ပဋိဇီဝ ပိုးသတ်ဆေးတွေ အလုပ်မဖြစ်တော့ရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။
-
0:01 - 0:03ဒါကတော့ ကျွန်မ အဖေရဲ့ ဦးလေးပါ။
-
0:03 - 0:06ကျွန်မ အဖေ့ အဖေရဲ့ ညီထွေးလေးပေါ့။
-
0:06 - 0:08နာမည်ကတော့ Joe McKenna ပါ။
-
0:08 - 0:13သူက အိမ်ထောင်သည် အမျိုးသားဖြစ်သလို
ဘက်စကတ်ဘောနဲ့ ဝင်ငွေရှာနေ တဲ့ -
0:13 - 0:16New York က မီးသတ်သမားလည်း ဖြစ်ပါ တယ်။
-
0:17 - 0:20မိသားစုသမိုင်းအရ မီးသတ်သမားဖြစ်ရတာ
ကြိုက်တယ်လို့ ဆိုတယ် -
0:20 - 0:24ဒါကြောင့် ၁၉၈၃ သူရဲ့ အားလပ်ရက် တစ်ရက်တွင်
-
0:24 - 0:26မီးသတ်ဌာနမှ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
0:27 - 0:31အဲနေ့ကို အကျိုးရှိအောင်လို့ သူက ရှိသမျှ
ကြေးထည်တွေ မီးသတ်ကား လက်ရန်းတွေ -
0:31 - 0:35နံရံပေါ်က တပ်ဆင်ထားတဲ့ အရာတွေကို
ပြောင်လတ်အောင် တိုက်ပါတယ်။ -
0:35 - 0:37အဲထဲက မီးသတ်ပိုက်ခေါင်း
-
0:37 - 0:39သံထည်အကြီးတစ်ခုပေါ့
-
0:39 - 0:43စင်ပေါ်က ပြုတ်ကျပြီးတော့
သူကို ခိုက်မိပါတယ်။ -
0:44 - 0:47နောက်ရက်အနည်းငယ်ကြာတော့
သူ့ ပုခုံးစနာလာပါတယ်။ -
0:47 - 0:51နောက်နှစ်ရက်ပြီးတော့
အဖျားတက်လာပါတယ်။ -
0:51 - 0:53အဖျားက တက်ပြီးရင်း တက်တယ်။
-
0:53 - 0:55သူ့ အမျိုးသမီးကတော့ သူ့ ကိုပြုစုနေတယ်။
-
0:55 - 0:59ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး။ ပြီးတော့
သူတို့ အနီးအနားက ဆရာဝန်ကိုခေါ်လိုက်တယ်။ -
0:59 - 1:02သူလုပ်တာလည်း ဘာတစ်ခုမှ
အရေးပါအရာ မရောက်ခဲ့ပါဘူး။ -
1:02 - 1:05သူတို့ ကားငှားပြီး သူ့ကို
ဆေးရုံကို ခေါ်သွားပါတယ်။ -
1:06 - 1:10ဆေးရုံက သူနာပြုတွေ သူ့မှာ ကူးစက်ရောဂါ
ရှိတယ်ဆိုတာ ချက်ချင်းသိကြပါတယ်။ -
1:10 - 1:14အဲတုန်းကတော့ သွေးဆိပ်
သင့်တယ်လို့ခေါ်တာပေါ့။ -
1:14 - 1:16သူတို့ ဘာမှမပြောခဲ့ပေမဲ့လည်း
-
1:16 - 1:18သူတို့လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ
-
1:18 - 1:21သိနေကြတယ်လေ။
-
1:22 - 1:25သူတို့လုပ်နိုင်တာ ဘာမှမရှိဘူး
ဘာလို့လဲဆိုတော့ အခု ကျွန်မတို့ -
1:25 - 1:27ကူးစက်ရောဂါကို ကုဖို့ သုံးနေကြတဲ့
အရာတွေက မရှိသေးဘူးလေ။ -
1:28 - 1:31ပထမဆုံး ပင်နီဆင်လင်စမ်းသပ်မှု
ပထမ ပဋိဇီဝ ပိုးသတ်ဆေးက -
1:31 - 1:34နောက်သုံးနှစ်မှာပေါ်လာတာပါ။
-
1:34 - 1:39ကူးစက်ရောဂါရတဲ့ လူတွေက
ကံကောင်းရင် နေပြန်ကောင်းလာပါတယ်။ -
1:39 - 1:40ဒါမှမဟုတ် သူတို့ သေကြပါတယ်။
-
1:40 - 1:42ကျွန်မ အဖေ့ ဦးလေးကတော့ ကံမကောင်းခဲ့ဘူး။
-
1:42 - 1:46သူက ဆေးရုံမှာ တစ်ပတ်လောက်
ရှိနေခဲ့တယ်လေ။ ချမ်းတုန်ပြီး -
1:46 - 1:48ရေဓာတ်ခန်းခြောက်လို့
ကယောင်းကတမ်းဖြစ်ကာ -
1:48 - 1:50သူ့ ကိုယ်အင်္ဂါတွေယိုယွင်းတာနဲ့ အမျှ
သတိမေ့မြောလာပါတယ်။ -
1:50 - 1:53သူအခြေအနေက ဆိုးလွန်းလို့
-
1:53 - 1:57သူ့မီးသတ်ဌာနက လူတွေ သူ့သွေးထဲက
-
1:57 - 2:01ရောဂါကို လျှော့ချဖို့ သွေးသွင်းပေးကြပါတယ်။
