< Return to Video

ကျွန်မ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ နှစ်

  • 0:00 - 0:03
    ကျွန်မက စာရေးဆရာနဲ့ ဂျာနယ်လစ်ပါ၊
  • 0:03 - 0:06
    နောက်ပြီး အရမ်းစပ်စုတတ်တဲ့သူ၊
  • 0:06 - 0:08
    ဆိုတော့ ၂၂ နှစ်လောက်
    သတင်းသမားလုပ်ခဲ့တယ်၊
  • 0:08 - 0:10
    အသစ် အသစ်တွေကို ဘယ်လိုလုပ်ရမလဲ
    သင်ယူခဲ့တယ်။
  • 0:10 - 0:13
    လွန်ခဲ့တဲ့ သုံးနှစ်က ဘယ်လိုလုပ်ရမလဲလို့
    ကျွန်မသင်ယူခဲ့တာကတော့
  • 0:13 - 0:16
    မမြင်ရအောင် ဘယ်လိုနေရမလဲလို့ပါ။
  • 0:16 - 0:19
    ကျွန်မဟာ အိုးအိမ်မဲ့ အလုပ်လုပ်သူ
    တယောက်ဖြစ်လာခဲ့တယ်။
  • 0:19 - 0:21
    သတင်းစာမှာ အယ်ဒီတာလုပ်တဲ့ အလုပ်က
    ကျွန်မထွက်လိုက်တယ်၊
  • 0:21 - 0:24
    အဲဒီနှစ် ဖေဖော်ဝါရီတုန်းက အဖေ
    ဆုံးသွားရှာတယ်၊
  • 0:24 - 0:28
    အဲဒီနောက် ခရီးတွေ
    သွားဖို့ ဆုံးဖြတ်လိုက်တယ်။
  • 0:28 - 0:30
    သူသေတာက ကျွန်မကို တော်တော်
    ထိခိုက်စေတယ်။
  • 0:30 - 0:33
    အဲဒီလို လုပ်ခဲ့တုန်းက ကျွန်မ ခံစားချင်တာ
    လုပ်ချင်တာ တော်တော်များတယ်။
  • 0:33 - 0:36
    ဘဝတလျှောက်လုံး ကမ့်ထိုးလာခဲ့သူပါ။
    ကျွန်မ ဆုံးဖြတ်လိုက်တယ်။
  • 0:36 - 0:38
    လုပ်ချင်တာတွေလုပ်ဖို့ ဗန်ကားပေါ်မှာ
    တနှစ်နေမယ်ပေါ့၊
  • 0:38 - 0:40
    ကမ်ပိန်း ခရီးစဉ် ရှည်ကြီးလိုပါပဲ။
  • 0:40 - 0:43
    ကျွန်မရဲ့ ကြောင်လေးနဲ့ Rottweiller ကို
    ကားပေါ်တင်တယ်
  • 0:43 - 0:47
    ကမ့်တဲထိုးလို့ရမယ့် ပစ္စည်းတွေကို ၁၉၇၅
    မော်ဒန် Chevy ဗန်ကားပေါ်တင်တယ်
  • 0:47 - 0:49
    နောက်ပြီး နေဝင်တဲ့ ဘက်ကို
    မောင်းထွက်လာခဲ့ပေမဲ့
  • 0:49 - 0:53
    အရေးကြီးတဲ့ အချက်သုံးချက်ကို လုံးဝကို
    မစဉ်းစားဘဲ မောင်းထွက်လာခဲတယ်။
  • 0:53 - 0:55
    တစ်က လူမှုအသိုင်းအဝိုင်းက လက်ခံထားတာက
  • 0:55 - 0:59
    တည်မြဲတဲ့ အဆောက်အဦထဲ၊
    တဲသာသာလေး ဖြစ်နေပါစေအုံး
  • 0:59 - 1:01
    အဲဒီလိုနေတဲ့လူမှာ တန်ဖိုးရှိတယ်။
  • 1:01 - 1:03
    နှစ်- တခြားလူတွေရဲ့ မကောင်းတဲ့ အမြင်တွေကို
  • 1:03 - 1:06
