လက်လျှော့လိုစိတ်ကို ကျော်လွှားခြင်း - Nick Vujicic
-
0:06 - 0:10(ဆာဘီယန့်ဘာသာစကားဖြင့်) ကျေးဇူးတင်ပါတယ်။
-
0:10 - 0:12ကျွန်တော့်နာမည်က Nick Vujicic ပါ။
-
0:12 - 0:14၁၉၈၂ခုနှစ် သြစတြေးလျမှာ မွေးခဲ့ပါတယ်။
-
0:14 - 0:18၂၀၀၆ ခုနှစ်မှာ ဩစတေးလျမှ ကယ်လီဖိုးနီးယား
သို့ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ -
0:18 - 0:22ပြီးတော့ ကျွန်တော့်ရဲ့ ဘဝဇာတ်ကြောင်းက-
ကျွန်တော် ကျေးဇူးတင်ပါတယ်။ -
0:23 - 0:27လူတွေဟာ ကျွန်တော့်ဘဝရဲ့ အဆင့်
အချို့ကို ကြည့်ရှုအားပေးခဲ့တဲ့အတွက်၊ -
0:27 - 0:29YouTube ဗီဒီယိုတွေကို ကြည့်ခဲ့တာ၊
-
0:29 - 0:33ခြေလက်အင်္ဂါမဲ့ ကလေးလေးရဲ့
အပြုံးပုံတွေကို ကြည့်ခဲ့ကြတဲ့ အတွက်ပါ။ -
0:33 - 0:35ခင်ဗျားတို့ သိလား။ လူတွေက
ကျွန်တော့်ကို အမြဲမေးကြတာက -
0:35 - 0:37ခင်ဗျား ဘယ်လိုဖြစ်ခဲ့တာလဲ။
-
0:37 - 0:40ခင်ဗျား ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို
ဘယ်လို ကျော်လွှားခဲ့တာလဲ။ -
0:40 - 0:43ကျွန်တော် ဖြေကြားပေးခဲ့တာတွေကို
ခေါင်းစဉ် တပ်ပေးရမယ် ဆိုရင် -
0:44 - 0:47"နံရံတွေကို ပြတင်းပေါက် အဖြစ်သို့
ပြောင်းလဲပစ်ခြင်း" ဖြစ်ပါတယ်။ -
0:47 - 0:49အဲဒါကို အများပြည်သူ နားလည်အောင် ပြောရရင်၊
-
0:49 - 0:52"အတားအဆီးများကို အခွင့်အရေး
အဖြစ် ပြောင်းလဲခြင်း" ဆိုပြီး -
0:52 - 0:54ရှင်းပြရတာကို ကျွန်တော် သဘောကျပါတယ်။
-
0:55 - 0:59အဲဒါကို ကျွန်တော် ကောင်းကောင်း နားလည်လို့
ခင်ဗျားတို့နဲ့ ဝေမျှဖို့ အခု အသင့်ပါပဲ။ -
0:59 - 1:03ဒီနေ့တွင် လူပေါင်း တစ်ဘီလီယံလောက်
အဆာငတ်နေကြတာ ကျွန်တော်သိပါတယ်။ -
1:03 - 1:07ဒီနှစ်ထဲမှာ လူတစ်သန်းလောက် မိမိကိုယ်ကို
အဆုံးစီရင်ကြမှာကို ကျွန်တော် သိတယ်။ -
1:07 - 1:09ဒါဟာ စက္ကန့် ၄၀ တိုင်းမှာ
တစ်ယောက်နှုန်းကျပါ။ -
1:09 - 1:12ဒီနေ့တွင် ကျေးကျွန်ပေါင်း သန်း ၁၂၀ ရှိတာ
ကျွန်တော် သိထားရပြီး -
1:13 - 1:15ကျွန်တော် ကျေးကျွန် ၆ ယောက်နဲ့
တွေ့ဆုံခဲ့ဘူးတဲ့ အပြင် -
1:15 - 1:20ကျွန်တော်ဟာ စီးပွားရေးဆိုတဲ့
ပိရမစ်ရဲ့ ထိပ်ဆုံးကိုလည်း မြင်ခဲ့ပြီးလို့ -
1:20 - 1:22ဘီလီယံနာတွေနဲ့လည်း တွေ့ဆုံခဲ့ဘူးတယ်။
-
1:22 - 1:26ဘဏ် လုပ်ငန်းရှင်တွေကို တွေခဲ့ဘူးသလို
မိဘမဲ့တွေကိုလည်း တွေ့ခဲ့ဘူးတယ်။ -
1:26 - 1:29ကျွန်တော်တို့ အားလုံးဟာ
တစ်စုံတစ်ခုကို ရှာဖွေနေကြပါတယ်။ -
1:29 - 1:32ကျွန်တော်တို့ အားလုံး
မျှော်လင့်ချက်ကို ရှာကြံနေကြတယ်။ -
1:32 - 1:35ကိုယ်ဟာ မျှော်လင့်ချက်နဲ့ မွေးလာခဲ့ရုံနဲ့
မျှော်လင့်ချက်ကို ဆက်မရရှိနိုင်ပါဘူး။ -
1:35 - 1:39အဲဒီလို မဟုတ်ဘဲ၊ ကျွန်တော်တို့တွေ
နာကျင်မှုနဲ့အတူ မွေးဖွားလာရတာပါ။ -
1:39 - 1:42ကျွန်တော်တွေ မွေးဖွားလာရတာ၊ နေထိုင်ရတာ
အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော်ရင်းနဲ့ပါ။ -
1:42 - 1:46ကျွန်တော်တို့ရဲ့ ဘဝထဲမှာ - မိဘတွေက
ကျွန်တော့်ကို အမြဲတမ်း သင်ပေးခဲ့ကြတာက၊ -
1:46 - 1:49ကျွန်တော် ဘာကြောင့် ဒီလိုပုံစံမျိုးနဲ့
ဒမွေးလာရတာ ကျွန်တော်တို့ မသိကြတောင် -
1:49 - 1:51ကျွန်တော်တို့မှာ ရွေးစရာ ရှိတာကိုပါ။
-
1:51 - 1:53ကိုယ့်မှာ မရှိတဲ့အရာတွေ
အတွက် ဒေါသထွက်နေမလား။ -
1:53 - 1:56ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့
အရာတွေအတွက် ကျေးဇူးတင်မလား။ -
1:56 - 1:58အဲဒီရွေးချယ် ပိုင်ခွင့်ဟာဖြင့်
