အပင် တစ်ပင်တည်းမှ အသီးအမျိုးမျိုး ၄၀ ကို သီးပေးနိုင်ပုံ
- 
0:02 - 0:03လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက
- 
0:03 - 0:07မက်မွန်သီး အမျိုးမျိုး ၂၀၀၀ ရှိခဲ့ကြပြီး၊
- 
0:07 - 0:10မက်မန်းသီး မျိုးစုံ ၂၀၀၀ ခန့်နဲ့
- 
0:10 - 0:15အမည်အမျိုမျိုးရှိ ပန်းသီး ၈၀၀ နီးပါး
 အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့ကြပါတယ်။
- 
0:15 - 0:18ဒီနေ့ကျတော့ အဲဒါတွေထဲက
 အနည်းငယ်မျှသာ ကျန်ရစ်ခဲ့ကြပြီး
- 
0:18 - 0:22ကျန်ခဲ့တာတွေကလည်း လယ်ယာကို စက်မှုပုံစံ
 သွင်လာလို့ ခြိမ်းခြောက်ခံနေကြရတယ်၊
- 
0:22 - 0:24ရောဂါနှင့် ရာသီဥတုပြောင်းလဲမှုကလည်း
 အန္တရာယ်ပါ။
- 
0:24 - 0:28အဲဒီလို ပျောက်ဖို့ ခြိမ်းခြောက်ခံနေကြရတဲ့
 အထဲမှာ Blood Cling ခေါ်
- 
0:28 - 0:33စပိန်သာသနာပြုများက အမေရိကကို ယူလာခဲ့ကြတဲ့
 အနီရောင်အသားရှိတဲ့ မက်မွန်ပါတယ်၊
- 
0:33 - 0:37အဲဒါကို အမေရိက တိုင်းရင်းသားတွေ
 ဓရာစုနှစ်ချီ စိုက်ပျိုးလာခဲ့ကြတယ်၊
- 
0:37 - 0:39တရုတ်ရွှေ့ပြောင်းလာခဲ့သူတွေ
 တရုတ်ဆီးသီးလည်း ပါခဲ့တယ်၊
- 
0:39 - 0:43တိုက်ကြီးကို ဖြတ်ပြီး ဆောက်လုပ်ခဲ့တဲ့
 မီးရထားကို ဆောက်ဖို့ လာခဲ့ကြတာလေ။
- 
0:43 - 0:47အရှေ့အလယ်က မူရင်းဖြစ်ခဲ့ပြီး အီတလီ၊
 ပြင်သစ်နဲ့ ဂျာမန် ရွေ့ပြောင်းလာသူတွေ
- 
0:47 - 0:51ယူလာခဲ့ကြတဲ့ မက်မန်းသီး မျိုးစုံလည်း
 အလားတူပါပဲ။
- 
0:51 - 0:53အဲဒီအမျိုးအစား တစ်ခုမှာမှ
 ဒီမှာပေါက်လေ့ကျ မဟုတ်ခဲ့ပါဘူး။
- 
0:53 - 0:58တကယ်တော့ အသီးပင် အားလုံးနီးပါးကို
 အခြေားနေရာများမှ ဒီကို ယူဆောင်လာခဲ့ကြတာပါ။
- 
0:58 - 1:01ပန်းသီး၊ မက်မွန်သီးနဲ့ချယ်ရီသီးတွေ
 အားလုံး အပါအဝင်ပါ။
- 
1:01 - 1:03အဲဒီလို စားစရာအသီးတွေကို
 ယူဆောင်လာမှုဟာ
- 
1:03 - 1:06အဲဒီအသီးတွေနဲ့အတူ ယဉ်ကျေးမှုကိုလည်း
 ယူလာခဲ့ကြတာပါ။
- 
1:06 - 1:09၎င်းတို့ကို မက်မော စိုက်ပျိုးခဲ့ကြပြီး
 သိပ်ကို တန်ဖိုးထားခဲ့ကြလို့
- 
1:09 - 1:12သူတို့နဲ့အတူ ဒီကို ယူဆောင်လာခဲ့ကြတာက
- 
1:12 - 1:14သူတို့ရဲ့ ဇာတိနဲ့ ဆက်စပ်နေခဲ့လို့ပါ။
- 
1:14 - 1:18ဒါကြောင့်မို့လို့ ကျုပ်တို့ဟာ အဲဒါကို လက်
 ဆင့်ကမ်း ရရှိလျက် မျှဝေသုံးနိုင်ကြတာပါ။
- 
1:18 - 1:21ဒီအသီးတွေဟာ ကျုပ်တို့ရဲ့ ပုံပြင်တွေပါလို့
 တောင် ပြောဆိုနိုင်ပါတယ်။
- 
1:21 - 1:24ပြီးတော့ ကျနော်ဟာ ‘‘အသီးလေးဆယ် အပင်‘‘လို့
 အမည်ပေးထားတဲ့
- 
1:24 - 1:28ကျနော်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အနုပညာ
 ကြောင့် ၎င်းတို့ကို အထူးပြု လေ့လာခဲ့သူပါ။
- 
1:28 - 1:31အသီးလေးဆယ် အပင် ဆိုပေမဲ့
 အပင်က တပင်တည်းပါ၊
- 
