< Return to Video

ပရိသတ်ကိုကြောက်စိတ်၏ သိပ္ပံပညာနှင့် ကျော်လွှားနိုင်သော နည်းလမ်းများ - Mikael Cho

  • 0:08 - 0:09
    လက်မှာချွေးတွေရွှဲနေတယ်။
  • 0:09 - 0:09
    ရင်တွေ ခုန်နေတယ်။
  • 0:09 - 0:11
    ဗိုက်ထဲမှာ နေရကျပ်နေတယ်။
  • 0:11 - 0:13
    အကူအညီလည်း တောင်းလို့မရဘူး။
  • 0:13 - 0:15
    လည်ချောင်းထဲမှာ အသက်ရှူကျပ်ရုံတင်မကဘူး။
  • 0:15 - 0:17
    နေရတာ ကသိကအောက်ကြီးဖြစ်နေတယ်။
  • 0:17 - 0:19
    ဒါက ဘီလူးအလိုက်ခံရတာမဟုတ်ပါဘူး။
  • 0:21 - 0:22
    စင်ပေါ်မှာ စကားပြောရမှာပါ။
  • 0:22 - 0:24
    အချို့ကသေတာထက်တောင်
    ဆိုးတယ်တဲ့။
  • 0:24 - 0:27
    သေသွားရင်ဘာမှမခံစားရတော့ဘူးလေ။
  • 0:27 - 0:29
    စင်ပေါ်တက်ချိန်မှာ ပရိသတ်ကို
    ကြောက်စိတ်ဖြစ်ကြတယ်။
  • 0:32 - 0:34
    တစ်ချိန်မှာ လူရှေ့ထွက်
    စကားပြောရတဲ့
  • 0:34 - 0:35
    အချိန်ရှိလာမှာဖြစ်လို့
  • 0:35 - 0:37
    ကြိုးစားပြီးတော့ ကျော်လွှားရမှာပါပဲ။
  • 0:37 - 0:41
    အရင်ဆုံး ပရိသတ်ကိုရင်ဆိုင်ဖို့
    ကြောက်တဲ့စိတ်ကို နားလည်ဖို့လိုပါတယ်။
  • 0:41 - 0:43
    လူတွေဟာ အဖွဲ့အစည်းနဲ့နေတတ်ကြတယ်၊
  • 0:43 - 0:45
    နာမည်ဂုဏ်သတင်းတွေအတွက်
    စိတ်ပူတတ်ကြပြီး
  • 0:45 - 0:46

