-
ဇင်ဘာဘွေနိုင်ငံမှာ (၁၁)နှစ်အရွယ် Luckyဟာ ဘုရားကျောင်း မသွားပါဘူး
-
သူ့မိသားစုထဲမှာ ဘယ်သူမှ ဘုရားကျောင်းမသွားခဲ့ဘူး
-
ဒါပေမဲ့ တစ်နေ့မှာ သူငယ်ချင်းအချို့က ဥပုသ်နေ့မှာ
ဘုရားကျောင်းအတူသွားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်
-
သူတို့နှင့်အတူ သတ္တမနေ့ မြော်လင့်ခြင်းဘုရားကျောင်းကို သွားခဲ့ပါတယ်
-
သဘောကျလွန်းလို့ သူ့အမေကို သူနဲ့လိုက်ခဲ့ဖို့ ဖိတ်လိုက်တယ်
-
Lucky ရဲ့အမေက သူနဲ့အတူ ဘုရားကျောင်းကို လိုက်သွားပါတယ်
ဒါပေမယ့် သူ့အမေက သိပ်သဘောမကျဘူး
-
ဘုရားကျောင်းမှာ လူတွေက ဘုရားကို ကိုးကွယ်ကြတယ်
-
ဒါပေမယ့် Luckyရဲ့အမေက သူ့ရဲ့ ဘိုးဘေးတွေကို ကိုးကွယ်ပါတယ်
ဇင်ဘာဘွေနိုင်ငံက လူတွေ အများစုလိုဘဲပေါ့
-
သူတို့က သေဆုံးသွားပြီဖြစ်ပေမဲ့
သေပြီးသားလူတွေနှင့် စကားပြောနိုင်တယ်လို့ သူမယူဆခဲ့ပါတယ်
-
တရားဟောနေတဲ့အချိန်မှာ သူ့အမေက တိတ်တိတ်လေးမေးလိုက်တယ်
-
ဒီအသင်းတော်က လူတွေက ငါ့ယုံကြည်ချက်ကို သဘောမတူဘူးလား။"
-
"ဟုတ်တယ်" ဆိုပြီး Lucky တိုးတိုးလေး ပြန်ဖြေတယ်
-
သူတို့ အိမ်ပြန်ရောက်တဲ့အထိ သူ့အမေ ဘာမှမပြောတော့ဘူး
-
ပြန်ရောက်တော့ သူ Luckyကို အော်ငေါက်ပါတယ်
-
နောက်ထပ်ရက် အနည်းငယ်ကြာတဲ့အထိ
သူ Lucky ကို နေ့တိုင်း အော်ငေါက်တယ်
-
နောက်တော့ သူ တိတ်သွားပြီ Lucky ကို စကားမပြောတော့ပါဘူး
-
Lucky ကတော့ ဘုရားကျောင်းကို ဆက်သွားပါတယ်
-
(၃)လကြာပြီးတဲ့နောက် သူ့အမေ စကားပြန်ပြောတယ်
-
"နင် စနေနေ့မနက်မှာ အိမ်အပြင်ထွက်ခွင့် မရှိဘူး။" ဆိုပြီး သူ့အမေက ပြောတယ်
-
Lucky အမေက သူဘုရားကျောင်း မသွားဖြစ်အောင် သေချာစောင့်တယ်
-
သူ့အိပ်ခန်းကို သော့ခတ်လိုက်ပြီးတော့
-
ဘုရားရှိခိုးချိန်ပြီးတော့မှ ပြန်ဖွင့်ပေးပါတယ်
-
Lucky က ဘုရားကို ဆက်ယုံကြည်နေတုန်းဘဲဆိုတာကို သူ့အမေ တွေ့တဲ့အခါ
-
Lucky တစ်ခုခုတော့ မှားနေပြီလို့ ဆုံးဖြတ်လိုက်တယ်
-
သူ့လိုမျိုး ဘိုးဘေးတွေကို
-
ဘာလို့ မကိုးကွယ်ချင်ရတာလဲဆိုတာကို သူနားမလည်ခဲ့ဘူး
-
ဘိုးဘေးတွေကို ကိုးကွယ်တဲ့ တိုင်းရင်းဆေးဆရာကို အိမ်ခေါပြီး
-
Lucky မှာ ဘာတွေဖြစ်နေသလဲဆိုကို လာကြည့်ခိုင်းပါတယ်
-
ဒါပေမဲ့ Lucky က ဒီတိုင်းရင်းဆေးဆရာနှင့် စကားမပြောချင်ပါဘူး
-
Lucky အိမ်သာထဲကို ပြေးဝင်ပြီးတော့ တံခါးခတ်လိုက်တယ်
-
သူ့မေက တံခါးနားကို လာပြီး
-
"နင် ဘာဖြစ်နေလဲဆိုတာကို သိရဖို့ ဘာဖြစ်လို့ တိုင်းရင်းဆေးဆရာနှင့်
-
မပြောချင်ရတာလဲ" အော်ပြောလိုက်တယ်
-
သေပြီးသားဘိုးဘွားတွေနှင့်
-
စကားပြောဆက်သွယ်လို့ မရဘူးလို့
-
ကျမ်းစာက သင်ပေးထားတယ်ဆိုတာကို
တံခါးအနောက်ကနေပြီး Lucky က ရှင်းပြတယ်။
-
"လူတွေသေသွားတဲ့အခါ အိပ်နေတာမို့လို့ သူတို့ မကြားနိုင်ဘူး၊
စကားလဲမပြောနိုင်ဘူး။"
-
"ဘာဖြစ်လို့ ကျွန်တော် မလုပ်ချင်တဲ့အရာကို
-
အတင်းလုပ်ခိုင်းစေချင်တာလဲ"
-
Lucky အိမ်သာထဲမှာ တစ်ညလုံးနေလိုက်ပါတယ်
-
မနက်အစောကြီး သူတံခါးကို ဖွင့်ပြီး သူ့အခန်းထဲကို ပြန်ဝင်သွားပါတယ်
-
စောင်အောက်မှာ ခွေနေရင်း သူအိပ်ပျော်သွားတယ်
-
ါပေမယ့် သူ့အမေနိုးလာပြီး အိပ်ရာပေါ်မှာ သူ့ကိုတွေ့တဲ့အခါ
-
"နင်က ခရစ်ယာန်တစ်ယောက်ဖြစ်ပြီးတော့
ဘာလို့ ငါ့အိမ်မှာ ရှိနေတာလဲ" ဆိုပြီး ဟောက်ပြောပါတယ်
-
"ခရစ်ယာန်တွေဆီသွား! သူတို့နှင့် သွားနေ!"
