အိုရီဂါမီလို ခေါက်လို့ ရနိုင်တဲ့ ၅၀ ဆင့် တန် မိုက်ခရိုစကုပ်
-
0:01 - 0:03၁၈၀၀ ပြည့်နှစ် ဖြစ်ပါတယ်။
-
0:03 - 0:06ထူးဆန်းတဲ့ တီထွင်မှု တစ်ခု အကြောင်းကို လူတွေ ပြောဆိုနေကြပါတယ်။
-
0:06 - 0:09မိုက်ခရိုစကုပ် ဆိုတဲ့ ကိရိယာပါ။
-
0:09 - 0:11ကျွန်တော်တို့ရဲ့ ပလာမျက်စိဖြင့်
-
0:11 - 0:14မြင်မရနိုင်တဲ့ သေးနုပ်လှတဲ့ သက်ရှိပုံစံများကို
-
0:14 - 0:16မြင်အောင် လုပ်ပေးတဲ့ ကိရိယာပါ။
-
0:16 - 0:18မကြာမီမှာပဲ ဆေးပညာရှင်တွေ တွေ့ရှိလာကြတာက
-
0:18 - 0:21အဲဒီလို မြင်ကြရတဲ့ သက်ရှိ အကောင်လေးတွေထဲက တော်တော်များများဟာ
-
0:21 - 0:23လူသားတွေရဲ့ ကြောက်မက်ဖွယ်ရာ ရောဂါတွေရဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
-
0:23 - 0:26လူ့အဖွဲ့အစည်းထဲမှာ ဘာတွေ ဖြစ်ပျက်လာတယ်ဆိုတာကို စိတ်ကူးကြည့်ကြပါ၊
-
0:26 - 0:28အင်္ဂလန်က အမျိုးသမီး တစ်ဦးဟာ၊
-
0:28 - 0:31သူရဲ့ လဘက်ရည်ခွက်ကို ကိုင်ယူကာ သောက်လိုက်ချိန်မှာ
-
0:31 - 0:34တကယ် သောက်လိုက်တာက ကြောက်မက်ဖွယ်ရာ ရောဂါပိုးပါတဲ့ အရည် ဖြစ်နေခဲ့ပါတယ်၊
-
0:34 - 0:37အဲဒီနေရာက သိပ်မဝေးလှပါဘူး။ လန်ဒန်မြို့မှာ ဖြစ်ခဲ့ပါတယ်။
-
0:37 - 0:40ရှေ့ကို နှစ် ၂၀၀ ခန့် အမြန် ရွှေ့လာကြမယ်ဆိုရင်
-
0:40 - 0:42အဲဒီလို ကြောက်မက်ဖွယ်ရာ ဆွတ်ပြုပ်ရည်ဟာ ရှိနေတုန်းပါ
-
0:42 - 0:45အဲဒါဟာ ဖွံဖြိုးဆဲနိုင်ငံများမှာ အမြစ်တွယ်လျက် ရှိနေတုန်းပါ၊
-
0:45 - 0:48အပူပိုင်း ခါးပတ် တဝိုက်မှာ ရှိနေတုန်းပါ။
-
0:48 - 0:50ငှက်ဖျားရောဂါ တစ်မျိုးတည်းကို ယူကြည့်တောင်၊
-
0:50 - 0:53tတစ်နှစ်ကို သေဆုံးရသူ တစ်သန်း ရှိပါတယ်၊
-
0:53 - 0:54ပြီးတော့ ငှက်ဖျားရောဂါပိုး အမျိုးမျိုး ကူစက်နိုင်တဲ့ အန္တရာယ်များ ရှိနေကြလို့
-
0:54 - 0:57သွေးကို စမ်းသပ်ပေးရန် လိုအပ်နေတဲ့
-
0:57 - 1:00ပြည်သူတွေ ဆိုရင် သန်း တစ်ထောင်ကျော် ရှိနေပါတယ်။
-
1:00 - 1:03အခုတော့ အဲဒီလို ကြောက်မက်ဖွယ်ရာ အကောင်တွေရဲ့
-
1:03 - 1:05မျက်နှာကို ပုံဖေါ်ပေးရေး ကိစ္စဟာ သိပ်ကို လွယ်လာပါတယ်။
-
1:05 - 1:07သင်ဟာ ဆိုးဆေး တစ်ခုကို၊ အကရီဒိုင်း လိမ္မော်ရောင်ကို၊
-
1:07 - 1:10ဒါမှမဟုတ် လင်းလက်နေတဲ့ ဆိုးဆေး ဒါမှမဟုတ် Giemsa ကိုယူလိုက်ပါ၊
-
1:10 - 1:13အဲဒီနောက် မိုက်ခရိုစကုပ်ထဲကို ထည့်လိုက်ပါ၊ သူတို့ကို ကြည့်နိုင်ပါပြီ။
