စစ်ဘေးသင့် အမျိုးသမီးများအတွက် ပညာရေး (ကျမ အပါအဝင်)
-
0:01 - 0:04လူတွေဟာ မွေးရပ်မြေကို မရွေးချယ်နိုင်ပါဘူး
-
0:05 - 0:08မိဘတွေကို ရွေးချယ်လို့ မရဘူး
-
0:09 - 0:13ဒါပေမဲ့ ကိုယ့်ဘဝမှာ ဘယ်လိုနေမလဲ
ရွေးချယ်နိုင်ပါတယ် -
0:15 - 0:18ကျမက ပဋိပက္ခ တွေနဲ့ နိုင်ငံတစ်ခုဖြစ်တဲ့
ဆူဒန်တောင်ပိုင်းမှာ -
0:18 - 0:20မွေးဖွားလာဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူး
-
0:21 - 0:23ကျမ ကိုယ့်နာမည်ကိုယ် မရွေးချယ်ခဲ့ဘူး
-
0:23 - 0:25"နိရိရခ်" (Nyiriak)
-
0:25 - 0:26အဓိပ္ပာယ်က "စစ်ပွဲ" တဲ့
-
0:27 - 0:29ဒါကို ကျမ ဘယ်တော့မှ လက်မခံခဲ့ဘူး
-
0:29 - 0:33ကျမ မွေးဖွားကတည်းက ဆက်ခံခဲ့ရတဲ့ အမွေကို
-
0:33 - 0:35ကျမ Mary (မေရီ) အဖြစ်ရွေးချယ်ခဲ့တယ်
-
0:36 - 0:40ဆရာမ တစ်ယောက်အနေနဲ့
ကျောင်းသား(၁၂၀)ရှေ့ သင်ပြခဲ့တယ် -
0:40 - 0:43ဒါေကြာင့် ဒီစင်မြင့်ကို
ကျမ ကြောက်လန့်မနေဘူး -
0:44 - 0:48ကျမ ကျောင်းသားတွေက စစ်ပွဲကြားက
နိုင်ငံတွေက လာကြတာ -
0:48 - 0:51သူတို့ဟာ တစ်ဦးနဲ့တစ်ဦး
သိပ်ကို ကွဲပြားခြားနားကြတယ် -
0:51 - 0:53ဒါပေမဲ့ သူတို့အားလုံးတူတဲ့ အချက်က
-
0:54 - 0:57သူတို့ရှင်သန်ဖို့ အိမ်ကို စွန့်ခွာခဲ့ကြတယ်
-
0:59 - 1:02တစ်ချို့ရဲ့မိဘတွေက ဆူဒန်တောင်ပိုင်းမှာ
-
1:02 - 1:04မတူညီတဲ့ လူမျိုးစုတွေ
-
1:04 - 1:08ယုံကြည်ချက်တွေကြောင့်အချင်းချင်း
သတ်ဖြတ်နေကြသူတွေပေါ့။ -
1:09 - 1:13ကျန်တဲ့ကလေးတွေက စစ်ဖြစ်နေတဲ့ အခြား
အာဖရိကန်နိုင်ငံတွေက လာကြတာ -
1:14 - 1:17ဘာပဲဖြစ်ဖြစ် ကျမစာသင်ခန်းထဲမှာ
သူတို့ သူငယ်ချင်းတွေပဲ -
1:17 - 1:19သူတို့ အိမ်ကို အတူတူပြန်ကြတယ်
-
1:19 - 1:21အိမ်စာ အတူတူလုပ်ကြတယ်
-
1:22 - 1:25ကျမ စာသင်ခန်းထဲမှာ အမုန်းတရားတွေလက်မခံဘူး
-
1:26 - 1:30ကျမ ဘဝက အခြား စစ်ဘေးဒုက္ခသည်တွေလိုပါပဲ
-
1:31 - 1:33ကျမ မွေးကင်းစမှာ စစ်ဖြစ်တယ်
-
1:34 - 1:35ပြီးတော့ကျမ အဖေ
-
1:35 - 1:38ကျမရဲ့အစောပိုင်း ကလေးဘဝမှာ
အနားမှာ မရှိခဲ့သူပါ -
1:38 - 1:41အခြား အမျိုးသားတွေလိုပဲ
-
1:41 - 1:43နိုင်ငံအတွက် စစ်ပွဲဝင်နေတယ်
-
1:43 - 1:46အဖေက မိန်းမနှစ်ယောက်နဲ့ ကလေးအများကြီး
-
1:48 - 1:51ကျမ အမေက ဒုတိယမိန်းမပေါ့
-
1:51 - 1:53၁၆ နှစ်မှာ အမေ အိမ်ထောင်ကျခဲ့တာ
-
1:54 - 1:58ဘာလို့ဆို အမေက ဆင်းရဲတဲ့ မိသားစုကလေ
-
1:58 - 2:00သူ့မှာ ရွေးချယ်ခွင့်မရှိခဲ့ဘူး
-
2:00 - 2:03အဖေကတော့ ချမ်းသာတယ်
-
2:03 - 2:05သူ့မှာ နွားတွေ အများကြီး ပိုင်တယ်
-
2:07 - 2:10သေနတ်သံတွေက ကြီးစိုးခဲ့တဲ့ နေ့တွေပါ
-