-
နှစ်ယောက်သား တစ်နေကုန် စကားမပြောဘဲနေကြပါတယ်
-
နောက်နေ့ကျတော့ သူဘုရားကျောင်းမသွားတော့ဘူးလို့ သူကတိပေးလိုက်ပါတယ်။
-
ရန်ဖြစ်ရတာ သူပင်ပန်းလာပါပြီ
-
Luckyက သူ့ကတိကို တစ်နှစ်လောက် တည်ခဲ့ပါတယ်
-
ဒါပေမယ့် ဘုရားကျောင်းသွားဖို့ သူ့သူငယ်ချင်းတွေက
ဆက်တိုက် ဖိတ်ခေါ်နေတဲ့အတွက်
-
နောက်ဆုံးတော့ သူသွားလိုက်ပါတယ်
-
သူ့အမေကို သူမပြောပြပါဘူး
-
နှစ်အတော်ကြာသွားပြီး Lucky (၈)တန်းကို အောင်ပါတယ်
-
သူ့သူငယ်ချင်းတစ်ယောက်က မြော်လင့်ခြင်းအထက်တန်းကျောင်းတက်ဖို့ စီစဉ်နေပြီး
-
သူလဲ အဲ့ကျောင်းကို သွားတက်ပါတယ်
-
သူ့အမေဆီ သူခွင့်ပြုချက်တောင်းလိုက်ပါတယ်
-
ဒါက အကြံကောင်းတစ်ခုလို့ မသေချာပေမယ့်
-
မြော်လင့်ခြင်းကျောင်းမှာ
-
ပိုကောင်းတဲ့ဆရာ/ဆရာမတွေ ရှိတယ်ဆိုတာကို
သူ့အမေက လက်ခံပါတယ်
-
စာသင်နှစ် ပထမလထဲမှာဘဲ
-
Lucky ဟာ သူ့ရဲ့ နှလုံးသားကို ဘုရားသခင်ဆီ
အပ်နှံလိုက်ပြီးတော့ ရေနှစ်ခြင်းခံခဲ့ပါတယ်
-
သူ့အမေကတော့ အစပိုင်းမှာ စိတ်ဆိုးခဲ့ပေမယ့်
ခဏကြာတော့ စိတ်ငြိမ်သွားပါတယ်
-
နောက်တော့ အံ့သြစရာ တစ်ခုခု ဖြစ်ခဲ့ပါတယ်
-
သူ့အမေက ဘုရားအကြောင်းကို စိတ်ဝင်စားလာတယ်
-
Lucky က ကျောင်းကနေ ကျမ်းစာတစ်အုပ် ကို ယူဆောင်ပြီး
အတူတူ စတင်ဖတ်လာကြပါတယ်
-
အဲ့နောက်မှာ သူနှင့်အတူ ဘုရားကျောင်းတက်ဖို့
သူ့အမေကို ထပ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်
-
သူ ဖိတ်ခေါ်တာကို သူ့အမေက လက်ခံပြီးတော့
-
အခုဆိုရင် သူနှင့်အတူ ဥပုသ်နေ့တိုင်း ဘုရားကျောင်းသွားပါတယ်
-
သူ့အမေက သူ့ရဲ့နှလုံးသားကို
ဘုရားဆီ ပေးအပ်ဖို့ Lucky ဆုတောင်းနေပါတယ်
-
Lucky ဟာ ဇင်ဘာဘွေနိုင်ငံ၊ ဘူလဝါယို မှာရှိတဲ့
-
မြော်လင့်ခြင်းကျောင်းကနေ ငှားလာတဲ့
-
သမ္မာကျမ်းစာကတစ်ဆင့် သူ့အမေဆီ
ဘုရားသခင်အပေါ် သူရဲ့ချစ်ခြင်းကို မျှဝေခဲ့ပါတယ်
-
ဒီကွာတာမှာ မိတ်ဆွေတို့ရဲ့ (၁၃)ပတ် အလှူငွေဟာ
-
ကလေးငယ်များ သူတို့မိဘတွေနှင့်
ဘုရားသခင်အကြောင်းကို ဝေမျှနိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်
-
အလှူငွေရဲ့တစ်စိတ်တစ်ပိုင်းကို ဇင်ဘာဘွေနှင့်
အာဖရိကတောင်ပိုင်းရှိ အခြားနိုင်ငံတွေမှာ
-
'စွန့်စားသူရဲ့ကျမ်းစာ' အုပ်တွေကို
-
ပေးဆောင်ဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်
-
ရက်ရောတဲ့ ပေးကမ်းမှုအတွက် ကျေးဇူးတင်ပါတယ်