ဆရာဝန်ကိုင် နားကြပ်တီထွင်ဖြစ်ခဲ့ပုံ။ Moments of Vision 7 - Jessica Oreck
-
0:07 - 0:14စိတ်ကူး တဒင်္ဂကာလ...
-
0:14 - 0:15၁၈၁၆ ခုနှစ်ပါ။
-
0:15 - 0:18အသက် ၃၅ နှစ်အရွယ် René Laennec
ဆိုသူ ဆရာဝန်တစ်ယောက်ဟာ -
0:18 - 0:20ပါရီမြို့ထဲ လမ်းလျှောက်နေခဲ့တယ်။
-
0:20 - 0:24ကလေးနှစ်ယောက် သစ်သားပျဉ်ချပ်ရှည်ကို
ဖြတ်ပြီး အချင်းချင်း အချက်ပြတာကို -
0:24 - 0:27စောင့်ကြည့်ဖို့ ခဏရပ်လိုက်တယ်။
-
0:27 - 0:30ကလေးတစ်ယောက်က ပျဉ်ချပ်ကို
နားမှာကပ်ထားတယ်။ -
0:30 - 0:31အခြားကလေးက ဆန့်ကျင်ဘက် အစွန်းကနေ
-
0:31 - 0:37ကုတ်ခြစ်ကာ သစ်သားအရှည်အတိုင်း
ချဲ့ထားတဲ့ အသံကို ပို့ပေးနေတယ်။ -
0:37 - 0:42နောက်မှာ Laennec ဟာ အမျိုးသမီးငယ်ရဲ့
နှလုံးအခြေအနေကို အကဲဖြတ်ဖို့ အခေါ်ခံရတယ်။ -
0:42 - 0:45လူနာဟာ တော်တော်လေး ဝဖြိုးသူ ဖြစ်နေလို့
-
0:45 - 0:47Laennec ဟာ သူမရဲ့ ရင်အုံကို
-
0:47 - 0:51သူ့နားနဲ့ ကပ်ဖို့ ချီတုံချတုံဖြစ်နေခဲ့တယ်။
-
0:51 - 0:53ပျဉ်ချပ်နဲ့ ကလေးတွေကို အမှတ်ရသွားပြီး
-
0:53 - 0:57Laennec ဟာ စိတ်ကူးတဒင်္ဂကာလမှာ
တည်ကြည်စွာ -
0:57 - 0:59သတင်းစာတစ်ရွက်ကို ယူလိုက်ကာ
ကျစ်ကျစ်လိပ်ပြီး -
0:59 - 1:02တစ်ဖက်ကို သူ့နားမှာကပ်
-
1:02 - 1:06အခြားဖက်ကို နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့
အမျိုးသမီးရဲ့ ရင်ဘတ်မှာ ကပ်ထားလိုက်တယ်။ -
1:06 - 1:11သူဟာ အသံရဲ့ ကြည်လင်မှုကို
နှစ်ခြိုက်သွားတယ်။ -
1:11 - 1:14Laennec ဟာ နောက်သုံးနှစ်လုံးလုံး
ပစ္စည်းစုံ၊ စက်မျိုးစုံကို -
1:14 - 1:16တီထွင်စမ်းသပ်နေ့ခဲ့တယ်။
-
1:16 - 1:20အရှင်ဖြုတ်တပ်နိုင်တဲ့ အပိုင်းပါတဲ့
သစ်သားပြွန်တစ်ခုကို ရွေးမိတဲ့အထိပါ။ -
1:20 - 1:22သူ့ရဲ့ ကိရိယာဟာ သတ္ထု၊ ပလပ်စတစ်၊
-
1:22 - 1:26ရာဘာနဲ့ ယနေ့တိုင်သုံးနေတဲ့
နားကြပ်ရဲ့ ရှေ့ပြေးပုံစံ ဖြစ်လာခဲ့ပါတယ်။
- Title:
- ဆရာဝန်ကိုင် နားကြပ်တီထွင်ဖြစ်ခဲ့ပုံ။ Moments of Vision 7 - Jessica Oreck
- Description:
-
သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/how-the-stethoscope-was-invented-moments-of-vision-7-jessica-oreck တွင်ကြည့်ပါ။
ဆရာဝန်ကိုင် နားကြပ်ဟာ ကမ္ဘာမှာ အကျယ်ပြန့်ဆုံး အသုံးပြုတဲ့ တစ်ခုတည်းသော ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခုပါ။ ဒီစိတ်ကူးကို ဘယ်ကနေ ရလာခဲ့တာလဲ။ ကျွန်ုပ်တို့ရဲ့
Moments of Vision’ အတွဲရဲ့ သတ္တမမြောက်တင်ဆက်မှုမှာ Jessica Oreck ကနေပြီး မယုံနိုင်လောက်အောင် အသုံးဝင်လှတဲ့ ကိရိယာရဲ့ မူလဇာစ်မြစ်ကို မျှဝေထားပါတယ်။သင်ခန်းစာနဲ့ လှုပ်ရှားရုပ်ပုံများကို Jessica Oreck က ဖန်တီးပြုစုထားပါသည်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 01:49
![]() |
sann tint approved Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
Myo Aung accepted Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
Myo Aung edited Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
sann tint edited Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
sann tint edited Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
sann tint edited Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
sann tint edited Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck | |
![]() |
sann tint edited Burmese subtitles for How the stethoscope was invented | Moments of Vision 7 - Jessica Oreck |