ရှင်းလင်းပြထားတဲ့ တရုတ် ဆယ့်နှစ်ရာသီခွင် ။
-
0:01 - 0:04ရှင်တို့ရဲ့ တရုတ်လူမျိုး မိတ်ဆွေက
မေးတာခံရဖူးလား။ -
0:04 - 0:05"ရှင့်ရာသီခွင်ရုပ်က ဘာလဲ"လို့လေ။
-
0:06 - 0:08သူတို့ အာလာပသလ္လာပ
ပြောနေတာလို့ မထင်လိုက်ပါနဲ့။ -
0:08 - 0:10"ကျုပ်က မျောက်ပါ" သင်ပြောလိုက်ရင်
-
0:10 - 0:12သူတို့ ချက်ချင်း သိမှာက
-
0:12 - 0:15ရှင့်အသက်ဟာ ၂၄၊ ၃၆၊ ၄၈၊ ၆၀ နှစ်
တစ်ခုခုဆိုတာပါ။ -
0:15 - 0:16(ရယ်သံများ)
-
0:16 - 0:20ရာသီခွင်ရုပ်ကို မေးခြင်းဟာ အသက်ကို
ယဉ်ကျေးတဲ့နည်းတဲ့ မေးတာပါ။ -
0:21 - 0:25ရာသီခွင်ရုပ်ကို ဖော်ပြလိုက်ခြင်းဖြင့်
သင်ဟာ အကဲဖြတ်ပါ ခံနေရတာပါ။ -
0:25 - 0:29သင့်ရဲ့ကံကြမ္မာ အကောင်း အဆိုး၊ ပင်ကိုယ်
စရိုက်၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ -
0:29 - 0:31အလားအလာတွေ အကြောင်း
ထင်မြင်ချက်တွေ အပေးခံနေရပြီး -
0:31 - 0:33ဘယ်နှစ်မှာ ဘယ်လိုဖြစ်မယ်ဆိုတာပါ။
-
0:33 - 0:36သင်နဲ့ သင့်အဖော်တွေရဲ့
အကောင်တွေ တူတယ်ဆိုရင် -
0:36 - 0:40သင့်ရဲ့ ကိုယ်ပိုင်ဘဝအကြောင်း
သူတို့စိတ်ထဲမှာ ပုံတစ်ပုံ ရေးဆွဲလိမ့်မယ်။ -
0:41 - 0:43တရုတ်လူမျိုး ရာသီခွင်ကို
သင်ယုံချင်မှ ယုံမှာပါ။ -
0:43 - 0:47ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံကို
အဲဒါက လွှမ်းမိုးနေတာဖြစ်လို့ -
0:47 - 0:50ဒီအကြောင်း တစ်ခုခုလုပ်မှ
အမြော်အမြင်ရှိရာကျမယ်။ -
0:50 - 0:53ဒီတော့ တရုတ်ရာသီခွင်ဆိုတာ တကယ်တမ်းက ဘာလဲ။
-
0:54 - 0:57အနောက်တိုင်းသား အများစုက
ဂရိ ရိုမန် ရာသီခွင်ကိုသာ သိကြတယ်၊ -
0:57 - 0:59၁၂ လအဖြစ် ခွဲထားတဲ့ ရာသီရုပ်တွေလေ။
-
1:00 - 1:02တရုတ်လူမျိုး ရာသီခွင်က ခြားနားပါတယ်။
-
1:02 - 1:05၁၂ နှစ် စက်ဝန်းကို အကောင်တွေနဲ့
အမှတ်အသားပြုထားတယ်၊ -
1:05 - 1:08ကြွက်ရုပ် နဲ့ စပြီး ဝက်ရုပ်နဲ့ ဆုံးထားကာ
-
1:08 - 1:11နက္ခတ်နဲ့ ဆက်စပ်မှု မရှိပါဘူး။
-
1:12 - 1:17ဥပမာ ၁၉၇၅ ခုမှာ မွေးတယ်ဆိုရင်
သင်ဟာ ယုန်ပါ။ -
1:17 - 1:19ဒီမှာ သင့်ရဲ့ ရာသီခွင်ရုပ်ကို မြင်ရလား။
-
1:20 - 1:25ကျွန်မတို့ တရုတ် ဘိုဘွားတွေဟာ အရမ်း
ရှုပ်တဲ့ အယူအဆပိုင်း ကန့်သတ်မှုတစ်ရပ်ကို -
1:25 - 1:30အတွင်းဓာတ် ယင်၊ ဓာတ်ကြီးငါးပါးနဲ့ ရာသီ
ခွင် ၁၂ ကောင်ကို အခြေခံကာ ဆောက်ခဲ့တယ်။ -
1:30 - 1:32နှစ်တွေ ထောင်ချီကျော်ပြီး
-
1:32 - 1:37ဒီလူကြိုက်များတဲ့ ယဉ်ကျေးမှုဟာ
ကင်ပွန်းတပ်၊ လက်ထပ်၊ ကလေးမွေးတာနဲ့ -
1:37 - 1:42တစ်ဦးနဲ့ တစ်ဦး သဘောထားမျိုးလို အဓိက
ဆုံးဖြတ်ချက်တွေမှာ သက်ရောက်မှုရှိခဲ့တယ်။ -