-
1:58 - 2:02ကျွန်တော် ကိုယ်တိုင် ဆင်ခြင် နားလည်
ခဲ့ပြီးတဲ့ နောက်မှာ၊ မိမိဘာသာမိမိ -
2:02 - 2:05အထူးသဖြင့် ကျောင်းနေစဉ် အစောပိုင်း
နှစ်တွေမှာ ဆုံးဖြတ်ခဲ့ရတယ်။ -
2:05 - 2:08ကလေးတွေ တော်တော်များများတို့က
ကျွန်တော်ဆီလာပြီး ကျီစယ်တတ်ကြတယ်။ -
2:08 - 2:11ကျွန်တော်ဟာ ညီလာခံ
၅ ခုမှာ တက်ပြီး စကားပြောခဲ့သူပါ၊ -
2:11 - 2:13ကမ္ဘာတစ်ဝန်းက သမ္မတ ၇ ယောက်နဲ့
တွေ့ဆုံခဲ့သူပါ။ -
2:13 - 2:16ကျွန်တော်ရဲ့ အကြီးမားဆုံး ပရိသတ်က
လူ ၁၁၀၀၀၀ ရှိခဲ့ဘူးတယ်။ -
2:16 - 2:19ဟောပြောပေးဖို့ ကျွန်တော်
ဖိတ်ကြားချက် ၃၀၀၀၀ ရရှိထားပါတယ်။ -
2:19 - 2:22ဒါကြောင့် ဘယ်နေရာကိုပဲ သွားသွား
ကျွန်တော်ဟာ ဘဝဟာ တန်ဖိုးရှိပုံအကြောင်း၊ -
2:22 - 2:25အနိုင်ကျင့်မှုတွေကို ဆန့်ကျင်ရေး
အမှာစကားတွေကို ပြောတတ်ပါတယ်။ -
2:25 - 2:27နိုင်ငံအသီးသီးရှိ
ပညာရေးစနစ်တွေ အတွက်ပါ။ -
2:27 - 2:29အကြီးမားဆုံး အရာက ချစ်ခြင်းမေတ္တာပါပဲ။
-
2:29 - 2:32ကျွန်တော်တို့ဆီမှာ အချစ်မေတ္တာ
မလုံလောက်ဘူးလို့ ခံစားရရင်၊ -
2:32 - 2:34မျှော်လင့်ချက်
မလုံလောက်ဘူးလို့ ခံစားမိရင်၊ -
2:34 - 2:38ကျွန်တော်တို့ဟာ ရှင်သန်ရေး
ခွန်အားတွေ စပြီး ဆုံးရှုံးလာကြမှာပါ။ -
2:38 - 2:41ကလေးဘဝတုန်းက ကျွန်တော့ဆီမှာ
ကြီးမားတဲ့ နံရံကြီး ရှိခဲ့ပါတယ်။ -
2:41 - 2:46ကျွန်တော့်ကို နံရံတွေလေးခု ဝန်းရံလျက် မျက်
နှာကျက်က အခွင့်အရေးကို အုပ်မိုးထားခဲ့တယ်။ -
2:46 - 2:50ကျွန်တော့ကို နည်းလမ်းများစွာဖြင့်
လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့ကြတယ်။ -
2:50 - 2:53အထူးသဖြင့် ကျွန်တော်ကိုချစ်ပြီး
အားပေးခဲ့တဲ့ မိဘတွေနဲ့အတူ -
2:53 - 2:56ကျွန်တော်ဟာ ကျွန်တော်ရဲ့ နဂိုပုံစံအရကို
လှပသူ ဖြစ်တာမို့လို့ -
2:56 - 2:59အခြားသူတွေ ဘယ်လိုပဲပြောပြေ
ဘာမှ စိုးရိမ်စရာမလိုဘူးလို့ -
2:59 - 3:03ရှင်းပြခဲ့ကြတဲ့ မိဘတွေနဲ့အတူ နေထိုင်းရင်း
နေ့စဉ်ဘဝကို ရှင်သန် ဖြတ်ကျော်နိုင်ခဲ့တာပါ။ -
3:03 - 3:06တကယ်တော့ ကျွန်တော်ဟာ ခြေလက်မရှိလို့
အထူးလိုအပ်ချက် ရှိခဲ့ပေမဲ့ -
3:06 - 3:10ဩစတျေးလျရဲ့ အခြေခံ ပညာရေး စနစ်ထဲ
ပါဝင်ပြီး ပညာသင်နိုင်ခဲ့တဲ့ ပမထဦးဆုံး -
3:10 - 3:13ကလေးဖြစ်ခဲ့ပြီး ၁၉၉၀ ခုနစ် လူငယ်
နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရသူပါ။ -
3:13 - 3:17ကမ္ဘာကြီးဟာ ထိခိုက်လွယ်တဲ့ နေရာဖြစ်လို့
ကမ္ဘာကြီးဟာ မျှော်လင့်ချက် လိုအပ်ပါတယ်။ -
3:17 - 3:19ကမ္ဘာကြီးဟာ ချစ်ခြင်းမေတ္တာကိုလည်း
လိုအပ်ပါတယ်။ -
3:20 - 3:23မျှော်လင့်ချက်မရှိရင် "တို့ ဒီမှာ ရှိနေတာ
ဘာ့အတွက်လဲ"လို့ ခံစားရမှာပါ။ -
3:23 - 3:25စိတ်ဓာတ်ကျစရာကြီးပဲလေ။
-
3:26 - 3:27ကျွန်တော့် အဖြစ်က ဒီလိုပါ။
-
3:28 - 3:33ဒီနေ့တွင်လည်း ကျွန်တော့်မှာ ခြေတွေ လက်တွေ
မရှိသေးပေမဲ့၊ အရာရာတိုင်း ပြောင်းလဲနေပြီ။ -
3:34 - 3:35အရာအားလုံးပါပဲ။
-
3:36 - 3:39မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုတွေကို
ကျွန်တော် ရှာကြံနေခဲ့တယ်။ -
3:39 - 3:41နှစ်များစွာ ကြာအောင် ကျွန်တော်
ရှာမတွေ့မိဘူး။ -
3:42 - 3:46တကယ်လို့ စားပွဲရဲ့ဒီဘက်ခြမ်းဟာ ကျွန်တော်
ရဲ့မျှော်လင့်ချက်ကို ကိုယ်စားပြုရင် -
3:46 - 3:49အမှန်တရားက ကျွန်တော်ဖြစ်နိုင်တဲ့
အရာအားလုံးဖြစ်လာဖို့ အားပေးပါတယ်။ -
3:49 - 3:52ဒါပေမဲ့ ကျွန်တော်တို့ဟာ မုသားကိုလည်း
နေ့တိုင်း ကြားနေရပြီး -