-
2:01 - 2:05ဘာမှအလုပ်မဖြစ်ခဲ့ပါဘူး။
သူ သေသွားတယ်လေ။ -
2:05 - 2:08သူက အသက် ၃၀ ဘဲ ရှိသေးတယ်။
-
2:08 - 2:10ရှင်က သမိုင်းကြောင်းကို
ပြန်ကြည့်လိုက်ရင် -
2:10 - 2:13လူအများစုက ကျွန် အဖေ့ဦးလေးလို့ သေကြတာပါ။
-
2:13 - 2:16သူတို့က ကင်ဆာ၊ နှလုံးရောဂါ၊
အခု ကျွန်မတို့ -
2:16 - 2:18အနောက်တိုင်းမှာဖြစ်နေတဲ့
ဘဝနေထိုင်မှုပုံစံကြောင့် -
2:18 - 2:20ဖြစ်တဲ့ရောဂါတွေကြောင့်
သေကြတာမဟုတ်ဘူး။ -
2:20 - 2:24သူတို့က အဲဒီရောဂါတွေကြောင့်
မသေရတဲ့အကြောင်းအရင်းက သူတို့က -
2:24 - 2:26အဲရောဂါတွေရဖို့ အသက်ရှည်ရှည်မနေရလို့ပါ။
-
2:26 - 2:28သူတို့က ဒဏ်ရာတွေကြောင့် သေကြတယ်။
-
2:28 - 2:31ကျွဲဝှေ့ခံရတာတွေ၊
-
2:31 - 2:33စစ်ပွဲမှာ ပစ်သတ်ခံရတာ၊
-
2:33 - 2:36စက်မှုတော်လှန်ရေးတုန်းက
စက်ရုံတစ်ခုမှာ အပိခံရတာတွေပေါ့။ -
2:36 - 2:40အများဆုံးကတော့ ကူးစက်ရောဂါတွေကြောင့်ပါ။
-
2:40 - 2:43အဲဒါတွေက ဒဏ်ရာတွေစခဲ့တဲ့
အရာတွေကို အဆုံးသတ်ပါတယ်။ -
2:44 - 2:48ပိုးသတ်ဆေးတွေ ရောက်လာတော့
အရာရာပြောင်းလဲသွားပါတယ်။ -
2:49 - 2:52ရုတ်တရက်လိုပါဘဲ သေဒဏ်နဲ့
တူလှတဲ့ ကူးစက်ရောဂါတွေက -
2:52 - 2:56ရက်အနည်းငယ်အတွင်း ပြန်ကောင်း
လာနိုင်တဲအရာမျိုး ဖြစ်လာပါတယ်။ -
2:56 - 2:59အံဖွယ်ဖြစ်ရပ်လို့မျိုးပေါ့။
-
2:59 - 3:05အဲကတည်းက ကျွန်မတို့တွေဟာ ဒီအံဖွယ်
ဆေးဝါးတွေရဲ့ ရွှေခတ်ထဲမှာ နေထိုင်နေကြတာလေ။ -
3:05 - 3:09အခုတော့ ကျွန်မတို့ အဆုံးသတ်ကို
ရောက်လို့လာပါပြီ။ -
3:09 - 3:14ကျွန်မ အဖေ့ဦးလေးက ပိုးသတ်ဆေးမတိုင်
ခေတ်ကာလရဲ့ နောက်ဆုံးရက်တွေမှာ သေဆုံးတာပါ။ -
3:14 - 3:19အခု ကျွန်မတို့က ပိုးသတ်ဆေးခေတ်လွန်
ကာလကို ရောက်တော့မှာပါ။ -
3:19 - 3:23Joe ရခဲ့တဲ့ ကူးစက်ရောဂါတွေက လူတွေကို
-
3:23 - 3:28ပြန်သေစေတဲ့အချိန်ကာလ
အစောဆုံးရက်တွေကိုပေါ့။ -
3:29 - 3:32တကယ့်ကတော့ ဒါတွေက ဖြစ်နေပါပြီ။
-
3:33 - 3:36လူတွေက ကူးစက်ရောဂါကြောင့် ပြန်သေနေကြပါပြီ။
-
3:36 - 3:38ပိုးသတ်ဆေးယဉ်ခြင်း ဖြစ်စဉ်ကြောင့်မို့ပါ။
-
3:38 - 3:40အတိုပြောရရင် ဒါကတော့ ဒီလိုပေါ့။
-
3:40 - 3:45ဘက်တီးရီးယားတွေဟာ
အရင်းအမြစ်တွေ၊ အစာတွေအတွက် -
3:45 - 3:50တစ်ခြားအကောင်ကို သေစေနိုင်တဲ့
ဒြပ်ပေါင်းတွေထုတ်ပြီး ယှဉ်ပြိုင်ကြတယ်။ -
3:50 - 3:52တစ်ခြားဘက်တီးရီးယားတွေက သူတို့ကိုယ်ကို
-
3:52 - 3:55ဓာတု တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက်
ခုခံစနစ်တွေ ထုတ်လုပ်ကြတယ်။ -
3:55 - 3:58ကျွန်မတို့ ပထမဆုံး ပိုးသတ်ဆေးထုတ်တော့
-
3:58 - 4:02အဲဒီ ဒြပ်ပေါင်းတွေကို ဓာတ်ခွဲခန်းထဲမှာ
ကျွန်မတို့ ပုံစံနဲ့ထုတ်ခဲ့တာပါ။ -
4:02 - 4:05ဘက်တီးရီးယားတွေကတော့ သူတို့နည်းအတိုင်း
-
4:05 - 4:08ကျွန်မတို့ရဲ့ တိုက်ခိုက်မှုကို
ပြန်တုံပြန်ခဲ့တယ်လေ။ -
4:08 - 4:10ဒါကတော့ နောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေပါ။
