< Return to Video

နယ်သာလန်နိုင်ငံဟာ ရေအောက် နစ်မြုပ်မနေတာ ဘာကြောင့်လဲ - Stefan Al

  • 0:08 - 0:13
    ၁၉၅၃ ခုနှစ် ဇန်နဝါရီလမှာ ဒီရေတအား
    တက်လာခဲ့လို့ မြောက်ပင်လယ် လှုပ်ခါခဲ့ရတယ်။
  • 0:13 - 0:17
    ပြင်းထန်လှတဲ့ လှိုင်းတွေဟာ ဒတ်ခ်ျ
    ကမ်းရိုးတန်းကို ရေလွှမ်းမိုးခဲ့တယ်။
  • 0:17 - 0:19
    လူပေါင်း ၂၀၀၀ ခန့်သေဆုံးခဲ့ရတယ်။
  • 0:19 - 0:23
    အဲဒီနောက် ၅၄ နှစ်အကြာမှာ အလားတူ မုန်တိုင်း
    အဲဒီဒေသကို ခြိမ်းခြောက်ခဲ့ပြန်တယ်။
  • 0:23 - 0:26
    ဒါပေမဲ့၊ ဒီတချီတွင် နယ်သာလန်ဟာ
    အဆင်သင့်ဖြစ်ခဲ့တယ်။
  • 0:26 - 0:28
    ရေလှိုင်းတွေ လှိမ့်ဝင်လာကြတာနဲ့
  • 0:28 - 0:32
    အဆင့်မြင့်ကွန်ပျူတာ အာရုံခံကိရိယာတွေ အရေး
    ပေါ် စီမံချက်ကို ဖွင့်ပေးလိုက်ကြတယ်။
  • 0:32 - 0:34
    နောက်မိနစ် ၃၀ အတွင်းမှာ
  • 0:34 - 0:39
    မီတာ ၂၄၀ ရှည်တဲ့ သံမဏိလက်တံကြီးတွေ
    ရွေ့လာပြီး ပိတ်လိုက်ကြပါတယ်။
  • 0:39 - 0:41
    ရှေ့ပိုင်းရှိ တူးမြောင်းကို ကာကွယ်ဖို့ပါ။
  • 0:41 - 0:44
    တန် ၆၈၀ လေးကြတဲ့ ဘောအဆက်တွေကို သုံးပြီး
  • 0:44 - 0:48
    တိုက်ခတ်လာတဲ့ လေနဲ့ လှုင်းတို့နဲ့ စည်းချက်
    ကျအောင် အတားအဆီးက ရွေ့လျားခဲ့တယ်။
  • 0:48 - 0:52
    နံနက် အရောက်တွင် မုန်တိုင်းဟာ ရေလွှမ်းမှု
    အနည်းဆုံးဖြင့် ပြီးဆုံးသွားခဲ့တယ်။
  • 0:52 - 0:55
    Maeslantkering စနစ်ကို ပထမဦးဆုံး
    အကြိမ် လက်တွေ့စမ်းသပ်မှုဟာ
  • 0:55 - 0:57
    အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။
  • 0:57 - 1:00
    ကမ္ဘာဂြိုဟ်ပေါ်က ရွေ့လျားနိုင်စွမ်း ရှိတဲ့
    အဆောက်အအုံ အဖြစ်
  • 1:00 - 1:04
    မုန်တိုင်း တားဆီးရေး အတားအဆီးကြီးဟာ
    လူသားရဲ့ အံ့ဖွယ် တည်ဆောက်မှုပါ။
  • 1:04 - 1:07
    ဒါပေမဲ့ Maeslantkering ဟာ Delta Works လို
    ခေါ်တဲ့ ရေကိုထိန်းပိတ်ရေး ကြီးမားလှတဲ့
  • 1:07 - 1:12
    စနစ်ကြီးထဲက အစိတ်အပိုင်းတစ်ခုမျှ ဖြစ်ပြီး—
  • 1:12 - 1:17
    ကမ္ဘာပေါ်က ရေလွှမ်းမှု ဟန့်တားရေး
    ခေတ်မီဆုံး စီမံကိန်းကြီးပါပဲ။
  • 1:17 - 1:20
    နယ်သာလန်နိုင်ငံထံမှာ ရေကို စီမံခန့်ခွဲရေး
    သမိုင်းဟာ ရှည်လျားပါတယ်။
  • 1:20 - 1:25
    အဲဒီနိုင်ငံဟာ ဥရောပတိုက်ထဲက အဓိကအကျဆုံး
    မြစ်သုံးခုတို့ရဲ့ မြစ်ဝဒေသမှာ တည်ရှိနေပြီး
  • 1:25 - 1:29
    ၎င်းရဲ့ နယ်မြေ လေးပုံတစ်ပုံနီးပါးဟာ
    ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေပါတယ်။
  • 1:29 - 1:33
    ပထဝီလာ အဲဒီအချက်က အဲဒီဒေသမှာ
    ​ရေလွှမ်းမိုးမှု အန္တရာယ် ကြီးမားလာစေတယ်။
  • 1:33 - 1:36
    အဲဒါ ဘယ်လောက် အရေးပါခဲ့သလဲဆိုတော့အစော
    ပိုင်း ဒတ်ခ်ျအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ဟာ
  • 1:36 - 1:42
    ရေဘေးကာကွယ်ရေး စီမံကိန်းတွေကို ညှိနှိုင်း
    ပေးခဲ့ကြရတဲ့ ‘‘ရေဘုတ်အဖွဲ့” ဖြစ်ခဲ့ကြတယ်။
  • 1:42 - 1:47
    ၁၉၅၃ ခုနှစ် မုန်တိုင်းတွေရဲ့ နောက်ပိုင်း
    ဒတ်ခ်ျအစိုးရမှ ပိုပြီး လုပ်ဆောင်လာခဲ့တယ်။
  • 1:47 - 1:50
    သူတို့ဟာ Delta Commission
    ကို ဖွဲ့စည်းပေးပြီး
  • 1:50 - 1:54
    အနောက်တောင်ပိုင်း ဒေသတစ်ခုလုံးအား
    ကာကွယ်ဖို့ကို တာဝန်ပေးခဲ့တယ်။
  • 1:54 - 1:56
    လူဦးရေထူထပ်တဲ့ မြို့တွေ ရှိနေကြတာကို
    ထည့်တွက်လျက်
  • 1:56 - 2:02
    ရေလွှမ်းမိုးမှုကြောင့် နှစ်စဉ် သေကြေမှု
    နှုန်းကို လူ ၁၀၀၀၀ မှာ ၁ အထိ—
  • 2:02 - 2:06
    ကမ်းရိုးတန်းမြို့တွေရဲ့ ပျမ်းမျှနှုန်းထက်
    အဆ 100 အထိ ပိုလုံခြုံစေရန် တာဝန်ပေးခဲ့တယ်။
  • 2:06 - 2:10
    မြင့်မားလှတဲ့ အဲဒီပန်းတိုင် ရုပ်လုံးဖေါ်
    ရန် များပြားလှတဲ့ အခြေခံအဆောက်အအုံတွေကို
  • 2:10 - 2:13
    အနောက်တောင်ပိုင်း ကမ်းရိုးတန်း တလျှောက်
    ဆောက်ပေးရန် လိုအပ်ခဲ့တယ်။
  • 2:13 - 2:18
    ကာကွယ်ရေး ပထမအဆင့်မှာ ရေလွှမ်းမိုးမှု
    အန္တရာယ်ရှိ မြစ်ဝအတွက် ရေကာတာဖြစ်ခဲ့တယ်။
  • 2:18 - 2:22
    ကျယ်ပြောကြတဲ့ အဲဒီမြစ်ဝဒေသများမှာ နိုင်ငံ
    ထဲက မြစ်အများအပြား ပင်လယ်ထဲ စီးဝင်ကြပါတယ်။
  • 2:22 - 2:27
    မုန်တိုင်းတွေ ကျရောက်ချိန်မှာ ရေတွေ အတွင်း
    ပိုင်းထဲကို ဝင်လာရင်း လွှမ်းမိုးတတ်ကြတယ်။
  • 2:27 - 2:31
    ရေကာတာတွေကို အစီအရီ ဆောက်ပေးလျက်
    Delta Commission ဟာ မြစ်ဝဒေသများကို
  • 2:31 - 2:36
    သဘာဝရေလှောင်ကန်နဲ့ ပန်းခြံများလို အသုံးဝင်
    နိုင်တဲ့ ရေကန်ကြီးများ လုပ်ပစ်ခဲ့ကြတယ်။
  • 2:36 - 2:40
    ဒါပေမဲ့ အဲဒီစီမံချက်ဟာ Nieuwe Waterweg
    အတွက် အလုပ်မဖြစ်ခဲ့ပါ။
  • 2:40 - 2:43
    ဒေသခံ ရေကြောင်းလုပ်ငန်းရဲ့ သွေးကြောနဲ့
    တူတဲ့ ၎င်းကို
  • 2:43 - 2:47
    လုံခြုံချိန်မှာ ဖွင့်လျက် ချန်ထားရန်နဲ့
  • 2:47 - 2:50
    မုန်တိုင်းဒီရေ တက်ချိန်မှာ တားဆီး
