Return to Video

အရာရာတိုင်းရဲ့ မူလအစ .. မဟာ ပေါက်ကွဲမှုကြီး

  • 0:01 - 0:03
    အရာရာတိုင်းရဲ့ အစဟာ
  • 0:03 - 0:04
    Big Bang ပါ။
  • 0:04 - 0:09
    စကြဝဠာဟာ ပြုန်းကနဲ ပေါက်ဖွားလာခဲ့ပြီး
    အဆုံးအစမဲ့ မဟုတ်နိုင်ဘူးဆိုတဲ့ စိတ်ကူးပါ။
  • 0:09 - 0:13
    ၂၀ရာစု အလယ်ခေတ်တိုင်အောင်
    သိပ္ပံပညာရှင် အများစုဟာ စကြဝဠာကို
  • 0:13 - 0:16
    အဆုံးအစမရှိ၊ ထာ၀ရလို့သာ ထင်ခဲ့ကြတယ်။
  • 0:17 - 0:21
    အိုင်းစတိုင်းရဲ နှိုင်းရသီအိုရီက ဆွဲငင်အား
    ကို ပိုကောင်းမွန်စွာ နားလည်စေ လာစေခဲ့ပြီး
  • 0:21 - 0:25
    Edwin Hubble က ကြယ်စုတွေ တစ်စုနဲ့တစ်စု
    ဝေးရာသို့ ရွေ့လျားနေကြတာဟာ
  • 0:25 - 0:28
    ယခင် ဟောကိန်းတွေနဲ ကိုက်ညီတာကို
    ရှာတွေ့ခဲ့ပါတယ်။
  • 0:29 - 0:33
    ၁၉၆၄ မှာ အာကာသ နောက်ခံ ရောင်ခြည်
    ဖြာထွက်မှု၊ တနည်း ကနဦး စကြာဝဠာရဲ့
  • 0:33 - 0:35
    ဓာတ်ကြွင်းကျန်ကို မတော်တဆ ရှာတွေ့ခဲ့ရာ၊
  • 0:35 - 0:39
    တခြားသော တွေ့ရှိခဲ့ရတဲ့
    အထောက်အထားများနဲ့အတူ Big Bang ဆိုတာ
  • 0:39 - 0:41
    သိပ္ပံမှာ လက်ခံလာနိုင်တဲ့
    သဘောတရား ဖြစ်လာခဲ့တယ်။
  • 0:42 - 0:45
    နောက်ပိုင်းမှာ Hubble မှန်ပြောင်းလို
    အဆင့်မြင့် နည်းပညာတွေဟာ
  • 0:45 - 0:49
    Big Bangနဲ့ အကာသဆိုင်ရာ ဖွဲ့စည်းပုံ
    ကားချပ်ပုံကို ပြတ်သားစွာ ပြပေးခဲ့ကြတယ်။
  • 0:50 - 0:54
    မကြာသေးခင်က.. တွေ့ရှိချက်တွေအရ
    စကြဝဠာ ပြန့်ကားခြင်းသည် အရှိန်တိုးလာနေကြောင်း
  • 0:54 - 0:55
    ထောက်ပြနေကြပါတယ်။
  • 0:56 - 0:58
    ဒါပေမဲ့ ဒီ Big Bang ဖြစ်ပျက်
    လာခဲ့ပုံက ဘယ်လိုလဲ။
  • 0:58 - 1:01
    နတ္ထိမှနေပြီး တစ်ခုခု ဘယ်လို
    ဖြစ်ပေါ်လာနိင်တာလဲ။
  • 1:02 - 1:03
    ကျုပ်တို့ သိထားသမျှ စူးစမ်းစို့။
    ကျုပ်တို့..
