< Return to Video

အားလပ်နေချိန်မှာ အလုပ်ဆိုင်ရာ အတွေးတွေကို ဘယ်လို ရပ်တန့်ပစ်ရမလဲ။

  • 0:01 - 0:05
    ကျွန်တော်ဟာ ဆယ်ကျော်သက် အရွယ်တည်းက
    စိတ်ပညာရှင်ဖြစ်ချင်ခဲ့တယ်၊
  • 0:05 - 0:08
    ပန်းတိုင်အောင်မြင်ဖို့ ကျွန်တော်
    နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တယ်။
  • 0:08 - 0:12
    ကျွန်တော်ဟာ လိုင်စင်ရတာနဲ့
    ပုဂ္ဂလိက လုပ်ငန်းကို ဖွင့်ခဲ့တယ်။
  • 0:12 - 0:17
    ဆေးရုံ သို့မဟုတ် ဆေးခန်းမှာ အလုပ်မရလို့
    အရဲစွန့်ပြီး လုပ်ခဲ့တာ မှန်ပေမဲ့၊
  • 0:17 - 0:19
    တစ်နှစ်အတွင်းမှာ
    ကျွန်တော် အလုပ်က အဆင်ပြေခဲ့လို့
  • 0:20 - 0:23
    ကျွန်တော် ဝင်ငွေဟာ
    မကြုံစဖူး မြင့်မားခဲ့ပါတယ်။
  • 0:23 - 0:27
    အဲဒီမတိုင်မီ ကျွန်တော်က အချိန်ပြည့်
    ကျောင်းသားအဖြစ် အလုပ်လုပ်ခဲ့တာလေ။
  • 0:27 - 0:28
    (ရယ်သံများ)
  • 0:28 - 0:30
    ကျွန်တော်ဟာ McDonald မှာ
    ဝင်လုပ်လို့ ရခဲ့မှာပဲ၊
  • 0:30 - 0:32
    ကျွန်တော် တစ်ခါမှ မရခဲ့ဘူးတဲ့
    လစာကို ရစေခဲ့မှာပါ။
  • 0:32 - 0:36
    ခုနက ပြောတဲ့ တစ်နှစ်ပြည့်တဲ့ နေ့ဟာ
    ဇူလိုင်လထဲက သောကြာညမှာပါ။
  • 0:36 - 0:38
    ကျွန်တော်ဟာ ကိုယ့်တိုက်ခန်းဆီ
    လမ်းလျှောက်လာခဲ့ရာ
  • 0:38 - 0:42
    အရေးပေါ်ဌာနမှာ ဆရာဝန်ဖြစ်တဲ့
    အိမ်နီးချင်းနဲ့အတူ ဓါတ်လှေခါးစီးလာခဲ့တယ်။
  • 0:42 - 0:44
    ဓာတ်လှေကားဟာ မြင့်တက်သွားပြီး
  • 0:44 - 0:47
    ခဏအကြာမှာ အထပ်တွေကြားမှာ ထိုးရပ်သွားတယ်။
  • 0:47 - 0:50
    အရေးပေါ်ဌာနမှာ ကိစ္စတွေကို
    ကိုင်တွယ်ခဲ့ရတဲ့ အဲဒီလူက
  • 0:50 - 0:53
    ခလုတ်တွေကို နှိပ်နေရင်း၊
    တံခါးကို တအားရိုက်ပုတ်ရင်း
  • 0:53 - 0:56
    ‘‘ကျွန်တော့အတွက် ကံဆိုးမိုးမှောင်ကြီးပဲ၊
    ကံဆိုးလိုက်တာ’’ အော်ဟစ်နေခဲ့တယ်။
  • 0:56 - 0:59
    ကျွန်တော်ကလည်း "အဲဒါ ကျွန်တော့ရဲ့
    ကံဆိုးမှုကြီးပါပဲ" ပေါ့လေ။
  • 0:59 - 1:02
    (ရယ်သံများ)
  • 1:02 - 1:04
    ကျွန်တော် တကယ့်စိတ်ညစ်သွားတာ အမှန်ပါ။
  • 1:04 - 1:06
    ဒါ​ပေမဲ့ ထိတ်ထိပ်ပြာပြာ ဖြစ်မနေခဲ့ပဲ
  • 1:06 - 1:08
    စိတ်အေးသွားစေဖို့ သူ့ကို
    ဘယ်လို ပြောရမှန်း သိခဲ့တယ်။
  • 1:09 - 1:11
    ဒါပေမဲ့ သိပ်ကိုပင်ပန်းနေခဲ့တာမို့လို့
  • 1:11 - 1:16
    သူ့ကို ဘယ်လိုနှစ်သိမ့်ရမှန်း မသိဖြစ်နေလို့
    စိတ်ရှုပ်နေခဲ့တယ်။
  • 1:16 - 1:18
    တကယ်တော့ ကျွန်တော်ဟာ ကျွန်တော့
    အိပ်မက်ထဲ ပျော်နေခဲ့တာကိုး၊
  • 1:19 - 1:21
    ဒီလိုဆို ဘာဖြစ်လို့
    စိတ်ထဲမှာ မပျော်နိုင်ခဲ့တာလဲ။
  • 1:21 - 1:24
    ဘာဖြစ်လို့ ကျွန်တော်ဟာ
    စိတ်အားချုံးချုံး ကျသွားတာလဲ။
  • 1:24 - 1:26
    ရက်သတ္တပတ် အတော်ကြာ
    ကျွန်တော်ဟာ စိတ်ညစ်နေရင်း
  • 1:27 - 1:30
    ငါမှားနေတာ ဘာများပါလိမ့်
    မေးခွန်းမေးနေမိတယ်။
  • 1:30 - 1:32
    ငါရွေးလိုက် သက်မွေးအလုပ်များ
    မှားရွေးမိတာများလား။
  • 1:32 - 1:37
    ငါတစ်သက်လုံး ဖြုန်းခဲ့တဲ့ နှစ်တွေဟာ
    လွဲမှားနေတဲ့ အလုပ်အတွက်များလား။
  • 1:38 - 1:41
    ဒါပေမဲ့ ကျွန်တော် စိတ်ပညာကို ဆက်ပြီး