1:42 - 1:45ဂယက်ရိုက်မူတွေထဲက တစ်ချို့ဟာ
အတော်လေး အံ့ဩစရာပါ။ -
1:46 - 1:51တစ်ချို့အကောင်တွေက အခြားအကောင်တွေ
ထက် ပိုသာတယ်လို့ တရုတ်တွေ ယုံကြတယ်။ -
1:51 - 1:56ဒါကြောင့် မိဘတွေဟာ ကလေးမွေးဖို့
သီးသန့်နှစ်တွေ ရွေးချယ်ကြတယ်။ -
1:56 - 2:01အကြောင်းက သင့်တော်တဲ့ အကောင်တွေကို
ပေါင်းစပ်ပေးနိုင်ရင် အဲဒီမိသားစုတွေရဲ့ -
2:01 - 2:03ကြွယ်ဝမှုကို ပေးနိုင်တာကို ယုံကြည်လို့ပါ။
-
2:04 - 2:08ချစ်သံယောဇဉ်ဖွဲ့တဲ့အခါမှာတောင်
ရာသီခွင်ကို ကြည့်ကြပါတယ်။ -
2:09 - 2:14ကျွန်မက ဝက်နှစ်ပါ၊ ကျား၊ ဆိတ်နဲ့ ယုန်
နှစ်တွေနဲ့ဆို ချစ်ရေး အဆင်ပြေဆုံးဖြစ်မယ်။ -
2:15 - 2:19တစ်ချို့အကောင်တွေဟာ ပင်ကိုယ်ကိုက ရန်သူ
တွေဆိုတာ တရုတ်လူမျိုးတွေ ယုံကြည်တယ်။ -
2:20 - 2:23ဝက်ဆိုရင် မြွေကို
သတိထားဖို့ လိုတာပေါ့။ -
2:23 - 2:25မြွေနှစ်မွေးသူ လက်ထောင်ပြပါ။
-
2:26 - 2:27ဒါကို နောက်မှ ပြောတာပေါ့။
-
2:27 - 2:29(ရယ်သံများ)
-
2:29 - 2:32တစ်ချို့အကောင်တွေက အခြားအကောင်တွေ
ထက် ပိုကံကောင်းတယ်လို့ ယုံကြည်တယ်။ -
2:32 - 2:34နဂါးလို အကောင်ပေါ့။
-
2:34 - 2:36အနောက်တိုင်း ရိုးရာနဲ့ မတူတာက
-
2:36 - 2:40တရုတ်နဂါးဟာ တန်ခိုး၊ အင်အားနဲ့
ချမ်းသာမှုရဲ့ သင်္ကေတပါ။ -
2:40 - 2:43နဂါးနှစ်မွေး ကလေးတယောက် ရဖို့ဟာ
လူတိုင်းရဲ့ အိပ်မက်ပါ။ -
2:43 - 2:46Jack Ma ရဲ့ မိဘတွေ အတော်ဂုဏ်ယူခဲ့ကြမှာပါ။
-
2:46 - 2:48သူတို့တွေပဲ မဟုတ်ပါဘူး။
-
2:48 - 2:51၂၀၁၂ ဟာ နဂါးနှစ်ပါ။
-
2:51 - 2:53တရုတ်၊ ဟောင်ကောင်နဲ့
ထိုင်ဝမ်ရဲ့ မွေးဖွားနှုန်း -
2:53 - 2:55ငါးရာခိုင်နှုန်း တိုးခဲ့တယ်။
-
2:56 - 2:59ဆိုလိုတာက နောက်ထပ် ကလေးငယ် တစ်သန်းပေါ့။
-
3:00 - 3:03အစဉ်အလာ ကလေးယောက်ျား ဦးစားပေးမှုနဲ့ဆို
-
3:03 - 3:08အဲဒီနှစ်က ယောက်ျားလေး၊ မိန်းကလေး
အချိုးက ၁၂၀ နဲ့ ၁၀၀ ပါ။ -
3:08 - 3:10ဒီနဂါးနှစ်မွေး ကောင်လေးတွေ ကြီးလာတော့
-
3:10 - 3:15အချစ်ရေးနဲ့ အလုပ်စျေးကွက်တွေမှာ ပို
ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ကြုံရတော့မယ်။ -
3:16 - 3:20BBC နဲ့ တရုတ်အစိုးရ သတင်းထုတ်လွှင့်ချက်အရ
-
3:20 - 3:25၂၀၁၃ ဇန္နဝါရီလဟာ ဗိုက်ခွဲမွေးခြင်း
အမြင့်ဆုံး ဖြစ်ခဲ့တယ်။ -
3:25 - 3:26ဘာကြောင့်လဲ။
-
3:27 - 3:30ဒါက မြင်းနှစ်ရဲ့ နောက်ဆုံးလပါ။
-
3:30 - 3:33မြင်းနှစ်ကို သိပ်ကြိုက်လို့တော့ မဟုတ်ဘူး။
-
3:33 - 3:36ကံမကောင်းတဲ့ ဆိတ်နှစ်ထဲ ကလေးတွေမွေးတာ
ရှောင်ဖို့ ကြိုးစားတာကြောင့်ပါ။ -