1:31 - 1:34ဒါပေမဲ့ အမာစား အသီး အမျိုး ၄၀ ကို
 သီးနိုင်စွမ်း ရှိပါတယ်။
- 
1:34 - 1:39အဲဒါကြောင့်မို့လို့ မက်မွန် မက်မန်း၊
 တရုတ်ဆီးသီး၊ နက်တာရင်းနဲ့ ချယ်ရီသီးတွေ
- 
1:39 - 1:41တပင်တည်း အပေါ်မှာ သီးနိုင်ကြတာပါ။
- 
1:41 - 1:45အပင်ရဲ့ ဒီဇိုင်းက နှစ်ရဲ့ အများစုအချိန်မှာ
 ပုံမှန်မျိုးလိုဘဲ ထင်ရအောင် ပြုစုထားတယ်၊
- 
1:45 - 1:48နွေဦးအထိ၊ ပန်းရောင်နဲ့ အဖြူရောင်
 ပန်းတွေ မပွင့်ခင် အချိန်အထိပါ၊
- 
1:48 - 1:52နွေရာသီရောက်တာနဲ့ များပြားပြီး မတူတဲ့
 အသီးတွေ စသီးလာကြပါတော့တယ်။
- 
1:52 - 1:55ဒီပရိုဂျက်ကို စစဉ်တုန်းက
 အနုပညာရှုထောင့် သက်သက်နဲ့ပါ-
- 
1:55 - 1:58နေ့စဉ်ဘဝရဲ့ အရှိတရားကို
 ပြောင်းလဲဖို့ စမ်းသပ်မှုပါ၊
- 
1:58 - 1:59ရိုးရိုးသားသား ပြောရရင်၊
- 
1:59 - 2:02စိတ်ကူးက လူတွေက ဒီအပင်ကို
 မြင်ကြရတဲ့ အခါမှာ
- 
2:02 - 2:04ရောင်စုံ ပန်းတွေ ပွင့်လျက် ရှိနေတာကို
- 
2:04 - 2:07ပြီးတော့ ဒီလို မတူကွဲပြားတဲ့ အသီးမျိုးစုံ
 သီးနေတာ တွေ့ကြရမယ်။
- 
2:07 - 2:10ကျနော်ဟာ အသီး ၄၀ အပင်ကို အကိုင်းကို ဆက်ကူး
 ပေးတဲ့နည်းနဲ့ ဖန်တီးခဲ့တာပါ။
- 
2:10 - 2:14ကျနော်ဟာ ညှပ်ယူမယ့် အကိုင်းတွေကို
 ဆောင်းရာသီမှာ စုစည်းပြီး သိမ်းထားပါတယ်၊
- 
2:14 - 2:17နွေဦးတွင် အကိုင်းတွေရဲ့ အဆုံးပိုင်းမှာ
 ၎င်းတို့ကို ဆက်ကူးပေးတာပါ။
- 
2:17 - 2:20တကယ်တော့ အပင်တွေအားလုံးတို့ဟာ
 အကိုင်းဆက်ကူးထားတဲ့ ဟာတွေပါ၊
- 
2:20 - 2:24ဘာလို့လဲဆိုတော့ အပင်ရဲ့အစေ့ဟာ
 မိဘတွေရဲ့ မျိုးရိုးဗီဇ မူကွဲသဘောပါ။
- 
2:24 - 2:27အဲဒါကြောင့် ကျုပ်တို့က သိပ်ကြိုက်တဲ့
 အမျိုးအစားကို တွေ့တဲ့အခါမှာ၊
- 
2:27 - 2:31အဲဒါကို ပြန့်ပွားပေးတဲ့ နည်းက
 အပင်တပင်မှ ဖြတ်ယူလျက်
- 
2:31 - 2:32နောက် တပင်ပေါ်မှာ ကူးဆက်ပေးခြင်းပါပဲ၊
- 
2:32 - 2:35စဉ်းစားကြည့်ရင် ဘယ်လိုမှ မဖြစ်နိုင်စရာလို့
 ထင်ရပေမဲ့၊
- 
2:35 - 2:39Macintosh apple တိုင်းဟာ
 အပင်တပင်တည်းဆီမှ လာတာပါ၊
- 
2:39 - 2:43မျိုးဆက် တခုမှ နောက်တခုဆီကို
 ဆက်ကူးပေးလာခဲ့တဲ့ သဘောပါပဲ။
- 
2:44 - 2:48ဒါပေမဲ့ သီးပင်တွေကို အစေ့များဖြင့်
 ထိန်းသိမ်းထားလို့ ရနိုင်တာလည်း မှန်ပါတယ်။
- 
2:48 - 2:51ဆက်ကူးရတဲ့ အလုပ်ကို ကျနော် မှတ်မိတာ
 မွေးကတည်းကပဲ ဆိုပါစို့။
- 
2:51 - 2:53ကျုပ် ဘေးဟာ မက်မွန်ခြံဖြင့်
 အသက်မွေးခဲ့သူပါ။
- 
2:53 - 2:55အရှေ့တောင် Pennsylvania မှာ ဖြစ်ခဲ့တယ်။
- 
2:55 - 2:57ကျနော်ဟာ သူ့ကို ဘယ်တုန်းကမှ
 မတွေ့ခဲ့ပေမဲ့၊
- 
2:57 - 2:59တခါတလေမှာ သူ့အမည်ကို တယောက်ယောက်
 ပြောဆိုရင်တော့၊
- 
3:00 - 3:01လူတွေအားလုံးက အဲဒါဟာ အပင်တွေကို
- 
3:01 - 3:04ဘယ်လို ဆက်ကူးပေးရမှာကို သိခဲ့သူ
