်မှာ စေတနာ့ထန်ထမ်းလုပ်ကာ -
1:11 - 1:13ရေဒီယို အော်ပရေတာအဖြစ် သင်ယူခဲ့တယ်။
-
1:13 - 1:17ကြိုးမဲ့ လုပ်ဆောင်မှုနဲ့ မော့စ်ကုဒ်မှာ
နှစ်မြှပ်ထားခဲ့ပြီး -
1:17 - 1:21လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့
စောင့်ကြည့်ခံနေရတာကို သတိမထားမိခဲ့ဘူး။ -
1:21 - 1:24ဗြိတိသျှ အထူး လုပ်ဆောင်ရေး အမှုဆောင်အဖွဲဟာ
နာဇီတွေ သိမ်းပိုက်ထားတဲ့ -
1:24 - 1:28နိုင်ငံတွေက ဂျာမန်တွေကို တမင်
ဖျက်ဆီးဖို့ တည်ထောင်ခဲ့တာပါ။ -
1:28 - 1:32ပါရီအကြောင်း ကောင်းကောင်းသိ၊ပြင်သစ်စကား
ကျွမ်းတဲ့ လေ့ကျင့်ထားတဲ့ရေဒီယို အော်ပရေတာ -
1:32 - 1:34Noor ဆွဲဆောင်မှုရှိတဲ့ တပ်သားသစ်တစ်ဦးပါ။
-
1:34 - 1:38သူ့ရဲ့တွေဆုံခန်းမှာ ကြိုးမဲ့ လုပ်ငန်းဟာ
ထောက်လှမ်းရေးနယ်ပယ်မှာ -
1:38 - 1:41အန္တရာယ်အကြီးဆုံးအလုပ်တွေထဲက
တစ်ခုလို့ သတိပေးခံရတယ်။ -
1:41 - 1:45အော်ပရေတာတွေဟာ ရန်သူ့ ပိုင်နက်ကိုဖြတ်ပြီး
ကြီးမားတဲ့ အသံလွင့်စက်ကိုသယ်ထားဖို့လိုပြီး -
1:45 - 1:49လျှို့ဝှက် အေဂျင်စီဟာ
သူ အဖမ်းခံရရင် ကာကွယ်မပေးနိုင်ဘူး။ -
1:49 - 1:53Noor ဟာ တာဝန်ပေးချက်ကို
မဆိုင်းမတွ လက်ခံခဲ့တယ်။ -
1:53 - 1:57တတ်နိုင်သလောက် သူ့ရဲ့ စစ်ဆန့်ကျင်ရေး
မူဝါကို လိုက်နှာဖို့ ပိုင်းဖြတ်ထားပေမဲ့ -
1:57 - 2:00Noor ဟာ ထောက်လှမ်းရေးပညာကို
သင်ယူရတယ်။ -
2:00 - 2:03ထောက်လှမ်းရေး ကွန်ရက်တွေကို
ဆက်သွယ်ပုံ၊ သော့ဖွင့်ပုံ၊ -
2:03 - 2:06စစ်မေးတာ ခုခံပုံ၊သေနတ်
ပစ်ပုံတွေ သင်ယူရတယ်။ -
2:06 - 2:10၁၉၄၃ ဇွန်လမှာ ပါရီတောင်ပိုင်းက
Angers မှာ ဆင်းသက်ခဲ့ပြီး -
2:10 - 2:14နိုင်ငံကူးလက်မှတ် အတုတစ်ခု၊ ပစ္စတိုတစ်လက်၊
-
2:14 - 2:17ပြင်သစ် ဖရန့်ငွေ အနည်းငယ်ကိုင်ပြီး
မြို့ဆီသွားခဲ့တယ်။ -
2:17 - 2:19ဒါပေမဲ့ သူ့ကွန်ရက်က ညှိထားတာပါ။
-
2:19 - 2:21သူ့ရဲ့တပ်ဖြန့်မှု တစ်ပတ်အတွင်းမှာ
-
2:21 - 2:25သူ့အဖော် သူလျှိုတွေ အဖမ်းခံရပြီး
Noor ကို ပြန်လာဖို့ ခေါ်ခဲ့တယ်။ -
2:25 - 2:28သူ့ကို နေခွင့်ပြုဖို့ ကြီးကြပ်သူတွေကို
သူ စည်းရုံးခဲ့တယ်၊ -
2:28 - 2:32ဆိုလိုတာက ရေဒီယို အော်ပရေတာ ခြောက်ယောက်
အလုပ်ကို တစ်ယောက်တည်းလုပ်တာပါ။ -
2:32 - 2:33နောက်လတွေမှာ
-
2:33 - 2:37ပြင်သစ် တော်လှန်ရေးဆီ အထောက်အပံ့တွေ
ခြေရာခံပြီး ပို့ဆောင်ပေးခဲ့တယ်၊ -
2:37 - 2:40နာဇီလှုပ်ရှားမှု အစီရင်ခံစာ ပြန်ပို့ပြီး