    ကျွန်မတို့ကို ထိခိုက်စေဖို့ ကိုယ့်ကိုယ်ကို
    ခွင့်ပြုမယ်ဆိုရင်၊
  • 1:06 - 1:09
    ကိုယ့်ကို ဘယ်လောက် မြန်မြန် ထိခိုက်
    စေမှာကို မစဉ်းစားမိခဲ့ဘူး။
  • 1:09 - 1:11
    သုံး- အိုးအိမ်မဲ့ဆိုတာ
    လူနေမှုပုံစံ မဟုတ်ဘဲ
  • 1:11 - 1:13
    အိုးအိမ်မဲ့ နေထိုင်မှုဆိုတာ
  • 1:13 - 1:16
    ကိုယ့်စိတ်ဆန္ဒပဲ ဆိုတာကို
    ထည့်မတွေးမခဲ့ဘူး။
  • 1:16 - 1:18
    အစပိုင်းတော့ ဗန်ကားပေါ်နေရတာ
    မိုက်တယ်။
  • 1:18 - 1:21
    ကမ့်ကွင်းပြင်မှာ ရေချိုးတယ်။ အပြင်မှာ
    အစားပုံမှန်စားတယ်
  • 1:21 - 1:25
    အနားယူဖို့ အချိန်နဲ့ လွမ်းဆွတ်နေဖို့
    အချိန်တွေ ရှိခဲ့တယ်။
  • 1:25 - 1:28
    ဒါပေမယ့် အဲဒီနောက်တော့ အဖေသေတာနဲ့
    ပတ်သက်ပြီး စိတ်ဓါတ်ကျပြီး ဒေါသထွက်လာတယ်။
  • 1:28 - 1:32
    ကျွန်မ freelance အလုပ်လည်း ဆုံးသွားလို့
    အချိန်ပြည့် အလုပ်ကို လုပ်ရတော့တယ်။
  • 1:32 - 1:34
    ကျွန်မရဲ့ ကုန်ကျစရိတ်တွေ ပေးနိုင်ဖို့လေ။
  • 1:34 - 1:36
    အဲဒီမှာ စိတ်အခြေအနေ ယိုင်လဲတော့တာပဲ၊
  • 1:36 - 1:38
    တော်တော် ဆိုးဝါးတဲ့ နွေရာသီပါ။
  • 1:38 - 1:40
    ဘယ်နားမှာမှ ကားရပ်စရာနေရာ ရှာမရတော့ဘူး --
  • 1:40 - 1:41
    (ရယ်မော)
  • 1:41 - 1:43
    သိပ်ကို ထင်ထင်ရှားရှား မြင်မရပေမဲ့၊
  • 1:43 - 1:46
    ခွေးတကောင်နဲ့ ကြောင်တကောင် ရှိနေတော့
    မတရား ပူအိုက်ခဲ့တယ်။
  • 1:46 - 1:49
    ဗန်ကား ပြတင်းပေါက်နားမှာ ကြောင်က
    လာလာနေတယ်။
  • 1:49 - 1:51
    ခွေးကတော့ နေ့ခွေးထိန်းဌာနကို သွားတယ်
  • 1:51 - 1:53
    ကျွန်မကတော့ ချွေးသီးချွေးပေါက်နဲ့ပေါ့။
  • 1:53 - 1:56
    အဆင်ပြေရင် ရုံးက ဝန်ထမ်းသုံး
    ရေချိုးခန်းကို သုံးတယ်။
  • 1:56 - 1:59
    မဟုတ်ရင်လည်း
    ကားရပ်တဲ့နေရာက ရေချိုးခန်းပေါ့။
  • 1:59 - 2:03
    အဲဒါမှ မဟုတ်ရင် အများသုံး သန့်စင်ခန်းပေါ့။
  • 2:03 - 2:06
    ညပိုင်းမှာ အပူချိန်က ၈၀ ဒီဂရီ
    ဖာရင်ဟိုက် အောက်ကို မဆင်းဘူး၊
  • 2:06 - 2:09
    နေရထိုင်ရ တော်တော်ခက်သလို
    အိပ်လို့လည်း မရဘူး။
