< Return to Video

လက်လျှော့လိုစိတ်ကို ကျော်လွှားခြင်း - Nick Vujicic

  • 0:06 - 0:10
    (ဆာဘီယန့်ဘာသာစကားဖြင့်) ကျေးဇူးတင်ပါတယ်။
  • 0:10 - 0:12
    ကျွန်တော့်နာမည်က Nick Vujicic ပါ။
  • 0:12 - 0:14
    ၁၉၈၂ခုနှစ် သြစတြေးလျမှာ မွေးခဲ့ပါတယ်။
  • 0:14 - 0:18
    ၂၀၀၆ ခုနှစ်မှာ ဩစတေးလျမှ ကယ်လီဖိုးနီးယား
    သို့ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။
  • 0:18 - 0:22
    ပြီးတော့ ကျွန်တော့်ရဲ့ ဘဝဇာတ်ကြောင်းက-
    ကျွန်တော် ကျေးဇူးတင်ပါတယ်။
  • 0:23 - 0:27
    လူတွေဟာ ကျွန်တော့်ဘဝရဲ့ အဆင့်
    အချို့ကို ကြည့်ရှုအားပေးခဲ့တဲ့အတွက်၊
  • 0:27 - 0:29
    YouTube ဗီဒီယိုတွေကို ကြည့်ခဲ့တာ၊
  • 0:29 - 0:33
    ခြေလက်အင်္ဂါမဲ့ ကလေးလေးရဲ့
    အပြုံးပုံတွေကို ကြည့်ခဲ့ကြတဲ့ အတွက်ပါ။
  • 0:33 - 0:35
    ခင်​ဗျားတို့ သိလား။ လူတွေက
    ကျွန်တော့်ကို အမြဲမေးကြတာက
  • 0:35 - 0:37
    ခင်ဗျား ဘယ်လိုဖြစ်ခဲ့တာလဲ။
  • 0:37 - 0:40
    ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို
    ဘယ်လို ကျော်လွှားခဲ့တာလဲ။
  • 0:40 - 0:43
    ကျွန်တော် ဖြေကြားပေးခဲ့တာတွေကို
    ခေါင်းစဉ် တပ်ပေးရမယ် ဆိုရင်
  • 0:44 - 0:47
    "နံရံတွေကို ပြတင်းပေါက် အဖြစ်သို့
    ပြောင်းလဲပစ်ခြင်း" ဖြစ်ပါတယ်။
  • 0:47 - 0:49
    အဲဒါကို အများပြည်သူ နားလည်အောင် ပြောရရင်၊
  • 0:49 - 0:52
    "အတားအဆီးများကို အခွင့်အရေး
    အဖြစ် ပြောင်းလဲခြင်း" ဆိုပြီး
  • 0:52 - 0:54
    ရှင်းပြရတာကို ကျွန်တော် သဘောကျပါတယ်။
  • 0:55 - 0:59
    အဲဒါကို ကျွန်တော် ကောင်းကောင်း နားလည်လို့
    ခင်ဗျားတို့နဲ့ ဝေမျှဖို့ အခု အသင့်ပါပဲ။
  • 0:59 - 1:03
    ဒီနေ့တွင် လူပေါင်း တစ်ဘီလီယံလောက်
    အဆာငတ်နေကြတာ ကျွန်တော်သိပါတယ်။
  • 1:03 - 1:07
    ဒီနှစ်ထဲမှာ လူတစ်သန်းလောက် မိမိကိုယ်ကို
    အဆုံးစီရင်ကြမှာကို ကျွန်တော် သိတယ်။
  • 1:07 - 1:09
    ဒါဟာ စက္ကန့် ၄၀ တိုင်းမှာ
    တစ်ယောက်နှုန်းကျပါ။
  • 1:09 - 1:12
    ဒီနေ့တွင် ကျေးကျွန်ပေါင်း သန်း ၁၂၀ ရှိတာ
    ကျွန်တော် သိထားရပြီး
  • 1:13 - 1:15
    ကျွန်တော် ကျေးကျွန် ၆ ယောက်နဲ့
    တွေ့ဆုံခဲ့ဘူးတဲ့ အပြင်
  • 1:15 - 1:20
    ကျွန်တော်ဟာ စီးပွားရေးဆိုတဲ့
    ပိရမစ်ရဲ့ ထိပ်ဆုံးကိုလည်း မြင်ခဲ့ပြီးလို့
  • 1:20 - 1:22
    ဘီလီယံနာတွေနဲ့လည်း တွေ့ဆုံခဲ့ဘူးတယ်။
  • 1:22 - 1:26
    ဘဏ် လုပ်ငန်းရှင်တွေကို တွေခဲ့ဘူးသလို
    မိဘမဲ့တွေကိုလည်း တွေ့ခဲ့ဘူးတယ်။
  • 1:26 - 1:29
    ကျွန်တော်တို့ အားလုံးဟာ
    တစ်စုံတစ်ခုကို ရှာဖွေနေကြပါတယ်။
  • 1:29 - 1:32
    ကျွန်တော်တို့ အားလုံး
    မျှော်လင့်ချက်ကို ရှာကြံနေကြတယ်။
  • 1:32 - 1:35
    ကိုယ်ဟာ မျှော်လင့်ချက်နဲ့ မွေးလာခဲ့ရုံနဲ့
    မျှော်လင့်ချက်ကို ဆက်မရရှိနိုင်ပါဘူး။
  • 1:35 - 1:39
    အဲဒီလို မဟုတ်ဘဲ၊ ကျွန်တော်တို့တွေ
    နာကျင်မှုနဲ့အတူ မွေးဖွားလာရတာပါ။
  • 1:39 - 1:42
    ကျွန်တော်တွေ မွေးဖွားလာရတာ၊ နေထိုင်ရတာ
    အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်ရင်းနဲ့ပါ။
  • 1:42 - 1:46
    ကျွန်တော်တို့ရဲ့ ဘဝထဲမှာ - မိဘတွေက
    ကျွန်တော့်ကို အမြဲတမ်း သင်ပေးခဲ့ကြတာက၊
  • 1:46 - 1:49
    ကျွန်တော် ဘာကြောင့် ဒီလိုပုံစံမျိုးနဲ့
    ဒမွေးလာရတာ ကျွန်တော်တို့ မသိကြတောင်
  • 1:49 - 1:51
    ကျွန်တော်တို့မှာ ရွေးစရာ ရှိတာကိုပါ။
  • 1:51 - 1:53
    ကိုယ့်မှာ မရှိတဲ့အရာတွေ
    အတွက် ဒေါသထွက်နေမလား။
  • 1:53 - 1:56
    ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့
    အရာတွေအတွက် ကျေးဇူးတင်မလား။
  • 1:56 - 1:58