3:52 - 3:57ကျွန်တော့်တို့ရဲ့ အသိစိတ်ထဲ ဝင်လာလို့
စိတ်ဓာတ်ကျအောင် လုပ်တဲ့သူတွေ ရှိတယ်။ -
3:57 - 4:00ခင်ဗျားတို့ သိရဲ့လား၊ ခင်ဗျားတို့ ဘဝထဲက
လူတချို့တို့ဟာ -
4:00 - 4:02ခင်ဗျားတို့အတွက် ဘယ်လောက်ပဲ
ကောင်းမွန်တဲ့ နေ့ရက်ပဲ ဖြစ်ပါစေ၊ -
4:02 - 4:05ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင်
လုပ်ကြမယ့် သူတွေပါ။ -
4:05 - 4:08ဒါမှမဟုတ် ခင်ဗျားတို့ သိပ်ကို
ဆိုးဝါးတဲ့နေ့ကို ရင်ဆိုင်ရပါစေ၊ -
4:08 - 4:10သူတို့ဟာ သင့်ကို ဒီထက် ပိုနှိမ့်ချဖို့
လုပ်ကြမယ့် သူတွေပါ။ -
4:10 - 4:13ကျွန်တော်ဘာကို ဆိုလိုမှန်း
ခင်ဗျားတို့ နားလည်တယ်နော်။ -
4:13 - 4:16ခင်ဗျားတို့ ဘဝထဲက စိတ်ဓာတ်ကျစရာ
အကြီးမားဆုံး သုံးချက်ကို တွေးကြည့်ပါ။ -
4:16 - 4:19ခင်ဗျားတို့ရဲ့စိတ်ဓာတ်ကျစရာက
အဲဒီအချက်တွေ မဟုတ်ဘူး။ -
4:19 - 4:21သင်ကိုယ်တိုင်ပါ။
-
4:21 - 4:25ကျွန်တော်ဟာ ခင်ဗျားတို့ကို စိတ်ဓာတ်ကျအောင်
ပြောချင်ရင် ၃ စက္ကန့်ပဲ လိုအပ်ပေမဲ့၊ -
4:25 - 4:28အဲဒီ စကားလုံးတွေကို ခင်ဗျားတို့
တသက်လုံး မေ့ရနိုင်မှာ မဟုတ်ဘူး -
4:28 - 4:32အသက် ၄၀၊ ၅၀ အရွယ် အမျိုးသမီး အများအပြားကို
ကျွန်တော် တွေ့ဆုံခဲ့ဖူးတယ်။ -
4:32 - 4:35သူတို့ဟာ ဖခင် ပြောခဲ့တဲ့စကားတွေကို
မှတ်မိနေကြတုန်းပါပဲ။ -
4:35 - 4:37ဘယ်တော့မှ မကြားချင်စရာ
စကားလုံးတွေပါ။ -
4:37 - 4:39စကားလုံးတွေဟာ စွမ်းထက်ကြပါတယ်။
-
4:39 - 4:42သင်ဟာ အဲဒီလို စကားလုံးတွေကို
ကြားလိုက်ရတဲ့အခါ -
4:42 - 4:45သင့်ရဲ့ အသိစိတ်ဟာ အဲဒီမုသားစကားတွေနဲ့
ကြီးထွားလာတော့မှာပါ။ -
4:45 - 4:49"Nick၊ မင်း သိပ်မတော်သေးဘူး၊ ဘယ်တော့မှ
အလုပ်ရမှာ မဟုတ်ဘူး၊ လက်လျှော့လိုက်တော့’’။ -
4:49 - 4:52"မင်း လက်ထပ်နိုင်မှာ မဟုတ်ဘူး၊ ဇနီးရဲ့
လက်ကိုတောင် ကိုင်ထားနိုင်မှာ မဟုတ်ဘူး။" -
4:52 - 4:56"ကိုယ့်ကလေးတွေ ငိုနေချိန်မှာ
မချီယူနိုင်စွမ်းတောင် မရှိဘူးဆိုရင်၊ -
4:56 - 4:58မင်းဟာ ဘယ်လိုလုပ်ပြီး
အဖေ တစ်ယောက် ဖြစ်နိုင်မှာလဲ။" -
4:58 - 5:02ကိုယ်ဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့မှာပဲ။
ကိုယ့်မိဘတွေ ကိုယ့်ကို ပွေ့ဖက်ကြမှာပါ။ -
5:02 - 5:05ဒါပေမဲ့ သူတို့ရဲ့ ပွေ့ဖက်ခြင်းက
ကိုယ့်ကို ကုသမပေးနိုင်ဘူး။ -
5:05 - 5:12အရှုံးသာ ပေးလိုက်တော့။
အရှုံပေးလိုက်တော့။ အရှုံးပေးလိုက်တော့။ -
5:13 - 5:17အသက် ၈ နှစ် အရွယ်မှာ ကျွန်တော် အဆုံးစီရင်
သင့်တယ်လို့ တွေးမိခဲ့တယ်။ ဘာကြောင့်လဲ။ -
5:18 - 5:22ကျွန်တော့်ဆီမှာ မျှော်လင့်ချက်တွေ မရှိဘူး၊
မျှော်လင့်ချက် မရှိဘူးလို့ ထင်ခဲ့လို့ပါ။ -
5:23 - 5:27ဒီနေ့တွင် သင်တို့ မြင်ကြရသလို
ကျွန်တော့်ဆီမှာ မျှော်လင့်ချက် ရှိနေပါပြီ။ -
5:27 - 5:31ကိုယ်က ယုံကြည်ပေမဲ့ ကိုယ်မြင်မရနိုင်တဲ့
အရာအတွက် စကားလုံးက ဘာလဲ။ ယုံကြည်မှုပါ။ -
5:32 - 5:34စကားလုံးတွေဟာ အရာအများကြီးကို
ပြုလုပ်နိုင်စွမ်း ရှိကြတယ်၊ -
5:34 - 5:38ပွေ့ဖက်ခြင်းတွေက စကားလုံး
တွေထက် ပိုပြီး အစွမ်းထက်ကြပေမဲ့၊ -
5:38 - 5:42ပွေ့ဖက်ခြင်းက ဘာကိုမှ လုပ်မပေးနိုင်ရင်
ယုံကြည်မှုက ဝင်ပြီး ကူပေးရတယ်။ -
5:42 - 5:47ကျွန်တော့်မှာ စကားလုံးတွေနဲ့ပွေ့ဖက်မှုတွေ
မလုံလောက်ခဲ့ပေမဲ့၊ ယုံကြည်မှု မဲ့နေခဲ့တယ်။ -
5:47 - 5:49ဒါကြောင့် အရှုံးပေးချင်စိတ် ပေါ်လာခဲ့တယ်။
-
5:49 - 5:54အသက် ၁၀ နှစ်မှာ ၆ လက်မ အနက်ရှိတဲ့ ရေထဲမှာ