-
1:13 - 1:15သူတို့ အားလုံးဆီမှာ မျက်နှာ ကိုယ်စီနဲ့။
-
1:15 - 1:18ဒါပေမဲ့၊ ကင်ညာမှ အာလက်စ်၊
-
1:18 - 1:21ဘင်္ဂလာဒေရှ်မှ ဖာတီမာ၊ မွမ်းဘိုင်းမှ နော်ဂျွတ်၊
-
1:21 - 1:24ပြီးတော့ ဥဂန်ဒါမှာ ဂျူလီ နဲ့ မေရီ တို့ဟာ သူတို့နေမကောင်းကြတာ
-
1:24 - 1:28ဘာကြောင့်လဲ ဆိုတာကို သိရဖို့ လနဲ့ချီ စောင့်နေကြရတာ ဘာကြောင့်လဲ။
-
1:28 - 1:31အဲဒါ့ရဲ့ အဓိက အကျဆုံး အကြောင်းမှာ ရောဂါများ စူးစမ်း ဖေါ်ထုတ်မှု ဆိုတာကို
-
1:31 - 1:34သူတို့ကို လက်လှမ်း မှီနိုင်စွမ်း မရှိကြလို့ပါပဲ။
-
1:34 - 1:38ပြီးတော့ အထက်မယ် ပြောကြားခဲ့တဲ့ သန်း တစ်ထောင်ဆိုတဲ့ ကိန်းဂဏန်းကို မှတ်မိရန် လိုပါတယ်။
-
1:38 - 1:42ပြဿနာဟာ မိုက်ခရိုစကုပ် ကိုယ်နှိုက်ထဲမှာကို ရှိနေခြင်းပဲ ဖြစ်ပါတယ။
-
1:42 - 1:44ခေတ်မီ သိပ္ပံပညာ ဘယ်လောက်ပဲ တိုးတက်နေစေကာမူ
-
1:44 - 1:47သုနေသန ပြုလုပ်ရေး မိုက်ခရိုစကုပ်တွေကို ကွင်ဆင်း လေ့လာရေးအတွက် တီထွင်တာမျိုး မရှိသေးပါဘူး။
-
1:47 - 1:49တကယ်တမ်းမှာတော့ ပထမဦးဆုံး မိုက်ခရိုစကုပ်ကို
-
1:49 - 1:51ပုံစံ ထုတ်ခဲ့စဉ်တုန်းကလည်း ရောဂါကို စူးစမ်းဖေါ်ထုတ်ရေးအတွက် မဟုတ်ခဲ့ပါ။
-
1:51 - 1:54အားလုံးလိုလို လေးလံကြတယ်၊ ထုတယ် ကြီးမားတယ်၊ ထိန်းသိမ်းဖို့ ခဲယဉ်းတယ်၊
-
1:54 - 1:57ပြီးတော့ အကုန်အကျသိပ်များတယ်။
-
1:57 - 2:00ဒီပုံကတော့ မဟာတ္တမ ဂန္ဒီရဲ့ လွန်ခဲ့တဲ့ ၄၀ ပြည့်လွန် နှစ်များတုန်းကပါ၊
-
2:00 - 2:03ကျွန်တော်တို့ ဒီနေ့တွင် တီဘီ ရောဂါကို ဖေါ်ုထုတ်ဖို့ သုံးနေကြတဲ့ နည်းစနစ်တွေကိုပဲ
-
2:03 - 2:06သူနေုထိုင်ရာ အာရှရမ်မှာ သုံးနေခဲ့တာပါ။
-
2:06 - 2:09အိန္ဒိယနိုင်ငံထဲက ဆဲဝါဂရမ် ဆိုတဲ့ ဒေသမှာပါ။
-
2:09 - 2:12ကျွန်တော်ရဲ့ တပည့် နှစ်ယောက် ဖြစ်ကြတဲ့ ဂျင်း နှင့် ဂျိမ်းစ်တို့ဟာ
-
2:12 - 2:14အိန္ဒိယ နဲ့ ထိုင်းနိုင်ငံ တဝှမ်းမှာ ခရီးထွက် လေ့လာခဲ့ကြကာ
-
2:14 - 2:17အဲဒီ ပြဿနာကို အတော်ကလေး စဉ်းစားခဲ့ကြပါတယ်။
-
2:17 - 2:19ကျွန်တော်တို့ဟာ ပေးလှူခဲ့ကြတဲ့ စက်ပစ္စည်းတွေ အမျိုးမျိုးကို တွေ့မြင်ခဲ့ကြပါတယ်။
-
2:19 - 2:22မိုက်ခရိုစကုပ်တွေထဲက မှန်ဘီလူးတွေ ပေါ်မှာ မှိုတွေ တက်လာကာပျက်စီးနေတာကိုလဲ မြင်ရပါတယ်။
-
2:22 - 2:24ပြီးတော့ အလုပ်လုပ်နိုင်တဲ့ မိုက်ခရိုစကုပ်တွေ ရှိနေသူတွေကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။