    ပိတ်ထားရန် လိုအပ်ခဲ့ပါတယ်။
  • 2:50 - 2:53
    ၁၉၉၈ တွင် ဆောက်လုပ်ပြီးသွားခဲ့တဲ့
    Maeslantkering ဟာ
  • 2:53 - 2:56
    လိုသလိုပြောင်းလွယ်သုံးနိုင်တဲ့
    ကာကွယ်မှုကို ပေးလာနိုင်ခဲ့တယ်။
  • 2:56 - 3:01
    မြက်ခင်းစိုက် တမံတွေနဲ့ ကွန်ကရစ်ပင်လယ်
    နံရံတွေလို အတားအဆီးတွေနဲ့အတူ
  • 3:01 - 3:05
    Delta Works စီမံကိန်းထဲမှာ အဲဒီလို
    ဟန့်တားရေး အဆောက်အအုံတွေ ပါဝင်ခဲ့ကြပြီး
  • 3:05 - 3:09
    အဓိက ရည်ရွယ်ချက်မှာ သမုဒ္ဒရာမုန်တိုင်း
    တွေကို ထိန်းချုပ်ထားရန် ဖြစ်ခဲ့တယ်။
  • 3:09 - 3:13
    ဒါပေမဲ့ နောက်ပိုင်း ဆယ်စုနှစ်များအတွင်း
    ဒတ်ခ်ျတို့က နောက်ထပ်စီမံကိန်းတွေ ပြုစုလျက်
  • 3:13 - 3:17
    Delta Works ကို အားဖြည့်ပေးရင်း အတွင်း
    ဒေသများကို ရေလွှမ်းမှုမှ ကာကွယ်ပေးခဲ့တယ်။
  • 3:17 - 3:20
    "Room for the River" ဆိုတဲ့ စီမံကိန်းအရ၊
  • 3:20 - 3:24
    လယ်မြေများနဲ့ ရေကာတာတွေကို
    ကမ်းခြေမှ ဝေးရာသို့ ရွှေ့ပြောင်းခဲ့ကြတယ်။
  • 3:24 - 3:28
    အဲဒါကြောင့် ရေလွှမ်းတဲ့ အနိမ့်ပိုင်း
    မြေများမှာ ရေစုစည်းဖို့ နေရာ ပိုလာခဲ့လို့၊
  • 3:28 - 3:32
    ရေလှောင်ကန်ကြီးတွေနဲ့ ဒေသခံတောရိုင်းကောင်
    များအတွက် ကျက်စားရာကို ဖန်တီးပေးခဲ့တယ်။
  • 3:32 - 3:36
    အဲဒီမဟာဗျူဟာ ရေလွှမ်းမိုးခံရမယ့်
    အန္တရာယ်ကို လျော့နည်းသွားစေရုံသာမက၊
  • 3:36 - 3:38
    ပြန်လည် နေရာချပေးလိုက်တဲ့ လူနေဒေသများကို
  • 3:38 - 3:41
    ပိုပြီးထူထပ်စွာနဲ့ ရေရှည်ခံနိုင်ဖို့
    ဆောက်လုပ် လာစေနိုင်ခဲ့တယ်။
  • 3:41 - 3:46
    နယ်သာလန်နိုင်ငံ ပင်လယ်ရေမျက်နှာပြင် အောက်
    မှာ လုံးဝနီးပါးရှိနေတဲ့ Rotterdam မြို့မှာ
  • 3:46 - 3:51
    ရေကို စီမံခန့်ခွဲရေး လုပ်ငန်းမျိုးစုံကို
    တခြားမြို့တွေနဲ့မတူအောင် တွေ့ရှိနိုင်တယ်။
  • 3:51 - 3:53
    မုန်တိုင်းတစ်ခုခု ခြိမ်းခြောက်လာပြီဆိုရင်၊
  • 3:53 - 3:58
    လူနေထူထပ်တဲ့ နယ်​မြေအဟောင်းတွေကို
    သမရိုးကျ ရေကာတာတွေက ကာကွယ်ပေးကြတယ်။
  • 3:58 - 4:02
    တစ်ချိန်တည်းမှ လူနေရပ်ကွက်သစ်တွေကိုကျတော့
    တမင်ကို မြင့်တဲ့နေရာမှာ ဆောက်ပေးထားလို့
  • 4:02 - 4:06
    အားကစားကွင်းနဲ့ တူကြတဲ့ အမိုးများဟာ
    မိုးရေကို စုစည်းပေးကြပါတယ်။
  • 4:06 - 4:10
    မြို့ပတ်လည်ရှိ များပြားတဲ့ အဆောက်အအုံတွေ