  • 1:10 - 1:13
    စ စခြင်း အပိုင်းကို အခု၊
    ခဏ လျစ်လျူ ရှုထားနိုင်ပါတယ်။
  • 1:13 - 1:16
    ပထမဦးဆုံးအနေနဲ့၊ Big Bang
    ဆိုတာ ပေါက်ကွဲမှု မဟုတ်ခဲ့ပါဘူး။
  • 1:17 - 1:20
    ရုတ်ခနဲဆိုသလို နေရာတိုင်းမှာ
    ဟင်းလင်းပြင်ဟာ ဆန့်ထွက်လာခဲ့ကြတာပါ။
  • 1:21 - 1:24
    စကြဝဠာ စတင်ခဲ့တာ အလွန့် အလွန်၊
    လွန်စွာမှ သေးနုပ်ခဲ့ပြီး
  • 1:24 - 1:26
    ဘောလုံး အရွယ်ထိ
    လျင်မြန်စွာ ကျယ်ပြန့်လာခဲ့တယ်။
  • 1:28 - 1:33
    စကြဝဠာက တစုံတရာအဖြစ်သို့ ပြန့်ကားလာခြင်း
    မဟုတ်ဘဲ၊ ဟင်းလင်းပြင်က ပြန့်ကားလာခဲ့တာပါ။
  • 1:33 - 1:37
    စကြဝဠာဆီမှာ အဆုံးသတ်နယ်ခြားမျဉ်း မရှိလို့
    စကြဝဠာဟာ ဘယ်ကိုမှ မပြန့်ကားနိုင်ခဲ့ဘူး၊
  • 1:37 - 1:41
    တနည်း၊ စကြဝဠာရဲ့ အပြင်ဘက် ဆိုတဲ့
    အဓိပ္ပါယ်ဖွင့်ဆိုချက်ရယ်လို့ မရှိနိုင်ဘူး။
  • 1:42 - 1:44
    စကြဝဠာလို့
    ဆိုလိုက်ရုံနဲ့ အားလုံး ပါပြီးသားပါ။
  • 1:45 - 1:48
    ဒီလို ပူပြင်း၊ သိပ်သည်းတဲ့ အခြေအနေထဲမှာ
    စွမ်းအင်ဟာ မိမိကိုယ်မိမိ
  • 1:48 - 1:52
    မျက်တောင်တခတ်စာမျှသာ တည်ရှိနိုင်ခဲ့ကြတဲ့
    အမှုန်များအဖြစ် ပြသပေးနိုင်ခဲ့တယ်။
  • 1:52 - 1:56
    gluon တွေထဲကနေပြီး တစ်ခုကိုတစ်ခု
    ဖျက်စီးတဲ့ quark စုံတွဲတွေကို ဖန်တီးခဲ့ရာ
  • 1:56 - 1:59
    နောက်ထပ် gluon တွေကို
    ထုတ်လွှတ်ပေးနိုင်ခြေရှိပါတယ်။
  • 1:59 - 2:02
    ၎င်းတို့က တုန့်ပြန်စရာ သက်တမ်းတို
    quark တွေကို ရှာတွေ့ခဲ့ကြလို့
  • 2:02 - 2:04
    quark စုံတွဲအသစ်နဲ့ gluon တွေကို
    ထပ်ဖွဲ့ပြန်တယ်။
  • 2:05 - 2:08
    ဒြပ်ထုနဲ့ စွမ်းအင်ဟာ သီအိုရီအရ
    ညီမျှခဲ့ကြရုံသာမက၊ အလွန်ပူပြင်းခဲ့လို့
  • 2:08 - 2:11
    ၎င်းတို့ဟာ လက်တွေ့တွင်
    ထပ်တူထပ်မျှ ဖြစ်ခဲ့ကြတယ်။
  • 2:12 - 2:15
    အဲဒီလို အချိန်တဝိုက်မှာ ဒြပ်ထုဟာ
    ဆန့်ကျင်ဒြပ်ထုကို အောင်နိုင်ခဲ့တယ်။
  • 2:16 - 2:20
    ဒီနေ့.. ကျန်ရစ်သမျှမှာ ဒြပ်ထုတွေ
    ဖြစ်ကြပြီး ဆန့်ကျင်ဒြပ်ထု မရှိသလောက်ပါ။
