သင်ဟာ ပေးသူလား၊ ဒါမှမဟုတ် ယူသူလား။
-
0:01 - 0:03ခင်ဗျားတို့ အခန်းတစ်ဝိုက်ကို
ခဏလောက်ကြည့်ပြီး -
0:03 - 0:06ဒီက သံသယအပွားဆုံးသူတစ်ယောက်ကို
ကြိုးစားရှာကြည့်စေချင်တယ်။ -
0:06 - 0:07(ရယ်သံများ)
-
0:07 - 0:09အဲဒီလူကို ကျွန်တော့အတွက်
ညွှန်ပြပေးစေချင်ပါတယ်။ -
0:09 - 0:10(ရယ်သံများ)
-
0:10 - 0:12အိုကေ၊ တကယ် မလုပ်ကြပါနဲ့။
-
0:12 - 0:13(ရယ်သံများ)
-
0:13 - 0:15ဒါပေမဲ့ အဖွဲ့အစည်း
စိတ်ပညာရှင်အနေနဲ့ -
0:15 - 0:17အလုပ်ခွင်တွေမှာ အချိန် အတော်ကုန်ခဲ့ပြီး
-
0:17 - 0:19သံသယလွန်ကဲမှုကို နေရာတိုင်းမှာ
တွေ့ခဲ့ပါတယ်။ -
0:20 - 0:22သံသယလွန်ကဲမှုဟာ "ယူသူတွေ"
ဆိုတဲ့ လူတွေကြာင့်ပါ။ -
0:22 - 0:24ယူသူတွေဟာ ဆက်ဆံမှုတွေမှာ
ကိုယ့်အတွက်ပဲလုပ်တယ်။ -
0:24 - 0:26သင် ကျုပ်အတွက် ဘာလုပ်ပေးနိုင်လဲ
ဆိုတာပါ။ -
0:27 - 0:28ဆန့်ကျင်ဖက်ကတော့ ပေးသူပါ။
-
0:28 - 0:31ဆက်ဆံမှု အများစုမှာ
"သင့်အတွက် ကျုပ်ဘာလုပ်ပေးရမလဲ" လို့ -
0:31 - 0:33မေးပြီး ချဉ်းကပ်သူပါ။
-
0:33 - 0:36သင့်ရဲ့ ကိုယ်ပိုင်ဟန်ကို တွေးဖို့
အခွင့်တစ်ခု ပေးချင်ပါတယ်။ -
0:36 - 0:38အားလုံးမှာ ပေးခြင်း၊ ယူခြင်း
ကာလတွေရှိတယ် -
0:38 - 0:41သင့်ရဲ့ဟန်ဟာ သင်လူအများစုကို
အချိန်အများစုမှာ ဆက်ဆံပုံပါ၊ -
0:41 - 0:42သင့်ရဲ့ ရွေးချယ်မှုပါ။
-
0:42 - 0:44သင်ဟာ ပေးသူ (သို့) ယူသူလားဆိုတာ
-
0:44 - 0:46မှန်းဆဖို့ သင်တို့ဖြေနိုင်တဲ့
စစ်ဆေးလွှာ အတိုတစ်ခု -
0:46 - 0:48ရှိပြီး အခုဖြေလို့ရပါတယ်။
-
0:48 - 0:49(အတ္တပေမ စစ်ဆေးလွှာ)
-
0:49 - 0:52(အဆင့် ၁- သင့်ကိုယ်သင် စဉ်းစားဖို့
ခဏအချိန်ယူပါ။) -
0:52 - 0:53(ရယ်သံများ)
-
0:53 - 0:56အဆင့်၂- ဒါကို အဆင့် ၂ ထိလုပ်ရင်
သင်ဟာ အတ္တပေမဝါဒီ မဟုတ်ဘူး။ -
0:56 - 0:57(ရယ်သံများ)
-
0:58 - 1:02ဒါက ကျွန်တော် ဒီနေ့ပြောမယ့် တစ်ခုတည်းသော
အရာပါ၊ နောက်ခံ ဒေတာမရှိပါဘူး။ -
1:02 - 1:05ဒါပေမဲ့ သဘောကျမိတာက ဒီကာတွန်းကို
ရယ်မောဖို့ အချိန်ပိုယူရလေ -
1:05 - 1:08သင်ဟာ ယူသူတစ်ယောက်ဖြစ်တာ
ပိုစိုးရိမ်ရလေပါ။ -
1:08 - 1:09(ရယ်သံများ)
-
1:09 - 1:11တကယ်က ယူသူအားလုံး
အတ္တပေမဝါဒီတွေ မဟုတ်ပါ။ -
1:11 - 1:14တစ်ချို့က အကြိမ်အများကြီး လောင်ခံရတဲ့
ပေးသူသက်သက်တွေပါ။ -
1:14 - 1:17ဒီနောက် ဒီနေ့ ပြောမှာမဟုတ်တဲ့ နောက်ထပ်
ယူသူတစ်မျိုးရှိပါတယ်။ -
1:17 - 1:19အကြမ်းပတမ်း စိတ်ဝေဒနာရှင်
လို့ခေါ်ပါတယ်။ -
1:19 - 1:20(ရယ်သံများ)
-
1:20 - 1:23ဒါပေမဲ့ ဒီအစွန်းရောက်မှုတွေဟာ
ဘယ်လို တွင်ကျယ်တာသိချင်ပြီး -
1:23 - 1:26ဒါနဲ ကမ္ဘာ့ယဉ်ကျေးမှု အသီးသီးက
စက်မှုလုပ်ငန်း အသီးသီးက -
1:26 - 1:28လူ ၃၀၀၀၀ ကျော်ကို လေ့လာခဲ့တယ်။
-
1:28 - 1:30တွေ့ရတာက အများစုဟာ ပေးခြင်းနဲ့
ယူခြင်းအကြား အလယ် -
1:30 - 1:32တည့်တည့်မှာ ရှိတာပါ။
-
1:32 - 1:34ဒီ ယှဉ်တွဲခြင်းဆိုတဲ့ တတိယဟန်ကို
ရွေးကြတယ်။ -
1:34 - 1:37သင်ဟာ ယှဉ်တွဲသူဆိုရင် အပေးနဲ အယူရဲ့
ဟန်ချက်ညီမှုနဲ့ ညီအောင်ကြိုးစားတယ်။ -
1:37 - 1:41အပေးအယူပေါ့၊ ငါ့အတွက်တစ်ခုခုလုပ်ပေးရင်
မင်းကိုတစ်ခုခုလုပ်ပေးမယ်ပေါ့။ -
