< Return to Video

“ သင်္ချာမျက်လှည့် ” ဖျော်ဖြေတင်ဆက်မှု"

  • 0:01 - 0:02
    ကောင်းပါပြီ မင်္ဂလာမနက်ခင်းပါ ဂုဏ်သရေရှိဧည့်သည်အပေါင်းတို့ ခင်ဗျာ
  • 0:02 - 0:05
    ကျွန်တော်နာမည်ကတော့ အာ့ဘန်ဂျမင်ပါ ကျွန်တော်က "သင်္ချာမျက်လှည့်ပညာရှင်" ပညာရှင်တစ်ယောက်ပါ
  • 0:06 - 0:09
    ဒါဘာကိုဆိုလိုသလဲဆိုတော့ ကျွန်တော်ရဲ့ သင်္ချာနဲ့ မျက်လှည့်တို့အပေါ်မြတ်နိုးမှုကိုပေါင်းပြီး
  • 0:09 - 0:11
    "သင်္ချာမျက်လှည့်" လို့ကျွန်တော်အမည်ပေးထားတဲ့ အရာတစ်ခုကိုပြုလုပ်ပါမယ်လို့ဆိုလိုတာပါ။
  • 0:12 - 0:15
    ဒါပေမဲ့ ကျွန်တော်မစခင် ပရိသတ်အတွက် မေးခွန်းကလေး တစ်ခုလောက်မေးစရာရှိပါတယ်။
  • 0:15 - 0:17
    ဘယ်လိုတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် ဒီနေ့မနက် တစ်ယောက်ယောက်များ
  • 0:17 - 0:21
    ဂဏန်းတွက်စက်တစ်လုံးလောက်ယူလာမိပါသလားလို့ပါ။
  • 0:21 - 0:25
    အတည်ပြောတာပါ တကယ်လို့ဂဏန်းတွက်စက်တစ်လုံးပါလာရင် လက်ထောင်လိုက်ပါ လက်ထောင်လိုက်ပါဗျာ။
  • 0:25 - 0:27
    ကျွန်တော် --လက်ထောင်တာလားခင်ဗျ။
  • 0:27 - 0:29
    အခုထုတ်လိုက်ပါ ထုတ်လိုက်ပါ အခြားသူတွေရော
  • 0:29 - 0:31
    နောက်နားမှာ တစ်ယောက်တွေ့ပါတယ်။
  • 0:31 - 0:33
    ဆရာရော။ သုံးယောက်ရှိသွားပါပြီ။
  • 0:33 - 0:36
    ဒီဘက်ခြမ်းမှာရော ပါသူရှိသူလား။
  • 0:36 - 0:38
    အိုကေ မင်းလမ်းနားမှာ တစ်ယောက်။ ဂဏန်းတွက်စက်ပါတဲ့သူ လေးယောက်ခင်ဗျ
  • 0:38 - 0:41
    ဂဏန်းတွက်စက်လေးတွေယူလာပြီး စင်ပေါ်ကို တက်လာခဲ့ပေးပါလားခင်ဗျာ
  • 0:41 - 0:43
    မိမိသဘောအလျောက်ပါဝင်ပေးသူတွေကို လက်ခုပ်သြဘာချီးမြှင့်လိုက်ကြရအောင်ခင်ဗျာ။
  • 0:43 - 0:46
    (လက်ခုပ်သံများ)
  • 0:46 - 0:49
    ကောင်းပါပြီ အခုကျွန်တော်က ဒီဂဏန်းတွက်ချက်တွေနဲ့အလုပ်လုပ်ကြည့်ဖို့
  • 0:49 - 0:52
    အခွင့်အရေးမရှိတော့ ဒါတွေကောင်းကောင်းအလုပ်လုပ်လားဆိုတာ
  • 0:52 - 0:54
    သေချာအောင်လုပ်ရပါမယ်
  • 0:54 - 0:56
    ကျွန်တော်တို့စလို့ရအောင် တစ်ယောက်ယောက်က
  • 0:56 - 0:59
    ဂဏန်းနှစ်လုံးပါ ကိန်းတစ်ခုလောက်ပြောပါလားခင်ဗျာ။
  • 0:59 - 1:01
    ဂဏန်းနှစ်လုံးပါ ကိန်းတစ်ခုလောက်ခင်ဗျာ။
  • 1:01 - 1:02
    ပရိသတ်: ၂၂
  • 1:02 - 1:04
    အာ့သာဘန်ဂျမင်: ၂၂။ ဂဏန်းနှစ်လုံးပါကိန်း နောက်တစ်ခုလောက် ဆရာ။
  • 1:04 - 1:05
    ပရိသတ် : ၄၇
  • 1:05 - 1:09
    အာသာ: ၂၂ ကို ၄၇ နဲ့မြှောက်။ ၁,၀၃၄ ရလားစစ်ကြည့်ပါ
  • 1:09 - 1:14
    မရရင် ဂဏန်းတွက်စက်တွေကအလုပ်မလုပ်လို့ပါ အားလုံး ၁,၀၃၄ ရရဲ့လားခင်ဗျာ။
  • 1:14 - 1:15
    အမျိုးသမီး: မရဘူး
  • 1:15 - 1:19
    အာသာ: ၅၉၄ ။ ဒီသုံးယောက်ကိုလက်ခုပ်သြဘာလေးချီးမြှင့်လိုက်ရအောင်ခင်ဗျာ
  • 1:19 - 1:21
    (လက်ခုပ်သံများ)
  • 1:21 - 1:23
    ပိုစနစ်ကျတဲ့ဂဏန်းတွက်စက်တစ်ခုစမ်းကြည့်ချင်ပါသလား ဗျာ။ လိုလိုမယ်မယ်ပေါ့။
  • 1:23 - 1:25
    အိုကေ ကောင်းပါပြီ။
  • 1:25 - 1:27
    နောက်ကျွန်တော်ကြိုးစားပြီးလုပ်ကြည့်မှာက
  • 1:27 - 1:30
    ကျွန်တော် ခင်ဗျားတို့ထဲကတချို့တွေက အဖြေရဖို့နည်းနည်းကြာနေတာ သတိထားမိပါတယ်။
  • 1:30 - 1:33
    ကောင်းပြီ ကျွန်တော်က ဂဏန်းတွက်စက်ထက် ပိုမြန်အောင်မြှောက်ဖို့
  • 1:33 - 1:35
    ဖြတ်လမ်းတစ်ခုပေးပါမယ်။
  • 1:35 - 1:37
    ကိန်းတစ်ခုရဲ့ နှစ်ထပ်ကိန်းဆိုတာမျိုးရှိပါတယ်။
  • 1:37 - 1:39
    ခင်ဗျားတို့အများစုသိကြသလို ကိန်းတစ်ခုကိုယူပြီး
  • 1:39 - 1:41