နှစ်သတ်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ -
5:55 - 5:56ကျွန်တော့်ရဲ့ အိမ်မှာပါ။
-
5:56 - 6:01အဖေ့ကို ကစားနေတာလို့ ရှင်းပြခဲ့ပေမဲ့
တကယ်တော့ ကိုယ့်ဘဝကို အဆုံးစီရင်ချင်ခဲ့တာ။ -
6:01 - 6:05ဖြစ်ခဲ့ပုံက မျိုးစုံပါပဲ။ တော်လောက်ပါပြီ။
(ဆာဘီးယန်း ဘာသာစကားနဲ့) -
6:07 - 6:10ပမထ နှစ်ကြိမ်မှာ ကျွန်တော်
လက်လျှော့ ပေးလိုက်ရတယ်။ -
6:11 - 6:14အသက်ရှူမထုတ်မီ အဆုတ်ထဲမှာ လေကို ဘယ်
လောက်ကြာ အောင့်ထားနိုင်မလဲ သိချင်ခဲ့တယ်။ -
6:15 - 6:19တတိယ အကြိမ်မှာကျတော့ ကိုယ့်ဘဝထဲက
အနိုင်ကျင့်ခံရမှာတွေကြောင့်၊ -
6:19 - 6:22ကိုယ်ဟာ ကိုယ့်မိဘတွေ အတွက်
ဝန်ထုပ်ကြီး ဖြစ်နေတာကြောင့်၊ -
6:22 - 6:25ကိုယ့်ဆီမှာ မျှော်မှန်းစရာ အနာဂတ်ရယ်လို့
မရှိခဲ့တဲ့ အတွက်ကြောင့် -
6:25 - 6:28ကျွန်တော်ဟာ ဒီလောကကြီးကို စွန့်ပစ်
ချင်တယ်လို့ စိတ်ထဲမှာ ခံစားမိတယ်။ -
6:28 - 6:30အဲဒီအချိန်မှာ ကျွန်တော်
သဘောပေါက်လိုက်တဲ့ တစ်ချက်က -
6:30 - 6:33ကိုယ်ဟာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင် လိုက်မယ်ဆိုရင် -
6:33 - 6:37ကျွန်တော့ မိဘတွေမှာ ရှိနှင့်နေတဲ့ ဝန်ထုပ်
ဝန်ပိုးတွေကို ပိုဆိုးလာစေခဲ့မှာကိုပါ။ -
6:37 - 6:43ခြေလက်မရှိတဲ့ ကလေးတစ်ယောက်
ရှိတာနဲ့ စာရင် မျှော်လင့်ချက် နည်းစရာ -
6:43 - 6:46ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ပိုးလေးလံစရာ
အရာတစ်ခုပဲ ရှိနိုင်တယ်လေ။ -
6:46 - 6:50အဲဒါက ဘာလဲ ဆိုတော့ ဘဝကိုအရှုံး
ပေးလိုက်တဲ့ ခြေလက်မရှိတဲ့ ကလေးပါ။ -
6:50 - 6:53ကိုယ့်ကို အဆုံးစီရင်ခဲ့လို့
ကျွန်တော့်အဖေနဲ့အမေကို၊ -
6:53 - 6:57ပြီးတော့ ကျွန်တော့ ညီအကိုတွေ
ကျွန်တော့်အုတ်ဂူမှာ ငိုနေကြတာကို -
6:57 - 7:00မြင်ယောင်မိခြင်းက ကျွန်တော့်ကို
ကယ်တင်လိုက်တယ်။ -
7:00 - 7:04ကျွန်တော့် မိဘတွေက ကျွန်တော်ဟာ နဂိုရှိရင်း
အတိုင်း လှပတယ်လို့ မပြောခဲ့ကြရင်၊ -
7:04 - 7:07ကျွန်တော့်မိဘတွေက ကျွန်တော့်ကို
ထူးကဲတယ် ချစ်တယ်လို့ မပြောခဲ့ကြရင်၊ -
7:07 - 7:09ကျွန်တော် ဒီနေ့ ဒီနေရာမှာ
ရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။ -
7:09 - 7:13လူငယ်တွေကို အားပေးဖို့ ကြိုးစားနေကြတဲ့
မိဘတွေကို ကျွန်တော် အားပေးပါတယ်။ -
7:13 - 7:15အထူးသဖြင့် အနောက်နိုင်ငံတွေမှာ၊
-
7:15 - 7:18လူငယ်တွေဟာ တံခါးမှာ 'မနှောင့်ယှက်ပါနဲ့'
ဆိုတဲ့ စာတန်းကို တပ်လေ့ရှိကြတော့ -
7:18 - 7:20ပိုလို့ကို အားပေးဖို့ လိုပါတယ်။
-
7:20 - 7:22ကမ္ဘာတစ်ဝန်းက မိဘတွေနဲ့
ဆယ်ကျော်သက်တွေကြား စကားပြောဆိုပုံဟာ -
7:22 - 7:25-ကျောင်းမှာ ဘယ်လိုလဲ-ကောင်းတယ်
-ဘာသင်ခဲ့လဲ-ဘာမှမသင်ခဲ့ရဘူး' -
7:25 - 7:27-အိမ်စာ လုပ်ပြီးပြီလား။-မလုပ်ရသေဘူး။
-
7:27 - 7:29တစ်နေ့တာ စကားပြောဆိုကြပုံက
အဲဒီလို ပုံစံမျိုးလေ။ -
7:29 - 7:32ကိုယ်က ကိုယ့်ကလေးတွေကို လှပပါတယ်လို့
ပြောတဲ့အခါ သူတို့ ပြောလာမှာက -
7:32 - 7:35"ဟုတ်တယ်။ ကျွန်ုပ် လှတာပေါ့၊
ခင်ဗျားတို့ရဲ့ သား၊ သမီးပဲလေ။ -
7:35 - 7:37ခင်ဗျားတို့ အဲဒီလိုပဲ ပြောကြရမှာပါ။"
-
7:37 - 7:39ဒါပေမယ့် သူတို့ မှန်ကြပါတယ်။
-
7:39 - 7:42လူသား တစ်ဦးချင်းဆီမှာ
တန်ဖိုးဆိုတာ ရှိတတ်ပြီး၊ -
7:42 - 7:45ကိုယ်တန်ဖိုးကို ကိုယ့် ပုံပန်းကို
ကြည့်ပြီး ဆုံးဖြတ် မရနိုင်ပါဘူး၊ -
7:46 - 7:49ကိုယ့် အလုပ်တွေ၊ ဘယ်နေရာက
လာတာလဲ၊ ဘယ်မှာမွေးတာလဲ၊ -