-
2:24 - 2:27ဒါပေမဲ့၊ အဲဒါကို ဘယ်လို ဖွင့်ရမယ် ဆိုတာကိုတောင် သူတို့ မသိခဲ့ကြပါ။
-
2:27 - 2:30အဲဒီ လေ့လာရေး ခရီးစဉ် နဲ့ လေ့လာချက်များထဲက နေပြီး
-
2:30 - 2:33ကျွန်တော်တို့ လက်တွေ့ ထွက်ပေါ်လာခဲ့တဲ့ အယူအဆက Foldscope ဆိုတဲ့ ယူဆချက်ပါပဲ။
-
2:33 - 2:35အဲဒီတော့ Foldscope ဆိုတာကဘာလဲ။
-
2:35 - 2:39Foldscope ဆိုတာက လုံးဝကို အလုပ်လုပ်နိုင်စွမ်း ရှိတဲ့ မိုက်ခရိုစကုပ် ဖြစ်တယ်၊
-
2:39 - 2:42အလင်းတောက်နေကာ တောက်ပတဲ့ စင်လို နေရာ ရှိပါတယ်၊
-
2:42 - 2:44ပိုလာရိုက် ပြုလုပ်ခြင်း၊ ရှေ့ကိုပုံထိုးပြခြင်း၊
-
2:44 - 2:46အဆင့်မြင့် မိုက်ခရိုစကိုပီ မျိုးစုံကို လုပ်လို့ရနိုင်ပေမဲ့၊
-
2:46 - 2:49ခေါက်လို့ရတဲ့ စက္ကူနဲ့သာ တည်ဆောက်ထားပါတယ်။
-
2:49 - 2:52အဲဒီလို ပြောလိုက်လို့၊ ခင်ဗျားတို့က အဲဒါ ဘယ်လို ဖြစ်နိုင်မှာလဲ မေးကြမှာပါ။
-
2:52 - 2:54ကျွန်တော်ဟာဥပမာ အချို့ကို ဒီမှာ ပြပါမယ်၊
-
2:54 - 2:56အခု ကျွန်တော်တို့ အချို့ကို ဖွင့်ပြပါမယ်။
-
2:56 - 3:00စက္ကူ တစ်ချပ်ဖြင့် အဲဒါကို စတင်ကြပါမယ်။
-
3:00 - 3:03ခင်ဗျားတို့ မြင်နေကြရတာက ဖြစ်နိုင်တဲ့ အစိတ်အပိုင်းကလေးတွေပါ
-
3:03 - 3:08လက်တွေ့ အလုပ်လုပ်နိုင်ကာ လင်းနေတဲ့ နေရာ နဲ့ အလင်းတောက်တဲ့ နေရာပါတဲ့ မိုက်ခရိုစကုပ်ပါ။
-
3:08 - 3:09ကောင်းပြီ၊ ဒီထဲမှာ အဆင့် သုံးဆင့် ရှိပါတယ်:
-
3:09 - 3:12မှန်ဘီလူး အဆင့်၊ အလင်းပေးရေးအဆင့်
-
3:12 - 3:15ပြီးတော့ တပ်ထားတဲ့အတိုင်း ထိန်းထားရေး အဆင့်တို့ပါပဲ။
-
3:15 - 3:16ပြီးတော့ အောက်ခြေနားမှာ မိုက်ခရို မှန်ဘီလူးတွေ ရှိပါတယ်၊
-
3:16 - 3:19လက်တွေ့မှာ အဲဒါတွေကို စက္ကူကိုယ်နှိုက်ထဲမှာကို နှိပ်ထည့်ပြီးသားပါ။
-
3:19 - 3:22ခင်ဗျားတို့ လုပ်ရမှာက တစ်ခုကို ကောက်ယူလိုက်ပါ၊
-
3:22 - 3:25ကစားစရာ တစ်ခုကို ကစားရသလိုပါပဲ၊
-
3:25 - 3:28ဒီမှာ မြင်နိုင်ကြပါတယ်၊
-
3:29 - 3:32ကျွန်တော်ဟာ အဲဒါကိုခွါယူလိုက်ပါတယ်၊
-
3:35 - 3:37ပြီးတော့ အဲဒါကို ရိုက်ချိုးလိုက်ပါ။
-
3:37 - 3:40ဒီစက္ကူပေါ်မှာ ညွှန်ကြားချက်များဆိုလို့ ဘယ်ဘာသာစကားနဲ့မှ ရေးမထားပါ။
-
3:40 - 3:42ဒီမှာ ကုဒ်ကို ထည့်ထားပါတယ်၊ အရောင်ကုဒ်ကို ထည့်ပေးထားပါတယ်၊
-