2:13 - 2:16ကျမတို့ လူစုက အမြဲတိုက်ခိုက်ခံနေရတာ
-
2:17 - 2:21လူအုပ်စုတွေအချင်းချင်း နိုင်းမြစ်ရေကို
လုကြရင်း တိုက်ခိုက်ကြတယ် -
2:21 - 2:22ဒါတင် မကသေး
-
2:23 - 2:27လေယာဉ်ပျံတွေက ကြောက်စရာ ဗုံးတွေကြဲချ
-
2:27 - 2:29လူတွေ ခြေလက်တွေ ပြတ်
-
2:29 - 2:33ဒီထဲက မိဘတိုင်းအတွက်
ကြောက်ဖို့အကောင်းဆုံးက -
2:33 - 2:39ကိုယ့်ကလေးကို စစ်သားစုဆောင်းခံလိုက်ရတာပဲ
-
2:40 - 2:42ကျမ အမေက ကတုတ်ကျင်းတစ်ခုတူးတယ်
-
2:42 - 2:44ကျမတို့ နေဖို့အိမ်ပေါ့
-
2:45 - 2:48ဒါပေမဲ့ ကျမတို့ လုံခြုံမှုမခံစားရဘူး
-
2:48 - 2:52လုံခြုံတဲ့နေရာကို အမေက လိုက်ရှာရတယ်
-
2:52 - 2:56ကျမက(၄)နှစ် ညီမလေးက(၂)နှစ်
-
2:57 - 2:59ကျမတို့ လူအုပ်ကြီးထဲ ဝင်ရောခဲ့ကြတယ်
-
2:59 - 3:03ပြီးတော့ လုံခြုံမှုရှိတဲ့ နေရာကိုရှာတွေ့
နိုင်ဖို့ စိတ်ပျက်ပင်ပန်းတဲ့ နေ့ရက်များစွာ -
3:03 - 3:05လမ်းလျှောက်ခဲ့ကြရတယ်
-
3:05 - 3:07ကျမတို့ ကောင်းကောင်း မနားနိုင်ဘူး
-
3:08 - 3:11နောက်ထပ်တိုက်ခိုက်ခံရဦးမယ့် အချိန်ထိပဲ
-
3:12 - 3:15မှတ်မိသလောက်တော့ အမေကကိုယ်ဝန်ကြီးနဲ့
-
3:15 - 3:18ကျမနဲ့ ညီမလေးကို တစ်လှည့်ဆီ ချီပြီးတော့
-
3:18 - 3:21ကင်ညာနယ်စပ်ကို နောက်ဆုံးတော့
ဖြတ်နိုင်ခဲ့တယ် -
3:22 - 3:27အဲဒါက ဘဝတစ်လျှောက် အရှည်လျားဆုံး ခရီးပါပဲ
-
3:28 - 3:32ခြေထောက်တွေလဲ ပေါက်ပြဲလို့ပေါ့
-
3:34 - 3:35အံ့ဩစရာက
-
3:35 - 3:38ကျမတို့အရင် ဒီစခန်းကိုထွက်လာကြတဲ့
မိသားစုဝင်တွေကို ပြန်တွေ့ရတာပါပဲ -
3:38 - 3:40အခုအားလုံးရှိနေကြတဲ့ ဒီနေရာပေါ့
-
3:40 - 3:42"ကာကူမာ" စခန်းပေါ့
-
3:42 - 3:46အခု အားလုံး ခဏလောက် တိတ်ဆိတ်နေပေးပါ
-
3:49 - 3:50ကြားရသလား
-
3:52 - 3:55တိတ်ဆိတ်မှုကိုလေ
-
3:56 - 3:58သေနတ်သံတွေ မရှိ
-
3:59 - 4:02ငြိမ်းချမ်းမှု ပါပဲ
-
4:02 - 4:06ဒါကျမရဲ့ စခန်းရောက်ရောက်ခြင်း အမှတ်တရပါပဲ
-
4:07 - 4:10စစ်ဖြစ်နေတဲ့ နေရာကနေ
-
4:10 - 4:12"ကာကူမာ" ရဲ့လုံခြုံမှုအောက် ရောက်လာတဲ့အခါ
-
4:12 - 4:14အားလုံးခြားနားသွားပြီ
-
4:16 - 4:19ကျမ ဒီစခန်းမှာ ၃နှစ်ပဲ နေခဲ့တာပါ
-
4:19 - 4:22ကျမ ကလေးဘဝထဲက အနားမှာမရှိတဲ့ အဖေက
-
4:22 - 4:23ပြန်ရောက်လာခဲ့တယ်
-
4:24 - 4:27"နာကူရူ" မှာရှိတဲ့ မိသားစုဆီကို
ဦးလေးနဲ့ အတူသွားဖို့ -
4:27 - 4:29အဖေ စီစဉ်ပေးခဲ့တယ်
-
4:29 - 4:32အဲဒီမှာ အဖေ့ ပထမမိန်းမနဲ့
-
4:32 - 4:35အဖေတူအမေကွဲ မောင်နှမတွေကို တွေ့ရတာပဲ
-
4:35 - 4:37ကျမကို ကျောင်းအပ်ခဲ့တယ်
-
4:38 - 4:42ပထမဆုံး ကျောင်းတက်ရက်မှာ
သီချင်းတွေဆို ရယ်မောနိုင်ခဲ့တယ် -