    အဲဒီရွေးချယ် ပိုင်ခွင့်ဟာဖြင့်
  • 1:58 - 2:02
    ကျွန်တော် ကိုယ်တိုင် ဆင်ခြင် နားလည်
    ခဲ့ပြီးတဲ့ နောက်မှာ၊ မိမိဘာသာမိမိ
  • 2:02 - 2:05
    အထူးသဖြင့် ကျောင်းနေစဉ် အစောပိုင်း
    နှစ်တွေမှာ ဆုံးဖြတ်ခဲ့ရတယ်။
  • 2:05 - 2:08
    ကလေးတွေ တော်တော်များများတို့က
    ကျွန်တော်ဆီလာပြီး ကျီစယ်တတ်ကြတယ်။
  • 2:08 - 2:11
    ကျွန်တော်ဟာ ညီလာခံ
    ၅ ခုမှာ တက်ပြီး စကားပြောခဲ့သူပါ၊
  • 2:11 - 2:13
    ကမ္ဘာတစ်ဝန်းက သမ္မတ ၇ ယောက်နဲ့
    တွေ့ဆုံခဲ့သူပါ။
  • 2:13 - 2:16
    ကျွန်တော်ရဲ့ အကြီးမားဆုံး ပရိသတ်က
    လူ ၁၁၀၀၀၀ ရှိခဲ့ဘူးတယ်။
  • 2:16 - 2:19
    ဟောပြောပေးဖို့ ကျွန်တော်
    ဖိတ်ကြားချက် ၃၀၀၀၀ ရရှိထားပါတယ်။
  • 2:19 - 2:22
    ဒါကြောင့် ဘယ်နေရာကိုပဲ သွားသွား
    ကျွန်တော်ဟာ ဘဝဟာ တန်ဖိုးရှိပုံအကြောင်း၊
  • 2:22 - 2:25
    အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ရေး
    အမှာစကားတွေကို ပြောတတ်ပါတယ်။
  • 2:25 - 2:27
    နိုင်ငံအသီးသီးရှိ
    ပညာရေးစနစ်တွေ အတွက်ပါ။
  • 2:27 - 2:29
    အကြီးမားဆုံး အရာက ချစ်ခြင်းမေတ္တာပါပဲ။
  • 2:29 - 2:32
    ကျွန်တော်တို့ဆီမှာ အချစ်မေတ္တာ
    မလုံလောက်ဘူးလို့ ခံစားရရင်၊
  • 2:32 - 2:34
    မျှော်လင့်ချက်
    မလုံလောက်ဘူးလို့ ခံစားမိရင်၊
  • 2:34 - 2:38
    ကျွန်တော်တို့ဟာ ရှင်သန်ရေး
    ခွန်အားတွေ စပြီး ဆုံးရှုံးလာကြမှာပါ။
  • 2:38 - 2:41
    ကလေးဘဝတုန်းက ကျွန်တော့ဆီမှာ
    ကြီးမားတဲ့ နံရံကြီး ရှိခဲ့ပါတယ်။
  • 2:41 - 2:46
    ကျွန်တော့်ကို နံရံတွေလေးခု ဝန်းရံလျက် မျက်
    နှာကျက်က အခွင့်အရေးကို အုပ်မိုးထားခဲ့တယ်။
  • 2:46 - 2:50
    ကျွန်တော့ကို နည်းလမ်းများစွာဖြင့်
    လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့ကြတယ်။
  • 2:50 - 2:53
    အထူးသဖြင့် ကျွန်တော်ကိုချစ်ပြီး
    အားပေးခဲ့တဲ့ မိဘတွေနဲ့အတူ
  • 2:53 - 2:56
    ကျွန်တော်ဟာ ကျွန်တော်ရဲ့ နဂိုပုံစံအရကို
    လှပသူ ဖြစ်တာမို့လို့
  • 2:56 - 2:59
    အခြားသူတွေ ဘယ်လိုပဲပြောပြေ
    ဘာမှ စိုးရိမ်စရာမလိုဘူးလို့
  • 2:59 - 3:03
    ရှင်းပြခဲ့ကြတဲ့ မိဘတွေနဲ့အတူ နေထိုင်းရင်း
    နေ့စဉ်ဘဝကို ရှင်သန် ဖြတ်ကျော်နိုင်ခဲ့တာပါ။
  • 3:03 - 3:06
    တကယ်တော့ ကျွန်တော်ဟာ ခြေလက်မရှိလို့
    အထူးလိုအပ်ချက် ရှိခဲ့ပေမဲ့
  • 3:06 - 3:10
    ဩစတျေးလျရဲ့ အခြေခံ ပညာရေး စနစ်ထဲ
    ပါဝင်ပြီး ပညာသင်နိုင်ခဲ့တဲ့ ပမထဦးဆုံး
  • 3:10 - 3:13
    ကလေးဖြစ်ခဲ့ပြီး ၁၉၉၀ ခုနစ် လူငယ်
    နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရသူပါ။
  • 3:13 - 3:17
    ကမ္ဘာကြီးဟာ ထိခိုက်လွယ်တဲ့ နေရာဖြစ်လို့
    ကမ္ဘာကြီးဟာ မျှော်လင့်ချက် လိုအပ်ပါတယ်။
  • 3:17 - 3:19
    ကမ္ဘာကြီးဟာ ချစ်ခြင်းမေတ္တာကိုလည်း
    လိုအပ်ပါတယ်။
  • 3:20 - 3:23
    မျှော်လင့်ချက်မရှိရင် "တို့ ဒီမှာ ရှိနေတာ
    ဘာ့အတွက်လဲ"လို့ ခံစားရမှာပါ။
  • 3:23 - 3:25
    စိတ်ဓာတ်ကျစရာကြီးပဲလေ။
  • 3:26 - 3:27
    ကျွန်တော့် အဖြစ်က ဒီလိုပါ။
  • 3:28 - 3:33
    ဒီနေ့တွင်လည်း ကျွန်တော့်မှာ ခြေတွေ လက်တွေ
    မရှိသေးပေမဲ့၊ အရာရာတိုင်း ပြောင်းလဲနေပြီ။
  • 3:34 - 3:35
    အရာအားလုံးပါပဲ။
  • 3:36 - 3:39
    မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှု‌တွေကို
    ကျွန်တော် ရှာကြံနေခဲ့တယ်။
  • 3:39 - 3:41
    နှစ်များစွာ ကြာအောင် ကျွန်တော်
    ရှာမတွေ့မိဘူး။
  • 3:42 - 3:46
    တကယ်လို့ စားပွဲရဲ့ဒီဘက်ခြမ်းဟာ ကျွန်တော်
    ရဲ့မျှော်လင့်ချက်ကို ကိုယ်စားပြုရင်
  • 3:46 - 3:49
    အမှန်တရားက ကျွန်တော်ဖြစ်နိုင်တဲ့