  • 2:09 - 2:12
    ပူလွန်းလို့ စားစရာတွေလည်း
    ပုတ်သိုးကုန်တယ်။
  • 2:12 - 2:15
    နာရီပိုင်းအတွင်းမှာ ရေခဲပုံးထဲက
    ရေခဲတွေ အရေပျော်ကုန်တယ်၊
  • 2:15 - 2:23
    တော်တော် စိတ်ပျက်စရာကောင်းတာ။
  • 2:23 - 2:25
    တိုက်ခန်း ရှာနေဖို့ကို
    ကျွန်မမတတ်နိုင်ဘူး။
  • 2:25 - 2:27
    နောက်ပြီး Rottweiller နဲ့ ကြောင်ကိုပါ
  • 2:27 - 2:29
    ခေါ်နေနိုင်မယ့် အခန်းကို
    ကျွန်မမတတ်နိုင်ဘူး။
  • 2:29 - 2:31
    နောက်ပြီး သူတို့ကို
    ကျွန်မ မစွန့်လွတ်နိုင်ဘူး။
  • 2:31 - 2:37
    ဒီတော့ ဗန်ထဲမှာပဲ ဆက်နေဖြစ်တယ်။
  • 2:37 - 2:39
    နောက် အပူဒါဏ်ကြောင့် နေမကောင်းဖြစ်လာရော
  • 2:39 - 2:42
    အများသုံး သန့်စင်ခန်းကို ကားထဲက ထွက်ပြီး
  • 2:42 - 2:44
    ပေငါးဆယ်လောက် လမ်းလျှောက်သွားရတော့
  • 2:44 - 2:47
    ရေပုံးနဲ့ အမှိုက်အိတ်ကို အိမ်သာလုပ်ရတယ်။
  • 2:47 - 2:50
    ဆောင်းတွင်းလည်း ရောက်လာရော
    အပူချိန်က ကျသွားတယ်
  • 2:50 - 2:52
    ရေခဲမှတ်အောက်ကို ကျသွားပြီး
    ဆက်အေးနေခဲ့တယ်။
  • 2:52 - 2:57
    အခက်အခဲ အသစ်တွေ တွေ့ပါလေရော။
  • 2:57 - 3:00
    ညတိုင်း နေရာပြောင်းပြီး
    ကားရပ်ရတယ်၊
  • 3:00 - 3:03
    ရဲတွေ ကျွန်မကို သတိမထားလို့
    ခြိမ်းခြောက်တာတွေ မလုပ်နိုင်ဖို့ပါ။
  • 3:03 - 3:05
    အမြဲတော့ မရှောင်နိုင်ပါဘူး။
  • 3:05 - 3:12
    ဒါပေမဲ့ ကျွန်မဘဝကို ကျွန်မ
    မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားမိတယ်။
  • 3:12 - 3:15
    ဘယ်လို ဘယ်အချိန်က စဖြစ်တယ်တော့
    မသိတော့ပါဘူး၊
  • 3:15 - 3:18
    ဒါပေမဲ့ အရည်အချင်းရှိတဲ့ စာရေးဆရာ၊
    သတင်းသမား တယောက်ရဲ့ ဘဝကနေ
  • 3:18 - 3:21
    အိမ်ခြေယာမဲ့၊ ဗန်ကားထဲမှာနေတဲ့ သူအဖြစ်
    ပြောင်းသွားတဲ့
  • 3:21 - 3:24
    အရှိန်က မြန်လွန်းလို့
  • 3:24 - 3:26
    အသက်ရှူဖို့တောင် မလွယ်ခဲ့ဘူး။
  • 3:26 - 3:29
    ကျွန်မ ပြောင်းလဲမသွားပါဘူး။ ကျွန်မရဲ့
    I.Q ကျမသွားပါဘူး။
  • 3:29 - 3:35
    ကျွန်မရဲ့ အရည်အချင်း၊ ဂုဏ်သိက္ခာ၊ တန်ဖိုး
  • 3:35 - 3:38
