< Return to Video

Zimmermann Telegram

  • 0:01 - 0:04
    ၁၉၁၇ ခုနှစ်မှာ
  • 0:04 - 0:08
    အမေရိကန်ပြည်ထောင်စုဟာ ပထမကမ္ဘာစစ်အတွင်း ကြားနေအခြေအနေကို ထိန်းထားနိုင်ပြီး
  • 0:08 - 0:09
    သမ္မတ ဝီလဆင်က
  • 0:09 - 0:14
    စစ်ထဲမပါအောင်လုပ်ပေးမယ်ဆိုတဲ့ကတိနဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်။
  • 0:14 - 0:18
    လူစီတန်နီးယား နပ်မြုပ်ပြီးနောက်
  • 0:18 - 0:22
    ဂျာမန်အင်ပါယာက သူ့ရဲ့ အကန့်အသတ်မရှိတဲ့ ရေငုပ်သင်္ဘော စစ်ဆင်နည်းကို
  • 0:22 - 0:26
    ရပ်စဲလိုက်ပြီး နောက်ထပ် အရပ်သားသင်္ဘောတွေကို မတိုက်ခိုက်တော့ပါ။
  • 0:26 - 0:29
    .
  • 0:29 - 0:30
    အရပ်သား မဟုတ်တဲ့ ဗြိတိသျှ သင်္ဘောတွေကိုသာ တိုက်ခိုက်မယ်လို့ ဆိုခဲ့တာကြောင့်
  • 0:30 - 0:34
    အခြေအနေတစ်ခုအထိ အမေရိကန်ဟာ စစ်ကိုရှောင်နိုင်ခဲ့တယ်
  • 0:34 - 0:37
    ဒါပေမယ့် ၁၉၁၇ ဇန်နဝါရီမှာတော့
  • 0:37 - 0:42
    အင်္ဂလိပ်က ဝင်ရိုးသုံးနိုင်ငံအပေါ် ရေကြောင်းပိတ်ဆို့မှုကြောင့်
  • 0:42 - 0:45
    ဝင်ရိုးနိုင်ငံတွေ အထူးသဖြင့် ဂျာမနီက ရမ်းကားကြမ်းတမ်းလာပါတယ်
  • 0:45 - 0:48
    ဒီတော့ ဗြိတိသျှတွေအပေါ်
  • 0:48 - 0:50
    တုံ့ပြန်တဲ့အနေနဲ့ အကန့်အသတ်မရှိတဲ့
  • 0:50 - 0:53
    ရေငုပ်သင်္ဘော စစ်ဆင်ရေးလုပ်ဖို့ စိတ်ထက်သန်နေကြတယ်
  • 0:53 - 0:57
    ဒီလိုလုပ်ခဲ့ရင် အမေရိကန်က မဟာမိတ်ဖက်ကနေ
  • 0:57 - 1:01
    စစ်ထဲဝင်လာနိုင်မယ်ဆိုတာ ဂျာမန်တွေလည်း သိနေခဲ့တယ်
  • 1:01 - 1:04
    ဒီလိုဖြစ်နိုင်မှန်း သိနေတာကြောင့်
  • 1:04 - 1:06
    “အမေရိကန်ကို ငါတို့ ဘယ်လို နှောင့်နှေးအောင် လုပ်နိုင်မလဲ” လို့ဆိုခဲ့တယ်
  • 1:06 - 1:10
    အမေရိကန်နဲ့ ဆက်ဆံရေး မကောင်းမွန်တဲ့
  • 1:10 - 1:13
    မက်ဆီကိုနိုင်ငံကို အကူအညီတောင်း ကြည့်နိုင်တယ် လို့ တွေးခဲ့ကြတယ်
  • 1:13 - 1:15
    ဇင်မားမန်းက ဒီလိုပဲ တွေးခဲ့ပါတယ်
  • 1:15 - 1:19
    အာသာ ဇင်မားမန်းက ဂျာမန် နိုင်ငံခြားရေး အတွင်းရေးမှူးဖြစ်ပြီး
  • 1:20 - 1:23
    အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ရာထူးတူညီတယ်
  • 1:23 - 1:24
    အာသာ ဇင်မားမန်းက
  • 1:25 - 1:27
    မက်ဆီကန်တွေဆီကို
  • 1:27 - 1:29
    စာဝှက် ကြေးနန်းတစ်ခု ရိုက်လိုက်တယ်
  • 1:29 - 1:32
    အမေရိကန်တွေ ထိန်းချုပ်ထားတဲ့ ကြေးနန်းလိုင်းက တဆင့်
  • 1:32 - 1:35
