အာကာသထဲမှာ အကွာအဝေးကို တိုင်ကြပုံ - Yuan-Sen Ting
-
0:07 - 0:10ကျွန်တော်တို့ သိတဲ့ထဲမယ်
အလင်းရောင်ဟာ အမြန်ဆုံးပါ။ -
0:10 - 0:13မြန်လွန်လို့ အရမ်းကို ဝေးလှတဲ့
အကွာအဝေးကို တိုင်းထွာရာတွင် -
0:13 - 0:16၎င်းတို့ဆီကို ရောက်ဖို့ အလင်းရောင်အနေနဲ့
သွားရတဲ့ ကာလကို တိုင်းကြပါတယ်။ -
0:16 - 0:20တစ်နှစ်အတွင်းမှာ၊ အလင်းရောင်ဟာ
မိုင် ၆,၀၀၀,၀၀၀,၀၀၀,၀၀၀ ခရီးသွားနိုင်တယ်။ -
0:20 - 0:23အဲဒါကို ကျွန်တော်တို့က
အလင်းနှစ် နှစ်လို့ ခေါ်ပါတယ်။ -
0:23 - 0:25အဲဒါ ဘယ်လောက် ဝေးလဲဆိုတာကို
နားလည်နိုင်ဖို့အတွက်၊ -
0:25 - 0:29အပိုလို အာကာသယာဉ်မှူးတွေ
လေးရက်ကြာ သွားခဲ့ရတဲ့ လ ဟာ -
0:29 - 0:32ကမ္ဘာဂြိုဟ်ထံမှ
အလင်း တစ်စက္ကန့် အကွာမှာ ရှိပါတယ်။ -
0:32 - 0:37ပြီးတော့ နေစကြာဝဠာ အပြင်က
အနီးဆုံးကြယ် Proxima Centauri ဆိုရင် -
0:37 - 0:40၄. ၂၄ အလင်းနှစ် ဝေးပါတယ်။
-
0:40 - 0:44ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်း ကျတော့
အလင်းနှစ် ၁၀၀ ၀၀၀ ခန့်ဝေးပါတယ်။ -
0:44 - 0:47ကျွန်တော်တို့နဲ့ အနီးဆုံး ကြယ်စုဖြစ်တဲ့
Andromeda ဟာ -
0:47 - 0:50အလင်းနှစ် ၂.၅ သန်း ဝေးပါတယ်။
-
0:50 - 0:53အာကာသဟာ ခန့်မှန်းမရအောင်ကို
ကျယ်ဝန်းလှပါတယ်။ -
0:53 - 0:57ဒါနဲ့၊ အဲဒီကြယ်တွေ၊ ကြယ်စုတွေ ဘယ်လောက်
ဝေးတာကို ကျွန်တော်တို့ ဘယ်လိုလုပ် သိလဲ? -
0:57 - 1:01ကျွန်တော်တို့ ကောင်းကင်ကို ကြည့်လိုက်ရင်
ပြားချပ်နေသလို မြင်ရပါတယ်။ -
1:01 - 1:05ကျွန်တော်တို့က ကြယ်တစ်ပွင့်ဆီကို
ထိုးပြလို့ ဘယ်လောက် ဝေးတာကို မပြောနိုင်ပါ။ -
1:05 - 1:09အဲဒါကို နက္ခတရူပဗေဒ ပညာရှင်တွေကို
ဘယ်လို တိုင်းကြတာလဲ? -
1:09 - 1:11အတော့ကို နီးတဲ့ အရာတွေအတွက်
-
1:11 - 1:15ကျွန်တော်တို့ တရီဂိုနိုမေတြီ parallax
ဆိုတာကို သုံးပါတယ်။ -
1:15 - 1:17အဲဒါဟာ အတော်ကလေး လွယ်ပါတယ်။
-
1:17 - 1:18စမ်းသပ်မှု တစ်ခု လုပ်ကြည့်ကြပါစို့။
-
1:18 - 1:21သင့် လက်မကို ဆန့်ထုတ်လိုက်ပြီး
သင့် ဘယ်မျက်လုံးကို ပိတ်လိုက်ပါ။ -