1:41 - 1:43ဘဝရှင်သန်ဖို့ စိတ်ချရတဲ့ နည်းတစ်ခုလို
ဖြစ်ပုံရတယ်။ -
1:43 - 1:46ဒါပေမဲ့ ဒါက ဘဝရှင်သန်ဖို့ အထိရောက်ဆုံး၊
အရာရောက်ဆုံးနည်းလား။ -
1:46 - 1:49ဒီမေးခွန်းအတွက် အဖြေကတော့
အရမ်းကို ခိုင်မာပါတယ်၊ -
1:49 - 1:50ဖြစ်လောက်တယ်ပေါ့။
-
1:50 - 1:51(ရယ်သံများ)
-
1:51 - 1:53ဒါဇင်ချီတဲ့ အဖွဲ့အစည်းတွေ၊ ထောင်ချီတဲ့
-
1:53 - 1:55လူတွေကို လေ့လာခဲ့တယ်။
-
1:55 - 1:58သူတို့ရဲ့ ထုတ်လုပ်မှုကို တိုင်းတာတဲ့
အင်ဂျင်နီယာတွေကို လေ့လာခဲ့တယ်။ -
1:58 - 2:01(ရယ်သံများ)
-
2:01 - 2:04ဆေးကျောင်းသားတွေရဲ့ အဆင့်တွေကို
ကြည့်ခဲ့တယ်။ -
2:04 - 2:06အရောင်းသမားတွေရဲ့ ဝင်ငွေတွေတောင်ပါ။
-
2:06 - 2:07(ရယ်သံများ)
-
2:07 - 2:09ဒါနဲ့ မမျှော်လင့်ပဲ
-
2:09 - 2:12ဒီအလုပ်တွေတိုင်းမှာ အဆိုးဝါးဆုံး
စွမ်းဆောင်သူတွေက ပေးသူတွေဖြစ်တာပါ။ -
2:13 - 2:15အလုပ်အနည်းဆုံးပြီးတဲ့ အင်ဂျင်နီယာတွေဟာ
-
2:15 - 2:17သူတို့ရရှိတာထက် အကူအညီတွေ ပိုပေးသူတွေပါ။
-
2:17 - 2:19အြခားသူတွေရဲ့ အလုပ်တွေလုပ်ရင်း
မအားကြဘူး။ -
2:20 - 2:23ပြောရရင် သူတို့အလုပ်တွေ ပြီးမြောက်ဖို့
အချိန်တွေ၊ စွမ်းအင်တွေကုန်ခဲ့တယ်။ -
2:23 - 2:26ဆေးကျောင်းမှာတော့ အဆင့်အနိမ့်ဆုံးရသူတွေဟာ
-
2:26 - 2:28ဒီအဆိုပြုချက်တွေကို အပြင်းထန်ဆုံး
သဘောတူတွေပါ -
2:28 - 2:30"သူတစ်ပါးကို ကူညီရတာကြိုက်တယ်။"
-
2:31 - 2:33ဒါက ဖော်ပြတာက ဆရာဝန် သင့််အနေနဲ့
ယုံကြည်သင့်တာက -
2:33 - 2:36ဆေးကျောင်းကို လာတဲ့သူဟာ
ဘယ်သူ့ကိုမှ ကူညီဖို့ ဆန္ဒမပါတာပါ။ -
2:36 - 2:37(ရယ်သံများ)
-
2:37 - 2:40အရောင်းမှာလည်းပဲ
အရက်ရောဆုံး အရောင်းသမားတွေမှာ -
2:40 - 2:42အနိမ့်ဆုံးဝင်ငွေ တင်ကျန်ပါတယ်။
-
2:42 - 2:44ကျွန်တော် တကယ်ပဲ ပေးသူအမှတ်
တော်တော်မြင့်တဲ့ -
2:44 - 2:46ဒီအရောင်းသမားတစ်ဦးဆီ ရောက်ခဲ့တယ်။
-
2:46 - 2:48သူ့ကိုမေးတာက ဘာလို့ ဒီအလုပ်မှာ
ခင်ဗျား ပတ်သက်တာလဲ။ -
2:48 - 2:50ဒီအတိုင်း ဒါကို မမေးခဲ့ပေမဲ့
-
2:50 - 2:51(ရယ်သံများ)
-
2:51 - 2:53အရောင်းမှာ ရက်ရောမှုရဲ့ ကုန်ကျစရိတ်ကဘာလဲ။
-
2:53 - 2:57သူပြောတာက အင်း၊ ကျွန်တော်က ဖောက်သည်တွေကို
အင်မတန် လေးနက်စွာ -
2:57 - 2:59ဂရုစိုက်တော့ ချာတူးလံ ထုတ်ကုန်တစ်ခုမှ
မရောင်းရတော့ဘူး -
2:59 - 3:01(ရယ်သံများ)
-
3:01 - 3:02ဒီတော့ သိချင်လို့ပါ၊
-
3:02 - 3:05ဘယ်နှစ်ယောက်များ မိမိကိုယ်ကို
ပေးသူ (သို့) ယူသူတွေလို့ သတ်မှတ်လဲ။ -
3:05 - 3:06လက်တွေ မြှောက်လိုက်ပါ။
-
3:07 - 3:10အိုကေ၊ ဒီဒေတာတွေအကြောင်း
မပြောခင်ကဆို ပိုများလိမ့်မယ်။ -
3:11 - 3:14ဒါပေမဲ့ တကယ်တမ်း ဖြစ်သွားတာက
ဒီမှာ လှည့်ကွက်တစ်ခုရှိတယ်။ -
3:14 - 3:17အကြောင်းက ပေးသူတွေဟာ
မကြာခဏ သူတို့ကိုယ်သူတို့ စတေးနေပေမဲ့ -
3:17 - 3:20သူတို့ အဖွဲ့အစည်းတွေ ပိုကောင်းအောင်
လုပ်နေတယ်။ -
3:20 - 3:23ကျွန်တော့တို့မှာ သက်သေ အစုကြီးရှိတယ်၊
-
3:23 - 3:27များပြားလှတဲ့ လေ့လာမှုတွေက
အသင်း(သို့) အဖွဲ့အစည်းတွေမှာရှိတဲ့ -
3:27 - 3:29ပေးသူအမူအကျင့်ကြိမ်နှုန်းကို
ကြည့်ပါတယ်၊ -