    ပရိသတ်ရှေ့စကားပြောခြင်းက ဒါကို
  • 0:46 - 0:48
    ခြိမ်းခြောက်စေတယ်။ မပြောခင်မှာ
  • 0:48 - 0:52
    "ဆိုးရွားလိုက်တာ၊ ငတုံးပဲ" လို့
    အထင်မခံချင်ကြဘူး။
  • 0:52 - 0:54
    အဲ့လိုအထင်ခံရမှာကို ကြောက်တဲ့စိတ်က၊
  • 0:54 - 0:55
    ဦးနှောက်အခြေခံအပိုင်းကို
  • 0:55 - 0:57
    ကြောက်စိတ်တုံ့ပြန်ချက်ဖြစ်စေပြီး၊
  • 0:57 - 0:58
    ဒီဟာက ထိန်းချုပ်ရအရမ်းခက်ပါတယ်။
  • 0:58 - 1:00
    ဒါဟာ ထွက်ပြေးမလား၊ ခုခံမလား ဆိုတဲ့
  • 1:00 - 1:01
    တုံ့ပြန်မှုမျိုးဖြစ်ပြီး၊
  • 1:01 - 1:05
    ဟောပြောဖို့မလိုတဲ့တိရိစ္ဆာန်တွေမှာ
    တွေ့ရတဲ့မိမိကိုယ်ကာကွယ်ခြင်းဖြစ်စဥ်ပါ။
  • 1:05 - 1:07
    ဒီထိတ်လန့်မှုဖြစ်စဥ်ကို လေ့လာတဲ့
  • 1:07 - 1:09
    ပညာရှင် Charles Darwin က
  • 1:09 - 1:10
    လန်ဒန်တိရိစ္ဆာန်ရုံက မြွေပြပွဲမှာ
  • 1:10 - 1:12
    ဒီဖြစ်စဥ်ကို စမ်းသပ်ခဲ့ပါတယ်။
  • 1:12 - 1:14
    သူ့ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ
  • 1:14 - 1:17
    ကျနော့်ရဲ့စိတ်စွမ်းအားနဲ့အသိဥာဏ်ဟာ
    ဘေးတွေ့ချိန်မှာ၊ တစ်ခါမှမကြုံဘူးတဲ့
  • 1:17 - 1:19
    အစွမ်းမဲ့မှုခံစားရတယ်လို့ရေးခဲ့တယ်။
  • 1:19 - 1:20
    သူ့ကောက်ချက်က ဒီတုံ့ပြန်မှုဟာ
  • 1:20 - 1:22
    ခေတ်သစ်လူသားတွေရဲ့ကွဲပြားချက်တွေ
  • 1:22 - 1:24
    သက်ရောက်မှုမရှိတဲ့ ရှေးထဲက
    တုံ့ပြန်မှုဖြစ်တယ်
  • 1:24 - 1:26
    ဒီတော့ သင့်ရဲ့ ခေတ်သစ်သိစိတ်ထဲမှာ
  • 1:26 - 1:27
    ဒါက ဟောပြောခြင်းဖြစ်ပြီး၊
  • 1:27 - 1:28
    ဦးနှောက်ထဲမှာတော့၊
  • 1:28 - 1:31
    ဟောပြောခြင်းရဲ့ အကျိုးဆက်တွေ
    ကိုေတွးဆမိပြီး၊
  • 1:31 - 1:33
    အသက်လုပြေးရမယ့်အချိန် (သို့)
  • 1:33 - 1:34
    အသေချရမယ့်အချိန်ရောက်ပြီ၊
  • 1:34 - 1:35
    သန်မာမှသာအနိုင်ရမယ်လို့
  • 1:35 - 1:36
    ပုံဖော်မိတယ်။
  • 1:50 - 1:53
    ကျောရိုးရှိသတ္တဝါတွေလိုပဲ
    ဦးနှောက်ရှိ hpothalamus ကလပ်စည်းက
  • 1:53 - 1:56
    pituitary gland တွေကို ACTH
    ဟိုမုန်းဓါတ် စိမ့်ထွက်ဖို့
  • 1:56 - 1:56
    အစပျိုးပြီး၊
  • 1:56 - 1:58
    သွေးထဲကို adrenal gland ကတဆင့်
  • 1:58 - 2:00
    adrenaline ဟိုမုန်းဓါတ် ထွက်စေတယ်
  • 2:00 - 2:02
    လည်ပင်းနဲ့ကျောက နေမထိထိုင်မသာပျော့ခွေပြီး၊
  • 2:02 - 2:03
    ကြွက်သားတွေကတိုက်ခိုက်ဖို့
  • 2:03 - 2:05
    ပြင်ချိန်မှာ၊လက်နဲ့ခြေထောက်ကတုန်နေတယ်
  • 2:05 - 2:06
    ချွေးကထွက်
  • 2:06 - 2:07
    သွေးပေါင်ချိန်ပါ တက်နေပြီ။
  • 2:07 - 2:09
    အာဟာရနဲ့အောက်ဆီဂျင်ကို
  • 2:09 - 2:10
    ကြွက်သားနဲ့အရေးပါတဲ့အင်္ဂါတွေဆီကို
  • 2:10 - 2:12
    ပိုပို့ပေးနိုင်ဖို့ အစာခြေခြင်းက
    ရပ်လိုက်တဲ့
  • 2:12 - 2:15
    အတွက်၊ ပါးစပ်တွေခြောက်ပြီး
    ဂနာမငြိမ်ဖြစ်လာတယ်။
  • 2:15 - 2:16
    မျက်စေ့သူငယ်အိမ် ကျယ်လာကာ
  • 2:16 - 2:18
    အနီးကပ်ရှိနေတဲ့ မှတ်စုလိုမျိုးကို
  • 2:18 - 2:19
    ဖတ်ဖို့မလွယ်တော့ဘူး။
  • 2:19 - 2:21
    အဝေးကိုတော့ကြည့်လို့ရပါတယ်။
  • 2:21 - 2:22
    စင်ကြောက်စိတ်က ဒီလို
    ဖြစ်လာတာပါ။
  • 2:23 - 2:24
    ဒါကို ဘယ်လိုတွန်းလှန်မလဲ။
  • 2:24 - 2:26
    ပထမဆုံးတော့ ရှုထောင့်အမြင်ပဲ။
  • 2:26 - 2:27