    အရာအားလုံးဖြစ်လာဖို့ အားပေးပါတယ်။
  • 3:49 - 3:52
    ဒါပေမဲ့ ကျွန်တော်တို့ဟာ မုသားကိုလည်း
    နေ့တိုင်း ကြားနေရပြီး
  • 3:52 - 3:57
    ကျွန်တော့်တို့ရဲ့ အသိစိတ်ထဲ ဝင်လာလို့
    စိတ်ဓာတ်ကျအောင် လုပ်တဲ့သူတွေ ရှိတယ်။
  • 3:57 - 4:00
    ခင်ဗျားတို့ သိရဲ့လား၊ ခင်ဗျားတို့ ဘဝထဲက
    လူတချို့တို့ဟာ
  • 4:00 - 4:02
    ခင်ဗျားတို့အတွက် ဘယ်လောက်ပဲ
    ကောင်းမွန်တဲ့ နေ့ရက်ပဲ ဖြစ်ပါစေ၊
  • 4:02 - 4:05
    ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင်
    လုပ်ကြမယ့် သူတွေပါ။
  • 4:05 - 4:08
    ဒါမှမဟုတ် ခင်ဗျားတို့ သိပ်ကို
    ဆိုးဝါးတဲ့နေ့ကို ရင်ဆိုင်ရပါစေ၊
  • 4:08 - 4:10
    သူတို့ဟာ သင့်ကို ဒီထက် ပိုနှိမ့်ချဖို့
    လုပ်ကြမယ့် သူတွေပါ။
  • 4:10 - 4:13
    ကျွန်တော်ဘာကို ဆိုလိုမှန်း
    ခင်ဗျားတို့ နားလည်တယ်နော်။
  • 4:13 - 4:16
    ခင်ဗျားတို့ ဘဝထဲက စိတ်ဓာတ်ကျစရာ
    အကြီးမားဆုံး သုံးချက်ကို တွေးကြည့်ပါ။
  • 4:16 - 4:19
    ခင်ဗျားတို့ရဲ့စိတ်ဓာတ်ကျစရာက
    အဲဒီအချက်တွေ မဟုတ်ဘူး။
  • 4:19 - 4:21
    သင်ကိုယ်တိုင်ပါ။
  • 4:21 - 4:25
    ကျွန်တော်ဟာ ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင်
    ပြောချင်ရင် ၃ စက္ကန့်ပဲ လိုအပ်ပေမဲ့၊
  • 4:25 - 4:28
    အဲဒီ စကားလုံးတွေကို ခင်ဗျားတို့
    တသက်လုံး မေ့ရနိုင်မှာ မဟုတ်ဘူး
  • 4:28 - 4:32
    အသက် ၄၀၊ ၅၀ အရွယ် အမျိုးသမီး အများအပြားကို
    ကျွန်တော် တွေ့ဆုံခဲ့ဖူးတယ်။
  • 4:32 - 4:35
    သူတို့ဟာ ဖခင် ပြောခဲ့တဲ့စကားတွေကို
    မှတ်မိနေကြတုန်းပါပဲ။
  • 4:35 - 4:37
    ဘယ်တော့မှ မကြားချင်စရာ
    စကားလုံးတွေပါ။
  • 4:37 - 4:39
    စကားလုံးတွေဟာ စွမ်းထက်ကြပါတယ်။
  • 4:39 - 4:42
    သင်ဟာ အဲဒီလို စကားလုံးတွေကို
    ကြားလိုက်ရတဲ့အခါ
  • 4:42 - 4:45
    သင့်ရဲ့ အသိစိတ်ဟာ အဲဒီမုသားစကားတွေနဲ့
    ကြီးထွားလာတော့မှာပါ။
  • 4:45 - 4:49
    "Nick၊ မင်း သိပ်မတော်သေးဘူး၊ ဘယ်တော့မှ
    အလုပ်ရမှာ မဟုတ်ဘူး၊ လက်လျှော့လိုက်တော့’’။
  • 4:49 - 4:52
    "မင်း လက်ထပ်နိုင်မှာ မဟုတ်ဘူး၊ ဇနီးရဲ့
    လက်ကိုတောင် ကိုင်ထားနိုင်မှာ မဟုတ်ဘူး။"
  • 4:52 - 4:56
    "ကိုယ့်ကလေးတွေ ငိုနေချိန်မှာ
    မချီယူနိုင်စွမ်းတောင် မရှိဘူးဆိုရင်၊
  • 4:56 - 4:58
    မင်းဟာ ဘယ်လိုလုပ်ပြီး
    အဖေ တစ်ယောက် ဖြစ်နိုင်မှာလဲ။"
  • 4:58 - 5:02
    ကိုယ်ဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့မှာပဲ။
    ကိုယ့်မိဘတွေ ကိုယ့်ကို ပွေ့ဖက်ကြမှာပါ။
  • 5:02 - 5:05
    ဒါပေမဲ့ သူတို့ရဲ့ ပွေ့ဖက်ခြင်းက
    ကိုယ့်ကို ကုသမပေးနိုင်ဘူး။
  • 5:05 - 5:12
    အရှုံးသာ ပေးလိုက်တော့။
    အရှုံပေးလိုက်တော့။ အရှုံးပေးလိုက်တော့။
  • 5:13 - 5:17
    အသက် ၈ နှစ် အရွယ်မှာ ကျွန်တော် အဆုံးစီရင်
    သင့်တယ်လို့ တွေးမိခဲ့တယ်။ ဘာကြောင့်လဲ။
  • 5:18 - 5:22
    ကျွန်တော့်ဆီမှာ မျှော်လင့်ချက်တွေ မရှိဘူး၊
    မျှော်လင့်ချက် မရှိဘူးလို့ ထင်ခဲ့လို့ပါ။
  • 5:23 - 5:27
    ဒီနေ့တွင် သင်တို့ မြင်ကြရသလို
    ကျွန်တော့်ဆီမှာ မျှော်လင့်ချက် ရှိနေပါပြီ။
  • 5:27 - 5:31
    ကိုယ်က ယုံကြည်ပေမဲ့ ကိုယ်မြင်မရနိုင်တဲ့
    အရာအတွက် စကားလုံးက ဘာလဲ။ ယုံကြည်မှုပါ။
  • 5:32 - 5:34
    စကားလုံးတွေဟာ အရာအများကြီးကို
    ပြုလုပ်နိုင်စွမ်း ရှိကြတယ်၊
  • 5:34 - 5:38
    ပွေ့ဖက်ခြင်းတွေက စကားလုံး
    တွေထက် ပိုပြီး အစွမ်းထက်ကြပေမဲ့၊
  • 5:38 - 5:42
    ပွေ့ဖက်ခြင်းက ဘာကိုမှ လုပ်မပေးနိုင်ရင်
    ယုံကြည်မှုက ဝင်ပြီး ကူပေးရတယ်။
  • 5:42 - 5:47
    ကျွန်တော့်မှာ စကားလုံး‌တွေနဲ့ပွေ့ဖက်မှုတွေ