-
4:10 - 4:13၁၉၄၃ မှာ ပင်နီဆီလင်ကို စတင်ဖြန့်ဖြူးပါတယ်။
-
4:13 - 4:19၁၉၄၅ မှာ ပင်နီဆီလင်ဆေးယဉ်ပါးမှု
အပြန့်အနှံဖြစ်ပွားပါတယ်။ -
4:19 - 4:22Vancomycin က ၁၉၇၂မှာ
စတင်ပေါ်ပေါက်တာပါ။ -
4:22 - 4:25၁၉၈၈ မှာ ဆေးယဉ်ပါးမှုတွေ့ရှိပါတယ်။
-
4:25 - 4:27Imipenem ကို ၁၉၈၈ မှာတွေ့တယ်။
-
4:27 - 4:30၁၉၉၈ မှာ ဆေးယဉ်ပါးမှုပေါ်တယ်။
-
4:30 - 4:34Daptomycin နောက်ဆုံးပေါ်ဆေး
၂၀၀၃ မှာ ထွက်တယ်။ -
4:34 - 4:38ဆေးယဉ်ပါးမှုကတော့ ၂၀၀၄ မှာ ပေါ်ပေါက်ပါတယ်။
-
4:39 - 4:42နှစ် ၇၀ လောက်တောင် ကျွန်မတို့
ဖားခုန်တမ်းကစားခဲ့ကြတယ်လေ။ -
4:42 - 4:45ကျွန်မတို့ ဆေး၊ သူတို့ရဲ့ ယဉ်ပါးမှု
-
4:45 - 4:49နောက် ဆေးတစ်ခု၊ နောက်ယဉ်ပါးမှုအသစ်ပေါ့။
-
4:49 - 4:51အခုတော့ ဂိမ်းက ပြီးဆုံးပါတော့မယ်။
-
4:51 - 4:55ဘက်တီးရီးယားတွေ ဆေးယဉ်ပါးတာ
မြန်လွန်းလို့ ဆေးကုမ္ပဏီတွေတောင် -
4:55 - 5:00ပိုးသတ်ဆေးထုတ်တာ သူတို့အတွက်
အကျိုးမရှိဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ -
5:00 - 5:03ဒါကြောင့် ကမ္ဘာတစ်ဝန်း ပြန့်ပွားနေတဲ့
ကူးစက်ရောဂါတွေအတွက် -
5:03 - 5:06စျေးကွက်ထဲမှာရှိနေတဲ့
ပိုးသတ်ဆေး အမျိုး ၁၀၀ မှာမှ -
5:06 - 5:08နှစ်မျိုးလောက်က
-
5:08 - 5:12အသုံးတည့်မယ့် ဘေးထွက်ဆိုးကျိုးနဲ့ပေါ့။
-
5:12 - 5:14ဒါမှမဟုတ် တစ်မျိုးတည်း
-
5:14 - 5:16ဒါမှမဟုတ် ဘာမှ အသုံးမတည့်ဘူး။
-
5:16 - 5:18ဒါကတော့ အခုဖြစ်နေတဲ့အရာတွေပါ။
-
5:18 - 5:22၂၀၀၀ မှာ ရောဂါထိန်းချုပ်
ကာကွယ်ရေးဗဟို CDC က -
5:22 - 5:25မြောက် Carolina ဆေးရုံမှာ
-
5:25 - 5:27ဆေးနှစ်မျိုးဘဲတိုးတဲ့
-
5:27 - 5:30ရောဂါရှိတဲ့ လူနာတစ်ယောက်ကို
ဖော်ထုတ်ခဲ့ပါတယ်။ -
5:31 - 5:35အခု KPC လို့သိရှိထားတဲ့ ဒီရောဂါဟာ
-
5:35 - 5:38ပြည်နယ်သုံးခုကလွဲရင် ကျန်ပြည်နယ်
-
5:38 - 5:40ပြီးရင် တောင်အမေရိက ဥရောပ
-
5:40 - 5:42အရှေ့အလယ်တိုင်းကို ပြန့်နှံလို့နေပါပြီ။
-
5:43 - 5:45၂၀၀၈မှုတုန်းက ဆွီဒင်က ဆရာဝန်တွေက
-
5:45 - 5:48အိန္ဒိယက လူတစ်ယောက်ကနေ
-
5:48 - 5:52ဆေးတစ်မျိုးဘဲတိုးတဲ့
ရောဂါကို တွေ့ရှိခဲ့ပါတယ်။ -
5:52 - 5:54NDM လို့ ခေါ်တဲ့ ယဉ်ပါးမှု ဗီဇဟာ
-
5:54 - 6:00အိန္ဒိယကနေ တရုတ်ပြည်၊ အာရှ၊ အာဖရိက၊
-
6:00 - 6:05ဥရောပ နဲ့ ကနေဒါ ပြီးရင်
အမေရိကန်ကို ပြန့်နှံသွားပါပြီ။ -
6:05 - 6:08ဒီကူးစက်ရောဂါတွေက အံ့မခန်းဖြစ်တယ်လို့
-
6:08 - 6:11မျှော်လင့်ဖို့ သဘာဝကျကောင်းကျပါလိမ့်မယ်။
-
6:11 - 6:13ဒါပေမဲ့ အမှန်မှာ
-
6:13 - 6:16အမေရိကန် နှင့် ဥရောပမှာ
-
6:16 - 6:18တစ်နှစ်မှာ လူပေါင်း ၅၀၀၀၀ လောက်
-
6:18 - 6:22ဘယ်ဆေးမှ မတိုးတဲ့
ရောဂါကြောင့် သေနေကြပါတယ်။ -
6:23 - 6:26ဗြိတိန်အစိုးရ ထူထောင်ခဲ့တဲ့
-
6:26 - 6:30ပိုးသတ်ဆေးယဉ်ပါးမှုစစ်တမ်း
စီမံကိန်း ခန့်မှန်းချက်အရ -
6:30 - 6:37ကမ္ဘာတစ်ဝန်းသေနှုန်းက