3:29 - 3:32မကြာခဏတော့ ကူညီသူတွေ၊
သူတို့ရဲ့ ဗဟုသုကို မျှဝေသူတွေနဲ -
3:32 - 3:33သင်ပေးသူတွေ ပိုများလေ
-
3:33 - 3:36တိုင်းနိုင်တဲ့ မက်ထရစ်တိုင်း
အဖွဲ့အစည်းလုပ်ဆောင်တာကောင်းလေ၊ -
3:36 - 3:39အမြတ်၊ဖောက်သည်၊ ကျေနပ်မှု
ဝန်ထမ်းထိန်းချုပ်မှု ပိုမြင့်လေ -
3:39 - 3:41လုပ်ဆောင်စရိတ်တွေတောင် ပိုနည်းလေပါ။
-
3:41 - 3:44ပေးသူတွေဟာ လူတွေကို ကူညီဖို့၊
အသင်းတိုးတက်ဖို့ ကြိုးစားရင်း -
3:44 - 3:46အချိန်မအများကြီးကုန်ကြကယ်
-
3:46 - 3:48နောက်တော့ ကံမကောင်းစွာပဲ
တစ်လျှောက်လုံး ခံစားရတယ်။ -
3:48 - 3:50ကျွန်တော်ပြောချင်တာက ပေးသူတွေ
-
3:50 - 3:53တကယ်ကို အောင်မြင်တဲ့ ယဉ်ကျေးမှုတွေ
တည်ဆောက်ဖို့ လိုအပ်တာအကြောင်းပါ။ -
3:54 - 3:57ဒါနဲ့ တွေးမိတာက ပေးသူတွေဟာ
အဆိုးဆုံး စွမ်းဆောင်သူတွေဆိုရင် -
3:57 - 3:58အကောင်းဆုံး စွမ်းဆောင်သူတွေက
ဘယ်သူတွေလဲ -
3:59 - 4:02သတင်းကောင်းနဲ့ စတင်ပါရစေ။
ယူသူတွေတော့ မဟုတ်ပါဘူး။ -
4:02 - 4:06ယူသူတွေဟာ အလုပ်အများစုမှာ
အတက်မြန်တတ်ပေမဲ့ အကျလည်း မြန်ပါတယ်။ -
4:06 - 4:08သူတို့ဟာ ယှဉ်တွဲသူတွေရဲ့
လက်ထဲကိုကျသွားတယ်။ -
4:08 - 4:11သင်ဟာ ယှဉ်တွဲသူဆိုရင် ထပ်တူတုံ့ပြန်မှု
လောကကိုပဲ သင်ယုံကြည်တယ်။ -
4:11 - 4:13ဒါနဲ့ ယူသူတစ်ဦးနဲ့ဆုံတဲ့အခါ
-
4:13 - 4:15ဒီလူကို ပြစ်ဒဏ်ပေးဖို့ရာဟာ
-
4:15 - 4:17သင့်ဘဝရဲ့ တာဝန်တစ်ရပ်လို့
ခံစားမိတယ်။ -
4:17 - 4:18(ရယ်သံများ)
-
4:18 - 4:19ဒါက တရားမျှတတဲ့ နည်းလမ်းပါ။
-
4:20 - 4:22ကောင်းပြီ၊ လူအများစုဟာ
ယှဉ်တွဲသူတွေပါ။ -
4:22 - 4:24ဆိုလိုတာက သင်တို့ဟာ ယူသူတွေဆိုရင်
-
4:24 - 4:26နောက်ဆုံးမှာ သင့်ကိုမိသွားတတ်တာပါ။
-
4:26 - 4:27သံသရာ လည်လာမယ်ဆိုတာပါ။
-
4:27 - 4:29ဒီတော့ ယုတ္တိတန်တဲ့ ကောက်ချက်က
-
4:29 - 4:32အကောင်းဆုံး စွမ်းဆောင်သူတွေဟာ
ယှဉ်တွဲသူတွေပဲ ဖြစ်ရမှာပါ။ -
4:32 - 4:33ဒါပေမဲ့ သူတို့မဟုတ်ကြဘူး။
-
4:33 - 4:36အဖွဲ့အစည်းတိုင်းရရဲ့ အလုပ်တိုင်းမှာ
ကျွန်တော်လေ့လာခဲ့တာက -
4:36 - 4:38ပေးသူတွေ အကောင်းဆုံးရလဒ်တွေ
ပြန် ထိုက်တန်တာပါ -
4:40 - 4:43ရာချီတဲ့ အရောင်းသမားတွေဆီက
သူတို့ဝင်ငွေကို ခြေရာခံကာ ကောက်ယူထားတဲ့ -
4:43 - 4:44ဒေတာတွေကို ကြည့်ပါ။
-
4:44 - 4:47မြင်နိုင်တာက ပေးသူတွေဟာ
အစွန်းနှစ်ဖက်လုံးကိုသွားတာပါ။ -
4:47 - 4:50အနိမ့်ဆုံးဝင်ငွေရသူ အများစုရော
အမြင့်ဆုံး ဝင်ငွေရသူတွေနဲ့ပါ -
4:50 - 4:51ဖွဲ့စည်းပါဝင်တာပါ။
-
4:51 - 4:54နမူနာပုံစံတွေဟာ အင်ဂျင်နီယာ
ထုတ်လုပ်မှု၊ဆေးကျောင်းသား -
4:54 - 4:55အဆင့်တွေအတွက် အမှန်တွေပါ။
-
4:55 - 4:58ပေးသူတွေဟာ ခြေရာခံနိုင်တဲ့
အောင်မြင်မှုမက်ထရစ်တိုင်းရဲ့ -
4:58 - 5:00အောက်ခြေနဲ့ ထိပ်မှာ စုပြုံကိုယ်စားပြုတယ်
-
5:00 - 5:02ဒါက မေးခွန်းဖြစ်စေတာက
-
5:02 - 5:05ပိုများတဲ့ပေးသူတွေ သာလွန်စေတဲ့
ကမ္ဘာတစ်ခု ဘယ်လိုဖန်တီးမလဲ။ -
5:05 - 5:08ဒါကိုလုပ်နည်း ပြောချင်ပါတယ်၊
စီးပွားရေးလုက်ငန်းတွေတင်မဟုတ်ပဲ -
5:08 - 5:10ကိုယ်ကျိုးမဖက်တဲ့ ကျောင်းတွေ၊
-
5:10 - 5:11အစိုးရတွေမှာတောင်ပါ။
-