 ပြောဆိုကြပုံက မှော်ပညာကို တတ်သူလိုပါပဲ။
- 
3:04 - 3:07ကျနော်က အသီး ၄၀ အပင်ကို ဆုံးဖြတ်ခဲ့တာက
- 
3:07 - 3:10အဲဒီဂဏန်းကို အနောက်တိုင်း ယဉ်ကျေးမှုထဲမှာ
 တွေ့ရတတ်လို့ရယ်၊
- 
3:10 - 3:13ရေလို့ရတဲ့ ဒါဇင်လည်း မဟုတ်၊ မရေ
 နိုင်တဲ့ ကြီးမားတဲ့ ဂဏန်းလည်း မဟုတ်၊
- 
3:13 - 3:16ဒါပေမဲ့ ရေတွက်နေကျ ဘောင်ကို
 ကျော်နေတဲ့ ဂဏန်းမို့လို့ပါ။
- 
3:16 - 3:18ပြည့်စုံမှု တနည်း များပြားမှု
 သဘောကိုဆောင်ပါတယ်။
- 
3:18 - 3:20ဒါပေမဲ့ စစချင်း ကျနော် ရင်ဆိုင်ရတဲ့
 ပြဿနာက
- 
3:20 - 3:23၄၀ အထိကို မျိုးစုံလှတဲ့ သီးပင်တွေကို
 ရှာမတွေ့နိုင်ခဲ့ခြင်းပါ၊
- 
3:23 - 3:26နယူးယောက်ပြည်နယ်ဟာ လွန်ခဲ့တဲ့ ရာစုထဲတွင်
- 
3:26 - 3:28ခုနက ပြောပြခဲ့တဲ့ အသီးတွေအားလုံးကို
- 
3:28 - 3:31ထုတ်လုပ်ရာတွင် နာမည်အကြီးဆုံး
 ဖြစ်ခဲ့တာတောင် မတွေ့နိုင်ခဲ့ပါ။
- 
3:31 - 3:33ကြုံကြိုက်လို့ သုတေသနခြံထဲက
 အပင်တွေကို ရှင်းနေတုန်း
- 
3:33 - 3:35ရှေးဟောင်း၊ အသက်ကြီးရင့်လှတဲ့
 ခြံကြီးထဲတွင်
- 
3:35 - 3:37၎င်းတို့ရဲ့ အကိုင်းတွေကို
 စုစည်းရယူနိုင်ခဲ့လို့
- 
3:37 - 3:41ကိုယ်ပိုင် ပျိုးပင်များထဲက အပင်တွေ
 ပေါ်မှာ ဆက်ကူးပေးနိုင်ခဲ့တယ်။
- 
3:41 - 3:43အသီး ၄၀ အပင်တွေကို ပထမဦးဆုံး
 စိုက်ပေးခဲ့စဉ် ဒီလိုပုံစံမျိုးပါ၊
- 
3:43 - 3:45ဒါကျတော့ ခြောက်နှစ်အကြာ
 တွေ့မြင်ရပုံပါ။
- 
3:45 - 3:48ဒါဟာ ချက်ချင်း ဆုတံဆိပ် ရယူနိုင်တဲ့
 အားကစားမျိုး လုံးဝ မဟုတ်ပါ။
- 
3:48 - 3:50(ရယ်သံများ)
- 
3:50 - 3:53ကိုယ် ဆက်ကူးပေးလိုက်တာ အောင်မြင်သလား
 ဆိုတာကို သိရဖို့ တစ်နှစ်စောင့်ရပါတယ်။
- 
3:53 - 3:57ပြီးတော့ အသီးကော သီးပါမလား ဆိုတာကို
 သိရဖို့ နှစ်နှစ်သုံးနှစ် ကြာပါတယ်။
- 
3:57 - 4:00ပြီးတော့ ဒီလို အပင်တပင်ကို ဖန်တီးဖို့
 ရှစ်နှစ် အချိန်ပေးရပါတယ်။
- 
4:01 - 4:04ဆက်ကူး ဖန်တီးပေးလိုက်တဲ့
 အသီး 40 အပင်တိုင်းဟာ
- 
4:04 - 4:07ပုံစံအရ၊ အရောင်အရ
 တခုနဲ့တခု မတူ ကွဲပြားကြတယ်။
- 
4:07 - 4:11ဒါနဲ့ ကျနော် နားလည်မိတာက ၎င်းတို့ရဲ့
 ပန်းပွင့်ချိန်ကို အချိန်ကာလအရ
- 
4:11 - 4:13ညှိကိုက်ပေးခြင်းဖြင့် အပင်တွေ
- 
4:13 - 4:17နွေဦးမှာ ဘယ်လိုပုံစံမျိုး တွေ့မြင်ရမှာကို
 စီစဉ်ဖန်တီးပေးနိုင်ပါတယ်။
- 
4:17 - 4:19ဒါက ၎င်းတို့ နွေရာသီမှာ တွေ့မြင်ရပုံပါ။
- 
4:19 - 4:22၎င်းတို့ဟာ အသီးတွေကို ဇွန်လကနေ
 စက်တင်ဘာလ အထိ သီးပေးကြတယ်။
- 
4:22 - 4:24ချယ်ရီသီးဖြင့် စလျက်၊ တရုတ်ဆီးသီး၊
- 
4:25 - 4:28အာရှ မက်မန်းသီး၊ နက်တာရင်းများနဲ့
 မက်မွန်သီးတွေပါ၊
- 
4:28 - 4:30အဲဒီထဲက တခုခုကို ပြဖို့ မေ့သွားတယ်
 အထဲတနေရာမှာပါ...