4:42 - 4:45ပထမဆုံး ကျောင်းဝတ်စုံကတော့ ပြောမနေနဲ့
-
4:46 - 4:48အကောင်းတကာ့ အကောင်းဆုံးပဲ
-
4:49 - 4:52ဒါပေမဲ့ ကျမသိလာရတာက
-
4:53 - 4:57ဦးလေးက ကျမကျောင်းတက်တာကို
သဘောမကျဘူး -
4:58 - 5:01ဘာလို့ဆို မိန်းကလေးဖြစ်လို့တဲ့
-
5:03 - 5:06ကျမရဲ့ အမေမတူ အစ်ကိုတွေက
သူ့အတွက် ပိုအရေးကြီးတယ် -
5:07 - 5:10"ပညာရေးဟာ မိန်းကလေးတွေအတွက်
အလကားပဲ" လို့ သူထင်တယ်လေ -
5:11 - 5:16ဒါကြောင့် ကျမ ကျောင်းအများကြီးပျက်ခဲ့ရတယ်
-
5:16 - 5:18ကျောင်းစရိတ်တွေ မပေးလို့လေ
-
5:19 - 5:21အဖေက ဝင်ဖြေရှင်းပေးတယ်
-
5:21 - 5:24ကျမကို အဆောင်နေကျောင်းသူဖြစ်အောင်
သူစီစဉ်ပေးခဲ့တယ် -
5:25 - 5:29လာမယ့်ကျောင်းနှစ်တွေအတွက် အဖေကျမအပေါ်
ယုံကြည်ပေးခဲ့တာကို မှတ်မိသေးတယ် -
5:29 - 5:35သူပြောခဲ့တာ "ပညာရေးဆိုတာ
မင်းနိုင်နင်းရမဲ့ တိရစ္ဆာန်တစ်ကောင်လိုပဲ" -
5:36 - 5:39"ပညာရေးနဲ့မှ မင်းရှင်သန်နိုင်မယ်"
-
5:40 - 5:44"ပညာရေးဟာ မင်းရဲ့ပထမဆုံး ခင်ပွန်းပဲ" တဲ့
-
5:45 - 5:50ဒီလိုပြောပြီး အဖေဟာ ကျမအပေါ် ပုံအောခဲ့တယ်
-
5:50 - 5:51ကျမ သိပ်ကံကောင်းပါတယ်
-
5:52 - 5:55ဒါပေမဲ့ တစ်ခုခုလိုနေသေးတယ်
-
5:56 - 5:58အမေ
-
5:59 - 6:02အမေဟာ စခန်းမှာကျန်ခဲ့ရတယ်
-
6:03 - 6:05ကျမ ထွက်လာပြီးတည်းက
အမေ့ကို မတွေ့ရတော့ဘူး -
6:06 - 6:11အမေနဲ့ မတွေ့ရတဲ့ ၆ နှစ်လုံးလုံးဆိုတာ
သိပ်ကိုကြာလွန်းတယ် -
6:12 - 6:13ကျမ တစ်ယောက်တည်း
-
6:14 - 6:15ကျောင်းမှာ
-
6:16 - 6:18အမေ ဆုံးပြီလို့ကြားခဲ့တဲ့ အချိန်မှာ
-
6:20 - 6:23ဆူဒန်တောင်ပိုင်းမှာတုန်းက လူတွေအများကြီး
-
6:24 - 6:26အသက်ဆုံးရှုံးခဲ့ကြတယ်
-
6:26 - 6:28အိမ်နီးချင်းတွေဆီက ကြားရတယ်
-
6:28 - 6:30သူတို့သားတွေ ခင်ပွန်းတွေ ဆုံးရှုံးခဲ့ကြတယ်
-
6:31 - 6:32သူတို့ သားသမီးတွေ
-
6:33 - 6:37ဒါတောင်ကျမ တစ်နေ့ ဒီလိုသတင်းကြားရမယ်လို့
လုံးဝ ကြိုမတွေးခဲ့မိဘူး -
6:38 - 6:41ဒါမတိုင်ခင်တစ်လကပဲ ကျမရဲ့ သွေးမရင်းအမေ
-
6:41 - 6:45"နာရုကု" မှာ အရင်ဆုံးပါးခဲ့တယ်၊
သူကျမအပေါ် သိပ်ကောင်းခဲ့ပါတယ် -
6:48 - 6:53နောက်ပြီး ကျမသိလိုက်ရတာ
အမေဟာ မိန်းကလေး ၄ ယောက်မွေးပြီးချိန်မှာ -
6:53 - 6:57ပတ်ဝန်းကျင်က သူ့ကို ဂရုစိုက်လက်ခံစေမယ့်
-
6:57 - 7:00တစ်စုံတစ်ယောက်ကို မွေးဖွားပေးခဲ့တယ်
-
7:00 - 7:02ယောင်္ကျားလေး တစ်ယောက်
-
7:02 - 7:03ကျမရဲ့ မောင်ငယ်လေး
-
7:05 - 7:07ဒါပေမဲ့ သူလည်း
-
7:07 - 7:09ဆုံးပါးသွားခဲ့တယ်
-
7:12 - 7:14ကျမအတွက် အနာကျင်ရဆုံးက
-
7:15 - 7:19အမေ့အသုဘကို တက်ရောက်ခွင့်မရတာပဲ
-