5:11 - 5:12အဆင်သင့်ပဲလားဗျာ။
-
5:12 - 5:13(ဩဘာသံများ)
-
5:13 - 5:16ဘယ်နည်းနဲ့မဆို လုပ်မှာဖြစ်ပေမဲ့
စိတ်အားထက်သန်မှုတော့ လိုလားတယ်။ -
5:16 - 5:17(ရယ်သံများ)
-
5:17 - 5:19ပထမဆုံး တကယ့်အရေးပါတာက
-
5:19 - 5:22ပေးသူတွေဟာ သင့်တန်ဖိုးအရှိဆုံး
လူတွေဆိုတာ အသိအမှတ်ပြုဖို့၊ -
5:22 - 5:25ဒါပေမဲ့ သူတို့ သတိမထားရင်တော့
အားအင်ကုန်ခမ်းသွားတယ် -
5:25 - 5:27ဒီတော့ ပေးသူတွေကို သင်တို့အလယ်မှာ
ကာကွယ်ဖို့လိုတယ်။ -
5:27 - 5:31Fortune ရဲ့ ကွန်ရက်သမားဆီက ဒီအကြောင်း
ကြီးမားတဲ့ သင်ခန်းစာတစ်ခု သင်ယူခဲ့တယ်။ -
5:33 - 5:34လူတစ်ယောက်၊ ကြောင်မဟုတ်ဘူး။
-
5:34 - 5:36(ရယ်သံများ)
-
5:36 - 5:37သူ့နာမည်က Adam Rifkin ပါ။
-
5:37 - 5:40သူက အောင်မြင်တဲ့ အစဉ်လိုက်
စွန့်ဦးထွင်တစ်ဦးပါ။ -
5:40 - 5:42ကြီးမားတဲ့ အချိန်ပမာဏကို
သူများကို ကူညီရင်းကုန်ဆုံးသူပါ။ -
5:42 - 5:45သူ့ရဲ့ လျှို့ဝှက်လက်နက်က
ငါးမိနစ် အကူအညီပါ။ -
5:45 - 5:48Adam ပြောတာက "ပေးသူတစ်ဦးဖြစ်ဖို့
Mother Teresa (သို့) -
5:48 - 5:49Gandhi ဖြစ်ဖို့မလိုဘူး။
-
5:49 - 5:52အခြားသူတွေရဲ့ ဘဝတွေထဲ့
ကြီးမားတဲ့ တန်ဖိုးဖြည့်ပေးဖို့ -
5:52 - 5:53နည်းလမ်းလေးတွေ ရှာဖို့ပါ"တဲ့
-
5:53 - 5:55ဒါက တစ်ဦးကိုတစ်ဦးသိတာကနေ
အကျိုးရနိုင်တဲ့ -
5:55 - 5:58လူနှစ်ဦးကို မိတ်ဆက်ပေးတာလို
ရိုးရှင်းနိုင်ပါတယ်။ -
5:58 - 6:02ဒါက သင့်အသိပညာကို မျှဝေတာ(သို့)
တုံ့ပြန်ချက်ကလေးပေးတာဖြစ်နိုင်ပါတယ်။ -
6:02 - 6:04(သို့) "သိလား"လို့ ပြောတာလို
အခြေခံကျတာတောင် -
6:04 - 6:05ဖြစ်နိုင်တယ်။
-
6:05 - 6:07သတိမထားမိတဲ့ တစ်ယောက်ယောက်ရဲ့
-
6:07 - 6:10အလုပ်ကို ကျွန်တော် အသိအမှတ်ပြုနိုင်
မလား ကြိုးစား မှန်းဆမယ်။ -
6:10 - 6:13ဒီ ငါးမိနစ် အကူအညီတွေဟာ
ပေးသူတွေကို နယ်နိမိတ် -
6:13 - 6:16မှတ်ဖို့နဲ့ သူတို့ကိုယ်ကို
ကာကွယ်ဖို့ ကူညီရာမှာ အရေးပါတယ် -
6:16 - 6:17ပေးသူတွေ အောင်မြင်တဲ့
-
6:17 - 6:20ယဉ်ကျေးမှုတစ်ခု တည်ဆောက်ချင်ရင်
အရေးပါတဲ့ ဒုတိယက -
6:20 - 6:23အကူအညီ တောင်းခံခြင်းက စံဖြစ်ရာ
ယဉ်ကျေးမှုတစ်ခု တကယ်လိုအပ်တာပါ။ -
6:23 - 6:24လူအများကြီး တောင်းခံရာပါ
-
6:25 - 6:27ဒါက အချို့အတွက်နည်းနည်း နီးနီးစပ်စပ်
အရှိုက်ထိလောက်တယ်။ -
6:27 - 6:30[ဒီတော့ သင်တို့ ဆက်ဆံရေးအားလုံးမှာ
သင် အြမဲပေးသူဖြစ်ဖို့လိုလား] -
6:30 - 6:31(ရယ်သံများ)
-
6:31 - 6:33အောင်မြင်တဲ့ ပေးသူတွေနဲ့ တွဲမြင်တာက
-
6:33 - 6:36လက်ခံသူဖြစ်ဖို့လည်း အဆင်ပြေတယ်ဆိုတာ
သူတို့ အသိအမှတ်ပြုတာပါ။ -
6:37 - 6:40အဖွဲ့အစည်းတစ်ခုကို လည်ပတ်တာဆိုရင်
ပိုလွယ်အောင် လုပ်နိုင်တယ်။ -
6:40 - 6:42အကူအညီတောင်းသူတွေအတွက်
ပိုလွယ်အောင် လုပ်နိုင်တယ်။ -
6:42 - 6:44ကျွန်တော်နဲ့ အဖော်တွေ
ဆေးရုံတွေ လေ့လာတယ်။ -
6:44 - 6:47တွေ့ရတာက အထပ်တစ်ချို့မှာ သူနာပြုတွေဟာ
အကူအညီအများကြီးတောင်းခံနေပြီး -
6:47 - 6:50တစ်ချို့ အထပ်တွေမှာတော့
မဆိုစလောက်ပဲတောင်းခံတယ်။ -
6:50 - 6:53အကူအညီ တောင်းခံတာဖြစ်နေကျပြီး
ဒါက စံဖြစ်နေတဲ့ အထပ်တွေမှာ -