1:21 - 1:25အခုတော့ သင့် ဘယ်မျက်လုံးကို ဖွင့်လိုက်ပြီး
ညာမျက်လုံးကို ပိတ်လိုက်ပါ။ -
1:25 - 1:27သင့် လက်မရဲ့ နေရာဟာ ရွေ့သွားသလို ထင်ရပေမဲ့
-
1:27 - 1:31ပိုဝေးတဲ့ နောက်ခံ အရာတွေကျတော့
နေရာ မပြောင်းဘူးလို့ ထင်ရတယ်။ -
1:31 - 1:34ကျွန်တော်တို့ ကြယ်တွေဆီကို ကြည့်တဲ့
အခါမှာလည်း အလားတူ ကြုံရမှာပါ၊ -
1:34 - 1:37ဒါပေမဲ့၊ ဝေးလံလှတဲ့ ကြယ်တွေဟာ ဆန့်ထားတဲ့
လက်မောင်းထက် များစွာမှ ပိုဝေးပါတယ်၊ -
1:37 - 1:39ကမ္ဘာကြီးဟာလည်း သိပ် မကြီးလှပါဘူး၊
-
1:39 - 1:42အီကွေတာ တလျှောက်မှာ မှန်ပြောင်းတွေကို
ချထားတောင်မှ၊ -
1:42 - 1:46နေရာ ရွေ့မှုကို တွေ့ဖို့ ခဲယဉ်းပါတယ်။
-
1:46 - 1:51အဲဒါအစား၊ ကြယ်ရဲ့ နေရာပြောင်းမှုကို
ခြောက်လအကြာမှာ ကြည့်ပါတယ်၊ -
1:51 - 1:55ကမ္ဘာကြီးက နေကို ပတ်တဲ့ ပတ်လည်
ခရီးတစ်ဝက် နေရာကို ပြောတာပါ။ -
1:55 - 1:59ကျွန်တော်တို့က ကြယ်တွေ အချင်းချင်း
တည်နေကြပုံကို နွေရာသီမှာ တိုင်းလိုက်ပြီး၊ -
1:59 - 2:03ထပ်ပြီး ဆောင်းရာသီမှာ ဆိုင်းလိုက်ခြင်းဟာ
နောက်မျက်လုံး တစ်ဖက်နဲ့ ကြည့်သလိုပါပဲ။ -
2:03 - 2:06အနီးက ကြယ်တွေဟာ ပိုဝေးကြတဲ့
ကြယ်တွေ နဲ့ ကြယ်စုတွေရဲ့ နောက်ခံမှာ -
2:06 - 2:08ရွေ့သွားကြသလို ခံစားရပါမယ်။
-
2:08 - 2:13ဒါပေမဲ့ ဒီနည်းကို အလင်းနှစ် ထောင်အနည်းငယ်
ရှိတဲ့ အရာ အရာတွေအတွက်သာ သုံးနိုင်တယ်။ -
2:13 - 2:16ကျွန်တော်တို့ ကြယ်စု အပြင်မှာ
အကွာအဝေးတွေဟာ ကြီးလွန်းလို့ -
2:16 - 2:21အာရုံခံနိုင်ဆုံး ကိရိယာတွေ
အတွက်တောင် parallax ဟာ သေးလှပါတယ်။ -
2:21 - 2:24ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ
ဒီနေရာမှာ အခြားတစ်နည်းကို -
2:24 - 2:27စံဖယောင်းတိုင်များ လို့ခေါ်တဲ့
အညွှန်းများကို သုံးကြပါတယ်။ -
2:27 - 2:30ကျွန်တော်တို့က ပင်ကိုယ်
လင်းမှု သို့မဟုတ် တောက်ပမှုအားကို -
2:30 - 2:34ကောင်းကောင်းသိကြတဲ့ အရာတွေကို
စံဖယောင်းတိုင်များလို့ ခေါ်ပါတယ်။ -
2:34 - 2:37ဥပမာ၊ ခင်ဗျား မီးလုံးရဲ့ တောက်ပမှုအားကို
ခင်ဗျား သိတယ်ဆိုပါစို့၊ -