    ပို့လွှတ်ရတာကြောင့် စာဝှက်ကို အသုံးပြုခဲ့တာပါ
  • 1:35 - 1:41
    ဒီထဲမှာ အမေရိကန်တွေကို ခုခံတားဆီးဖို့ မဟာမိတ် တစ်ခုဖွဲ့ဖို့ ကမ်းလှမ်းခဲ့တယ်
  • 1:41 - 1:44
    သူက ကြေးနန်းစာဝှက်ထဲမှာ အဲလိုရေးလိုက်တယ် ဒါကတော့ စာဝှက်ကြေးနန်းစာပါ
  • 1:44 - 1:49
    တကယ်တမ်းကျတော့ ဗြိတိသျှ ထောက်လှမ်းရေးက ကြားကနေ ရယူပြီး ဝှက်စာဖြေလိုက်တယ်။
  • 1:49 - 1:51
    ပြီးတော့ အမေရိကန်တွေကို သတင်းပေးလိုက်တယ်
  • 1:51 - 1:55
    အဲဒါကို ပြည်သူတွေသိအောင် လုပ်လိုက်တယ် အမေရိကန်ပြည်သူတွေ သိအောင်ပေါ့
  • 1:55 - 1:58
    ဒီစာကို ဖတ်ရတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်
  • 1:58 - 2:00
    ၁၉၁၇ ဇန်နဝါရီလ
  • 2:00 - 2:02
    မက်ဆီကန်တွေဆီ ယခုပြောနေတာက ဂျာမန်တွေပါ
  • 2:02 - 2:08
    ဖေဖော်ဝါရီလ ၁ရက်နေ့ ကစပြီး အကန့်အသတ်မဲ့ ရေငုပ်သင်္ဘော စစ်ဆင်ရေးကို စတင်ဖို့ ကျွန်ုပ်တို့ ရည်ရွယ်ထားပါတယ်
  • 2:09 - 2:13
    ဒီအတောအတွင်းမှာ အမေရိကန်ကို ကြားနေအတိုင်း ဆက်ရှိစေဖို့ ကျွန်ုပ်တို့ အားထုတ်လုပ်ဆောင်ပါမယ်
  • 2:13 - 2:16
    ဒါမအောင်မြင်ခဲ့ရင်
  • 2:16 - 2:20
    မက်ဆီကိုနဲ့ မဟာမိတ်ဖွဲ့နိုင်ဖို့ တောင်းဆိုချင်ပါတယ်
  • 2:20 - 2:23
    မဟာမိတ်အနေနဲ့ အတူတကွ စစ်ပြုရန်၊ စစ်ပြေငြိမ်းရန်
  • 2:24 - 2:26
    ရက်ရောစွာ ဘဏ္ဏာရေး ထောက်ပံ့ကြရန်
  • 2:26 - 2:31
    မက်ဆီကိုအနေနဲ့ ဆုံးရှုံးသွားတဲ့ တက်ဆက်၊ နယူးမက်ဆီကိုနဲ့ အာရီဇိုးနား နယ်မြေများကို
  • 2:31 - 2:36
    ပြန်သိမ်းပိုက်ရန် နားလည်မှုယူရန် သဘောတူညီပါတယ်
  • 2:36 - 2:39
    သဘောတူညီမှု အသေးစိတ် အချက်အလက်တွေကို သင်တို့ဖက်ကပဲ ဆွေးနွေးပေးပါ
  • 2:39 - 2:45
    အမေရိကန်နဲ့ စစ်စတင်ရန် သေချာတာနဲ့
  • 2:45 - 2:50
    အထက်ပါအကြောင်းအရာကို မက်ဆီကို သမ္မတဆီသို့ အထူးလျှို့ဝှက်တင်ပြပေးပြီး
  • 2:50 - 2:53
    သမ္မတဖက်ကနေ စပြီး ဂျပန်ကို ဆက်သွယ်ပြီး
  • 2:53 - 2:56
    ကူညီထောက်ပံ့ဖို့ ကမ်းလှမ်းပေးရန် အကြံပြုပေးပါ
  • 2:56 - 2:59
    ဂျပန်နဲ့ ကျွန်ုပ်တို့ကြား ကြားနေဆက်သွယ်ပေးပါ
  • 2:59 - 3:02
    ကျွန်ုပ်တို့ရဲ့ ရေငုပ်သင်္ဘောတွေကို ပြင်းထန်ရက်စက်စွာ အသုံးပြုတာကြောင့်
  • 3:02 - 3:06
    အင်္ဂလန်ကို စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းလာအောင် တွန်းအားပေးနိုင်ကြောင်း
  • 3:07 - 3:10
    ဂရုပြုမိအောင် ဆောင်ရွက်ပေးပါ
  • 3:10 - 3:12
    .