6:53 - 6:54ထင်ပေါ်နေတဲ့ အကြောင်းခံက
-
6:54 - 6:56သူနာပြုတစ်ဦးယောက်ပဲရှိပြီး
သူ့အလုပ်က ယူနစ်က -
6:57 - 6:59အခြား သူနာပြုတွေကို
ကူညီဖို့သက်သက်ပါ။ -
6:59 - 7:00ဒီကဏ္ဍာရှိခဲ့တော့
-
7:00 - 7:04သူနာပြုကပြောတာက ဒါရှက်စရာမဟုတ်ဘူး၊
အကူအညီတောင်းတာ အားနွဲ့တာမဟုတ်ဘူး -
7:04 - 7:05ဒါက တကယ်တော့ အားတက်စေတယ်"တဲ့။
-
7:06 - 7:09အကူအညီ တောင်းခံခြင်းဟာ ပေးသူတွအတွက်
အောင်မြင်မှုကာကွယ်တာနဲ့ -
7:09 - 7:11ကောင်းကျိုးပဲ
အရေးကြီးတာမဟုတ် -
7:11 - 7:13ပေးသူတွေလိုပဲ လူတွေပိုလုပ်ဆောင်ဖို့ကလည်း
အရေးပါပါတယ်။ -
7:13 - 7:15အကြောင်းက ဒေတာက ပြောတာက
-
7:15 - 7:18ပန်ကြားချက်တစ်ခုနဲ့ စတင်တဲ့
အဖွဲ့အစည်းတွေထဲက ပေးတာအားလုံးရဲ့ -
7:18 - 7:19၇၅ နဲ့ ၉၀% အကြားရှိလို့ပါ။
-
7:20 - 7:21ဒါပေမဲ့ အများက မတောင်းဘူး
-
7:21 - 7:23သူတို့က ညံတဲ့ပုံ မဖြစ်ချင်ဘူး၊
-
7:23 - 7:26ဘယ်ဘက် လှည့်ရမယ် မသိဘူး၊
သူများကို ဝန်မပိစေချင်ဘူး။ -
7:26 - 7:28ဒါပေမဲ့ ဘယ်သူမှ အကူအညီမတောင်းရင်
-
7:28 - 7:31သင့်အဖွဲ့အစည်းမှာ ရှေ့တက်ပြီး ပေးဝေးတာ
နှစ်သက်တဲ့ -
7:31 - 7:33မချင့်မရဲ့ဖြစ်နေတဲ့
ပေးသူတွေ အများကြီးပါ။ -
7:33 - 7:35ဘယ်သူ အကျိုးရှိပြီး
ဘယ်လိုဆိုတာပဲ သိသူတွေပါ။ -
7:35 - 7:37ဒါပေမဲ့ ထင်တာက အောင်မြင်တဲ့ ပေးသူတွေ
-
7:37 - 7:40ယဉ်ကျေးမှုတစ်ခု ဆောက်ချင်ရင်
အရေးပါဆုံးအရာက -
7:40 - 7:43အသင်းမှာ ဘယ်သူတွေ ပါခွင့်ပြုမယ်
ဆိုတာကို စဉ်းစားတတ်ဖို့ပါ။ -
7:43 - 7:46မှန်းဆမိတာက အကျိုးရှိတဲ့ ရက်ရောမှု
ယဉ်ကျေးမှုတစ်ခု လိုအပ်တယ်၊ -
7:46 - 7:48ပေးသူတစ်စုကို ခန့်သင့်တယ်၊
-
7:48 - 7:51ဒါပေမဲ့ ဒါဟာ တကယ်တော့ မမှန်ဘူးဆိုတာ
သိလိုက်တော့ အံ့သြမိတယ်၊ -
7:52 - 7:54ယဉ်ကျေးမှုတစ်ခုက ယူသူတစ်ဦးရဲ့
အပျက်သဘော သက်ရောက်မှုက -
7:54 - 7:57ပေးသူတစ်ဦးရဲ့ အပြုသဘော သက်ရောက်မှုကို
အမြဲ နှစ်ဆက သုံးဆထိပါ။ -
7:58 - 7:59ဒီနည်းနဲ့ တွေးကြည့်ပါ၊
-
7:59 - 8:00ပန်းသီးပုပ်က
တစ်စည် ပုပ်နိုင်ပေမဲ့ -
8:00 - 8:03ကြက်ဥကောင်းတစ်လုံးက
တစ်ဒါဇင်မလုပ်နိုင်တာပါပဲ။ -
8:04 - 8:05ဒါက ဘာဆိုလိုတာ မသိဘူးဗျ။
-
8:06 - 8:07(ရယ်သံများ)
-
8:07 - 8:08ဒါပေမဲ့ ခင်ဗျားတိုတော့ သိမယ်
-
8:08 - 8:11နိုး၊ ယူသူတစ်ဦး အသင်းထဲဝင်ခွင့်ပြုတာတောင်
-
8:11 - 8:14ပေးသူတွေ ကူညီတာ ရပ်သွားတာကို
မြင်ရလိမ့်မယ်။ -
8:15 - 8:18သူတို့က "ကျုပ်တော့
မြွေတွေနဲ့ ငါးမန်းအုပ် အဝိုင်းခံရပြီ၊ -
8:18 - 8:19ဘာလို့ ပေးကမ်းရမှာတုန်း"
-
8:19 - 8:21ပေးသူတစ်ဦး အသင်းမှာ ဝင်ခွင့်ပြုလို့ကတော့
-
8:21 - 8:23ရက်ရောမှု ဒလေဟာကြီးမရဘူး။
-
8:23 - 8:25ဖြစ်တတ်တာက လူတွေက
"ကောင်းတယ်၊၊ -
8:25 - 8:27ဒီလူ ငါတို့အလုပ်တွေ
အကုန်လုပ်နိုင်တယ်။" -
8:27 - 8:30ဒီတော့ ထိရောက်တဲ့ ခန့်ခြင်း၊ စစ်ဆေးခြင်း၊
အသင်းဖွဲ့ခြင်းဟာ -
8:30 - 8:32ပေးသူတွေ ခေါ်လာဖို့မဟုတ်ပဲ
-
8:32 - 8:34ယူသူတွေကို ရှင်းလင်းဖို့ပါ။
-
8:35 - 8:36ကောင်းစွာ လုပ်နိုင်ရင်
-
8:36 - 8:38ပေးသူနဲ့ ယှဉ်တွဲသူတွေပဲ ကျန်လိမ့်မယ်။
-
8:38 - 8:40ပေးသူတွေက ရက်ရောလိမ့်မယ်၊