    နှစ်သက်နေတုန်းပဲ ဆိုတာ သိလိုက်တယ်။
  • 1:41 - 1:44
    ပြဿနာက ကျွန်တော့ရုံးမှ
    လုပ်တဲ့ အလုပ်ထဲ မဟုတ်ခဲ့ဘူး။
  • 1:44 - 1:48
    ကျွန်တော် အိမ်မှာ ရှိနေချိန်မှာ
    အလုပ်အကြောင်းကို
  • 1:48 - 1:49
    စဉ်းစားနေခဲ့တဲ့ နာရီတွေပါ။
  • 1:49 - 1:52
    ကျွန်တော်ဟာ ကျွန်တော့ ရုံးတံခါးကို
    ညနေတိုင်း ပိတ်လေ့ ရှိခဲ့ပေမဲ့၊
  • 1:52 - 1:56
    ကျွန်တော့ခေါင်းထဲက
    တံခါးဟာ ဖွင့်ဟလျက် ကျန်နေခဲ့လို့
  • 1:56 - 1:58
    စိတ်ဖိစီးမှုတွေ လှိမ့်ဝင်လာခဲ့ကြတယ်။
  • 1:58 - 2:02
    အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုက
    အဲဒါမျိုးဖြစ်နိုင်တာ စိတ်ဝင်စားစရာပဲ။
  • 2:02 - 2:05
    လုပ်ငန်းခွင်မှာ ကျွန်တော်တို့
    အဲဒါကို သိပ်မခံစားကြရဘူး။
  • 2:05 - 2:07
    ကျုပ်တို့ အလုပ်များနေကြလို့ပါ။
  • 2:07 - 2:09
    အလုပ်အပြင်မှာသာ အဲဒါကို ခံစားကြရတယ်၊
  • 2:09 - 2:11
    ကျွန်တော်တို့ ရုံးကို
    အသွားအပြန် ကားစီးနေစဉ်၊
  • 2:11 - 2:13
    အိမ်ကို ပြန်ရောက်တဲ့အခါမှာ၊
  • 2:13 - 2:15
    အနားယူဖို့ ကြိုးပမ်းနေချိန်မှာ ခံစားရတာပါ။
  • 2:15 - 2:17
    ကျုပ်တို့ အားလပ်ချိန်မှာ
    လန်းဆန်းလာဖို့ အရေးကြီးတယ်၊
  • 2:17 - 2:21
    စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး
    စိတ်ပျော်တဲ့ဟာတွေကို လုပ်ရပါမယ်၊
  • 2:21 - 2:25
    ဒါပေမဲ့ ဒီနေရာမှာအကြီးမားဆုံး အတားအဆီးက
    စဉ်းစားသုံးသပ်နေမှုပါ။
  • 2:25 - 2:27
    ကျွန်တော်တို့ အဲဒီလို လုပ်တိုင်းမှာ၊
  • 2:27 - 2:30
    ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ စိတ်ဖိစီးမှု
    တုံ့ပြန်ချက်ကို လှုံ့ဆော်ပေးနေကြတာပါ။
  • 2:30 - 2:33
    ခုနက စဉ်းစားမှုဆိုတာ စားမြုံ့ပြန်မှုပါ။
  • 2:33 - 2:36
    နွားတွေ သူတို့စားလိုက်တာကို
    အစာချေကြပုံကို ပြတဲ့ စကားလုံးပါ။
  • 2:36 - 2:40
    နွားတွေ အစာချေကြပုံကို
    ခင်ဗျားတို့ထဲက မသိကြသူတို့ အတွက်
  • 2:40 - 2:42
    နွားတွေဟာ ဝါးစားလိုက်ပြီး
  • 2:42 - 2:43
    အစာကို မျိုချပစ်ကြတယ်၊
  • 2:43 - 2:47
    နောက်ပိုင်းတွင် သူတို့ အဲဒီအစာကို ပြန်အန်
    ထုတ်ယူပြီး ထပ်ပြီး ကြိတ်ဝါးကြပြန်ပါတယ်။
  • 2:47 - 2:48
    (ရယ်သံများ)
  • 2:48 - 2:49
    ရွံစရာကြီးနော်။
  • 2:49 - 2:50
    (ရယ်သံများ)
  • 2:50 - 2:52
    ဒါပေမဲ့ အဲဒါက
    နွားတွေအတွက် ပုံမှန်ကိစ္စပါ။
  • 2:52 - 2:53
    (ရယ်သံများ)
  • 2:53 - 2:55
    ကျုပ်တို့ လူသားတွေအတွက် အလုပ်မဖြစ်ဘူးလေ။
  • 2:55 - 2:58
    ကျုပ်တို့ စားမြုံ့ပြန်ကြတာ
    စိတ်ညစ်စရာ ကိစ္စတွေ၊
  • 2:58 - 3:00
    စိတ်ကို ဒုက္ခပေးနေတဲ့ အရာတွေ ဖြစ်ပြီး၊
  • 3:00 - 3:05
    ကျုပ်တို့ လုပ်ကိုင်ကြပုံက
    လုံးဝကို အကျိုးမဖြစ်တဲ့ ပုံစံမျိုးပါ။
  • 3:05 - 3:08
    ကိုယ်လုပ်မပြီးသွားတဲ့ အလုပ်အကြောင်း
    စဉ်းစားရင်း ကုန်တဲ့ နာရီတွေ၊
  • 3:08 - 3:11
    သို့မဟုတ် လုပ်ဖေါ်တစ်ဦးနဲ့
    တင်းမာမှုတွေကို စဉ်းစားနေတာမျိုး၊
  • 3:11 - 3:14
    အနာဂတ်ဆိုင်ရာနဲ့
    ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာမျိုး၊
  • 3:14 - 3:17
    ကိုယ့်ဆုံးဖြတ်ချက်ကို ထပ်ပြီး
    တွေးတော်နေတာမျိုး ဖြစ်တတ်တယ်။
  • 3:17 - 3:21
    ကျုပ်တို့ အလုပ်မှာ မရှိကြချိန်မှာ
    အလုပ်ကိစ္စကို စဉ်းစားကြပုံဆိုင်ရာ
  • 3:21 - 3:24
    သုတေသနတွေ အများကြီးပါ၊
  • 3:24 - 3:26
    တွေ့ရှိရတဲ့ အချက်တွေဟာ ထိတ်လန့်စရာကြီးပါ။
  • 3:26 - 3:28
    အလုပ်ကိစ္စတွေကို စားမြုံ့ပြန်မှုဟာ၊
  • 3:28 - 3:32
    အတွေးအခေါ် ဒါမှမဟုတ် စိုးရိမ်စရာ
    တစ်ခုတည်းကို ထပ်တလဲလဲ စဉ်းစားနေမှုဟာ
  • 3:32 - 3:38
    ကျုပ်တို့နားချိန်မှာ ဆန်းသစ်လာပြီ အားသစ်
    မွေးယူဖို့ သိသိသာသာကြီး နှောင့်ယှက်ကြတယ်။
  • 3:38 - 3:41
    ကျုပ်တို့ အိမ်မှာ ရှိနေတုန်း
    အလုပ်ကိစ္စကို စားမြုံ့ပြန်မှု များလေလေ၊
  • 3:41 - 3:44
    ကျုပ်တို့ဆီမှာ ညအိပ်ချိန်မှာ ပြဿနာတွေ၊
  • 3:44 - 3:47
    ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားရမှုတွေ၊
  • 3:47 - 3:49
    စိတ်နေစိတ်ထား ဆုတ်ယုတ်လာတာ
    ပိုများလေ ဖြစ်မှာပါ။
  • 3:49 - 3:52
    အဲဒါက နှလုံးသွေးကြောဆိုင်ရာ
    ရောဂါဖြစ်နိုင်ခြေ တိုးမြှင့်ပေးနိုင်ပြီး
  • 3:52 - 3:56
    ကျုပ်တို့ အလုပ်ကို ကောင်းမွန်စွ
    လုပ်ကိုင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ
  • 3:56 - 3:58
    ထိပါးလာစေလို့ လုပ်ကိုင်မှုစွမ်းရည်တောင်
    ကျဆင်းလာစေနိုင်ပါတယ်။
  • 3:59 - 4:02
    တခြားကိစ္စတွေကြောင့် ကျုပ်တို့ စိတ်ရှုပ်နေ
    တာ ကျုပ်တို့ ဝန်းကျင်ရှိ လူတွေ
  • 4:02 - 4:06
    ခံစားနိုင်ကြလို့ ကျုပ်တို့ရဲ့ ဆက်ဆံမှုနဲ့
    မိသားစုကိုပါ ထိခိုက်လာမှာ စိုးရပါတယ်။
  • 4:06 - 4:08
    ခုနက သုတေသနတွေကပဲ တွေ့ရှိကြသေးတာက
  • 4:08 - 4:11
    ကျုပ်တို့ အိမ်မှာ ရှိနေစဉ်
    အလုပ်အကြာင်း စဉ်းစားမှုက
  • 4:11 - 4:14
    ကျုပ်တို့ရဲ့ စိတ်ထဲက
    ခံစားချက်တွေကို ထိခိုက်နိုင်ကြပေမဲ့
  • 4:14 - 4:19
    အလုပ်အကြောင်း ဖန်တီးရေး အမြင်၊ ပြဿနာဖြေ
    ရှင်းဖို့ စဉ်းစားမှုက မထိခိုက်ဘူး ဆိုတာပါ။
  • 4:19 - 4:23
    အဲဒီ စဉ်းစားမှု အတွေးအခေါ်တွေဟာ
    စိတ်ပျက်မှုကို ဆွမပေးကြဘဲ
  • 4:23 - 4:26
    ပိုအရေးကြီးတာက ကျုပ်တို့က
    အဲဒါတွေကို ထိန်းချုပ်ထားနိုင်ကြလို့ပါ။
  • 4:26 - 4:29
    ကျုပ်တို့ဟာ အီးမေးလ်ကို ဖြေသင့်မဖြေသင့်
  • 4:29 - 4:31
    သို့မဟုတ် မနက်အထိ ထားရစ်ခဲ့မလား၊
  • 4:31 - 4:35
    ကျုပ်တို့စိတ် လှုပ်ရှားစေတဲ့ အလုပ်ဆိုင်ရာ
    စီမံကိန်းကို စဉ်းစားမလား ဆုံးဖြတ်နိုင်တယ်။
  • 4:35 - 4:38
    ဒါပေမဲ့ စားမြုံ့ပြန်မှုကျတော့
    အလိုအလျောက် ပေါ်လာတတ်ပါတယ်။
  • 4:38 - 4:40
    ၎င်းတို့ဟာ ထိုးဖောက်ဝင်လာနိုင်ကြတယ်။
  • 4:40 - 4:43
    ကျုပ်တို့ မလိုချင်တဲ့ အချိန်မှာ
    ၎င်းတို့ ခေါင်းထဲ ပေါ်လာနိုင်ကြတယ်။
  • 4:43 - 4:46
    ကျုပ်တို့ စိတ်မပျက်ချင်တဲ့ အချိန်မှာ
    ၎င်းတို့ဟာ စိတ်ပျက်လာစေကြတယ်။
  • 4:46 - 4:50
    ကိုယ်က ခလုတ်ပိတ်ချချင်ချိန်မှာ
    ၎င်းတို့က ခလုတ်ဖွင့် ဝင်လာကြတယ်။
  • 4:50 - 4:53
    ကိုယ် လုပ်မပြီးခဲ့တဲ့ ကိစ္စတွေကို