7:49 - 7:52ဘယ်လောက် ပိုက်ဆံရှိတာလဲ၊ အဲဒါတွေ
အားလုံးဟာ ဘာမှ အရေးမပါပါဘူး။ -
7:52 - 7:56ဆယ်ကျော်သက်တွေက အချင်းချင်း ကျွန်ုပ်
တို့ရဲ့ အသွင်အပြင်တွေကို ကျီစယ်ကြတယ်ပေါ့။ -
7:56 - 7:58ကျွန်တော်က ဆယ်ကျော်
သက်တွေကို မေးတတ်တာက၊ -
7:58 - 8:02"မင်းရဲ့ သူငယ်ချင်းအဖြစ် လက်ခံဖို့
ငါဟာ စမတ်ကျတယ် ထင်လား" -
8:02 - 8:04သူတို့ ဖြေလေ့ ရှိကြတာက၊ "သိပ် ဟုတ်တာပေါ့'
-
8:04 - 8:07ကျွန်တော်က၊ "ငါ့ဆီမှာ ခြေလက် တွေမရှိဘူး"၊
သူတို့က "အဲဒါ အရေးမကြီးဘူးတဲ့" -
8:07 - 8:10ကျွန်တော်က "ခြေလက်တွေ
မရှိတာ တကယ်ပဲ အရေးမကြီးဘူးလား။" -
8:10 - 8:12သူတို့က အရေးမကြီးပါဘူးတဲ့။
-
8:12 - 8:15အဲဒါနဲ့ ကျွန်တော်က "အဲဒါ တကယ့်ကို
အရေးမကြီးဘူး ဆိုရင်၊ -
8:15 - 8:17ဘာကြောင့်များ လူတွေ အချင်းချင်း
စကားလုံးတွေနဲ့ ထိုးသတ်နေကြတာလဲ၊ -
8:17 - 8:19တကယ့်ကို အရေးမကြီးဘူး ဆိုရင်ပေါ့။"
-
8:19 - 8:22ကျွန်ုပ်တို့ဟာ မှန်ထဲမှာ ကိုယ့်ကိုယ်ကို
ကြည့်ကြတဲ့ အခါ -
8:22 - 8:25တန်ဖိုးထားရမယ့်သူ အစား
ရုပ်ဆိုးသူကို မြင်ကြရတာ ဘာဖြစ်လို့လဲ။ -
8:25 - 8:29ဒီနေ့ ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက
ခင်ဗျားတို့ ရှာဖွေနေကြတာက ဘာများလဲ။ -
8:29 - 8:33ကျွန်တော်က ခင်ဗျားတို့ကို ဒေါ်လာတစ်ဘီလီယံ
ပေးရင် ခင်ဗျားတို့ စိတ်ချမ်းသာမလား။ -
8:33 - 8:37တကယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဒေါ်လာ
တစ်ဘီလီယံ ပေးရင် ကျွန်တော်ပျော်မှာပါ။ -
8:37 - 8:39ဒါပေမဲ့ ကျွန်တော့်အမေ ဒီညမှာ ဆုံးသွားရင်၊
-
8:39 - 8:41ကျွန်တော် ပျော်နိုင်မလား။
ဘယ်ပျော်နိုင်မလဲဗျာ။ -
8:42 - 8:45ကမ္ဘာပေါ် ရှိသမျှ ပိုက်ဆံတွေ ပိုင်တောင်
ကျွန်တော် ပျော်နိုင်မှာ မဟုတ်ပါဘူး။ -
8:45 - 8:50ဟုတ်တယ်မလား။ ငွေဆိုတာ
စိတ်နှလုံးကို မကုစားနိုင်လို့ပါ။ -
8:50 - 8:54ဒါကြောင့် ဆယ်ကျော်သက်တွေက အချစ်ကို၊
စိတ်နှလုံးကို ကုစားနိုင်မယ့် အချစ်ကို၊ -
8:54 - 8:57အသည်းနှလုံးကို ပြီးပြည့်စုံလာစေမယ့်
ချစ်ခြင်းမေတ္တာကို ရှာဖွေနေကြတာပါ။ -
8:57 - 9:01ဒါပေမဲ့ လက်မထပ်မီအထိ
ကျွန်တော်ဟာ လူပျိုစစ်စစ် ဖြစ်ခဲ့သူပါ။ -
9:01 - 9:04ကျွန်တော့ ဇနီးဟာ တကယ့်ကို လှပသူပါ၊
ပထမဆုံးသား မွေးမှာကို စောင့်နေကြတယ်။ -
9:04 - 9:07သူမရဲ့လက်ကို ဆုပ်ကိုင်ဖို့
ကျွန်တော့်ဆီမှာ လက်ရှိဖို့ မလိုပါဘူး၊ -
9:07 - 9:09ကျွန်တော် ပွေ့ပိုက်ထားချင်တာက
သူ့နှလုံးသားကိုပါ။ -
9:09 - 9:12ကျွန်တော့် ကလေးကို ဘယ်လိုပွေ့ဖက်မှာကို
ခင်ဗျားတို့ သိကြလား။ -
9:12 - 9:15ကလေးတွေ ကျွန်တော့်ဆီလာကြတာ
အများကြီး၊ အံ့အားသင့်စရာကြီးပဲ။ -
9:15 - 9:19လည်ပင်းရဲ့ နောက်မှာ သူတို့လက်တွေ ချိတ်
ထားရင်း လည်ပင်းနဲ့ ကျွန်တော့်ကို ဖက်ကြတယ်။ -
9:19 - 9:21ကျွန်တော့ ဘဝမှာ၊ ဘဝထဲက အဆိုးဆုံး
အစိတ်အပိုင်းကိုတောင်မှ၊ -
9:21 - 9:24အကောင်းဘက်ကို ပြောင်းလဲရနိုင်တာကို
ကျွန်တော် သိနားလည်မိတယ်။ -
9:24 - 9:26ပိုလို့ကို ထူးကဲလာစေနိုင်ပါတယ်။
-
9:26 - 9:29ဆယ်ကျော်သက်တွေ အချစ်ကို ရှာဖွေနေကြပြီး
သူတို့ လုပ်ချင်ကြတဲ့ အရာတွေက၊ -
9:30 - 9:32လက်မထပ်မီ ဖိုမဆက်ဆံဖို့ကိုပါ။
-
9:32 - 9:36ကျွန်တော့် အတွက် လက်မထပ်ပဲ ဖိုမဆက်ဆံ
ခြင်းဟာ ၅ ဒေါ်လာတန်တဲ့ Gucci နာရီလိုပါပဲ။ -
9:36 - 9:38လက်ထပ်ပြီး လူတစ်ယောက်နဲ့ ဖိုမဆက်ဆံခြင်းဟာ၊
-
9:39 - 9:43ကိုယ့်ကိုချစ်ပြီး ဘဝ တစ်သက်တာလုံး