    အဲဒီကိန်းနဲ့ပဲပြန်မြှောက်လိုက်တာပါ။
  • 1:41 - 1:43
    ဥပမာဗျာ ၅ နှစ်ထပ်ဆိုရင်
  • 1:43 - 1:44
    ပရိသတ်: ၂၅
  • 1:44 - 1:46
    အာသာ: ၂၅ ။ ဂဏန်းတွက်စက်အများစုမှာ ကျွန်တော်တို့ နှစ်ထပ်ကိန်းတင်လို့ရတဲ့နည်းက
  • 1:46 - 1:48
    ဒီတစ်ခုကိုသရုပ်ပြပါရစေ။
  • 1:48 - 1:50
    ၅ ဆိုတာမျိုး ကိန်းတစ်ခုကိုယူပြီး
  • 1:50 - 1:53
    "times" နဲ့ "equals" ကိုနှိပ်လိုက်ရင်
  • 1:53 - 1:56
    ဂဏန်းတွက်စက်တွေတော်တော်များများက နှစ်ထပ်ကိန်းတန်ဖိုးကိုပေးပါလိမ့်မယ်။
  • 1:56 - 1:58
    ရှေးကပေါ်ခဲ့တဲ့ RPN ဂဏန်းတွက်စက်တစ်ချို့မှာတော့
  • 1:58 - 2:00
    "x squared" ဆိုတဲ့ ခလုတ်တစ်ခုပါပြီး
  • 2:00 - 2:03
    တွက်ချက်မှုကို ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်စေပါလိမ့်မယ်။
  • 2:03 - 2:06
    ကျွန်တော်အခုလုပ်မှာက ဂဏန်းနှစ်လုံးပါကိန်းလေးခုကို
  • 2:06 - 2:08
    ဂဏန်းတွက်စက်တွေထက်ပိုမြန်အောင် ဖြတ်လမ်းသုံးတာထက်တောင်ပိုမြန်အောင်
  • 2:08 - 2:12
    ကျွန်တော်စိတ်ထဲမှာ နှစ်ထပ်ကိန်းတင်မှာပါ
  • 2:12 - 2:14
    ကျွန်တော်ဒီတစ်ခါ ဒုတိယတန်းကယူပါမယ် ကျွန်တော် လူလေးယောက်လိုပါတယ်။
  • 2:14 - 2:17
    တစ် နှစ် သုံး လေး ဂဏန်းနှစ်လုံးပါကိန်းတစ်ခုစီကို အော်ပေးဖို့ပါ။
  • 2:17 - 2:21
    အစ်မက ပထမကိန်းကို နှစ်ထပ်တင်ပါမယ်
  • 2:21 - 2:23
    အစ်မကတော့ဒုတိယကိန်းကိုတင်ပါ ပြီးတော့ တတိယကိန်း စတုတ္ထကိန်း
  • 2:23 - 2:26
    ကျွန်တော်က ကြိုးစားပြီး အဖြေရအောင် ခင်ဗျားတို့နဲ့ပြိုင်ပါမယ် အိုကေနော်
  • 2:26 - 2:29
    ဒီတော့ ဂဏန်းနှစ်လုံးပါကိန်းတစ်ခုလောက်မြန်မြန်လေးဗျာ မြန်မြန်လေး
  • 2:29 - 2:30
    ပရိသတ်: ၃၇
  • 2:30 - 2:31
    အာသာ: ၃၇ နှစ်ထပ် အိုကေ
  • 2:32 - 2:33
    ပရိသတ်:၂၃
  • 2:33 - 2:35
    အာသာ:၂၃ နှစ်ထပ် အိုကေ
  • 2:35 - 2:36
    ပရိသတ်: ၅၉
  • 2:36 - 2:37
    အာသာ:၅၉ နှစ်ထပ် အိုကေ နောက်ဆုံးတစ်ခုကရော
  • 2:37 - 2:39
    ပရိသတ်: ၉၃
  • 2:39 - 2:41
    အာသာ: ၉၃ နှစ်ထပ် ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့အဖြေတွေကို အော်ပြောပေးပါလားခင်ဗျာ။
  • 2:42 - 2:44
    အမျိုးသမီး: ၁၃၆၉ ။ အာသာ: ၁၃၆၉
  • 2:44 - 2:45
    အမျိုးသမီး: ၅၂၉
  • 2:45 - 2:46
    အာသာ: ၅၂၉
  • 2:46 - 2:47
    အမျိုးသား : ၃၄၈၁
  • 2:47 - 2:48
    အာသာ: ၃၄၈၁
  • 2:48 - 2:49
    အမျိုးသား: ၈၆၄၉
  • 2:49 - 2:50
    အာသာ: ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
  • 2:50 - 2:55
    (လက်ခုပ်သံများ)
  • 2:55 - 2:58
    ဒါကို နောက်တစ်ဆင့်တက်ပြီး ကြိုးစားကြည့်ပါရစေဗျာ
  • 2:58 - 3:01
    ဒီတစ်ခါတော့ ဂဏန်းသုံးလုံးပါကိန်းတွေကို နှစ်ထပ်တင်ပါမယ်
  • 3:01 - 3:03
    ကျွန်တော် ချတောင်မရေးတော့ပါဘူး
  • 3:03 - 3:05
    ကျွန်တော်ကို ကိန်းတွေပြောတာနဲ့ ကျွန်တော်က အဖြေတွေကိုပြောပါမယ်
  • 3:05 - 3:08
    ကျွန်တော်လက်ညှိုးထိုးလိုက်တဲ့ တစ်ယောက်ယောက်က ဂဏန်းသုံးလုံးပါကိန်းတစ်ခုကိုပြောပါ
  • 3:08 - 3:10
    ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်ယောက်ကနေပြီး အဖြေကိုစစ်ဆေးအတည်ပြုပေးပါဦး။
  • 3:10 - 3:12
    မှန်လားဆိုတာပဲ နည်းနည်းအချက်ပေးပါ
  • 3:12 - 3:14
    ဂဏန်းသုံးလုံးပါ ကိန်းတစ်ခု ဆရာ ဟုတ်ကဲ့ခင်ဗျ
  • 3:15 - 3:16
    ပရိသတ်: ၉၈၇
  • 3:16 - 3:19
    အာသာ: ၉၈၇ နှစ်ထပ် က ၉၇၄,၁၆၉ ပါ
  • 3:19 - 3:21
    (ရယ်သံများ)