    အကုန်လုံး တူတူပဲ ရှိနေသေးတာပါ။
  • 3:38 - 3:40
    ဒါပေမဲ့ တနည်းနည်းနဲ့တော့ ကျွန်မ
    ပြောင်းလဲနေပြီ
  • 3:40 - 3:43
    ကျွန်မမှာ စိတ်ကျရောဂါ
    ပိုပိုပြီး ဖိစီးလာတယ်
  • 3:43 - 3:46
    နောက်ဆုံးတော့ တယောက်က ကျွန်မကို
    အိုးအိမ်မဲ့ ဆေးခန်းကို သွားခိုင်းတယ်။
  • 3:46 - 3:49
    ကျွန်မ အဲဒီကို သွားတယ်။ သုံးရက်လောက်
    ရေမချိုးထားဘူး။
  • 3:49 - 3:53
    နံစော်နေတာပေါ့။ တန်းစီစောင့်နေတဲ့ လူတွေ
    လိုပဲ စိတ်ဓါတ် ကျနေသူပေါ့။
  • 3:53 - 3:56
    ကျွန်မ အရက်မူးနေတာ၊ ဆေးမိနေတာ
    မဟုတ်ခဲ့ပါဘူး။
  • 3:56 - 3:59
    ဘေးရှိ တခြားအိမ်ခြေယာမဲ့ အများကြီးက
    ကျွန်မကို သတိထားမိသွားတယ်၊
  • 3:59 - 4:01
    တက္ကသိုလ်ပါမောက္ခာဟောင်းတောင် ပါသေးတယ်၊
  • 4:01 - 4:04
    သူတို့က "မင်းက အိူဒအိမ်မဲ့ မဟုတ်ပါဘူး။
    ဘာလို့ ဒီကို ရောက်နေတာလဲ"တဲ့။
  • 4:04 - 4:07
    တခြား အိုးအိမ်မဲ့တွေက ကျွန်မကို
    အိုးအိမ်မဲ့လို့ မထင်ကြဘူး
  • 4:07 - 4:10
    ဒါပေမဲ့ ကျွန်မဟာ အိုးအိမ်မရှိသူပါ၊
  • 4:10 - 4:14
    နောက်တက္ကသိုလ် ဆရာက ကျွန်မအကြောင်းကို
    နားထောင်ပြီး ပြောလိုက်တာက-
  • 4:14 - 4:17
    "မင်းမှာ အလုပ်ရှိတယ်။ မျှော်လင့်ချက်ရှိတယ်
  • 4:17 - 4:21
    တကယ့် အိုးအိမ်မဲ့တွေမှာ
    မျှော်လင့်ချက် မရှိဘူးကွ" တဲ့။
  • 4:21 - 4:24
    စိတ်ဓာတ်ကျမှုအတွက် ဆေးခန်းမှ ပေးတဲ့
    ဆေးတစ်ခုကြောင့်
  • 4:24 - 4:27
    ကျွန်မ သတ်သေချင်ခဲ့တယ်။ နောက်ပြီး
    ကျွန်မ တွေးမိတာက
  • 4:27 - 4:31
    "ငါအခု ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင်
    ဘယ်သူမှတောင် သိလိုက်မှာ မဟုတ်ဘူး"ပေါ့။
  • 4:37 - 4:41
    သိပ်မကြာခင်မှာပဲ သူငယ်ချင်းတယောက်
    ပြောတာက၊
  • 4:41 - 4:44
    ပြည်တွင်းမှာ အောင်မြင်နေတဲ့ Tim Russert
    သတင်းသမားကနေပြီး
  • 4:44 - 4:46
    နိုင်ငံတော် တီဗီမှာ ကျွန်မအကြောင်းပြောတာ
  • 4:46 - 4:48
    သူကြားလိုက်တယ်လို့ ပြောလာတယ်။
  • 4:48 - 4:50
    Tim ရဲ့ စာအုပ်သစ်မှာ အဖေမသေခင်
    တနှစ်လောက်က