- 
4:30 - 4:31(ရယ်သံများ)
- 
4:32 - 4:35ဒါက အနုပညာလက်ရာ ဆိုပေမဲ့
 ပြခန်းမလို လမ်းပေါ်မှာပါ၊
- 
4:35 - 4:36ပရိုဂျက်ကို ဆက်လုပ်ကိုင်နေလို့
- 
4:36 - 4:39ဒီလို အနုပညာ အကြောင်းကို
 ကမ္ဘာပေါ်မှာ ဆွေးနွေးမှု ရှိပါတယ်။
- 
4:39 - 4:42အလားတူ တခြားနေရာ အမျိုးမျိုးမှာပါ
 ဖန်တီးပေးရန် တောင်းဆိုကြပါတယ်။
- 
4:42 - 4:44စပြီးလုပ်မှာက အဲဒီဒေသထဲမှာ
 မူရင်းပေါက်ရောက်ခဲ့တာတွေ
- 
4:44 - 4:48သမိုင်းစဉ်အရ ပေါက်ခဲ့တာတွေကို
 စူးစမ်းလေ့လာကြည့်ပါမယ်၊
- 
4:48 - 4:51ကျနော်ကိုယ်တိုင် အဲဒါတွေကို ဒေသထဲမှာ
 ဆက်ကူးပေးသွားရင်း
- 
4:51 - 4:54သူတို့ ဒေသရဲ့ လယ်ယာစိုက်ပျိုးရေး
 သမိုင်းလို ဖြစ်လာဖို့အတွက်ပါ။
- 
4:54 - 4:57ဒါနဲ့ ဒီပရိုဂျက်ဟာ အွန်လိုင်း
 ပေါ်ကို ရောက်လာတယ်၊
- 
4:57 - 5:00အဲဒါဟာ ထိတ်လန့်စရာ ဖြစ်ခဲ့သလို
 အားကျစရာလည်း ဖြစ်ခဲ့ပါတယ်။
- 
5:00 - 5:03ထိတ်လန့်ခဲ့ရတဲ့ အပိုင်းက အသီး ၄၀ အပင်
 တွေကို ဆေးမင်ထိုးထားတဲ့
- 
5:03 - 5:04လူတွေကြောင့်ပါ။
- 
5:04 - 5:05(ရယ်သံများ)
- 
5:05 - 5:09အဲဒါမြင်မိတော့ "လူတွေ ကိုယ်ခန္ဓာကိုယ်မှာ
 ဘာဖြစ်လို့ အဲဒါကို လုပ်ကြတာလဲ" မေးမိတယ်။
- 
5:09 - 5:10(ရယ်သံများ)
- 
5:10 - 5:13အားကျစရာ အပိုင်းက ကျနော် ရရှိခဲ့တဲ့
 တောင်းဆိုချက် စာတွေပါ၊
- 
5:13 - 5:16သင်းအုပ်ဆရာတွေ၊ ဂျူးဓမ္မရာများနဲ့
 ဘုန်းတော်ကြီးများတို့က
- 
5:16 - 5:19သူတို့ရဲ့ ဘာသာရေး အခမ်းအနားရဲ့
 ဟိုချက်အဖြစ် သုံးချင်ခဲ့ကြတယ်။
- 
5:19 - 5:21အဲဒီလို မကြာမကြာ အမေးခံရတော့
- 
5:21 - 5:24"အဲဒီလို မမျှော်လင့်မိပါဘူး"
 လို့ ဖြေခဲ့ရတယ်။
- 
5:24 - 5:26[လက်ထပ်ပွဲကို အသီး ၄၀ ပင်နဲ့
 စိတ်ကူးလို့ ရနိုင်မလား။]
- 
5:26 - 5:27(ရယ်သံများ)
- 
5:27 - 5:29ဒါပေမဲ့ အဲဒီလို ကျော်ဇော်မှုကြောင့်
- 
5:29 - 5:32NPR ရဲ့ "Weekend Edition" မှာ အင်တာဗျူး
 လုပ်ခံခဲ့ရပါတယ်၊
- 
5:32 - 5:36ကောလိပ်ပါမောက္ခ တဦးအနေနဲ့
 ဒါဟာ ကိုယ့်အောင်မြင်မှုရဲ့
- 
5:36 - 5:39အထွပ်အထိပ်ဘဲလို့ စဉ်းစားမိခဲ့တယ်--
- 
5:39 - 5:42ဒါပေမဲ့ NPR ကို ဘယ်သူတွေ နားထောင်ခဲ့မှန်း
 ဘယ်သိနိုင်ပါမလဲ။
- 
5:42 - 5:45NPR အင်တာဗျူး နောက်ပိုင်း ရက်သတ္တပါတ်
 အနည်းငယ် အကြာတွင်၊
- 
5:45 - 5:48ကျနော့်ဟာ ကာကွယ်ရေးဦးစီးဌာနထံမှ
 အီးမေးလ် ဝင်လာပါတယ်။
- 
5:48 - 5:52ကာကွယ်ရေး အဆင့်မြင့် သုတေသန ပရိုဂျက်
 ဌာနက ကျနော့်ကို ဖိတ်ကြားခဲ့ပါတယ်။
- 
5:52 - 5:55ကျနော်ရဲ့ ဆန်းသစ်တီထွင်မှုတွေ အကြောင်းကို
 ဆွေးနွေးရန် အတွက်တဲ့၊
- 
5:55 - 5:59အဲဒီ ဆွေးနွေးမှုဟာ ခဏလေးအတွင်းမှာကို အစာ
 ရေစာ လုံခြုံမှု ဆွေးနွေးပွဲ ဖြစ်လာတယ်။
- 
6:00 - 6:03ကျုပ်တို့ရဲ့ အမျိုးသားလုံခြုံမှုဟာ အစားအစာ
 လုံခြုံမှုအပေါ်မှာ မူတည်နေပါတယ်။
- 
6:03 - 6:07အခုတော့ ကျုပ်တို့ ကောက်စပါး တစ်ခုချင်းစီ