    စဉ်းစားဖို့ အရေးကြီးတယ်လို့
  • 4:53 - 4:57
    ကျုပ်တို့က ထင်နေကြလို့
    အဲဒါတွေကို ငြင်းဆန်ဖို့ မလွယ်ပါဘူး။
  • 4:57 - 5:01
    အနာဂတ်အတွက် စိုးရိမ်ပူပန်မှုဟာ
    သဘာဝကျတယ်လို့ ခံစားရပါတယ်။
  • 5:01 - 5:05
    အစဉ်ဆိုသလိုပဲ စားမြုံ့ပြန်မှုဟာ တစ်ခုခု
    အရေးကြီးတဲ့ဟာလို့ ခံစားရပေမဲ့
  • 5:05 - 5:08
    တကယ်တော့ အန္တရာယ်ရှိတဲ့ အရာပါ။
  • 5:08 - 5:11
    ပြီးတော့ အဲဒါကို ကျုပ်တို့ လုပ်ကြတာဟာ
    ထင်တာထက် ပိုများပါတယ်။
  • 5:11 - 5:13
    ကျွန်တော် ပင်ပန်းလို့
    ချွတ်ချုံးကျသွားစဉ်တုန်းက
  • 5:13 - 5:16
    တစ်ပတ်စာ စာအုပ်တစ်အုပ်ထဲ
    ရေးမှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊
  • 5:16 - 5:20
    ကျွန်တော် စားမြုံ့ပြန်ဖို့ အချိန်ဘယ်လောက်
    ဖြုန်းတာကို အတိအကျ ရေးမှတ်ဖို့ပါ။
  • 5:20 - 5:22
    ရလဒ်တွေကို မြင်လိုက်ရတော့
    ကျွန်တော် ထိတ်လန့်ခဲ့ရတယ်။
  • 5:22 - 5:26
    ကျွန်တော် အိပ်ဖို့ ကြိုးစားနေစဉ်
    မိနစ် ၃၀ ကျော်ကြာခဲ့တယ်၊
  • 5:26 - 5:30
    ရုံးအသွားအပြန် လမ်းမှာ
    ကြာတဲ့ အချိန်အားလုံး --
  • 5:30 - 5:32
    တစ်နေ့ကို ၄၅ မိနစ်ပါ။
  • 5:32 - 5:34
    လုပ်ဖေါ်တစ်ဦး ဖိတ်ခဲ့တဲ့ ညစာစားပွဲမှာ
  • 5:34 - 5:36
    မိနစ် ၂၀ ကျော်ကြာခဲ့တယ်။
  • 5:36 - 5:38
    အဲဒီအိမ်ကို နောက်ဘယ်တော့မှ
    ဖိတ်ကြားမခံရတော့ဘူး။
  • 5:38 - 5:39
    (ရယ်သံများ)
  • 5:39 - 5:43
    ပြီးတော့ မိတ်ဆွေတစ်ဦးရဲ့
    "စွမ်းရည်ပြပွဲ"မှာ မိနစ် ၉၀ ကြာခဲ့တယ်၊
  • 5:43 - 5:46
    သူ့ပွဲက မိနစ် ၉၀ ကြာခဲ့လို့ပါ။
  • 5:46 - 5:48
    (ရယ်သံများ)
  • 5:48 - 5:51
    စုစုပေါင်းလိုက်တော့
    အဲဒီတစ်ပတ်ထဲမှာ ၁၄ နာရီ နီးပါးပါ။
  • 5:51 - 5:54
    ဒီတော့ လက်တွေ့မှာ
    ကျုပ်ရဲ့ စိတ်ဖိစီးမှုကို ပိုဆိုးလာစေဖို့
  • 5:54 - 5:57
    ကျွန်တော် ဖြုန်းနေခဲ့တဲ့ အချိန်
    ဘယ်လောက်များတာ မြင်နိုင်ကြပါတယ်။
  • 5:57 - 6:00
    တစ်ပတ်စာ စာအုပ်နဲ့
    လိုက်ရေးမှတ်ဖို့ ကြိုးစားကြည့်ကြပါ။
  • 6:00 - 6:02
    ခင်ဗျားတို့ အဲဒါ့ကို ဘယ်လောက်
    အချိန်ပေးတာ မြင်လာရမှာပါ။
  • 6:02 - 6:06
    ဒါက ကျွန်တော် ကိုယ့်အလုပ်ကို ဘယ်လောက်
    ကြိုက်မှန်းကိုလည်း နားလည်လာစေတယ်။
  • 6:06 - 6:09
    ဒါပေမဲ့ စားမြုံ့ပြန်မှုက အဲဒီနှစ်ခြိုက်မှု
    ကို ဖျက်ဆီးနေရုံသာမက
  • 6:09 - 6:11
    ကျွန်တော့ ကိုယ်ရေးဘဝကိုပါ ဖျက်ဆီးနေနေတာပါ။
  • 6:11 - 6:14
    အဲဒါနဲ့ ကျွန်တော် ရှာတွေ့သမျှ
    လေ့လာချက်တွေကို ဖတ်ခဲ့ပြီး
  • 6:14 - 6:17
    ကျွန်တော်ရဲ့ စားမြုံ့ပြန်မှုကို
    တိုက်ပွဲဝင်တော့တယ်။
  • 6:17 - 6:19
    အလေ့အထကို ပြောင်းဖို့ဟာ မလွယ်ပါဘူး။
  • 6:19 - 6:23
    ကိုယ်စားမြုံ့ပြန်ချိန်မှာ ကိုယ့်ကိုယ်ကိုယ်
    ဖမ်းမိဖို့ အတော့်ကို ဂရုစိုက်ဖို့ လိုပြီး
  • 6:23 - 6:27
    အလေ့အထသစ်ကို ကျင့်သုံးဖြစ်ဖို့
    တချိန်လုံး သတိရဖို့ လိုခဲ့တယ်။
  • 6:27 - 6:29
    နောက်ဆုံးမှာတော့ အောင်မြင်လာခဲ့တယ်။
  • 6:29 - 6:32
    ကျွန်တော် စားမြုံ့ပြန်မှုကို