  • 4:50 - 4:54
    ကျွန်မရေးထားတဲ့ အဖေ့အကြောင်း
    အက်ဆေးတပုဒ် ပါလာတယ်။
  • 4:54 - 4:57
    သူက ဟောပြောပွဲတွေ လုပ်ရင်းနဲ့
    ကျွန်မရဲ့ စာရေးပုံကို ပြောပြခဲ့တာ
  • 4:57 - 5:00
    "Meet the Press"ရဲ့
    စည်းရှုံးရေးမှုးဟောင်း Tim Russert ဟာ
  • 5:00 - 5:03
    ကျွန်မရေးတဲ့ စာအကြောင်းကို ပြောပြတာကို
    စဉ်းစားမိခဲ့ချိန်တွင်
  • 5:03 - 5:05
    Wal-Mart ပါကင်က ဗန်ကားထဲမှာ
    ကျွန်မနေနေတဲ့ အချိန်
  • 5:05 - 5:07
    ကျွန်မ ရီမိတော့တယ်။
  • 5:07 - 5:09
    ရှင်တို့လည်း လိုက်ရီသင့်တယ်
  • 5:09 - 5:10
    (ရယ်မောသံများ)
  • 5:10 - 5:12
    ကျွန်မ စပြီး ရီတယ်
  • 5:12 - 5:14
    ဘာလို့လဲဆိုတာ့ အဲဒီအချိန်မှာ
  • 5:14 - 5:17
    ကျွန်မက စာရေးဆရာလား သို့မဟုတ်
    အိုးအိမ်မဲ့လားလို့ တွေးမိလို့ပါ။
  • 5:17 - 5:20
    ကျွန်မ စာအုပ်ဆိုင်ကိုသွားတယ်။
    Tim ရဲ့ စာအုပ်ကိုတွေ့တယ်။
  • 5:20 - 5:23
    အဲဒီမှာပဲ ရပ်ပြီးတော့ ကိုယ့်အက်ဆေးကိုယ်
    ပြန်ဖတ်တယ်။
  • 5:23 - 5:25
    နောက် ကျွန်မ ငိုပါရော။
  • 5:25 - 5:28
    ဘာလို့လဲဆိုတော့ ကျွန်မက စာရေးဆရာလေ။
  • 5:28 - 5:30
    ကျွန်မ စာရေးဆရာ ဖြစ်ခဲ့တယ်။
  • 5:30 - 5:33
    သိပ်မကြာခင်မှာ ကျွန်မ Tennessee ကို
    ပြန်ပြောင်းလိုက်တယ်။
  • 5:33 - 5:36
    ဗန်ထဲမှာ နေလိုက် သူငယ်ချင်းတွေရဲ့
    ဆိုဖာပေါ် ပြောင်းနေလိုက်ပေါ့။
  • 5:36 - 5:39
    နောက်ပြီး ကျွန်မ စာပြန်ရေးတယ်။
  • 5:39 - 5:42
    အဲဒီနှစ် နွေရာသီမှာ ဂျာနယ်လစ်
    ပြန်လုပ်တယ်။
  • 5:42 - 5:45
    ကျွန်မ ဆုတွေရတယ်။
    ကျွန်မ ကိုယ်ပိုင်တိုက်ခန်းမှာနေတယ်။
  • 5:45 - 5:47
    အခု ကျွန်မ အိုးအိမ်မဲ့ မဟုတ်တော့ဘူး။
  • 5:47 - 5:50
    ကျွန်မက မြင်မရတဲ့ လူသားမဟုတ်တော့ဘူး။
  • 5:50 - 5:53
    လူတွေ အများကြီး အချိန်ပြည့်အလုပ်
    အချိန်ပိုင်း အလုပ်လုပ်နေပြီး။
  • 5:53 - 5:55
    သူတို့ ကားပေါ်မှာ သူတို့နေနေကြတယ်။
  • 5:55 - 5:58
    ကားပေါ်မှာနေတာ၊ လမ်းပေါ်မှာ နေတာကို
  • 5:58 - 6:01
    လူမှုအသိုင်းအဝိုင်းက