 ကိုသာ အဓိကထား စိုက်ပျိုးနေကြတော့
- 
6:07 - 6:10ကောက်စပါး တစ်ခုထဲက အမျိုးအစား အချို့ကိုသာ
 စိုက်ပျိုးနေကြပါတယ်။
- 
6:10 - 6:13တကယ်လိုများ အဲဒီ ကောက်စပါးနဲ့ ပတ်သက်ပြီး
 တခုခု ဖြစ်လာခဲ့ရင်ကော၊
- 
6:13 - 6:17ကျုပ်တို့ရဲ့ စားနပ်ရိက္ခါဆိုင်ရာ ပြဿနာကို
 အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။
- 
6:17 - 6:20ကျုပ်တို့ စားနပ်ရိက္ခာ လုံခြုံမှုကို
 ထိန်းသိမ်းထားဖို့ သော့ချက်က
- 
6:20 - 6:23ကျုပ်တို့ရဲ့ မတူကွဲပြားတဲ့ ဇီဝမျိုးစုံကို
 ထိန်းသိမ်း ထားရန်ပါပဲ။
- 
6:23 - 6:26လွန်ခဲ့တဲ့ ရာစုတုန်းက အဲဒါကို လူတိုင်းက
 သူတို့ရဲ့ ခြံထဲမှာ
- 
6:26 - 6:29အိမ်နောက်ဘက်ရှိ သိပ်မများလှတဲ့
 အပင်များရဲ့ အကူအညီဖြင့်
- 
6:29 - 6:32အသီးအနှံအမျိုးမျိုးကို မိသားစု အဆက်ဆက်
 စိုက်ပျိုး ထုတ်လုပ်ခဲ့ကြတယ်။
- 
6:32 - 6:36ဒါက အသီး ၄၀ တပင်တည်းထံမှ ဩဂုတ်လရဲ့
 တစ်ပတ်မှာ ရရှိခဲ့တဲ့ မက်မန်းသီးပါ။
- 
6:36 - 6:38ပရိုဂျက်ကို နှစ်များစွာကြာ လုပ်လာခဲ့ရာ
- 
6:38 - 6:42အရှေ့အမေရိကန်ပြည်ထောင်စု အတွင်းမှာ
- 
6:42 - 6:44ဒီအသီးများရဲ့ အကြီးမားဆုံး စုစည်းထားမှုဟာ
- 
6:44 - 6:47ကျနော့်ဆီမှာ ရှိနေတာ သိလာရတော့
 မယံနိုင်အောင် ထိတ်လန့်ခဲ့ရပါတယ်။
- 
6:47 - 6:48(ရယ်သံများ)
- 
6:48 - 6:51တကယ်တော့၊ ကျနော့်ဆီမှာ ရှိတာတွေဟာ
 ဘာတွေမှန်း မသိခဲ့လို့ပါ။
- 
6:51 - 6:53ကျနော်ထံက အသီးအမျိုးအစား
 အများစုတို့ဟာ
- 
6:53 - 6:55ဘိုးစဉ်ဘောင်စဉ် အမျိုးအစား
 ဖြစ်ကြမှန်း သိလာရတယ်၊
- 
6:55 - 6:57၁၉၄၅ ခုနှစ် မတိုင်မီ
 စိုက်ပျိုးခဲ့ကြတဲ့ ဟာတွေပါ၊
- 
6:57 - 7:01စိုက်ပျိုးမှုထဲ စက်မှုလုပ်ငန်းက လွှမ်းမိုး
 တော့တဲ့ အာရုဏ်ဦး အချိန်ကပါ။
- 
7:01 - 7:05မျိုးကွဲ တော်တော်များများဆိုရင်
 နှစ်ပေါင်း ထောင်နဲ့ချီ ကြာနေခဲ့ကြပါပြီ။
- 
7:05 - 7:08အဲဒါတွေ အဲဒီလောက်ထိ ရှားပါးကြတာကို
 သိလာရတဲ့ နောက်မှာ
- 
7:08 - 7:12ကျနော်ဟာ ၎င်းတို့ကို ထိန်းသိမ်းထားရေး
 ကိစ္စကိုပဲ တချိန်လုံး စဉ်းစားလာတော့တယ်၊
- 
7:12 - 7:14အဲဒါအတွက် အနုပညာက
 မောင်းနှင်အား ဖြစ်လာပါတယ်။
- 
7:14 - 7:17ကျနော်ဟာ ရှေးဟောင်းခြံတွေကို ဖျက်ဆီး
 မပစ်ခင် အရောက်သွားပြီး
- 
7:17 - 7:20အကိုင်ကြီး ဒါမှမဟုတ် ပင်စည်အပိုင်းကို
 ဆက်ကူးလို့ ရနိုင်သေးတာကို
- 
7:20 - 7:22ကယ်ယူဖို့ ကြိုးစားခဲ့တယ်။
- 
7:22 - 7:25ကျနော်ဟာ ပန်းတွေန့ အရွက်တွေကို
 ဖိသိပ်သိမ်းမှုကို စတင်ခဲ့တယ်
- 
7:25 - 7:27အပင်မျိုးစိတ်တွေကို ဖန်တီးဖို့ပါ။
- 
7:27 - 7:29ကျနော်ဟာ DNA အစီအစဉ်ကို စတင်ခဲ့တယ်။
- 
7:29 - 7:33ဒါပေမဲ့ နောက်ဆုံးမှာတော့
 ဒီလို ကြေးနီပြား စာတန်းဖြင့်
- 
7:33 - 7:36ရေးသးဖေါ်ပြချက်များဖြင့် အဆုံးသတ်လာခဲ့တယ်။
- 
7:36 - 7:40George IV မက်မွန်ရဲ့