    တိုက်ပွဲဝင်ခဲ့တာ နိုင်ခဲ့တယ်၊
  • 6:32 - 6:35
    နိုင်ဖို့ ဘယ်လိုလုပ်ရမှာကို
    ပြောပြဖို့ ဒီကို လာခဲ့တာပါ။
  • 6:35 - 6:38
    ပထမအချက်က ခင်ဗျားတို့ဆီမှာ ပြတ်သားတဲ့
    ခံယူချက်တွေ ရှိရပါမယ်။
  • 6:39 - 6:42
    ညတိုင်း ဘယ်အချိန်မှာ ခလုတ်ပိတ်မှာကို၊
    အလုပ်ကို ရပ်မှာကို၊
  • 6:42 - 6:43
    ကိုယ်က ဆုံးဖြတ်ဖို့လိုတယ်။
  • 6:43 - 6:46
    ပြီးတော့ အဲဒါကို
    တင်းကျပ်စွာ လိုက်နာဖို့ လိုမယ်။
  • 6:46 - 6:51
    အဲဒီတုန်းက ကျွန်တော်က ကိုယ့်အတွက်
    ၈ နာရီမှာ ရပ်တန့်ဖို့ စည်းကမ်းချမှတ်တယ်။
  • 6:51 - 6:54
    ပြီးတော့ အဲဒါ လိုက်နာဖို့ အားထုတ်ခဲ့တယ်။
  • 6:54 - 6:55
    အဲဒါကို လူတွေက မေးကြတယ်-
  • 6:55 - 6:59
    ‘‘တကယ်ပဲလား။ ည ၈ နာရီနောက်မှာ
    အီးမေးလ် တစ်ခုကိုမှ မဖြေတော့ဘူးလား။
  • 6:59 - 7:02
    မင်းက ကိုယ့်ဖုန်းကို မကြည့်တော့ဘူးလား။"
  • 7:02 - 7:04
    တစ်ကြိမ်တောင် မကြည့်ဖြစ်ခဲ့ဘူး။
  • 7:04 - 7:06
    အဲဒါက ၉၀ ပြည့်လွန်နှစ်တွေလေ၊
    စမတ်ဖုန်းမှာ မရှိခဲ့တာ။
  • 7:06 - 7:08
    (ရယ်သံများ)
  • 7:08 - 7:11
    ပထမဦးဆုံး စမတ်ဖုန်း ကျွန်တော့ထံ
    ပေါ်လာခဲ့တာ ၂၀၀၇ ခုနှစ်မှာပါ။
  • 7:11 - 7:13
    အဲဒီတုန်းက ပေါ်လာခါစ iPhone လေ၊
  • 7:13 - 7:16
    ကိုယ်က အကောင်းဆုံးနဲ့
    အသစ်ဆုံးကို လိုချင်ခဲ့တယ်။
  • 7:16 - 7:17
    အဲဒါနဲ့ BlackBerry ပေါ်လာခဲ့တယ်။
  • 7:17 - 7:18
    (ရယ်သံများ)
  • 7:18 - 7:20
    ဒါတောင် ကျွန်တော် သိပ်စိတ်လှုပ်ရှားခဲ့တယ်၊
  • 7:20 - 7:24
    ပထမတွေးမိတာက၊ "ငါရှိနေတဲ့ နေရာတိုင်းမှာ
    ငါ့အီးမေးလ်တွေ ကြည့်နိုင်မယ်။"ပေါ့လေ။
  • 7:24 - 7:25
    နောက် ၂၄ နာရီ အကြာမှာလည်း၊
  • 7:25 - 7:29
    "ငါရှိတဲ့ နေရာတိုင်းမှာ ငါ့အီးမေးလ်တွေ
    ကြည့်နိုင်မယ်။" ပျော်နေတုန်း။
  • 7:29 - 7:29
    (ရယ်သံများ)
  • 7:29 - 7:32
    စားမြုံ့ပြန်မှု ကျုပ်တို့ စိတ်ထဲကို
    ဖောက်ဝင်လာတာမျိုး ဆိုတော့
  • 7:32 - 7:34
    တိုက်ထုတ်ဖို့ ခက်တာ ပြောချင်တာပါ။
  • 7:34 - 7:36
    အခု သူတို့က Trojan မြင်း တီထွင်ထားကြတော့၊
  • 7:36 - 7:38
    ကျုပ်တို့ ဖုန်းထဲမှာ ဝှက်ထားကြတယ်။
  • 7:38 - 7:40
    ကျုပ်တို့က ကိုယ့်ဖုန်းကို
    ကြည့်လိုက်ကြတာနဲ့ကို
  • 7:40 - 7:42
    ကျုပ်တို့ အလုပ်အကြောင်းကို
    သတိပေးလိုက်သလိုပါ၊
  • 7:42 - 7:45
    အဲဒါနဲ့ စားမြုံ့ပြန်မှုဟာ
    ပြုန်းကနဲ ပေါ်လာတတ်လို့
  • 7:45 - 7:47
    ကိုယ်ရဲ့ ညနေ သို့မဟုတ်
    စနေတနင်္ဂနွေ ကိစ္စချောပါရော့။
  • 7:47 - 7:49
    ဒီတော့ ကိုယ်က ခလုတ်ပိတ်တော့မယ် ဆိုရင်၊
  • 7:49 - 7:51
    အီးမေးလ် သတိပေးချက်ကိုပါ ပိတ်ချလိုက်ပါ။
  • 7:51 - 7:54
    ကိုယ်က အီးမေးလ် စစ်ဖို့လိုရင်
    ဘယ်တော့ စစ်ကြည့်မှာကို ဆုံးဖြတ်ထားပါ။
  • 7:54 - 7:57
    အဲဒီလို ခင်ဗျားရဲ့ တခြားစီမံထားတာတွေကို
    စွက်ဖက်နိုင်မှာ မဟုတ်ဘူး။
  • 7:57 - 7:59
    အချိန်ကျမှသာ စစ်ကြည့်ပါ။
  • 7:59 - 8:03
    စားမြုံ့ပြန်မှုကို အားပေးတဲ့ နည်းပညာက
    ဆဲလ်ဖုန်းတစ်ခုတည်း မကပါဘူး၊
  • 8:03 - 8:06