    မလုံလောက်ခဲ့ပေမဲ့၊ ယုံကြည်မှု မဲ့နေခဲ့တယ်။
  • 5:47 - 5:49
    ဒါကြောင့် အရှုံးပေးချင်စိတ် ပေါ်လာခဲ့တယ်။
  • 5:49 - 5:54
    အသက် ၁၀ နှစ်မှာ ၆ လက်မ အနက်ရှိတဲ့ ရေထဲမှာ
    နှစ်သတ်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။
  • 5:55 - 5:56
    ကျွန်တော့်ရဲ့ အိမ်မှာပါ။
  • 5:56 - 6:01
    အဖေ့ကို ကစားနေတာလို့ ရှင်းပြခဲ့ပေမဲ့
    တကယ်တော့ ကိုယ့်ဘဝကို အဆုံးစီရင်ချင်ခဲ့တာ။
  • 6:01 - 6:05
    ဖြစ်ခဲ့ပုံက မျိုးစုံပါပဲ။ တော်လောက်ပါပြီ။
    (ဆာဘီးယန်း ဘာသာစကားနဲ့)
  • 6:07 - 6:10
    ပမထ နှစ်ကြိမ်မှာ ကျွန်တော်
    လက်လျှော့ ပေးလိုက်ရတယ်။
  • 6:11 - 6:14
    အသက်ရှူမထုတ်မီ အဆုတ်ထဲမှာ လေကို ဘယ်
    လောက်ကြာ အောင့်ထားနိုင်မလဲ သိချင်ခဲ့တယ်။
  • 6:15 - 6:19
    တတိယ အကြိမ်မှာကျတော့ ကိုယ့်ဘဝထဲက
    အနိုင်ကျင့်ခံရမှာတွေကြောင့်၊
  • 6:19 - 6:22
    ကိုယ်ဟာ ကိုယ့်မိဘတွေ အတွက်
    ဝန်ထုပ်ကြီး ဖြစ်နေတာကြောင့်၊
  • 6:22 - 6:25
    ကိုယ့်ဆီမှာ မျှော်မှန်းစရာ အနာဂတ်ရယ်လို့
    မရှိခဲ့တဲ့ အတွက်ကြောင့်
  • 6:25 - 6:28
    ကျွန်တော်ဟာ ဒီလောကကြီးကို စွန့်ပစ်
    ချင်တယ်လို့ စိတ်ထဲမှာ ခံစားမိတယ်။
  • 6:28 - 6:30
    အဲဒီအချိန်မှာ ကျွန်တော်
    သဘောပေါက်လိုက်တဲ့ တစ်ချက်က
  • 6:30 - 6:33
    ကိုယ်ဟာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ်
    အဆုံးစီရင် လိုက်မယ်ဆိုရင်
  • 6:33 - 6:37
    ကျွန်တော့ မိဘတွေမှာ ရှိနှင့်နေတဲ့ ဝန်ထုပ်
    ဝန်ပိုးတွေကို ပိုဆိုးလာစေခဲ့မှာကိုပါ။
  • 6:37 - 6:43
    ခြေလက်မရှိတဲ့ ကလေးတစ်ယောက်
    ရှိတာနဲ့ စာရင် မျှော်လင့်ချက် နည်းစရာ
  • 6:43 - 6:46
    ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ပိုးလေးလံစရာ
    အရာတစ်ခုပဲ ရှိနိုင်တယ်လေ။
  • 6:46 - 6:50
    အဲဒါက ဘာလဲ ဆိုတော့ ဘဝကိုအရှုံး
    ပေးလိုက်တဲ့ ခြေလက်မရှိတဲ့ ကလေးပါ။
  • 6:50 - 6:53
    ကိုယ့်ကို အဆုံးစီရင်ခဲ့လို့
    ကျွန်တော့်အဖေနဲ့အမေကို၊
  • 6:53 - 6:57
    ပြီးတော့ ကျွန်တော့ ညီအကိုတွေ
    ကျွန်တော့်အုတ်ဂူမှာ ငိုနေကြတာကို
  • 6:57 - 7:00
    မြင်ယောင်မိခြင်းက ကျွန်တော့်ကို
    ကယ်တင်လိုက်တယ်။
  • 7:00 - 7:04
    ကျွန်တော့် မိဘတွေက ကျွန်တော်ဟာ နဂိုရှိရင်း
    အတိုင်း လှပတယ်လို့ မပြောခဲ့ကြရင်၊
  • 7:04 - 7:07
    ကျွန်တော့်မိဘတွေက ကျွန်တော့်ကို
    ထူးကဲတယ် ချစ်တယ်လို့ မပြောခဲ့ကြရင်၊
  • 7:07 - 7:09
    ကျွန်တော် ဒီနေ့ ဒီနေရာမှာ
    ရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။
  • 7:09 - 7:13
    လူငယ်တွေကို အားပေးဖို့ ကြိုးစားနေကြတဲ့
    မိဘတွေကို ကျွန်တော် အားပေးပါတယ်။
  • 7:13 - 7:15
    အထူးသဖြင့် အနောက်နိုင်ငံတွေမှာ၊
  • 7:15 - 7:18
    လူငယ်တွေဟာ တံခါးမှာ 'မနှောင့်ယှက်ပါနဲ့'
    ဆိုတဲ့ စာတန်းကို တပ်လေ့ရှိကြတော့
  • 7:18 - 7:20
    ပိုလို့ကို အားပေးဖို့ လိုပါတယ်။
  • 7:20 - 7:22
    ကမ္ဘာတစ်ဝန်းက မိဘတွေနဲ့
    ဆယ်ကျော်သက်တွေကြား စကားပြောဆိုပုံဟာ
  • 7:22 - 7:25
    -ကျောင်းမှာ ဘယ်လိုလဲ-ကောင်းတယ်
    -ဘာသင်ခဲ့လဲ-ဘာမှမသင်ခဲ့ရဘူး'
  • 7:25 - 7:27
    -အိမ်စာ လုပ်ပြီးပြီလား။-မလုပ်ရသေဘူး။
  • 7:27 - 7:29
    တစ်နေ့တာ စကားပြောဆိုကြပုံက
    အဲဒီလို ပုံစံမျိုးလေ။
  • 7:29 - 7:32
    ကိုယ်က ကိုယ့်ကလေးတွေကို လှပပါတယ်လို့
    ပြောတဲ့အခါ သူတို့ ပြောလာမှာက
  • 7:32 - 7:35
    "ဟုတ်တယ်။ ကျွန်ုပ် လှတာပေါ့၊
    ခင်ဗျားတို့ရဲ့ သား၊ သမီးပဲလေ။
  • 7:35 - 7:37
    ခင်ဗျားတို့ အဲဒီလိုပဲ ပြောကြရမှာပါ။"
  • 7:37 - 7:39
    ဒါပေမယ့် သူတို့ မှန်ကြပါတယ်။
  • 7:39 - 7:42
    လူသား တစ်ဦးချင်းဆီမှာ