 ဇာတ်လမ်းကို ပြောပြရန်၊
- 
7:40 - 7:44တချိန်တုန်းက နယူးယောက် စီးတီး အဆောက်
 အအုံ နှစ်ခု အကြားမှာ အမြစ်တွယ်ရပ်နေခဲ့ပြီး
- 
7:44 - 7:47တချို့က ဘေးမှ လျှောက်သွားခဲ့ကြတယ်၊
 တချို့က မြည်းစမ်းခဲ့ကြတယ်၊
- 
7:47 - 7:50အဲဒါဟာ 19 ရာစုအတွင်း အရောင်းရဆုံး
 အမျိုးအစား ဖြစ်လာခဲ့တယ်၊
- 
7:50 - 7:52၎င်းရဲ့ အရသာက သိပ်ကို ကောင်းလွန်ခဲ့လို့ပါ။
- 
7:53 - 7:55အဲဒီနောက်မှာ အားလုံး ပျောက်ကွယ်သွားခဲ့တယ်၊
- 
7:55 - 7:57သင်္ဘောနဲ့ တင်ပို့ရာတွင် အဆင်မပြေလို့၊
- 
7:57 - 7:59ခေတ်မီစိုက်ပျိုးရေးနည်းနဲ့
 အံဝင်ခွင်မကျလို့ပါ။
- 
7:59 - 8:03ဒါပေမဲ့ အဲဒီအကြောင်းကို ပုံပြင်အဖြစ်
 လူတွေကို ပြောပြသင့်တာ ကျနော် သိနားလည်တယ်။
- 
8:03 - 8:05အဲဒီလို ပုံပြင်ကို ပြောပြရာတွင်
- 
8:05 - 8:08အဲဒါကို ထိတွေ့ စမ်းကြည့်မှုဆိုတဲ့
 အတွေ့အကြုံ၊
- 
8:08 - 8:11အနံ့ခံကြည့်ဖို့နဲ့ အဲဒီအမျိုးအစားတွေကို
 စားသုံးမှုလည်း ပါရပါမယ်။
- 
8:11 - 8:14အဲဒီလိုနည်းဖြင့် ကျနော်ဟာ ခြံကို
 ဖန်တီးရန် ဆုံးဖြတ်ခဲ့တယ်၊
- 
8:14 - 8:17အဲဒီအသီးတွေကို အများပြည်သူတို့
 မြည်းစမ်းကြည့်နိုင်ဖို့
- 
8:17 - 8:20စိတ်ကူးကြည့်လို့ ရနိုင်မယ့်အထဲက
 လူတွေ အများဆုံး
- 
8:20 - 8:22လည်ပတ်ကြတဲ့ နေရာမှာ ထားပေးရမယ်။
- 
8:22 - 8:25နယူးယောက်စီးတီး ထဲက မြေတစ်ဧက
 လောက်ရှိမယ့် နေရာကို ရှာကြည့်နေခဲ့တယ်၊
- 
8:25 - 8:26(ရယ်သံများ)
- 
8:26 - 8:31လက်တွေ့တွင် လုံးဝမဖြစ်နိုင်တဲ့
 ရဲဝံ့လှတဲ့ စိတ်ကူးဖြစ်နေလို့
- 
8:31 - 8:35ကျနော့်ဖုန်း ဒါမှမဟုတ် အီးမေးလ်ကို
 ဖြေကြားလာသူ တစ်ဦးမှ မရှိခဲ့ပါ။
- 
8:35 - 8:36(ရယ်သံများ)
- 
8:36 - 8:41လွန်ခဲ့တဲ့ လေးနှစ်တုန်းက Governors Island
 ထံမှ ပြန်ကြားလာတဲ့ အထိပါပဲ။
- 
8:41 - 8:43Governors Island ဟာ ရေတပ်အခြေစိုက်စခန်းပါ၊
- 
8:43 - 8:462000 ခုနှစ်နယူးယောက်စီးတီးထံ
 ၂၀၀၀ ပြည့်နှစ်တွင် ပြန်အပ်နှံလိုက်တယ်။
- 
8:46 - 8:49အဲဒီကျွန်းဟာ အခုတော့ ဘာမှမရှိ
 သဘာဝပကတိ အတိုင်းရှိနေကာ
- 
8:49 - 8:51ဖယ်ရီနဲ့ဆို နယူးယောက်မြို့နဲ့
 ငါးမိနစ် ခရီးမျှပါ။
- 
8:51 - 8:55သူတို့ကနေပြီး "Open Orchard" ဆိုတဲ့
 ပရိုဂျက်ကို ဖန်တီးရန် အဆိုပြုလာတာပါ။
- 
8:55 - 8:57အဲဒီကျွန်းပေါ်မှာ
 တချိန်တုန်းက နယူးယောက်တွင်
- 
8:57 - 9:00ရာစုနှစ်ချီကြာ သီးခဲ့ကြတဲ့
 အသီးတွေကို ပြန်ယူဆောင်ပေးမှာပါ။
- 
9:00 - 9:02လောလောဆယ်တွင် ရုပ်လုံးဖေါ်နေဆဲဖြစ်တဲ့
- 
9:02 - 9:06အဲဒီ Open Orchard တွင်
 ဆက်ကူးထားတဲ့ အပင် ၅၀ ရှိကြလျက်
- 
9:06 - 9:11ရှေးဟောင်း အမွေအနှစ် အသီး
 အမျိုးအစား ၂၀၀ ပါဝင်ကြပါမယ်။
- 
9:12 - 9:16ဒီဒေသထဲက မူရင်းဖြစ်ခဲ့ပြီး သမိုင်းစဉ်အရ
 ပေါက်ခဲ့ကြတဲ့ အမျိုးအစားတွေပါ။
- 
9:16 - 9:19Early Strawberry ပန်းသီးလို အမျိုးအစားပါ။