  • 3:21 - 3:23
    ဟုတ်ရဲ့လားခင်ဗျ ကောင်းပါပြီ
  • 3:23 - 3:25
    နောက် နောက်ဂဏန်းသုံးလုံး
  • 3:25 - 3:26
    (လက်ခုပ်သံများ)
  • 3:26 - 3:29
    -- နောက်ထပ်ဂဏန်းသုံးလုံးပါကိန်းတစ်ခုပြောပါခင်ဗျာ ဆရာရေ
  • 3:29 - 3:30
    ပရိသတ်: ၄၅၇
  • 3:30 - 3:33
    အာသာ: ၄၅၇ နှစ်ထပ် က ၂၀၅,၈၄၉ ပါခင်ဗျာ
  • 3:33 - 3:35
    ၂၀၅,၈၄၉ ဟုတ်ရဲ့လား။
  • 3:35 - 3:37
    မှန်ရဲ့လား
  • 3:37 - 3:40
    အိုကေ နောက်ထပ်ဂဏန်းသုံးလုံးပါကိန်းတစ်ခုပြောပါခင်ဗျာ
  • 3:40 - 3:41
    ပရိသတ်: ၃၂၁
  • 3:41 - 3:44
    အာသာ: ၃၂၁ နှစ်ထပ်က ၁၀၃, ၀၄၁။ ၁၀၃,၀၄၁ ။
  • 3:44 - 3:47
    ဟုတ်ရဲ့လား။ ဂဏန်းသုံးလုံးပါကိန်းနောက်ထပ်တစ်ခုလောက်ခင်ဗျ
  • 3:47 - 3:49
    ပရိသတ်: အင်း... ၇၂၂
  • 3:49 - 3:52
    အာသာ: ၇၂၂ က ၅၀၀ -- အို, အဲဒီတစ်ခုက နည်းနည်းပိုခက်တယ်ဗျ။
  • 3:52 - 3:55
    အဲဒါက ၅၁၃,၂၈၄ လား
  • 3:55 - 3:56
    အမျိုးသမီး : ဟုတ်ပါတယ်
  • 3:56 - 3:59
    အာသာ: ဟုတ်တယ်နော် အို.. နောက်ထပ် ဂဏန်းသုံးလုံးပါကိန်းတစ်ခုလောက်ခင်ဗျ
  • 3:59 - 4:00
    ပရိသတ်: ၁၆၂
  • 4:00 - 4:04
    ၁၆၂ နှစ်ထပ်က ၂၆,၂၄၄ ပါ
  • 4:04 - 4:06
    ကျေးဇူးအများကြီးတင်ပါတယ်
  • 4:06 - 4:12
    (လက်ခုပ်သံများ)
  • 4:13 - 4:16
    နောက်ထပ်တစ်ဆင့်ထပ်ပြီး ကြိုးစားကြည့်ပါရစေဦး
  • 4:16 - 4:18
    (ရယ်သံများ)
  • 4:18 - 4:21
    ဒီတစ်ခါကျတော့ ဂဏန်းလေးလုံးပါကိန်းကို နှစ်ထပ်တင်ကြည့်ပါမယ်
  • 4:21 - 4:24
    ဒီတစ်ခုမှာ ခင်ဗျားတို့ကြိုက်သလောက် အချိန်ယူနိုင်ပါတယ်။ ဒီတစ်ခုမှာတော့ ကျွန်တော်က
  • 4:24 - 4:26
    ခင်ဗျားတို့ကို နိုင်မှာတော့မဟုတ်ပါဘူး ဒါပေမဲ့ အဖြေမှန်ရအောင်တော့ကြိုးစားပါမယ်။
  • 4:26 - 4:29
    ဒါကို ပိုပြီးကြုံရာကျပန်းသဘောဆန်အောင် ဒီတစ်ခါ စတုတ္ထမြောက်အတန်းကနေယူပါမယ်
  • 4:29 - 4:32
    တစ် နှစ် သုံး လေး ဆိုပါတော့
  • 4:32 - 4:34
    ခင်ဗျားတို့တစ်ဦးချင်းစီက ၀ ကနေ ၉ ကြားကဂဏန်းတစ်လုံးဆီကိုပြောပေးပြီး
  • 4:34 - 4:37
    ရလာတဲ့ဂဏန်းလေးလုံးပါကိန်းကို ကျွန်တော်နှစ်ထပ်ကိန်းတင်ပါမယ်
  • 4:37 - 4:38
    ပရိသတ်: ၉
  • 4:38 - 4:39
    အာသာ: ၉
  • 4:39 - 4:40
    ပရိသတ်: ၇ ။ အာသာ: ၇ ။
  • 4:40 - 4:41
    ပရိသတ်:၅ ။ အာသာ: ၅
  • 4:41 - 4:42
    ပရိသတ်: ၈ ။ အာသာ: ၈
  • 4:43 - 4:46
    ၉,၇၅၈ ။ ဒါကနည်းနည်းတော့အချိန်ကြာလိမ့်မယ် ဒီတော့ ကျွန်တော့်ကို သည်းခံပေးပါဗျာ။
  • 4:46 - 4:55
    ၉၅,၂၁၈,၅၆၄ လားခင်ဗျ
  • 4:55 - 4:56
    အမျိုးသမီး : မှန်ပါတယ်
  • 4:56 - 4:58
    အာသာ: ကျေးဇူးအများကြီးတင်ပါတယ်
  • 4:58 - 5:05
    (လက်ခုပ်သံများ)
  • 5:06 - 5:09
    အခု ဂဏန်းငါးလုံးပါကိန်းတစ်ခုကိုနှစ်ထပ်ကိန်းတင်ဖို့ကြိုးစားကြည့်ပါမယ်
  • 5:09 - 5:11
    ကျွန်တော်လုပ်လို့ရပါတယ်
  • 5:11 - 5:13
    ဒါပေမဲ့ ဂဏန်းတွက်စက်တော်တော်များများ မလုပ်နိုင်ပါဘူး
  • 5:13 - 5:15
    (ရယ်သံများ)
  • 5:15 - 5:18
    ဂဏန်း၈ လုံး အတွင်းမှာပဲ တွက်ချက်နိုင်မှု ဆိုတာကို ခင်ဗျားတို့မမုန်းကြဘူးလား။
  • 5:18 - 5:21
    ဒီတော့ ကျွန်တော်တို့ဂဏန်းတွက်စက်တွေရဲ့ စွမ်းဆောင်မှုအကန့်အသတ်ကိုရောက်သွားပြီဖြစ်လို့
  • 5:21 - 5:24
    ဘာဖြစ်လို့လဲ အစ်မရဲ့စက် ရရဲ့လာ။
  • 5:24 - 5:25
    အမျိုးသမီး: မသိဘူးရှင့်
  • 5:25 - 5:27
    အာသာ: အစ်ကို့ စက်ဒီထက်ပိုမြင့်အောင်တွက်လို့ရလား။
  • 5:27 - 5:29
    အစ်ကို့ စက်ရော?