ကိုယ့်ကို သစ္စာရှိသူ၊ ကိုယ့်ကလေးရဲ့ -
9:43 - 9:46အဖေ (သို့) အမေ ဖြစ်လာမယ့်သူနဲ့
ဖိုမဆက်ဆံခြင်းကမှ အချစ်စစ်စစ်ပါ။ -
9:46 - 9:48ခင်ဗျားတို့ဟာ ကြိုက်သလောက် လူတွေ
အများကြီးနဲ့ အိပ်နိုင်ပေမဲ့၊ -
9:48 - 9:52"သူတို့ ငါ့ကို ချစ်ရဲ့လား" ဆိုတာ
ခင်ဗျားတို့ သေချာပေါက် မသိနိုင်ဘူးလေ။ -
9:52 - 9:55အချစ်ဆိုတာ တစ်သက်လုံးအတွက်
ပေးရတဲ့ ကတိပါ။ ဘဝထဲ ရွေးရတာတွေ ရှိတတ်တယ်။ -
9:55 - 9:58ကျွန်တော်တို့ စောင့်ကြည့်နေကြတုန်း။
ခင်ဗျားတို့ ဘာကို စောင့်နေကြတာလဲ။ -
9:58 - 10:02တစ်ကြိမ်ပဲ နေထိုင်ရတော့၊ အရက်ကို
သောက်ချင်ရင် သောက်နိုင်တာပေါ့ဗျာ။ -
10:02 - 10:04သင် ယုံကြည်တဲ့ ဘဝပုံစံက အဲဒါမျိုး
ဆိုလည်း ကောင်းပါပေ့။ -
10:04 - 10:07ကျွန်တော်က လောဘကြီးတယ်၊
အသက် ၉၀ ထက် ပိုပြီးနေချင်တယ်။ -
10:07 - 10:09ကျွန်တော် နှစ်ပေါင်း ကုဋေချီပြီး
နေချင်ပါတယ်။ -
10:09 - 10:13ပြီးတော့ ကျွန်တော် သိသေးတာက၊ နေ့စဉ်နဲ့
အမျှ ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီဘဝကို၊ -
10:13 - 10:17အခြားသူတွေရဲ့ဘဝနဲ့ ကျွန်တော့်
ထာဝရအသက်ကို သက်ရောက်မယ် ဆိုတာကိုပါ။ -
10:17 - 10:23ကိုယ်ဟာ ဘယ်သူလဲ၊ ဒီနေရာကို ရောက်ရှိနေတာ
ဘာကြောင့်လဲ ကိုယ်ဟာ သိဖို့ လိုအပ်တယ်။ -
10:23 - 10:27William Barkley ပြောခဲ့ဘူးတာက၊ လူတိုင်း
ရဲ့ ဘဝထဲမှာ အထူးကဲဆုံး ရက် ၂ ရက်ရှိပါတယ်- -
10:27 - 10:31ကိုယ် မွေးဖွားခဲ့တဲ့ နေ့နဲ့ ဘာကြောင့်
မွေးခဲ့တာကို ကိုယ် သိလာတဲ့ နေ့ပါ။ -
10:31 - 10:33ဒါကြောင့် "အား၊ ငါအရုပ်ဆိုးလိုက်တာ။"
-
10:33 - 10:37မဟုတ်ဘူး၊ ငါဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့
လှပါတယ်လေ။ -
10:37 - 10:41တကယ်လို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဘူး
ဆိုရင်၊ မိန်းကလေးတွေ တော်တော်များလိုပဲ၊ -
10:41 - 10:44စိတ်ပိုင်းအရ အလွှဲသုံးစားလုပ်တတ်ကြတဲ့
ချစ်သူတွေနဲ့ ဆက်နေနေကြတာက၊ -
10:44 - 10:48"သူနဲ့ပြတ်ရင် ဘယ်သူက ကျွန်မကို
လိုချင်မှာလဲ" စိုးရိမ်နေကြလို့ပါ။ -
10:48 - 10:51ခင်ဗျားတို့ တွေ့မြင်ကြသလို ကျွန်တော်တို့
အားလုံးက အချစ်ကို လိုချင်ကြတယ်လေ။ -
10:51 - 10:54အဲဒါက ကျွန်တော်တို့ ရံဖန်ရံခါ
လုပ်တတ်ကြတာရဲ့ အကြောင်းရင်းပါပဲ။ -
10:54 - 10:55လူအုပ်ထဲမှာ ဝင်ဆံ့နိုင်ဖို့၊
-
10:55 - 10:58ကျွန်တော် ကျိန်ပြောရဲတယ်၊
အပြတ်သားနားရမယ်- -
10:58 - 10:59လောကကြီးက အဲဒါမျိုးလေ။
-
10:59 - 11:03"ငါ သူမနဲ့ တူချင်လိုက်တာ၊ ငါသာ သူ့ထက် အရပ်
ပိုရှည်/တိုခဲ့ရင်၊ သားနား နာမည်ကြီးခဲ့ရင်" -
11:03 - 11:06ကိုယ်က ဘာတွေပဲ လိုချင်လိုချင်
မလုံလောက်နိုင်ပါဘူး။ -
11:06 - 11:08အမှန်တရားကို သင် ရှာမတွေ့မချင်းပေါ့လေ။
-
11:08 - 11:11ကျွန်တော့်ကို အံ့အားသင့်ဖွယ်၊
ပြီးပြည့်စုံအောင် ဖန်ဆင်းပေးထားတာပါ။ -
11:11 - 11:14ကျွန်တော့် ဘဝအတွက် ကြီးမားတဲ့
ရည်ရွယ်ချက် ရှိပါတယ်။ -
11:14 - 11:17ကျွန်တော် ဒီမှာ ရှိနေတာ အကြောင်းရှိတယ်။
-
11:17 - 11:20ကျွန်တော့်မှာ အံ့ဩဖွယ်ရာ
မရှိတာလည်း အမှန်ပါ။ -
11:20 - 11:23ဒါပေမဲ့၊ အံ့ဩဖွယ်ရာတွေကို ဖန်တီးနိုင်တဲ့
ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပြီး၊ -
11:23 - 11:26ကျွန်တော့်ရဲ့ ဗီဒီယိုထဲမှာ
ဖိနပ်တစ်စုံလည်း အသင့်ရှိနေတယ်။ -
11:26 - 11:27ဘာကြောင့်လဲ ဆိုတော့၊
-