3:42 - 3:47ကိုယ် အသုံးပြုလိုတဲ့ မိုက်ခရိုစကုပ်ကို ဘယ်လို ခေါက်ယူရမယ်ဆိုတာကို အရောင်တွေက ပြပေးပါမယ်။
-
3:47 - 3:50အားလုံး လုပ်ပြီးသွားရင် ဒီလို ပုံစံမျိုးကို ရပါလိမ့်မယ်၊
-
3:50 - 3:52ပုံမှန် မိုက်ခရိုစကုပ်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ အားလုံး ပါရှိပါတယ်၊
-
3:52 - 3:54XY ဇာတ်စင် ပုံစံပါ၊
-
3:54 - 3:59ဟောဒီနေရာ ကတော့ နမူနာထည့်လိုတဲ့ ဆလိုက်အတွက်ပါ၊
-
3:59 - 4:01ဥပမာ၊ ဒီနေရာမှာ ထည့်လိုရတယ်။
-
4:01 - 4:03ဒါကို ကျွန်တော်တို့ မပြောင်းလဲလိုပါဘူး၊
-
4:03 - 4:04ဒါဟာ စံနှုန်း တစ်ခု ဖြစ်လာပါတယ်၊
-
4:04 - 4:06နှစ်ပေါင်း များစွာ အတွင်းမှာ အကောင်းဆုံး အဖြစ် ရွေးလာခဲ့ကြတာပါ၊
-
4:06 - 4:09ပြီးတော့ ကျန်းမာရေး ဝန်ထမ်း အများအပြားတို့ဟာ အဲဒါကိုကျင့်သားရနေကြပါပြီ။
-
4:09 - 4:10ဒီတော့ အပြောင်းအလဲတွေ ရှိတာမှန်ပေမဲ့၊
-
4:10 - 4:12နမူနာထည့်ရမယ့် နေရာကတော့ ပုံမှန်အတိုင်းပဲ ကျန်ရှိနေပါတယ်၊
-
4:12 - 4:14အဲဒါ့အတွက် အကြောင်းတွေ အမျိုးမျိုး ရှိပါတယ်။
-
4:14 - 4:17ဒါကို ထိုးထည့်လိုက်ပါ။
-
4:17 - 4:21အဲဒီမှာ XY ညှိပေးရမယ့် အဆင့် ရှိပါတယ်၊
-
4:21 - 4:23အဲဒီနောက်မှာ ဆုံချက်ကို ညှိပေးရတဲ့ အဆင့် ရှိပါမယ်၊
-
4:23 - 4:25လိုသလို ပြောင်းနိုင်တဲ့ စနစ်ကို
-
4:25 - 4:27စက္ကူကိုယ်နှိုက်ထဲမှာကို ထည့်ပေးထားရာ ကျွန်တော်တို့ဟာ
-
4:27 - 4:30မှန်ဘီလူးတွေကို မိုက်ခရွန်း အဆင့်အထိကို ရွှေ့ပေးလျက် ညှိပေးနိုင်တယ်။
-
4:30 - 4:32ဒီ တီထွင်မှုနဲ့ ပတ်သက်ရင် စိတ်ဝင်စားစရာ တကယ်ကောင်းတာက၊
-
4:32 - 4:34အဲဒီလို လုပ်တာကို ကျွန်တော်ရဲ့ ကျောင်းသားတွေက မုန်းကြပါတယ်၊
-
4:34 - 4:36ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ဟာ အဲဒါကို အခု လုပ်ရပါမယ်၊
-
4:36 - 4:38ဒါတွေ အားလုံးဟာ အကြမ်းခံ ကိရိယာတွေပါ။
-
4:38 - 4:42ကျွန်တော်ဟာ ဒါကို လိမ်ချိုးလျက် ကြမ်းပေါ်ကို လွှင့်ပစ်နိုင်ပါတယ်၊
-
4:42 - 4:45တက်ရပ်လျက် နင်းခြေပစ်ဖို့ ကြိုးစားနိုင်ပါတယ်။
-
4:45 - 4:48ဒါတောင် ၎င်းတို့ဟာ ခံနိုင်ရည် ရှိပါတယ်၊
-
4:48 - 4:51စက္ကူလို ပျက်လွယ်တဲ့ အရာဖြင့် ပြုလုပ်ထားတာတောင်ခံနိုင်ပါတယ်။
-
4:51 - 4:54နောက်တစ်ခု ရယ်စရာ ကောင်းတဲ့ အချက်က၊ ခုနက ပြခဲ့တာက
-
4:54 - 4:58ပုံမှန် ရောဂါစူးစမ်းရေး ကိရိယာ အဖြစ် ပို့တဲ့ဟာပါ၊
-