  • 3:12 - 3:14
    ပုံ - ဇင်မားမန်း
  • 3:14 - 3:18
    ဒါကို မက်ဆီကန်တွေ ဖတ်ပြီးတဲ့နောက်မှာ
  • 3:18 - 3:20
    သူတို့အနေနဲ့ အမေရိကန်နဲ့ အမှန်တကယ် စစ်ပြုနိုင်မယ် ဒါမှမဟုတ်
  • 3:20 - 3:23
    ကျွန်တော်တို့ သိမ်းခဲ့တဲ့ နယ်မြေတွေကို သူတို့ပြန်သိမ်းနိုင်မယ်လို့ မယူဆခဲ့တာကြောင့်
  • 3:23 - 3:25
    သိပ်အရေးတယူ မဆောင်ရွက်ခဲ့ကြပါဘူး
  • 3:25 - 3:30
    အကန့်အသတ်မဲ့ ရေငုပ်သင်္ဘော စစ်ဆင်ရေးကို ပြန်ပြုလုပ်မှာရယ်
  • 3:30 - 3:33
    ရေငုပ်သင်္ဘောတွေကို ရက်စက်ကြမ်းတမ်းစွာ အသုံးပြုမယ်လို့
  • 3:33 - 3:36
    ဂျာမန်တွေကိုယ်တိုင် ပြောခဲ့တာကြောင့်
  • 3:36 - 3:40
    ဒီကြေးနန်းရဲ့ တကယ့် အကျိုးဆက်ကတော့ အမေရိကန် ပြည်သူတွေကို စိတ်ဆိုးစေခဲ့ခြင်းပဲ
  • 3:40 - 3:43
    အမေရိကန်ကို စစ်ထဲဝင်လာစေတဲ့
  • 3:43 - 3:45
    အကြောင်းရင်းတွေ လူတွေ ပြောကြတဲ့အခါ
  • 3:45 - 3:47
    ပုံမှန်အားဖြင့် ထောက်ပြကြတာက
  • 3:47 - 3:52
    အကန့်အသတ်မဲ့ ရေငုပ်သင်္ဘော စစ်ဆင်ရေး၊ လူစီတန်းနီးယား သင်္ဘော နှစ်မြှုပ်ခံရခြင်းနဲ့
  • 3:52 - 3:54
    မက်ဆီကိုအား အမေရိကန်နဲ့ စစ်ပြုစေပြီး
  • 3:54 - 3:59
    နယ်မြေတွေ ပြန်သိမ်းဖို့ တိုက်တွန်းတဲ့ ဇင်မားမန်း ကြေးနန်းစာ တွေပဲ ဖြစ်တယ်
  • 3:59 - 4:06
    နောက်ထပ် လအနည်းငယ် ကြာပြီးတဲ့အခါ အမေရိကန်က ဂျာမနီကို တကယ်ပဲ စစ်ကြေညာခဲ့ပြီး
  • 4:06 - 4:09
    ပထမကမ္ဘာစစ်ထဲကို ဝင်လာခဲ့တယ်
Title:
Zimmermann Telegram
Video Language:
English
Duration:
04:10
KhanAcademy Burmese edited Burmese subtitles for Zimmermann Telegram
Ashley Takami edited Burmese subtitles for Zimmermann Telegram
Jonathan Shu edited Burmese subtitles for Zimmermann Telegram

Burmese subtitles

Revisions