    ဒါဟာခေါင်းထဲကဖြစ်လာတာမဟုတ်ဘဲ
  • 2:27 - 2:30
    သဘာဝ၊ ဟိုမုန်းဓါတ်နဲ့ဆိုင်ပြီး
    တစ်ကိုယ်လုံးရှိ
  • 2:30 - 2:32
    ကိုယ်ခန္ဓာရဲ့အာရုံကြောစနစ်က အလိုအလျှောက်
    တုံ့ပြန်တာပါ။
  • 2:32 - 2:35
    လူမှုရေးစိတ်လှုပ်ရှားမှုမှာ မျိုးရိုးဗီဇ
    ကလည်း အရေးကြီးပါတယ်။
  • 2:35 - 2:38
    John Lennon ဟာ
    အကြိမ်ထောင်ချီ ဖျော်ဖြေဖူးတယ်။
  • 2:38 - 2:40
    မဖျော်ဖြေခင် အကြိမ်တိုင်းမှာ
    သူအန်လေ့ရှိတယ်။
  • 2:40 - 2:41
    တစ်ချို့လူတွေက လူအများရှေ့
  • 2:41 - 2:43
    သရုပ်ဆောင်ရမှာ ပိုပြီးကြောက်ကြတယ်။
  • 2:43 - 2:46
    စင်ကြောက်တဲ့စိတ်က သဘာဝ
    ဖြစ်ပြီး ရှောင်လွှဲမရတဲ့အတွက်
  • 2:46 - 2:47
    ထိန်းချုပ်နိင်တာကိုပဲ အာရုံစိုက်ပါ။
  • 2:47 - 2:49
    တကယ်ပြောမယ့်နေရာနဲ့
  • 2:49 - 2:50
    အလားတူနေရာမှာ၊ ပွဲမစခင်
  • 2:50 - 2:53
    အကြာကြီးကထဲက များများလေ့ကျင့်ထားပါ။
  • 2:53 - 2:56
    ဘယ်အလုပ်မဆို၊ လေ့ကျင့်ခြင်းက
    ပို၍အကျွမ်းဝင်စေပြီး
  • 2:56 - 2:57
    ပူပန်မှုကို လျော့စေလို့
  • 2:57 - 2:59
    လူအများရှေ့ထွက်ပြောရချိန်မှာ
  • 2:59 - 3:01
    မိမိကိုယ်နဲ့ လုပ်တဲ့အလုပ်အပေါ်
    ယုံကြည်မှုရှိလာတယ်။
  • 3:01 - 3:03
    Steve Jobs ကမှတ်တမ်းဝင်
    ဟောပြောမှုတွေကို
  • 3:03 - 3:04
    နာရီများစွာဇာတ်တိုက်ပြီး
  • 3:04 - 3:06
    ရက်သတ္တပတ်များစွာကြိုလုပ်တယ်
  • 3:06 - 3:07
    ကိုယ်ပြောမယ့်အရာကိုကိုယ်သိနေရင်
  • 3:07 - 3:09
    hypothalamus က ခန္ဓာကိုယ်ကို
  • 3:09 - 3:10
    သားရဲအုပ် အစားခံရတော့မယ်လို့
  • 3:10 - 3:13
    ယုံကြည်ခွင့်မပေးပဲ လူအုပ်ဆီက
    ခွန်အားပြန်ယူနိုင်မှာပါ
  • 3:13 - 3:14
    ဟေးဒါပေမယ့် hypothalamus က
  • 3:14 - 3:17
    သင့်ထက် နှစ်ပေါင်းများစွာပိုပြီး
    အလေ့အကျင့်ရှိတယ်
  • 3:18 - 3:19
    စင်ပေါ်ကိုမတက်ခင်လေးတင်
  • 3:19 - 3:20
    ဦးနှောက်ကိုလည့်စားပြီး
  • 3:20 - 3:22
    ညစ်ရမယ့်အချိန်ရောက်ပြီ။
  • 3:22 - 3:24
    လက်တွေအပေါ်ဆန့်ကာ အသက်ပြင်းပြင်းရှုပါ။
  • 3:24 - 3:25
    ဒါက hypothalamus ကို သက်တောင့်သက်သာ
  • 3:25 - 3:27
    တုံ့ပြန်မှုဖြစ်စေပါတယ်။
  • 3:27 - 3:29
    ပရိသတ်ကြောက်စိတ်က အစီအစဥ်မစခင်
    အဆိုးဆုံးဖြစ်တတ်လို့
  • 3:29 - 3:32
    နောက်ဆုံးမိနစ်ကို ဆန့်တန်း၊
    အသက်ရှုခြင်းတွေလုပ်ပါ
  • 3:32 - 3:34
    မိုက်ခွက်နားချဥ်းကပ်ပါ၊ အသံပြတ်သားပါ။
  • 3:34 - 3:35
    ကိုယ်ခန္ဓာလျှော့ချလိုက်ပါ။
  • 3:35 - 3:38
    သေချာပြင်ဆင်ထားတဲ့ ဟောပြောမှုက
    ပရိသတ်ကို သင်ဟာ
  • 3:38 - 3:40
    သြဇာရှိပါရမီရှင်လို့
    လက်ခံယုံကြည်စေမှာပါ။
  • 3:40 - 3:41
    ဘယ်လိုမျိုးလဲ။
  • 3:41 - 3:43
    ဒါကို မကျော်လွှားနိုင်ဘူးလား။
  • 3:43 - 3:44
    ကျင့်သားရအောင်လုပ်ပါ
  • 3:44 - 3:46
    ဘယ်လောက်ပဲ ယဥ်ကျေးလာတယ်လို့
  • 3:46 - 3:47
    ထင်ရပေမယ့်၊
  • 3:47 - 3:48
    ဦးနှောက်ထဲမှာတော့၊ သင်ဟာ
  • 3:48 - 3:49
    နက်နဲ့သိမ်မွေ့
  • 3:49 - 3:53
    စကားကောင်းစွာပြောနိုင်တဲ့ ရိုင်းစိုင်းတဲ့
    သတ္တဝါတစ်ကောင်ပါပဲ။
Title:
ပရိသတ်ကိုကြောက်စိတ်၏ သိပ္ပံပညာနှင့် ကျော်လွှားနိုင်သော နည်းလမ်းများ - Mikael Cho
Speaker:
Mikael Cho
Description:

သင်ခန်းစာအပြည့်အစုံကိုကြည့်ရန် - http://ed.ted.com/lessons/the-science-of-stage-fright-and-how-to-overcome-it-mikael-cho

နှလုံးခုန်နှုန်းတွေမြန်နေတယ်။ လက်ဖဝါးမှာလည်းချွေးတွေပြန်နေတယ်။ အသက်ကိုကြိုးစားရှုနေရတယ်။ နှလုံးရောဂါဖြစ်တာမဟုတ်ပါဘူး။ ဒါက စင်ပေါ်တက်စကားမပြောခင် ပရိသတ်ကိုကြောက်စိတ်ဖြစ်တာပါ။ လူအများရှေ့မှာစကားပြောဖို့ကို အသက်လုနေရသလိုဖြစ်နေရင် တစ်ယောက်တည်းဒီလိုဖြစ်တာမဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုကိုပိုနားလည်လာလေလေ၊ ဒါကိုကျော်လွှားနိုင်ဖို့ ပိုလွယ်ကူလာမှာပါ။ Mikael Cho က ဦးနှောက်ကိုဘယ်လိုလှည့်စားပြီး လူအများရဲ့အာရုံစိုက်မှုနဲ့ ချီးကျူးခြင်းဘယ်လိုခံရမလဲဆိုတာကို အကြံပြုထားပါတယ်။

Lesson by Mikael Cho, animation by KAWPA Studioworks.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:08

Burmese subtitles

Revisions Compare revisions