တစ်နှစ်ကို ၇၀၀၀၀၀ ဖြစ်ပါတယ်။ -
6:38 - 6:43အဲဒါ နည်းတဲ့ သေနှုန်းတော့မဟုတ်ဘူး။
-
6:43 - 6:46ပြီးရင် ရှင်ကတော့ အန္တရာယ်မရှိဘူးလို့
ထင်ချင်ကောင်းထင်လိမ့်မယ်။ -
6:46 - 6:49ရှင်က ဒီလူတွေ အထူးကြပ်မတ်ခန်းထဲမှာ
-
6:49 - 6:51ရှိနေတဲ့လူနာတွေ၊
-
6:51 - 6:55ဘဝအဆုံးကိုရောက်နေတဲ့
ဘိုးဘွားရိပ်သာက လူတွေ၊ -
6:55 - 6:58ကျွန်မတို့နဲ့ ဝေးကွာနေတဲ့ရောဂါ ရှိနေတဲ့
ကျွန်မတို့ မခွဲခြားနိုင်တဲ့ -
6:58 - 7:01အခြေအနေမှာ ရှိတဲ့ လူတွေဖြစ်မယ်လို့
မြင်ကောင်းမြင်ပါလိမ့်မယ်။ -
7:02 - 7:06ရှင်တို့ ကျွန်မတို့တွေ မစဉ်းစားမိခဲ့တာက
-
7:06 - 7:11ပိုးသတ်ဆေးတွေက ယနေ့ခေတ်
ဘဝအားလုံးကို အကျိုးပြုနေတယ်ဆိုတာကိုပါ။ -
7:12 - 7:14ကျွန်မတို့ ပိုးသတ်ဆေးကို ဆုံးရှုံးရင်
-
7:14 - 7:16ကျွန်မတို့ ဆုံးရှုံးမယ့်အရာတွေက ဒါတွေပါ
-
7:16 - 7:20ပထမ ခုခံအားနည်းနေတဲ့
လူတွေအတွက် ကာကွယ်မှုပါ -- -
7:20 - 7:23ကင်ဆာလူနာ၊ AIDS လူနာ၊
-
7:23 - 7:28အင်္ဂါအစားထိုးလူနာ၊ လမစေ့ကလေးတွေပေါ့။
-
7:28 - 7:32နောက်တစ်ခုကတော့ ခန္ဓာကိုယ်မှာ ပြင်ပ
ပစ္စည်းတွေတပ်ဆင်ဖို့ လိုတဲ့ ကုထုံးတွေ။ -
7:32 - 7:36လေဖြတ်လူနာအတွက် သွေးကြောအထောက်ကန်တွေ
သွေးချိုလူနာအတွက် အင်ဆူလင်ထုတ်စက်တွေ၊ -
7:36 - 7:40ကျောက်ကပ်ဆေးတာတွေ၊ အရိုးဆစ်လဲလည်တာတွေ။
-
7:40 - 7:42အားကစားထက်သန်တဲ့
Baby Booomer ဘယ်နှစ်ယောက် -
7:42 - 7:44တင်ပါးတွေ ဒူးခေါင်းတွေ အသစ် လိုမလဲ။
-
7:44 - 7:47လက်တလော စစ်တမ်း ကောက်ချက်
ချထားတာက ပိုးသတ်ဆေးသာမရှိရင် -
7:47 - 7:50လူခြောက်ယောက်မှာ တစ်ယောက် သေမယ်ဆိုတာပါ။
-
7:51 - 7:54နောက် ကျွန်မတို့ ခွဲစိတ်ကုသမှုကို
ဆုံးရှုံးနိုင်ပါတယ်။ -
7:54 - 7:56ခွဲစိတ်မှုအများစုက
-
7:56 - 7:59ပိုးသတ်ဆေးပေးပြီးမှစတာပါ။
-
7:59 - 8:01အဲဒီအကာအကွယ်သာမရှိရင်
-
8:01 - 8:03ကျွန်မတို့တွေ ခန္ဓာကိုယ်ရဲ့
ပုန်းလျှိုနေတဲ့နေရာတွေကို -
8:03 - 8:05ဖွင့်နိုင်မှာမဟုတ်ပါဘူး။
-
8:05 - 8:08ဒါဆိုရင် နှလုံးခွဲစိတ်တာတွေ၊
-
8:08 - 8:11ဆီးကျိတ်အသားစယူတာတွေ၊
-
8:11 - 8:13ဗိုက်ခွဲကလေးမွေးတာတွေ မရှိတော့ဘူးပေါ့။
-
8:14 - 8:18အခု ကျွန်မတို့တွေ ရောဂါအသေး
အမွှားလေးကအစ ကြောက်တက်ဖို့လိုပါပြီ။ -
8:19 - 8:23လည်ချောင်းနာတာကြောင့်
နှလုံးအမောဖောက်ရောဂါဖြစ်တယ်။ -
8:23 - 8:25အရေပြားရောဂါကြောင့်
ခြေလက်တွေဖြတ်ပစ်ရတယ်။ -
8:26 - 8:29အသန့်ရှင်းဆုံး ဆေးရုံမှာ ကလေးမွေးတဲ့
-
8:29 - 8:31အမျိုးသမီး ၁၀၀ ယောက်မှာ
၁ ယောက် သေဆုံးပါတယ်။ -
8:32 - 8:37အဆုတ်ရောင်ရောဂါကြောင့် ကလေး
၁၀ ယောက်မှာ ၃ ယောက်လောက်သေပါတယ်။ -
8:37 - 8:40ပိုဆိုးတာက ကျွန်မတို့ နေ့စဉ်ဘဝကို
-
8:40 - 8:44ယုံကြည်ချက်အပြည့်နဲ့ မနေနိုင်တော့ပါဘူး။
-
8:45 - 8:49ဘယ်ဒဏ်ရာမဆို ရှင်ကို
သေစေနိုင်တယ်ဆိုတာကို သိရင် -
8:49 - 8:52ရှင် ဆိုင်ကယ်စီးမလား၊
-
8:52 - 8:56နှင်းလျှောစီးမလား၊