-
2:40 - 2:43မဟာမိတ် တပ်သားတွေအတွက်
ဘေးကင်းတဲ့ လမ်းကြောင်းကို စီစဉ်ပေးခဲ့တယ်။ -
2:43 - 2:46ဒီအလုပ်က ပြင်သစ် တော်လှန်ရေးနဲ့
မဟာမိတ် ထောက်လှမ်းရေး ကွန်ရက်တွေ -
2:46 - 2:48တည်ဆောက်ရာမှာနဲ့
-
2:48 - 2:51နောက်ဆုံး စစ်အဆုံးသတ်ရေးမှာ မရှိမဖြစ်ပါ။
-
2:51 - 2:54သူ့ရဲ့ လျှင်မြန်တဲ့ စဉ်းစာမှုနဲ့
ဩဇာတိက္ကမ အကာအကွယ်ကြောင့်သာ -
2:54 - 2:57မေးခွန်းမေးတာကို မကြာခဏ
လှည့်ပတ်ရုန်းထွက်ခဲ့တာပါ။ -
2:57 - 2:59နာဇီလျှို့ဝှက်ရဲတွေက ရထားပေါ်မှာ
သူ့ကိုရှာတဲ့အခါ -
2:59 - 3:02သူတို့ကို သူ့ရဲ့ရုပ်ရှင်ပြစက်ကို
သမန်ကာလျှံကာ ကြည့်ခိုင်းလိုက်တယ်။ -
3:02 - 3:05အရာရှိတစ်ယောက်က ချိတ်ထားတဲ့
သူ့ဧရီယာတိုင်ကိုမြင်တော့ -
3:05 - 3:08သူ့ရဲ့ ရေဒီယိုကလာတဲ့ ဂီတကို
စွဲလမ်းမှုအကြောင်း လေပေါပြီး -
3:08 - 3:11ကြေးနန်းကြိုးတပ်ဆင်တာကူညီဖို့
အရာရှိကို ဆွဲဆောင်လိုက်တယ်။ -
3:11 - 3:13သူ့ရဲ့လေးလလုံးလုံး သက်တမ်းမှာ
-
3:13 - 3:16သူ့ရဲ့ ထက်မြက်တဲ့ ဇဝနဉာဏ်နဲ့
ခြေလုံတာ တစ်ခုမျှ မပျက်ကွက်ခဲ့ဘူး။ -
3:16 - 3:19ဒါပေမ့ဲ့ ညှို့ဓာတ်က သေလောက်တဲ့
မနာလိုမှုကို စေ့ဆော်ပေးတယ်။ -
3:19 - 3:22၁၉၄၃ အောက်တိုဘာလမှာ လုပ်ဖော်တစ်ဦးရဲ့
ညီမဟာ Noor ကို ချစ်တဲ့ -
3:22 - 3:25သူလျှိုတစ်ယောက်နဲ့ ချစ်မိခဲ့ပြီး
-
3:25 - 3:28သူ့ရဲ့လိပ်စာကို နာဇီလျှို့ဝှက်ရဲကို
ရောင်းစားလိုက်တယ်။ -
3:28 - 3:30Noor ဟာ သတင်းအချက်အလက်ပေးဖို့
ငြင်းဆန်ခဲ့ပြီး -
3:30 - 3:32ဒီအစား သူ့လွတ်လမ်းကို အာရုံစိုက်နေခဲ့တယ်။
-
3:32 - 3:35အစောင့်တွေဆီက ဝက်အူလှည့်တစ်ခု
တိတ်တိတ်ကလေးယူပြီး -
3:35 - 3:38လသာပေါက်ကို ဖြုတ်ပြီး
ညထဲကို လစ်တွက်လာနိုင်ခဲ့ကြတယ်။ -
3:38 - 3:41ဒါပေမဲ့ ထောင်သားတွေ အသက်လုပြီး
စပြေးနေစဉ်မှာပဲ -
3:41 - 3:44ဖမ်းသူတွေကို လေကြောင်းတိုက်ခိုက်မှု
ဥသြသံကအချက်ပေးခဲ့တယ်။ -
3:44 - 3:47Noor ဟာ တစ်ခါပြန် အဖမ်းခံရပြီး
ဂျာမန်ထောင်တစ်ခုထဲ အပို့ခံရတယ်။ -
3:47 - 3:51ဒီနောက် Dachau စစ်အကျဉ်းစခန်းဆီကိုပါ။
-
3:51 - 3:54အနှိပ်စက်ခံရ၊ ဆင်းရဲဒုက္ခခံရ၊
သီးခြားခွဲခံရပေမဲ့ -
3:54 - 3:55Noor ဟာ ဘာသတင်းမှ မပေးခဲ့ဘူး။
-
3:55 - 3:58သူ့ကို မကွပ်မျက်ခင် အချိန်လေးအတွင်းမှာ
-
3:58 - 4:01"လွတ်လပ်မှု"လို့ သူအော်ခဲ့တယ်လို့ ထင်ရတယ်။
-
4:01 - 4:03သူ့ရဲ့ရဲရင့်တဲ့ စွန့်လွှတ်မှုကြောင့်