2:37 - 2:41အဲဒီမီးလုံးကို သင့်မိတ်ဆွေကို ပေးလိုက်ပြီး
ဝေးရာသို့ လျှောက်သွားခိုင်းမယ်ဆိုရင်၊ -
2:41 - 2:44သင့်မိတ်ဆွေထံမှ နေပြီး
သင့်ဆီကို ရောက်လာမယ့် အလင်းပမာဏဟာ -
2:44 - 2:47အကွာအဝေးရဲ့ နှစ်ထပ်ကိန်းနှုန်းဖြင့်
လျော့နည်းမှာကို သင်သိပါတယ်။ -
2:47 - 2:49ဒီတော့ ခင်ဗျား ရရှိမယ့် အလင်းပမာဏကို
-
2:49 - 2:52မီးလုံးရဲ့ မူလတောင်ပမှုနှင့်
နှိုင်းယှဉ်ကြည့်ခြင်းဖြင့်၊ -
2:52 - 2:55သင့်မိတ်ဆွေ ဘယ်လောက်ဝေးကြောင်းကို
ပြောနိုင်ပါမယ်။ -
2:55 - 2:59နက္ခတ္တဗေဒ ထဲမှာကျတော့ ကျွန်တော်တို့ရဲ့
မီးလုံးဟာ အထူးပုံစံကြယ် ဖြစ်ပြီး -
2:59 - 3:01ပြောင်းလဲတတ်တဲ့ cepheid လို့ ခေါ်ပါတယ်။
-
3:01 - 3:03အဲဒီကြယ်တွေဟာ သူတို့ရဲ့
အတွင်းပိုင်း သဘာဝအရ -
3:03 - 3:07တည်ငြိမ်ခြင်းမရှိဘဲ ဖောင်းလိုက်
ချုံ့လိုက်ဖြစ်နေတဲ့ ပူဖောင်းနဲ့တူပါတယ်။ -
3:07 - 3:11အဲဒီလို ဖောင်းမှုနဲ့ ကျုံ့မှုကြောင့်
တောက်ပမှု ပြောင်းလဲတတ်ပါတယ် -
3:11 - 3:15အဲဒီစက်ဝန်း ကာလကို တိုင်းလျက်
၎င်းတို့ရဲ့ တောက်ပမှုကို တွက်နိုင်ပါတယ် -
3:15 - 3:18ပိုနှေးစွာ ပြောင်းလဲနေကြတဲ့
တောက်ပကြတဲ့ ကြယ်တွေ အများကြီးရှိပါတယ်။ -
3:18 - 3:21အဲဒီလို ကြယ်များဆီက မြင်ရတဲ့ အလင်းရောင်ကို
-
3:21 - 3:24ခုနကနည်းဖြင့် တွက်ချက်ရခဲ့တဲ့ ပင်ကိုယ်
တောက်ပမှုဖြင့် နှိုင်းယှဉ်ကြည့်လိုက်ရင်၊ -
3:24 - 3:27၎င်းတို့ ဘယ်လောက် ဝေးကြကြောင်းကို
ပြောနိုင်ပါတယ်။ -
3:27 - 3:30ကျွန်တော်ပြောပြချင်တာကို ဒီမှာတင်
အဆုံး မသတ်နိုင်ခြင်းဟာ ဝမ်နည်းစရာပါ။ -
3:30 - 3:35အလင်းနှစ် ၄၀,၀၀၀,၀၀၀ အထိသာ ရှိကြတဲ့
ကြယ်တွေကိုသာ ကြည့်ရှုနိုင်ပါတယ် -
3:35 - 3:38အဲဒီထက် ဝေးတာတွေက
သိပ်ကို မှန်ဝါးလာကြလို့ မပြတ်သားတော့ပါဘူး။ -
3:38 - 3:41ကံကောင်းချင်တော့ ကျွန်တော်တို့ဆီမှာ
စံဖယောင်းတိုင် နောက်တစ်မျိုး ရှိပါတယ်၊ -
3:41 - 3:44နာမည်ကြီး 1a supernova ပါပဲ။
-
3:44 - 3:49ကြယ်ရဲ့ ဧရာမပေါက်ကွဲမှုကြီးတွေ ဖြစ်တဲ့
Supernova ကြယ်တွေရဲ့ ချုပ်ငြိမ်းမှုပါပဲ။ -
3:49 - 3:52အဲဒီပေါက်ကွဲမှုတွေဟာ