7:20 - 7:21ကျမကို ခွင့်မပြုဘူး
-
7:23 - 7:27သမီးတွေချည်း မွေးထားတဲ့မိသားစုဆိုတာ
-
7:27 - 7:31အမေ့ အသုဘကိုတက်ရောက်ဖို့ မသင့်တော်ဘူးတဲ့
-
7:32 - 7:34ကျမတို့က မိန်းကလေးဖြစ်နေလို့တဲ့လေ
-
7:35 - 7:37သူတို့ပြောကြတဲ့ ဝမ်းနည်းစကားတွေက
-
7:38 - 7:40"မေရီရေ ငါတို့နင့်အတွက် စိတ်မကောင်းပါဘူး"
-
7:41 - 7:46"နင့်မိဘတွေ မျိုးဆက် ချန်မထားနိုင်ခဲ့တာ
စိတ်မကောင်းပါဘူးတဲ့" -
7:47 - 7:49ကျမ စဉ်းစားမိတယ်
-
7:50 - 7:52ငါတို့ ညီအမတွေက ဘာလဲပေါ့
-
7:52 - 7:54အမေ့မျိုးဆက် မဟုတ်ဘူးလား
-
7:55 - 7:58ကျမပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်အရ
-
7:58 - 8:00ယောင်္ကျားလေးများသာ အကျုံးဝင်ပါတယ်
-
8:01 - 8:05ဒါကြောင့်ပဲ ဒါဟာကျမရဲ့
အဆုံးသတ်လို့ မြင်ခဲ့တယ် -
8:08 - 8:09ဒါပေမဲ့ ကျမက အကြီးဆုံး
-
8:10 - 8:12စောင့်ရှောက်ဖို့ ညီမလေးတွေရှိသေးတယ်
-
8:12 - 8:14သူတို့ သေချာပေါက် ကျောင်းတက်ရမယ်
-
8:15 - 8:17ကျမ အဲတုန်းက ၁၃ နှစ်
-
8:18 - 8:21သူတို့ ကျောင်းတက်ဖို့ ဘာလုပ်ပေးနိုင်မလဲ
-
8:21 - 8:25ညီမလေးတွေကို စောင့်ရှောက်ဖို့
စခန်းကို ပြန်လာခဲ့တယ် -
8:25 - 8:26ကျမ ဒီလောက် မမွန်းကျပ်ဖူးဘူး
-
8:28 - 8:32အဲ့နောက်မှာ ကျမရဲ့ အဒေါ်
ဒေါ်လေး "အိုကိုအိ" (Okoi) -
8:32 - 8:34ညီမလေးတွေကို ခေါ်မွေးပေးတယ်
-
8:35 - 8:38အဖေက "ဂျူးဘား" (Juba) ကနေ
ကျမကျောင်းစရိတ် လှမ်းပို့ပေးတယ် -
8:39 - 8:43အဆောင်နေကျောင်းက သိပ်ကောင်းပါတယ်
သိပ်လည်း ခက်ခဲတယ် -
8:43 - 8:46မှတ်မိတာက မိဘတွေ လာလည်ခွင့်ရတဲ့ နေ့တွေမှာ
-
8:46 - 8:48အဖေ အမြဲမလာခဲ့တာပါ
-
8:48 - 8:50ဒါပေမဲ့ အဖေရောက်လာတိုင်းမှာတော့
-
8:50 - 8:52ကျမ အလားတူအပေါ်ယုံကြည်မှုတွေ ပေးတယ်
-
8:52 - 8:53ဒီအချိန်တွေမှာ သူပြောတယ်
-
8:53 - 8:56"မေရီ၊ ရှေ့ကနွားဖြောင့်ဖြောင့်သွားရမယ်"
-
8:56 - 8:59"သမီးက ညီမလေးတွေရဲ့ စံပြ အနာဂတ်ပဲ" တဲ့
-
9:00 - 9:04ဒါတွေအားလုံးအပြီး ၂၀၁၂ မှာ
-
9:04 - 9:08ကျမ ရှင်သန်ဖို့ တစ်ခုတည်းသော အင်အားဖြစ်တဲ့
-
9:08 - 9:10အဖေ ဆုံးခဲ့တယ်
-
9:12 - 9:14ကျမ ကျောင်းမှာ အခြေအနေဆိုးလာတယ်
-
9:16 - 9:22၂၀၁၅မှာ နောက်ဆုံးစာမေးပွဲ ဖြေပြီးတဲ့အခါ
-
9:22 - 9:25C grade နဲ့ ကျမ ကြေမွပျက်ဆီးခဲ့တယ်
-
9:25 - 9:28ကျမကျောင်းသားတွေကိုတော့ အမြဲပြောတယ်
-
9:28 - 9:31"A ရဖို့ထက် ကိုယ်အကောင်းဆုံး
ကြိုးစားခဲ့တယ်ဆိုတာ ပိုအရေးကြီးတယ်" -
9:31 - 9:34ကျမ အကောင်းဆုံး မကြိုးစားခဲ့ဘူး
-
9:34 - 9:35ကျမမှာ ရည်မှန်းချက်ရှိတယ်
-