4:58 - 5:00ဒါပေမဲ့၊ ဒီစာအိတ်ထဲမှာ ကျတော့
-
5:00 - 5:02ဖိုလ်ဒ်စကုပ် အမျိုမျိုး ၃၀ ရှိနေပါတယ်၊
-
5:02 - 5:08ရည်ရွယ်ချက် အမျိုးမျိုးအတွက် ဖြစ်ပေမဲ့ ခေါက်အိတ် တအိတ်ထဲမှာ ရှိနေပါတယ်။
-
5:08 - 5:10ကျွန်တော်ဟာ အဲဒီ အထဲကနေပြီး တစ်ခုကို ကောက်ယူလိုက်ပါမယ်။
-
5:10 - 5:12အခု ကျွန်တော် လက်ထဲမှာ ရှိနေတဲ့ဟာက၊
-
5:12 - 5:13လက်တွေ့မှာ ငှက်ဖျားရောဂါအတွက် တီထွင်ထားတာပါ၊
-
5:13 - 5:16ငှက်ဖျားကိုမှ အထူးပြုလျက် ရောဂါစူးစမ် ရှာဖွေဖို့အတွက်
-
5:16 - 5:18sအလင်းတောက်တဲ့ ဖီလ်တာတွေကို ထည့်ပေးထားပါတယ်။
-
5:18 - 5:22အဲဒီတော့ ရောဂါ စူးစမ်းဖေါ်ထုတ်ရေး အတွက်ကိုမှ အထူးပြုလုပ်နိုင်မယ့် မိုက်ခရိုစကုပ် ဆိုတဲ့ အယူအဆဟာ
-
5:22 - 5:24ဒီဆီကနေပြီး ထွက်ပေါ်လာခဲ့တာပါ။
-
5:24 - 5:27အခုထက်ထိကို ခင်ဗျားတို့ အားလုံးဟာ
-
5:27 - 5:29ဒီလို အရာတွေကို သုံးလိုက်လို့ ဘာတွေ မြင်ရမလဲဆိုတာကို မတွေ့မြင်ခဲ့ရသေးပါ။
-
5:29 - 5:31ဒီတော့၊ ကျွန်တော် လုပ်ပြချင်တာက၊
-
5:31 - 5:33အခန်းထဲက အလင်းရောင်ကို ပိတ်လို့များ ရမလား၊ ကျေးဇူးပြုပြီး၊
-
5:33 - 5:36ဖိုလ်ဒ်စကုပ်ဟာ အလင်းထိုးပြီး ပုံချဲ့ပြနိုင်တဲ့ မိုက်ခရိုစကုပ် အဖြစ် ပြောင်းလဲသွားပါတယ်။
-
5:36 - 5:39ကျွန်တော် လက်ထဲ ရှိနေတဲ့ မိုက်ခရိုစကုပ် နှစ်ခုကို ယူပြီး--
-
5:39 - 5:41နောက်မှာ ရှိတဲ့ နံရံဆီကို သွားဖို့ လိုတယ် --
-
5:41 - 5:42မီးဖြင့် ထိုးပြနိုင်မှာပါ၊ ခင်ဗျားတို့ဟာ
-
5:42 - 5:45ကျွန်တော် မြင်ရသလိုပဲ တိကျစွာ မြင်ကြရမှာပါ။
-
5:45 - 5:46အခု ခင်ဗျားတို့ မြင်နေရတာက --
-
5:46 - 5:49(လက်ခုပ်တီး အားပေးသံများ) —
-
5:49 - 5:51အဲဒါကတော့ ပေါင်းစပ် မျက်လုံးရဲ့ ကန့်လတ်ဖြတ် ပုံပါ၊
-
5:51 - 5:54ကျွန်တော်က ပုံကို ချဲ့လိုရင်၊ ဒီမှာ ရှိနေတဲ့
-
5:54 - 5:56z-ဝင်ရိုးကို ကစားပေးရန် လိုပါတယ်။
-
5:56 - 5:59တကယ်တော့ မှန်ဘီလူးတွေကို အတူတကွ ဖြတ်ထားပုံကို
-
5:59 - 6:01ဟောဒီက ကန့်လတ်ဖြတ် ပုံထဲမှာ မြင်နိုင်ပါတယ်။
-
6:01 - 6:03နောက် ဥပမာ တစ်ခု၊ ကျွန်တော်ရဲ့ အကြိုက်ဆုံး အင်းဆက် ပိုးကောင်ပါ၊
-
6:03 - 6:05ဒီအကောင်ကို မုန်းတာကို ကျွန်တော် သိပ်ကြိုက်ပါတယ်။,
-
6:05 - 6:07ခြင်ကောင်ပါပဲ၊
-
6:07 - 6:11ဒီမှာ ခင်ဗျား မြင်နေရတာက ရိုးရိုးခြင်ကောင်ရဲ့ ထိုးထွက်နေတဲ့ ဦးမှင်ပါပဲ။.