-
4:03 - 4:08Noor ကို ရန်သူ့နောက်ကျောမှာ လျှို့ဝှက်
တိုက်ပွဲဆင်တဲ့၊ အသက်တစ်ချောင်းမျှမသတ်ပဲ -
4:08 - 4:11လွတ်လပ်မှုအတွက် လမ်းဖွင့်ပေးတဲ့
သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြတယ်၊
- Title:
- စစ်ဆန့်ကျင်ရေးဝါဒီမှ သူလျှိုဖြစ်သွားသူ။ ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ အံ့အားသင့်ဖွယ် သူလျှို။ Shrabani Basu
- Speaker:
- Shrabani Basu
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/from-pacifist-to-spy-wwii-s-surprising-secret-agent-shrabani-basu တွင်ကြည့်ရှုပါ။
၁၉၄၀ မေလမှာ ဂျာမန်စစ်တပ်ဟာ ပါရီကို သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေမှုနဲ့အတူ Noor Inayat Khan ဟာ ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတယ်၊ ဘေးစည်းမှာ ရပ်နေတာ သို့မဟုတ် နာဇီတွေကို တိုက်ခိုက်ဖို့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတာပေါ့။ ဥရောပတစ်လွှားက အလုံးစုံပျက်စီးမှုကို မျက်မြင်ကိုယ်တွေ့ဖြစ်ပြီးနောက်မှာတော့ သူလျှိုလုပ်တဲ့ အတတ်ပညာကိုသင်ယူဖို့ သူဟာ အင်္ဂလန်ကို ခရီးထွက်ခဲ့တယ်။ Shrabani Basu ကနေပြီး စစ်ဆန့်ကျင်ရေးဝါဒီတစ်ဦးအဖြစ်ကနေ ဖက်ဆစ် အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေးတစ်ခု တည်ဆောက်ရာမှာ ကူညီပေးခဲ့တဲ့ သူလျှိုဖြစ်သွားပုံကို အသေးစိတ်တင်ပြထားပါတယ်။
သင်ခန်းစာကို Shrabani Basu က ပြုစုပြီး Franz Palomares က ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:12
sann tint approved Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
Myo Aung accepted Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
Myo Aung edited Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
sann tint edited Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
sann tint edited Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
sann tint edited Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
sann tint edited Burmese subtitles for From pacifist to spy: WWII's surprising secret agent | ||
sann tint edited Burmese subtitles for From pacifist to spy: WWII's surprising secret agent |