သိပ်ကို တောက်ပလွန်းလို့၊ -
3:52 - 3:54၎င်းတို့တည်ရှိရာ ကြယ်စုကို
လင်းထိန်းလာစေပါတယ်။ -
3:54 - 3:58ဒီတော့ ကျွန်တော်တို့ဟာ ကြယ်စုထဲက
ကြယ်တစ်ပွင့်ချင်းစီကို မမြင်နိုင်တောင်မှ၊ -
3:58 - 4:01ကျွနတော်တို့ဟာ supernova ပေါက်ကွဲခဲ့ရင်
မြင်နိုင်ကြပါသေးတယ်။ -
4:01 - 4:05အဲဒါကြောင့် 1a supernova ပုံစံကြယ်တွေကို
စံဖယောင်းတိုင်အဖြစ် သုံးလိုရနိုင်တယ် -
4:05 - 4:09ပိုတောက်တဲ့ ကြယ်တွေက ပိုမှိန်တာနဲ့စာရင်
ပိုနှေးပြီး မှိန်သွားတတ်လို့ပါ။ -
4:09 - 4:11တောက်ပမှု နှင့် မှိန်မှောင်သွားမှုနှုန်း
ဆက်စပ်နေပုံကို -
4:11 - 4:13သိထားရတဲ့ နောက်မှာ ကျွန်တော်တို့ဟာ
-
4:13 - 4:15အဲဒီလို supernova တွေကို သုံးပြီး
အကွာအဝေးကို -
4:15 - 4:19အလင်းနှစ် ဘီလီယံများစွာအထိကို
တိုင်းနိုင်ပါပြီ။ ဒါနဲ့ ဒီလို ဝေးလံလှတဲ့ -
4:19 - 4:24ကြယ်တွေ မြင်ရဖို့ကိစ္စ ဘာဖြစ်လို့
အရေးကြီးသလဲလို့ မေးစရာရှိနိုင်ပါတယ်။ -
4:24 - 4:27အလင်းရဲ့ မြန်ဆန်မှုကို
ကျွန်တော်တို့ မှတ်မိဖို့လိုပါတယ်။ -
4:27 - 4:31ဥပမာ၊ နေဆီက ဖြာထွက်လာတဲ့ အလင်းရောင်
ကျွနတော်တို့ဆီ ရောက်ဖို့ ရှစ်မိနစ်ကြာတယ်၊ -
4:31 - 4:35တနည်း၊ ကျွန်တော်တို့ မြင်ရတဲ့ နေဟာ
လွန်ခဲ့တဲ့ ရှစ်မိနစ်တုန်းက ပုံပါ။ -
4:35 - 4:38ကျွန်တော်တို့က Big Dipper
ကိုကြည့်တဲ့ အခါမှာကျတော့ -
4:38 - 4:41လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ တုန်းက
ကားချပ်ပုံ ဖြစ်ပါတယ်။ -
4:41 - 4:44ပျံ့ပြီးစွန်းထင်းနေတဲ့
ဟိုကြယ်စုတွေ ဆိုရင်ကော? -
4:44 - 4:46၎င်းတို့ဟာ အလင်းနှစ် သန်းချီ ဝေးလံကြပါတယ်။
-
4:46 - 4:49အဲဒီက အလင်းရောင် ကျွန်တော်ဆီကို
ရောက်လာဖို့ နှစ်သန်းချီ ကြာခဲ့ပါတယ်။ -
4:49 - 4:55ဒီတော့ စကြာဝဠာ ကိုယ်နှိုက်ကိုက
သဘာဝကြီးရဲ့ နာရီကြီးနဲ့ တူပါတယ်။ -
4:55 - 4:59ပိုဝေးအောင် ကြည့်ရှုနိုင်လေလေ
ပိုပြီးနုတဲ့ စကြာဝဠာကို မြင်ရလေလေ ဖြစ်မယ်။ -
4:59 - 5:02နက္ခတရူပပညာရှင်များဟာ စကြာဝဠာရဲ့
သမိုင်းကို ဖတ်ကြည့်ဖို့ ကြိုးပမ်းနေပါတယ်၊ -