11:27 - 11:30မျက်မမြင်တွေ မြင်ကြတာ၊ စွံအသူတွေ
ကြားနိုင်ကြတာ မြင်တွေ့ခဲ့ဘူးလို့ပါ။ -
11:30 - 11:34ခင်ဗျားတို့ ကျွန်တော်ကို မယုံလည်း ရပါတယ်၊
အဲဒါကို ကင်မရာနဲ့ ရိုက်ထားတယ်လေ။ -
11:34 - 11:36ဒါပေမဲ့၊ ကျွန်တော်
နားလည်တာ တစ်ခုရှိတယ်။ -
11:36 - 11:39ဘုရားသခင်က ကျွန်တော့်
အခြေအနေကို ပြောင်းလဲမပေးဘူး ဆိုရင် -
11:39 - 11:42ကျွန်တော့်ဘဝကို အခြားသူအတွက်
အံ့သြဖွယ်အဖြစ် အသုံးပြုနိုင်မှာကိုပါ။ -
11:42 - 11:44အံ့ဩဖွယ်ကို ကိုယ် မရရှိလိုက်ပေမဲ့၊
-
11:44 - 11:47ကိုယ်ဟာ တစ်စုံတစ်ယောက် အတွက်
အံ့သြဖွယ်ရာ ဖြစ်နိုင်ပါသေးတယ်။ -
11:47 - 11:50ကျွန်တော် လှပတဲ့
ဇာတ်လမ်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ -
11:50 - 11:53ကျွန်တော် ကယ်လီဖိုးနီးယား
တောင်ပိုင်းမှာ နေထိုင်ခဲ့တယ်။ -
11:53 - 11:54ကျွန်တော့်ဆီမှာ အဖွဲ့ ၂ ဖွဲ့ ရှိခဲ့ကြရာ
-
11:55 - 11:58အမြတ်မရှာတဲ့ အဖွဲ့အစည်းနဲ့ အမြတ်ရဖို့
လုပ်ကိုင်တဲ့ အဖွဲ့အစည်းပါ။ -
11:58 - 12:02ကျွန်တော် ၂၀၀၇ နဲ့၂၀၁၀ ခုနှစ်ကြား ခန့်
မှန်းခြေ အကြိမ် ၁၀၀၀ လောက် ဟောပြောခဲ့ပြီး -
12:02 - 12:05လေယာဉ်စီးပြီး
အကြိမ် ၆၀၀ လောက် ခရီးထွက်ခဲ့ရတယ်။ -
12:05 - 12:09ကျွန်တော် လူ ၄.၅ သန်းလောက်ကို မျက်နှာ
ချင်းဆိုင် ဟောပြောခဲ့ပြီး အခုဆာဗီးယားကို -
12:09 - 12:14ရောက်နေစဉ် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းမှာ
မီဒီယာမှတစ်ဆင့် ၅ သန်း ပြည့်လာခဲ့ပြီ။ -
12:15 - 12:19ဒါကြောင့်၊ ကျွန်တော်တို့မှာ အခြားသူတွေ
ချစ်ဖို့ လူ့နှလုံးသား ရှိပါတယ်။ -
12:19 - 12:23လူတွေကို တစ်ဦးနဲ့တစ်ဦး ချစ်စေချင်တယ်၊
မိမိကိုယ်မိမိလည်း ချစ်ဖို့လိုတယ်၊ -
12:23 - 12:26ကြီးမားတဲ့ ရည်မှန်းချက်ကို စိတ်ကူးကြပါ၊
ဘယ်တော့မှ အရှုံးမပေးကြပါနဲ့။ -
12:26 - 12:29ကျွန်တော်တို့ အားလုံး မျှော်လင့်ချက်ကို
ရှာဖွေကြနေတယ်၊ ဟုတ်တယ်မလား။ -
12:29 - 12:33ခင်ဗျားတို့ ဘာကို ရှာဖွေကြနေတာလဲ။
ပိုက်ဆံ၊ ဆေးဝါး၊ လိင်ဆက်ဆံမှု၊ အရက်၊ -
12:33 - 12:36ကာမရာဂစိတ်ကို လှုံဆော်တဲ့ အရာ၊
ကျော်ကြားမှု၊ အခွင့်အလမ်းတွေလား။ -
12:36 - 12:39ဘယ်တော့မှ ကျေနပ်နိုင်မှာ မဟုတ်ဘူး။
-
12:39 - 12:41ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး။
-
12:41 - 12:45ဒါပေမဲ့ စိတ်ချမ်းသာမှုကို လိုအပ်ရင်
ဒါကို စဉ်းစားကြည့်ကြပါ။ -
12:45 - 12:49လွန်ခဲ့တဲ့ ၅-၆ နှစ်တုန်းက ကျွန်တော် အသက်
၂၄ နှစ်တွင် ကယ်လီဖိုးနီးယားမှာ နေခဲ့တယ်။ -
12:50 - 12:52ကျွန်တော်နဲ့ တူတဲ့လူ
တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးဘူး။ -
12:52 - 12:56ကျွန်တော် အသက် ၁၀ နှစ်တုန်းက ကျွန်တော်နဲ့
တူတဲ့လူ တစ်ယောက်ယောက်နဲ့ တွေ့ချင်ခဲ့တယ်။ -
12:57 - 13:00ဘယ်တုန်းကမှ လက်တွေ့ ဖြစ်မလာခဲ့ဘူး။
အံ့ဩဖွယ်ရာ ဖြစ်မလာခဲ့ဘူး။ -
13:00 - 13:03အသက်၂၄ နှစ်မှာ ကယ်လီဖိုးနီးယားတွင်
ကလေး တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်၊ -
13:03 - 13:06ခြေလက်တွေ မရှိဘဲ ကျွန်တော်နဲ့ တူခဲ့ပြီး
၁၉ လအရွယ် ကလေးလေးပါ။ -
13:08 - 13:11သူလည်း အနိုင်ကျင့်ခံရမှာကို
ကျွန်တော် သိခဲ့တယ်၊ -
13:12 - 13:15သူဟာ စိတ်ဓာတ်ကျမှုတွေ ဖြတ်ကျော်ရမှာ၊
အထီးကျန်လို ခံစားရမှာ၊ -
13:15 - 13:19ချစ်သူ ရှိမှရှိပါ့မလား သူစိုးရိမ်မိမှာ၊
စသဖြင့် ကျွန်တော် နားလည်ခဲ့တယ်။ -
13:22 - 13:25ဒါနဲ့ လူ ၂၀၀၀ တို့ရဲ့ရှေ့မှာ ကလေးကို