    အဲဒီထက်ကို ပိုကြီးမားတဲ့
    တိုက်ပွဲကြီး လာနေပါပြီ။
  • 8:06 - 8:11
    နောက်ဆုံး ဆယ်နှစ်အတွင်းမှာ တယ်လီဖုန်း
    ဆက်သွယ်မှု ၁၁၅ ရာခိုင်နှုန်း တိုးလာတယ်။
  • 8:11 - 8:15
    ရှေ့ဆက်ပြီး အဲဒီထက် အဆမတန်
    တိုးလာဦးမယ်လို့ ခန့်မှန်းရပါတယ်။
  • 8:15 - 8:18
    အလုပ်နဲ့ အိမ်အကြားမှာ ရှိခဲ့တဲ့ ရုပ်ပိုင်း
    ဘောင်တွေ ပျောက်ကွယ်လာနေတာ
  • 8:18 - 8:20
    ကျုပ်တို့ဟာ တိုးတိုး ခံစားလာနေရတယ်။
  • 8:20 - 8:23
    အဲဒါက ကျုပ်တို့ အိမ်ထဲ ဘယ်မှာပဲ ရှိနေရှိနေ
  • 8:23 - 8:26
    အလုပ်ကို ပြန်သတိရစေမယ့် အရာတွေ
    ရှိကြမှာကို သတိပေးမှုပါပဲ။
  • 8:26 - 8:30
    ကျုပ်တို့ရဲ့ အလုပ်နဲ့ အိမ်အကြားမှာ
    ရုပ်ပိုင်း ဘောင်တွေ မရှိတော့ရင်၊
  • 8:30 - 8:33
    ကျုပ်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ဘောင်ကို
    ခတ်ပေးဖို့ လိုလာမယ်။
  • 8:33 - 8:35
    ကျုပ်တို့ဟာ အလုပ်နဲ့ အလုပ်မဟုတ်တဲ့
  • 8:35 - 8:39
    အချိန်နဲ့ နေရာတွေကို သတ်မှတ်ဖို့
    ကျုပ်တို့ရဲ့ စိတ်ကို လှည့်စားကြရမယ်။
  • 8:40 - 8:41
    အဲဒါကို လုပ်ကြရမှာက ဒီလိုပါ။
  • 8:41 - 8:45
    ပထမအချက် အနေနဲ့ ကိုယ့်အိမ်မှာ
    သေးသေးလေးပဲ ဖြစ်ဖြစ်၊
  • 8:45 - 8:46
    အလုပ်ဇုန်နယ်ကို သတ်မှတ်ပါ။
  • 8:46 - 8:48
    အဲဒီမှာသာ အလုပ်ကို လုပ်ဖို့ ကြိုးစားပါ။
  • 8:48 - 8:50
    ဧည့်ခန်းထဲ အိပ်ရာပေါ်မှာ
    သို့မဟုတ် ခုတင်ပေါ်မှာ
  • 8:50 - 8:52
    အလုပ်လုပ်တာကို ရှောင်ပါ၊
  • 8:52 - 8:54
    အဲဒီလို နေရာတွေဟာ
    နေထိုင်မှုနဲ့ အိပ်မှု ကိစ္စတွေနဲ့သာ
  • 8:54 - 8:57
    ဆက်စပ်မှု ရှိရမယ့် နေရာတွေအဖြစ်
    ကျန်ရစ်ဖို့ လိုအပ်လို့ပါ။
  • 8:57 - 8:58
    (ရယ်သံများ)
  • 8:58 - 9:00
    နောက်တစ်ခုက၊ အိမ်ကနေပြီး
    ကိုယ်ဟာ အလုပ်လုပ်ရင်
  • 9:00 - 9:03
    ကိုယ် အလုပ်ကို သွားစဉ်
    ဝတ်စားသလိုပဲ ဝတ်စားပါ။
  • 9:03 - 9:05
    ဒါတောင် တစ်နေ့တာ ပြီးဆုံးသွားရင်လည်း၊
  • 9:05 - 9:06
    အဝတ်အစားတွေကို လဲလိုက်ပါ၊
  • 9:06 - 9:08
    ပြီးတော့ အလုပ်မှနေပြီး
    အိမ်ကို ပြောင်းလိုက်ချိန်မှာ
  • 9:08 - 9:11
    ဂီတတို့ အလင်းရောင်တို့ကို အသုံးပြုပြီး
    အခြေအနေကို ပြောင်းလိုက်ပါ။
  • 9:11 - 9:13
    အဲဒါကို ဓလေ့တစ်ခုလို ကျင့်သုံးပါ။
  • 9:13 - 9:16
    ဒါတွေ အဓိပ္ပါယ် မရှိဘူးလို့
    ခင်ဗျားတို့ ထင်နိုင်ကြတယ်။
  • 9:16 - 9:18
    အဝတ်အစား လဲလိုက်ပြီး
    မီးထွန်းမှု ပြောင်းလိုက်ခြင်းက
  • 9:18 - 9:21
    ကိုယ့်ဦးနှောက်ကို အလုပ်မှာ မရှိတာကို
    ယုံကြည်လာစေပါမယ်။
  • 9:21 - 9:23
    မယုံမရှိနဲ့၊ ကိုယ့်ဦးနှောက်က
    အဲဒါကို သဘောကျမှာပါ။
  • 9:23 - 9:26
    ကျွန်တော်တို့က စမတ်ကျပြီး
    ကျုပ်တို့ ဦးနှောက်က တုံးလို့ပါ။
  • 9:26 - 9:27
    (ရယ်သံများ)
  • 9:27 - 9:29
    ဦးနှောက်က ကျပန်း ဆက်နွှယ်မှုကို
    မှတ်မိတတ်လို့ပါ။
  • 9:29 - 9:33
    Pavlov စမ်းသပ်မှုမှာ ခွေးက ခေါင်းလောင်းသံ
    ကြားတိုင်း သွားရည်ကျလာတာ အဲဒါကြောင့်လေ။
  • 9:33 - 9:37
    TED ဟောပြောမယ့်သူတွေ စက်ဝိုင်းအနီကို