  • 2:20 - 2:24
    တနည်းနည်းနဲ့၊ ဆန့်ကျင်ဒြပ်
    တစ်ဘီလီယံ တိုင်းအတွက်
  • 2:24 - 2:26
    ဒြပ်ထု တစ်ဘီလီယံတစ်ခုစီ ပေါ်လာခဲ့ကြတယ်။
  • 2:27 - 2:31
    စကြဝဠာမှာ အလွန့်အလွန် ကြီးမားတဲ့
    တစ်ခုတည်းသော အားရဲ့ အစား
  • 2:31 - 2:35
    အခုဆို ကွဲပြားတဲ့ နိယာမများဖြင့်
    လှုပ်ရှားကြတဲ့ ဗားရှင်းတွေ အများကြီးပါပဲ။
  • 2:36 - 2:39
    အခုအထိ စကြဝဠာဟာ အချင်း ကီလိုမီတာ
    ဘီလီယံချီ ပြန့်ကားလာခဲ့ရာ
  • 2:39 - 2:41
    အဲဒါက အပူချိန်ကို ကျဆင်းလာစေခဲ့တယ်၊
  • 2:42 - 2:45
    quark တွေ ပေါ်ထွန်းလျက် စွမ်းအင်အဖြစ်
    ပြောင်းလဲခဲ့တဲ့ သံသရာဟာ
  • 2:45 - 2:46
    ရုတ်တရက် ရပ်တန့်သွားပါပြီ။
  • 2:47 - 2:49
    ဒီနေရာကစပြီး ကျုပ်တို့မှာ
    ရှိနေတာနဲ့ပဲ ရှေ့ဆက်ပါမယ်။
  • 2:49 - 2:54
    Quark တွေက ပရိုတွန်၊ နယူထရွန်လို
    hadron အမှုန်သစ်များ စတင်ဖွဲ့စည်းနေပါပြီ။
  • 2:54 - 2:58
    Hadrons အမျိုးမျိုးကို ဖွဲ့စည်းနိုင်တဲ့
    Quark တွေရဲ့ ပေါင်းစပ်နည်းတွေ
  • 2:58 - 3:02
    များလွန်းပေမဲ့ တချို့လောက်သာ
    တဒင်္ဂခဏ တည်မြဲကြပါတယ်။
  • 3:03 - 3:08
    အရာရာတိုင်း စတင်ခဲ့လို့ တစ်စက္ကန့်မျှသာ
    ကုန်လွန်သွားခဲ့တဲ့ အချိန်ကာလကို
  • 3:08 - 3:10
    နားလည်ဖို့ တစိတ်လောက်
    အချိန်ယူကြည့်ပါ။
  • 3:11 - 3:14
    ဘီလီယံရာချီ ကီလိုမီတာအထိ
    ကျယ်ဝန်းလာတဲ့ စကြ၀ဠာဟာ
  • 3:14 - 3:19
    နယူထရွန်အများစုကို ပရိုတွန်များအဖြစ်သို့
    ယိုယွင်းဖို့ ခွင့်ပြုနိုင်အောင် အေးနေပြီး
  • 3:19 - 3:21
    ပထမဆုံး အက်တမ်ဖြစ်တဲ့
    ဟိုက်ဒြိုဂျင်ကို ဖွဲ့စည်းပါတယ်။
  • 3:22 - 3:26
    ဒီနေရာ၌ စကြ၀ဠာကို အလွန်ပူပြင်းတဲ့
    ဟင်းရည်တခွက်လို စိတ်ကူးကြည့်လိုက်ပါ
  • 3:26 - 3:30
    အပူချိန် ဆလ်စီးယပ် ဒီဂရီ ဆယ်ဘီလီယံချီမှာ
    ရေတွက်မကုန်တဲ့ အမှုန်နဲ့ စွမ်းအင်တွေအပြည့်။
  • 3:31 - 3:35
    မိနစ်အတန်ငယ် အကြာမှာ၊ အရာဝတ္ထုတွေ
    အေးပြီး လျင်မြန်စွာ အနယ်ကျလာမယ်။
  • 3:36 - 3:39