- 
9:19 - 9:22၁၃ လမ်းနဲ့ Third Avenue မှ မူရင်းအပင်ပါ။
- 
9:22 - 9:25သီးပင်ကို အစေ့ဖြင့် ထိန်းသိမ်းထား
 မရနိုင်လို့
- 
9:25 - 9:27Open Orchard ဟာ ရှင်သန်နေတဲ့
 မျိုးရိုးဗီဇဘဏ်နဲ့တူပါမယ်၊
- 
9:27 - 9:30တနည်းအားဖြင့် အဲဒီအသီးတွေရဲ့
 မှတ်တမ်းတိုက်နဲ့ တူပါတယ်။
- 
9:30 - 9:31အသီး ၄၀ အပင်လိုပဲ
- 
9:31 - 9:32ဒါဟာလည်း စမ်းသပ်တဲ့ သဘောပါပဲ။
- 
9:32 - 9:35ပြီးတော့ ထင်ရှားတဲ့
 သင်္ကေတလည်း ဖြစ်ပါလိမ့်မည်။
- 
9:35 - 9:39အရေးအကြီးဆုံး အချက်က လူတွေကို
 အစားအစာကို ထိန်းသိမ်းစောင့်ရှောက်မှုထဲ
- 
9:39 - 9:41လက်တွဲပါဝင်လာစေလျက် ပိုပြီး
 လေ့လာသင်ယူလာစေမှာပါ။
- 
9:41 - 9:43အသီး ၄၀ အပင်ကို အကြောင်းပြုပြီး
- 
9:43 - 9:46ကျနော်ဟာ လူတွေ ထောင်ချီတို့ထံမှနေပြီး
 အီးမေးလ်တွေ ရရှိခဲ့ရာ
- 
9:46 - 9:49အဓိကအကျဆုံး "အပင်တစ်ပင်ကို စိုက်ဖို့
 ခင်ဗျားဘယ်လို စတင်ပါသလဲ" မေးကြပါတယ်။
- 
9:49 - 9:52စိုက်ပျိုးရေး လုပ်ငန်းနဲ့ တိုက်ရိုက်
 ဆက်စပ်နေတဲ့ လူဦးရေ
- 
9:52 - 9:54သုံးရာခိုင်နှုန်းတောင် မရှိဘူးဆိုတော့၊
- 
9:54 - 9:57ကျုပ်တို့ရဲ့ Open Orchard ကနေပြီး
- 
9:57 - 10:01အများပြည်သူဆိုင်ရာ အစီအစဉ်များထဲနဲ့
 အလုပ်ရုံဆွေးနွေးပွဲများထဲ ပါဝင်ကြရန်၊
- 
10:01 - 10:05သစ်ပင်ကို စိုက်ရပုံ၊ ဆက်ကူးပေးရပုံနဲ့
 ကြီးပြင်းအောင် လုပ်ပေးရပုံကို လေ့လာကြရန်၊
- 
10:05 - 10:08လတ်ဆတ်တဲ့ အသီးတွေကို စားကြည့်တာ၊
 ပန်းပွင့်မှု ခရီးစဉ်များထဲတွင်
- 
10:08 - 10:12ဒေသခံ စားဖိုးမှူးများနဲ့ လက်တွဲလျက်
 အဲဒီအသီးများ အသုံးပြုပုံကို လေ့လာရင်း
- 
10:12 - 10:14ရာစုနှစ်ချီ ဟင်းလျာများကို ဖန်တီးကြည့်ရန်
- 
10:14 - 10:17လက်ရှိ အသီးတွေ အဲဒီဟင်းလျာများထဲ
 သုံးပုံကို လေ့လာကြည့်ဖို့ပါ။
- 
10:17 - 10:20ကျုပ်တို့ခြံရဲ့ ရုပ်ပိုင်းဘောကို ကျော်ပြီး
 ချက်ပြုတ်ရေး စာအုပ်ကိုပါ
- 
10:20 - 10:23ထုတ်ဝေဖို့ ရှိနေနရာ ချက်ပြုတ်နည်းတွေ
 အားလုံး ပါဝင်ကြပါမယ်။
- 
10:23 - 10:25၎င်းဟာ ကွင်းဆင်းလေ့လာရေး
 လမ်းညွှန်လည်း ဖြစ်ပါမယ်၊
- 
10:25 - 10:28အဲဒီအသီးများရဲ့ ဝိသေသလက္ခဏာများနဲ့
 ပင်ကိုထူးခြားချက်များ၊
- 
10:28 - 10:30၎င်းတို့ရဲ့ မူလဇာတိနဲ့
 သမိုင်းလည်း ပါရှိပါဦးမယ်။
- 
10:30 - 10:34စိုက်ပျိုးရင်း ကြီးပြင်းလာခဲ့လို့
 စိုက်ပျိုးရေးကို နားလည်တယ်လို့ ထင်ခဲ့တယ်၊
- 
10:34 - 10:37အဲဒါနဲ့ ပတ်သက်ပြီး ဆက်လုပ်စရာ
 ဘာမှ မရှိဘူးလို့ ထင်မှတ်ခဲ့တယ်။
- 
10:37 - 10:39အဲဒါနဲ့ ကျနော်ဟာ
 အနုပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်--
- 
10:39 - 10:40(ရယ်သံများ)
- 
10:40 - 10:43ဒါပေမဲ့ ဒါဟာ ကျနော်ကိုယ်တိုင်ရဲ့ DNA နဲ့
 တနည်းနည်းနဲ့ ဆက်စပ်နေပုံရပါတယ်။
- 
10:43 - 10:46ပြီးတော့ ဒီကိစ္စဲထဲမှာ ကျနော် တယောက်တည်း