-
8:40 - 8:42အကြောင်းက အကျိုးဆက်တွေကို
သူတို့ တွေးပူစရာ မလိုလို့ပါ။ -
8:42 - 8:45ယှဉ်တွဲသူတွေရဲ့ ကောင်းကွက်က
သူတိုဟာ စံကိုလိုက်နာတာပါ။ -
8:45 - 8:48ဒီတော့ အချိန်သိပ်မနှောင်းခင်
ယူသူကို ဘယ်လိုဖမ်းမလဲ။ -
8:49 - 8:52ဘယ်သူက ယူသူဆိုတာကို မှန်ဆဖို့
ကျွန်တော်တို့က အတော်ညံ့ပါတယ်၊ -
8:52 - 8:53အထူသဖြင့် စတွေ့ခြင်းတွေမှာပေါ့။
-
8:54 - 8:56ကျွန်တော်တို့ မတွေ့နိုင်တဲ့
ပင်ကိုယ်စရိုက်ရှိတယ်။ -
8:56 - 8:57နှစ်လိုဖွယ် လို့ ခေါ်တယ်၊
-
8:57 - 9:00ယဉ်ကျေးမှုအသီးသီးက အဓိက
ပင်ကိုယ်စရိုက် ရှုထောင့်တစ်ခုပါ။ -
9:00 - 9:03နှစ်လိုဖွယ်ကောင်းသူတွေဟာ နွေးထွေး၊
ဖော်ရွေတယ်၊ မွန်ရည်တယ်၊ ယဉ်ကျေးတယ်။ -
9:03 - 9:05ဒီလူအများအြပားကို ကနေဒါမှာ တွေ့ရတယ်။
-
9:05 - 9:07(ရယ်သံများ)
-
9:07 - 9:10အဲဒီမှာ ကနေဒါ ဆောင်ပုဒ်သစ်တစ်ခု
စိတ်ကူးရလာပြီး "....လို ကနေဒါ"လို့ -
9:10 - 9:13ကွက်လပ်ဖြည့်တဲ့ တကယ့် အမျိုးသား
-
9:13 - 9:15ပြိုင်ပွဲတစ်ခုရှိခဲ့တယ်
-
9:15 - 9:17ထင်ခဲ့တာက နိုင်တဲ့သူဟာ
"မေပယ်သကာလို (သို့) -
9:17 - 9:20ရေခဲဟော်ကီလို ကနေဒါသား"ဖြစ်မယ်ပေါ့။
-
9:20 - 9:23ဒါပေမဲ့ နိုး၊သူတို့ အမျိုးသားဆောင်ပုဒ်
အတွက် ကနေဒါတွေ မဲပေးတာက -
9:23 - 9:24နောက်တာမဟုတ်ဘူးနော်
-
9:24 - 9:26"အခြေအနေအရ ကနေဒါသားလို
တတ်နိုင်သလောက်ဖြစ်ပါစေ။" -
9:26 - 9:29(ရယ်သံများ)
-
9:30 - 9:32အခု အလွန်နှစ်လိုဖွယ်ကောင်းတဲ့
ခင်ဗျားတို့အတွက် -
9:32 - 9:34(သို့) နည်းနည်း ကနေဒါဆန်သူတွေ
-
9:34 - 9:35ဒါကို ချက်ချင်း ရတယ်။
-
9:35 - 9:37ကျွန်တော်ဟာ အခြားသူတွေ စိတ်ကျေနပ်အောင်
-
9:37 - 9:40ကြိုးစားဖို့ မပြတ် ပြင်တော့
တစ်ခုခုဆိုတာ ဘယ်လိုပြောနိုင်လဲ။ -
9:40 - 9:42နှစ်သက်လိုဖွယ် မကောင်းသူတွေက
နည်းတယ်။ -
9:42 - 9:45သူတိုဟာ ပိုဝေဖန်တယ်
အယုံအကြည်မဲ့တယ်၊ စိန်ခေါ်တယ်၊ -
9:45 - 9:48သူတို့ရဲ့ တန်းတူတွေထက် ဥပဒေကျောင်းတက်ဖို့
ဖြစ်နိုင်ခြေပိုများတယ်။ -
9:48 - 9:49(ရယ်သံများ)
-
9:49 - 9:52ဒါ ဟာသမဟုတ်ဘူး။
တကယ့်ကိုယ်တွေ့ အချက်တစ်ခုပါ။ -
9:52 - 9:53(ရယ်သံများ)
-
9:53 - 9:56ဒါနဲ့ အမြဲ ယူဆမိတာက
နှစ်လိုဖွယ်ကောင်းသူတွေဟာ ပေးသူတွေ -
9:56 - 9:58နှစ်လိုဖွယ် မကောင်းသူတွေက
ယူသူတွေလို့ပါ။ -
9:58 - 9:59ဒါပေမဲ့ နောက် ဒေတာကောက်တော့
-
9:59 - 10:02ဒီလက္ခဏာတွေကြားမှာ ဆက်စပ်မှုမရှိတာ
တွေ့တော့ မယုံနိုင်ဖြစ်မိတယ်။ -
10:02 - 10:05အကြောင်းက နှစ်လိုဖွယ်၊ မနှစ်လိုဖွယ်ဟာ
-
10:05 - 10:06သင့် အပေါ်ယံဖြစ်လို့ပါ။
-
10:06 - 10:08ဆက်သွယ်မှုက ဘယ်လောက်နှစ်လိုဖွယ်ဖြစ်လဲ
-
10:08 - 10:11တကယ်က ပေးတာနဲ့ ယူတာဟာ သင့်
အတွင်းစေ့ဆော်မှုတွေထက်ပိုတယ်။ -
10:11 - 10:14သင့်တန်ဖိုးတွေကဘာလဲ။ အခြားသူတွေကို
သင့်ရည်ရွယ်ချက်တွေကဘာလဲ။ -
10:14 - 10:16လူတွေကို တကယ်ပဲ တိတိကျကျ
အကဲဖြတ်ချင်ရင် -
10:16 - 10:20အခန်းထဲမှာ အတိုင်ပင်ခံတိုင်း
စောင့်နေတဲ့ အချိန်ကို သွားဖို့လိုပြီး -
10:20 - 10:21နှစ်ခုစီ ဆွဲပေါ့။
-
10:21 - 10:23(ရယ်သံများ)
-
