စိတ်ဓာတ်ကျခြင်းနှင့် PTSD ကို ဟန့်တားပေးနိုင်သည့် ဆေးဝါးသစ်တစ်မျိုး။
-
0:01 - 0:05ဒီတော့ ပထမဆုံး စိတ်ကျ ကာကွယ်ဆေးတွေဟာ
ဒုံးပျံလောင်စာဆီ၊ ဒုတိယ ကမ္ဘာစစ် လက်ကျန် -
0:05 - 0:08ရှိသမျှအရာတွေကနေ လုပ်ခဲ့တာပါ။
-
0:09 - 0:14ယနေ့ မြင်ရတဲ့အတိုင်း စိတ်ဓာတ်ကျတာ (သို့)
စိတ်ဖိစီးမှုရောဂါ (သို့) နှစ်ခုစလုံးရတဲ့ -
0:14 - 0:16စစ်သားငါးယောက်မှာ
တစ်ယောက်နဲ့တော့ အံကိုက်နေတုန်းပဲ။ -
0:17 - 0:21ဒါပေမဲ့ ဒီရောဂါတွေအတွက် ဘေးဖြစ်မှု
မြင့်တာက စစ်သားတွေပဲ မဟုတ်ဘူး။ -
0:21 - 0:27မီးသတ်သမားတွေ၊ အရေးပေါ် ဆရာဝန်တွေ၊
ကင်ဆာဝေဒနာရှင်၊ ကူညီရေးလုပ်သား၊ဒုက္ခသည်တွေ -
0:27 - 0:29စိတ်သောက (သို့) ကြီးမားတဲ့
ဘဝဖိစီးမှုနဲ့ ထိတွေ့သူတိုင်းပါ။ -
0:30 - 0:34ရှိသေးတာ ဒီရောဂါတွေဖြစ်တာက
အတွေ့များတယ်ဆိုပေမဲ့ -
0:34 - 0:37ကျွန်မတို့ ကုသမှုတွေက
လုံးဝ အလုပ်ဖြစ်တယ်ဆိုရင် -
0:38 - 0:40ရောဂါ လက္ခဏာတွေလောက်ပဲ
ထိန်းချုပ်ပေးတာပါ။ -
0:41 - 0:46၁၇၉၈ မှာ Edward Jenner က
ပထမဆုံး ကာကွယ်ဆေးတွေ့ရှိစဉ်က -
0:46 - 0:47ရေကျောက်ရောဂါနဲ့ ကြုကြိုက်ခဲ့တာပါ၊
-
0:47 - 0:51ရောဂါတစ်ခု ကာကွယ်ဆေးကို
တွေ့ရှိခဲ့ရုံသာမက -
0:51 - 0:53ဒီဆေးဟာ ရောဂါကို ကွယ်နိုင်တယ်ဆိုတဲ့
-
0:53 - 0:56တွေးခေါ်ပုံ အသစ်စက်စက်တစ်ခုေရာပါ။
-
0:56 - 0:58ဒါပေမဲ့ နှစ် ၂၀၀ ကျော်တိုင်တိုင်
-
0:58 - 1:02ဒီကာကွယ်မှုကို စိတ်ပိုင်း ရောဂါတွေဆီ
တိုးချဲသုံးရနိုင်တာကို မယုံကြည်ခဲ့ကြဘူး။ -
1:02 - 1:06၂၀၁၄ ကျမှ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ
စိတ်ဓာတ်ကျမှုနဲ့ PTSD ကို တားနိုင်လောက်တဲ့ -
1:06 - 1:10ပထမဆုံး ဆေးဝါးကို အမှတ်မထင် တွေ့ရှိခဲ့တယ်။
-
1:11 - 1:12ဒီဆေးတွေကို ကြွက်တွေမှာတွေ့ပြီး
-
1:12 - 1:16လူသားတွေအတွက် အလုပ်ဖြစ်၊ မဖြစ်ကို
လောလောဆယ် လေ့လာနေပါတယ်။ -
1:16 - 1:19ဒီ ကာကွယ်တဲ့ စိတ်ပိုင်းဆိုင်ရာဆေးဝါးတွေက
-
1:19 - 1:21စိတ်ကျရောဂါ ကာကွယ်ဆေးမဟုတ်ပါဘူး။
-
1:21 - 1:23ဆေးအမျိုးအစား အသစ်စက်စက်ပါ။
-
1:23 - 1:25စိတ်ဖီစီးမှု ခံနိုင်ရည်တိုးပေးလျက်
လုပ်ဆောင်တယ်။ -
1:25 - 1:28ဒီတော့ ခံနိုင်ရည် တိုးမြှင့်ဆေးတွေလို့
ခေါ်ရအောင်။ -
1:28 - 1:31ဒီတော့ သင် သက်သာခဲ့ဖူးတဲ့
စိတ်ဖိစီးတဲ့ ကာလတစ်ခုဆီ ပြန်သွားအောင်။ -