-
8:56 - 8:59ရှင်ရဲ့ ခရစ်စမတ်မီး ချိတ်ဖို့အတွက်
လှေကားပေါ်တက်မလား -
8:59 - 9:03ရှင်ကလေးကို ဘေ့စ်ဘော ပေးကစားမလား။
-
9:04 - 9:07တကယ်တော့ ပင်နီဆီလင်ဆေး ပထမဆုံး သုံးသူ
-
9:07 - 9:11ဗြိတိန်ရဲ Albert Alexander ရဲ့ ရောဂါက
-
9:11 - 9:15တော်တော်ဆိုးလို့ ဦးခေါင်းအရေက
ပြည်တွေထွက်ပြီး -
9:15 - 9:18ဆရာဝန်ကတောင် မျက်လုံး
တစ်လုံး ထုတ်ပေးလိုက်ရတယ်။ -
9:18 - 9:21သူ အသေးအမွှားကိစ္စ
တစ်ခုလုပ်ရင်း ဖြစ်သွားတာပါ။ -
9:22 - 9:26သူက ပန်းခြံထဲကို
လမ်းလျှောက်ဝင်တဲ့အချိန်မှာ -
9:26 - 9:29သူမျက်နှာကို အဆူးနဲ့ခြစ်မိလို့လေ။
-
9:29 - 9:32အခု ကမ္ဘာလူသေနှုန်း တစ်နှစ်
၇၀၀၀၀၀ လို့ ခန့်မှန်းထားတဲ့ -
9:32 - 9:36ကျွန်မပြောခဲ့တဲ့ ဗြိတိန်
စီမံကိန်း ထပ်ခန့်မှန်းထားတာက -
9:36 - 9:43ကျွန်မတို့သာ ဒါကို ၂၀၅၀
မတိုင်ခင် မထိန်းချုပ်နိုင်ရင် -
9:43 - 9:50မကြာဘူးပေါ့ သေနှုန်းက တစ်နှစ်ကို
၁၀ သန်းဖြစ်လာနိုင်ပါတယ်။ -
9:50 - 9:53ဒီကြောက်စရာကောင်းတဲ့ နံပါတ်တွေကို
-
9:53 - 9:55စောင့်စားနေရတဲ့ အချိန်ကို ကျွန်မတို့
-
9:55 - 9:58ဘယ်လိုရောက်လာခဲ့တာလဲ။
-
9:58 - 10:03ခက်ခဲတဲ့အဖြေကတော့ ကျွန်မတို့
ကိုယ့်ကို ပြန်လုပ်ခဲ့မိတာပါ။ -
10:03 - 10:06ဆေးယဉ်ပါးတယ်ဆိုတာ
မရှောင်လွဲနိုင်တဲ့ ဇီဝဖြစ်စဉ်ပါ။ -
10:06 - 10:10ဒါပေမဲ့ ဒါကို အရှိန်မြှင့်တင်ပေးတဲ့အတွက်
ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ -
10:10 - 10:14ကျွန်မတို့ ပိုးသတ်ဆေးကို
ထိတ်လန့်ဖို့ကောင်းအောင် -
10:14 - 10:18ဂရုမပြု ဖြုန်းတီးခဲ့ကြပါတယ်။
-
10:19 - 10:23ပင်နီဆီလင်ကို ၁၉၅၀ မတိုင်ခင်ထိ
ကောင်တာပေါ်မှာ တင်ရောင်းတာပါ။ -
10:23 - 10:27ဖွံဖြိုးဆဲနိုင်ငံ အများစုမှာ
အခုထိရောင်းနေဆဲပါ။ -
10:27 - 10:31အမေရိကန်မှာ ဆေးရုံမှာပေးနေတဲ့
-
10:31 - 10:35ပိုးသတ်ဆေးထဲက ၅၀% ဟာ မလိုအပ်ပါဘူး။
-
10:35 - 10:39ဆရာဝန် ဆေးညွန်းစာရဲ့ ၄၅% က
-
10:39 - 10:43ပိုးသတ်ဆေး အကျုံးမဝင်တဲ့
အခြေအနေတွေအတွက်ပါ။ -
10:45 - 10:47ဒါက ဆေးပညာနယ်ပယ်ထဲ မှာတင်ပါ။
-
10:47 - 10:49ကမ္ဘာပေါ်မှာ ပိုးသတ်ဆေးတွေကို
-
10:49 - 10:52အသားထွက်တိရိစ္ဆာန်တွေ အတွက်
နေ့စဉ်နဲ့အမျှ သုံးကြပါတယ်၊ -
10:52 - 10:54ရောဂါကုဖို့မဟုတ်ဘူး၊
-
10:54 - 10:58သူတို့ကို ဝအောင်လုပ်ဖို့ရယ်၊ သူတို့
ကြီးပြင်းတဲ့ မွေးမြူရေးခြံ -
10:58 - 11:02အခြေအနေကနေ ကာကွယ်ဖို့ပါ။
-
11:02 - 11:05အမေရိကန်မှာ ရောင်းချတဲ့
ပိုးသတ်ဆေးရဲ့ ၈၀% ဟာ -
11:05 - 11:12တိရိစ္ဆာန်တွေဆီကို ရောက်တာပါ၊
လူတွေဆီမဟုတ်ပါဘူး။ -
11:12 - 11:15ဒါနဲ့ဘဲ ခြံကနေ ရေထဲ၊ ဖုန်ထဲ၊
-
11:15 - 11:18အသားထဲမှာပါသွားတဲ့
ဆေးယဉ်ပိုးမွှားတွေကို -
11:18 - 11:21ဖန်တီးရာရောက်ပါတယ်။
-
11:21 - 11:24ရေလုပ်ငန်းတွေကလည်း
ပိုးသတ်ဆေးအပေါ် မှီခိုနေရပါတယ်။ -
11:24 - 11:26အထူးသဖြင့် အာရှမှာပါ။