    တန်ဖိုးဆိုတာ ရှိတတ်ပြီး၊
  • 7:42 - 7:45
    ကိုယ်တန်ဖိုးကို ကိုယ့် ပုံပန်းကို
    ကြည့်ပြီး ဆုံးဖြတ် မရနိုင်ပါဘူး၊
  • 7:46 - 7:49
    ကိုယ့် အလုပ်တွေ၊ ဘယ်နေရာက
    လာ‌တာလဲ၊ ဘယ်မှာမွေးတာလဲ၊
  • 7:49 - 7:52
    ဘယ်လောက် ပိုက်ဆံရှိတာလဲ၊ အဲဒါတွေ
    အားလုံးဟာ ဘာမှ အရေးမပါပါဘူး။
  • 7:52 - 7:56
    ဆယ်ကျော်သက်တွေက အချင်းချင်း ကျွန်ုပ်
    တို့ရဲ့ အသွင်အပြင်တွေကို ကျီစယ်ကြတယ်ပေါ့။
  • 7:56 - 7:58
    ကျွန်တော်က ဆယ်ကျော်
    သက်တွေကို မေးတတ်တာက၊
  • 7:58 - 8:02
    "မင်းရဲ့ သူငယ်ချင်းအဖြစ် လက်ခံဖို့
    ငါဟာ စမတ်ကျတယ် ထင်လား"
  • 8:02 - 8:04
    သူတို့ ဖြေလေ့​ ရှိကြတာက၊ "သိပ် ဟုတ်တာပေါ့'
  • 8:04 - 8:07
    ကျွန်တော်က၊ "ငါ့ဆီမှာ ခြေလက် တွေမရှိဘူး"၊
    သူတို့က "အဲဒါ အရေးမကြီးဘူးတဲ့"
  • 8:07 - 8:10
    ကျွန်တော်က "ခြေလက်တွေ
    မရှိတာ တကယ်ပဲ အရေးမကြီးဘူးလား။"
  • 8:10 - 8:12
    သူတို့က အရေးမကြီးပါဘူးတဲ့။
  • 8:12 - 8:15
    အဲဒါနဲ့ ကျွန်တော်က "အဲဒါ တကယ့်ကို
    အရေးမကြီးဘူး ဆိုရင်၊
  • 8:15 - 8:17
    ဘာကြောင့်များ လူတွေ အချင်းချင်း
    စကားလုံးတွေနဲ့ ထိုးသတ်နေကြတာလဲ၊
  • 8:17 - 8:19
    တကယ့်ကို အရေးမကြီးဘူး ဆိုရင်ပေါ့။"
  • 8:19 - 8:22
    ကျွန်ုပ်တို့ဟာ မှန်ထဲမှာ ကိုယ့်ကိုယ်ကို
    ကြည့်ကြတဲ့ အခါ
  • 8:22 - 8:25
    တန်ဖိုးထားရမယ့်သူ အစား
    ရုပ်ဆိုးသူကို မြင်ကြရတာ ဘာဖြစ်လို့လဲ။
  • 8:25 - 8:29
    ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက
    ခင်ဗျားတို့ ရှာဖွေနေကြတာက ဘာများလဲ။
  • 8:29 - 8:33
    ကျွန်တော်က ခင်ဗျားတို့ကို ဒေါ်လာတစ်ဘီလီယံ
    ပေးရင် ခင်ဗျားတို့ စိတ်ချမ်းသာမလား။
  • 8:33 - 8:37
    တကယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဒေါ်လာ
    တစ်ဘီလီယံ ပေးရင် ကျွန်တော်ပျော်မှာပါ။
  • 8:37 - 8:39
    ဒါပေမဲ့ ကျွန်တော့်အမေ ဒီညမှာ ဆုံးသွားရင်၊
  • 8:39 - 8:41
    ကျွန်တော် ပျော်နိုင်မလား။
    ဘယ်ပျော်နိုင်မလဲဗျာ။
  • 8:42 - 8:45
    ကမ္ဘာပေါ် ရှိသမျှ ပိုက်ဆံတွေ ပိုင်တောင်
    ကျွန်တော် ပျော်နိုင်မှာ မဟုတ်ပါဘူး။
  • 8:45 - 8:50
    ဟုတ်တယ်မလား။ ငွေဆိုတာ
    စိတ်နှလုံးကို မကုစားနိုင်လို့ပါ။
  • 8:50 - 8:54
    ဒါကြောင့် ဆယ်ကျော်သက်တွေက အချစ်ကို၊
    စိတ်နှလုံးကို ကုစားနိုင်မယ့် အချစ်ကို၊
  • 8:54 - 8:57
    အသည်းနှလုံးကို ပြီးပြည့်စုံလာစေမယ့်
    ချစ်ခြင်းမေတ္တာကို ရှာဖွေနေကြတာပါ။
  • 8:57 - 9:01
    ဒါပေမဲ့ လက်မထပ်မီအထိ
    ကျွန်တော်ဟာ လူပျိုစစ်စစ် ဖြစ်ခဲ့သူပါ။
  • 9:01 - 9:04
    ကျွန်တော့ ဇနီးဟာ တကယ့်ကို လှပသူပါ၊
    ပထမဆုံးသား မွေးမှာကို စောင့်နေကြတယ်။
  • 9:04 - 9:07
    သူမရဲ့လက်ကို ဆုပ်ကိုင်ဖို့
    ကျွန်တော့်ဆီမှာ လက်ရှိဖို့ မလိုပါဘူး၊
  • 9:07 - 9:09
    ကျွန်တော် ပွေ့ပိုက်ထားချင်တာက
    သူ့နှလုံးသားကိုပါ။
  • 9:09 - 9:12
    ကျွန်တော့် ကလေးကို ဘယ်လိုပွေ့ဖက်မှာကို
    ခင်ဗျားတို့ သိကြလား။
  • 9:12 - 9:15
    ကလေးတွေ ကျွန်တော့်ဆီလာကြတာ
    အများကြီး၊ အံ့အားသင့်စရာကြီးပဲ။
  • 9:15 - 9:19
    လည်ပင်းရဲ့ နောက်မှာ သူတို့လက်တွေ ချိတ်
    ထားရင်း လည်ပင်းနဲ့ ကျွန်တော့်ကို ဖက်ကြတယ်။
  • 9:19 - 9:21
    ကျွန်တော့ ဘဝမှာ၊ ဘဝထဲက အဆိုးဆုံး
    အစိတ်အပိုင်းကိုတောင်မှ၊
  • 9:21 - 9:24
    အကောင်းဘက်ကို ပြောင်းလဲရနိုင်တာကို
    ကျွန်တော် သိနားလည်မိတယ်။
  • 9:24 - 9:26
    ပိုလို့ကို ထူးကဲလာစေနိုင်ပါတယ်။
  • 9:26 - 9:29
    ဆယ်ကျော်သက်တွေ အချစ်ကို ရှာဖွေနေကြပြီး
    သူတို့ လုပ်ချင်ကြတဲ့ အရာတွေက၊
  • 9:30 - 9:32