    ဟေဒရွန်တွေနဲ့ အီလက်ထရွန်တွေမှ
    ဖြစ်ပေါ်လာကြတဲ့ အက်တမ်တွေက
  • 3:39 - 3:42
    တည်ငြိမ်ပြီး လျှပ်စစ်ဓာတ် သမနေတဲ့
    ပတ်ဝန်းကျင်ကို ဖန်းတီးပြန်တယ်။
  • 3:42 - 3:46
    တစ်ချို့က ဒီကာလကို Dark Age လို့
    ခေါ်ပြီး၊ အကြောင်းမှာ ကြယ်တွေမရှိ၊
  • 3:46 - 3:49
    ဟိုက်ဒြိုဂျင်ဓါတ်ငွေ့က မြင်နိုင်တဲ့
    အလင်းကို လှုပ်ရှားခွင့်မပြုလို့ပါ။
  • 3:50 - 3:53
    ဒါပေမဲ့ မျက်လုံးပါတဲ့ သတ္တဝါတွေ
    မရှိဘူးဆိုတော့ အလင်းဆိုတာ
  • 3:53 - 3:55
    ဘယ်လိုများ အဓိပ္ပါယ်ရှိနိုင်မလဲ။
  • 3:55 - 3:58
    နှစ်သန်းချီ ကြာပြီးနောက်
    ဟိုက်ဒြိုဂျင်ဓါတ်ငွေ့တွေ စုဝေးမိလာရာ
  • 3:58 - 4:02
    ဆွဲငင်အားက ကြယ်နဲ့ ကြယ်စုတွေ ပေါ်ထွက်ဖို့
    ကြီးမားစွာ ဖိအားပေးခဲ့ပါတယ်။
  • 4:03 - 4:07
    ၎င်းတို့ရဲ့ ဖြာထွက်မှုတွေက တည်ငြိမ်တဲ့
    ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို plasma အဖြစ်
  • 4:07 - 4:11
    ပျော်ဝင်စေခဲ့လို့ စကြ၀ဠာထဲ စိမ့်ဝင်နေဆဲ
    ဖြစ်လျက်၊ အလင်းကို ဖြတ်သန်းခွင့်ပြုပါတယ်။
  • 4:12 - 4:14
    အဆုံးမှာတော့ အလင်းရောင်ခြည်
    ထွန်းပေါ်လာခဲ့ပါသည်။
  • 4:15 - 4:18
    ဟုတ်ပြီ၊ ကျုပ်တို့ မပြောရသေးတဲ့
    အပိုင်းက ဘာများပါလိမ့်။
  • 4:19 - 4:20
    မူလ အစ အဖြစ်အပျက်က ဘာတွေလဲ။
  • 4:21 - 4:24
    ဒီအပိုင်းကို Big Bang အဖြစ်
    သတ်မှတ်နိုင်ပါတယ်။
  • 4:24 - 4:26
    အဲဒီမှာ ဘာဖြစ်ခဲ့လဲ ဆိုတာ လုံး၀ မသိရပါဘူး။
  • 4:27 - 4:29
    အဲ့ဒီနေရာမှာ ကျုပ်တို့
    ကိရိယာတွေ သုံးမရပါ။
  • 4:29 - 4:33
    သဘာ၀ ဥပဒေသတွေက အဓိပ္ပါယ်မဲ့ကုန်ပြီး
    အချိန် ကိုယ်၌ပင်လျင် ယိမ်းထိုးလာကုန်တယ်။
  • 4:34 - 4:37
    အဲ့မှာ ဖြစ်ပျက်ခဲ့တာ နားလည်ဖို့
    ကျုပ်တို့လိုအပ်သည်မှာ သိပ္ပံပညာရှင်များစွာ
  • 4:37 - 4:41
    အားထုတ်နေကြတဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီနဲ့
    ကွမ်တမ် မက္ကဲနစ်ကို တသားတည်း
  • 4:41 - 4:43
    ပေါင်းစည်းပေနိုင်မယ့် သီအိုရီပါ။