-
11:26 - 11:29သစ်သီးပင်စိုက်တာလည်း
ပိုးသတ်ဆေးကို မှီခိုနေရတယ်။ -
11:29 - 11:31ပန်းသီးတွေ သစ်တော်သီးတွေ
လိမ္မော်သီးတွေကို -
11:31 - 11:34ရောဂါကနေ ကာကွယ်ဖို့ အတွက်ပေါ့။
-
11:34 - 11:40ပြီးတော့ ခရီးသည်တစ်ယောက်က
လေဆိပ်မှာ လက်ဆွဲအိတ်ကို လက်ကမ်းပေးသလို -
11:40 - 11:45ဘက်တီးရီးယားတွေဟာ
သူတို့ရဲ့ DNAကို လွှဲပေးလို့ရတာမို့၊ -
11:45 - 11:49ဒီဆေးယဉ်ပါးခြင်းကို ဖြစ်တည်အောင်
လုပ်ပေးလိုက်တာနဲ့ အမျှ -
11:49 - 11:52ဒါက ဘယ်ကို ရောက်မလဲဆိုတာ မသိနိုင်ပါဘူး။
-
11:54 - 11:55ဒါက ခန့်မှန်းလို့ရခဲ့ပါတယ်။
-
11:56 - 11:59တကယ်တော့ ဒါကို Alexander Fleming က
-
11:59 - 12:03ခန့်မှန်းခဲ့ပါတယ်။ ပင်နီဆင်လင်ကို
တွေ့ရှိခဲ့တဲ့လူပေါ့။ -
12:03 - 12:07အသိအမှတ်ပြုခံရတဲ့အနေနဲ့ ၁၉၄၅ မှာ
နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ -
12:07 - 12:11ဆုရပြီးနောက် အင်တာဗျူးတစ်ခု
သူဒါကို ပြောခဲ့တာပါ။ -
12:11 - 12:16"ပင်နီဆီလင်ကုထုံးနဲ့ ဆော့ကစားနေတဲ့
ဆင်ခြင်တုံတရားမဲ့ လူတစ်ယောက်ဟာ -
12:16 - 12:19ပင်နီဆီလင်ဆေးယဉ် ပိုးကြောင့်
-
12:19 - 12:21သေဆုံးသွားတဲ့လူအပေါ်
-
12:21 - 12:24အကျင့် စာရိတ္တအရ တာဝန်ရှိပါတယ်။"
-
12:24 - 12:28သူဆက်ပြောထားတယ်။" ဒီမကောင်းဆိုးဝါးကို
ပပျောက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။" -
12:29 - 12:32ကျွန်မတို့ ဒါကို ပပျောက်နိုင်မလား။
-
12:32 - 12:36စူပါပိုးတွေ တစ်ခါမှ
မတွေ့ကြုံဖူးတဲ့ ပိုးသတ်ဆေးတွေ -
12:36 - 12:39စမ်းသပ်ထုတ်နေတဲ့ ကုမ္ပဏီတွေရှိပါတယ်။
-
12:39 - 12:42ကျွန်မတို့ အဲဆေးတွေကို
အရမ်းဘဲ လိုအပ်ပါတယ်။ -
12:42 - 12:44ပြီးရင် ကျွန်မတို့ မက်လုံးတွေလိုပါတယ်။
-
12:44 - 12:47တွေ့ရှိမှုအတွက် ဆုငွေတွေ၊
သက်တမ်းတိုးမှု ပိုင်ခွင့်တွေ၊ -
12:47 - 12:50ချီးမြှင့်ဆုတွေ တစ်ခြားကုမ္ပဏီတွေကို
-
12:50 - 12:53ပိုးသတ်ဆေးပြန်ထုတ်အောင်
ဆွဲဆောင်ဖို့အတွက်ပါ။ -
12:53 - 12:56ဒါပေမဲ့ ဒါက လုံလောက်မှာမဟုတ်ပါဘူး။
-
12:56 - 13:00ဘာကြောင့်လဲဆိုတော့ ဇီဝဆင့်ကဲဖြစ်စဉ်က
အမြဲတမ်းအနိုင်ရလို့ပါ။ -
13:01 - 13:05ဘက်တီးရီးယားတွေ မိနစ် ၂၀ တိုင်း
မျိုးဆက်သစ်တစ်ခု ပွားတယ်။ -
13:05 - 13:09ဆေးဝါးဓာတုဗေဒအတွက်
ဆေးအသစ်ထုတ်ဖို့ ၁၀ နှစ်ကြာပါတယ်။ -
13:09 - 13:12ကျွန်မတို့ ပိုးသတ်ဆေးတစ်ခု
သုံးလိုက်တဲ့ အချိန်တိုင်း -
13:12 - 13:16ကျွန်မတို့ တည်ဆောက်ခဲ့တဲ့
အကာအကွယ်တွေကို -
13:16 - 13:17ဖြိုခွဲဖို့ ဘက်တီးရီးယားတွေကို
-
13:17 - 13:20သန်း ထောင်ပေါင်း
အခွင့်အရေးပေးလိုက်တာပါပဲ။ -
13:20 - 13:23သူတို့ မနိုင်တဲ့
-
13:23 - 13:25ဆေးဆိုတာ မရှိသေးပါဘူး။
-
13:25 - 13:29ဒါကတော့ အချိုးမကျတဲ့ စစ်ပွဲတစ်ခုပါ။
-
13:29 - 13:33ဒါပေမဲ့ ကျွန်မတို့တွေ ရလဒ်ကို
ပြောင်းလဲနိုင်ပါတယ်။ -
13:34 - 13:37ကျွန်မတို့တွေ အချက်အလက်တွေ