    မြင်ရတာနဲ့ ချွေးပြန်တာလည်း အဲဒါကြောင့်ပါ။
  • 9:37 - 9:37
    (ရယ်သံများ)
  • 9:37 - 9:39
    အဲဒီလို အရာတွေက ကူပေးကြမှာ ဟုတ်ပေမဲ့၊
  • 9:39 - 9:41
    စားမြုံ့ပြန်မှုတွေက
    ထိုးဖောက် ဝင်လာနေကြဦးမှာပါ။
  • 9:41 - 9:44
    ဒါပေမဲ့ အဲဒီလို ဝင်လာတိုင်းမှာ
    ခင်ဗျားတို့က အဲဒါတွေကို
  • 9:44 - 9:48
    ပြဿနာ ဖြေရှင်းရေးလို အပြုသဘော စဉ်းစားမှု
    အဖြစ် ပြောင်းလဲပစ်ဖို့ အားထုတ်ဖို့ လိုမယ်။
  • 9:48 - 9:50
    ကျွန်တော့ဆီကို လာတဲ့ Sally ဟာ
    သာဓကကောင်း တစ်ခုပါ။
  • 9:50 - 9:53
    Sally ကို တစ်သက်လုံးမှာ တစ်ကြိမ်ပဲ
    ရာထူးတိုးပေးခံခဲ့ရတယ်၊
  • 9:53 - 9:55
    ဒါပေမဲ့ စည်းကမ်းချက် တစ်ခု ပါခဲ့လို့
  • 9:55 - 9:57
    သူဟာ သူ့သမီးကို ကျောင်းဆင်းချိန်မှာ
  • 9:57 - 9:59
    နေ့စဉ် တွေ့ပြီး အိမ်ကို
    ခေါ်မသွားနိုင်တော့တာ
  • 9:59 - 10:00
    သူ့နှလုံးကွဲလုမတတ် ခံစားရတယ်။
  • 10:00 - 10:02
    ဒါနဲ့ သူ အစီအစဉ် တစ်ခုကို စိတ်ကူးခဲ့တယ်။
  • 10:02 - 10:05
    အင်္ဂါနဲ့ ကြာသပတေးနေ့တိုင်းမှာ Sally ဟာ
    အလုပ်မှ စောစီးစွာ ထွက်လာပြီး
  • 10:05 - 10:07
    သူ့သမီးကို ကျောင်းမှာ လာကြိုပြီး
  • 10:07 - 10:12
    အိမ်ကို ခေါ်သွား၊ သူ့ကို ကျွေးမွေး
    ရေချိုးပေးပြီး အိပ်ရာပေါ်သိပ်ပေးခဲ့တယ်။
  • 10:12 - 10:14
    အဲဒီနောက်မှာ သူ့ရုံးကို ပြန်သွားပြီး
  • 10:14 - 10:16
    လိုတာတွေ ပြီးအောင်
    ညမိုးချုပ်အထိ အလုပ်လုပ်ခဲ့တယ်။
  • 10:16 - 10:19
    ဒါပေမဲ့ Sally ရဲ့ မှတ်တမ်းကို
    ကြည့်ကြည့်တော့မှ
  • 10:19 - 10:23
    သူဟာ သူ့သမီးလေးနဲ့အတူ သူ့အတွက်
    သိပ်အရေးကြီးတဲ့ အချိန်တွေ ဖြုန်းနေချိန်မှာ
  • 10:23 - 10:27
    သူဟာ ရုံးမှာ လုပ်ရမယ့် အလုပ်တွေ များလှတာ
    စားမြုံ့ပြန်နေခဲ့တာကို ညွှန်ပြခဲ့တယ်။
  • 10:27 - 10:31
    စားမြုံ့ပြန်မှုဟာ မကြာခဏဆိုသလို ကျုပ်တို့
    တန်ဖိုးအရှိဆုံး အချိန်တွေကို ယူပစ်တတ်တယ်။
  • 10:31 - 10:34
    Sally ရဲ့ "ငါလုပ်ရမယ့် အလုပ်က အများကြီးပဲ"
    စားမြုံ့ပြန်မှုဟာ
  • 10:34 - 10:35
    ဖြစ်နေကျ ကိစ္စမျိုးပါ။
  • 10:35 - 10:37
    အဲဒီလို ကိစ္စအားလုံးလိုပဲ၊
  • 10:37 - 10:39
    အဲဒါဟာ ဘယ်လိုမှ အသုံးမဝင်ဘူး၊
    အန္တရာယ် များပါတယ်၊
  • 10:39 - 10:43
    ကျုပ်တို့ အလုပ်ချိန်မှာ အားလုံး ပြီးအောင်
    လုပ်ဖို့ကို စဉ်းစားမှ မစဉ်းစားကြတာ။
  • 10:43 - 10:45
    အလုပ် ပြင်ပကို ရောက်နေချိန်မှာ၊
  • 10:45 - 10:49
    ကျုပ်တို့ အနားယူဖို့ သို့မဟုတ်
    ကိုယ့်အတွက် အကျိုးရှိတာကို လုပ်နေချိန်မှာ၊
  • 10:49 - 10:50
    ကလေးတွေနဲ့ ကစားနေချိန်မျိုးမှာ၊
  • 10:50 - 10:53
    သို့မဟုတ် မိတ်ဖက်နဲ့ ချိန်းတွေ့နေချိန်မှာ
    အဲဒီလို စဉ်းစားတတ်ကြတာပါ။
  • 10:53 - 10:57
    စားမြုံ့ပြန်မှုဖြစ်တဲ့ စဉ်းစားမှု အကျိုး
    ဖြစ်ထွန်းအောင် ပြောင်းပစ်ဖို့ အတွက်၊
  • 10:57 - 11:00
    အဲဒါကို ကိုယ်ဟာ ဖြေရှင်းရမယ့် ပြဿနာမျိုး
    လုပ်ပစ်ရပါ့မယ်။
  • 11:00 - 11:03
    "ငါလုပ်ရမယ့် အလုပ်က အများကြီးပဲ" ဆိုတာ