    အပြစ်တင် ကဲ့ရဲ့နေကြတုန်းပဲ။
  • 6:01 - 6:04
    ဆိုတော့ အိမ်မဲ့တွေကို၊ အလုပ်ရှိတဲ့
    အိမ်မဲ့တွေကို မြင်မရနိုင်ပါဘူး။
  • 6:04 - 6:07
    ဒါပေမဲ့ တကယ်လို့ ရှင်တို့ အဲဒီလိုလူနဲ့
    တွေ့ဆုံဖြစ်ရင်၊
  • 6:07 - 6:11
    သူတို့ကို အားပေးပါ၊ စကားပြောပါ၊ သူတို့ကို
    မျှော်လင့်ချက် ပေးပါ။
  • 6:11 - 6:15
    မျှော်လင့်ချက်သာ ရှိနေရင် လူဆိုတာ
    အကုန်လုံးကို ကျော်ဖြတ်နိုင်တယ်။
  • 6:15 - 6:18
    ကျွန်မက အိမ်မဲ့တွေကို ဒီနေရာမှာ
    ကြော်ငြာပေးနေတာ မဟုတ်ဘူးနော်။
  • 6:18 - 6:21
    သူတောင်းစားနဲ့ ဆုံခဲ့ရင် သူတို့ကို ပိုက်ဆံ
    ပေးဖို့ကို ကျွန်မမပြောလိုပါ။
  • 6:21 - 6:24
    ကျွန်မ အတွေ့အကြုံအရ
    ကျွန်မပြောနေတာက
  • 6:24 - 6:27
    လူတွေဟာ သူတို့နေတဲ့နေရာ
  • 6:27 - 6:29
    သူတို့ အိပ်တဲ့နေရာ
  • 6:29 - 6:34
    ဒါမှမဟုတ် အဲဒီအချိန်မှာ ဖြစ်နေတဲ့
    ဘဝအခြေအနေမျိုး မဟုတ်ကြပါဘူး။
  • 6:34 - 6:37
    လွန်ခဲ့တဲ့ သုံးနှစ်က
    ကျွန်မ WaI-Mart ယာဉ်ရပ်နား စခန်းက
  • 6:37 - 6:39
    ဗန်ကားပေါ်မှာနေခဲ့တယ်။
  • 6:39 - 6:42
    ဒီနေ့ ကျွန်မ TED စင်မြင့်မှနေပြီး
    စကားပြောနေတယ်။
  • 6:42 - 6:47
    မျှော်လင့်ချက်ဟာ အမြဲတမ်း သူ့လမ်းကြောင်း
    သူရှာတတ်ပါတယ်။ ကျေးဇူးတင်ပါတယ်
  • 6:47 - 6:49
    (လက်ခုပ်သံများ)
Title:
ကျွန်မ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ နှစ်
Speaker:
Becky Blanton
Description:

Becky Blanton ဟာ သူမရဲ့ ဗန်ကားပေါ်မှာ တနှစ်နေပြီး တိုင်းပြည်ကို ကြည့်မယ်လို့ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ စိတ်ကျရောဂါဝင်တာရယ်၊ Freelance အလုပ် မရှိတော့တာရယ်ကြောင့် သူ့ရဲ့ လေ့လာရေး ခရီးစဉ်ကနေ အိုးမဲ့အိမ်မဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီအစီအစဉ်မှာတော့ အမေရိကားမှာ အိုးအိမ်မဲ့ အလုပ်လုပ်သူ တယောက်အနေနဲ့ တွေ့ကြုံရတဲ့ အတွေ့အကြုံကို ပြန်လည် ဖေါ်ပြပေးထားတာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:49

Burmese subtitles

Revisions