  • 4:44 - 4:47
    ဒါက အဖြေမရှိသေးတဲ့ မေးခွန်းတွေ
    အများကြီးကို ချန်ထားခဲ့ပါတယ်။
  • 4:48 - 4:50
    ကျုပ်တို့ စကြ၀ဠာမရှိခင်မှာ စကြ၀ဠာတွေ
    ရှိခဲ့ကြသေးလား။
  • 4:50 - 4:52
    ဒါက ပထမဆုံးနဲ့ တစ်ခုတည်းပဲ ရှိတာလား။
  • 4:53 - 4:56
    Big Bangကို ဘာက အစပျိုးပေးခဲ့တာလဲ၊
    ဒါမှမဟုတ် သဘာဝအလျောက် ဖြစ်ခဲ့တာလား၊
  • 4:56 - 4:59
    တို့တွေ နားမလည်သေးတဲ့
    နိယာမတွေကို အခြေခံခဲ့တာလား။
  • 5:00 - 5:02
    ကျုပ်တို့ မသိပါဘူး။ ဘယ်တော့မှ
    မသိချင် မသိ မဖြစ်သွားနိုင်ပါတယ်။
  • 5:03 - 5:07
    ဒါပေမဲ့ ကျုပ်တို့သိတာ၊
    စကြ၀ဠာဟာ ဒီနေရာက စတင်ခဲ့တယ်။
  • 5:07 - 5:13
    ပြီးတော့ အမှုန်တွေ၊ ကြယ်စုတွေ၊ ကြယ်တွေ၊
    ကမ္ဘာမြေနဲ့ သင့်တို့ကို မွေးလာစေခဲ့တယ်။
  • 5:14 - 5:18
    ကျုပ်တို့ကို ကြယ်သေတွေနဲ့ ပြုလုပ်ထား
    ခြင်းကြောင့် ကျုပ်တို့ဟာ စကြ၀ဠာနဲ့
  • 5:18 - 5:20
    ခွဲခြားမရနိုင်ဘဲ၊ ကျုပ်တို့ဟာ
    စကြဝဠာ အစိတ်အပိုင်းပင်
  • 5:21 - 5:25
    ကျုပ်တို့ဟာ စကြဝဠာရဲ့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ရေး
    ခရီးမှာ ပါဝင်ကြသူတွေလို့ ပြောနိုင်ပါတယ်။
  • 5:26 - 5:31
    ဒါကြောင့် ထပ်ပြီး မေးချင်တဲ့ မေးခွန်းတွေ
    မကျန်အောင် ဆက်ပြီး စမ်းသပ်ကြည့်ကြပါစို့။
Title:
အရာရာတိုင်းရဲ့ မူလအစ .. မဟာ ပေါက်ကွဲမှုကြီး
Description:

အရာရာတိုင်းဟာ ဘယ်လို စတင်ခဲ့တာလဲ။

စကြ၀ဠာဆီမှာ အစရှိခဲ့သလား ဒါမှမဟုတ် ထာဝရ တည်ရှိလာခဲတာများလား။ ဒီနေ့တွင် ကျွန်ုပ်တို့ တစိတ်တပိုင်း ပါဝင်နေတဲ့ စကြ၀ဠာဟာ စမှတ်တစ်ခု တကယ်ပဲ ရှိခဲ့တာကို ညွှန်နေကြတဲ အထောက်အထားတွေ ရှိပါတယ်။ ဒါ ဘယ်လိုများ ဖြစ်နိုင်နိုင်သလဲ။ ဘာမျှမရှိခြင်းမှ တစုံတခု ဘယ်လိုလုပ် ဖြစ်ပေါ်နိုင်ပါလဲ။ ပြီးတော့ အချိန်ဆိုတာရော။ ကျုပ်တို့မှာ အားလုံးအတွက် အဖြေတွေ မရှိသေးပါ၊ ဒီတော့ ကျုပ်တို့ သိသမျှကို ဆွေးနွေးကြစို့။

more » « less
Video Language:
English
Duration:
05:55

Burmese subtitles

Revisions