သိမ်းဆည်းတဲ့ စနစ်ကို တည်ဆောက်လို့ရပါတယ်။ -
13:37 - 13:40ပိုးသတ်ဆေးကို ဘယ်လိုသုံးနေတယ်ဆိုတာကို
-
13:40 - 13:43အတိအကျနဲ့ အလိုအလျောက်ပြောဖို့အတွက်ပါ။
-
13:43 - 13:46ကျွန်မတို့ ဆေးဝါးထားသိုစနစ်မှာ
ဂိတ်စောင့်စနစ်ဆောက်နိုင်ပါတယ်။ -
13:46 - 13:50ဒါမှသာ ဆေးညွှန်စာတိုင်း
တစ်ဖန်ပြန်စစ်ဆေးခံရမှာပါ။ -
13:50 - 13:56စိုက်ပျိုးရေးတွေ ပိုးသတ်ဆေးသုံးတာ
ရပ်တန့်ဖို့ လိုအပ်နိုင်ပါတယ်။ -
13:56 - 13:59ကျွန်မတို့ စောင့်ကြည့်စနစ်ကို
တည်ဆောက်နိုင်ပါတယ်။ -
13:59 - 14:04နောက်ဆေးယဉ်ပါးမှု ဘယ်မှာပေါ်နေပြီဆိုတာ
ကျွန်မတို့ကို ပြောဖို့ပေါ့။ -
14:04 - 14:06အဲဒါတွေကတော့ နည်းပညာနည်းလမ်းတွေပါ။
-
14:06 - 14:09ဒါပေမဲ့ အဲဒါတွေက မလောက်ပါဘူး
-
14:09 - 14:12ကျွန်မတို့ ပါဝင် မကူညီရင်ပေါ့။
-
14:16 - 14:18ပိုးသတ်ဆေးယဉ်ပါးတဲ့ဆိုတာ
အကျင့်တစ်ခုလိုပါပဲ။ -
14:18 - 14:22အကျင့်တစ်ခုကို ပြောင်းဖို့ ဘယ်လောက်
ခက်လဲဆိုတာ အားလုံးသိပြီးသားပါ။ -
14:22 - 14:26ဒါပေမဲ့ လူမှုအဖွဲ့တစ်ခုအနေနဲ့ အရင်တုန်းက
ကျွန်မတို့ အဲဒါကို လုပ်ခဲ့ပြီးပြီလေ။ -
14:26 - 14:30လူတွေ လမ်းပေါ်အမှိုက်ပစ်လေ့ရှိတယ်။
-
14:30 - 14:32ကားစီးရင် ခါးပတ်မပတ်ကြဘူး။
-
14:32 - 14:36ပုဂ္ဂလိက အဆောက်အအုံတွေထဲမှာ
ဆေးလိပ်သောက်လေ့ရှိတယ်လေ။ -
14:36 - 14:39ကျွန်မတို့ ဒါတွေကို ဆက်မလုပ်တော့ပါဘူး။
-
14:39 - 14:41ကျွန်မတို့ ပတ်ဝန်းကျင်ညစ်ညမ်းအောင်
-
14:41 - 14:45ဒါမှမဟုတ် ဆိုးရွားတဲ့
ယာဉ်တိုက်မှုမျိုးဖြစ်အောင် -
14:45 - 14:48ဒါမှမဟုတ် အခြားသူကို
ကင်ဆာရအောင် မလုပ်တော့ပါဘူး။ -
14:48 - 14:51အကြောင်းကတော့ အဲဒီအရာတွေက တန်ကြေးရှိတယ်
-
14:51 - 14:55ဖျက်ဆီးရာရောက်တယ်
ကျွန်မတို့အတွက် အကျိုးမရှိလို့လေ။ -
14:56 - 14:59ဒါကြောင့် ကျွန်မတို့တွေ
လူမှုဓလေ့ကို ပြောင်းခဲ့ပါတယ်။ -
14:59 - 15:02ပိုးသတ်ဆေးအသုံးပြုတာနဲ့
-
15:02 - 15:05ပတ်သတ်ပြီးလည်း လူမှုဓလေ့ကို
ကျွန်မတို့ပြောင်းလဲနိုင်ပါတယ်။ -
15:05 - 15:08ပိုးသတ်ဆေးယဉ်ပါးမှု အတိုင်းအတာ
-
15:08 - 15:10ကြီးမားလွန်းတယ်ဆိုတာ ကျွန်မသိပါတယ်။
-
15:10 - 15:13ဒါပေမဲ့ ရှင်သာ ရာသီဥတု
ဖောက်ပြန်တာနဲ့ပတ်သတ်ပြီး စိုးရိမ်လို့ -
15:13 - 15:16စွမ်းအင်ချွေတာမီးသီး ဝယ်တယ်
-
15:16 - 15:19ဒါမှမဟုတ် စာအုန်းဆီကြောင့် သစ်တော
ပြုန်းတီးတဲ့အကြောင်းတွေးမိလို့ -
15:19 - 15:23ဘီစကွတ်ဘူး အညွှန်း
စာကိုဖတ်ကြည့်တယ်ဆိုရင် -
15:23 - 15:26ကြီးမားတဲ့ပြဿနာကို ဖြေရှင်းဖို့
-
15:26 - 15:31ခြေလှမ်းတစ်လှမ်း လှမ်းလို့ရတဲ့
ခံစားချက်ကို ရှင်သိပြီးသားပါ။ -
15:32 - 15:36ပိုးသတ်ဆေးအသုံးပြုမှုအတွက် ကျွန်မတို့
အဲဒီလို ခြေလှမ်းတွေလှမ်းနိုင်ပါတယ်။ -
15:36 - 15:44ကျွန်မတို့ မသေချာရင် မသင့်လျော်တဲ့
ပိုးသတ်ဆေးပေးတာ ရှောင်ကြဉ်နိုင်ပါတယ်။ -
15:44 - 15:48ကျွန်မတို့ ကလေးနားပြည်ယိုတာ