  • 5:29 - 5:30
    အမျိုးသား : ကျွန်တော်ကတော့ ရနိုင်ပါတယ်
  • 5:30 - 5:32
    အာသာ: အစ်မနဲ့ပြီးမှပြောတာပေါ့
  • 5:32 - 5:34
    လောလောဆယ်မှာ ကျွန်တော်ရဲ့တင်ဆက်မှုပထမပိုင်းကို
  • 5:34 - 5:37
    နည်းနည်း ပိုခက်တာလေးတစ်ခုလောက်လုပ်ပြီး အဆုံးသတ်ချင်ပါတယ်။
  • 5:37 - 5:40
    ဘုတ်ပေါ်က အကြီးဆုံးကိန်းဖြစ်တဲ့ ၈၆၄၉ ကိုယူရအောင်
  • 5:40 - 5:43
    အားလုံးက ဒီကိန်းကို ဂဏန်းတွက်စက်မှာရိုက်ထည့်လိုက်ပါလားခင်ဗျာ
  • 5:43 - 5:45
    ဒီတစ်ခါမှာ နှစ်ထပ်ကိန်းတင်မယ့်အစား
  • 5:45 - 5:47
    ကျွန်တော်က ခင်ဗျားတို့ကို ဒီကိန်းကိုယူပြီး
  • 5:47 - 5:50
    ကြိုက်နှစ်သက်ရာဂဏန်းသုံးလုံးပါကိန်းတစ်ခုနဲ့မြှောက်စေချင်ပါတယ်
  • 5:50 - 5:52
    ဘာနဲ့မြှောက်တယ်ဆိုတာကျွန်တော်ကိုမပြောပါနဲ့
  • 5:52 - 5:55
    ကြုံရာကိန်းတစ်ခုနဲ့သာမြှောက်လိုက်ပါ
  • 5:55 - 5:57
    ဂဏန်း ၆ လုံး ဒါမှမဟုတ် ၇ လုံးပါတဲ့ကိန်းတစ်ခု
  • 5:57 - 6:01
    ရလာပါမယ်
  • 6:01 - 6:02
    ဂဏန်းဘယ်နှလုံးရပါသလဲ ၆ လုံးလား ၇ လုံးလား
  • 6:02 - 6:04
    ၇ လုံး ။ အစ်မရော။ အမျိုးသမီး: ၇ လုံး
  • 6:04 - 6:07
    အာသာ: ၇ လုံးလား။ ၇ လုံးလား ။
  • 6:07 - 6:09
    နောက် မသေချာဘူး
  • 6:09 - 6:10
    အမျိုးသား: ဟုတ်ပါတယ်
  • 6:10 - 6:12
    အာသာ: ၇ လုံး။ ခင်ဗျားတို့ဆီမှာ ရှိတဲ့ဂဏန်း ၇ လုံးကို
  • 6:12 - 6:15
    ကျွန်တော်သိနိုင်များသိနိုင်မလားဆိုရင် မရှိဘူးလို့သာပြောလိုက်ပါ
  • 6:15 - 6:17
    (ရယ်သံများ)
  • 6:17 - 6:19
    ကောင်းပါပြီ ကျွန်တော်လုံးဝမဖြစ်နိုင်တဲ့
  • 6:19 - 6:21
    အနည်းဆုံးတော့ ဖြစ်နိုင်ခဲတဲ့ အရာကိုကြိုးစားကြည့်ပါမယ်။
  • 6:21 - 6:23
    ကျွန်တော်ခင်ဗျားတို့ကိုလုပ်စေချင်တာက ကျွန်တော်က
  • 6:23 - 6:26
    ခင်ဗျားတို့ရဲ့ ဂဏန်း ၇ လုံးထဲက ကြိုက်ရာ ၆ လုံး ကြိုက်ရာ ၆ လုံးကို
  • 6:26 - 6:28
    ကြိုက်ရာအစဉ်အတိုင်းအော်ပြောပေးပါ
  • 6:28 - 6:29
    (ရယ်သံများ)
  • 6:29 - 6:34
    တစ်ခါကို ဂဏန်းတစ်လုံးပေါ့ ကျွန်တော်ကခင်ဗျားတို့ချန်ထားခဲ့တဲ့ဂဏန်းတစ်လုံးကိုကြိုးစားပြီးရှာပါမယ်
  • 6:34 - 6:36
    အစ်မရဲ့ ဂဏန်း ၇ လုံးပါကိန်းနဲ့စလိုက်ရအောင်
  • 6:36 - 6:38
    ကြိုက်ရာ ၆ လုံးကို ပြောလိုက်ပါ
  • 6:38 - 6:44
    အမျိုးသမီး: ၁.. အိုကေ ၁၉၇၀၄၂
  • 6:44 - 6:45
    အာသာ: ၆ ကို ချန်ခဲ့တာလားဗျ
  • 6:45 - 6:47
    အမျိုးသမီး: ဟုတ်ပါတယ်။ အာသာ : ကောင်းပါပြီ။ တစ်ခုရပြီ။
  • 6:47 - 6:49
    အစ်မမှာ ဂဏန်း ၇ လုံးပါကိန်းတစ်ခုရှိတယ် ကြိုက်ရာ ၆ လုံးကို ပြောလိုက်ပါခင်ဗျာ
  • 6:49 - 6:52
    အမျိုးသမီး : ၄၄၈၇၅
  • 6:52 - 6:57
    အာသာ: ကျွန်တော် ၅ လုံးပဲ ကြားသေးတယ်ထင်တယ်။ ကျွန်တော် -- ခဏ-- ၄၄၈၇၅ --
  • 6:57 - 6:59
    ၆ ကိုချန်ခဲ့တာလား
  • 6:59 - 7:01
    အမျိုးသမီး: ဟုတ်ပါတယ်။ အာသာ: သူနဲ့အတူတူပဲပေါ့။ အိုကေ။
  • 7:01 - 7:04
    အစ်ကိုမှာ ဂဏန်း ၇ လုံးပါကိန်းတစ်ခုရှိတယ် ကြိုက်ရာ ၆ လုံးကို ကျယ်ကျယ်လေး
  • 7:04 - 7:08
    ရှင်းရှင်းလေးပြောလိုက်ပါ။ အမျိုးသား: ၀၇၉၀၄၄
  • 7:08 - 7:10
    အာသာ: ၃ ကိုချန်ထားခဲ့တယ်ထင်တယ်
  • 7:10 - 7:14
    အဲဒါ ၃ ပါ။ ဂဏန်း ၄ လုံးကို မှန်အောင်ကျပန်းမှန်းနိုင်ဖို့ဖြစ်နိုင်ခြေက
  • 7:14 - 7:17
    အပုံ ၁၀,၀၀၀ ပဲရှိပါတယ် ၁၀ ကို ထပ်ညွှန်းကိန်း ၄ တင်တဲ့တန်ဖိုးပါ
  • 7:17 - 7:19
    အိုကေ။ ကြိုက်ရာ ၆ လုံးပြောပါ။
  • 7:20 - 7:22
    ဒီတစ်ခါ လုံးဝမွှေနှောက်လိုက်ပါခင်ဗျာ။
  • 7:22 - 7:26
    အမျိုးသား : ၂၆၃၉၇၂
  • 7:26 - 7:28
    အာသာ: ၇ ကိုချန်ခဲ့တာလား
  • 7:28 - 7:30