    ရေစုစည်းရေး စနစ်အဖြစ် ပြောင်းလဲထားရာ၊
  • 4:10 - 4:13
    ယာဉ်ရပ်ဖို နေရာတွေ၊ ပြဇာတ်ရုံများနဲ့
    အားကစားကွင်းအဖြစ် အသုံးပြုတဲ့
  • 4:13 - 4:17
    ပုံမှန်နေရာတွေ အဲဒီထဲ ပါဝင်ကြပါတယ်။
  • 4:17 - 4:21
    ပြီးတော့ ဆိပ်ကမ်းထဲတွင် မျောနေကြတဲ့ အဆောက်
    အဦတွေ ​ရေနဲ့အတူ မြင့်တက်နိုင်ကြပါတယ်။
  • 4:21 - 4:25
    ရည်ရွယ်ချက် နှစ်မျိုးအတွက် စီမံထားတဲ့
    အဆောက်အအုံများထဲက ဒါကို ဦးစားပေးခဲ့တယ်။
  • 4:25 - 4:30
    တချို့ထဲမှာ ရေသန့်စနစ်တွေ တပ်ဆင်ထားပြီး
    တချို့မှာ နေရောင်ချည်ကို စုစည်းပါတယ်။
  • 4:30 - 4:34
    ဒီနေ့တွင် နယ်သာလန်ကို ရေစီမံခန့်ခွဲရေးထဲ
    ခေတ်အမီဆုံးနိုင်ငံ ဖြစ်လာစေခဲ့တဲ့ အထဲက
  • 4:34 - 4:38
    မဟာဗျူဟာနဲ့ နည်းပညာ
    တချို့ကိုသာ ဖေါ်ပြပေးလိုက်တာပါ။
  • 4:38 - 4:41
    နယ်သာလန်ဟာ သဘာဝ ဘေးအန္တရာယ်တွေကို
    ပိုပြီး ခံနိုင်ရည်ရှိအောင်င်
  • 4:41 - 4:43
    မြို့တွေကို ဆက်လက် ဆောက်လုပ်နေဆဲပါ။
  • 4:43 - 4:46
    ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ
    မျက်နှာပြင် မြင့်တက်လာမှုက
  • 4:46 - 4:49
    ကမ္ဘာအနှံ့က မြေနိမ့်ပိုင်းရှိ
    မြို့များကို ခြိမ်းခြောက်လာနေရာ၊
  • 4:49 - 4:54
    နယ်သာလန်ဟာ စီးဝင်လာကြတဲ့ ရေတွေနဲ့ ဘယ်လို
    နေနိုင်ကြောင်း စံပြနမူနာ တစ်ခုဖြစ်ပါတယ်။
Title:
နယ်သာလန်နိုင်ငံဟာ ရေအောက် နစ်မြုပ်မနေတာ ဘာကြောင့်လဲ - Stefan Al
Speaker:
Stefan Al
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန် - https://ed.ted.com/lessons/why-isn-t-the-netherlands-underwater-stefan-al

၁၉၅၃ ခုနှစ် ဇန်နဝါရီလမှာ ဒီရေတအား တက်လာခဲ့လို့ မြောက်ပင်လယ် လှုပ်ခါခဲ့ရတယ်။ ပြင်းထန်လှတဲ့ လှိုင်းတွေဟာ ဒတ်ခ်ျ ကမ်းရိုးတန်းကို ရေလွှမ်းမိုးခဲ့တယ်။ လူပေါင်း ၂၀၀၀ ခန့်သေဆုံးခဲ့ရတယ်။ အဲဒီနောက် ၅၄ နှစ်အကြာတွင် အလားတူ မုန်တိုင်း အဲဒီဒေသကို ခြိမ်းခြောက်ခဲ့ပြန်တယ်။ ဒါပေမဲ့၊ ဒီတချီတွင် နယ်သာလန်ဟာ အဆင်သင့်ဖြစ်ခဲ့တယ်။ Delta Works လို ခေါ်တဲ့ ရေကိုထိန်းပိတ်ရေး ကမ္ဘာ့ခေတ်အမီဆုံး စီမံကိန်းရဲ့ ကျေးဇူးကြောင့်ပါ။ Stefan Al က အဲဒီ အဆောက်အအုံတွေ အကြောင်းကို အတွင်းကျကျ နှိုက်ယူ တင်ပြထားပါတယ်။

Stefan Al ရဲ့ သင်ခန်းစာကို JodyPrody မှ ညွှန်ကြားရိုက်ကူးပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:56

Burmese subtitles

Revisions