1:32 - 1:36ကွာရှင်းတာ(သို့)စာမေးပွဲ
လေယာဉ် နောက်ကျတာ တစ်ခုခုပေါ့။ -
1:36 - 1:39စိတ်ဖိစီးမှု ခံနိုင်ရည်ဟာ
စိတ်ဖိစီးမှုအပြီးမှာ -
1:39 - 1:42ပြန်ထလာခွင့်ပေးတဲ့
တက်ကြွတဲ့ ဇီဝဖြစ်စဉ်တစ်ခုပါ။ -
1:42 - 1:45အအေးမိတဲ့အခါ သင့်ကိုယ်ခံအားက
တိုက်ခိုက်ပေးတာနဲ့ ဆင်တူတယ်။ -
1:46 - 1:47အတော်အသင့် သိသာတဲ့ စိတ်ဖိစီးစေတာနဲ့
-
1:47 - 1:50ကြုံရတဲ့ မလုံလောက်တဲ့ ခံနိုင်ရည်ဟာ
စိတ်ဓာတ်ကျခြင်းလို -
1:50 - 1:53စိတ်ရောဂါတစ်ခု
အကျိုးဆက်ဖြစ်ပေါ်နိုင်တယ်။ -
1:53 - 1:56တကယ်တမ်းက အဓိကျ စိတ်ကျရောဂါရဲ့
ရောဂါအများစုဟာ -
1:56 - 1:58အစပိုင်းမှာ စိတ်ဖိစီးမှုက အစပျိုးပေးတယ်။
-
1:59 - 2:01ကြွက်တွေမှာ တွေ့ရသလောက်ကနေ
-
2:01 - 2:05ခံနိုင်ရည် တိုးမြှင့်ဆေးတွေက ဖိစီးမှု
ဟိုမုန်းတွေလို ဇီဝ စိတ်ဖိစီးစေတာတွေနဲ့ -
2:05 - 2:07အနိုင်ကျင့်မှု၊ အထီးကျန်မှုလို
-
2:07 - 2:11လူမှုရေးနဲ့ စိတ်ပိုင်း စိတ်ဖီစီးစေတာ
တွေကို ကာကွယ်နိုင်ပါတယ်။ -
2:12 - 2:16ဒါကကြွက်တွေကို မြင့်မားတဲ့
-
2:16 - 2:18စိတ်ဖိစီးမှုဟိုမုန်းအဆင့်
သုံးပတ်ပေးတဲ့ နမူနာတစ်ခုပါ။ -
2:19 - 2:23တစ်နည်းဆိုရရင် စိတ်ပိုင်း ပေါင်းစပ်မှု
မပါတဲ့ ဇီဝပိုင်း စိတ်ဖိစီးစေတာတစ်ခုပါ။ -
2:23 - 2:25ဒါက စိတ်ဓာတ်ကျတဲ့ အပြုအမူကိုဖြစ်စေတယ်။
-
2:25 - 2:29ကြိုတင်ပြီး ဓိတ်ကျရောဂါ ကာကွယ်ဆေး
သုံးပတ်တာ ကုသမှုပေးထားရင် -
2:30 - 2:31ဘာကောင်းကျိုးမှ မရှိပါဘူး။
-
2:32 - 2:38ဒါပေမဲ့ တစ်ပတ်ကြိုပေးထားတဲ့
ခံနိုင်ရည် တိုးမြှင့်ဆေးတစ်ခွက်စာဟာ -
2:38 - 2:41စိတ်ဓာတ်ကျတဲ့ အပြုအမူကို လုံးဝ
ဟန့်တားပေးပါတယ်။ -
2:42 - 2:44စိတ်ဖိစီးမှု သုံးပတ်အကြာမှာတောင်ပါ။
-
2:44 - 2:47ဒါဟာ စိတ်ဖိစီးမှုရဲ့ အပျက်သဘော
သက်ရောက်မှုတွေကို တားဆီးဖို့ -
2:47 - 2:49ပထမဆုံးအကြိမ် ပြသဖူးတဲ့ ဆေးဝါးတစ်ခုပါ။
-
2:50 - 2:56စိတ်ဓာတ်ကျခြင်းနဲ့ PTSD ဟာ နာတာရှည်၊
မကြာခဏတော့ တစ်သက်လုံး ကုသရတဲ့ ရောဂါတွေပါ။ -
2:56 - 3:00မူးယစ်ဆေးသုံးစွဲမှုနဲ့ အိမ်ယာမဲ့မှု၊
နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားနဲ့ -
3:00 - 3:03မိမိကိုယ်ကိုယ်သတ်သေမှု
ဘေးတွေကိုပါ တိုးပွားစေပါတယ်။ -
3:03 - 3:08စိတ်ကျရောဂါအတွက် တစ်ကမ္ဘာလုံးကုန်ကျမှုက
တစ်နှစ် ဒေါ်လာ သုံးထရီလီယန်ကျော်တယ်။ -