စင်ပေါ် ခေါ်လာဖို့ ဖခင်ကို ပြောလိုက်တယ်။ -
13:27 - 13:29ခန်းမထဲက လူတိုင်းဟာ ငိုနေခဲ့ကြတယ်။
-
13:30 - 13:33အဲဒီဖြစ်ရပ်က ကိုယ်ဟာ အံ့ဩဖွယ်ရာ
တစ်ခုခုကို မရရှိခဲ့ပေမဲ့၊ -
13:34 - 13:37ကိုယ်ဟာ အခြားသူ တစ်ယောက်ယောက်
အတွက် အံ့ဩဖွယ်ရာ ဖြစ်နိုင်တာကို -
13:37 - 13:40တကယ့်ကို လက်တွေ့ လုပ်ပြပြီး
သက်သေထူပြမှုပဲ ဖြစ်ခဲ့ပါတယ်။ -
13:40 - 13:43ကျွန်တော် လူစွမ်းကောင်း မဟုတ်ပါဘူး၊
သင်တို့လိုပါပဲ၊ -
13:43 - 13:46ဘဝထဲ အနိမ့်အမြင့်တွေကို ကျော်ဖြတ်နေရသူပါ။
-
13:46 - 13:49ဒါပေမဲ့ တစ်ခါတစ်လေ တစ်ရက်လောက်
အချိန်ယူပြီး၊ ကိုယ်ဟာ ဘယ်သူလဲ၊ -
13:49 - 13:52ဒီမှာ ရှိနေတာ ဘာကြောင့်လဲကို သိရှိထားလို့
စိတ်ချမ်းမြေ့နေပြီလား၊ -
13:52 - 13:55ဒီမှာမရှိတဲ့အခါ ကိုယ်ဟာ ဘယ်ကိုဆက်သွားမှာလဲ
ဆိုတာကို ဆန်းစစ်ကြည့်ပါ။ -
13:55 - 13:59ကျွန်တော့် အတွက်ကျတော့၊ ကျွန်တော်
ဘယ်လို ကျော်ဖြတ်ခဲ့တာကို နားလည်ချင်တယ်။ -
13:59 - 14:01ကျွန်တော့်မှာ နံရံတွေ တစ်ခုမှ မရှိတော့ဘူး
-
14:01 - 14:05ကျွန်တော့် စာအုပ်အမည်က "အကန့်အသတ်
မရှိသော ဘဝ" ဆိုတော့ ဖြစ်ချင်ရာ ဖြစ်ပါစေ။ -
14:05 - 14:08ကျွန်တော် ရုပ်ရှင်တိုမှာ သရုပ်ဆောင်ခဲ့ရာ
ဆု ၃၀ ကို ရရှိခဲ့တယ်။ -
14:08 - 14:11ကျွန်တော်ဟာ ရုပ်ရှင်တိုထဲမှာ
အကောင်းဆုံး သရုပ်ဆောင်ဆုကို ရခဲ့တယ်။ -
14:11 - 14:13ကျွန်တော် ကိုယ်ပိုင်
ဂီတဗီဒီယိုကို ထုတ်လုပ်ခဲ့တယ်။ -
14:13 - 14:17ကျွန်တော့ စာအုပ်နှစ်အုပ်ထဲက ပထမတစ်အုပ်ကို
ဘာသာစကား ၃၀နဲ့ စောင်ရေ ၈၀၀၀၀၀ ထုတ်ပြီးပြီ။ -
14:17 - 14:22အသက် ၂၉ နှစ်မှာ ကျွန်တော် ဘယ်သူလဲ ဆိုတာ
သိတဲ့ လူတွေ တစ်ဘီလီယံ ရှိပါတယ်။ -
14:22 - 14:25ကျွန်တော့် နာမည်ကို၊ အခြေအနေကို
ကြွားဖို့အတွက် ပြောနေတာ မဟုတ်ပါဘူး၊ -
14:25 - 14:28ကျွန်တော်ဟာ ခင်ဗျားတို့လိုပါပဲ
ဆိုတာ ယုံကြည်စေလိုပါတယ်။ -
14:28 - 14:31ဒါပေမဲ့၊ ကျွန်တော်က ကြီးမားတဲ့
ရည်မှန်းချက်ကို စိတ်ကူးနိုင်တယ် ဆိုတော့ -
14:31 - 14:35ဒီလို လုပ်နိုင်တာ သိရှိရလို့ ခင်ဗျားတို့ပါ
အားတက်မိကြမှာကို ခံစားမိပါတယ်။ -
14:35 - 14:36နံရံတွေဆိုတာ မရှိပါဘူး။
-
14:36 - 14:40စိတ်ချမ်းမြေ့မှုကို ရှာယူပြီး နံရံတွေကို
ပြတင်းပေါက်တွေအဖြစ် ပြောင်းပစ်လိုက်ကြပါ။ -
14:41 - 14:42ကျေးဇူးအများကြီးတင်ပါတယ်။
-
14:42 - 14:45(လက်ခုပ်သံ)
- Title:
- လက်လျှော့လိုစိတ်ကို ကျော်လွှားခြင်း - Nick Vujicic
- Description:
-
more » « less
ကလေးဘဝအစပိုင်းမှာ မိဘတွေရဲ့ အုပ်ထိန်းမှု အရေးကြီးပုံ၊ လက်လျှော့လိုစိတ်ကို ကျော်လွှားရာတွင် အဲဒါ အရေးပါပုံကို Nick က ဆွေးနွေးထားပါတယ်။ စိတ်စွမ်းအင်ဟာ ကိုယ့်အိပ်မက်တွေ လက်တွေ့ ရုပ်လုံးဖေါ်ဖြစ်ဖို့ကို မောင်းနှင်ပေးနိုင်ပေမဲ့၊ ကျွန်တော်တို့ ကိုယ့်ဘဝမှာ အံ့ဖွယ်ရာ တစ်ခုခုကို မတွေ့ခဲ့ရင် ကျွန်တော်တို့ဟာ အခြားသူ တစ်ယောက်အတွက် အမြဲတမ်း အံ့ဖွယ်ရာ ဖြစ်နိုင်သေးတာကို Nick က သူ့ဘဝ အတွေ့အကြုံဖြင့် ရှင်းပြထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDxTalks
- Duration:
- 14:54
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung approved Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad | |
|
Myo Aung edited Burmese subtitles for Overcoming hopelessness - Nick Vujicic at TEDxNoviSad |