3:36 - 3:37(ရယ်သံများ)
-
3:37 - 3:40သင်ဟာ ဆိတ်ဆိုရင်
စိတ်မကောင်းတော့ မဖြစ်ပါနဲ့။ -
3:40 - 3:42ဒါတွေဟာ ဆိတ်နှစ်ဖွား ကလေးတွေပါ။
-
3:42 - 3:44ကျွန်မအတွက် အရှုံးသမားတွေပုံ မပေါက်ပါဘူး။
-
3:44 - 3:45(ရယ်သံများ)
-
3:45 - 3:48ကျားဟာ မလိုလားကြတဲ့ နောက်တစ်ကောင်ပါ။
-
3:48 - 3:50၎င်းရဲ့ မတည်ငြိမ်တဲ့ စရိုက်ကြောင့်ပါ။
-
3:50 - 3:54ဒီနှစ်တွေအတွင်း တရုတ်ဒေသ အတော်
များများမှာ မွေးဖွားနှုန်း သိသိသာသာ -
3:54 - 3:55ကျဆင်းတာ တွေ့ခဲ့ရတယ်။
-
3:56 - 4:00ဖြစ်နိုင်တာက ရာသီခွင်ကို
ပြောင်းပြန် တွေးကြည့်သင့်တယ်၊ -
4:00 - 4:04ကျားနဲ့ ဆိတ်နှစ်ဖွား ကလေးတွေဟာ အရမ်း
နည်းတဲ့ ယှဉ်ပြိုင်မှုနဲ့ ကြုံမှာမို့လေ။ -
4:04 - 4:06သူတို့ဟာ ကံကောင်းသူတွေ ဖြစ်လောက်တယ်။
-
4:08 - 4:13Forbes ကမ္ဘာ့အချမ်းသာဆုံး
ထိပ်တန်း ၃၀၀ ကိုရှာကြည့်လိုက်တော့ -
4:13 - 4:15စိတ်ဝင်စားစရာ တွေ့ရတာက
-
4:15 - 4:18မလိုချင်ဆုံး အကောင်နှစ်ကောင်
ဆိတ်နဲ့ ကျားနှစ်ဖွားတွေဟာ -
4:18 - 4:20ဇယားရဲ့ ထိပ်ဆုံးမှာရှိနေတာပါ။
-
4:21 - 4:22နဂါးနှစ်ဖွားထက်တောင် ပိုမြင့်နေတယ်။
-
4:22 - 4:24ဒီတော့ ကျွန်မတို့ စဉ်းစားသင့်တာက
-
4:24 - 4:28အပြိုင်အဆိုင် ပိုနည်းခြင်းဟာ
အများကြီး ပိုကောင်းသလိုပဲ။ -
4:28 - 4:30နောက်ဆုံး စိတ်ဝင်စားစရာ အချက်က
-
4:30 - 4:33တရုတ်လူမျိုး များစွာဟာ ရာသီခွင်ရုပ်
အညွှန်းကို အခြေခံပြီး -
4:33 - 4:36ရင်းနှီးမြှပ်နှံမှု ဆုံးဖြတ်ချက်ချကြတယ်။
-
4:37 - 4:40ရာသီခွင်ရုပ်ရဲ့ ယုံကြည်မှုနဲ့ အစဉ်အလာဟာ
-
4:40 - 4:42နှစ်ထောင်ချီ ကျော်လွန်ပြီဖြစ်ပေမဲ့
-
4:43 - 4:46အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ
ဒါကို သုံးလာမှု များလာတာကို -
4:46 - 4:50လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကျမှပဲ
တကယ်လက်တွေ့ ဖြစ်လာခဲ့တာပါ။ -
4:50 - 4:54ကျွန်မတို့ ဘိုးဘွားတွေဟာ ဆင်းရဲမှု၊
မိုးခေါင်မှု၊အငတ်ဘေး၊ ဆူပူမှု၊ ရောဂါနဲ့ -
4:54 - 4:58ပြည်တွင်းစစ်ကနေ ရှင်ကျန်ဖို့
အလုပ်ရှုပ်နေခဲ့တာပါ။ -
4:58 - 5:04နောက်ဆုံးမှာ တရုတ်လူမျိုးတွေမှာ
သူတို့ အမြဲ လိုချင်ခဲ့တဲ့ -
5:04 - 5:07စံပြ ဘဝ ဖန်တီးဖို့ အချိန်၊ ကြွယ်ဝမှု၊
နည်းပညာ ရှိလာတယ်။ -
5:08 - 5:11လူပေါင်း ၁.၃ ဘီလီယံလုပ်တဲ့
စုပေါင်းဆုံးဖြတ်ချက်ဟာ -
5:11 - 5:16စီပွားရေးရာနဲ့ အရာရာလိုအပ်ချက်ဖြစ်တဲ့
ကျန်းမာရေး စောင့်ရှောက်မှုနဲ့ -
5:16 - 5:20ပညာရေးကနေ ချမ်းသာမှုနဲ့ လူသုံးကုန်ထိ
အတက်အကျဖြစ်စေပါတယ်။ -