10:26 - 10:28နှစ်လိုဖွယ်ပေးသူတွေဟာ
ကြည့်ဖို့ လွယ်ပါတယ်။ -
10:28 - 10:30အကုန်လုံးကို ဟုတ်ကဲ့ပြောကြတယ်။
-
10:32 - 10:35မနှစ်လိုဖွယ် ယူသူတွေကိုလည်း
အြမန် သိနိုင်ပါတယ်။ -
10:35 - 10:39သူတို့ကို နည်းနည်း မတူတဲ့ အမည်နဲ့
ခေါ်ချင်ခေါ်နိုင်ပေမဲ့ပေါ့လေ၊ -
10:39 - 10:40(ရယ်သံများ)
-
10:42 - 10:44အခြား အတွဲနှစ်တွဲ
ကျွန်တော်တို့ မေ့နေတယ်။ -
10:44 - 10:47ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ
မနှစ်သက်ဖွယ် ပေးသူတွေရှိတယ်။ -
10:47 - 10:50အပြင်ပန်းမှာ သုန်မှုန်၊
ကြမ်းတမ်းနေပေမဲ့ အောက်က -
10:50 - 10:52နှလုံးသားမှာ သူများရဲ့
စိတ်ဝင်စားမှု အရှိဆုံးတွေပါ။ -
10:53 - 10:54အင်ဂျင်နီယာတစ်ဦး ပြောသလို
-
10:54 - 10:56"အိုး မနှစ်သက်စရာ ပေးသူတွေ၊
-
10:56 - 11:00ကြားခံစနစ် မကောင်းပေမဲ့
လုပ်ဆောင်မှု စနစ်ကောင်းတဲ့ လူလိုပေါ့ဗျာ။ -
11:00 - 11:01(ရယ်သံများ)
-
11:01 - 11:03ခင်ဗျားတို့ နားလည်ရင်ပေါ့။
-
11:03 - 11:04(ရယ်သံများ)
-
11:04 - 11:08မနှစ်သက်စရာ ပေးသူတွေဟာ အဖွဲ့အစည်း
တွေမှာ တန်ဖိုးချ အခံရဆုံးလူတွေပါ။ -
11:08 - 11:11အကြောင်းက ဘယ်သူမှ မကြားချင်ပေမဲ့ လူတိုင်း
-
11:11 - 11:13ကြားဖို့လိုတဲ့ အပြစ်မြင်
တုံပြန်မှု ပေးသူတွေမို့ပါ။ -
11:13 - 11:16ဒီလူတွေကို တန်ဖိုးထားကာ
အများကြီးသာတာ လုပ်ဖို့လိုတယ်၊ -
11:16 - 11:17စောစော အရေးမပါဘူးလို့ဆိုတာနဲ့ တခြားစီ
-
11:18 - 11:19"ဟ၊ ကျွဲမြီးတိုတတ်တဲ့ကောင်၊
-
11:19 - 11:21တစ်ကိုယ်ကောင်း ယူသူပဲဖြစ်ရမယ်"
-
11:22 - 11:25ကျွန်တော်တို့မေ့နေတဲ့ နောက်အတွဲကတော့
အလွန်မုန်းတီးစရာပါ၊ -
11:25 - 11:27နှစ်လိုဖွယ်ယူသူပါ၊
အယောင်ဆောင်သူလို့လည်း သိကြတယ်။ -
11:28 - 11:31သင့်ကို အပါ်ယံကောင်းပြီး
နောက်ကျော -
11:31 - 11:33ဓားနဲ့ထိုးမယ့် သူဟာ ဒီလူပါ။
-
11:33 - 11:34(ရယ်သံများ)
-
11:35 - 11:38ဒီလူတွေကို ဖမ်းဖို့ ကျွန်တော်
အကြိုက်ဆုံးနည်းက လူတွေ့အဆင့်မှာ -
11:38 - 11:39မေးခွန်းမေးဖို့ပါ။
-
11:39 - 11:41အခြေခံအနေနဲ့ အလုပ်တွေမှာ
တိုးတက်အောင် -
11:41 - 11:43မင်းလုပ်ပေးခဲ့တဲ့ လူလေးဦးအမည်ကို
ပြောနိုင်မလား။ -
11:44 - 11:46ယူသူတွေက သင့်ကို နာမည်လေးခု
ပေးလိမ့်မယ်၊ -
11:46 - 11:49သူတို့ထက်် ပိုဩဇာရှိသူတေွဖြစ်လိမ့်မယ်။
-
11:49 - 11:52အကြောင်းက ယူသူတွေဟာ အထက်ဖား၊
အောက်ဖိရာမှာ ဆရာကြီးတွေလေ။ -
11:53 - 11:56ပေးသူတွေကတော့ ဝါစဉ်အရ သူတို့ထက်
နိမ့်တဲ့သူတွေကို အမည်တပ်ဖို့ ပိုများတယ်။ -
11:56 - 11:58အာဏာ အများကြီး မရှိတဲ့သူတွေ၊
-
11:58 - 11:59ကောင်းတာ မလုပ်နိုင်သူတွေပါ။
-
12:00 - 12:03လက်ခံရမှာပဲလေ၊ စားသောက်ဆိုင် စာပွဲထိုး
(သို့) ယဉ်မောင်းသမားကို -
12:03 - 12:05ဆက်ဆံပုံကြည့်ပြီး လူတစ်ဦး စရိုက်ကိုသိတာ
-
12:06 - 12:07အားလုံးသိပါတယ်။
-
12:07 - 12:09ဒါကောင်းကောင်းလုပ်နိုင်ကာ
-
12:09 - 12:11ယူသူတွေကို အဖွဲအစည်းတွေထဲက
ရှင်းထုတ်နိုင်ရင် -
12:11 - 12:13အကူအညီတောင်းဖို့
စိတ်ချရအောင်လုပ်နိုင်ရင် -
12:13 - 12:15ပေးသူတွေကို ချုံးချုံးကျတာက