9:35 - 9:38တစ်ကြိမ်ပြန်ပြီး ကြိုးစားချင်သေးတယ်
-
9:39 - 9:40ဒါပေမဲ့ မိဘတွေမရှိတော့ဘူး
-
9:41 - 9:43ကိုယ့်ကို စောင့်ရှောက်မဲ့လူ မရှိတော့ဘူး
-
9:43 - 9:44ကျောင်းစရိတ်ပေးမဲ့လူ မရှိဘူး
-
9:45 - 9:46မျှော်လင့်ချက်တွေ မဲ့ခဲ့တယ်
-
9:48 - 9:51ဒီအချိန်မှာ ကျမရဲ့ အကောင်းဆုံး သူငယ်ချင်း
-
9:51 - 9:54ကင်ညာသူ လှလှလေး၊ Esther Kaecha က
-
9:54 - 9:56စိတ်ဓာတ်ပျက်ပြားနေတဲ့ ကျမကို လှမ်းခေါ်တယ်
-
9:56 - 9:59သူက "မေရီ နင့်မှာဖြစ်ချင်စိတ်ရှိတယ်"
-
9:59 - 10:02"ငါ့မှာ သေချာတဲ့ အကြံတစ်ခုရှိတယ်"
-
10:02 - 10:06စိတ်ဓာတ်ကျနေပြီဆို ဘာပြောပြော
လက်ခံပြီလေ ဟုတ်တယ်မလား -
10:06 - 10:09သူ့အစီအစဉ်က
Anester Victory Girls High School ကို -
10:09 - 10:13ကျမတို့အတူသွားဖို့ ခရီးစရိတ်သူစီစဉ်ခဲ့တယ်
-
10:13 - 10:15ကောင်းကောင်းမှတ်မိသေးတယ်
-
10:15 - 10:18ကျောင်းအုပ်ရုံးခန်းဆီ ရောက်တဲ့အချိန်
မိုးတွေ ရွာချနေတာ -
10:18 - 10:21ကျမတို့ မိုးမိထားတဲ့ ကြက်တွေလိုပဲ
တုန်လှုပ်နေကြတာ -
10:21 - 10:23ကျောင်းအုပ်ကြီးကို ကြည့်တော့
-
10:23 - 10:24"မင်းတို့ ဘာလိုချင်သလဲ" တဲ့
-
10:25 - 10:27သနားစရာမျက်နှာလေးတွေနဲ့ ကြည့်ပြီးတော့
-
10:27 - 10:29"ကျမတို့ ကျောင်းပြန်တက်ချင်လို့ပါ"
-
10:29 - 10:34ယုံချင်ယုံ မယုံချင်နေ၊ သူကျမတို့ကို
ကျောင်းစရိတ် ထောက်ပံ့တဲ့အပြင် -
10:34 - 10:38ကျောင်းဝတ်စုံနဲ့ စားစရိတ်ပါ ထောက်ပံ့ခဲ့တယ်
-
10:38 - 10:39သူ့ကို ဂုဏ်ပြုပါဦး
-
10:39 - 10:41(လက်ခုပ်သံများ)
-
10:42 - 10:44ကျမ အထက်တန်းပြီးတော့
-
10:44 - 10:45ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့တယ်
-
10:46 - 10:49ကျမ KCSE ဒုတိယအကြိမ် ပြန်ဖြေတော့
-
10:49 - 10:52B minus နဲ့ အောင်တယ်၊ လက်ခုပ်သံလေး
-
10:52 - 10:54(လက်ခုပ်သံများ)
-
10:54 - 10:55ကျေးဇူးပါ
-
10:55 - 11:00Anester Victory ရဲ့ Mr. Gatimu ကို
ကျေးဇူးအများကြီးတင်ပါတယ် -
11:00 - 11:04Anester ကျောင်းကလူတွေအားလုံးကို
ကျေးဇူးတင်ပါတယ် -
11:05 - 11:07မကြာခဏ ပဲ
-
11:07 - 11:12မိသားစုတွေက ကျမနဲ့ ညီမလေးတွေကို
အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ် -
11:12 - 11:14အားကိုးရှိရမယ်ပေါ့
-
11:15 - 11:16အမြဲပြောနေကြတယ်
-
11:16 - 11:18"သဘောကျစရာ လူတွေ့ထားတယ်"
-
11:18 - 11:24ကျမသိပ်မုန်းတာက သူတို့က ကျမတို့ကို
ကလေးလို့မမြင်ဘဲ ပိုင်ဆိုင်မှုလို့မြင်ကြတယ် -
11:24 - 11:26တစ်ခါတစ်လေ နောက်ပြောင်ကြသေး
-
11:26 - 11:28"နင် ပညာတွေ တတ်လာလေလေ"
-