-
6:11 - 6:14ဟောဒီမှာ။
-
6:14 - 6:18ကျွန်တော် ပြောပြခဲ့ပြီ ဖြစ်တဲ့ ရိုးရိုးလေး ဖြစ်ခဲ့ကြတဲ့ အစိတ်အပိုင်းများထဲက လုပ်ထားတာပါ။
-
6:18 - 6:20ကျွန်တော့် ဇနီးဟာ ကျွန်တော်တို့ရဲ့ မိုက်ခရိုစကုပ် အချို့ကို
-
6:20 - 6:22ကွင်းဆင်း စမ်းသပ်မှုတွေ လုပ်ခဲ့သူပါ၊
-
6:22 - 6:24ကျွန်တော်ရဲ့ အဝတ်အစားတွေထဲမှာ မေ့ကျန်ရစ်ခဲ့ကြလို
-
6:24 - 6:26အဝတ်လျှော်စက်ထဲ ထည့်လျှော်ခဲ့တာ မကြာခဏပါပဲ။
-
6:26 - 6:29ဒီတော့ ၎င်းတို့ဟာ ရေထံ ဘာမှ မဖြစ်တာကို တွေ့လာရပါတယ်၊ ပြီးတော့ --
-
6:29 - 6:31(ရယ်မောသံများ) —
-
6:31 - 6:34ဒီနေရာမှာ အလင်းတောက်နေတဲ့ အရည် ရှိနေပါတယ်၊
-
6:34 - 6:35ခင်ဗျားတို့ကကော အဲဒါကို မြင်ကြရဲ့လား တကယ်တော့ ကျွန်တော် မသိပါဘူး။.
-
6:35 - 6:38ဒါကလဲ ပုံချဲ့လျက် မီးမောင်းထိုးပြနိုင်စွမ်းကို ပြပါတယ်။
-
6:38 - 6:41ခင်ဗျားတို့ဟာ အလင်းတန်းကို မြင်နိုင်ဖို့လိုပြီး မီးမောင်းထိုးပြပုံ နှင့် ကွေ့ချိုးနေပုံကို တွေ့နိုင်ပါတယ်။
-
6:44 - 6:47ကျွန်တော်တို့ မီးကို ပြန်ပြီး ဖွင့်လို့ ရမလား ခင်ဗျား။
-
6:47 - 6:49အခုတော့ ကျွန်တော့်အတွက် ပေထားတဲ့ အချိန်ဟာ
-
6:49 - 6:51ကုန်တော့မှာမို့လို့ ကျွန်တော် လျင်မြန်စွာ ရှင်းပြပါမယ်၊
-
6:51 - 6:53ဒါကို ထုတ်လုပ်ရာမှာ ဘယ်လောက် ကုန်ကျတယ်၊
-
6:53 - 6:56အကြီးမားလုံး စိတ်ကူးက ဆက်တိုက် အဆက်မပြတ် ထုတ်လုပ်ဖို့ ဖြစ်ခဲ့ရာ
-
6:56 - 7:00အခု ကျွန်တော်တို့ ထုတ်လုပ်လိုက်တာတွေက အစိတ်အပိုင်းတွေ နဲ့ ကုန်ကျစရိတ်ဟာ ၅၀ စင့်မျှသာ ရှိပါတယ်။
-
7:00 - 7:02(လက်ခုပ်တီး အားပေးသံများ)
-
7:02 - 7:05အဲဒီလိုဆိုတော့ ကျွန်တော် လုပ်လို့ရနိုင်တာက
-
7:05 - 7:07မိုက်ခရိုစကိုပီ နယ်ပယ်ထဲမှာ အရှိတရား အသစ်တစ်ခု ပေါ်လာမှာကို စဉ်းစားလို့ ရပါတယ်၊
-
7:07 - 7:09သုံးပြီးလွှင့်ပစ် ဆိုတဲ့ မိုက်ခရိုစကိုပီ ဆိုပြီး ကျွန်တော်တို့ ခေါ်ပါတယ်။
-
7:09 - 7:11ဖြစ်ပျက်နေတာတွေ အချို့ကို ကျွန်တော်ဟာ
-
7:11 - 7:13ပုံရိပ် အချို့တို့ဖြင့် ပြပေးပါမယ်။
-
7:13 - 7:14ဟောဒီမှာ စက္ကူ တစ်ချပ် ရှိနေပါတယ်။
-
7:14 - 7:16ကျွန်တော်တို့ရဲ့ အယူအဆကို ဒီလို စဉ်းစားလာခဲ့ကြတာပါ။
-
7:16 - 7:18ဒါက A4 အရွယ်အစား စက္ကူချပ်ပါ။
-
7:18 - 7:20ခင်ဗျားတို့ အခ လက်တွေ့ မြင်နေကြရတာက အဆင့် သုံးဆင့်ပါပဲ။
-
7:20 - 7:23ပြီးတော့ မှန်ဘီလူး အပိုင်းတွေ ရှိပါတယ်၊ ညာဖက်ထိပ်မှာ ထည့်ရိုက်သွင်းထားပါတယ်၊
-
7:23 - 7:26မှန်ဘီလူးတွေကို စက္ကူထဲမှာကို ထုတ်လုပ်ရေးကို ကျွန်တော်တို့ စဉ်းစားခဲ့ရပါတယ်၊
-
7:26 - 7:28တက့်ကို အဆင့်မြင့်တဲ့ နှုန်းထားနဲ့ လုပ်ရန် လိုပါတယ်၊