3:09 - 3:13ဒါပေမဲ့ အခုတော့ ပြင်းထန်တဲ့
စိတ်ဖိစီးမှု ထိတွေ့ဖို့ ဘေးရှိတာ -
3:13 - 3:16ကြိုသိနေတဲ့ လူတစ်ဦးရှိတဲ့
မြင်ကွင်းတစ်ခုကို မြင်ကြည့်ပါ။ -
3:16 - 3:19ငလျင်ဇုံတစ်ခုကို သွားတဲ့
ကြက်ခြေနီ စေတနာ့ဝန်ထမ်းတစ်ဦးဆိုပါစို့၊ -
3:20 - 3:22တိုက်ဖွိုက် ကာကွယ်ဆေးအပြင်
-
3:22 - 3:25သူမထွက်ခွာခင်မှာ သူ့ကို ဆေးလုံး
(သို့) ခံနိုင်ရည် တိုးမြှင့်ဆေး -
3:25 - 3:27ထိုးပေးနိုင်တယ်။
-
3:27 - 3:30ဒီတော့ တောကြောင်(သို့) ဒါထက်ဆိုးတာက
သေနတ်နဲ့ ထောက်ခံထားရချိန်မှာ -
3:30 - 3:34အနည်းဆုံးတော့ စိတ်ဓာတ်ကျတာ
(သို့) PTSD တိုးလာတာကို ဒီအဖြစ်နောက်မှာ -
3:34 - 3:36ကာကွယ်ပေးလိမ့်မယ်။
-
3:36 - 3:39ဓိဖိစီးမှု ခံစားခြင်းကနေ သူ့ကို
ကာကွယ်ပေးမှာမဟုတ်ပေမဲ့ -
3:39 - 3:41ဒါကနေ သက်သာခွင့်တော့ ပေးလိမ့်မယ်။
-
3:41 - 3:43ဒါက ဒီမှာ လုံးလုံးပြောင်းလဲလိုက်တာပါ။
-
3:43 - 3:45ခံနိုင်ရည်ကို တိုးပေးခြင်းအားဖြင့်
-
3:45 - 3:50စိတ်ဓာတ်ကျခြင်းနဲ့ PTSD ကို ခံနိုင်ရည်
မရှိမှုကို သိသာစွာ လျော့ချပေးနိုင်တယ် -
3:50 - 3:56ဖြစ်နိုင်တာက သူ့အလုပ်၊ သူ့အိမ်၊သူ့မိသားစု၊
သူ့အသက်ကိုတောင် ကယ်လိုက်တာပါ။ -
3:58 - 4:00Jenner က ရေကျောက် ကာကွယ်ဆေး
တွေ့ရှိမှုနောက်မှာ -
4:00 - 4:03အခြား ကာကွယ်ဆေးများစွာ
နောက်က အမြန် လိုက်လာတယ်။ -
4:04 - 4:06ဒါပေမဲ့ ဒါက အဆုတ်ရောဂါ ကာကွယ်ဆေး
-
4:06 - 4:08ကျယ်ပြန့်စွာ မရရှိခင်
နှစ်ပေါင်း ၁၅၀ ကျော်ကပါ။ -
4:09 - 4:10ဘာကြောင့်လဲ။
-
4:11 - 4:13တစ်စိတ်တစ်ပိုင်းအားဖြင့် အဆုတ်ရောဂါက
-
4:13 - 4:18လူတွေကို ပိုစိတ်ထိခိုက်လွယ်၊ ဖန်တီးတတ်၊
စာနာတတ်စေတယ်လို့ လူ့အဖွဲ့အစည်းက ယုံလို့ပါ။ -
4:19 - 4:21ဒါဟာ ဖွဲ့စည်းပုံကြောင့်ဖြစ်ပြီး
ဇီဝဗေကြောင့် မဟုတ်ပါ။ -
4:23 - 4:26စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး
အလားတူတွေ ယနေ့အထိ ပြောတုန်းပါ။ -
4:27 - 4:30Jenner ရဲ့ တွေ့ရှိမှုက
၎င်းနောက်က လိုက်လာတဲ့ -
4:31 - 4:33ကာကွယ်ဆေးအားလုံးကို
တံခါးဖွင့်ပေးခဲ့သလိုပဲ -
4:34 - 4:37ကျွန်မတို့ တွေ့ရှိတဲ့ ဆေးဝါးတွေက
နယ်ပယ်သစ်ရဲ့ ဖြစ်နိုင်ခြေကို ဖွင့်ပေးတာပါ။ -
4:37 - 4:40ကာကွယ်နိုင်တဲ့ စိတ်ရောဂါဆေးဝါးပါ။
-
4:41 - 4:43ဒါပေမဲ့ နောက် ၁၅ နှစ်အတွင်းလား
-
4:43 - 4:45နှစ် ၁၅၀ အတွင်းလားဆိုတာကတော့