    ဒီလေးယောက်စလုံးကို လက်ခုပ်ဩလေးတွေချီးမြှင့်လိုက်ကြရအောင်ဗျာ
  • 7:30 - 7:32
    ကျေးဇူးအများကြီးတင်ပါတယ် (လက်ခုပ်သံများ)
  • 7:40 - 7:42
    နောက်ထပ်ကျွန်တော့် ပြကွက်အမှတ်စဉ်တစ်ခုအတွက်
  • 7:42 - 7:44
    (ရယ်သံများ)
  • 7:45 - 7:47
    ကျွန်တော့်ဘက်ထရီတွေကို စိတ်ပိုင်းဆိုင်ရာအားပြန်သွင်းမှုလုပ်နေတုန်းမှာ
  • 7:47 - 7:50
    ပရိသတ်ကြီးကို နောက်ထပ်မေးစရာတစ်ခုရှိပါတယ်
  • 7:50 - 7:55
    အကြောင်းတိုက်ဆိုင်ပြီးတော့ ဒီထဲကတစ်ယောက်ယောက်များ
  • 7:55 - 7:58
    ကိုယ့်မွေးနေ့နံကိုသိပါသလား။
  • 7:58 - 8:02
    ကိုယ့်မွေးရက်ဘယ်နေ့ကျတယ်ဆိုတာသိရင် လက်ထောင်လိုက်ပါ
  • 8:02 - 8:05
    ကြည့်ရအောင် အမျိုးသားတစ်ဦးနဲ့ စရအောင်
  • 8:05 - 8:08
    ကောင်းပြီ ဆရာ အရင်ဆုံး ဘယ်နှစ်ဖွားလဲဆရာ ဒါကြောင့်အမျိုးသားတစ်ဦးနဲ့စတာဗျ
  • 8:08 - 8:09
    ဘယ်နှစ်လဲခင်ဗျ
  • 8:09 - 8:10
    ပရိသတ်: ၁၉၅၃
  • 8:10 - 8:12
    အာသာ: ၁၉၅၃။ လကရော
  • 8:12 - 8:13
    ပရိသတ်: နိုဝင်ဘာ။ အာသာ: နိုဝင်ဘာဘယ်နှရက်လဲဆရာ
  • 8:13 - 8:14
    ပရိသတ်: ၂၃ ရက်နေ့ပါ
  • 8:14 - 8:16
    အာသာ: ၂၃ ရက်နေ့ တနင်္လာမဟုတ်လားခင်ဗျာ။ ပရိသတ်:ဟုတ်ပါတယ်
  • 8:16 - 8:18
    ဟုတ်တယ်နော် ကောင်းပါပြီ အခြားတစ်ယောက်လောက်ရော အခြားဘယ်သူများလုပ်ချင် --
  • 8:18 - 8:20
    အမျိုးသမီးတွေတစ်ဦးမှလက်ထောင်တာ ကျွန်တော်မတွေ့သေးပါဘူးခင်ဗျ
  • 8:20 - 8:22
    ကောင်းပြီ အစ်မရော ဘယ်နှစ်ဖွားလဲ
  • 8:22 - 8:24
    ပရိသတ်: ၁၉၄၉။ အာသာ: ၁၉၄၉။ လကရော
  • 8:24 - 8:25
    ပရိသတ်: အောက်တိုဘာ။ အာသာ: အောက်တိုဘာ ဘယ်ရက်လဲ၊
  • 8:25 - 8:26
    ပရိသတ်: ၅ရက်
  • 8:26 - 8:28
    အာသာ: ၅ရက်။ ဗုဒ္ဓဟူးနေ့မဟုတ်လား
  • 8:28 - 8:30
    ကောင်းပါပြီ အခု အနောက်ဖက်ကိုသွားပါမယ် အစ်မရော
  • 8:30 - 8:32
    အော်ပြောလိုက်ပါခင်ဗျ ဘယ်နှစ်လဲ။ ပရိသတ်: ၁၉၅၉။
  • 8:32 - 8:34
    အာသာ: ၁၉၅၉။ အိုကေ ဘယ်လလဲ
  • 8:34 - 8:36
    ပရိသတ်: ဖေဖော်ဝါရီ
  • 8:36 - 8:38
    အာသာ: ဖေဖော်ဝါရီ ဘယ်နှရက်။ ပရိသတ်: ၆ ရက်
  • 8:38 - 8:40
    အာသာ: ၆ ရက် သောကြာနေ့လား။ ပရိသတ်: ဟုတ်ပါတယ်
  • 8:40 - 8:42
    ကောင်းပါပြီ သူ့အနောက်က တစ်ယောက်ကော
  • 8:42 - 8:44
    အော်လိုက်ပါ အော်လိုက်ပါ ဘယ်နှစ်လဲခင်ဗျ
  • 8:44 - 8:46
    ပရိသတ်: ၁၉၄၇ ။ အာသာ: ၁၉၄၇ ဘယ်လလဲ
  • 8:46 - 8:48
    ပရိသတ်: မေလ။ အာသာ:မေလဘယ်နှရက်လဲ
  • 8:48 - 8:50
    ပရိသတ်: ၇ ရက်။ အာသာ: ၇ ရက် ဗုဒ္ဓဟူးနေ့လားခင်ဗျ
  • 8:50 - 8:51
    ပရိသတ်: မှန်ပါတယ်
  • 8:51 - 8:53
    အာသာ: ကျေးဇူးအများကြီးတင်ပါတယ်
  • 8:53 - 8:56
    (လက်ခုပ်သံများ)
  • 8:57 - 9:00
    ဒီထဲက ကိုယ့်မွေးရက်ဘယ်နေ့ကျလဲဆိုတာ သိချင်သူများ ရှိပါသလား
  • 9:00 - 9:02
    ကျွန်တော်တို့ဒီအတိုင်း လုပ်ကြည့်လို့ရပါတယ်ခင်ဗျာ
  • 9:02 - 9:04
    သေချာတာပေါ့ ကျွန်တော်ကအဖြေတစ်ခုလုပ်ကြံပြောလိုက်ပြီး ခင်ဗျားတို့က ဘယ်သိမလဲ
  • 9:04 - 9:06
    ဒီတော့ ဒါအတွက် ကျွန်တော်ပြင်ဆင်ပြီးလာခဲ့ပါတယ်
  • 9:06 - 9:08
    ကျွန်တော်နဲ့အတူ ပြက္ခဒိန်တွေပါတဲ့ စာအုပ်တစ်အုပ်ယူလာခဲ့ပါတယ်
  • 9:09 - 9:13
    ၁၈၀၀ ခုနှစ်အတိတ်ကာလ အထိပါလာပါတယ် ဒါမျိုးကဘယ်သူမှမသိတာကိုး။
  • 9:13 - 9:15
    (ရယ်သံများ)
  • 9:15 - 9:17
    ဆရာကို ကျွန်တော်ကြည့်လိုက်ဖို့မရည်ရွယ်ပါဘူး
  • 9:17 - 9:19
    ဆရာက အဲဒီနားထိုင်နေတာကိုးခင်ဗျ
  • 9:19 - 9:22
    ထားပါတော့ ခရစ်ရေ စိတ်မရှိဘူးဆိုရင် ကျွန်တော်ကို ဒီမှာကူပေးနိုင်မလား။
  • 9:22 - 9:24
    ဒါက ပြက္ခဒိန်တွေပါတဲ့ စာအုပ်ပါ ပြီးတော့ကျွန်တော်ကမေးပါမယ်။