ကာကွယ်ပြီး -
12:15 - 12:18သူတို့ပန်းတိုင်တွေနောက်လိုက်ဖို့
ရည်ရွယ်ချက်ကြီးဖို့နဲ့ သူတစ်ပါးကို -
12:18 - 12:20ကူဖို့ကြိုးစားတာလည်း
အဆင်ပြေအောင်လုပ်နိုင်ရင် -
12:20 - 12:23အောင်မြင်မှုကို လူတွေအနက်ဖွင့်ပုံကို
တကယ် ပြောင်းလဲနိုင်တယ်။ -
12:23 - 12:26ပြိုင်ပွဲတစ်ခု နိုင်ခြင်းလို့ ဆိုမယ့်အစား
-
12:26 - 12:30အောင်မြင်မှုဆိုတာ တကယ်တော့
ထောက်ပံ့ခြင်းလို် လူတွေ နားလည်လာမယ်။ -
12:31 - 12:33ယုံကြည်မိတာက အောင်မြင်ဖို့
အဓိပ္ပါယ်အရှိဆုံးနည်းက -
12:33 - 12:35အခြားသူတွေ အောင်မြင်ဖို့ကူညီတာပါ။
-
12:35 - 12:37ဒီယုံကြည်ချက်ကို ပြန့်ပွားနိုင်ရင်
-
12:37 - 12:39သံသယလွန်ကဲမှုကို
ပြောင်းပြန်လှန်နိုင်တယ်။ -
12:39 - 12:41ဒီအတွက် နာမည်တစ်ခုရှိတယ်
-
12:41 - 12:42"pronoia" လို့ခေါ်ပါတယ်။
-
12:43 - 12:45Pronoia ဟာ သင့်ရဲ့ သုခချမ်းသာကို
-
12:45 - 12:47အခြားသူတွေက ပူးပေါင်းကြံနေတယ်ဆိုတဲ့
ယုံမှားခြင်း အယူပါ။ -
12:47 - 12:49(ရယ်သံများ)
-
12:51 - 12:53သူတို့ဟာ သင့်နောက်ကျောကို
ဝိုင်းလာကာ -
12:53 - 12:56သင့်အကြောင်း ရွှန်းဝေနေတဲ့ အရာတွေ
ထူးခြားစွာ ပြောဆိုနေတာကိုပါ။ -
12:58 - 13:01ပေးသူတွေရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး
ကြီးကျယ်တဲ့အရာက ဒါက ယုံမှားခြင်းမဟုတ်ပဲ -
13:01 - 13:03အစစ်အမှန်ဖြစ်တာပါ။
-
13:04 - 13:06ပေးသူတွေ အောင်မြင်တဲ့
ကမ္ဘာတစ်ခုမှာ နေချင်ပြီး -
13:06 - 13:09ဒီကမ္ဘာဖန်တီးဖို့ သင်တို့
ကူညီမယ် မျှော်လင့်ပါတယ် -
13:09 - 13:10ကျေးဇူးပါ။
-
13:10 - 13:15(လက်ခုပ်သံမျာ)
- Title:
- သင်ဟာ ပေးသူလား၊ ဒါမှမဟုတ် ယူသူလား။
- Speaker:
- Adam Grant
- Description:
-
အလုပ်ခွင်တိုင်းမှာ အခြေခံကျတဲ့ လူသုံးမျိုးသုံးစားရှိပါတယ်။ ပေးသူတွေ၊ ယူသူတွေနဲ့ ယှဉ်တွဲသူတွေပါ။ အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာရှင် Adam Grant ကနေပြီး ဒီအလုပ်ခွင်ဆိုင်ရာ ပင်ကိုယ်စရိုက်တွေကို ခွဲတမ်းချလိုက်ပြီး သူတို့ မျှဝေတာကနေ ပိုပြီးယူဆောင်ပေးလျက် ရက်ရောပြီး မိမိဘာသာ ဆက်လက် တာဝန်ထမ်းရွက်တဲ့ ဝန်ထမ်းများရဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖို့ ရိုးစင်းတဲ့ နည်းဗျူဟာတွေကို ကမ်းလှမ်းထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:28
sann tint approved Burmese subtitles for Are you a giver or a taker? | ||
Myo Aung accepted Burmese subtitles for Are you a giver or a taker? | ||
Myo Aung edited Burmese subtitles for Are you a giver or a taker? | ||
sann tint edited Burmese subtitles for Are you a giver or a taker? | ||
sann tint edited Burmese subtitles for Are you a giver or a taker? | ||
sann tint edited Burmese subtitles for Are you a giver or a taker? | ||
sann tint edited Burmese subtitles for Are you a giver or a taker? | ||
sann tint edited Burmese subtitles for Are you a giver or a taker? |