5:02 - 5:06ကျွန်တော်တို့ဟာ ဘယ်လိုနည်းနဲ့ ဘယ်ကနေ
ပေါ်လာခဲ့ကြတာလဲ ဆိုတာ နားလည်ရန် အတွက်ပါ။ -
5:06 - 5:10စကြာဝဠာဟာ အလင်းရဲ့ ပုံစံဖြင့်
အချက်အလက်တွေကို ပို့ပေးနေပါတယ်။ -
5:10 - 5:14ကျွန်တော်တို့ လုပ်ဖို့ကျန်တာက အဲဒါကို
အဓိပ္ပါယ် ဖွင့်ထုတ်သုံးဖို့ပါပဲ။
- Title:
- အာကာသထဲမှာ အကွာအဝေးကို တိုင်ကြပုံ - Yuan-Sen Ting
- Description:
-
ဒီသင်ခန်းစာ အပြည့်ကို ကြည့်ရှုလိုရင်: http://ed.ted.com/lessons/how-do-we-measure-distances-in-space-yuan-sen-ting
ကျွန်တော်တို့က ကောင်းကင်ဆီကို မျှော်ကြည့်ရင် ပြားချပ်နေတဲ့ မြင်ကွင်းကို မြင်ရသလို ရှိပါတယ်။ နက္ခတပညာရှင်များက ဝေးလံကြတဲ့ ကြယ်တွေနဲ့ ကြယ်စုတွေ ကမ္ဘာကြီးဆီမှ ဘယ်လောက် ဝေးတယ်ဆိုတာကို ဘယ်လိုများ တိုင်ကြပါလိမ့်? Yuan-Sen Ting က တြီဂိုနိုမေတြီ parallax များ၊ စံဖယောင်တိုင်များ နှင့် အခြားနည်းတွေကိ သုံးပြီး ကမ္ဘာဂြိုဟ်မှ အလင်းနှစ် ဘီလီယံချီ ဝေးကြတဲ့ အရာများရဲ့ အကွာအဝေး တိုင်းပုံကို စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။
Yuan-Sen Ting ရဲ့ သင်ခန်းစာကို TED-Ed မှ လှုပ်ရှားမှုရုပ်များဖြင့် ဖန်တီးပေးခဲ့ပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:30
![]() |
Myo Aung approved Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
Myo Aung edited Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
Myo Aung edited Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
Myo Aung edited Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
sann tint accepted Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
sann tint edited Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
sann tint edited Burmese subtitles for How do we measure distances in space? - Yuan-Sen Ting | |
![]() |
sann tint edited Burmese subtitles for How do we measure distances in space? - Yuan-Sen Ting |