  • 9:24 - 9:26
    ကိုယ့်မွေးရက်ဘယ်နေ့ကျသလဲ သိချင်တဲ့သူ ဘယ်သူများပါလဲခင်ဗျာ
  • 9:26 - 9:28
    ဆရာလား ကောင်းပါပြီ အရင်ဆုံး ဘယ်နှစ်ဖွားလဲခင်ဗျ
  • 9:28 - 9:29
    ပရိသတ်: ၁၉၆၆
  • 9:29 - 9:31
    အာသာ: '၆၆ -- ၁၉၆၆ ခုနှစ်ပြက္ခဒိန်ကိုလှန်လိုက်ပါ --
  • 9:31 - 9:33
    ဘယ်လလဲဗျ
  • 9:33 - 9:35
    ပရိသတ်: ဧပရယ်။ အာသာ: ဧပရယ်ဘယ်နှရက်ပါလဲ
  • 9:35 - 9:37
    ပရိသတ်: ၁၇ ရက်။ အာသာ: ၁၇ ရက် -- တနင်္ဂနွေနေ့လို့ယုံပါတယ်
  • 9:38 - 9:40
    ခင်ဗျားအတည်ပြုပေးနိုင်မလား၊ ခရစ်ရေ
  • 9:40 - 9:42
    ခရစ်အန်ဒါဆန်: မှန်ပါတယ်။ အာသာ: ကောင်းပြီ ခရစ်ရေ ကျွန်တော်ပြောမယ်
  • 9:42 - 9:45
    ခင်ဗျားရှေ့မှာ ဒီစာအုပ်ရှိနေသရွေ့
  • 9:45 - 9:49
    ကျွန်တော်ကို တစ်ခုလောက်ကူညီပါဗျာ ၁၉၀၀ ခုနှစ်ပိုင်းရဲ့ အပြင်ဘက်ခုနှစ်တစ်ခုဆီလှန်လိုက်ပါ
  • 9:49 - 9:52
    ၁၈၀၀ ပိုင်းဖြစ်ဖြစ် ၂၀၀၀ ပိုင်းဖြစ်ဖြစ်ပေါ့
  • 9:52 - 9:53
    ဒါက ကျွန်တော်အတွက် ပိုကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်
  • 9:54 - 9:55
    ဘယ်ခုနှစ်ကြိုက်လဲ ခရစ်ရေ
  • 9:55 - 9:56
    ခရစ်: ၁၈၂၄
  • 9:56 - 9:59
    အာသာ: ၁၈၂၄။ ကောင်းပြီ ဘယ်လလဲ
  • 9:59 - 10:01
    ခရစ်: ဇွန်လ
  • 10:01 - 10:02
    အာသာ: ဇွန်ဘယ်ရက်လဲ။ ခရစ်: ၆ ရက်။
  • 10:03 - 10:05
    အာသာ: ၆ ရက် -- တနင်္ဂနွေလား
  • 10:05 - 10:07
    CA: ဟုတ်တယ်။ အာသာ: ပြီးတော့ အဲဒီနေ့က တိမ်ထူတယ်
  • 10:08 - 10:10
    ကောင်းပါပြီ ကျေးဇူးအများကြီးတင်ပါတယ်
  • 10:10 - 10:16
    (လက်ခုပ်သံများ)
  • 10:16 - 10:18
    ဒါပေမဲ့ တင်ဆက်မှုရဲ့ အစောပိုင်းက တစ်ခုကို
  • 10:18 - 10:21
    ပြန်လည်ရည်ညွှန်းပြီးတော့
  • 10:21 - 10:23
    အဆုံးသတ်ချင်ပါတယ်ခင်ဗျာ
  • 10:23 - 10:26
    ခုနက ဂဏန်းဆယ်လုံးတွက်နိုင်တဲ့ ဂဏန်းတွက်စက်နဲ့ လူကြီးမင်းတစ်ဦးရှိပါတယ်
  • 10:26 - 10:28
    ဘယ်ရောက်သွားပါပြီ ဂဏန်းဆယ်လုံးနဲ့အစ်ကို
  • 10:30 - 10:32
    မတ်တပ်ရပ်ပေးလို့ရမလား။
  • 10:32 - 10:35
    အိုကေ ဘယ်နေရာမှန်းလဲဆိုတာကျွန်တော်မြင်ရအောင်
  • 10:35 - 10:37
    ကျွန်တော့်အတွက်တစ်စက္ကန့်လောက်ရပ်ပေးပါ
  • 10:37 - 10:40
    အိုကေ အိုကေ ဆရာ့မှာ ဂဏန်းဆယ်လုံးစာတွက်ချက်လို့ရတဲ့ဂဏန်းတွက်စက်လည်းပါတယ်နော်
  • 10:40 - 10:44
    အိုကေ ကျွန်တော်အခုလုပ်ကြည့်မှာက ဂဏန်းဆယ်လုံးစာတွက်ချက်လို့ရတဲ့ဂဏန်းတွက်စက်လိုအပ်တဲ့
  • 10:44 - 10:47
    ဂဏန်းငါးလုံးပါကိန်းတစ်ခုကို ခေါင်းထဲမှာ နှစ်ထပ်ကိန်းတင်မှာပါ
  • 10:47 - 10:52
    ဒါပေမဲ့ ကျွန်တော့်အလုပ်ကိုပရိသတ်အတွက်ရော ကျွန်တော့်အတွက်ပါ စိတ်ဝင်စားစရာပိုကောင်းသွားအောင်
  • 10:52 - 10:54
    ကျွန်တော်က ဒီပုစ္ဆာကို အကျယ်ကြီးထုတ်ပြောပြီး
  • 10:54 - 10:56
    စဉ်းစားပြပါမယ်
  • 10:56 - 10:59
    ဒီတော့ ကျွန်တော်စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို
  • 10:59 - 11:01
    တကယ်ကိုမှန်မှန်ကန်ကန်ကြားရပါမယ်
  • 11:01 - 11:03
    ကျွန်တော်က ဒီပမာဏလောက်ရှိတဲ့တွက်ချက်မှုကိုလုပ်နေချိန်မှာပေါ့။
  • 11:03 - 11:06
    အခုတော့ ကျွန်တော်တို့ရဲ့ မျက်လှည့်ပညာရှင်သူငယ်ချင်း လန်နာ့တ်ဂရင်း ကို ကျွန်တော်တောင်းပန်ရပါမယ်။
  • 11:06 - 11:10
    မျက်လှည့်ပညာရှင်အနေနဲ့ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကိုထုတ်မပြောရဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်
  • 11:10 - 11:12
    ဒါပေမဲ့ နောက်တစ်ပတ်မှာ လူတွေက ကျွန်တော့်တင်ဆက်မှုကို
  • 11:12 - 11:14