    လက်မထပ်မီ ဖိုမဆက်ဆံဖို့ကိုပါ။
  • 9:32 - 9:36
    ကျွန်တော့် အတွက် လက်မထပ်ပဲ ဖိုမဆက်ဆံ
    ခြင်းဟာ ၅ ဒေါ်လာတန်တဲ့ Gucci နာရီလိုပါပဲ။
  • 9:36 - 9:38
    လက်ထပ်ပြီး လူတစ်ယောက်နဲ့ ဖိုမဆက်ဆံခြင်းဟာ၊
  • 9:39 - 9:43
    ကိုယ့်ကိုချစ်ပြီး ဘဝ တစ်သက်တာလုံး
    ကိုယ့်ကို သစ္စာရှိသူ၊ ကိုယ့်ကလေးရဲ့
  • 9:43 - 9:46
    အဖေ (သို့) အမေ ဖြစ်လာမယ့်သူနဲ့
    ဖိုမဆက်ဆံခြင်းကမှ အချစ်စစ်စစ်ပါ။
  • 9:46 - 9:48
    ခင်ဗျားတို့ဟာ ကြိုက်သလောက် လူတွေ
    အများကြီးနဲ့ အိပ်နိုင်ပေမဲ့၊
  • 9:48 - 9:52
    "သူတို့ ငါ့ကို ချစ်ရဲ့လား" ဆိုတာ
    ခင်ဗျားတို့ သေချာပေါက် မသိနိုင်ဘူးလေ။
  • 9:52 - 9:55
    အချစ်ဆိုတာ တစ်သက်လုံးအတွက်
    ပေးရတဲ့ ကတိပါ။ ဘဝထဲ ရွေးရတာတွေ ရှိတတ်တယ်။
  • 9:55 - 9:58
    ကျွန်တော်တို့ စောင့်ကြည့်နေကြတုန်း။
    ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ။
  • 9:58 - 10:02
    တစ်ကြိမ်ပဲ နေထိုင်ရတော့၊ အရက်ကို
    သောက်ချင်ရင် သောက်နိုင်တာပေါ့ဗျာ။
  • 10:02 - 10:04
    သင် ယုံကြည်တဲ့ ဘဝပုံစံက အဲဒါမျိုး
    ဆိုလည်း ကောင်းပါပေ့။
  • 10:04 - 10:07
    ကျွန်တော်က လောဘကြီးတယ်၊
    အသက် ၉၀ ထက် ပိုပြီးနေချင်တယ်။
  • 10:07 - 10:09
    ကျွန်တော် နှစ်ပေါင်း ကု​ဋေချီပြီး
    နေချင်ပါတယ်။
  • 10:09 - 10:13
    ပြီးတော့ ကျွန်တော် သိသေးတာက၊ နေ့စဉ်နဲ့
    အမျှ ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီဘဝကို၊
  • 10:13 - 10:17
    အခြားသူတွေရဲ့ဘဝနဲ့ ကျွန်တော့်
    ထာဝရအသက်ကို သက်ရောက်မယ် ဆိုတာကိုပါ။
  • 10:17 - 10:23
    ကိုယ်ဟာ ဘယ်သူလဲ၊ ဒီနေရာကို ရောက်ရှိနေတာ
    ဘာကြောင့်လဲ ကိုယ်ဟာ သိဖို့ လိုအပ်တယ်။
  • 10:23 - 10:27
    William Barkley ပြောခဲ့ဘူးတာက၊ လူတိုင်း
    ရဲ့ ဘဝထဲမှာ အထူးကဲဆုံး ရက် ၂ ရက်ရှိပါတယ်-
  • 10:27 - 10:31
    ကိုယ် မွေးဖွားခဲ့တဲ့ နေ့နဲ့ ဘာကြောင့်
    မွေးခဲ့တာကို ကိုယ် သိလာတဲ့ နေ့ပါ။
  • 10:31 - 10:33
    ဒါကြောင့် "အား၊ ငါအရုပ်ဆိုးလိုက်တာ။"
  • 10:33 - 10:37
    မဟုတ်ဘူး၊ ငါဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့
    လှပါတယ်လေ။
  • 10:37 - 10:41
    တကယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဘူး
    ဆိုရင်၊ မိန်းကလေးတွေ တော်တော်များလိုပဲ၊
  • 10:41 - 10:44
    စိတ်ပိုင်းအရ အလွှဲသုံးစားလုပ်တတ်ကြတဲ့
    ချစ်သူတွေနဲ့ ဆက်နေနေကြတာက၊
  • 10:44 - 10:48
    "သူနဲ့ပြတ်ရင် ဘယ်သူက ကျွန်မကို
    လိုချင်မှာလဲ" စိုးရိမ်နေကြလို့ပါ။
  • 10:48 - 10:51
    ခင်ဗျားတို့ တွေ့မြင်ကြသလို ကျွန်တော်တို့
    အားလုံးက အချစ်ကို လိုချင်ကြတယ်လေ။
  • 10:51 - 10:54
    အဲဒါက ကျွန်တော်တို့ ရံဖန်ရံခါ
    လုပ်တတ်ကြတာရဲ့ အကြောင်းရင်းပါပဲ။
  • 10:54 - 10:55
    လူအုပ်ထဲမှာ ဝင်ဆံ့နိုင်ဖို့၊
  • 10:55 - 10:58
    ကျွန်တော် ကျိန်ပြောရဲတယ်၊
    အပြတ်သားနားရမယ်-
  • 10:58 - 10:59
    လောကကြီးက အဲဒါမျိုးလေ။
  • 10:59 - 11:03
    "ငါ သူမနဲ့ တူချင်လိုက်တာ၊ ငါသာ သူ့ထက် အရပ်
    ပိုရှည်/တိုခဲ့ရင်၊ သားနား နာမည်ကြီးခဲ့ရင်"
  • 11:03 - 11:06
    ကိုယ်က ဘာတွေပဲ လိုချင်လိုချင်
    မလုံလောက်နိုင်ပါဘူး။
  • 11:06 - 11:08
    အမှန်တရားကို သင် ရှာမတွေ့မချင်းပေါ့လေ။
  • 11:08 - 11:11
    ကျွန်တော့်ကို အံ့အားသင့်ဖွယ်၊
    ပြီးပြည့်စုံအောင် ဖန်ဆင်းပေးထားတာပါ။
  • 11:11 - 11:14
    ကျွန်တော့် ဘဝအတွက် ကြီးမားတဲ့
    ရည်ရွယ်ချက် ရှိပါတယ်။
  • 11:14 - 11:17
    ကျွန်တော် ဒီမှာ ရှိနေတာ အကြောင်းရှိတယ်။
  • 11:17 - 11:20
    ကျွန်တော့်မှာ အံ့ဩဖွယ်ရာ
    မရှိတာလည်း အမှန်ပါ။