-
7:28 - 7:30အဲဒါကြောင့်မို့လို့ အဲဒီမှာ အလိုအလျောက်စင်ယူရေး လုပ်ငန်းစဉ်ကို သုံးထားပါတယ်၊
-
7:30 - 7:31မျက်နှာပြင်ရဲ့ တင်းမာမှုကို သုံးပြီး
-
7:31 - 7:34အာခရိုမက်တစ် မှန်ဘီလူးတွေကို စက္ကူ ကိုယ်နှိုက်ထဲမှာကို ထည့်သွင်း ဆောက်လုပ်ထားပါတယ်။
-
7:34 - 7:36ဒီလိုနည်းနဲ့ မှန်ဘီလူး အကြောင်းသိလာရပါပြီ။
-
7:36 - 7:37ဒီအထဲမှာ အလင်းပေးရေး ရင်းမြစ် အချို့လည်း ရှိပါတယ်။
-
7:37 - 7:39ပြီးတော့ အရေးကြီးတာက၊ နောက်ဆုံးမှာတော့၊
-
7:39 - 7:42ဒီအစိတ်အပိုင်းတွေ အားလုံးဟာ အိုရီဂါမီရဲ့ ကျေးဇူးကြောင့် သူနေရနဲ့ သူ ပေါ်လာကြမှာပါ။
-
7:42 - 7:45အိုရီဂါမီရဲ့ ကျေးဇူးကြောင့် မှန်ဘီလူးတွေကို
-
7:45 - 7:48မိုက်ခရွန်း အထိကို တိကျအောင် နေရာချ ညှိပေးနိုင်လို့ပါ။
-
7:48 - 7:51ဒီတော့ ရုတ်တရက် ကြည့်လိုက်ရင် သာမန် ကစားစရာ တစ်ခုလို ထင်စရာ ရှိပေမဲ့၊
-
7:51 - 7:53အဲဒီထဲမှာ အသုံးပြုထားတဲ့ အင်ဂျင်နီယာ နည်းပညာတွေဖက်မှ ကြည့်ပြီး ပြောရရင်၊
-
7:53 - 7:55ဒီလို အရာမျိုးဟာ အတော့်ကို ခက်ခဲကာ အဆင့်မြင့်တဲ့ အရာတွေပါ။
-
7:55 - 7:59ကောင်းပါပြီ၊ နောက် တစ်ခု လုပ်ဖို့ လိုအပ်ကြောင်း ထင်ရှားနေတာက၊
-
7:59 - 8:00ဒီ မိုက်ခရိုစကုပ်တွေဟာ ဒူပေနာပေခံနိုင်ကြတာကို
-
8:00 - 8:02ခင်ဗျားတို့ကို သက်သေထူ ပြသလိုတယ်ဆိုရင်၊
-
8:02 - 8:06တတိယ ထပ်ဆီကို သွားပြီး အဲဒီ သုံးထပ်ကနေပြီး ချပြဖို့ပါပဲ။
-
8:06 - 8:09ဟော ဒီမှာ လွှင့်ချလိုက်ပါပြီ၊ ဘာမှ ဖြစ်မသွားပဲ ကောင်းနေတုန်းပါ။
-
8:09 - 8:11ဒီတော့ ကျွန်တော်တို့ အတွက်ဆိုရင်၊ နောက်လုပ်ရမယ့် လက်တွေ့ အဆင့်က၊
-
8:11 - 8:13ကျွန်တော်တို့ရဲ့ ကွင်ဆင်း စမ်းသပ်မှုတွေကို တကယ်ပဲ အဆုံးသတ်ရန် ဖြစ်ပါတယ်။
-
8:13 - 8:15ကျွန်တော်တို့ဟာ လာမယ့် နွေရာသီ အပြီးမှာ စတင်ကြပါမယ်။
-
8:15 - 8:18ကျွန်တော်တို့ဟာ မိုက်ခရိုစကုပ်တွေကို ထောင်နဲ့ချိ ထုတ်လုပ်မယ့် အဆင့်မှာ ရှိနေကြပါတယ်။
-
8:18 - 8:20အဲဒါဟာ သက်ဆိုင်ရာ ဒေသ တစ်စုံတစ်ခုထဲမှာ
-
8:20 - 8:22ကွင်းဆင်း လေ့လာမှုများကို ပြုလုပ်ရာတွင် စံချိန်တင်မယ့်
-
8:22 - 8:25မိုက်ခရိုစကုပ်တွေကို အများဆုံး သုံးပြီး လုပ်ကိုင်မှုပဲ ဖြစ်ပါလိမ့်မယ်။
-
8:25 - 8:27ကျွန်တော်တို့ဟာ ငှက်ဖျားဆိုင်ရာ ချာဂါစ် ဆိုတဲ့ ရောဂါဆိုင်ရာ နှင့် ဂျီအားဒီယား ရောဂါဆိုင်ရာ
-
8:27 - 8:31ဒေတာတွေကို လူနာများ ကိုယ်နှိုက်တို့ထံမှ စပြီး ရယူ စုစည်းနေကြပါပြီ။
-
8:31 - 8:33ကျွန်တော်ဟာ ဒီပုံကို ခင်ဗျားတို့နဲ့အတူ ချန်ရစ်ခဲ့လိုပါတယ်။
-
8:33 - 8:35ဒီအကြောင်းကို ကျွန်တော်ဟာ အရင်တုန်းက ခန့်မှန်းမကြည့်ခဲ့ဘူးပါ၊
-