11:28 - 11:30"အိမ်ထောင်ရေးမှာ တန်ဖိုးကျလေလေ ပဲ" တဲ့
-
11:30 - 11:32အမှန်ကတော့
-
11:32 - 11:36ပညာတတ် အမျိုးသမီးတွေကို
ကျမပတ်ဝန်းကျင်က ကြောက်ကြတယ် -
11:36 - 11:38ဒီဘဝမျိုး မလိုချင်ဘူးလို့ ကျမပြောလိုက်တယ်
-
11:39 - 11:42အမေ့လို ၁၆နှစ်နဲ့ ကလေးတွေ မမွေးချင်ဘူး
-
11:43 - 11:45ဒီလိုမျိုး ဘဝမဖြစ်ဘူး
-
11:46 - 11:48ညီမလေးတွေနဲ့ ဘယ်လောက် ခက်ခဲပါစေ
-
11:48 - 11:50ကျမတို့ အဲ့ဒီလမ်းကို မရွေးဘူး
-
11:51 - 11:53ကျမ ဒီဘဝမျိုးပဲ ပြန်မဖြစ်စေရဘူး
-
11:54 - 11:59မိန်းကလေးကို ပညာသင်ပေးခြင်းက
မျှတပြီးခိုင်မာတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးတယ် -
11:59 - 12:04ပညာသင်နေတဲ့ ဒုက္ခသည်တွေဟာ သူတို့တိုင်းပြည်
-
12:04 - 12:06ပြန်တည်ဆောက်ဖို့ မျှော်လင့်ချက်ပဲ
-
12:07 - 12:11အမျိုးသမီးကြီးငယ်တွေ
ပါဝင်လှုပ်ရှားဖို့လိုတယ် -
12:11 - 12:13အမျိုးသားတွေနဲ့ တန်းတူပေါ့
-
12:13 - 12:16မိသားစုထဲမှာ ကျမကို အားပေးတဲ့
အမျိုးသားတွေ ရှိပါတယ် -
12:16 - 12:20ကျမရဲ့ အမေမတူ အစ်ကို၊ မောင်တွေ
အမေမတူ ညီအစ်မတွေ လဲပါတယ် -
12:21 - 12:23ကျမ အထက်တန်းပြီးတော့
-
12:23 - 12:29ညီမလေးတွေကို "နိုင်ရိုဘီ" (Nairobi) ကို
အမေမတူ ညီအစ်မတွေနဲ့ နေဖို့ ပို့လိုက်တယ် -
12:29 - 12:32တစ်အိမ်ထဲမှာ ၁၇ယောက်နေကြတယ်
-
12:32 - 12:34ဒါပေမဲ့ မသနားကြပါနဲ့ဦး
-
12:34 - 12:39အရေးကြီးဆုံးက သူတို့အားလုံး
ပညာကောင်းကောင်းသင်ရတယ် -
12:42 - 12:43ဒီနေ့ အောင်မြင်နေကြသူတွေ
-
12:44 - 12:46မနေ့က ရှုံးနိမ့်ဖူးးကြပါတယ်
-
12:46 - 12:49ဒါပေမဲ့ ဘယ်တော့မှ လက်မလျှော့ခဲ့ သူတွေပေါ့
-
12:49 - 12:51ဒါကျမတို့ပါပဲ
-
12:51 - 12:52ကျမတို့ ညီအစ်မတွေ
-
12:52 - 12:54ကျမ သိပ်ဂုဏ်ယူရတယ်
-
12:54 - 12:56ကျမဘဝမှာ အကြီးမားဆုံး ရင်းနှီးမှုက
-
12:56 - 12:57(လက်ခုပ်သံများ)
-
12:57 - 13:00ညီမလေးတွေရဲ့ ပညာရေးပါပဲ
-
13:01 - 13:06ပညာရေးက လူတိုင်းအတွက်
မျှတတဲ့ အခွင့်အရေးတွေပေးတယ် -
13:06 - 13:10ကျမယုံကြည်ချက်ကတော့ ပညာရေးဟာ
ကျောင်းစာသီးသန့် မဟုတ်ပါဘူး -
13:10 - 13:11ခင်မင်ရင်းနှီးမှု
-
13:12 - 13:14ကိုယ်ပိုင်ကျွမ်းကျင်ရာ သိမြင်ဖို့
-
13:14 - 13:17ကိုယ့်ဘဝ အနာဂတ်ကို ဖန်တီးဖို့
-
13:18 - 13:20ကျမဆို ဘယ်တော့မှ မမေ့နိုင်ဘူး
-
13:20 - 13:23ကျောင်းမှာ သီချင်းဆိုရင်း
ပျော်ရတဲ့ အချိန်တွေကို -
13:23 - 13:24ခုထိ သီချင်းဝါသနာပဲ
-
13:24 - 13:26တစ်ခြားဘယ်နေရာကမှ
-
13:26 - 13:28ဒါမျိုး မရနိုင်ဘူး
-
13:29 - 13:33ဆရာမတစ်ယောက်အနေနဲ့ ကျမစာသင်ခန်းကို