    စလုပ်ကြမယ်လို့ ကျွန်တော်ကတော့မစိုးရိမ်ပါဘူး
  • 11:14 - 11:16
    အဆင်ပြေတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်
  • 11:18 - 11:21
    ဒီတော့ ကောင်းပါပြီ
  • 11:21 - 11:23
    အခြားလူတန်းတစ်ခုကိုယူရအောင် အစ်ကိုနဲ့စပြီးတော့ပေါ့
  • 11:23 - 11:26
    ကျွန်တော်ဂဏန်းငါးလုံးယူပါမယ် တစ် နှစ် သုံး လေး --
  • 11:26 - 11:28
    ဪ ကျွန်တော်ဒီအတန်းယူပြီးသွားပြီပဲ အစ်ကိုရှေ့ကအတန်းကိုယူရအောင်
  • 11:28 - 11:31
    ဆရာနဲ့စတာပေါ့ တစ် နှစ် သုံး လေး ငါး
  • 11:31 - 11:34
    ဂဏန်းတစ်ခုစီကိုအော်ပြောလိုက်ပါ -- ရလာမယ့်ဂဏန်းငါးလုံးပါကိန်းကို
  • 11:34 - 11:36
    ကျွန်တော်က နှစ်ထပ်ကိန်းတင်ဖို့ကြိုးစားပါမယ် စပါတော့
  • 11:36 - 11:38
    ပရိသတ်:၅ ။ အာသာ: ၅ ။
  • 11:38 - 11:39
    ပရိသတ်: ၇ ။ အာသာ: ၇ ။
  • 11:39 - 11:40
    ပရိသတ်: ၆ ။ အာသာ: ၆ ။
  • 11:40 - 11:42
    ပရိသတ်: ၈ ။ အာသာ: ၈ ။
  • 11:42 - 11:44
    ပရိသတ်: ၃ ။ အာသာ: ၃ ။
  • 11:44 - 11:47
    ၅၇,၆၈၃
  • 11:49 - 11:51
    နှစ်ထပ်တင်။ ဟူး..

  • 11:51 - 11:53

    ဒီပုစ္ဆာကိုကျွန်တော်ဘယ်လိုဖြေရှင်းမလဲဆိုတာ
  • 11:53 - 11:56
    ရှင်းပြပါရစေ
  • 11:56 - 11:59
    ကျွန်တော်က ဒီပုစ္ဆာကို အပိုင်းသုံးပိုင်း ပိုင်းချလိုက်ပါမယ်။
  • 11:59 - 12:01
    ၅၇,၀၀၀ ကိုနှစ်ထပ်တင်ပါမယ်
  • 12:01 - 12:04
    ၆၈၃ နှစ်ထပ်နဲ့ပေါင်းပါမယ်
  • 12:05 - 12:08
    အပေါင်း ၅၇,၀၀၀ အမြှောက်
  • 12:08 - 12:10
    ၆၈၃ အမြှောက် ၂ ။
  • 12:10 - 12:12
    ဒီဂဏန်းတွေအားလုံးပေါင်းပြီးလို့
  • 12:12 - 12:15
    မျှော်လင့်တဲ့အတိုင်းဖြစ်မယ်ဆိုရင်တော့ အဖြေမှန်ကိုရလာပါလိမ့်မယ်
  • 12:16 - 12:18
    အခုတော့ ကျွန်တော်အဖုံးပြန်ဖုံးပါရစေ။
  • 12:19 - 12:21
    ကျေးဇူးတင်ပါတယ်
  • 12:22 - 12:24
    ကျွန်တော်ကအခြားတစ်ခုခုကိုရှင်းပြနေတုန်းမှာ
  • 12:25 - 12:27
    -- ကျွန်တော်သိပါတယ် ခင်ဗျားတို့သုံးလို့ရနိုင်ပါတယ် ဟုတ်တယ်မလားခင်ဗျာ
  • 12:28 - 12:30
    ကျွန်တော်ကဒီတွက်ချက်မှုတွေလုပ်နေတုန်းမှာ
  • 12:30 - 12:32
    တချို့သော ဂဏန်းတွေမဟုတ်ဘဲ စကားလုံးတွေ
  • 12:32 - 12:36
    ဝင်လာတာကို ကြားကောင်းကြားနိုင်ပါတယ်
  • 12:36 - 12:37
    အဲဒါဘာလဲဆိုတာ ရှင်းပြပါရစေ
  • 12:37 - 12:39
    ဒါကတော့ သဒ္ဒဗေဒဆိုင်ရာကုတ်တစ်ခုပါ
  • 12:39 - 12:41
    ကိန်းဂဏန်းတွေကို စကားလုံးတွေအဖြစ်ပြောင်းလဲနိုင်အောင်
  • 12:41 - 12:44
    ကျွန်တော်အသုံးပြုတဲ့ မှတ်ဉာဏ်ကူကိရိယာတစ်ခုပါ
  • 12:44 - 12:47
    ကျွန်တော်က စကားလုံးတွေအဖြစ်သိမ်းဆည်းလိုက်ပြီး နောက်ပိုင်းမှာ ကိန်းဂဏန်းတွေအဖြစ်ပြန်ပြောင်းပါတယ်
  • 12:47 - 12:49
    ဒါကရှုပ်ပုံပေါက်မှန်းကျွန်တော်သိပါတယ် ဒါပေမဲ့ မရှုပ်ပါဘူး
  • 12:49 - 12:52
    ဒီမှာ "Rain Man" ထဲကတစ်ခုခုထွက်လာတာမြင်ရတယ်လို့ ခင်ဗျားတို့မထင်ရင်တော်ပါပြီ
  • 12:52 - 12:54
    (ရယ်သံများ)
  • 12:54 - 12:56
    ကျွန်တော့်ရူးသွပ်မှုက ခိုင်လုံတဲ့ အကြောင်းအရင်းရှိပါတယ်
  • 12:56 - 12:58
    တကယ်ပါ တကယ်ပါ စိတ်မရှိပါနဲ့
  • 12:58 - 13:01
    (ရယ်သံများ)
  • 13:02 - 13:04
    ADHD (အာရုံစိုက်မှုဆိုင်ရာမူမမှန်ခြင်း) နဲ့ပတ်သက်ပြီးကျွန်တော်ကိုစကားပြောချင်တယ်ဆိုရင်
  • 13:04 - 13:06
    နောက်ပြီးရင် ပြောလို့ရပါတယ်ခင်ဗျ ကောင်းပါပြီ
  • 13:06 - 13:08
    စကားမစပ် ဂဏန်းတွက်စက်တွေနဲ့ ကျွန်တော့်ရဲ့အကဲဖြတ်များကို
  • 13:08 - 13:11
    နောက်ဆုံး အသိပေးချင်တာတစ်ခုကတော့ အိုကေ ကိုယ့်အကြောင်းကိုယ်သိတာပေါ့နော်
  • 13:11 - 13:14