-
4:45 - 4:47သိပ္ပံပညာအပေါ်မှာ မူတည်ပါတယ်၊
-
4:47 - 4:51ဒါပေမဲ့ ဒီကနေ လူ့အဖွဲ့အစည်း
အနေနဲ့ ကျွန်မတို့ လုပ်ဖို့ ရွေးတာပါ။ -
4:51 - 4:53ကျေးဇူးတင်ပါတယ်။
-
4:53 - 4:56(လက်ခုပ်သံများ)
- Title:
- စိတ်ဓာတ်ကျခြင်းနှင့် PTSD ကို ဟန့်တားပေးနိုင်သည့် ဆေးဝါးသစ်တစ်မျိုး။
- Speaker:
- Rebecca Brachman
- Description:
-
စိတိဓာတ်ကျခြင်းနှင့် PTSD ခေါ် ဒဏ်ရာတစ်ခုခုရဲ့ နောက်ပိုင်းမှ ခံစားရသော စိတ်သောက ဖိစီးမှုရောဂါအတွက် လက်ရှိကုသမှုများဟာ အလုပ်ဖြစ်တယ်ဆိုတောင် ၎င်းတို့ဟာ ရောဂါလက္ခဏာများကို ထိန်းချုပ်ပေးရုံမျှပါ။ ဒီရောဂါတွေအားလုံး တိုးလာနေခြင်းကို အပြည့်အဝ တာဆီးပေးနိုင်မယ်ဆိုရင်ရော။ အာရုံကြောပညာရှင်နဲ့ TED ဝိုင်းတော်သား Rebecca Brachman ကနေပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဆေးဝါးအမျိုးစား အသစ်တစ်မျိုးကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တဲ့ သူ့အသင်းရဲ့ ဇာတ်လမ်းကို မျှဝေထားပါတယ်၊ ဒီဆေးက စိတ်ဖိစီးမှုရဲ့ အပျက်သဘော သက်ရောက်မှုတွေကို တားဆီးပေးနိုင်ပြီး လူတစ်ဦးရဲ့ ပြန်ကောင်းလာဖို့နဲ့ ကြီးထွားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီဒဏ်ခံနိုင်ပြီး တိုးမြှင့်ပေးတဲ့ ဆေးဝါးတွေဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေကို ကုသပုံတွေကို ဘယ်ပုံ ပြောင်းလဲစေနိုင်တယ်ဆိုတာ လေ့လာလိုက်ပါဦး။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 05:10
![]() |
sann tint approved Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
Myo Aung accepted Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
Myo Aung edited Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
sann tint edited Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
sann tint edited Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
sann tint edited Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
sann tint edited Burmese subtitles for A new class of drug that could prevent depression and PTSD | |
![]() |
sann tint edited Burmese subtitles for A new class of drug that could prevent depression and PTSD |