  • 11:20 - 11:23
    ဒါပေမဲ့၊ အံ့ဩဖွယ်ရာတွေကို ဖန်တီးနိုင်တဲ့
    ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပြီး၊
  • 11:23 - 11:26
    ကျွန်တော့်ရဲ့ ဗီဒီယိုထဲမှာ
    ဖိနပ်တစ်စုံလည်း အသင့်ရှိနေတယ်။
  • 11:26 - 11:27
    ဘာကြောင့်လဲ ဆိုတော့၊
  • 11:27 - 11:30
    မျက်မမြင်တွေ မြင်ကြတာ၊ စွံအသူတွေ
    ကြားနိုင်ကြတာ မြင်တွေ့ခဲ့ဘူးလို့ပါ။
  • 11:30 - 11:34
    ခင်ဗျားတို့ ကျွန်တော်ကို မယုံလည်း ရပါတယ်၊
    အဲဒါကို ကင်မရာနဲ့ ရိုက်ထားတယ်လေ။
  • 11:34 - 11:36
    ဒါပေမဲ့၊ ကျွန်တော်
    နားလည်တာ တစ်ခုရှိတယ်။
  • 11:36 - 11:39
    ဘုရားသခင်က ကျွန်တော့်
    အခြေအနေကို ပြောင်းလဲမပေးဘူး ဆိုရင်
  • 11:39 - 11:42
    ကျွန်တော့်ဘဝကို အခြားသူအတွက်
    အံ့သြဖွယ်အဖြစ် အသုံးပြုနိုင်မှာကိုပါ။
  • 11:42 - 11:44
    အံ့ဩဖွယ်ကို ကိုယ် မရရှိလိုက်ပေမဲ့၊
  • 11:44 - 11:47
    ကိုယ်ဟာ တစ်စုံတစ်ယောက် အတွက်
    အံ့သြဖွယ်ရာ ဖြစ်နိုင်ပါသေးတယ်။
  • 11:47 - 11:50
    ကျွန်တော် လှပတဲ့
    ဇာတ်လမ်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။
  • 11:50 - 11:53
    ကျွန်တော် ကယ်လီဖိုးနီးယား
    တောင်ပိုင်းမှာ နေထိုင်ခဲ့တယ်။
  • 11:53 - 11:54
    ကျွန်တော့်ဆီမှာ အဖွဲ့ ၂ ဖွဲ့ ရှိခဲ့ကြရာ
  • 11:55 - 11:58
    အမြတ်မရှာတဲ့ အဖွဲ့အစည်းနဲ့ အမြတ်ရဖို့
    လုပ်ကိုင်တဲ့ အဖွဲ့အစည်းပါ။
  • 11:58 - 12:02
    ကျွန်တော် ၂၀၀၇ နဲ့၂၀၁၀ ခုနှစ်ကြား ခန့်
    မှန်းခြေ အကြိမ် ၁၀၀၀ လောက် ဟောပြောခဲ့ပြီး
  • 12:02 - 12:05
    လေယာဉ်စီးပြီး
    အကြိမ် ၆၀၀ လောက် ခရီးထွက်ခဲ့ရတယ်။
  • 12:05 - 12:09
    ကျွန်တော် လူ ၄.၅ သန်းလောက်ကို မျက်နှာ
    ချင်းဆိုင် ဟောပြောခဲ့ပြီး အခုဆာဗီးယားကို
  • 12:09 - 12:14
    ရောက်နေစဉ် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ
    မီဒီယာမှတစ်ဆင့် ၅ သန်း ပြည့်လာခဲ့ပြီ။
  • 12:15 - 12:19
    ဒါကြောင့်၊ ကျွန်တော်တို့မှာ အခြားသူတွေ
    ချစ်ဖို့ လူ့နှလုံးသား ရှိပါတယ်။
  • 12:19 - 12:23
    လူတွေကို တစ်ဦးနဲ့တစ်ဦး ချစ်စေချင်တယ်၊
    မိမိကိုယ်မိမိလည်း ချစ်ဖို့လိုတယ်၊
  • 12:23 - 12:26
    ကြီးမားတဲ့ ရည်မှန်းချက်ကို စိတ်ကူးကြပါ၊
    ဘယ်တော့မှ အရှုံးမပေးကြပါနဲ့။
  • 12:26 - 12:29
    ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကို
    ရှာဖွေကြနေတယ်၊ ဟုတ်တယ်မလား။
  • 12:29 - 12:33
    ခင်ဗျားတို့ ဘာကို ရှာဖွေကြနေတာလဲ။
    ပိုက်ဆံ၊ ဆေးဝါး၊ လိင်ဆက်ဆံမှု၊ အရက်၊
  • 12:33 - 12:36
    ကာမရာဂစိတ်ကို လှုံဆော်တဲ့ အရာ၊
    ကျော်ကြားမှု၊ အခွင့်အလမ်းတွေလား။
  • 12:36 - 12:39
    ဘယ်တော့မှ ကျေနပ်နိုင်မှာ မဟုတ်ဘူး။
  • 12:39 - 12:41
    ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။
  • 12:41 - 12:45
    ဒါပေမဲ့ စိတ်ချမ်းသာမှုကို လိုအပ်ရင်
    ဒါကို စဉ်းစားကြည့်ကြပါ။
  • 12:45 - 12:49
    လွန်ခဲ့တဲ့ ၅-၆ နှစ်တုန်းက ကျွန်တော် အသက်
    ၂၄ နှစ်တွင် ကယ်လီဖိုးနီးယားမှာ နေခဲ့တယ်။
  • 12:50 - 12:52
    ကျွန်တော်နဲ့ တူတဲ့လူ
    တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးဘူး။
  • 12:52 - 12:56
    ကျွန်တော် အသက် ၁၀ နှစ်တုန်းက ကျွန်တော်နဲ့
    တူတဲ့လူ တစ်ယောက်ယောက်နဲ့ တွေ့ချင်ခဲ့တယ်။
  • 12:57 - 13:00
    ဘယ်တုန်းကမှ လက်တွေ့ ဖြစ်မလာခဲ့ဘူး။
    အံ့ဩဖွယ်ရာ ဖြစ်မလာခဲ့ဘူး။
  • 13:00 - 13:03
    အသက်၂၄ နှစ်မှာ ကယ်လီဖိုးနီးယားတွင်
    ကလေး တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်၊
  • 13:03 - 13:06
    ခြေလက်တွေ မရှိဘဲ ကျွန်တော်နဲ့ တူခဲ့ပြီး
    ၁၉ လအရွယ် ကလေးလေးပါ။