    ဒီမှာ ကျွန်တော်အမှားတစ်ခုလုပ်နိုင်တာ
  • 13:14 - 13:17
    အနည်းဆုံး ရာခိုင်နှုန်း ၅၀ ရှိပါတယ်။
  • 13:17 - 13:20
    ကျွန်တော်မှားရင် ဘာမှားသလဲဆိုတာကျွန်တော်ကိုမပြောပါနဲ့ "နီးစပ်တယ်" ဒါမှမဟုတ်
  • 13:20 - 13:23
    အလားတူတစ်ခုခုလောက်သာပြောပါ ကျွန်တော့အနေနဲ့ ကြိုးစားပြီးအဖြေကိုဖော်ထုတ်ပါမယ်။
  • 13:23 - 13:26
    ဒါက သူဘာသာကို စိတ်ဝင်စားစရာတော်တော်ကောင်းနိုင်ပါတယ်။
  • 13:27 - 13:29
    ဒါပေမဲ့ တကယ်လို့သာ ကျွန်တော်မှန်ရင်
  • 13:29 - 13:32
    ဘယ်ပဲဖြစ်ဖြစ် ခင်ဗျားတစ်ယောက်တည်းသိမ်းမထားပါနဲ့ အိုကေ
  • 13:32 - 13:33
    (ရယ်သံများ)
  • 13:33 - 13:35
    ကျွန်တော်အဖြေမှန်ရတယ်ဆိုတာ အားလုံးသိသွားအောင် လုပ်ပေးပါခင်ဗျာ။
  • 13:35 - 13:38
    ဒါက ကျွန်တော်ရဲ့ အကြီးအကျယ်အဆုံးသတ်ဖြစ်နေလို့ပါ
  • 13:38 - 13:41
    ကောင်းပါပြီ ဒီတော့ အချိန်ထက်ဆွဲမနေတော့ဘဲ
  • 13:41 - 13:44
    ကျွန်တော်တို့စပါမယ်
  • 13:44 - 13:46
    ကျွန်တော် အလယ်ကပုစ္ဆာနဲ့စပါမယ် ၅၇ ကို ၆၈၇ နဲ့မြှောက်ပါမယ်
  • 13:46 - 13:49
    အခု ၅၇ ကို ၆၈ နဲ့မြှောက်တာက ၃,၄၀၀။ ၄၇၆ နဲ့ပေါင်းတော့ ၃၈၇၆
  • 13:49 - 13:52
    ၃၈,၇၆၀ ကို ၁၇၁ နဲ့ပေါင်း
  • 13:52 - 13:55
    ၃၈,၇၆၀ ကို ၁၇၁ နဲ့ပေါင်းတာက ၃၈,၉၃၁
  • 13:55 - 13:59
    ၃၈,၉၃၁ ။ အဲဒါကို နှစ်နဲ့မြှောက်တော့ ၇၇,၈၆၂
  • 13:59 - 14:01
    ၇၇,၈၆၂ က “cookie fission”
  • 14:01 - 14:05
    “cookie fission” က ၇၇,၈၆၂
  • 14:05 - 14:07
    မှန်ပုံရပါတယ် ကျွန်တော်ဆက်သွားပါမယ် ဒီတော့ “cookie fission”
  • 14:07 - 14:11
    နောက်တော့ ၅၇ ကိုနှစ်ထပ်တင်တော့ ၃,၂၄၉ ။ ဒီတော့ကျွန်တော်ပြောနိုင်တာ
  • 14:11 - 14:16
    ၃ ဘီလျှံ။ ၂၄၉ ကိုယူ အဲဒါကို “cookie” ဆီပေါင်းထည့် ၂၄၉
  • 14:16 - 14:18
    အို ဒါပေမဲ့ “carry” တစ်ခုလာတာကိုတွေ့တယ်
  • 14:18 - 14:20
    249 --
  • 14:20 - 14:22
    အဲဒါကို cookie ဆီပေါင်းထည့်... ၂၅၀ အပေါင်း ၇၇
  • 14:22 - 14:26
    ဒီတော့ ၃၂၇ မီလျှံ
  • 14:26 - 14:28
    fission, fission, အိုကေ နောက်ဆုံးမှာ ၆၈၃ ကိုနှစ်ထပ်တင်ပါမယ်။
  • 14:29 - 14:31
    အဲဒါက ၇၀၀ အမြှောက် ၆၆၆ အပေါင်း ၁၇ နှစ်ထပ်
  • 14:31 - 14:34
    ဆိုတော့ ၄၆၆,၄၈၉ တိုးဖို့လိုရင် တိုးမယ်
  • 14:34 - 14:36
    တိုးမယ် ၄၆၆ ကိုယူ
  • 14:36 - 14:38
    အဲဒါကို fission ထဲကို ပေါင်းထည့် ရလာမှာက
  • 14:38 - 14:40
    ဘုရားရေ
  • 14:42 - 14:46
    ၃၂၈,၄၈၉
  • 14:46 - 14:47
    ပရိသတ်: ဟုတ်ပါတယ်
  • 14:47 - 14:48
    အာသာ: ကောင်းပါပြီ
  • 14:48 - 14:49
    (လက်ခုပ်သံများ)
  • 14:49 - 14:51
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
  • 14:51 - 14:53
    ခင်ဗျားတို့ သင်္ချာမျက်လှည့်ကို သဘောကျနှစ်ခြိုက်တယ်လို့ မျှော်လင့်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
  • 14:53 - 14:57
    (လက်ခုပ်သံများ)
Title:
“ သင်္ချာမျက်လှည့် ” ဖျော်ဖြေတင်ဆက်မှု"
Speaker:
အာသာဘန်ဂျမင်
Description:

ဤသွက်လက်လှသောတင်ဆက်မှုတွင် အာသာဘန်ဂျမင်က ဂဏန်းတွက်စက်အဖွဲ့ကိုပြိုင်၍ ဂဏန်းသုံးလုံးပါကိန်းများကိုနှစ်ထပ်ကိန်းတင်၊ အကြီးစားစိတ်တွက်ညီမျှခြင်းတစ်ခုကိုဖြေရှင်း၍ မွေးနေ့နံအနည်းငယ်ကိုခန့်မှန်းပြသည်။ ၎င်းမည်သို့လုပ်သနည်း။ သူပြောပြပါလိမ့်မည်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:57
  • That a mathematically beautiful translation and I here did some but little editions to be more natural !
    Well Done , Swe !

Burmese subtitles

Revisions