-
ဖီအိုနာဟာ ၁၈နှစ်ကြာ အစိုးရကျောင်းစနစ်မှာ ကလေးငယ်ရွယ်
စာလေ့လာတဲ့သူတွေကို သင်ကြားပေးခဲ့ပါတယ်။
-
သတ္တမနေ့ မြော်လင့်ခြင်း အသင်းသူတစ်ယောက်အနေနှင့်
စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
-
သူရဲ့ယုံကြည်ခြင်းကို ပွင့်ပွင့်လင်းလင်း မပြောပြနိုင်တဲ့အပြင်
-
ကျောင်းရဲ့တောင်းဆိုမှုတွေအရ ဥပုသ်စောင့်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
-
ဒါပေမဲ့ ဖီအိုနာဟာ သူ့ရဲ့ယုံကြည်ချက်အပေါ် မှန်ကန်စွာတည်နေပြီး
-
သူ့ရဲ့ယုံကြည်ချက်ကို သင်ကြားရေးပိုင်းမှာ
-
ပေါင်းစပ်နိုင်တဲ့ကျောင်းမှာ စာသင်ခွင့်ရဖို့ ဆုတောင်းခဲ့ပါတယ်။
-
သူ့ရဲ့ဆုတောင်းခြင်းအဖြေကို ရတဲ့အချိန်ကတော့ သူနှစ်သက်တဲ့ စာသင်တဲ့အလုပ်နှင့်
-
ခရစ်တော်အတွက် သူ့ရဲ့ စိတ်အားထက်သန်မှု ပေါင်းစပ်နိုင်တဲ့ နေရာဖြစ်တဲ့
-
Riverside မြော်လင့်ခြင်း မူလတန်းကျောင်းမှာ
-
ရာထူးတစ်ခု ကမ်းလှမ်းခံခဲ့ရတဲ့အချိန်ဘဲဖြစ်ပါတယ်။
-
ဒီနေရာမှာ ဖီအိုနာဟာ ယုံကြည်မှုအပြည့်ရှိတဲ့ အသိုင်းအဝိုင်းတစ်ခုရဲ့
အစိတ်အပိုင်းတစ်ခုမှာ သူပါဝင်နေတယ်ဆိုတာ သူသိရပါတယ်။
-
“ဒီလို ကျွန်မတို့ မြော်လင့်ခြင်းကျောင်းမှာ
-
ယေရှုရဲ့ချစ်ခြင်းမေတ္တာကို အမှန်တကယ် ပြန့်ပွားအောင် ဆုတောင်းနိုင်တာ၊
-
ကိုးကွယ်ခွင့်ရတာဟာ ဂုဏ်ယူစရာပါပဲ။"
-
"ဒါက ခရစ်ယာန်ပညာရေးကို တစ်မူထူးခြားစေတဲ့အရာလို့ ကျွန်မမြင်တယ်။”
-
ဖီအိုနာအတွက် ဒီနေရာဟာ သူအမြဲတမ်းအိပ်မက်ခဲ့သော ပတ်ဝန်းကျင်ဖြစ်ပါတယ်။
-
ယခုတော့ သင်ရိုးညွှန်းတမ်းကိုဘဲ သင်ပေးရတာမဟုတ်ဘဲ
-
ယေရှုကို သူ့တပည့်တွေဆီ နေ့တိုင်း မျှဝေပေးပါတယ်။
-
ဒါပေမယ့် ကျောင်းရဲ့အောင်မြင်မှုဇာတ်လမ်းက
-
ဆက်ကပ်ပေးကြတဲ့ ဆရာဆရာမတွေနဲ့ ဝန်ထမ်းတွေကြောင့်ဘဲ မဟုတ်ပါဘူး။
-
လွန်ခဲ့တဲ့နှစ်များစွာက
-
Riverside ကျောင်းဟာ ၁၃ပတ် အလှူငွေရဲ့
အရေးကြီးတဲ့ အထောက်အပံ့မှုကို ရရှိခဲ့ပါတယ်။
-
“အခုတွေ့နေရတာကတော့
-
၂၀၁၂ တုန်းက သာသနာ့အလှူငွေက ထောက်ပံ့ တည်ဆောက်ထားပေးတဲ့
-
အဆောက်အဦးအသစ်ပါ။
-
ကမ္ဘာတစ်ဝန်းက လူတွေကို ဒီအလှူငွေအတွက်
ကျွန်တော်တို့ တကယ် ကျေးဇူးတင်ရှိပါတယ်။"
-
ဖီအိုနာနှင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ
-
၁၃ပတ် အလှူငွေကို ပေးကမ်းကြတဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့
-
အသင်းသူ အသင်းသားတွေကို အထူးကျေးဇူးတင်လျက်ရှိပါတယ်။
-
မိတ်ဆွေတို့ရဲ့လက်ဆောင်က
Riverside မြော်လင့်ခြင်း မူလတန်းကျောင်းကို
-
ပညာသင်ကြားစေနိုင်ရုံမကဘဲ
Cullinan လို ကျောင်းသူ/သားအပါအဝင်
-
ကျောင်းရဲ့တံခါးကို ဝင်လျှောက်လာတဲ့ကလေးငယ်တိုင်းရဲ့
-
ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။
-
“ကျမ်းစာထဲမှာ ကျွန်တော်တို့ကို
တည့်မတ်ပေးတဲ့ ပညတ်တွေပါတာ
-
ပြီးတော့ ဘုရားသခင်အကြောင်းကို
အများကြီးသင်ပေးတာကို သဘောကျတယ်။”
-
“ကျွန်မတို့ရဲ့သင်ခန်းစာထဲတွေမှာ ဘုရားအကြောင်းကို ရောစပ်ပေးလိုက်တဲ့အခါ
-
ကလေးတွေက သင်ရိုးထဲက စာကို
လေ့လာတာမကဘဲနှင့်
-
ယေရှုအကြောင်းကိုလည်း သိနိုင်တယ်၊
-
ဘဝကို ပိုကောင်းအောင် နေထိုင်လာကြမယ်။”
-
၁၃ပတ် အလှူငွေကို ပေးကမ်းတဲ့အပြင်
-
လူငယ်တွေရဲ့ စိတ်ခွန်အားနှင့် ခရစ်တော်အပေါ် ယုံကြည်ခြင်း
ခိုင်ခံ့အောင် သင်ပေးတဲ့ Riverside လို
-
ကျောင်းတွေကို ဆက်လက်
ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။