8:35 - 8:36ဒါပေမဲ့၊ လက်နဲ့ လုပ်လို့ရတဲ့ သိပ္ပံပညာ သင်ကြားမှု နဲ့
-
8:36 - 8:38တစ်က္ဘာလုံးရဲ့ ကျန်းမာရေးတို့ဟာ
-
8:38 - 8:39တကယ့်ကို ချိတ်ဆက်လျက် ရှိနေကြတာ သေချာပါတယ်။
-
8:39 - 8:42နက်ဖြန်ဆိုတဲ့ အနာဂါတ်မှာ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့
-
8:42 - 8:45ကြောက်ဖွယ်ရာ ရောဂါဆိုးတွေကို တိုက်ပွဲဝင်ကြရမယ့်
-
8:45 - 8:47ကလေးတွေရဲ့ လက်ထဲကို ဘယ်လို လက်နက် ကိရိယာတွေကို ကျွန်တော်တို့ ထည့်ပေးကြမှာလဲ။
-
8:47 - 8:49ကျွန်တော်ကတော့ ခုနက ခင်ဗျားတို့ကို ပြပေးခဲ့တဲ့ ဖိုလ်ဒ်စကုပ်ကို ပုံနှိပ် ထုတ်ပေးလိုက်ကာ
-
8:49 - 8:51သူတို့ရဲ့ အိတ်ကပ်ထဲမှာ ထည့်ထားလျက် သွားလေရာကို ယူသွားကြပါလို့ တိုက်တွန်းမှာပါ။
-
8:51 - 8:54ကျေးဇူး တင်ပါတယ်။
-
8:54 - 8:58(လက်ခုပ်တီး အားပေးသံများ)
- Title:
- အိုရီဂါမီလို ခေါက်လို့ ရနိုင်တဲ့ ၅၀ ဆင့် တန် မိုက်ခရိုစကုပ်
- Speaker:
- Manu Prakash
- Description:
-
မိတ်ဆွေဟာ စက္ကူ အရုပ်ကို လုပ်ခဲ့ဘူးသူ သို့မဟုတ် အိုရီဂါမီကို ခေါက်ကြည့်ခဲ့ဘူးသူ ဖြစ်နိုင်ပါတယ်။ TED မှာလာပြီး ဟောပြောသူ Manu Prakash နဲ့ သူ့အဖွဲ့ဟာ လွယ်ကူစွာ ခေါက်လျက် အသုံးပြုနိုင်တဲ့ မိုက်ခရိုစကုပ်ကို တီထွင်ခဲ့ကြပါတယ်။ အဲဒီ တီထွင်မှု အကြောင်း အံ့အားသင့်စရာ ဒီမိုပြသမှုကို ကြည့်လိုက်တဲ့ အခါမှာ ဒီတီထွင်မှုဟာဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှာ ကျန်းမာရေးကို စောင့်ရှောက် ပေးရေးကို ဘယ်လို တော်လှန် ပြောင်းလဲပစ်နိုင်ကြောင်းကို ပြသထားသလို…အရာတိုင်းလိုလိုကို ပျော်စရာ ဖြစ်အောင် လက်နဲ့ လုပ်လို့ရတဲ့ သိပ္ပံ စမ်းသပ်မှု ဖြစ်လာအောင် လုပ်လို့ရနိုင်တာကိုလည်း ပြသပေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 09:21
![]() |
Myo Aung edited Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
Myo Aung edited Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
Dimitra Papageorgiou approved Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
sann tint edited Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
sann tint accepted Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
sann tint commented on Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
sann tint edited Burmese subtitles for A 50-cent microscope that folds like origami | |
![]() |
sann tint edited Burmese subtitles for A 50-cent microscope that folds like origami |
sann tint
Excellent job !