  • 13:08 - 13:11
    သူလည်း အနိုင်ကျင့်ခံရမှာကို
    ကျွန်တော် သိခဲ့တယ်၊
  • 13:12 - 13:15
    သူဟာ စိတ်ဓာတ်ကျမှုတွေ ဖြတ်ကျော်ရမှာ၊
    အထီးကျန်လို ခံစားရမှာ၊
  • 13:15 - 13:19
    ချစ်သူ ရှိမှရှိပါ့မလား သူစိုးရိမ်မိမှာ၊
    စသဖြင့် ကျွန်တော် နားလည်ခဲ့တယ်။
  • 13:22 - 13:25
    ဒါနဲ့ လူ ၂၀၀၀ တို့ရဲ့ရှေ့မှာ ကလေးကို
    စင်ပေါ် ခေါ်လာဖို့ ဖခင်ကို ပြောလိုက်တယ်။
  • 13:27 - 13:29
    ခန်းမထဲက လူတိုင်းဟာ ငိုနေခဲ့ကြတယ်။
  • 13:30 - 13:33
    အဲဒီဖြစ်ရပ်က ကိုယ်ဟာ အံ့ဩဖွယ်ရာ
    တစ်ခုခုကို မရရှိခဲ့ပေမဲ့၊
  • 13:34 - 13:37
    ကိုယ်ဟာ အခြားသူ တစ်ယောက်ယောက်
    အတွက် အံ့ဩဖွယ်ရာ ဖြစ်နိုင်တာကို
  • 13:37 - 13:40
    တကယ့်ကို လက်တွေ့ လုပ်ပြပြီး
    သက်သေထူပြမှုပဲ ဖြစ်ခဲ့ပါတယ်။
  • 13:40 - 13:43
    ကျွန်တော် လူစွမ်းကောင်း မဟုတ်ပါဘူး၊
    သင်တို့လိုပါပဲ၊
  • 13:43 - 13:46
    ဘဝထဲ အနိမ့်အမြင့်တွေကို ကျော်ဖြတ်နေရသူပါ။
  • 13:46 - 13:49
    ဒါပေမဲ့ တစ်ခါတစ်လေ တစ်ရက်လောက်
    အချိန်ယူပြီး၊ ကိုယ်ဟာ ဘယ်သူလဲ၊
  • 13:49 - 13:52
    ဒီမှာ ရှိနေတာ ဘာကြောင့်လဲကို သိရှိထားလို့
    စိတ်ချမ်းမြေ့နေပြီလား၊
  • 13:52 - 13:55
    ဒီမှာမရှိတဲ့အခါ ကိုယ်ဟာ ဘယ်ကိုဆက်သွားမှာလဲ
    ဆိုတာကို ဆန်းစစ်ကြည့်ပါ။
  • 13:55 - 13:59
    ကျွန်တော့် အတွက်ကျတော့၊ ကျွန်တော်
    ဘယ်လို ကျော်ဖြတ်ခဲ့တာကို နားလည်ချင်တယ်။
  • 13:59 - 14:01
    ကျွန်တော့်မှာ နံရံတွေ တစ်ခုမှ မရှိတော့ဘူး
  • 14:01 - 14:05
    ကျွန်တော့် စာအုပ်အမည်က "အကန့်အသတ်
    မရှိသော ဘဝ" ဆိုတော့ ဖြစ်ချင်ရာ ဖြစ်ပါစေ။
  • 14:05 - 14:08
    ကျွန်တော် ရုပ်ရှင်တိုမှာ သရုပ်ဆောင်ခဲ့ရာ
    ဆု ၃၀ ကို ရရှိခဲ့တယ်။
  • 14:08 - 14:11
    ကျွန်တော်ဟာ ရုပ်ရှင်တိုထဲမှာ
    အကောင်းဆုံး သရုပ်ဆောင်ဆုကို ရခဲ့တယ်။
  • 14:11 - 14:13
    ကျွန်တော် ကိုယ်ပိုင်
    ဂီတဗီဒီယိုကို ထုတ်လုပ်ခဲ့တယ်။
  • 14:13 - 14:17
    ကျွန်တော့ စာအုပ်နှစ်အုပ်ထဲက ပထမတစ်အုပ်ကို
    ဘာသာစကား ၃၀နဲ့ စောင်ရေ ၈၀၀၀၀၀ ထုတ်ပြီးပြီ။
  • 14:17 - 14:22
    အသက် ၂၉ နှစ်မှာ ကျွန်တော် ဘယ်သူလဲ ဆိုတာ
    သိတဲ့ လူတွေ တစ်ဘီလီယံ ရှိပါတယ်။
  • 14:22 - 14:25
    ကျွန်တော့် နာမည်ကို၊ အခြေအနေကို
    ကြွားဖို့အတွက် ပြောနေတာ မဟုတ်ပါဘူး၊
  • 14:25 - 14:28
    ကျွန်တော်ဟာ ခင်ဗျားတို့လိုပါပဲ
    ဆိုတာ ယုံကြည်စေလိုပါတယ်။
  • 14:28 - 14:31
    ဒါပေမဲ့၊ ကျွန်တော်က ကြီးမားတဲ့
    ရည်မှန်းချက်ကို စိတ်ကူးနိုင်တယ် ဆိုတော့
  • 14:31 - 14:35
    ဒီလို လုပ်နိုင်တာ သိရှိရလို့ ခင်ဗျားတို့ပါ
    အားတက်မိကြမှာကို ခံစားမိပါတယ်။
  • 14:35 - 14:36
    နံရံတွေဆိုတာ မရှိပါဘူး။
  • 14:36 - 14:40
    စိတ်ချမ်းမြေ့မှုကို ရှာယူပြီး နံရံတွေကို
    ပြတင်းပေါက်တွေအဖြစ် ပြောင်းပစ်လိုက်ကြပါ။
  • 14:41 - 14:42
    ကျေးဇူးအများကြီးတင်ပါတယ်။
  • 14:42 - 14:45
    (လက်ခုပ်သံ)
Title:
လက်လျှော့လိုစိတ်ကို ကျော်လွှားခြင်း - Nick Vujicic
Description:

ကလေးဘဝအစပိုင်းမှာ မိဘတွေရဲ့ အုပ်ထိန်းမှု အရေးကြီးပုံ၊ လက်လျှော့လိုစိတ်ကို ကျော်လွှားရာတွင် အဲဒါ အရေးပါပုံကို Nick က ဆွေးနွေးထားပါတယ်။ စိတ်စွမ်းအင်ဟာ ကိုယ့်အိပ်မက်တွေ လက်တွေ့ ရုပ်လုံးဖေါ်ဖြစ်ဖို့ကို မောင်းနှင်ပေးနိုင်ပေမဲ့၊ ကျွန်တော်တို့ ကိုယ့်ဘဝမှာ အံ့ဖွယ်ရာ တစ်ခုခုကို မတွေ့ခဲ့ရင် ကျွန်တော်တို့ဟာ အခြားသူ တစ်ယောက်‌အတွက် အမြဲတမ်း အံ့ဖွယ်ရာ ဖြစ်နိုင်သေးတာကို Nick က သူ့ဘဝ အတွေ့အကြုံဖြင့် ရှင်းပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
14:54

Burmese subtitles

Revisions Compare revisions