ဘာကြောင့်ဖြစ်လဲဆိုတာမသိခင် -
15:48 - 15:51ဆေးညွှန်းပေးခိုင်းတာမျိုး
-
15:51 - 15:52ရှောင်ကြဉ်နိုင်ပါတယ်။
-
15:54 - 15:57ကျွန်မတို့ စားသောက်ဆိုင်တိုင်း
-
15:57 - 15:59ကုန်တိုက်တိုင်းကို သူတို့ အသားတွေ
-
15:59 - 16:00ဘယ်ကလာလဲဆိုတာ မေးနိုင်ပါတယ်။
-
16:01 - 16:03ကျွန်မတို့ အချင်းချင်း နောက်
-
16:03 - 16:04ပိုးသတ်ဆေးပုံမှန်သုံးပြီး မွေးမြူ၊
-
16:04 - 16:07စိုက်ပျိုးထားတဲ့ ကြက်သား၊
ပုဇွန်၊ အသီးတွေကို -
16:07 - 16:10မဝယ်ဖို့ ကတိတည်နိုင်ပါတယ်။
-
16:10 - 16:12ပြီးရင် ကျွန်မတို့ ဒါတွေကိုသာ လုပ်ရင်
-
16:12 - 16:17ပိုးသတ်ဆေးခေတ်အလွန်ကမ္ဘာ
အရောက်ကို နှေးအောင်လုပ်နိုင်ပါတယ်။ -
16:18 - 16:22ဒါပေမဲ့ ဒါကို ကျွန်မတို့
မကြာခင်လုပ်ရပါမယ်။ -
16:22 - 16:26ပင်နီဆီလင်က ၁၉၄၁ မှာ
ပိုးသတ်ဆေးခေတ်ကာလကို စတင်ခဲ့ပါတယ်။ -
16:26 - 16:29နှစ် ၇၀ အတွင်းမှာဘဲ ကျွန်မတို့
-
16:29 - 16:32ဒီ ကပ်ဘေးအစွန်နားလေးကို
လျှောက်လှမ်းလို့လာခဲ့ပါပြီ။ -
16:32 - 16:35ကျွန်မတို့ ဒီပြဿနာကနေ လွတ်မြောက်ဖို့
-
16:35 - 16:38အနှစ် ၇၀ ပြန်ရမှာမဟုတ်ပါဘူး။
-
16:39 - 16:40ကျေးဇူးအများကြီးတင်ပါတယ်။
-
16:41 - 16:47(လက်ခုပ်သံများ)
- Title:
- ပဋိဇီဝ ပိုးသတ်ဆေးတွေ အလုပ်မဖြစ်တော့ရင် ကျွန်မတို့ ဘာလုပ်ကြမလဲ။
- Speaker:
- Maryn McKenna
- Description:
-
ပင်နီဆီလင်က အရာရာကို ပြောင်းလဲခဲ့ပါတယ်။ သေစေနိုင်ခဲ့တဲ့ ကူးစက်ရောဂါတွေဟာ ရုတ်တရတ်ဆိုသလို ချက်ချင်းကုလို့ ပျောက်လာပါတယ်။ Maryn McKenna ဒီ လေးနက်တဲ့ ဟောပြောချက်မှာ ပြောဆိုထားတဲ့အတိုင်း ကျွနု်ပ်တို့ အဲဒီအကျိုးကျေးဇူးနှင့် ပိုးသတ်ဆေးကို အလွဲသုံးစားခဲ့ပါတယ်။ ပိုးသတ်ဆေးယဉ် ဘက်တီးရီးယားဟာ ကျွနု်ပ်တို့ ပိုးသတ်ဆေးခေတ်အလွန်ကမ္ဘာကို ရောက်နေကြောင်းညွှန်ပြနေပါတယ်— ပြီးရင် ဒါက ကြည့်လို့ကောင်းမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွနု်ပ်တို့ လုပ်နိုင်တာလေးတွေရှိပါတယ်... ကျွနု်ပ်တို့ အခုဘဲ စ ရင်ပေါ့။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 16:59
![]() |
Myo Aung approved Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
Myo Aung edited Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
Myo Aung edited Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
Myo Aung edited Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
sann tint accepted Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
sann tint edited Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
sann tint edited Burmese subtitles for What do we do when antibiotics don't work any more? | |
![]() |
Aung Min edited Burmese subtitles for What do we do when antibiotics don't work any more? |