    ဖြေရှင်းရမယ့် ပြဿနာအဖြစ် ပြောင်းပစ်ချင်ရင်
  • 11:03 - 11:05
    အချိန်ဇယားကို စဉ်းစားဖို့ လိုမယ်။
  • 11:05 - 11:09
    ‘‘ငါ့ကို ဒုက္ခပေးနေကြတဲ့ တာဝန်တွေကို
    အချိန်ဇယားထဲ ဘယ်မှာ ထည့်ပေးနိုင်မလဲ။’’
  • 11:09 - 11:13
    သို့မဟုတ် "ပိုအရေးကြီးတဲ့ ဒီကိစ္စအတွက်
    ငါ့အချိန်ဇယားကို ဘယ်လို ပြောင်းရမလဲ။"
  • 11:13 - 11:17
    ဖြစ်နိုင်သေးတာက၊ "ငါ့အချိန်ဇယားကို
    စစ်ကြည့်ဖို့ ၁၅ မိနစ် ဘယ်လို ရှာရမလဲ။’’
  • 11:18 - 11:21
    အဲဒါတွေဟာ
    ဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာတွေပါ။
  • 11:21 - 11:24
    "ငါလုပ်ရမယ့် အလုပ်က အများကြီးပဲ"
    ဆိုတာ ဖြေရှင်း မရနိုင်ဘူး။
  • 11:24 - 11:26
    စားမြုံ့ပြန်မှုကို
    တွန်းလှန်ဖို့ဟာ မလွယ်ပါဘူး၊
  • 11:26 - 11:29
    ဒါပေမဲ့ ကိုယ်က ကိုယ့်စည်းကမ်းချက်ကို
    လိုက်နာမယ် ဆိုရင်၊
  • 11:29 - 11:33
    ကိုယ်က အလုပ်မှ အိမ်သို့ ပြောင်းလဲမှုကို
    ဓလေ့တစ်ခုလို ကျင့်သုံးမယ် ဆိုရင်၊
  • 11:33 - 11:37
    ပြီးတော့ ကိုယ်ကိုင်တိုင်က စားမြုံ့ပြန်မှု
    အကျိုးဖြစ်ထွန်းမယ့် စဉ်းစားမှုဖြစ်လာအောင်
  • 11:37 - 11:38
    လေ့ကျင့်ထားမယ် ဆိုရင်၊
  • 11:38 - 11:39
    ကိုယ်ဟာ အောင်မြင်မှာပါ။
  • 11:39 - 11:43
    စားမြုံ့ပြန်မှုကို မောင်းထုတ်နိုင်ခြင်းက
    ပုဂ္ဂိုလ်ရေး ဘဝကို မြှင့်တင်ပေးရုံ သာမက
  • 11:43 - 11:46
    ပိုလို့ကို မြှင့်တင်ပေးနိုင်ခဲ့တာက
  • 11:46 - 11:50
    ကျုပ်ရဲ့ အလုပ်ဆီကနေပြီး ရတဲ့
    ကျေနပ်မှုနဲ့ ပျော်ရွှင်မှုပါပဲ။
  • 11:50 - 11:53
    အလုပ်နဲ့ဘဝ ပြီးပြည့်စုံစွာ
    မျှတမှုကို ရှာချင်ရင်
  • 11:53 - 11:55
    လက်တွေ့ လောကကြီးထဲမှာ မဟုတ်ဘဲ
  • 11:55 - 11:57
    ကျုပ်တို့ရဲ့ ခေါင်းထဲမှာ ရှာဖို့ လိုပါတယ်။
  • 11:57 - 11:59
    စားမြုံ့ပြန်မှုလည်း ရှိနေဦးမှာပါ။
  • 11:59 - 12:03
    ခင်ဗျားတို့ရဲ့ စိတ်ဖိစီးမှု လျှော့ချပြီး
    ဘဝအရည်အသွေးကို ပိုကောင်းစေချင်ရင်၊
  • 12:03 - 12:07
    ခင်ဗျားတို့ရဲ့ အလုပ်ကို၊ နာရီတွေ
    ပြောင်းဖို့ လိုအပ်ချင်မှ လိုမှာပါ။
  • 12:07 - 12:10
    ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ စဉ်းစားပုံ
    ကိုသာ ပြောင်းဖို့ လိုပါလိမ့်မယ်။
  • 12:10 - 12:12
    ကျေးဇူးတင်ပါတယ်။
  • 12:12 - 12:16
    (လက်ခုပ်သံများ)
Title:
အားလပ်နေချိန်မှာ အလုပ်ဆိုင်ရာ အတွေးတွေကို ဘယ်လို ရပ်တန့်ပစ်ရမလဲ။
Speaker:
Guy Winch
Description:

ကိုယ့်ကိုယ်ကိုယ် မောပန်းနေပြီလို့ ခံစားရသလား။ အဲဒါက ကိုယ်ဟာ ကိုယ့်အလုပ် အကြောင်းကို စားမြုံ့ပြန်နေတာ များလွန်းလို့ ဖြစ်နိုင်တယ်လို့ စိတ်ပညာရှင် Guy Winch က ဆိုပါတယ်။ နက်ဖြန်တွင် လုပ်ရမယ့် အလုပ်တာဝန်တွေကို စိုးရိမ်နေတာ သို့မဟုတ် အလုပ်ထဲက တင်းမာမှုတွေကို စားမြုံ့ပြန်နေတာ ရပ်တန့်နိုင်ပြီး အလုပ်ရဲ့ နောက်မှာ ပြေလျော့လာစေရန်နဲ့ အားသစ် ပြန်မွေးနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်း သုံးမျိုးကို လေ့လာသင်ယူလိုက်ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:29

Burmese subtitles

Revisions