 မဟုတ်ဘူးလို့ ထင်ပါတယ်။
- 
10:46 - 10:51လွန်ခဲ့တဲ့ နှစ် 100 တုန်းက
 ကျုပ်တို့အားလုံးဟာ ကျုပ်တို့ အစားအစာရဲ့
- 
10:51 - 10:54ယဉ်ကျေးမှု၊ စိုက်ပျိုးမှုနဲ့ သမိုင်းစဉ်နဲ့
 နီးကပ်စွာ ဆက်စပ်နေခဲ့ကြပါတယ်။
- 
10:54 - 10:57အခုတော့ ကျုပ်တို့ဟာ အဲဒါတွေထံမှ
 ခွဲခွာခံခဲ့ကြရတယ်။
- 
10:57 - 10:59Open Orchard ဟာ ကျုပ်တို့ မသိကြတော့တဲ့
- 
10:59 - 11:02အတိတ်နဲ့ ပြန်ဆက်သွယ်ဖို့
 အခွင့်ကောင်းဖြစ်သလို
- 
11:02 - 11:06ကျုပ်တို့ အစားအစာရဲ့ အနာဂတ် ဘယ်လို ဖြစ်
 သင့်လဲ ပြန်စဉ်းစားဖို့ နည်းလမ်းလဲ ဖြစ်တယ်။
- 
11:06 - 11:08ကျေးဇူးတင်ပါတယ်။
- 
11:08 - 11:11(လက်ခုပ်သံများ)
- Title:
- အပင် တစ်ပင်တည်းမှ အသီးအမျိုးမျိုး ၄၀ ကို သီးပေးနိုင်ပုံ
- Speaker:
- Sam Van Aken
- Description:
- 
    more » « lessအနုပညာရှင် Sam Van Aken ကနေပြီး မယုံနိုင်ဖွယ် "အသီး ၄၀ အပင်" အကြောင်းကို၊ အပင် တစ်ပင်တည်း အပေါ်မှာ မက်မွန်သီးများ၊ မက်မန်းသီးများ၊ တရုတ်ဆီးသီးများ၊ နက်တာရင်းများနှင့် ချယ်ရီသီးများ သီးနိုင်ကြပုံကို အကိုင်းများကို ဆက်ကူးပေးခြင်းဖြင့် လုပ်ပေးရနိုင်ကြောင်း ပြောပြထားပါတယ်။ အဲဒီကတဆင့်တက်ပြီး အနုပညာ ပရိုဂျက် တစ်ခုအနေနဲ့ အခု စတင် လုပ်ကိုင်ဖို့ ကြိုးစားနေတာက၊ လှပကြပြီး အရောင်မျိုးစုံဖြင့် အချိန်ကာလအလိုက် ပွင့်ပြီး သီးကြတဲ့ ရှားပါးကြတဲ့ ရှေးခေတ် အမျိုးအစားများ ဖြစ်ကြတဲ့ အဲဒီ အသီးအမျိုးမျိုးတို့ကို ထိန်းသိမ်း စောင့်ရှောက်ပေးရုံသာမက၊ ကျုပ်တို့လူသားတို့ရဲ့ အစားအစာတွေ မတူကွဲပြားလျက် မျိုးစုံ ရှိနေရေးကို အာမခံပေးနိုင်အောင် လူတွေကို သင်ကြားပေးမယ့် သင်္ကေတလည်း ဖြစ်လာပါတယ်။ "ဒီလို အသီးများထဲမှာ အစားအစာများတင်မက ကျုပ်တို့ရဲ့ ယဉ်ကျေးမှုပါ ရောယှက်လျက် ရှိနေပါတယ်၊ တကယ်တမ်းတွင် ဒီအသီးများဟာ ကျုပ်တို့ရဲ့ ပုံပြင်ပါပဲ"လို့ Van Aken က ဆိုပါတယ်။ 
- Video Language:
- English
- Team:
 closed TED closed TED
- Project:
- TEDTalks
- Duration:
- 11:24
|   | Myo Aung approved Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Myo Aung edited Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Myo Aung accepted Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Myo Aung edited Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Sanda Aung edited Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Sanda Aung edited Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Sanda Aung edited Burmese subtitles for How one tree grows 40 different kinds of fruit | |
|   | Sanda Aung edited Burmese subtitles for How one tree grows 40 different kinds of fruit |