ဓာတ်ခွဲခန်းတစ်ခုလို မြင်တယ် -
13:33 - 13:36အသိဉာဏ်ပညာတွေတင် မကပဲ
-
13:36 - 13:39အချင်းချင်း နားလည်မှုနဲ့
မျှော်လင့်ချက်တွေပါ ဖန်တီးပေးတယ် -
13:40 - 13:42သစ်ပင်ကို မြင်ယောင်ကြည့်
-
13:42 - 13:44သစ်ကိုင်းတွေကို ဖြတ်ပစ်လိုက်မယ်
-
13:45 - 13:49ဒါပေမဲ့ ရေပြန်လောင်းပေးရင်
သစ်ကိုင်းတွေ ပြန်ဝေဆာလာမယ် -
13:49 - 13:51စစ်ပွဲဒဏ်သင့် ကလေးကို
-
13:51 - 13:57ပညာရေးက သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေ
ဖြေသိမ့်ပေးနိုင်တယ် -
13:57 - 14:02ဒါကြောင့် ကျောင်းသားတစ်ယောက်ချင်းဆီအတွက်
ကျမ ဘယ်တော့မှ လက်မလျှော့ဘူး -
14:02 - 14:05(လက်ခုပ်သံများ)
-
14:05 - 14:06ပညာရေးက ကုစားပေးတယ်
-
14:07 - 14:09ကျောင်းပတ်ဝန်းကျင်က
-
14:09 - 14:12အနာဂတ်ကို လမ်းကြောင်းတည့်ပေးတယ်
-
14:13 - 14:15ဒီလို စဉ်းစားကြည့်ရအောင်
-
14:15 - 14:17သင်္ချာပုစ္ဆာတွေ တွက်နေရတဲ့ အချိန်
-
14:17 - 14:19ကဗျာတွေ ကျက်နေရတဲ့အချိန်
-
14:19 - 14:23ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို
မေ့ပျောက်ထားနိုင်မယ် -
14:24 - 14:27ဒါဟာ ပညာရေးရဲ့ အစွမ်းပဲ
-
14:27 - 14:30ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တယ်
-
14:31 - 14:33"ကာကူမာ" မှာ ပညာလေ့လာသူများ ပြည့်နေတယ်
-
14:33 - 14:38ကျောင်းသား ၈၅,၀၀၀ ကျော် ကျောင်းတက်နေကြတယ်
-
14:38 - 14:42ဒုက္ခသည်ဦးရေရဲ့ ၄၀ ရာခိုင်နှုန်းပဲ
-
14:42 - 14:49စစ်ကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့တဲ့
ကလေးတွေလည်းပါတယ် -
14:50 - 14:51ကျမ မေးချင်တယ်
-
14:53 - 14:57ပညာရေးဟာ မျိုးဆက်သစ်အတွက်
မျှော်လင့်ချက်တွေ ပေးတယ်ဆိုရင် -
14:58 - 15:02ဘာကြောင့် ကျွန်မရဲ့စာသင်ခန်းမှာ
ကျောင်းသား ၁၂၀ ပြည့်ကျပ်နေရတာလဲ။ -
15:04 - 15:08ဘာကြောင့် မှုလတန်းကျောင်းသား ၆ ရာနှုန်းပဲ
-
15:08 - 15:10အထက်တန်းရောက်နိုင်ကြတာလဲ
-
15:10 - 15:14သူတို့အားလုံးအတွက်
နေရာလုံလုံလောက်လောက် မရှိလို့လား -
15:14 - 15:19ဘာလို့ အလယ်တန်း ကျောင်းသား ၁ ရာနှုန်းပဲ
-
15:19 - 15:21တက္ကသိုလ် ရောက်ကြတာလဲ
-
15:22 - 15:25ကျမဟာ ဆရာမလို့ ပြောခဲ့ပါတယ်
-
15:26 - 15:29ဒါပေမဲ့ အခုကျမက ကျောင်းသားပြန်ဖြစ်နေတယ်
-
15:30 - 15:32မတ်လတုန်းက "ရွန်ဒါ" (Rwanda) ကိုသွားခဲ့တယ်
-
15:33 - 15:37"Bridge2Rwanda" ဆိုတဲ့ စကော်လာရှစ် အတွက်
-
15:38 - 15:40တက္ကသိုလ် စကော်လာတွေ ပြင်ဆင်ပေးတာ
-
15:41 - 15:46နိုင်ငံခြား တက္ကသိုလ်တွေကို တက်ခွင့်ရကြပြီ
-