5:21 - 5:26တရုတ်ပြည်ဟာ ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီ
နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကပါနေတော့ -
5:26 - 5:30ရာသီခွင်နဲ့ အခြား တရုတ်ရိုးရာတွေကို
အခြေခံတဲ့ ဆုံးဖြတ်ချက်တွေဟာ -
5:30 - 5:34တစ်ကမ္ဘာလုံးက လူတိုင်းကို အကျိုး
သက်ရောက်ခြင်းဖြင့် အဆုံးသတ်ပါတယ်။ -
5:35 - 5:37ဒီမှာ မျောက်နှစ်မွေးတွေရှိလား။
-
5:38 - 5:41၂၀၁၆ ဟာ မျောက်နှစ်ပါ။
-
5:41 - 5:47မျောက်တွေဟာ တော်တယ်၊ စပ်စုတယ်၊
ဖန်တီးတတ်ပြီး ဆော့တတ်တယ်လေ။ -
5:47 - 5:48ကျေးဇူးတင်ပါတယ်။
-
5:48 - 5:51(လက်ခုပ်သံများ)
- Title:
- ရှင်းလင်းပြထားတဲ့ တရုတ် ဆယ့်နှစ်ရာသီခွင် ။
- Speaker:
- ShaoLan Hsueh
- Description:
-
ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ တရုတ် ဆယ့်နှစ်ရာသီခွင်ကို အတော်များများ အလေးထားကြပါတယ်။ သင့်အနေနဲ့ ဒါကို မယုံကြည်ဘူးဆိုတာတောင်မှ ဒါက ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို သိဖို့ အမြော်အြမင်ရှိရာကျပါလိမ့်မယ် လို့ဆိုလာသူကတော့ နည်းပညာရှင်နဲ့ စွန့်ဦးထွင်သမား ShaoLan Hseuh ပါ။ သူမရဲ့ ပျော်စရာ၊ အသိအြမင်ပေးတဲ့ ဟောပြောချက်ထဲမှာ ရှေးဟောင်း ရိုးရာဓလေ့ကို နားလည်ဖို့အတွက် အကြံပေးချက်တစ်ချို့ကို မျှဝေထားပြီး ဒါကနေ သတ်မှတ်ထားတဲ့ နှစ်တစ်နှစ်အတွင်း သင့်ရဲ့ ပင်ကိုယ်စရိုက်၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ အလားအလာတွေနဲ့ ကံကြမ္မာတွေကို လွှမ်းမိုးတယ်လို့ ယုံကြည်ကြပုံကို ရှင်းလင်းတင်ပြထားပါတယ်။ သင့်ရဲ့ ရာသီရုပ်က သင့်အကြောင်း ဘာတွေပြောလဲ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 06:04
![]() |
sann tint approved Burmese subtitles for The Chinese zodiac, explained | |
![]() |
sann tint edited Burmese subtitles for The Chinese zodiac, explained | |
![]() |
Myo Aung accepted Burmese subtitles for The Chinese zodiac, explained | |
![]() |
Myo Aung edited Burmese subtitles for The Chinese zodiac, explained | |
![]() |
sann tint edited Burmese subtitles for The Chinese zodiac, explained | |
![]() |
sann tint edited Burmese subtitles for The Chinese zodiac, explained | |
![]() |
sann tint edited Burmese subtitles for The Chinese zodiac, explained | |
![]() |
sann tint edited Burmese subtitles for The Chinese zodiac, explained |