15:46 - 15:49ကျမကို ဘာလုပ်သင့်တယ်ပြောပြတဲ့ ဆရာတွေရှိပြီ
-
15:49 - 15:51တစ်ခြားလမ်းကြောင်းတွေ လိုက်ဖို့မလိုဘူး
-
15:51 - 15:55ကျမအပေါ် ရင်းနှီးမြှုပ်နှံသူတွေ ရှိလာပြီ
-
15:56 - 16:01ကျမအားလုံးကို ပြောချင်တာက
ဒုက္ခသည် လူငယ်တွေအပေါ် ရင်းနှီးကြပါ -
16:01 - 16:04ကျမတို့ ပြောခဲ့တဲ့ သစ်ပင်ဥပမာကို သတိရပါ
-
16:04 - 16:07ကျမတို့က သစ်ပင်စိုက်ရမယ်
-
16:07 - 16:11ဒါမှ နောက်မျိုးဆက်က ရေဆက်လောင်းမယ်
-
16:11 - 16:16ဒါမှ နောက်ထပ်မျိုးဆက်က အရိပ်မှာအေးချမ်းမယ်
-
16:16 - 16:18အသီးအပွင့်တွေ ခံစားရမယ်
-
16:19 - 16:21အကောင်းဆုံး အသီးအပွင့်ကတော့
-
16:22 - 16:25ခိုင်မာတဲ့ ပညာရေးပါပဲ
-
16:26 - 16:27ကျေးဇူးတင်ပါတယ်
-
16:28 - 16:34(လက်ခုပ်သံများ)
- Title:
- စစ်ဘေးသင့် အမျိုးသမီးများအတွက် ပညာရေး (ကျမ အပါအဝင်)
- Speaker:
- မေရီ မိတ်ကာ
- Description:
-
စစ်ဘေးသင့် ဆူဒန်တောင်ပိုင်းမှ လွတ်မြောက်ခဲ့ပြီးနောက် မေရီ မိတ်ကာ ဟာ ကင်ညာ ကာကူမာ စစ်ဒုက္ခသည် စခန်းမှာ လုံခြုံမှုနဲ့ မျှော်လင့်ချက်တွေ ရခဲ့တယ်။ အခုဆိုရင် သူမလို စစ်ဘေးရှောင် လူငယ်တွေရဲ့ ဆရာမဖြစ်လာပြီး ပညာရေးနဲ့ ဘဝတွေပြန်လည်ထူထောင်ဖို့၊ ပညာသင်ခွင့်မရတဲ့ မိန်းကလေးများကို စာသင်ခန်းထဲ အရောက်ခေါ်နိုင်ဖို့ သူမကြိုးစားနေပါတယ်။
"ပညာရေးဟာ စစ်ဒဏ်သင့် ကလေးရဲ့ ပူဆွေးမှုအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ပေးနိုင်ပါတယ်" လို့ မိတ်ကာ ပြောခဲ့ပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 16:47
sann tint approved Burmese subtitles for Why I fight for the education of refugee girls (like me) | ||
sann tint edited Burmese subtitles for Why I fight for the education of refugee girls (like me) | ||
sann tint accepted Burmese subtitles for Why I fight for the education of refugee girls (like me) | ||
sann tint edited Burmese subtitles for Why I fight for the education of refugee girls (like me) | ||
ThuRein Tun edited Burmese subtitles for Why I fight for the education of refugee girls (like me) | ||
ThuRein Tun edited Burmese subtitles for Why I fight for the education of refugee girls (like me) | ||
ThuRein Tun edited Burmese subtitles for Why I fight for the education of refugee girls (like me) | ||
ThuRein Tun edited Burmese subtitles for Why I fight for the education of refugee girls (like me) |